စာတန်၏ စမ်းသပ်မှုကြားမှ အောင်ပွဲတစ်ခု

12.03.2023

ဒါဝိဒ် ဘီနင်မြို့

ကျွန်တော့်နာမည်က ဒေးဗစ်ပါ။ ခရစ်ယာန်မိသားစုမှာ မွေးပါတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ကျွန်တော့်မိဘတွေနဲ့အတူ သခင့်ကို ယုံကြည်ခဲ့တယ်။ ကြီးလာတော့ ကျွန်တော်က လူငယ်မိတ်သဟာယအတွင်းရေးမှူးနဲ့ သင်းအုပ်ဆရာအတွက် စကားပြန်အဖြစ် အစေခံပါတယ်။ ဓမ္မတေးသံစုံကျူးအဖွဲ့နဲ့ တခြား ဘုန်းကြီးအလုပ်အမျိုးမျိုးကိုလည်း ဝင်လုပ်တယ်။ ဒါပေမဲ့ နောက်ကျတော့ ကျွန်တော်တို့အသင်းတော်က တော်တော် တက်ကြွတဲ့ပုံစံရှိပေမဲ့ လူတိုင်းက ဝိညာဉ်ပိုင်းမှာ ဖြစ်ထွန်းမှုမရှိတာကို ကျွန်တော် သတိထားမိတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ တရားဒေသနာတွေက အနှစ်မဲ့ပြီး ဉာဏ်အလင်းသစ် ဖွင့်ပြတာမရှိဘူး။ ဘယ်သူကမှ အာဟာရမရကြဘူး။ လူတော်တော်များများက ယုံကြည်ခြင်းမရှိတော့ဘဲ တရားဟောချိန်တွေမှာ ငိုက်တောင် ငိုက်ကြတယ်။ တချို့လူတွေက ဘုရားကျောင်းထဲကို ရောင်းစရာပစ္စည်းတွေတောင် ယူလာပြီး လောကီကိစ္စတွေ ပြောကြတယ်။ အသင်းတော်မှာ တကယ့် အာဟာရ ရဖို့မရှိဘူးဆိုတာ ကျွန်တော် တွေ့သွားတယ်။ ကျွန်တော် လုပ်နိုင်တာကတော့ အွန်လိုင်းမှာ ခရစ်ယာန်ဗီဒီယိုတွေ ရှာကြည့်တာပဲ။

၂၀၁၉၊ ဇန်နဝါရီလမှာ ကျွန်တော်က ခါတိုင်းလိုပဲ YouTube မှာ ဗီဒီယိုတွေရှာကြည့်နေတုန်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဗီဒီယိုတစ်ခုဖြစ်တဲ့ ထို့ကြောင့် ဤသည်မှာ သခင်ပြန်ကြွလာပုံဖြစ်သည်လို့ခေါ်တဲ့ မျှော်လင့်တောင့်တခြင်းဆီက ဗီဒီယိုအတိုတစ်ခုကို တွေ့တယ်။ ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားတယ်။ သခင်ယေရှု ပြန်ကြွလာခဲ့ပြီလို့ ဒီဗီဒီယိုက ပြောနေတာလား ပေါ့။ ကျွန်တော် ချက်ချင်း ကလစ်လိုက်တယ်။ ဒီဗီဒီယိုကနေ ကျွန်တော် သိရတာက သခင်ယေရှုက နောက်ဆုံးသောကာလမှာ ပြန်ကြွလာခြင်းမှာ နည်းလမ်းနှစ်ခုရှိတယ်။ ပထမဆုံး သူက လူသားအဖြစ် လူ့ဇာတိခံပြီး တိတ်တဆိတ်ကြွလာတယ်။ နောက်တော့ အားလုံးမြင်ရဖို့အတွက် တိမ်ပေါ်မှာ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းတယ်။ သခင်ယေရှုက ပြန်ကြွလာပြီးပြီ၊ သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် လူ့ဇာတိခံတယ်လို့လည်း ဒီဗီဒီယိုက သက်သေခံတယ်။ သခင်ပြန်ကြွလာတာကို ကြားရတော့ ကျွန်တော် အရမ်းပျော်ပြီး အရမ်းလည်း သိချင်စိတ်ဖြစ်တယ်။ သူတို့မိတ်သဟာယက တော်တော် ဉာဏ်အလင်းပေးတယ်လို့ ခံစားရပြီး ဆက်ပြီးတော့ အတွင်းကျကျ ရှာကြည့်ချင်လာတယ်။ အဲဒီနောက်တော့ နောက်ထပ် ဗီဒီယို တော်တော်များများ ကြည့်တယ်။ ဘုရားသခင်၌ ယုံကြည်ခြင်း၊ ကယ်တင်ခြင်း၊ သေစေနိုင်သည့် မသိမြင်မှု၊ ကျော့ကွင်းကို ထိုးဖောက် ကျော်လွန်ခြင်း ဆိုတာမျိုးတွေပေါ့။ ကျွန်တော့်အတွက် တော်တော်အမြင်ပွင့်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဆီက ဒီ ဗီဒီယိုတွေကို ကြည့်ရင်းနဲ့ ကျွန်တော်တို့ အသင်းတော်က ဘာကြောင့် အရမ်း ခြောက်ကပ်နေတယ်ဆိုတာ ကျွန်တော် သိသွားပြီး သမ္မာတရားရှုထောင့်တွေ အများကြီးကို သိရတယ်။ ဥပမာ စစ်မှန်တဲ့ ယုံကြည်ခြင်းက ဘာဖြစ်တယ်၊ ကောင်းကင်နိုင်ငံတော်ကို ဘယ်လိုလူမျိုးက ရောက်နိုင်တယ်၊ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့ရဲ့ နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကတစ်ဆင့် လူသားကို သန့်စင်ကယ်တင်တယ်ဆိုတာမျိုးတွေပေါ့။ ဒါတွေအားလုံးက အရင်က ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ နက်နဲမှုတွေ၊ သမ္မာတရားတွေ ဖြစ်ပြီး ကျွန်တော့်အတွက် တကယ်ကို အာဟာရဖြစ်ပါတယ်။ ဗီဒီယိုတွေကို ကျွန်တော် တော်တော်ကြိုက်တယ်။ တော်တော် အထောက်အကူဖြစ်တယ်။ ဒီဗီဒီယိုတွေထဲမှာ သူတို့တွေက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ဖတ်နေတာကို ကျွန်တော် သတိထားမိတယ်။ အဲဒါနဲ့ အွန်လိုင်းမှာ ရှာကြည့်ဖို့ ကြိုးစားတာပေါ့။ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် app ကျွန်တော် တွေ့သွားပြီး ဒေါင်းလုတ်ဆွဲလိုက်တယ်။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးဖတ်တယ်။ သူ့နှုတ်ကပတ်တော်တွေက တော်တော် ဩဇာအာဏာရှိတယ်။ ကျွန်တော် ဖတ်လေလေ၊ ဒါတွေက ဘုရားနှုတ်ကပတ်တော်ဖြစ်တယ်၊ တကယ်ပဲ ဘုရားရဲ့အသံတော်၊ သမ္မာတရား ဖော်ပြချက်ဖြစ်တယ်၊ သံသယရှိစရာမလိုဘူးလို့ ခံစားမိလေလေပဲ။ ကျွန်တော် အံ့ဩဝမ်းသာပြီးတော့ app ကနေ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အမြန် ဆက်သွယ်လိုက်တာပေါ့။ သုံးလေးရက်ကြာတဲ့အထိ စုဝေးပွဲတွေမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယနဲ့ သက်သေခံချက်ကို နားထောင်ပြီးတဲ့နောက်မှာ သခင် ပြန်ကြွလာခဲ့ပြီ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သခင်ယေရှုဖြစ်တယ်ဆိုတာ ကျွန်တော် သေချာသွားတယ်။ သခင်က တကယ်ပဲ ပြန်ကြွလာခဲ့ပြီ။ ကျွန်တော် ပျော်ရွှင်ကြည်နူးပြီး အရမ်း စိတ်လှုပ်ရှားတယ်။ ကျွန်တော်က အရမ်းကောင်းချီးခံစားရတယ်လို့ မြင်မိတယ်။ အဲဒီအချိန်မှာ ကျွန်တော် တစ်ခုပဲ လုပ်ချင်ခဲ့တယ်။ ယုံကြည်သူတွေအားလုံးက ဒီအံ့ဩဖွယ်သတင်းကိုသိဖို့အတွက် နေရာတိုင်းမှာ သူပြန်ကြွလာတာကို ကြေညာဖို့ပေါ့။ ကျွန်တော်တို့ အသင်းတော် ဘုန်းကြီးတွေက ကျွန်တော်တို့ကို သခင်ပြန်ကြွလာတာကို စောင့်ကြည့်ဖို့ ခဏခဏ ပြောတာကို တွေးမိတယ်။ သခင်ယေရှုပြန်ကြွလာပြီဆိုတာ သူတို့သိရင် တော်တော်ပျော်မှာပဲလို့ ကျွန်တော် ထင်မိတယ်။ သခင့်အသံကို သူတို့ကြားပြီး သခင့်ကို ချက်ချင်း ကြိုဆိုနိုင်အောင် ကျွန်တော် အမြန်သွားပြီး သူတို့နဲ့ ဧဝံဂေလိ မျှဝေချင်တာပေါ့။ ပထမဆုံး ကျွန်တော်တို့အသင်းတော်က သင်းအုပ်ဆရာ ဂေလ်ဘတ်နဲ့ အကြီးအကဲ ရိုမိန်ကို တွေးမိတယ်။ သူတို့က အသင်းတော်မှာ သခင့်အတွက် အရမ်းအလုပ်လုပ်ကြတယ်။ နွေးထွေးတယ်။ ချစ်ခင်တယ်။ ညီအစ်ကိုမောင်နှမတွေကို စိတ်ရှည်တယ်။ အများကြီး ကူညီပေးတယ်။ အထူးသဖြင့် သင်းအုပ်ဆရာဂေလ်ဘတ်က ကျမ်းစာကောလိပ်ကျောင်းကိုသွားပြီး သင်းအုပ်ဆရာဖြစ်အောင် စာသင်ဖို့အတွက် လောကီထဲက သူ့အလုပ်ကို စွန့်လွှတ်ခဲ့တယ်။ သူတို့တွေက တရားဟောဆရာကောင်းတွေဆိုတော့ ဘုရားရဲ့ အမှုတော်ကို လက်ခံနိုင်လောက်တယ်လို့ ကျွန်တော် ထင်တာပေါ့။ သခင်ပြန်ကြွလာတဲ့ ဧဝံဂေလိကို အကြီးအကဲ ရိုမိန်နဲ့ ကျွန်တော် အရင်ဆုံး မျှဝေတယ်။

