သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အစွန်းရောက်ဂိုဏ်းမှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း

28

စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- ရွေရော ယီရော၊ မင်းတို့က အစိုးရရဲ့ရပ်တည်ချက်ကို နားမလည်သေးဘူးပဲ။ အခြေခံဥပဒေ နည်းနည်းလောက်ကို သိတာနဲ့၊ ကွန်မြူနစ်ပါတီ အကြောင်း နားလည်မှာတဲ့လား။ ငါက ညွန့်ပေါင်းပါတီမှာ လုပ်တာကြာပြီ။ ဒါတွေကို ရှင်းရှင်းလင်းလင်း မြင်ပြီးသား။ တရုတ်ကွန်မြူနစ်ပါတီ (စီစီပီ)က ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ သူ့အမှုတော်ကို မုန်းတီးတယ်။ ခရစ်ယာန်ဘာသာကို အစွန်းရောက်ဘာသာအဖြစ် ရှုတ်ချတယ်၊ သမ္မာကျမ်းကိုလည်း အစွန်းရောက်ကျမ်းစာ ဆိုပြီး အများကြီး မီးရှို့ပစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီက အိမ်တွင်းအသင်းတော် အားလုံးကို ပိတ်ပင်မှာ။ ယေရှုကို မင်း ယုံတယ်ဆိုတုန်းက ငါ ဆန့်ကျင်ခဲ့တယ်။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ဖို့လား၊ ငါ ခွင့်မပြုဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘယ်လိုဆိုတာကော မင်း သိလား။ အနန္တတန်ခိုးရှင်ဘုရားသခင် ဆိုတာ အမှုပြုဖို့ ပေါ်ထွန်းနေတဲ့ သခင်ယေရှု ဖြစ်တယ်တဲ့၊ နောက်ဆုံးသောကာလ ကယ်တင်ရှင်ခရစ်တော်ရဲ့ ပေါ်ထွန်းခြင်း ဖြစ်တယ်လို့ သက်သေခံတယ်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်မှာ သူ့နှုတ်ကပတ်တော်တွေ သန်းနဲ့ချီ ပါတယ်။ ဒါသာ ပေါက်ကြားသွားရင် အကျိုးဆက်က ဘာတွေဖြစ်မလဲ တွေးကြည့်စမ်း။ ကွန်မြူနစ်ပါတီနဲ့ ခရစ်တော်ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ ကွန်မြူနစ်ပါတီက ဘယ်လိုနည်းနဲ့မှ ရပ်တန့်မှာ မဟုတ်ဘူး။ မင်းတို့မသိဘူးလား။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းမှာ ယုံကြည်သူတွေကို အလိုရှိဆုံး ရာဇဝတ်သားတွေလို့ သတ်မှတ်တယ်။ မညှာတမ်း အပြစ်ပေးတယ်။ လာဘ်ထိုးပြီး ကူညီချင်လို့တောင် မရဘူး။ ဒီကိစ္စက အရမ်း အရေးကြီးတယ်။ အမှန်အတိုင်း ပြောရရင် ဒီနှစ်တွေအတွင်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဖြိုခွဲဖို့ အစိုးရက လျှို့ဝှက်အမိန့်စာတွေ ထုတ်ထားပြီးပြီ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို အဆက်မပြတ် နှိပ်ကွပ်ပြီး ဖြိုခွင်းထားတယ်။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ဘယ်လိုနှိပ်ကွပ်မလဲ ဆိုတာ ငါတို့ တစ်ချိန်လုံး အစည်းအဝေးတွေ လုပ်ခဲ့ ရတယ်။ ဒီအသင်းတော်နဲ့ ပတ်သက်ပြီး ဗဟိုခေါင်းဆောင်ပိုင်းက ပြတ်ပြတ်သားသား ပြောထားတယ်။ ပိတ်ပင်မှု မပြီးသေးသရွေ့ တပ်ဖွဲ့တွေကို မရုပ်သိမ်းဘူး တဲ့။ ဒီတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ဖို့က ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ငါပြောတာ ကြားတယ်နော်။

