အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ပညာရှိ အပျိုကညာများမှာ အမှန်တကယ် မည်သည့်အရာဖြစ်သနည်း။

27

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။… ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။… သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။… အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။” (ရှင်မဿဲခရစ်ဝင် ၂၅:၁၊၄၊၆-၇၊၁၀)

ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း ၁၄:၄)

အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး၍ ၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟုဆိုလေ၏။” (ဗျာဒိတ်ကျမ်း ၇:၁၇)

တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၇)

ဘုရားသခင်၏ ဂန္တဝင် နှုတ်ကပတ်တော်များ

“ပညာသတိရှိသော သတို့သမီးငါးယောက်ဆိုသည်မှာ လူဦးရေ အရေအတွက်ကို ဆိုလိုသည့် အဓိပ္ပာယ်ဖြစ်ကာ၊… သူတို့ကို နောက်ဆုံးသောကာလ၌ ဆီကို ပြင်ဆင်ထားခိုင်းရခြင်း၏ အကြောင်းအရင်းမှာ ထိုအရာပင်ဖြစ်သည်။ (ဖန်ဆင်းထားသော အရာများသည် ငါ၏ အရည်အသွေးကို ပိုင်ဆိုင်ထားခြင်းမရှိ၊ အကယ်၍ သူတို့သည် ပညာသတိရှိသော သူများဖြစ်လိုလျှင် သူတို့သည် ဆီကို ပြင်ဆင်ထားရမည်ဖြစ်သည်၊ ထို့ပြင် ဤနည်းအတိုင်း ထိုသူတို့သည် ငါ၏ နှုတ်ကပတ်တော်များဖြင့် တပ်ဆင်ထားရန်လိုအပ်သည်။) ပညာသတိရှိသော သတို့သမီး ငါးယောက်သည် ငါဖန်ဆင်းထားခဲ့သော လူများထဲမှ ငါ၏သားများနှင့် ငါ၏လူများကို ကိုယ်စားပြုသည်။ သူတို့ကို ‘သတို့သမီး’ ဟု အမည်တပ်ခေါ်ခြင်းမှာ ထိုသူတို့သည် ကမ္ဘာမြေ၌ မွေးဖွားကြသော်လည်း၊ ငါ့အားဖြင့် ပိုင်ဆိုင်ထားနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်၊ ထိုသူတို့သည် သန့်ရှင်းပြီးဖြစ်သည်ဟု ဆိုနိုင်သည်၊ ထို့ကြောင့် ထိုသူတို့ကို ‘သတို့သမီး’ ဟုခေါ်ခြင်းဖြစ်သည်။”

“အခန်း ၁၁၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

“ယနေ့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊… ‘သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း’ ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ်အဖြစ်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကိုဆိုလိုသည်။ ဤသို့သောသူသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ၌ ရှိသောသူဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက၊ ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကိုသာမက လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပါသည်၊ ထို့အပြင် ၎င်းတို့အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်းရှိကြသည်။ ဤကဲ့သို့သောသူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်းရှိကြပြီး၊ မှန်သောလမ်းကို အမှန်တကယ် တွေ့ရှိသောသူများဖြစ်သည်။…

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။ အလင်းအသစ်ကို လက်ခံနိုင်စွမ်းရှိသော သူများကို ဘုရားသခင်အလိုရှိပြီး ဘုရားသခင်သည် သူ၏ နောက်ဆုံးအလုပ်ကို လက်ခံသူများနှင့် သိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖွေရှာနိုင်စွမ်းရှိပြီး အသစ်သော အရာများကို နားလည်နိုင်စွမ်းရှိသည်သာမက အယူအဆအဟောင်းများကို ဘေးသို့ ဖယ်ထားနိုင်စွမ်းနှင့် ယနေ့ ဘုရားသခင်၏ အလုပ်ကို နာခံနိုင်စွမ်းရှိသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အလုပ်ကို လက်ခံသော ဤလူအုပ်စုသည် ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံရသူများဖြစ်ပြီး ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောသူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏အသံကို တိုက်ရိုက်ကြားရပြီး ဘုရားသခင်ကိုယ်ထင်ရှားခြင်းကို မြင်ရကြသဖြင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးတွင် သာမက လွန်လေပြီးသော ခေတ်အဆက်ဆက်၌ သင်တို့ကဲ့သို့ ဤလူအုပ်စုထက် ပို၍ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။”

“ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ

“လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။ သူသည် ‘သိုးသငယ်သွားလေရာရာ အရပ်သို့ နောက်တော်၌ လိုက်သောသူ’ ဖြစ်သင့်သည်။ ဤကဲ့သို့သော လူများသာလျှင် မှန်သော လမ်းကြောင်းကို ရှာဖွေသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများသာ ဖြစ်ကြသည်။ စကားလုံးများနှင့် အယူဝါဒများကို စုံမှိတ်ပြီး လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် ‘ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်’ နှင့် ‘ယေရှုသည် ခရစ်တော်ဖြစ်သည်’ ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်သည်။ ဤနည်းလမ်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကိုပင် လုပ်ဆောင်နေပါစေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု လူသားဘက်က သေချာနေပြီး၊ သံသယအနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များသို့ ရောက်ရှိအောင် ကြိုးစားနေသရွေ့၊ သူသည်မည်သို့လျှင် အပြစ်ဒဏ်ပေးခြင်း ခံရမည်နည်း။ ဘုရားသခင်၏ အလုပ်သည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ့ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်းမရှိပေ။ ထို့အတူ သူ့အလုပ် စီမံခန့်ခွဲမှု ပြီးဆုံးခြင်း မတိုင်မီတွင်၊ သူသည် အစဉ်အမြဲ အလုပ်ရှုပ်နေပြီး၊ ဘယ်သောအခါမျှ ရပ်တန့်ခြင်းမရှိချေ။”

“ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

“ဘုရားသခင်သည် မိမိပေါ်ထွန်းလာရန် တောင့်တကြသူများကို ရှာဖွေသည်။ ကိုယ်တော်သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့ဘဲ မိမိတို့၏ကိုယ်စိတ်နှလုံးတို့ကို သူ့ထံ ဆက်ကပ်အပ်နှံထားသူများကို ရှာလျက်ရှိသည်။ ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များကဲ့သို့ နာခံကြပြီး သူ့ကို မဆန့်ကျင်သူများကို ရှာလျက်ရှိသည်။ ဘုရားသခင်ကို သင်ကိုးကွယ်ဆည်းကပ်ရာတွင် မည်သည့်အင်အား၏ အတားအဆီးမျှ မရှိလျှင် ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးလျက် သူ၏ ကောင်းချီးမင်္ဂလာများကိုလည်း ပေးတော်မူလိမ့်မည်။ အကယ်၍ သင်သည် ရာထူးအဆင့်အတန်းကြီးမြင့်သူ၊ နာမည်ဂုဏ်သတင်း ကျော်စောသူ၊ အသိပညာကြွယ်ဝသူ၊ များလှစွာသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသောသူ ဖြစ်သော်လည်း ဘုရားသခင်၏ခေါ်တော်မူခြင်းနှင့် သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသမျှကို လုပ်ဆောင်ရန်အတွက် ဘုရားသခင်၏အထံတော်သို့ သင်ရောက်လာခြင်းကို ထိုအရာများက တားဆီးထားခြင်းမရှိလျှင် သင်လုပ်ဆောင်သမျှသည် ကမ္ဘာပေါ်တွင် အရေးအပါဆုံးနှင့် လူသားတို့တွင် အဖြောင့်မတ်ဆုံးအရာပင် ဖြစ်လိမ့်မည်။”

“လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

သက်ဆိုင်သည့် အကြောင်းအရာ