အဲဒီနေ့မှာ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က ဧဝံဂေလိဗီဒီယိုတစ်ခုကို ကျွန်တော်တို့ အတူကြည့်တယ်။ သခင်ယေရှုပြန်ကြွလာပြီလို့ ကျွန်တော် သူ့ကို သက်သေခံတယ်။ သူ ကျွန်တော့်ကို မေးခွန်းတွေ အများကြီးမေးမယ်ထင်ထားတာ။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက သူက ဘာမှမပြောဘဲ တကယ်ကို အေးတိအေးစက်နဲ့ ဒီအကြောင်းကို ရှာဖွေဖို့၊ ပြောဆိုဖို့ ဆန္ဒမရှိဘူး။ ကျွန်တော်က ရှင်းရှင်းလင်းလင်း ရှင်းမပြခဲ့မိမှာစိုးပြီး သူ့ဘာသာ စူးစမ်းလို့ရအောင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ app ကို သွင်းထားဖို့ သူ့ကို ပြောတယ်။ ဒါပေမဲ့ သူက မလုပ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားတွေနားထောင်ဖို့ သူ့ကို ခဏခဏ ဖိတ်ပြီးတဲ့နောက်မှာ သူက စိတ်မပါတဲ့ပုံစံနဲ့ သဘောတူလိုက်တယ်။ ဒါပေမဲ့ သူက အွန်လိုင်းစုဝေးပွဲကို စိတ်မပါတပါနဲ့ ပါဝင်ပြီးတော့ ဘာမှမပြောဘဲ ထွက်သွားတယ်။ နောက်ထပ် စုဝေးပွဲကို လုံးဝ မပါဝင်တော့ဘူး။ အဲဒီနောက်တော့ ရိုမိန်က ကျွန်တော့်ကို တမင်တကာ ရှောင်လာတယ်။ ကျွန်တော့်အိမ်နားက လုံးဝ ဖြတ်မလျှောက်တော့ဘူး။ သူ့ဆီက အဲဒီလိုသဘောထားကြောင့် ကျွန်တော် နည်းနည်း ပဟေဠိဖြစ်သွားတယ်။ အရင်က ကျွန်တော်တို့က တော်တော်အဆင်ပြေတယ်။ သခင်ပြန်ကြွလာပြီလို့ ကျွန်တော် သူ့ကို ပြောလိုက်တာနဲ့ ဘာလို့ ကျွန်တော်နဲ့ အရမ်းခွာသွားရတာလဲ ပေါ့။ သူ့ရဲ့ တရားဒေသနာတွေထဲမှာ သခင်ကြွလာတာကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ကို အမြဲတမ်းပြောတယ်။ အခု သခင်ယေရှုပြန်ကြွလာတော့ သူက ဘာလို့ရှာဖွေစုံစမ်းတာ မလုပ်တာလဲ။ ဒါတွေကို ကျွန်တော် နားမလည်နိုင်ခင်မှာပဲ ကျွန်တော် မျှော်လင့်မထားတာတစ်ခု ဖြစ်သွားတယ်။

သုံးလေးရက်လောက်ကြာတော့ သင်းအုပ်ဆရာဂေလ်ဘတ်က ရုတ်တရက် သူ့ရုံးကိုလာဖို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော် နည်းနည်း သတိထားသွားတယ်။ ရောက်တာနဲ့ သင်းအုပ်ဆရာဂေလ်ဘတ်က ကျွန်တော့်ကို မေးတယ်။ “ဒေးဗစ် ကြည့်ရတာ မိတ်ဆွေတချို့ကို မင်းတွေ့ပြီး သူတို့နဲ့ အွန်လိုင်းမှာ ဆက်သွယ်နေပုံရတယ်။ တော်တော် စိတ်ဝင်စားစရာပဲ။ သူတို့က ဘယ်သူတွေလဲ။ ဘယ်အသင်းတော်ကလဲ” တဲ့။ သူက နွေးထွေးတဲ့ သဘောထားရှိတော့ သူက စူးစမ်းချင်တာပဲလို့ ကျွန်တော် ထင်မိတယ်။ အဲဒါနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကလို့ သူ့ကို ပြောလိုက်တယ်။ သူက အသင်းတော်ရဲ့နာမည်ကို ချရေးလိုက်ပြီး ကျွန်တော့်ကို မာန်ပါပါနဲ့ ပြောတယ်။ “ငါ သူတို့ကို တွေ့ဖူးတယ်။ သူတို့ပြောတာကို နားမထောင်သင့်ဘူး။ လူတွေအများကြီးကို လှည့်စားမယ့် အယောင်ဆောင်ခရစ်တော်တွေ နောက်ဆုံးသောကာလမှာ အများကြီးပေါ်လာမယ်လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း ပြောထားတယ်” တဲ့။ ဒီလိုပြောရင်းနဲ့ သူက ကျမ်းစာကိုဖွင့်ပြီး သက်သာလောနိဩဝါဒစာ ပဌမစောင် ၄:၁၆-၁၇ ကို ဖတ်တယ်။ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” ဒီအပိုဒ်တွေကို ဖတ်ပြီးတော့ သူက ကျွန်တော့်ကို အထက်စီးဆန်ဆန်နဲ့ ရှင်းပြတယ်။ “သခင်ပြန်ကြွလာတဲ့အခါ ကောင်းကင်တမန်တွေက တံပိုးခရာတွေမှုတ်မယ်၊ သေသူတွေက ရှင်မယ်၊ သခင့်ကို တွေ့ရဖို့အတွက် ငါတို့က ကောင်းကင်ကို ချီဆောင်ခြင်းခံရမယ်လို့ ဒီအပိုဒ်တွေကရှင်းရှင်းလင်းလင်း ပြောထားတယ်။ သခင် ပြန်ကြွလာပြီလို့ တစ်ယောက်ယောက်ကပြောပေမဲ့ ငါတို့က မြေကြီးပေါ်မှာပဲရှိပြီး ကောင်းကင်ကို မချီဆောင်ခံရသေးဘူးဆိုရင် ဒါ မှားတာပဲ။ သခင်ကြွလာတဲ့အခါ ငါတို့က ကမ္ဘာကနေထွက်ခွာပြီး သခင်နဲ့အတူ ကောင်းကင်ဘုံမှာ ထာဝရနေထိုင်ဖို့ သွားရမယ်” တဲ့။ ဒါပေမဲ့ သူဒီလိုပြောတာကို ကြားတော့ ကျွန်တော် လုံးဝ ငြိမ်သွားတယ်။ သူပြောတဲ့ကျမ်းပိုဒ်က သခင်မိုးတိမ်စီးပြီး ကြွလာမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က ဗီဒီယိုတွေက သခင်က လျှို့ဝှက်ပြီး လူ့ဇာတိခံယူမယ်လို့ မိတ်သဟာယဖွဲ့တယ်။ ဒါက ဘယ်လိုဖြစ်နေတာလဲ ပေါ့။ ကျွန်တော် နည်းနည်း ခေါင်းရှုပ်သွားတယ်။ ကျမ်းစာထဲမှာ သခင်ယေရှုက “လူသားကြွလာခြင်း”နဲ့ “လူသားသည် ကြွလာလိမ့်မည်” ဆိုတာကို ခဏခဏ ပရောဖက်ပြုခဲ့တယ်။ ဒါက သခင်က လူသားဖြစ်လာပြီး လျှို့ဝှက်ပြီး ကြွလာခြင်းအကြောင်းပဲ။ ကျွန်တော်တို့က ကောင်းကင်ကို ချီဆောင်ခြင်းခံရမယ်လို့ သခင်ယေရှုက တစ်ခါမှ မပြောခဲ့ဘူး။ ဒါဆို ပေါလုပြောတာက ဘာလို့ သခင်ယေရှုပြောတာနဲ့ ကွဲလွဲနေရတာလဲ။ တကယ်တမ်းက ဘယ်လိုဖြစ်တာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ သခင်ပြန်ကြွလာခြင်းလား။ မဟုတ်ဘူးဆိုရင် သူ့စကားတွေက ဘာလို့ သမ္မာတရားတွေ အများကြီးပါဝင်ပြီး အာဏာနဲ့ တန်ခိုးအပြည့်ဖြစ်နေတာလဲ။ ကျွန်တော် တကယ်ကို နားမလည်ခဲ့ဘူး။ နောက်တော့ သင်းအုပ်ဆရာ ဂေလ်ဘတ်က မေးခွန်းတချို့ စမေးပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်အကြောင်း ကျွန်တော် သိထားတာတွေကို သူ့ကို ပြောခိုင်းတယ်။ သူက နိမ့်ကျပြီး အသေရေဖျက်တာတွေလည်း ပြောတယ်။ နောက်တော့ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော့်ကို မေးခွန်းတွေမေးတဲ့ သူ့ရည်ရွယ်ချက်က ရှာဖွေစုံစမ်းဖို့မဟုတ်ဘူး။ ကျွန်တော်က လမ်းမှန်ကို စုံစမ်းတာကို သူက တားဆီးနိုင်ဖို့ သတင်းအချက်အလက်ပိုရဖို့အတွက်ပဲ။ အဲဒီအချိန်မှာပဲ ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်းဆိုတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ရဲ့ ဗီဒီယိုကို ကျွန်တော် စဉ်းစားမိတယ်။ ခေတ်ပေါ် ဖာရိရှဲတွေအကြောင်း ပြောထားတာ။ ဗီဒီယိုထဲမှာပါတဲ့ သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လုံးဝ မစူးစမ်းဘဲ မစဉ်းမစားနဲ့ ရှုတ်ချတယ်။ စစ်မှန်တဲ့လမ်းကို လူတွေ စူးစမ်းရှာဖွေပြီး ဘုရားနောက်လိုက်တာကို ပိတ်ပင်ဖို့အတွက် သတင်းအချက်အလက်အမှားတွေကို လုပ်ကြံပြောဆိုတယ်။ အခု သင်းအုပ်ဆရာဂေလ်ဘတ်လဲ ဒီလိုလုပ်နေတာပဲ။ နောက်ကျရင် ကောလာဟလတွေဖြန့်ဖို့၊ ဘုရားရဲ့ သိုးတွေက ဘုရားအသံကိုကြားပြီ သခင့်ကို ကြိုဆိုတာကို တားဆီးဖို့အတွက် သူက သတင်းအချက်အလက်ပိုပြီး ရချင်တာ။ ကျွန်တော့်စိတ်နှလုံးထဲမှာ သူ့ကို ပြန်ပြောဖို့အတွက် ဉာဏ်ပညာပေးဖို့ ဘုရားကို အသနားခံခဲ့တယ်။ ကျွန်တော် သူ့ကို ပြောလိုက်တယ်။ “အခုတော့ ကျွန်တော် ခင်ဗျားကို ဘာမှမပြောနိုင်သေးဘူး။ ဒါကို လေ့လာနေတုန်းပဲ။ အချက်အလက်ပိုပြီး သိရတဲ့အခါ ပြောပြလို့ရပါတယ်” ပေါ့။ နောက်ဆုံးတော့ သူက ကျွန်တော်နဲ့ဘာရှာဖွေမှုမှ လု်ပမှာမဟုတ်ဘူးလို့ပြောပြီး စကားပြောတာကို အဆုံးသတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်က သခင်ကြွလာပြီး ကျွန်တော်တို့ကို ကောင်းကင်ကို ချီဆောင်မယ်ဆိုတဲ့ အဆိုနဲ့ပတ်သက်ပြီး နည်းနည်းခေါင်းရှုပ်နေတုန်းပဲ။