စစ်ယီ (ခရစ်ယာန်တစ်ယောက်)- အဖေ၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သခင်ယေရှု ပြန်လာခြင်းကို သက်သေခံတယ်၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သက်သေခံတယ်၊ လူသားတွေကို ကယ်တင်ခြင်းအတွက် ကယ်တင်ရှင် ဖော်ပြထားတဲ့ သမ္မာတရားကို ဟောပြောတယ်ဆိုတာ အဖေ သိပါတယ်၊ ဒါဆိုရင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို သူတို့က ဖိနှိပ်တယ် ဖမ်းဆီးတယ်ဆိုတာ ဘယ်လောက်ဆိုးရွားမှန်း အဖေ သိမှာပါ။ ဒါက ဘုရားသခင်ကို ခုခံတာ ကောင်းကင်ဘုံကို မလျော်မကန် ဆန့်ကျင်တာပဲ။ ကျွန်တော် လေ့လာမိသလောက်ပြောရရင် အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်၊ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့” (မဿဲ ၂၄:၂၇) အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက လူသားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သက်သေခံတယ်။ အဖေနဲ့ အမေတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ဖူးသေးဘူး၊ ဒီတော့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက ဘာဆိုတာ အဖေတို့ မသိဘူး။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို နားလည်သဘောပေါက်ဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရပါမယ်။ ဒါဟာ သမ္မာတရားလား၊ လူသားတွေကို ပြောဆိုနေတဲ့ ဘုရားသခင်ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်လား နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်လား ဆိုတာကို သိဖို့အတွက်ပေါ့။ ဒါကို လေ့လာဖို့က အရမ်းအရေးကြီးတယ်။ ကွန်မြူနစ်ပါတီက အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို နှိပ်ကွပ်မယ့်စစ်ပွဲ စလိုက်ပြီ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆိုတာ နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အသင်းတော်ပဲ။ ဒါက နိုင်ငံတစ်ခုမဟုတ်ဘူး၊ လူမျိုးတစ်မျိုးလည်း မဟုတ်ဘူး။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းအပေါ် ဆင်နွှဲတဲ့စစ်ပွဲက ကွန်မြူနစ်ပါတီအတွက် တကယ်ပဲ လိုအပ်လို့လား။ ပိတ်ပင်မှု အောင်မြင်တဲ့အထိ မလျှော့တမ်းလုပ်မယ်လို့တောင် ပြောထားတယ်။ သူတို့ရဲ့ဘုရားသခင်အပေါ် ရန်လိုမှုကို ဘုရားသခင်က ကျိန်ဆဲပြီး အပြစ်ပေးလိမ့်မယ်။

စစ်ရွီ (ခရစ်ယာန်တစ်ယောက်)- အဖေ၊ အစ်ကို ပြောတာမှန်တယ်လို့ ထင်တယ်။ သမိုင်းထဲက ဘုရားသခင်ရဲ့လုပ်ဆောင်ချက်ကို ပြန်တွေးကြည့်ရင် ဘုရားသခင်ကို အာခံတဲ့ လူတိုင်း၊ လူမျိုးတိုင်း ဒါမှမဟုတ် တိုင်းနိုင်ငံတိုင်းက ဘုရားသခင်အားဖြင့် ကျိန်ဆဲခံရပြီး ဖျက်ဆီးခံခဲ့ရတယ်။ ရှေးခေတ်က အဲဂုတ္တပြည်ရဲ့ ဖာရောဘုရင်ဆိုရင် ဘုရားသခင်ကို အာခံမိလို့ အသတ်ခံခဲ့ရတယ်။ သခင်ယေရှု အမှုပြုပြီးတဲ့နောက်မှာ၊ ကိုယ်တော်နဲ့ သူ့လူမျိုးတွေကို နှိပ်စက်ညှဉ်းပန်းတဲ့အတွက် ရောမအင်ပါယာလည်း ဘုရားသခင်ရဲ့ကပ်ဆိုးကြီးကြောင့် ဖျက်ဆီးခံရတယ်။ စီစီပီလည်း နောက်ဆုံးသောကာလ ခရစ်တော်ကို အာခံတဲ့အတွက် ဖျက်ဆီးခံရလိမ့်မယ်။ အဖေ၊ အဖေလည်း ဘာသာရေး လေ့လာဖူးတာပဲ၊ ဒါတွေသိမှာပါ။ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်နေကြတာ အဖေကော ဘယ်လိုခံစားရလဲ။

