သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ရှန်ဒေါင် ကျောင်ယန်ဖြစ်ရပ်နောက်ကွယ်ရှိ အမှန်တရားကို သင် အမှန်တကယ် နားလည်ပါသလား။

59

ဟီဟိုချန်း (အယူဝါဒရိုက်သွင်းသည့် စင်တာ၏ ဒါရိုက်တာ)- မင်းတို့လိုခရစ်ယာန်တွေအတွက် အထူးပြင်ဆင်ထားတဲ့ ပညာရေးသင်တန်းကျောင်းတွေဖွင့်ပြီး၊ မင်းတို့အားလုံးကို ကယ်တင်ဖို့ အစိုးရက အရင်းအနှီးအများကြီးစိုက်ထုတ်ထားတယ်ဆိုတာ မင်းသိမှာပါ။ ဒီအခွင့်အရေးကို မင်းအနေနဲ့ တကယ်တန်ဖိုးထားသင့်တယ်။ ကြိုးကြိုးစားစားသာ လေ့လာသင်ယူရင်၊ ဘာမှမကြာတဲ့အချိန်တိုလေးအတွင်း ဒီကနေထွက်သွားရမှာပဲ။ မင်းက စဉ်းစားဉာဏ်ရှိတဲ့သူပါ သဘောပေါက်မယ်လို့ ငါယုံပါတယ်။ ကွန်မြူနစ်ပါတီအစိုးရတဲ့ ကမ္ဘာကြီးမှာ ဘုရားသခင်နောက်ကိုလိုက်လျှောက်ခြင်းက မင်းအတွက် ဘာမှကောင်းကျိုးရမှာမဟုတ်ဘူး။ ကွန်မြူနစ်ပါတီက တော်လှန်ရေးဘာသာမဲ့ပါတီပဲ။ ဘုရားသခင်တည်ရှိကြောင်း ဒါမှမဟုတ် ဘုရားသခင်ဖော်ပြခြင်းနဲ့ ပြုတဲ့အမှုတော်တွေ တကယ်ရှိကြောင်းကို ဘယ်တော့မှလက်ခံလာမှာမဟုတ်ဘူး။ ကွန်မြူနစ်ပါတီက ဟိုးအစောကြီးကတည်းက ခရစ်ယာန်ဘာသာနဲ့ ကတ်သလစ်ဘာသာကို အစွန်းရောက်ဝါဒတွေအဖြစ် သတ်မှတ်ထားပြီး၊ ခရစ်ယာန်ကျမ်းဖြစ်တဲ့ သမ္မာကျမ်းစာကိုလည်း အစွန်းရောက်ကျမ်းအဖြစ် သတ်မှတ်ထားကြောင်း လူတိုင်းသိတယ်။ မင်းတို့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လာပြီး၊ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကိုပြုဖို့ တရုတ်နိုင်ငံမှာ ပေါ်ထွန်းတယ်လို့ ပြောကြတယ်။ ဒါကို သည်းမခံနိုင်ဘူး။ အစိုးရအတွက် ဒီကိစ္စတွေကို ဖိနှိပ်တားဆီးဖို့က သဘာဝကျမနေဘူးလား။ ယေရှုသာ ဒီနေ့ခေတ်မှာ တရုတ်ပြည်ကို တကယ်ရောက်လာရင်၊ သူ့ကို ကားစင်တင်ဖို့- မဟုတ်သေးဘူး၊ သေနတ်နဲ့ ဆယ်ချက် အချက်တစ်ရာပစ်ဖို့ ပိုနီးစပ်တယ်။ အဲဒီအကြောင်းကို မတွေးမိထားဘူးမလား။ နှစ်ပေါင်းများစွာ တရုတ်အစိုးရဟာ ခရစ်ယာန် အိမ်တွင်းအသင်းတော်တွေကို ဖိနှိပ်တိုက်ခိုက်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ တရုတ်ပြည်ကြီးကို ဘာသာမဲ့တိုင်းပြည်အဖြစ် ပြန်ထူထောင်ပြီး၊ ကွန်မြူနစ်ပါတီ ထာဝရအာဏာတည်မြဲအောင် ထားဖို့ပဲ။ ရှန်တုံးမှာ မေ ၂၈ ရက်နေ့ကဖြစ်ခဲ့တဲ့ ကျောက်ယွမ်ကိစ္စမှာ ဝါဒဖြန့်ခဲ့တာကိုပဲ ကြည့်ပါလား။ အိမ်တွင်းအသင်းတော်တွေအားလုံးကို ပိတ်ပင်ထားတဲ့အတွက်၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကိုလည်း အစိုးရအနေနဲ့ လက်သင့်မခံနိုင်ဘူးဆိုတာ လူတိုင်းသိဖို့လိုတယ်။ ကျောက်ယွမ်ကိစ္စအပေါ် လူအတော်များများက