အဲဒီနေ့မှာ သင်းအုပ်ဆရာရုံးကနေ ကျွန်တော် ပြန်လာတော့ ကျွန်တော့် စိတ်နှလုံးထဲကနေ ဘုရားကို ဆုတောင်းပြီး ကျွန်တော့်ကို လမ်းပြပြီး ဉာဏ်အလင်းပေးဖို့ ဆုတောင်းလိုက်တယ်။ နောက်ပိုင်းမှာ သက်သာလောနိဩဝါဒစာ ပဌမစောင် ၄:၁၆-၁၇ထဲက အဲဒီအပိုဒ်တွေကိုပဲ ကျွန်တော် စဉ်းစားနေမိတယ်။ တော်တော်လေးစဉ်းစားပြီးတော့ ကျွန်တော် သဘောပေါက်သွားတယ်။ သင်းအုပ်ဆရာဂေလ်ဘတ်ဖတ်တဲ့ အဲဒီကျမ်းပိုဒ်တွေက ပေါလုဆီကလာတာပဲ။ ဒါတွေက ပေါလုပြောတာတွေပဲ။ သခင်ယေရှုက သူပြန်ကြွလာတဲ့အခါမှာ ယုံကြည်သူတွေကို ကောင်းကင်ပေါ်ချီဆောင်မယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ ပြီးတော့ ကောင်းကင်နိုင်ငံတော်က မိုးပေါ်မှာရှိမယ်လို့ တစ်ခါမှ မပြောဘူး။ နောက်ပိုင်းမှာ ကျွန်တော် ဆုတောင်းရင်း၊ ရှာဖွေရင်းနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ရဲ့ ဗီဒီယိုတစ်ခုဖြစ်တဲ့ အိပ်မက်မှ နိုးထလာခြင်းဆိုတာကို တွေ့သွားပြီး ကျွန်တော့်ကို တော်တော်ဉာဏ်အလင်းဖွင့်ပေးခဲ့တယ်။ ဗီဒီယိုထဲက တချို့အကြောင်းအရာတွေက ချီဆောင်ခြင်းနဲ့ နိုင်ငံတော်က မိုးပေါ်မှာရှိသလားဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြထားတယ်။ ဗီဒီယိုထဲမှာ ဧဝံဂေလိမျှဝေတဲ့သူတွေ မိတ်သဟာယပြုတာက လူတွေအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေကြောင့် ကောင်းကင်နို်ငငံတော်က မိုးပေါ်မှာရှိတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီလိုဟုတ်သလား။ သခင်ယေရှုက ဒီလိုပြောခဲ့တာကို မြင်နိုင်တယ်။ “သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။(ရှင်မဿဲခရစ်ဝင် ၆:၉-၁၀) ဘုရားနို်ငငံတော်က ကမ္ဘာပေါ်မှာရှိတယ်။ မိုးပေါ်မှာမဟုတ်ဘူးဆိုတာ သခင်ယေရှုက ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ကောင်းကင်ဘုံမှာ လုပ်ဆောင်သလိုမျိုး ဘုရားအလိုတော်ကို ကမ္ဘာပေါ်မှာ လုပ်ဆောင်လိမ့်မယ်။ ဗျာဒိတ်ကျမ်း ၂၁:၂-၃ ကို အခု ကြည့်ရအောင်။ “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည်...ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။” ပြီးတော့ ဗျာဒိတ်ကျမ်း ၁၁:၁၅ “လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။” ဒီပရောဖက်ပြုချက်တွေမှာ ပြောထားတယ် “ဘုရား သခင်၏ တဲတော်သည် လူတို့တွင်ရှိ၏၊” “ယေရုရှလင်မြို့သစ်သည် ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်” “လောကီ နိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။” ဒါက ဘုရားသခင်ဟာ သူ့ရဲ့ နို်ငငံတော်ကို ကမ္ဘာမြေပေါ်မှာတည်ဆောက်မယ်၊ သူဟာ လူသားတွေကြားမှာ နေထိုင်မယ်ဆိုတာကို သက်သေပြတယ်။ ကမ္ဘာပေါ်က နိုင်ငံတွေက ထာဝရ ခရစ်တော်ရဲ့ နိုင်ငံတော်ဖြစ်လာရမယ်။ ကျွန်တော်တို့က ဘုရားနိုင်ငံတော်က ကောင်းကင်ဘုံမှာရှိမယ်၊ သခင်ကြွလာတဲ့အခါ ကျွန်တော်တို့ကို ကောင်းကင်ပေါ်ခေါ်မယ်လို့ ထင်ပြီး ကျွန်တော်တို့ စိတ်ကူးတွေအတိုင်းသွားရင် ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေအားလုံးက အလကားဖြစ်မသွားဘူးလား။ ဒါဆို ချီဆောင်ခံရခြင်းက ဘာလဲ။ လူအများစုက ဒါကို မသိကြဘူး။ သန့်ရှင်းသူတွေ ချီဆောင်ခြင်းခံရတဲ့ နက်နဲမှုက အနန္တတန်ခိုးရှင် ဘုရားသခင်လာမှပဲ ပေါ်လွင်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ လူတို့ စိတ်ကူးမည်ကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခံရခြင်းကို မဆိုလိုပေ။ ယင်းမှာ ကြီးမားသော နားလည်မှုလွဲခြင်း တစ်ခု ဖြစ်သည်။ ‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့်၊ ထို့နောက် ရွေးကောက်ခြင်းကို ရည်ညွှန်းပေသည်။ ယင်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူအားလုံးကို ရည်ညွှန်းသည်။...အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစုတစ်ခု ရှိကြမည့် သူများသည် ငါ၏ရှေ့တွင် ဆောင်ယူခြင်းကို ခံရပြီးဖြစ်သော သူအားလုံး ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ ငြင်းပယ်၍မရနိုင်ပေ။ ယင်းသည် စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း တစ်ခု ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသောသူ မည်သူမဆိုသည် ငါ၏ ရှေ့တွင် ဆောင်ယူခြင်း ခံရကြမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၄)) အနန္တတန်ခိုးရှင် ဘုရားသခင်က အရမ်းရှင်းလင်းပါတယ်။ ချီဆောင်ခံရခြင်းက ကျွန်တော်တို့ စိတ်ကူးသလို သခင်နဲ့ မိုးတိမ်ပေါ်မှာတွေ့ရဖို့ မြေကြီးပေါ်ကနေ ကောင်းကင်ကို ခေါ်ဆောင်ခံရတာမဟုတ်ဘူး။ ဒါက ဘုရားသခင်က ကမ္ဘာပေါ်မှာ စကားပြောပြီး အလုပ်လုပ်ဖို့ ပြန်ကြွလာတဲ့အခါမှာ လူတွေက ဘုရားအသံကိုကြားပြီး ဘုရားနောက်ကိုလိုက်ဖို့ ထရပ်ကြတဲ့အကြောင်း ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို နာခံတဲ့အကြောင်းပဲ။ ဒါက ဘုရားရဲ့ပလ္လင်ရှေ့ကို ခေါ်ဆောင်ခံရခြင်းရဲ့ တကယ့်အဓိပ္ပာယ်ပဲ။ သခင့်အသံကို သိမြင်နိုင်သူ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဆီက သမ္မာတရားကို ရှာတွေ့ပြီး လက်ခံနိုင်ပြီးတော့ သူ့ဘက်ကို ခြေဦးလှည့်သူတွေအားလုံးက ပညာရှိသတို့သမီးတွေပဲ။ ဒီလူတွေက ဘုရားအိမ်တော်ကို ပြန် “ခိုးယူခြင်း” ခံရတဲ့ အဲဒီ “တန်ဖိုးရှိတဲ့ ကျောက်တုံး”တွေပဲ။ အားလုံးက သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားအသံကို နားလည်နိုင်သူတွေပဲ။ သူတို့တွေက အမှန်တကယ် ချီဆောင်ခံရတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ အလုပ်လုပ်ဖို့ တိတ်တဆိတ်ကြွလာတဲ့အခါ အောင်မြင်သူတွေအဖြစ် စုံလင်စေတဲ့ လူတစ်စုပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော် အစပြုကတည်းက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဘုရားအသံကို သတိပြုမိပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်ခံခဲ့တဲ့ ဘုရားပေါ်ထွန်းခြင်းကို အမှန်တကယ် တောင့်တတဲ့ သူတွေ ပိုပိုများလာတယ်။ သူတို့တွေက ဘုရားနဲ့ဆုံတွေ့ဖို့အတွက် ဘုရားပလ္လင်တော်ရှေ့ကို ချီဆောင်ခံရပြီး ဘုရားနှုတ်ကပတ်တော်တွေက ကျွေးမွေးတာ၊ ရေလောင်းတာကို ခံရတယ်။ ဘုရားကို အမှန်တကယ် နားလည်လာကြတယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက သန့်စင်လာကြပြီး ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ကြတယ်။ ဘုရားသခင်ဆီက ကြီးမြတ်တဲ့ ကယ်တင်ခြင်းကို လက်ခံရရှိကြတယ်။ သူတို့တွေက ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်သူတွေဖြစ်နှင့်နေပြီ။ ဘုရားသခင်က ရယူခြင်းခံရတဲ့ ပထမဆုံးမှည့်တဲ့အသီးတွေဖြစ်လာကြတယ်။ ဒါပေမဲ့ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကို ဖက်တွယ်ထားသူတွေ၊ ကောင်းကင်ပေါ်ကို ခေါ်ဆောင်ဖို့ သခင့်ကို မိုက်မဲစွာ စောင့်နေပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်ခံဖို့ ငြင်းဆန်သူတွေက ဘုရားသခင်က စွန့်ပစ်တာကို အားလုံးခံရမယ့် မိုက်မဲသော သတို့သမီးတွေပဲ။ အဆုံးမှာ အံသွားခဲကြိတ်ရင်းနဲ့ ကပ်ဘေးတွေထဲကို ကျရောက်ရမယ်။ ဒါ အမှန်တရားပဲ။

ဗီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာ “ချီဆောင်ခံရခြင်း”ကို တိုက်ရိုက်အနက်ဖွင့်လို့မရဘူးဆိုတာ ကျွန်တော် မြင်သွားတယ်။ ဒါက အဓိကအားဖြင့် ဘုရားအသံကိုကြားပြီး သခင့်ကို ကြိုဆိုတဲ့လူတွေ၊ ဘုရားပလ္လင်ရှေ့ကိုလာတဲ့သူတွေကို ရည်ညွှန်းတာ။ ဒါက ချီဆောင်ခံရခြင်းပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံတဲ့သူတွေက ဘုရားပလ္လင်တော်ရှေ့ကို ချီဆောင်ခြင်းခံရတဲ့ ပညာရှိ သတို့သမီးတွေပဲ။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တယ်။ သူတို့ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို လက်ခံကြတယ်။ ဒါက သိုးသူငယ်ရဲ့ မင်္ဂလာစားပွဲကို တက်ရောက်တာပဲ။ ဒီလိုချီဆောင်ခြင်းခံရတာက အရမ်း လက်တွေ့ကျတယ်။ ဘုရားရဲ့ လုပ်ဆောင်မှုက အရမ်း ဉာဏ်ပညာရှိပြီး အဓိပ္ပာယ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းသားတွေနဲ့ စုဝေးပြီး ထိတွေ့ဆက်ဆံတဲ့ ကျွန်တော့်အချိန်တွေကလည်း တကယ်ကို ဒီလိုမျိုးပဲဆိုတာ ကျွန်တော် မြင်ခဲ့တယ်။ သူတို့တွေက ကျွန်တော်တို့တွေလိုပဲ ကမာဘပေါ်မှာ သာမန်ဘဝတွေကို ဦးဆောင်ကြတယ်။ ကွာခြားတာကတော့ သူတို့တွေက ဘုရားနှုတ်ကပတ်တော်ကို စားသောက်ကြတယ်။ သမ္မာတရားအပေါ် သူတို့မိတ်သဟာယက အသိအမြင်ရှိပြီး ဉာဏ်အလင်းဖွင့်ပြမှုရှိတယ်။ ကိစ္စတွေအပေါ် သူတို့အမြင်၊ ရှုထောင့်တွေက အရမ်ဆန်းသစ်တယ်။ ပြဿနာတွေကို ကြုံရတဲ့အခါမှာ သူတို့က ဘုရားရဲ့ ကျေးဇူးတော်ကို အသနားခံဖို့ မစဉ်းစားဘူး။ ဘုရားကို ဘယ်လိုချစ်ပြီး နာခံရမယ်ဆိုတာ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘယ်လိုသိမြင်ပြီး ဖြေရှင်းရမယ်၊ သမ္မာတရားကို ဘယ်လိုလက်တွေ့လုပ်ပြီး ဘုရားရဲ့ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်ရမယ်ဆိုတာတွေကို ရှာဖွေပြီး မိတ်သဟာယဖွဲ့တယ်။ သူတို့တွေက ကမ္ဘာသစ်မှာရှိနေတယ်၊ ခေတ်သစ်တစ်ခုကို ဝင်ရောက်ခဲ့ပြီး လုံးဝ ဘဝသစ်အမျိုးအစားတစ်ခုကို နေထိုင်နေတယ်လို့ ကျွန်တော် တကယ် ခံစားရတယ်။ အရင်က သူတို့လိုမျိုးလူတွေကို တစ်ခါမှ မကြုံဖူးဘူး။ သူတို့က သခင့်ကို ယုံကြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့တွေကို နောက်မှာ တော်တော်ကို ချန်ထားခဲ့ပြီ။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ဖို့၊ သူ့ရဲ့ တရားစီရင်ခြင်းအမှုကို ကြုံတွေ့ဖို့ သူတို့ပုံစံအတိုင်း အသက်ရှင်ဖို့ ကျွန်တော် ပိုပြီးတော့တောင် ဆန္ဒပြင်းပြလာတယ်။ နောက်တော့ ပေါလုက သူ့ရဲ့ကိုယ်ပိုင်အယူအဆတွေကြောင့်သက်သက်နဲ့ ဒါတွေကို ပြောခဲ့တယ်ဆိုတာ ကျွန်တော် ပိုပြီးတော့တောင် ရှင်းသွားတယ်။ သခင့်စကားတွေက သမ္မာတရားဖြစ်တယ်။ ပေါလုစကားတွေ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်ရမယ်။ ပေါလုက လူသားဖြစ်နေတာကြောင့်ပေါ့။ သခင့်ကိုကြိုဆိုခြင်းလိုမျိုး အရေးကြီးတဲ့ကိစ္စတစ်ခုမှာ လူတစ်ယောက်ကို ယုံကြည်တာက အရမ်းအန္တရာယ်ရှိပါတယ်။ အထူးသဖြင့် လူရဲ့စကားနဲ့ သခင့်ရဲ့စကားတွေက ကွဲလွဲနေတဲ့အခါမှာ လူရဲ့စကားတွေကို အခြေပြုချက်အဖြစ် ယူလို့မရဘူး။ သင်းအုပ်ဆရာတွေက ပေါလုစကားတွေကို သုံးတာကြောင့် ကျွန်တော် လှည့်စားခံရပြီး အမြင်မှားလုနီးပါးဖြစ်သွားတယ်။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ သန့်ရှင်းသူတွေ ချီဆောင်ခံရခြင်းရဲ့ နက်နဲမှုကို ဘယ်သူမှ လုံးဝ နားမလည်ခဲ့ဘူး။ စိတ်ကူးထင်မြင်မှုတွေပြည့်နေတဲ့ ပေါလုရဲ့စကားတွေကို ဘယ်သူမှ မရိပ်စားမိခဲ့ကြဘူး။ လက်စသတ်တော့ ဒီစကားတွေက သခင်ယေရှုရဲ့စကားတွေနဲ့ လုံးဝ ဆန့်ကျင်နေတယ်။ ဒီဟာကြောင့် ကျွန်တော့်အတွက် ရှင်းသွားတယ်။

စုဝေးပွဲတွေ၊ မိတ်သဟာယတွေကတစ်ဆင့် ဘုန်းကြီးတွေအကြောင်းကို ကျွန်တော် နည်းနည်းသိသွားတယ်။ သူတို့တွေက ကျမ်းစာကို ကောင်းကောင်းကျွမ်းကျင်တယ်။ ဒါပေမဲ့ သခင့်ကို ကြိုဆိုခြင်းကို ဘုရားစကားအပေါ် အခြေခံရမှာလား၊ လူသားစကားလားဆိုတာ လုံးဝ မသိကြဘူး။ သူတို့က ဘုရားကို လုံးဝ မသိပါဘူး။ သုံးလေးရက်ကြာပြီးတော့ တစ်ညနေမှာ ကျွန်တော်တို့ရွာမှာရှိတဲ့ ဘောလုံးကွင်းတစ်ခုနားမှာ သင်းအုပ်ဆရာဂေးလ်ဘတ်နဲ့ သွားတွေ့တယ်။ သူက ကျွန်တော့်စိတ်ကို ပြောင်းဖို့ ကြိုးစားတုန်းပဲ။ ဒီတစ်ခါတော့ သူက ဇာတ်လမ်းတိုတစ်ခု သရုပ်ဆောင်ပြသလိုမျိုး သရုပ်ပြတာကို အသုံးပြုဖို့ ကြိုးစားတယ်။ သူလက်တွေကို မြှောက်ပြီး ကောင်းကင်ကို စူးစိုက်ကြည့်တယ်။ နောက်တော့ လှေကားပေါ်တက်သလိုမျိုး သူ့ခြေထောက်နဲ့ မြေပေါ်နင်းတယ်။ သူက ပြောတယ်။ “ငါတို့က မိုးတိမ်တွေပေါ်မှာ လမ်းလျှောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီနေ့မှာ မင်းက သန့်ရှင်းသောဝိညာဉ်တော်နဲ့ ပြည့်မနေရင် ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး” တဲ့။ သင်းအုပ်ဆရာ ဂေးလ်ဘတ်ရဲ့ ဒီကလေးဆန်တဲ့ သရုပ်ပြမှုကြောင့် မိုးပေါ်ကို ချီဆောင်ခံရတဲ့ ဇာတ်လမ်းက လုံးဝကို လူသားထင်မြင်မှုပဲဆိုတာ ကျွန်တော် ပိုပြီးတော့တောင် လက်ခံယုံကြည်သွားတယ်။ တော်တော်အဓိပ္ပာယ်မရှိဖြစ်ပြီး ရီရလို့ ကျွန်တော် ရီချင်မိတယ်။ ဒါက ဆန်တာကလော့စ်က ကလေးတွေကို လက်ဆောင်တွေပေးဖို့ ဒီဇင်ဘာ ၂၅မှာ တကယ်လာတယ်လို့ ယုံကြည်တာလိုမျိုး ကလေးဆန်နေတာပေါ့။ အဲဒီနေ့ကစပြီး ဒီစိတ်ကူးယဉ်မှုကို ကျွန်တော် မယုံကြည်တော့ဘဲ လက်တွေ့အရှိတရားကိုပဲ အာရုံစိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကိုပဲ ကျွန်တော် ဆက်လေ့လာတယ်။