စစ်ဝေခူ- ငါတို့က အစောကြီးကတည်းက မြင်ပြီးပြီ အရှေ့အရပ်မှလျှပ်ပြက်ခြင်းဆိုတာ သာမန်ဘာသာရေး မဟုတ်ဘူး။ သခင်ယေရှု ပြန်ကြွလာတာကို သက်သေခံထားသူတွေပဲ၊ နောက်ဆုံးသောကာလ ကယ်တင်ရှင်ခရစ်တော်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာလောကဆီ ကိုယ်တိုင် ကြွလာပြီလို့ ဆိုတယ်။ အစိုးရကသာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဧဝံဂေလိတရား ဆက်ပြီး ဟောပြောခွင့်ပြုရင်၊ မရေမတွက်နိုင်တဲ့လူတွေက တစ်နှစ် နှစ်နှစ်အတွင်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံကုန်ကြလိမ့်မယ်။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားမဲ့ပါတီပဲ၊ ဘုရားရှိခြင်းအယူဝါဒကို မကြိုက်ကြဘူး။ ကွန်မြူနစ်ပါတီနဲ့ ဘုရားသခင်ကို ယုံကြည်သူတွေအကြားတိုက်ပွဲက ဝါဒရေးရာတိုက်ပွဲပဲ။ သူသေကိုယ်သေ အားပြိုင်ရတာမျိုးထက် ပိုတယ်။ သူတို့က ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။ အသင်းတော်ကို တည်ရှိခွင့် ဘယ်ပေးနိုင်မလဲ။ ဒီတော့ ဘာသာရေး ယုံကြည်ချက်အားလုံးကို ဖိနှိပ်ပစ် ရတော့တာပေါ့၊ အားလုံးကို ရှင်းထုတ်ပြီး၊ တရုတ်ပြည်ကို ဘုရားမဲ့ တိုင်းပြည်ဖြစ်အောင် လုပ်တယ်။ အဲဒါက စီစီပီအနေနဲ့ တရုတ်ပြည်ကို ဆက်ပြီး အုပ်ချုပ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ အဲဒါကြောင့်လည်း အာဏာရ ကတည်းကစပြီး ဘာသာရေးနဲ့ ပတ်သက်တာ အားလုံးကို အမြဲ နှိပ်ကွပ်ခဲ့တာပေါ့။ ဒီအတောအတွင်းမှာလည်း ခရစ်ယာန်တွေကို ထောင်ချခဲ့ကြပြီးပြီ၊ ခရစ်ယာန် မိသားစုတွေကို တကွဲတပြား ဖြစ်အောင်လုပ်တယ်။ တချို့တွေဆိုရင် ထောင်ထဲမှာပဲသေသွားကြတယ်။ အဲဒါအမှန်တွေမှန်း ငါတို့လည်းသိတာပဲ။ ဒါဆိုရင် ဘုရားသခင်ကို ယုံကြည်သူတွေက ဘာလို့ ပိုပြီးများလာတာလဲ။ အဓိကအချက်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်က တော်တော်လေး ပျံ့နှံ့တာမြန်လို့ပဲ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့ စာအုပ်ဖတ်ပြီးတဲ့နောက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သွားကြတဲ့ လူတွေ အများကြီးပဲ။ ဒီစာအုပ်က တော်တော်ကို တန်ခိုးရှိတာပဲ။ ကမ္ဘာအနှံ့ကို ရောက်လာတယ်၊ ပျံ့နှံ့လာတယ်။ ဗဟိုခေါင်းဆောင်ပိုင်းအတွက်တော့ တကယ့်ကို ခေါင်းခဲစရာပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မပိတ်ပင်ရသေးသရွေ့ ခေါင်းဆောင်တွေ အိပ်လို့ပျော်မှာမဟုတ်ဘူး။ နားထောင်ကြပါ။ မင်းတို့ ဒါကို နားလည်ဖို့လိုတယ်။ ခရစ်ယာန်နဲ့ ကက်သလစ်ဂိုဏ်းကိုတောင် အစွန်းရောက်ဆိုပြီး သတ်မှတ်ရဲမှတော့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို သူတို့က သက်ညှာမှာတဲ့လား။ သိပ်မကြာသေးခင်ကတင် အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို အစွန်းရောက်ဂိုဏ်းဆိုပြီး သတ်မှတ်လိုက်တယ်၊ ထိုးနှက်ဖို့ ပိတ်ပင်ဖို့အတွက် ပစ်မှတ်ဖြစ်သွားတယ်။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ယုံကြည်တာဟာ အစိုးရကို ဆန့်ကျင်နေတာပဲ။ မင်းတို့ကကော တော်နေတာလား၊ တုံးနေတာလား။

မူရှင်းဖီ (စစ်ဝေခူ၏ ဇနီး)- ယီနဲ့ရွေ၊ မင်းတို့အဖေက ဒါကို ဟိုးအရင်ကတည်းက ပြောခဲ့တာပါ။ အခုဆို ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ပိတ်ပင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်၊ ပြည်သူကို အယုံသွင်းပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ရှုတ်ချဖို့ မီဒီယာကို စည်းရုံးနေတယ်။ တချို့ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်တွေတောင် ပိတ်ပင်ခံရတယ်၊ တချို့ဆို အဖျက်ခံရတယ်။ ကွန်မြူနစ်ပါတီက ဘာသာရေးကို အမြစ်ကနေ လှန်ပစ်ဖို့ဆုံးဖြတ်ထားတဲ့ပုံပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ယုံတဲ့သူတော်တော်များများ အဖမ်းခံရတယ်လို့လည်း ပြောတယ်။ စီစီပီက အဲဒီလိုယုံကြည်သူတွေကို သေတွင်းပို့ဖို့ ရည်ရွယ်ထားပုံပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံရင်၊ နင်တို့တွေ အဖမ်းခံရလိမ့်မယ်။ နင်တို့အနာဂတ် ပျက်စီးလိမ့်မယ်၊ အသက်အန္တရာယ်တောင် ရှိမလားပဲ။ ငါ ပြောတာနားထောင် ဒီကိစ္စမှာတော့ နင်တို့အဖေ ပြောတာနားထောင်လိုက်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့ ဟုတ်ပြီနော်။

စစ်ရွီ- အမေ အဖေ၊ ကွန်မြူနစ်ပါတီ အာဏာရကတည်းက ဘာသာရေးကိုနှိပ်ကွပ်မှန်း သမီးတို့ သိနေတာပဲ ခရစ်ယာန်တွေ ကက်သလစ် ဂိုဏ်းဝင်တွေကို နှိပ်ကွပ်တယ်၊ ဖမ်းတယ်၊ သတ်ပစ်တယ်။ နှစ်ပေါင်းများစွာအတွင်းမှာ၊ ဘာသာရေး ယုံကြည်မှုတွေကို ဖိနှိပ်တာတွေက ပိုဆိုးဝါးနေပြီ။ ဒီတော့ ဘုရားသခင် ကျိန်ဆဲတာတွေကို ခံရပြီပေါ့။ တရုတ်ပြည်မှာ ဖြစ်တဲ့ သဘာ၀ဘေးဒဏ်တွေအားလုံးကို ကြည့်လေ။ ကွန်မြူနစ်ပါတီက ဘုရားသခင်ကို ဆန့်ကျင်လို့ ဒီဘေးဒဏ်တွေကို တရုတ်လူမျိုးတွေ ကြုံရတာ။ ကွန်မြူနစ်ပါတီ အာဏာရကတည်းက တရုတ်ပြည်မှာ ကပ်တွေပိုပြီးဆိုက်လာတယ်။ ဒီတော့ စီစီပီအနေနဲ့ ဘာလို့ မစဉ်းစားကြည့်တာလဲ။ ရှေးခေတ်က ဘုရင်တွေတောင် ကပ်ဆိုက်ရင် သံဝေဂရကြသေးတာပဲ။ ကွန်မြူနစ်ပါတီက ရှေးဘုရင်တွေကိုတောင် မမီဘူး။ ကောင်းကင်နဲ့ပြည်သူတွေရဲ့အလိုကို ထည့်မစဉ်းစားဘူး။ ခရစ်ယာန်ဘာသာနဲ့ ကက်သလစ်ဂိုဏ်းကိုတောင် အစွန်းရောက်ဆိုပြီး အရှက်မရှိ ရှုတ်ချတယ်။ ပိုဆိုးတာက သမ္မာကျမ်းကို အစွန်းရောက်ကျမ်းဆိုပြီး ပြောကြတာပဲ။ စီစီပီက ဘုရားသခင်ကိုရော၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကိုရော၊ ဘာဖြစ်လို့ မိစ္ဆာအဖြစ် သဘောထားတာလဲ။ စီစီပီကိုယ်တိုင်က မိစ္ဆာဖြစ်တယ်ဆိုတာကို ဒါက သက်သေပြတယ်။

