အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၁၁ အဆင်းနီသော နဂါးကြီး၏နိုင်ငံကို သက်သေသာဓကအဖြစ် ဘုရားအသုံးပြုကျူး

၁ အခွင့်အလမ်း မသာသော ဤလိုအခြေအနေများကြောင့် ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏နိုင်ငံကို ထင်ရှားသော သက်သေ သာဓကအနေဖြင့် အသုံးပြုလျက် စကြ၀ဠာတစ်ခွင် မိမိလုပ်ငန်းနယ်ပယ်ကို ကျဉ်းမြောင်းစေခဲ့သည်။ သူ၏ စွမ်းအားနှင့် ကြိုးစားအားထုတ်မှု အားလုံးကို တစ်နေရာတည်းတွင်သာ အာရုံစိုက်သည်။ ဤနည်းအားဖြင့် ရလဒ် ပိုကောင်း၍ သူ၏ သက်သေအတွက် သာ၍အကျိုးဖြစ်ထွန်းပေမည်။ ဤအခြေအနေ နှစ်ခုအောက်တွင် ဘုရားသခင်သည် စကြ၀ဠာတစ်ခွင်လုံးအတွက် မိမိ၏အလုပ်ကို တရုတ်ပြည်မကြီးရှိအရည်အချင်း အနိမ့်ဆုံး လူများဆီသို့ ရွှေ့လာကာ ထိုသူတို့ မိမိအား ချစ်တတ်လာသော် မိမိလုပ်ငန်း နောက်တစ်ဆင့်တိုးရန် မျှော်ကိုး၍ သူ၏ ကြင်နာသော သိမ်းပိုက်ခြင်းအလုပ်ကို စတင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံချက်ဖြစ်သည်။

၂ သူ့လုပ်ငန်း၏ နယ်ပယ်သည် ဗဟိုထိန်းချုပ်မှုရှိ၍ ဘောင်ခတ်ထားသည်။ ငါတို့၏နေ့ရက် ရောက်ရှိလာစေရန်အတွက် ငါတို့အတွင်း၌ ဘုရားသခင် အလုပ်လုပ်ခဲ့ရာတွင် မည်မျှကြီးမားသောတန်ဖိုး ပေးဆပ်ခဲ့ရ၍ မည်မျှကြိုးစားအားထုတ်ခဲ့ရသည်မှာ ရှင်းလှပေသည်။ ဤသည်မှာ ငါတို့၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ထို့ကြောင့် လူ့ထင်မြင်ချက်များနှင့် မကိုက်ညီမှု တစ်ခုမှာ အနောက်နိုင်ငံသားများသည် ကောင်းသောနေရာဒေသတွင် ငါတို့ပေါက်ဖွားလာသည်ကို မနာလိုကြခြင်းဖြစ်သည်။ သို့ရာတွင် ငါတို့အားလုံးသည် မိမိကိုယ်ကိုယ် နိမ့်ကျ၍ ကျိုးနွံသူများ ဟုမြင်ကြသည်။ ဤသည်မှာ ဘုရားသခင်က ငါတို့ကို စိတ်ဓာတ်မြှင့်ပေးခြင်း မဟုတ်လော။ နှင်းချေခြင်းကို တစ်ချိန်လုံးခံခဲ့ရသူများဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များကို အနောက်နိုင်ငံသားများ မျှော်ကြည့်ကြသည်။ ဤသည်မှာ ငါတို့၏ ကောင်းချီးမင်္ဂလာ ဧကန်အမှန်ဖြစ်သည်။ ဤအကြောင်းအရာကို ငါတွေးမိသောအခါ ဘုရားသခင်၏ သနားကြင်နာခြင်း၊ ချစ်မြတ်နိုးခြင်းနှင့် နီးကပ်ခြင်းတို့သည် ငါ့ကို လွှမ်းမိုးလာသည်။

၃ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်သည် လူသား၏ထင်မြင်ချက်များနှင့် တခြားစီဖြစ်၍ ဤလူသားများအားလုံး ကျိန်ဆိုခြင်းကိုခံရသော်လည်း သူသည် ပညတ်တော်၏ ချုပ်ချယ်မှုများအားဖြင့် ဘောင်ခတ်ထားခြင်း မခံရဘဲ မိမိ၏ လုပ်ငန်းကို ကမ္ဘာကြီး၏ ဤတစ်နေရာတွင် တမင်တကာ ဗဟိုပြု၍ လုပ်ဆောင်ခဲ့သည်။ ထိုအကြောင်းကြောင့် ငါ၀မ်းမြောက်ကာ အတိုင်းအဆမရှိသော ပျော်ရွှင်မှုကို ခံစားရသည်။ ဤသို့သောအရာကို မည်သူ စဉ်းစားဝံ့အံ့နည်း။ သို့သော် ယနေ့တွင် ဤအရာသည် ငါတို့ အပေါ်တွင် မမျှော်လင့်ဘဲ ရောက်ရှိလာသည်။ ၎င်းသည် ငါတို့ကို အောင်ပွဲခံစေသည့် ကြီးမားသော ပျော်ရွှင်မှုဖြစ်သည်။ နောက်ချေးပုံထဲမှ ငါတို့ကို ဘုရားသခင်က ကြီးကျယ် ခမ်းနားစွာ အသုံးပြုလျက် သူ့မေတ္တာကို ကျေးဇူးပြန်ဆပ်ခွင့်ရရန်အလို့ငှာ ငါတိုကို ဘုရားသခင် ဆက်လက်၍ ကောင်းချီးပေး၍ စိတ်ဓာတ်မြှင့်ပေးမည်ဟု ငါမျှော်လင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း … (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:နိုင်ငံတော်တစ်ဝှမ်းလုံး ဝမ်းမြောက်ကြကျူး

နောက်တစ်ခုသို့:သူ၏ပေါ်ထွန်းခြင်းကို ဆာငတ်သူများအား ဘုရားရှာဖွေနေကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