သံသယရှိကြတယ်။ ဒီကိစ္စတစ်ခုလုံးကို ကွန်မြူနစ်ပါတီက နောက်ကွယ်ကနေ ကြိုးကိုင်နေတာလို့ ထင်နေကြတယ်။ တရုတ်ကွန်မြူနစ်ပါတီက ဒီလူသတ်မှုကို အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့ အပြစ်ပါလို့ ပုံချလိုက်တယ်။ အဲဒီလိုဆိုရင် အသင်းတော်ကိုဖိနှိပ်တဲ့နေရာမှာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကိုပါ ရမှာလေ။ ဒါပေမဲ့ လူသိရှင်ကြား ကြားနာစစ်ဆေးပြီးတဲ့နောက် တရုတ်တရားရုံးကချလိုက်တဲ့ စီရင်ချက်ကို တရုတ်တစ်ပြည်လုံးလူတွေ စာနယ်ဇင်းကနေတဆင့် သိသွားကြတယ်။ ဒါ ကွန်မြူနစ်ပါတီအတွက် မင်းတို့တွေအပြစ်ရှိကြောင်း ကျေညာဖို့ အကောင်းဆုံးသက်သေ အထောက်အထားပဲ။ အစိုးရရဲ့ ဒီလုပ်ရပ်ကြောင့် အကျိုးဆက်တစ်ခုခုတော့ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ကျန်းမင်တောင် ကျောက်ယွမ်ကိစ္စက တကယ်တမ်းဘယ်လိုဖြစ်သွားတယ်လို့ ထင်လဲ။ မင်းကိုယ်တိုင်ကရော သံသယဝင်တဲ့ထဲ ပါနေတာလား။

ကျန်းမင်တောင် (ခရစ်ယာန်တစ်ယောက်)- ရှန်တုံးကျောက်ယွမ်ကိစ္စက ဒီ ကောလာဟလကြီးက တော်တော်ဂယက်ရိုက်သွားသေးတယ်။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်မီဒီယာက ထုတ်ပြန်တဲ့သတင်းကို ယုံတဲ့သူ၊ တရုတ်ကွန်မြူနစ်တရားရုံးက ချမှတ်တဲ့စီရင်ချက်ကို သဘောတူထောက်ခံတဲ့သူက တကယ်တမ်းကျတော့ ဘယ်နှယောက်ပဲရှိတယ်ထင်လဲ။ တရုတ်ကွန်မြူနစ်ပါတီကို နားလည်တဲ့သူမှန်သမျှ ကျွန်တော်တို့ဟာ အာဏာရှင်စနစ်အောက်မှာ နေထိုင်နေရတယ်။ တရားစီရင်ရေး မခိုင်မာဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိဘူးဆိုတာကို သိကြတယ်။ ဒီတရုတ်ပြည်ကြီးမှာ အဲဒီကိစ္စတွေအားလုံးကို အစိုးရက ထိန်းချုပ်ထားတာပဲ။ ဒီအာဏာရှင်တွေအသုံးချတဲ့ စကားပြောစက်နဲ့ လက်ကိုင်တုတ်အဆင့်သာသာပဲ ရှိကြတာ။ ဒါ လူသိများတဲ့အမှန်တရားပဲ။ ရှန်တုံးကျောက်ယွမ်ကိစ္စက လူတွေကို ခဏတဖြုတ်တော့ တွေဝေသွားစေနိုင်ပါတယ်။ ဒါပေမဲ့ အမှန်တရားပေါ်လာတာနဲ့ ဘာဖြစ်မယ်ထင်လဲ။ ကျောက်ယွမ်ကိစ္စကို လူသိရှင်ကြား စစ်ဆေးကြားနာမှုကို ကြည့်ပြီးသွားပြီ။ ရှေ့နောက်မညီတာတွေ အများကြီးအများကြီးတွေ့ရတယ်။ တရားခံတွေရဲ့ စကားတွေကိုပြန်ပြောရမယ်ဆိုရင်၊ ကျွန်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်နဲ့ အဆက်အသွယ်မရှိဖူးပါဘူး။ “ကျွန်တော်နဲ့ ကျန်းဖန်နှစ်ယောက်တည်းသာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အစစ်အမှန်ကို ကိုယ်စားပြုတာပါ” ၊ “အစိုးရနှိပ်ကွပ်နေတဲ့ အသင်းတော်က