စစ်ယီ- ညီမလေးပြောတာမှန်တယ် အဖေ၊ အမေ၊ ကွန်မြူနစ်ဝါဒကို စပြီးတည်ထောင်သူက စာတန်ဆန်တဲ့ ကားလ်မာ့က်စ်လို့ ကြားဖူးတယ်။ စာတန်ဝါဒကမှ အစွန်းရောက်ဆုံးပါ။ ကွန်မြူနစ်ပါတီက ဘာလို့ ဒီလောက် ယုတ်ညံ့ရတာလဲ။ ဒါက ကားလ်မာ့က်စ်အပေါ် ကွန်မြူနစ်တွေရဲ့ကိုးကွယ်မှုနဲ့ တိုက်ရိုက်ဆိုင်တယ်။ ကွန်မြူနစ်ပါတီက ဘုရားကို ရန်လိုတဲ့ ဘုရားမဲ့ မကောင်းဆိုးဝါးတွေနဲ့ဖွဲ့စည်းထားတာ။ဘာသာတရားတွေ ကို သူတို့ အရေးယူရတဲ့ အခြေခံအကြောင်းရင်း က ဘာလဲ။ သမ္မာကျမ်းကို ဘာလို့ အစွန်းရောက်ကျမ်းလို့ ပြောရတာလဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို အစွန်းရောက်ဂိုဏ်းအဖြစ် ရှုတ်ချရတဲ့ အခြေခံအကြောင်းရင်းက ဘာလဲ။ မာ့က်စ်-လီနင် ဘုရားမဲ့ဝါဒနဲ့ ကွန်မြူနစ်ကြေညာစာတမ်းကို အခြေခံတာလား။ တရုတ်ကွန်မြူနစ်ပါတီက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ဘာလို့ အရူးအမူးရှုတ်ချရတာလဲ။ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်နဲ့ သူ့ကိုးကွယ်သူတွေအပေါ် ဘာဖြစ်လို့ ရှာဖွေဖမ်းဆီးရေး လုပ်ရတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို အပုပ်ချဖို့အတွက် ဘာလို့ မီဒီယာကို စည်းရုံးတာလဲ။ ဒါက အန္တရာယ်များတယ် ဘုရားသခင်ကို ဆန့်ကျင်ရင်း သူတို့သေတွင်း သူတို့တူးနေတာပဲ။ သမ္မာကျမ်းမှာ အလားတူဇာတ်လမ်းတစ်ခု ရှိတယ်လေ။ ဣသရေလဘုရင် မွေးဖွားတာကိုလည်းသိရော၊ ဟေရုဒ်ဘုရင်က မြို့ထဲက ကလေးသားယောက်ျားလေး အကုန်လုံးကို သတ်မိန့်ထုတ်ခဲ့တယ်။ ကမ္ဘာမြေကြီး ပေါ်မှာ ခရစ်တော်ရဲ့အုပ်စိုးမှုကို သူက တားမြစ်ဖို့ ကြိုးစားတာပဲ။ တရုတ်ပြည်ကွန်မြူနစ်ပါတီကလည်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖိနှိပ် ပိတ်ပင်တယ်၊ ခရစ်တော်ကို မတွေ့တွေ့အောင်ရှာပြီး သူ့ကိုးကွယ်သူတွေကို မျိုးဖြုတ်တယ်၊ ဒါတွေက ကမ္ဘာမြေပေါ်မှာ ခရစ်တော် အာဏာတန်ခိုးရှိမှာကို သူတို့ ကြောက်ကြလို့ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့သမ္မာတရားကို လူသားတွေ လက်ခံသွားမှာကို ကြောက်ကြလို့ပဲလေ။ အဖေ၊ ခရစ်တော်ရဲ့ပေါ်ထွန်းခြင်းဟာ ဘုရားသခင်ဝိညာဉ်တော်ရဲ့ အမှုဖြစ်တယ် လူသားတွေကို ကယ်တင်ဖို့ ဖန်ဆင်းရှင် ကြွရောက်မှု ဖြစ်တယ်ဆိုတာကို ကွန်မြူနစ်ပါတီက မသိတာလား။ သူတို့ဆန့်ကျင်မိနေတာ ဘာလဲဆိုတာကိုကော စီစီပီက သိရဲ့လား။ ကပ်ဘေးတွေဖြစ်နေတာနဲ့တင် မလုံလောက်သေးဘူးလား။ ဒီလိုဆန့်ကျင်နေရင်တော့ ဒါက ပြည်သူတွေကို အန္တရာယ်ကျရောက်အောင် လုပ်နေတာပဲ။