နောက်ကျတော့ သင်းအုပ်ဆရာဂေးလ်ဘတ်ရဲ့ ညီနဲ့ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလိုက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်စာအုပ်တွေရတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး တော်တော်ပျော်ပြီး စိတ်လှုပ်ရှားကြတာပေါ့။ သင်းအုပ်ဆရာဂေးလ်ဘတ်သိသွားတော့ တော်တော်ဒေါသထွက်တယ်။ သူ့ညီရဲ့ ယုံကြည်ခြင်းကို ပိတ်ပင်ရုံမကဘဲ သူ့စာအုပ်တွေကို ယူသွားပြီး တချို့ကို အကြီးအကဲရိုမိန်ဆီကို ပို့တယ်။ သူတို့က သမ္မာတရားကို ရှာဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စာအုပ်တွေကို ယူတာမဟုတ်ဘဲ အမှားရှာဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းမှုနဲ့ အမှုတော်ကို ရှုတ်ချဖို့အတွက် သုံးဖို့ နောက်ဆုံးမှာ ကျွန်တော်တို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို သစ္စာဖောက်အောင် သိမ်းသွင်းစည်းရုံးဖို့ဆိုတာ ကျွန်တော် သိတယ်လေ။ သူတို့မှာ ရည်ရွယ်ချက်ကောင်းတွေမရှိဘူး။ အဲဒါက တကယ်ဖြစ်သွားတာပဲ။

တစ်နေ့တော့ အကြီးအကဲ ရိုမိန်က ကျွန်တော့်ကိုပြောတယ်။ “ဒီစာအုပ်က ဘာမှထူးခြားတာမရှိပါဘူး။ ကျမ်းစာထဲမှာပါတဲ့ဟာတွေပဲ။ ဘာမှအသစ်မရှိဘူး” တဲ့။ သူဒီလိုပြောတာကို ကျွန်တော်ကြားတော့ နောက်တစ်ခါ သူ့ကို စိတ်ပျက်သွားတယ်။ ကျွန်တော် ကိုယ့်ဘာသာပြောမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းအာဏာရှိပြီး အစွမ်းထက်တယ်။ သမ္မာတရားရဲ့ နက်နဲမှုတွေအကြောင်းပြောတယ်ပေါ့။ ဘာမှအသစ်မရှိဘူးလို့ပြောပြီး ဒီလို လိမ်ညာတာက မကောင်းဆိုးဝါးဆန်တဲ့သူတစ်ယောက်မှ ပြောနိုင်တဲ့အရာမဟုတ်ဘူးလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအလုပ်၊ လူ့ဇာတိခံယူခြင်း ဘုရားရဲ့ အမည်နာမတွေ။ ဘုရားက တရားစီရင်ခြင်းအမှုကို ဘယ်လိုပြုတယ် ဆိုတာမျိုးတွေရဲ့ နက်နဲမှုတွေကို ဖွင့်ပြတယ်။ တခြားနက်နဲမှုတွေ၊ သမ္မာတရားတွေလည်း အများကြီးရှိတယ်။ ဒါတွေအားလုံးက ကျမ်းစာထဲမှာမရှိတာတွေ၊ ကျွန်တော်တို့ ယုံကြည်တဲ့နှစ်တွေမှာ လုံးဝ နားမလည်ခဲ့တာတွေပဲ။ စာအုပ်ထဲမှာ ဘာမှအသစ်မတွေ့ဘူးလို့ သူက ဘယ်လိုပြောနိုင်တာလဲ။ ဒါက အဓိပ္ပာယ်ကိုမရှိဘူး။ သူလှည့်စားတာတော့ ကျွန်တော် မခံဘူး ပေါ့။ ဒါဟာ သူက သမ္မာတရားကို စိတ်ကုန်ပြီး ဘုရားအသံတော်ကို လုံးဝ နားမလည်နိုင်ဘူးဆိုတာကိုလည်း ပြတယ်။ သင်းအုပ်ဆရာဂေးလ်ဘတ်နဲ့ အတူတူပဲ။ သူက မစူးစမ်းရုံတင်မကဘူး။ ပိုပြီးတော့တောင် ဆန့်ကျင်ရှုတ်ချတယ်။ ဝတ်ပြုအစည်းအဝေးတွေမှာ သူ့ရဲ့ ဘာသာရေးအယူအဆတွေကို ပိုဖြန့်တယ်။ ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာရှိတယ်၊ ပြင်ပမှာ ဘုရားရဲ့ ဘာနှုတ်ကပတ်တော်မှမရှိဘူးဆိုပြီး ညီအစ်ကိုမောင်နှမတွေကို ပြောတယ်။ သခင်ယေရှုက မိုးတိမ်စီးပြီး ကြွလာရမယ်၊ သခင်ကြွလာခဲ့ပြီလို့ ပြောတဲ့ ဘယ်သူမဆို လိမ်ညာနေတာပဲလို့ သူက ပြောတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က အသင်းတော်မှာ စကားပြန်အဖြစ် အစေခံနေတုန်းပဲ။ ကျွန်တော် တော်တော်စိတ်ညစ်သွားတယ်။ ကျွန်တော် စဉ်းစားတာပေါ့။ လူတွေကို လှည့်စားပြီး အမြင်မှားအောင်လုပ်တဲ့ အဲဒီ အတွေးမှားတွေကို ဘာသာပြန်တာက မကောင်းမှုထဲကို ဝင်ပါနေတာပဲ ပေါ့။ ငါက ဘုန်းကြီးရဲ့ အာခံမှုနဲ့ ပုတ်ခတ်စော်ကားမှုထဲမှာ ဝင်ပါနေတာမဟုတ်ဘူးလားပေါ့။ သူတို့လုပ်နေတဲ့ဟာတွေကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် သတိရသွားတယ်။ “ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများက လမ်းညွှန်ခံရခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး မှန်သည့် လမ်းခရီးကို လက်ခံကြသည့်အခါ အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်သေးပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုန်းကြီးတွေက တရားဟောပြီး သခင့်အတွက်အလုပ်လုပ်သလို၊ သခင့်ရဲ့သိုးစုကို ကာကွယ်သလိုဟန်ဆောင်ပြီး ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လူတွေ စူးစမ်းရှာဖွေတာကို တားဆီးနေကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်သွားတယ်။ သူတို့တွေက အသင်းသားတွေကို အုပ်စိုးဖို့ဖြစ်တဲ့ သူတို့ရည်ရွယ်ချက်အောင်မြင်ဖို့ အသင်းသားတွေကို ထောင်ချောက်ဆင်တယ်။ သူတို့လက်ထဲမှာ ချုပ်ကိုင်တယ်။ သူတို့တွေက သခင်ယေရှုပြန်ကြွလာတာကို တကယ်မတောင့်တဘူး။ သူတို့က ခေတ်ပေါ် ဖာရိရှဲတွေပဲ။ သူတို့သဘာဝကိုက သမ္မာတရားကို မုန်းပြီး ဘုရားကို ဆန့်ကျင်တယ်။ အဲဒီနောက်တော့ သင်းအု်ပဆရာနဲ့ ကျွန်တော် ဝေးဝေးမှာနေပြီး သူ့ရဲ့ စကားပြန်အဖြစ် လုပ်တာကို ရပ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော် တော်တော်လွတ်လပ်သွားသလို ခံစားရတယ်။ လှောင်အိမ်ထဲကထွက်ရတဲ့ ငှက်ကလေးတစ်ကောင်လိုပေါ့။