ကျောက်ဝေရှန်ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ပါ၊ကျွန်တော်တို့ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် မဟုတ်ပါဘူး” သူတို့ရဲ့စကားတွေကနေ ထင်ထင်ရှားရှားသိနိုင်တာက သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဝင်တွေ မဟုတ်ကြပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်နဲ့ ဘာဆက်စပ်မှုမှ မရှိပါဘူး။ တရုတ်ကွန်မြူနစ်တရားသူကြီးတွေက အချက်အလက်ပေါ်မူတည်ပြီး စီရင်ချက်မချဘဲ ဘာကြောင့် တုံးအချင်ဟန်ဆောင်နေရတာလဲ။ တရားခံတွေရဲ့ ထွက်ဆိုချက်ကို ပြောင်ပြောင်တင်းတင်းလျစ်လျူရှု ရည်ရွယ်ချက်ရှိရှိနဲ့ အမှန်တရားကိုပုံဖျက်ပြီး၊ တရားခံတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဝင်တွေဖြစ်ပါတယ်လို့ ဘာကြောင့်များ ဇွတ်ယုံကြည်နေရတာလဲ။ တရုတ်အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို သက်သေတုတွေဆင်ဖမ်းပြီး၊ ပြည်သူလူထုရဲ့စိတ်ထဲမှာ သူတို့ကို နှိပ်ကွပ်ချင်စိတ်ပေါ်လာအောင် ကြိုးစားနေတယ်ဆိုတာ လူတိုင်းရဲ့အမြင်မှာ မသိသာနေဘူးလား။ ဒီလုပ်ရပ်ကရော တရားဥပဒေကို မထီမဲ့မြင်ပြုတာပဲ မဟုတ်ဘူးလား။ မျက်နှာပြောင်တိုက်ပြီး လိမ်နေတာပဲ မဟုတ်ဘူးလား။ လူတွေသံသယမဝင်လောက်ပါဘူးလို့ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့များ တွေးခေါ်လိုက်ကြတာလဲ။

ဟီဟိုချန်း- အစိုးရက ကျောက်ယွမ်ကိစ္စကို ရည်ရွယ်ချက်ရှိရှိနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ထောင်ချောက်ဆင်ဖို့သုံးတာဟာ ပြည်သူလူထုစိတ်ထဲမှာ အသင်းတော်ကို နှိပ်ကွပ်ချင်စိတ်တွေဖြစ်လာအောင် လုပ်တာလို့ မင်းက ယူဆတယ်။ မင်းထင်တာ အားလုံးမှန်ပါတယ်။ ကွန်မြူနစ်ပါတီအနေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို ဖိနှိပ်ပြီး ပုန်ကန်ခြားနားမှုတွေကို နှိပ်ကွပ်နိုင်ဖို့ဆိုရင်၊ အရင်ဆုံး ပြည်သူလူထုကို အမြင်ပြောင်းပေးရမယ်။ ဒါမှ တရုတ်လူမျိုးတွေဟာ ကွန်မြူနစ်ပါတီက အမြဲတမ်း ဂုဏ်သိက္ခာရှိရှိနဲ့ လုပ်ငန်းဆောင်ရွက်ပါလားလို့ ထင်ကြမှာပေါ့။ အဲဒီလိုမှမလုပ်ရင် ဘာမှဖြစ်မြောက်လာမှာ မဟုတ်ဘူး။ ကျောက်ယွမ်ကိစ္စမှာ ပါတီကလိမ်တာ မှားတယ်လို့ မင်းပြောနိုင်လား။ ငါကတော့ လုံးဝလိုအပ်လို့လုပ်ရတယ်လို့ မြင်တာပဲ။ အစဦးကတည်းက ပါတီက အသာရဖို့အတွက်ဆို လုပ်နိုင်သမျှကို အစွမ်းကုန်လုပ်ခဲ့တာပဲ။ အဲဒါကိုက ကွန်မြူနစ်ပါတီရဲ့ စွမ်းဆောင်ရည်ပဲ။ လူတွေဘယ်လောက်ပဲ သံသယဝင်ဝင် ဘာမှအသုံးကျမှာ မဟုတ်ဘူး။ ဘဝဆိုတာ ဒီလိုပဲမဟုတ်လား။