စစ်ဝေခူ- ရှောင်ယီ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်ဘာသာကို ဘာလို့ အစွန်းရောက်ဂိုဏ်းအဖြစ် ပြောရသလဲ။ သမ္မာကျမ်းကိုလည်း ဘာလို့ အစွန်းရောက်ကျမ်းလို့ ပြောလဲ။ အဖြေကို မင်း သိသင့်တယ်။ သမ္မာကျမ်းဆိုတာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်အကြောင်း ဟောပြောတယ်။ သမ္မာကျမ်းရဲ့ လွွှမ်းမိုးမှုတွေကြောင့် ဘုရားသခင်ကို ယုံကြည်သူတွေဟာ ရာစုနှစ်တွေနဲ့အမျှ ပိုပြီးတော့ များပြားလာတယ်။ ခရစ်ယာန်ဘာသာနဲ့ သမ္မာကျမ်းစာရှိနေသရွေ့ မာ့က်စ်-လီနင် ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်အယူအဆတွေဆိုတာ မရပ်တည်နိုင်ပါဘူး။ အဲဒါကြောင့် သူတို့က ခရစ်ယာန်ဘာသာကို ရန်သူအင်အားစုအဖြစ် မြင်တယ်။ သမ္မာကျမ်းကိုလည်း အစွန်းရောက်စာအုပ်ဆိုပြီး အလိုလို သတ်မှတ်လိုက်ကြတယ်။ သခင်ယေရှု ပြန်ကြွလာပြီဆိုတဲ့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ သက်သေခံချက်က တရုတ်ကွန်မြူနစ်ပါတီကို ကြောက်လန့်စေတယ်။ ကယ်တင်ရှင်ခရစ်တော်က ပါတီအတွက်တော့ ရန်သူပဲ။ ဘာသာရေးယုံကြည်မှုတွေကို ဖိနှိပ်ဖို့ အသင်းတော်တွေကို ပိတ်ပင်ဖို့ အစွမ်းကုန် လုပ်ကြတယ်။ ဗဟိုကော်မတီအစည်းအဝေးတွေနဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေအရ ဘာသာရေးယုံကြည်မှုတွေ ခပ်မြန်မြန် ဖွံ့ဖြိုးလာတာဟာ ပါတီကို အကျပ်အတည်းတွေ့စေတယ်လို့ ဆိုတယ်။ ဗဟိုကော်မတီကပြောတာတော့ တရုတ်ကွန်မြူနစ်ပါတီဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေကို ဘုရားသခင်ကို မယုံကြည်ဖို့ တားမြစ်ထားတယ်တဲ့။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပညာရေးကိုလည်း မမေ့နဲ့ဦး။ ပါတီဝင်တွေရဲ့သားသမီးတွေဟာ မော်စီတုန်းရဲ့အတွေးအခေါ်ကိုပဲ ယုံကြည်ရမယ်။ ဘုရားသခင်ကို ယုံခွင့်မပြုဘူး။ ဘုရားသခင်ကိုယုံကြည်ခြင်းက ပါတီကို သစ္စာဖောက်တာပဲ။ ပါတီဝင်တွေရဲ့သားသမီးတွေအနေနဲ့ ပါတီပြောစကားကိုပဲ လိုက်နာရမယ့်အပြင်၊ သူတို့ကို ပါတီကပဲပိုင်တယ်။ ဒါကိုမသိဘူးလား အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို သူတို့ မျက်မြင်တွေ့ပြီးကတည်းက စီစီပီက အစွမ်းကုန် တပ်လှန့်ထားတယ် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတာကို တစ်ကမ္ဘာလုံးပျံ့သွားမှာ ကြောက်တာလေ။ ဒီတော့ အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လုံး၀ ပိတ်ပင်ဖို့ ကြိုးစားရင်း၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို နှိပ်ကွပ်ဖို့ ကြိုးစားခဲ့တာပဲ။မင်းတို့ ဘယ်လိုပဲ ပြောပြော အခုအာဏာရနေတာ တရုတ်ကွန်မြူနစ်ပါတီပဲ။ ပါတီရှိနေသရွေ့ မင်းတို့ ဘုရားသခင်ကို ယုံလို့မရဘူး။ တကယ်တော့ အဖေလည်း သူတို့အခုလို ဘာသာရေးဖိနှိပ်မှုတွေလုပ်နေတာကို သဘောမတူပါဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ အဖေက ပါတီဝင်ဖြစ်နေတယ် အဖေ့အလုပ်က ပါတီနဲ့ဆိုင်တော့ သူတို့ခိုင်းတာ လုပ်ရမှာပဲ ပါတီအတွက် အလုပ်မလုပ်ဘူးဆိုရင် အဖေတို့မိသားစုကို ဘယ်လိုထောက်ပံ့မှာလဲ အဖေတို့ အခုလိုအနေအထားနဲ့ ရပ်တည်နိုင်တာ ပါတီကြောင့်ပဲ မဟုတ်လား။ ဒါကို မေ့ထားလို့မရဘူး။