ဒါပေမဲ့ အသင်းတော်ဘုန်းကြီးတွေက ကျွန်တော့်ကို နှောင့်ယှက်တာ ရပ်မသွားဘူး။ တနင်္ဂနွေတစ်ရက်မှာ အကြီးအကဲရိုမိန်က ကျွန်တော့်အိမ်ကို လာတယ်။ ကျွန်တော်က ဘာလို့ အသင်းတော်စကားပြန်မလုပ်ဖို့ ဆုံးဖြတ်လိုက်တာလဲလို့ မေးတယ်။ အခုတစ်လောမှာ သင်းအုပ်ဆရာဟောတဲ့တချို့ဟာတွေကို ကျွန်တော် လက်မခံဘူးလို့ သူ့ကို ပြောပြတယ်။ သူကပြောတယ်။ သခင်က မိုးတိမ်စီးပြီးကြွလာမယ်၊ ခရစ်တော်ကြွလာပြီလို့ ပြောဆိုတာ တစ်ခုခုရှိပေမဲ့ ကောင်းကင်ကို မချီဆောင်ခံရသေးဘူးဆိုရင် ဒါ အယောင်ဆောင်ခရစ်တော်ပဲ တဲ့။ ဒါပေမဲ့ ဒါက သခင်ယေရှုရဲ့ စကားတွေကို အခြေခံထားတာ တစ်ခုခုရှိသလား။ မရှိရင် အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ဆိုတာကို သူက ငြင်းနေတာမဟုတ်ဘူးလား။ ဒါက လူတွေကို လမ်းလွဲအောင်လုပ်ဖို့ ကောလာဟလတွေဖြန့်နေတာပဲ။ အကြီးအကဲရိုမိန်ကပြောတယ်။ “ဒါက ဘာမှားလို့လဲ။ သခင်က နောက်ဆုံးသောကာလမှာ မိုးတိမ်စီးပြီးကြွလာမယ်လို့ တကယ်ပြောတယ်လေ” တဲ့။ ကျွန်တော်က ပြောတယ်။ “သခင်က နောက်ဆုံးသောကာလမှာ မိုးတိမ်စီးပြီးကြွလာမယ်လို့ ကျမ်းစာက ပြောတာဟုတ်ပါတယ်။ ဒါပေမဲ့ သခင်က လူသားအဖြစ် လူ့ဇာတိခံပြီး နောက်ဆုံးသောကာလမှာ တိတ်တဆိတ်ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေလည်း ကျမ်းစာမှာ အများကြီးရှိတယ်” ပေါ့။ ကျွန်တော် ကျမ်းစာတစ်အုပ် ကောက်ယူလိုက်ပြီး တချို့ကျမ်းပိုဒ်တွေကို သူ့ကို ဖတ်ပြတယ်။ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄)လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၇) ကျွန်တော် သူ့ကို ပြောလိုက်တယ်။ “လူသားကြွလာခြင်းဆိုတာ သခင်က လူ့ဇာတိခံပြီး တိတ်တဆိတ်ကြွလာတာကို ရည်ညွှန်းတာ။ လူသားဆိုတာက လူကနေ မွေးဖွားတာ၊ လူ့ဇာတိဖြစ်ပြီး သာမန်လူ့သဘာဝ ပိုင်ဆိုင်တာကို ရည်ညွှန်းတာပါ။ သခင်ယေရှုကို လူသား၊ ခရစ်တော်ဆိုပြီး ခေါ်ခဲ့ကြတယ်။ အပြင်ပန်းကကြည့်ရင် သူက လုံးဝ သာမန်လူတစ်ယောက်လိုပဲ။ သာမန်လူတစ်ယောက်လို စားတယ်၊ ဝတ်တယ်၊ နေထိုင်တယ်။ ဘုရားရဲ့ ဝိညာဉ်ကိုရော သခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက် သူ့ရဲ့ ဝိညာဉ်ခန္ဓာကိုပါ လူသားလို့ မခေါ်ဘူး။ ဒါကြောင့် ဒီပရောဖက်ပြုချက်တွေထဲမှာ ပြောထားတဲ့ လူသားကြွလာခြင်းက သခင်က လူသားအဖြစ်နဲ့ တိတ်တဆိတ် လူ့ဇာတိခံကြွလာမယ်လို့ ဆိုလိုတာပဲ” ပေါ့။ အကြီးအကဲရိုမိန်က ပြန်ပြောတယ်။ “ဒါ မှန်ပါတယ်” တဲ့။ အဲဒါနဲ့ ကျွန်တော် ဆက်ပြောတယ်။ “တကယ်တော့ သူက ဟိုးအရင်ကတည်းက တိတ်တဆိတ်ကြွလာခဲ့ပါပြီ။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ သူက သမ္မာတရားတွေကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုနေတယ်။ သူက ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်သူတစ်စုကို ပြုလုပ်ခဲ့ပြီးပြီ။ ကပ်ဘေးကြီးတွေက စနေပြီ။ ကပ်ဘေးကြီးတွေပြီးသွားရင် ဘုရားက မိုးတိမ်စီးပြီး ပွင့်ပွင့်လင်းလင်း ကြွလာပြီးတော့ လူမျိုး၊ နိုင်ငံအားလုံးအပေါ် ပေါ်ထွန်းလိမ့်မယ်။ ပြီးရင် လူသားကြွလာခြင်း၊ ဘုရားသခင်က မိုးတိမ်ပေါ်မှာ ပေါ်ထွန်းခြင်းပရောဖက်ပြုချက်တွေအားလုံး ပြည့်စုံလိမ့်မယ်။ ဒါက လုံးဝ ကျမ်းစာနဲ့ညီတယ်။ ဒါကြောင့် ဘာလို့ ခင်ဗျားက ရှာဖွေစုံစမ်းတာ မလုပ်တာလဲ။ သခင်က မိုးတိမ်စီးပြီးကြွလာတဲ့ ပရောဖက်ပြုချက်တွေကိုပဲ ဘာလို့ ဖတ်တာလဲ။ ဒါက သခင့်စကားတွေကို အဆက်အစပ်မရှိ ခံယူပြီးတော့ အဓိပ္ပာယ်ကောက်လွဲနေတာမဟုတ်ဘူးလား။ သခင်က မိုးတိမ်စီးပြီးတော့ပဲ ကြွလာနိုင်တယ်လို့ ထင်ပြီး ကိုယ့်စိတ်ကူးအပေါ် အခြေခံပြီးတော့ ပရောဖက်ပြုချက်တွေကို အမြဲတမ်းရှင်းပြနေတာဟာ ခင်ဗျားက ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေကို အခြေခံပြီး မေရှိယကြွလာခြင်း ပရောဖက်ပြုချက်တွေကို ရှင်းပြတဲ့ ဖာရိရှဲတွေလိုဖြစ်သွားတာပဲ။ သူတို့ထင်တာက မေရှိယက ဘုရင်တစ်ပါးလိုဖြစ်မယ်။ မြင့်မြတ်တဲ့ ပြယုဂ်ရှိပြီး တော်ဝင်မိသားစုကနေ မွေးဖွားမယ်။ ရောမအုပ်စိုးမှုကနေ လူတွေကို ကယ်တင်လိမ့်မယ်ပေါ့။ ဒါပေမဲ့ မေရှိယကြွလာတဲ့အခါမှာ သူက နွားစားခွက်ထဲမှာမွေးတဲ့ သာမန်လူတစ်ယောက်ပဲ။ သူ့မိသားစုက လူ့အဖွဲ့အစည်းမှာ ဘာအဆင့်အတန်းမှမရှိတဲ့ သာမန်ပဲ။ သူက လူတွေကို ရောမအုပ်စိုးမှုကနေလည်း မကယ်တင်ခဲ့ဘူး။ ကားတိုင်မှာတောင် သံနဲ့ရိုက်ခံရတယ်။ သခင်ယေရှုရဲ့ ပေါ်ထွန်းမှုနဲ့ လုပ်ဆောင်မှုက ဖာရိရှဲတွေရဲ့ အယူအဆတွေနဲ့ လုံးဝ မကိုက်ဘူး။ ဒါကြောင့် ဒီလိုမျိုးပဲ။ ကျွန်တော်တို့ ကိုယ်ပိုင်စိတ်ကူးတွေအတိုင်းသွားပြီး သခင်က မိုးတိမ်စီးပြီးကြွလာမယ်လို့ ဘယ်လိုပြောနိုင်မှာလဲ” ပေါ့။ ကျွန်တော် သူ့ကို နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖတ်ပြတယ်။ “အဘယ်ကြောင့်ဆိုသော် ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်မဟုတ်၊ သင်တို့၏ နည်းလမ်းများသည်လည်း ငါ၏ နည်းလမ်းများမဟုတ်ဟု ယေဟောဝါ မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်သည် မြေကြီးထက် ပိုမိုမြင့်မားသကဲ့သို့၊ ငါ၏ နည်းလမ်းများသည် သင်တို့၏ နည်းလမ်းများထက်၊ ငါ့ အကြံအစည်များသည် သင်တို့၏ အကြံအစည်များထက် သာ၍ မြင့်မား၏။(ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈-၉) “လူတွေဟာ ဘုရားသခင်က ဘာလုပ်မယ်ဆိုတာကို လုံးဝ ကြိုပြီးတော့ နားလည်သဘောပေါက်နိုင်မှာမဟုတ်ဘူးဆိုတာ ကျမ်းစာကနေ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က ဉာဏ်ပညာရှိတဲ့ ဘုရားဖြစ်ပြီး သူ့ရဲ့ ပရောဖက်ပြုချက်တွေကို ဖုန်းကွယ်ထားလို့ပဲ။ ဒါတွေ ဖြစ်မလာခင်အထိ လူတွေက အဓိပ္ပာယ်ကောက်ပြီး နားလည်နိုင်မှာမဟုတ်ဘူး။ ဖာရိရှဲတွေက သူတို့ကိုယ်ပိုင်အယူအဆတွေနဲ့ ပရောဖက်ပြုချက်တွေကို အနက်ဖွင့်ပြီးတော့ မေရှိယကြွလာခြင်းနဲ့ပတ်သက်ပြီး မှားပြီးတော့ ကောက်ချက်ချခဲ့တယ်။ ရလဒ်အနေနဲ့ သခင်ယေရှုကြွလာတဲ့အခါမှာ သူတို့က သူ့ကို အာခံရှုတ်ချကြတယ်။ နောက်ဆုံးတော့ ဘုရားသခင်က အပြစ်ဒဏ်ပေးပြီး ကျိန်ဆဲတာကိုခံကြရတယ်။ အခုအချိန်မှာ ကိုယ့်အယူအဆတွေနဲ့ ပရောဖက်ပြုချက်တွေကို အနက်ဖွင့်တာက မမှန်ဘူး။ တကယ်တော့ ပရောဖက်ပြုချက်တွေက ပြည့်စုံပြီးတဲ့နောက်မှပဲ ကျွန်တော်တို့က နားလည်နိုင်တယ်။ အခု သခင်ယေရှုက ကြွလာခဲ့ပြီး သခင်ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်တွေက ဖြစ်လာတော့ တကယ်တမ်းက ဘာတွေလဲဆိုတာ ကျွန်တော်တို့ နားလည်နိုင်ကြတယ်” ပေါ့။ အဲဒီနေ့မှာ ကျွန်တော် အကြီးအကဲရိုမိန်ကို အများကြီးပြောခဲ့တယ်။ ဒါပေမဲ့ သူက ဘာကိုမှ နားမထောင်ဘူး။