ကျန်းမင်တောင်- ဒါရိုက်တာဟီ ကွန်မြူနစ်ပါတီက လိုချင်တာရဖို့ဆို အမြဲတမ်း ဘာမဆိုလုပ်တယ်လို့ ခင်ဗျားပြောတယ်။ အဲဒါကို ကျွန်တော်က ကိုယ်တိုင်ကြုံဖူးပြီးပါပြီ။ အစောပိုင်းမှာဖြစ်ခဲ့တဲ့ ဂျွန်လ ၄ ရက်နေ့ ကျောင်းသားတွေဆန္ဒပြပွဲနဲ့ စင်ကျန်နဲ့ တိဗက်တို့မှာဖြစ်တဲ့ လူထုအုံကြွမှုတွေကို အစိုးရက နှိပ်ကွပ်ဖို့ဆုံးဖြတ်တုန်းက သတင်းတုတွေလွှင့် အလိမ်အညာတွေပြော၊ ကောလဟာလတွေနဲ့ သူတို့အပေါ်အပြစ်တင်ခံရအောင် လုပ်ပြီးမှ အင်အားသုံးပြီး ကြမ်းကြမ်းတမ်းတမ်းဖြိုခွင်းကြတာပဲ။ ကွန်မြူနစ်ပါတီက သဘောမတူညီမှုတွေကို ဒီလိုပဲဖြေရှင်းတာ။ ကျောက်ယွမ်ကိစ္စကို အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖိနှိပ်ဖို့အတွက် နည်းလမ်းတစ်ခုအနေနဲ့အသုံးချတာကို ကျွန်တော်တော့ နည်းနည်းလေးမှမအံ့သြမိပါဘူး။ ဒါပေမဲ့ အသင်းဝင်တွေကို ဖိနှိပ်တာ၊ ဖမ်းဆီးတာ၊ နှိပ်ကွပ်တာတွေက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တကယ်ရှင်းထုတ်နိုင်မှာလား။ ရှေးရှေးတုန်းက ယုဒလူမျိုးတွေဟာ သခင်ယေရှုကို ကားစင်တင်ပြီး ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့တဲ့အတွက် ဘုရားသခင်ရဲ့ ကျိန်ဆဲခြင်းကိုခံရပြီး နှစ်ပေါင်းနှစ်ထောင်ကြာ သူတစ်ပါးလက်အောက် ကျရောက်ခဲ့ရတယ်။ ဘုရားသခင်ကို ကြမ်းတမ်းစွာဆန့်ကျင်ပြီး၊ ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တဲ့ ရောမအင်ပါယာဟာလည်း ဒါကြောင့်ပဲ ဘုရားသခင်လွှတ်တဲ့ ကပ်ဒုက္ခတွေနဲ့ ဖျက်ဆီးခံခဲ့ရတယ်။ ဒါ အမှန်တရားတွေပဲ အဲဒါကို မသိကြဘူးလား။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်တွေကို တရုတ်ကွန်မြူနစ်တွေ ငြင်းပယ်ကျိန်ဆဲပုံအရဆိုရင်၊ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကနေ သူတို့ ဘယ်လိုလွတ်တော့မှာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်၊ “ ဘုရားသခင် ရယူရန် အလိုတော်ရှိ သည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်စွမ်းအားကမျှ မခံနိုင်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ စကားတော်ကို ဆန့်ကျင်ပြီး ဘုရားသခင်၏ အကြံအစည်တော်ကို နှောင့်ယှက်ဟန့်တားသူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို နောက်ဆုံးတွင် ခံရကြပါမည်။ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သူသည် ငရဲသို့ချခြင်းခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် ပုန်ကန်သော မည်သည့်တိုင်းနိုင်ငံမဆိုသည် ဤကမ္ဘာပေါ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

သက်ဆိုင်သည့် အကြောင်းအရာ