စစ်ယီ- အဖေ ကျွန်တော့်ကိုပြောပုံအရဆိုရင် ပါတီရဲ့ရွေးချယ်မှုမှန်သမျှကို အဖေ နားလည်ထားပုံပဲ။ ဒဏ်ခတ်တယ်ဆိုတာကို အဖေယုံလား။ စီစီပီလိုပဲ ဘုရားရဲ့ယုံကြည်သူတွေကို အဖေက ထိခိုက်စေတယ်ဆိုရင်၊ ဒါက ဒဏ်ခတ်ခံရမယ့် အပြစ်ပဲနော် အဖေ၊ စီစီပီဆိုတာ ဘုရားမဲ့ဝါဒီပါ ဘုရားကို ဆန့်ကျင်တဲ့ စာတန်ဆန်ဆန် အစိုးရပဲ။ သူတို့က ဘုရားသခင်ကို ဘယ်တုန်းကမှ အသိအမှတ်မပြုဘူး။ ဘယ်အသင်းတော်က လမ်းမှန် မမှန်ဆိုတာ ဆုံးဖြတ်ဖို့ သူတို့ ဘာအရည်အချင်းတွေ ရှိကြလို့လ။ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာအားလုံးကို ဘုရားသခင်က ဖန်ဆင်းထားတာ၊ ဘုရားသခင်က ဖန်ဆင်းရှင်ပဲ စကြဝဠာတစ်ခုလုံးရဲ့ဖန်ဆင်းရှင်ကသာ အကြွင်းမဲ့အာဏာကို ပိုင်တယ်။ ဘုရားသခင်ကသာ သမ္မာတရားပဲ သူ့ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်က လမ်းမှန်ဖြစ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း၊ ကယ်တင်ရှင် ခရစ်တော်ရဲ့ ပေါ်ထွန်းခြင်းပါပဲ။ သူဟာ လူသားတွေကို တရားစီရင်ခြင်း ကယ်တင်ခြင်းအတွက် သမ္မာတရားကို ဖွင့်ဆိုပြတယ်။ တရုတ်ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို လက်မခံ တဲ့အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုလည်း ဆန့်ကျင်ရှုတ်ချကြတယ်။ ဒါက ကျိုးကြောင်းမကျသလို၊ ဖောက်ပြန်ရေးဝါဒ မဟုတ်ဘူးလား။ စီစီပီက မရေတွက်နိုင်တဲ့ အပြစ်တွေကို ကျူးလွန်တယ်။ သမ္မာတရားကို မုန်းပြီး ဘုရားကို ဆန့်ကျင်တဲ့ အစိုးရပါပဲ။ ဒါနဲ့ အစွန်းရောက်ဂိုဏ်းဆိုတာ ဘာလဲ။ ဘုရားသခင်ကိုဆန့်ကျင်တဲ့ ဘယ်လိုအုပ်စု ဘယ်လိုပါတီမျိုးကိုမဆို ပြောတာပဲလေ။ အစွန်းရောက်ဂိုဏ်းဆိုတာ လူသားတွေကို လှည့်စား ဖျက်ဆီးတဲ့ မိစ္ဆာဝိညာဉ်တွေ နတ်ဆိုးတွေရဲ့ အဖွဲ့အစည်းမျိုးပဲ၊ ရုပ်ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်အယူအဆကို ထောက်ခံတာ ဒါမှမဟုတ် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားကို ဆန့်ကျင်တာတွေ လုပ်တဲ့ ပါတီ ဒါမှမဟုတ် အဖွဲ့အစည်းတိုင်းဟာ အစွန်းရောက်ဂိုဏ်းပဲ။ အစွန်းရောက်ဂိုဏ်းဆိုတာ ဘာမှန်း အဖေ နားလည်သင့်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အတွေးအခေါ်တွေဟာ လမ်းလွဲနေတာတွေချည်းပဲ။ ပါတီရဲ့ဆောင်ရွက်ချက်မှန်သမျှက ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေတယ်။ တရုတ်ကွန်မြူနစ်ပါတီကမှ တကယ့် မကောင်းဆိုးဝါးပါတီ အစွန်းရောက်ဂိုဏ်းပဲ။