ကျွန်တော် တကယ်အံ့ဩသွားတာက သင်းအုပ်ဆရာဂေးလ်ဘတ်နဲ့ အကြီးအကဲရိုမိန်က ရှာဖွေစုံစမ်းဖို့ ငြင်းဆန်ရုံတင်မကဘဲ ကျွန်တော်ယုံကြည်မှုကို ပိုပြီးတော့တောင် ဆန့်ကျင်လာကြတယ်။ တနင်္ဂနွေတစ်ရက်မှာ ကျွန်တော်တို့ရဲ့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေအားလုံး အသင်းတော်မှာ ရှိနေတဲ့အချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်တော့်ယုံကြည်မှုရဲ့ အခြေအနေကို သူတို့က မေးကြတယ်။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း ဘာအချက်အလက်မှ မပေးခဲ့ဘူး။ သူတို့က ကောလာဟလတွေ လုပ်ကြံပြောဖို့အတွက် တစ်ခုခုမှားတာ ရှာဖို့ ကြိုးစားမယ်ဆိုတာ ကျွန်တော် သိလို့လေ။ ကျွန်တော် သိပ်မပြောခဲ့ဘဲနဲ့ လေ့လာနေတုန်းပဲလို့ပဲပြောလိုက်တယ်။ သင်းအုပ်ဆရာက လက်မခံဘူး။ သူက ကျွန်တော့်ကို တစ်ခုခုကိုရွေးဖို့ ပြောတယ်။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လေ့လာတာကို မရပ်ရင် ကျွန်တော့်ကို နှင်ထုတ်လိုက်ပြီလို့ပြောဖို့အတွက် အသင်းတော်တွေအားလုံးကို သူတို့က စာရေးကြမယ်ပေါ့။ ကျွန်တော် စဉ်းစားတယ်။ ငါ နှင်အထုတ်ခံရရင် ငါ့နားမှာရှိတဲ့သူတိုင်းက ငါက လမ်းမှားလျှောက်တယ်လို့ ထင်ကြမှာပဲ။ ဒါဆို သူတို့အားလုံးက ငါ့ကို အထင်သေးပြီး ရှောင်ကြဉ်ကြမှာပဲပေါ့။ ဒီအကျိုးဆက်တွေကို တွေးမိတော့ ကျွန်တော် ကြောက်သွားတယ်။ ဒါပေမဲ့ ကျွန်တော်က အရှက်ရမှာကို ကြောက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံတာကို စွန့်လွှတ်ရင် သခင့်ကို ကြိုဆိုဖို့ အခွင့်အရေးဆုံးရှုံးရမယ်၊ ဒါဆိုရင် သမ္မာတရားကို လုံးဝရမှာမဟုတ်ဘူး၊ ကယ်တင်ခံရမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိခဲ့တယ်။ ဒါတွေက ဆိုးရွားတဲ့ အကျိုးဆက်တွေပဲ။ ကျွန်တော် စိတ်ထဲမှာ နည်းနည်း ဒွိဟဖြစ်နေတယ်။ အဲဒီအချိန်မှာပဲ သင်းအုပ်ဆရာက ကျွန်တော့်ကို ခြိမ်းခြောက်တယ်။ သူတို့ပြောသလိုမလုပ်ရင် ကျွန်တော့်ကို ကျိန်ဆဲမယ်လို့ ပြောတယ်။ ဒီလိုပြောတာက မကောင်းဆိုးဝါးဆန်တယ်လို့ ကျွန်တော် ခံစားမိပြီး ဘာမှမတုံ့ပြန်ခဲ့ဘူး။ ကျမ်းစာထဲက တစ်ခုကို ကျွန်တော် စဉ်းစားမိတယ်။ “သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။(ဗျာဒိတ်ကျမ်း ၁၈:၂)အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။(ဗျာဒိတ်ကျမ်း ၁၈:၄) ကျွန်တော်ကြည့်ခဲ့တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ရဲ့ ဗီဒီယိုတစ်ခုကို တွေးမိပြီး ကြီးမြတ်တဲ့ ဘေဘီလုံက ဘာသာရေးလောကကို ရည်ညွှန်းတယ်ဆိုတာ သိခဲ့တယ်။ ဒီကျမ်းပိုဒ်တွေက တော်တော်ရှင်းတယ်။ ဘေဘီလုံကို စွန့်ခွာဖို့၊ ဘာသာရေးလောကကို စွန့်ခွာဖို့၊ သူ့ရဲ့အပြစ်တရားထဲမှာ ဝင်မပါဖို့ပဲ။ ဒီအချိန်မှာ ကျွန်တော်က အသင်းတော်ကနေ ထွက်ခွာသင့်တယ်၊ ဘာသာရေးလောကကနေ ထွက်ခွာပြီး ဘုရားနောက်လိုက်သင့်တယ်ဆိုတာ မြင်သွားတယ်။ ဘာသာရေးလောကက ခြောက်ကပ်နေတာ၊ ဘယ်သူကမှ သမ္မာတရားကို မရှာဖွေတာ ဘုန်းကြီးတွေအားလုံးက နာမည်နဲ့ အဆင့်အတန်းအတွက်ပဲ ကြိုးစားကြတာ အသင်းတော်က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကင်းမဲ့ပြီး အပြစ်တရားနဲ့ ညစ်ညမ်းမှုတွေပြည့်နေတာတွေကို ကျွန်တော် မြင်ခဲ့ပြီးပြီ။ ဘာသာရေးခေါင်းဆောင်တွေက သခင်ပြန်ကြွလာတာကို ကြားတဲ့အခါမှာ မရှာဖွေဘူး။ အဲဒါကို အာခံတယ်။ ရှုတ်ချတယ်။ ယုံကြည်သူတွေက လမ်းမှန်ကို လေ့လာတာကို တားဆီးဖို့ နည်းဗျူဟာမျိုးစုံအသုံးပြုတယ်။ ဘယ်ဟာကမှ သခင်သွန်သင်တာတွေနဲ့ မညီဘူး။ ကျွန်တော့်အသင်းတော်က တကယ်ပဲ ဘေဘီလုံဖြစ်တယ်၊ ချက်ချင်း စွန့်ခွာသင့်တယ်လို့ ခံစားမိတယ်။ မဟုတ်ရင် သခင့်ကို ကြိုဆိုပြီး ကောင်းကင်နို်ငငံတော်ကို ဝင်ဖို့ လုပ်နိုင်မှာမဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုဆုံးရှုံးပြီး သူတို့နဲ့အတူ စာရိတ္တပျက်ပြားသွားတော့မှာပဲ။ ပြီးရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာပဲ။ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ်။ သူတို့က ကျွန်တော့်ကို နှင်မထုတ်ရင်တောင် အဲဒီဘာသာရေးနယ်မြေကို စွန့်ခွာဦးမှာပဲ ပေါ့။ အဲဒီအသင်းတော်ကို ကျွန်တော် လုံးဝ ပြန်မသွားဘူး။

ကျွန်တော့်ကို အသင်းတော်ကို ပြန်ဝင်အောင်လုပ်ဖို့ သင်းအုပ်ဆရာဂေးလ်ဘတ်က ကျွန်တော့်အိမ်လာပြီး ကျွန်တော်က ဘုရားကျောင်းမတက်တော့ဘူးလို့ ကျွန်တော့်မိဘတွေကိုပြောတယ်။ ကျွန်တော့်ကို ပြန်တက်ဖို့ ပြောခိုင်းတယ်။ ကျွန်တော့်အဖေကလည်း အသင်းတော် အကြီးအကဲတစ်ယောက်ပဲ။ သူနဲ့ ကျွန်တော့်အမေက အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်တော့်ယုံကြည်မှုကို သိပြီးသား။ သူတို့က သူတို့ကိုယ်ပိုင်အယူအဆတွေကို လက်မလွတ်ပေမဲ့ ကျွန်တော့်ကို မဖိနှိပ်ဘူး။ သင်းအုပ်ဆရာက သူတို့ကို ပြောပြီးတဲ့နောက်မှာတော့ ကျွန်တော့်ကို စဖိနှိပ်လာတယ်။ ကျွန်တော့်ကို ဘုရားကျောင်းတက်ခိုင်းတယ်။ ကျွန်တော်က ငြင်းတာပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ရဲ့ စုဝေးပွဲအချိန်တွေရောက်ရင် ကျွန်တော့်အဖေက ကျွန်တော့်ကို တမင်တကာနှောင့်ယှက်တယ်။ ဆိုးဆိုးဝါးဝါးတွေ မျိုးစုံပြောပြီး ကျွန်တော့်ကို နေ့တိုင်း ဝေဖန်တယ်။ ကျွန်တော့်အမေက ကျွန်တော် စုဝေးပွဲတွေမတက်အောင်လို့ ကိုယ်ထိလက်ရောက်လုပ်တယ်။ ကျွန်တော် စုဝေးပွဲလုပ်နေတဲ့အချိန်တိုင်းမှာ ကျွန်တော့်ဖုန်းကို လုယူဖို့ ကြိုးစားတယ်။ စုဝေးပွဲတက်လို့မရအောင် ဖုန်းကို ချိုးပစ်မယ်လို့ ပြောတယ်။ တစ်ခါတော့ ကျွန်တော့်အဖေက ကျွန်တော်မရှိတုန်းမှာ ဖုန်းကို ဖွက်ထားပြီး မီးဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်တော့်မိဘတွေရဲ့ ဖိနှိပ်မှုက ပိုပိုဆိုးလာတော့ ကျွန်တော် သည်းခံရတာ ပိုခက်လာတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို အမြဲတမ်း လမ်းပြနေတော့ သူတို့ကို လုံးဝ အလျှော့မပေးဘူး။ တစ်နေ့တော့ သူတို့က ကျွန်တော်နဲ့ သံယောစဉ်ဖြတ်ပြီး အိမ်ကနေနှင်ထုတ်မယ်လို့ပြောတယ်။ မိဘတွေဆီက ဒီဖိနှိပ်မှုကို ရင်ဆိုင်ရတဲ့အခါမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ရှာတယ်။ သူ့နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး ဒါတွေအားလုံးအပေါ် ရှင်းရှင်းလင်းလင်း သိမြင်စေတယ်။ ဘုရားသခင်က ပြောသည်- “ဘုရားသခင် အမှုပြုသည့်အခါ၊ လူတစ်ဦးကို စောင့်ရှောက်ပြီး ဤလူအပေါ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ ပြီးလျှင် ဤလူကို သူ မျက်နှာသာပေးပြီး လက်ခံသည့်အခါ၊ စာတန်ကလည်း ထိုလူကို လှည့်စားပြီး ထိခိုက်စေဖို့ ကြိုးစားရင်း၊ အနီးကပ် နောက်ယောင်ခံလိုက်နေသည်။ ဘုရားသခင်က ဤလူကို ရရှိဖို့ ဆန္ဒရှိလျှင်၊ စာတန်သည် ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို စုံစမ်းသွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ထိခိုက်စေရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့်သူများကို လုယူပိုင်ဆိုင်လိုသည်၊ ထိုသူများက ၎င်းအား ကိုးကွယ်ရန်၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းတို့သည် ၎င်းအား ပူးပေါင်းပြီး ဘုရားသခင်ကို ခုခံရန်အလို့ငှာ ၎င်းက ထိုသူများကို ထိန်းချုပ်ချင်သည်၊ ထိုသူများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄))

လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ အပြင်ပန်းမှဆိုလျှင် ယင်းတို့သည် အရေးမပါဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်သလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတို့ထံ၌ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိသည့် အချိန်တွင် ဖြစ်ပျက်သည်။ လက်ရှိအချိန်တွင် သင်၌ ကြီးကြီးမားမား မည်သည့်အရာမျှ မဖြစ်ပျက်နေသည့်အပြင် သင်သည် ကြီးမားသည့် သက်သေကို မခံသော်လည်း သင့်နေ့စဉ်အသက်တာ၏ အသေးစိတ်တိုင်းသည် ဘုရားသခင်ကို သက်သေခံခြင်းနှင့်ဆိုင်သော ကိစ္စဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ကျွန်တော် ဘာကြောင့် အတားအဆီးတွေ အများကြီး ရင်ဆိုင်နေရတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်သွားတယ်။ အပြင်ပန်းမှာတော့ ကျွန်တော်နဲ့ မိဘတွေကြားမှာ တစ်ခုခုဖြစ်နေတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုးမဟုတ်ဘူး။ နောက်ကွယ်မှာက စာတန်ရဲ့ အနှောင့်အယှက်တွေ၊ ခြယ်လှယ်မှုတွေရှိနေတယ်။ စာတန်က ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ၊ ဘုရားကယ်တင်ခြင်းကို လက်ခံတာကို တားဆီးဖို့ ကြိုးစားဖို့အတွက် မိသားစုကို အသုံးပြုနေတာပါ။ ဒါက ဝိညာဉ်ရေးရာတိုက်ပွဲတစ်ခုပဲ။ အဲဒီမှာ ဘုရားအလိုတော်က ကျွန်တော့်သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ဖို့ဖြစ်တယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ အဲဒါနဲ့ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်တော့်မိသားစုက ကျွန်တော့်ကို တားဆီးဖို့ ဘာပဲလုပ်ပါစေ ညီအစ်ကိုမောင်နှမတွေနဲ့ အွန်လိုင်း စုဝေးပွဲတွေမှာ ဆက်ပါဝင်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆက်ဖတ်ပြီး ကျွန်တော့်တာဝန်ကို ထမ်းဆောင်မယ်။ စာတန်ကို အရှက်ရစေဖို့ ခိုင်မာစွာ ရပ်တည်မယ်ပေါ့။

ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ဆက်ပြီး ဖိနှိပ်ပြီးတော့ ပိတ်ပင်တယ်။ ဒါပေမဲ့ သူတို့ ဘာလုပ်လုပ်၊ ဘာပြောပြော သူတို့ရဲ့ ပါးစပ်နဲ့တိုက်ခိုက်တာတွေကို ဆန့်ကျင်ဖို့ ဘုရားကို အမှီပြုတယ်။ စုဝေးပွဲတွေ ဆက်တက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တယ်။ တဖြည်းဖြည်းနဲ့ သူတို့က ကျွန်တော့်ကို ဝေဖန်တာရပ်သွားတယ်။ ဒီအတွက် စိတ်နှလုံးထဲကနေ ကျွန်တော် ဘုရားကို ချီးမွမ်းခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တကယ်ကို သမ္မာတရားပဲ။ ဒီသမ္မာတရားတွေရှိတဲ့အတွက် ဘယ်သူကမှ ကျွန်တော့်ကို မတိုက်ခိုက်နိုင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်တော့် ယုံကြည်မှုကို မဖျက်ဆီးနိုင်ဘူး။

အဲဒီနောက်မှာ ဘုန်းကြီးတွေက ညီအစ်ကိုမောင်နှမတွေ လမ်းမှန်ကို လေ့လာတာကို ပိုပြီးတော့တောင် တားဆီးကြတယ်။ သင်းအုပ်ဆရာဂေးလ်ဘတ်က သူ့ညီကို အရမ်းဖိအားပေးတယ်။ သူ့ကို ဘုရားကျောင်းမှာ အခမ်းအနားတွေလုပ်ခိုင်းပြီး ဘုရားကျောင်းကနေ မထွက်ဖို့ ခိုင်းတယ်။ ညီအစ်ကိုနှစ်ယောက်ကြားမှာ ပြင်းထန်တဲ့ စစ်အေးတိုက်ပွဲဖြစ်နေတယ်။ သူ့ညီက အိမ်ကနေထွက်ရမှာ ကြောက်တယ်။ သူ့အစ်ကိုပြောတဲ့အတိုင်း လုပ်ရပြီး စုဝေးပွဲတွေကို မပါနိုင်ဘူး။ သူ့ညီအတွက် ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်တယ်။ ဘာသာရေးဘုန်းကြီးတွေရဲ့ သရုပ်မှန်ကို ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်း မြင်လာတယ်။ သူတို့တွေက တကယ်ကို ခေတ်သစ် ဖာရိရှဲတွေပဲ။ သူတို့ကိုယ်တိုင်က လမ်းမှန်ကို မရှာဖွေဘူး။ သူများတွေလေ့လာတာကို တားဆီးတယ်။ သူတို့တွေက လူတွေကို ငရဲဆီကို ခေါ်ဆောင်နေပြီး ဘုရားရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းဆုံးရှုံးရအောင် လုပ်နေတာပါ။ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် ဘုရားရဲ့ ရန်သူဖြစ်အောင် လုပ်နေတာမဟုတ်ဘူးလား။ သခင်ယေရှုပြောသလိုပဲ။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ခိုင်မာသည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်ဖွင့်ပြခြင်းနဲ့ အဲဒီအချိန်ကာလအတွင်း ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကတစ်ဆင့် ဘာသာရေးဘုန်းကြီးတွေရဲ့ ကြောင်သူတော်ဆန်တဲ့၊ ယုတ်မာတဲ့ မျက်နှာထားတွေကို တကယ် မြင်သွားခဲ့တယ်။ သူတို့တွေက ကျမ်းစာကို ကောင်းကောင်းရှင်းပြပြီး နှိမ့်ချပြီး ဘုရားတရားကိုင်းရှိုင်းတဲ့ အသက်တာကို နေတဲ့ပုံစံရှိတယ်။ သခင်ကြွလာတာကို စောင့်ကြည့်ဖို့ ယုံကြည်သူတွေကို ပြောတယ်။ ဒါပေမဲ့ အခု သခင်ယေရှုပြန်ကြွလာတော့ သူတို့က ဘုရားအသံကို မကြားနာရုံမကဘူး။ အာခံရှုတ်ချကြတယ်။ ယုံကြည်သူတွေက လမ်းမှန်ကို လေ့လာတာကို တားဆီးဖို့ ကြိုးစားကြတယ်။ ရှင်းပါတယ်။ သူတို့တွေက အရင်ကာလတုန်းက သခင်ယေရှုကို ကားစင်တင်ခဲ့ကြတဲ့ ဖာရိရှဲတွေလိုပါပဲ။ သူတို့တွေအားလုံးရဲ့ သဘာဝက ဆိုးယုတ်ပြီး သမ္မာတရားကို မုန်းတီးတယ်။ ဘုရားရဲ့ အမှုတော်အားဖြင့် ဖော်ထုတ်ခံရတဲ့ အန္တိခရစ်တွေဖြစ်တယ်။ သူတို့တွေက ဘုရားကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့အစေခံတွေပဲ။ ဘုန်းကြီးတွေရဲ့ ဘုရားကို ဆန့်ကျင်တဲ့၊ သမ္မာတရားမုန်းတီးတဲ့ သဘာဝနဲ့ အနှစ်သာရကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်သွားတာနဲ့ သူတို့တွေအကြောင်းကို တကယ်သိသွားတယ်။ သူတို့ရဲ့ အပေါ်ယံအပြုအမူကောင်းတွေကြောင့် အလှည့်စားခံရတာ၊ အမြင်မှားတာ မဖြစ်တော့ဘူး။ ဘာသာရေး အန္တိခရစ်အင်အားစုတွေရဲ့ ချည်နှောင်မှုကနေ ကျွန်တော် လုံးဝ လွတ်မြောက်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မိသားစု၏ အကျဉ်းသား ကျွန်ုပ်

ကျင့်ရွှင် ထိုင်းနိုင်ငံ ၂၀၁၉မှာ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေဖတ်ရင်း အနန္တတန်ခိုးရှင်...

မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းတစ်ခုပြီးနောက် နွေးထွေးသော အလင်းတစ်ခု

ဝမ်းရူပင်း၊ တရုတ်ပြည်သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ငတ်မွတ်ကြသည့် အခြား ညီအစ်ကိုမောင်နှမများ အားလုံးကဲ့သို့၊ ကျွန်မ သည်လည်း သခင်မကြာမီ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။