စစ်ရွီ- အဖေ၊ အမေ၊ နောက်ဆုံးသောကာလမှာ လူသားတွေကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာပြီ။ ကမ္ဘာမြေပေါ်ကို ဖြောင့်မတ်ခြင်းတရား ဆင်းသက်လာပြီဆိုတာကို လူသားတွေ မြင်စေဖို့အတွက် အမှောင်လောကကို အလင်းပေးလိုက်တဲ့ အလင်းရောင် တစ်ခုလိုပါပဲ။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို စီစီပီက ဘာလို့ ဆန့်ကျင်နေရတာလဲ။ ခရစ်တော်နဲ့ အနန္တတန်ခိုးရှင် ဘုရားခင် အသင်းတော်ကို ပိတ်ပင်တားဆီးဖို့ ဘာလို့ကြိုးစားရတာလဲ။ ဒါက ကောင်းကင်ကို ပုန်ကန်တာပဲ။ ဖောက်ပြန်ရေးလုပ်ရပ်ပဲ ကိစ္စတစ်ခုခုက အကောင်းဘက် ပိုရောက်နေတဲ့အခါမျိုး၊ အမှန်နဲ့ ပိုနီးစပ်နေတဲ့အခါမျိုးမှာ တရုတ်ကွန်မြူနစ်ပါတီက ဘာလို့ပိုပိုပြီးရှုတ်ချနေရတာလဲ၊ လုံး၀ ပိတ်ပင်ပြီးသွား တဲ့အထိကို လုပ်နေတာလေ။ တရုတ်ကွန်မြူနစ်ပါတီက ကြောက်လန့်တကြား ဖြစ်နေတယ်။ သူတို့က မိစ္ဆာပါတီ၊ အစွန်းရောက်ဂိုဏ်းစစ်စစ် မဟုတ်ဘူးလား။ အဖေ၊ အမေ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဟာ ခရစ်တော်နောက်လိုက်ပြီး သူ့ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သက်သေခံတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကို ဟောပြောတယ်။ သူတို့လုပ်ရပ်တွေက ကျိုးကြောင်း သင့်ပါတယ်။ ဘုရားသခင်ကို စီစီပီက ဆန့်ကျင်နေတာ အရူးလိုပဲ ခရစ်တော်အတွက် သက်သေခံကြသူတွေကို ရက်ရက်စက်စက် ဖမ်းဆီးနေကြတယ်။ သူတို့ကို ဘုရားသခင်က ဒဏ်ခတ်မှာ အသေအချာပဲ။ တရုတ်ပြည်သူတွေ ဘယ်လိုလုပ်ပြီး ဒုက္ခမရောက်ဘဲ နေမလဲ။ တရုတ်ပြည်မှာဖြစ်တဲ့ ကပ်ဘေးတွေအားလုံးက စီစီပီက ဘုရားသခင်ကို ဆန့်ကျင်လို့ဖြစ်တာပဲ။ အဖေ၊ အမေ၊ သမီးတို့ပြောတာတွေကို လက်မခံနိုင်ဘူးလား။

စစ်ဝေခူ- ပါတီ အာဏာရကတည်းကစပြီး မကောင်းတာတော်တော်များများလုပ်ခဲ့တာ ဝန်ခံပါတယ်။ ပြည်သူတွေကလည်း ကွန်မြူနစ်ပါတီကို ကယ်တင်ရှင်လို့ မထင်ကြတော့ဘူး။ နေမင်းကြီးအဖြစ်၊ မိဘအဖြစ် မသတ်မှတ်ကြတော့ဘူး။ အဲဒါတော့ ရှင်းရှင်းလင်းလင်းသိထားတယ်။ ဒါပေမဲ့ တရုတ်ပြည်မှာ သူတို့က အာဏာကို ကိုင်ထားတုန်းပဲလေ။ တော်လှန်ရေး ပါတီဖြစ်တဲ့အတွက် ပါတီက ဘာပဲလုပ်ချင်လုပ်ချင် လုပ်နိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရင်တော့ အချိန်မရွေး အဖမ်းခံရနိုင်သလို အသက်ပါ ဆုံးနိုင်တယ်။ ဒီတော့ မင်းတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခွင့်မပေး နိုင်ဘူး။ ဒါလည်း မင်းတို့ကောင်းဖို့ပါ။ “ ပညာရှိဆိုတာ အခြေအနေ ကြည့်တတ်ရတယ်” ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ အတင်းဆန့်ကျင်လို့ မရဘူးလေ။ ငါပြောတာ နားလည်တယ်နော်။ ဒီနေ့ မင်းတို့နှစ်ယောက်ကို ရှင်းရှင်းပြောပြီးပြီ။ ကွန်မြူနစ်ပညာရေးက မာ့က်စ်နဲ့ မော်တို့ရဲ့ဝါဒကိုပဲ သင်ကြားပေးတယ်။ ဘုရားသခင်ကို ယုံကြည်ဖို့ ခွင့်မပြုထားဘူး။ ပါတီဝင်တွေရဲ့ သားသမီးတွေဟာလည်း ပါတီစကားနားထောင်ပြီး၊ ပါတီလမ်းစဉ်အတိုင်းပဲ သွားရမယ်။ ခရစ်တော်ကို လက်ခံတာ ကိုးကွယ်တာ သက်သေခံတာမျိုး လုပ်လို့မရဘူး။ ပါတီဝင်တွေရဲ့ သားသမီးတွေဟာ မျိုးရိုးစဉ်ဆက် ကွန်မြူနစ်ပါတီကိုပဲ ယုံကြည်ရမယ်။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

သက်ဆိုင်သည့် အကြောင်းအရာ