သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)

ရှင်ဘုရင်များကဲ့သို့ သင်တို့အုပ်စိုးဖို့ ကြိုးစားလေ့ရှိကြပြီး ဤအရာကို ယနေ့ အပြီးတိုင် လက်မလွတ် နိုင်ကြသေးပါ။ ကောင်းကင်ကို ဆန့်ကျင်ပြီး ကမ္ဘာကြီးကို ထောက်ခံအားပေးဖို့ သင်သည် ရှင်ဘုရင်များကဲ့သို့ အုပ်စိုးချင်လျက်ပင် ရှိကြသေး၏။ ယခု ဤအရာကို စဉ်းစားကြလော့။ ထိုသို့သော အရည်အသွေးမျိုး သင်တို့ ပိုင်ဆိုင်ကြသလော။ သင်တို့ အသိတရားမဲ့လျက် ရှိကြသည် မဟုတ်လော။ လက်တွေ့ကျကျ သင်တို့ကြိုးစား ဆည်းပူးသောအရာမှာ ဤအရာလော။ သာမန် လူ့သဘောသဘာဝကိုပင် သင်တို့ မပိုင်ဆိုင်ကြသည်မှာ ရင်နင့်စဖွယ် ဖြစ်သည်မဟုတ်လော။ သို့အတွက်ကြောင့် သိမ်းပိုက်ခံရခြင်း၊ သက်သေခံခြင်း၊ သင်၏ အရည်အသွေးကို မြှင့်တင်ခြင်းနှင့် စုံလင်စေသောလမ်းသို့ ဝင်ရောက်ခြင်း အကြောင်းမှလွဲ၍ အခြားမည်သည့် အကြောင်းအရာကိုမျှ ယနေ့ ငါပြောမည်မဟုတ်ပါ။ ဖြူစင်သန့်ရှင်းသော သမ္မာတရားနှင့် ပတ်သက်၍ အချို့သောသူတို့သည် ငြီးငွေ့တတ်ကြပြီး ဤသို့ သာမန်လူ့သဘောသဘာဝနှင့် အရည်အသွေး မြှင့်တင်ခြင်း အကြောင်း ပြောခြင်းများကို သူတို့မြင်လျှင် သူတို့သည် တွန့်ဆုတ်ကြသည်။ သမ္မာတရားကို မြတ်နိုးခြင်း မရှိသောသူကို စုံလင်စေဖို့ မလွယ်ကူပါ။ ယနေ့ထဲ သင်တို့ ရှင်သန်ဝင်ရောက်ပြီး ဘုရားသခင်၏ အလိုအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အသက်ရှင်နေသမျှ ကာလပတ်လုံး သုတ်သင် ပယ်ရှင်းခြင်း သင်ခံရနိုင်ပါသလော။ ဘုရားသခင်သည် တရုတ်ပြည်မတွင် ကြီးမားသည့် အတိုင်းအတာဖြင့် အလုပ်များစွာ ပြီးမြောက်ခဲ့ချိန်၊ သူသည် စကားလုံးပေါင်းများစွာ ဝေငှခဲ့ပြီးချိန် လမ်းတစ်ဝက်အရောက်တွင် သူသည် လက်လျှော့အရှုံးပေးရမည်လော။ လူများကို အောက်ခြေမရှိ တွင်းနက်ကြီးထဲ သူခေါ်ဆောင်ရက် နိုင်မည်လော။ ယနေ့ အဓိကျသောအရာမှာ သင်တို့ အနေဖြင့် လူ့အနှစ်သာရကို သိရှိပြီး မည်သည့်အရာထဲသို့ ဝင်ရောက်ရမည်ကို နားလည်ကာ အသက်သို့ ဝင်ရာလမ်းနှင့် စိတ်သဘောထား၌ အပြောင်းအလဲများ အကြောင်းကို ဆွေးနွေးရမည် ဖြစ်သကဲ့သို့ အမှန်တကယ် မည်သို့သိမ်းပိုက်ခံရမည်၊ မည်သို့ဘုရားသခင်ကို အပြည့်အဝ နာခံရမည်ဆိုသည်ကို သိရှိကာ ဘုရားသခင်အတွက် နောက်ဆုံး သက်သေခံဖြစ်ဖို့ သေသည်အထိ နာခံမှုကို ပိုင်ဆိုင်နိုင်ဖို့ ဖြစ်သည်။ သင်သည် ဤအရာများကို အလေးထားဖို့လိုပြီး လက်တွေ့မကျ အရေးမပါသော အရာများကို ဘေးဖယ်ကာ ဦးစွာ ထည့်သွင်း စဉ်းစားရမည် မဟုတ်ပါ။ ယနေ့ သင့်အနေဖြင့် မည်ကဲ့သို့ သိမ်းပိုက်ခံရရန်နှင့် လူတို့အနေဖြင့် သိမ်းပိုက်ခံရပြီးနောက် မည်သို့ ကိုယ်တိုင်ပြုမူ ကျင့်ကြံကြသည်ကို သတိပြုရပါမည်။ သိမ်းပိုက်ခြင်း ခံရပြီး ဖြစ်သည်ဟု သင်ပြောကောင်း ပြောမည်၊ သို့သော် သေခြင်းတိုင်အောင် သင်နာခံနိုင်ပါမည်လော။ မည်သို့သော အလားအလာများ ရှိနေပါလေ့စေ အဆုံးစွန်ထိ နာခံနိုင်ရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားပဲ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို လက်မလွတ်ပဲ ဆုပ်ကိုင်ထားရပါမည်။ နောက်ဆုံးအနေဖြင့် သေခြင်း သို့တိုင် နာခံသော ယောဘ၏ သက်သေ၊ ဘုရားသခင်ကို အထွတ်အထိပ်ချစ်သော ပေတရု၏ သက်သေ တည်းဟူသော သက်သေလက္ခဏာ နှစ်ပါးကို သင်ပိုင်ဆိုင်ဖို့လိုသည်။ အင်္ဂါရပ်တစ်ခု အနေဖြင့် သင်သည် ယောဘကဲ့သို့ ဖြစ်ရပါမည်။ သူသည် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကင်းမဲ့ပြီး အသွေးအသားနာကျင်မှုနှင့် ဝန်းရံ ကြုံတွေ့ နေရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပါ။ ဤသည်မှာ ယောဘ၏ သက်သေ ဖြစ်သည်။ ပေတရုသည်လည်း ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့ပါသည်။ ကားစင်တင်ခံရပြီး သူသေဆုံးချိန်တွင်ပင် ဘုရားသခင်ကို သူချစ်မြဲချစ်ခဲ့၏။ သူ၏ကိုယ်ပိုင်တက်လမ်းကို မငဲ့ကွက်ခဲ့သလို ကြီးကျယ်ခမ်းနားသော မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးအခေါ်များကို မဆည်းပူးခဲ့ပဲ ဘုရားသခင်ကိုသာချစ်ဖို့နှင့် ဘုရားသခင်၏ စီမံချက်အားလုံးကို လိုက်နာဖို့ သူကြိုးစားခဲ့သည်။ ဤသို့သော အရာမှာ သက်သေခံတစ်ဦးဟု သင့်ကိုမသတ်မှတ်ခင်၊ သိမ်းပိုက်ခြင်းခံရပြီး စုံလင်စေခြင်းခံရသူ တစ်ဦး မဖြစ်မီ သင်ပိုင်ဆိုင်ရမည့် စံဖြစ်သည်။ ယနေ့ လူတို့အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အနှစ်သာရနှင့် အဆင့် အတန်းကို အမှန်သိခဲ့မည်ဆိုလျင် ၎င်းတို့ရှေ့ရေးနှင့် မျှော်လင့်ချက်များကို ရှာဖွေနေကြဦးမည်လော။ သင်သိထားရမည့် အရာမှာ “ကျွန်ုပ်ကို စုံလင်စေသည်ဖြစ်စေ၊ မစုံလင်စေသည်ဖြစ်စေ ဘုရားသခင် နောက်ကို ကျွန်ုပ်လိုက်နေမည် ဖြစ်သည်။ ယခု သူလုပ်ဆောင်သော အရာခပ်သိမ်းသည် ကောင်းမြတ်ပြီး ကျွန်ုပ်အတွက် လုပ်ဆောင်ခြင်းဖြစ်ကာ ထိုသို့အားဖြင့် ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲနိုင်မည် ဖြစ်သကဲ့သို့ စာတန်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကို ရုန်းထွက်ပြီး ညစ်ညမ်းသောမြေမှာ ကျင်လည်ခွင့်ရလျက်ပင် ညစ်ညမ်းမှုကို မိမိကိုယ်မှ ဖယ်ရှားကာ ညစ်ညမ်းမှုနှင့် စာတန်၏ လွှမ်းမိုးမှုကို ခါချပြီး စာတန်၏ လွှမ်းမိုးမှုကို နောက်ချန်ထား ခဲ့စေနိုင်မည် ဖြစ်သည်” ဟူ၍ပင်။ မှန်ပါသည်၊ ဤသည်မှာ သင်လုပ်ဆောင်ဖို့ လိုအပ်သည့်အရာ ဖြစ်သော် လည်း ဘုရားသခင်အတွက်မှာမူ သိမ်းပိုက်ခြင်းမျှသာဖြစ်ပြီး ထိုသို့အားဖြင့် လူတို့က နာခံဖို့ စိတ်ပိုင်းဖြတ်ကြကာ ဘုရားသခင်၏ စီစဥ်ညွှန်ကြားခြင်းများ အဖြစ်သို့ ဝန်ခံအပ်နှံနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် အမှုအရာများကို ပြီးမြောက်လိမ့်မည်ဖြစ်သည်။ ယနေ့တွင် လူအများစုမှာ သိမ်းပိုက်ခြင်း ခံရပြီးသူများ ဖြစ်ကြသော်လည်း ၎င်းတို့အတွင်း၌မူ ပုန်ကန်ခြင်းနှင့် မနာခံခြင်းများစွာ ရှိနေသေး၏။ လူတို့၏ စစ်မှန်သော ဝိညာဥ်အသက်တာ မှာ အလွန်တရာ သေးငယ်လျက်ပင် ရှိသေးသည်။ သူတို့သည် မျှော်လင့်ချက်နှင့် အလားအလာရှိမှသာ အားမာန်အပြည့် ဖြစ်လာတတ်ကြပေသည်။ မရှိလျှင်မူကား အနုတ်လက္ခဏာ ဆောင်လာတတ်ကြပြီး ဘုရားသခင်ကို စွန့်ပစ် ဖို့ရန်ပင် စဉ်းစားတတ်ကြ၏။ လူတို့သည် သာမန် လူ့သဘောသဘာဝထဲမှ ရှင်သန်မှုကို ရှာဖွေဖို့ ဆန္ဒကြီးကြီးမားမား မရှိကြပါ။ ထိုသို့သောအရာက အလုပ်ဖြစ်မည်မဟုတ်ပါ။ ထို့ကြောင့် သိမ်းပိုက်ခြင်းအကြောင်းကို ငါဆက်ပြောရပါမည်။ သိမ်းပိုက်ခြင်းနှင့် တစ်ချိန်တည်းမှာ စုံလင်ခြင်း ဖြစ်ပေါ်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခြင်း ခံရလျှင် စုံလင်ခြင်းဖြစ်စေသည့် ပထမဦးဆုံးသော အကျိုးတရားကိုလည်း ရရှိခြင်းဖြစ်သည်။ သိမ်းပိုက်မှုခံရခြင်းနှင့် စုံလင်ခြင်းသို့ ရောက်ရှိစေခြင်းတို့ကြား ခြားနားချက်တစ်ခုရှိပြီး လူတို့၏အထဲက ပြောင်းလဲခြင်းအဆင့်နှင့် သက်ဆိုင် သည်။ သိမ်းပိုက်မှုခံရခြင်းသည် စုံလင်စေခြင်း၏ ပထမအဆင့်ဖြစ်ပြီး စုံလင်မှု အပြည့်အဝရှိသည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ ၎င်းတို့ကို ဘုရားသခင်က လုံးဝပိုင်ဆိုင်ပြီဟူသော သက်သေလည်း မဟုတ်ပါ။ လူတို့သည် သိမ်းပိုက်မှု ခံယူပြီးချိန်တွင် ၎င်းတို့၏ စိတ်သဘောထားထဲတွင် အပြောင်းအလဲအချို့ ရှိပါသည်။ သို့သော် ထိုအပြောင်းအလဲများမှာ ဘုရားသခင်က အပြည့်အဝ ပိုင်ဆိုင်ထားပြီးဖြစ်သူတို့ အတွင်းရှိ အရာများကို မီဖို့များစွာ လိုပါသေး၏။ ယနေ့ ပြီးမြောက်သော အရာမှာ စုံလင်စေခြင်း၏ အစလုပ်ဆောင်မှု ဖြစ်သည့် လူတို့ကို သိမ်းပိုက်ခြင်းဖြစ်ပြီး သင့်အနေဖြင့် သိမ်းပိုက်မှုကို မခံယူနိုင်လျှင် စုံလင်ခြင်းနှင့် ဘုရားသခင်မှ လုံးဝပိုင်ဆိုင်ခြင်းအဖြစ်သို့ ရောက်ဖို့ အကြောင်းမရှိပါ။ သင့်အနေဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုအနည်းငယ်သာ ခံရရုံရှိမည်။ သို့သော် ထိုအရာတို့က သင်၏ နှလုံးသားကို လုံးလုံး ပြောင်းလဲစေဖို့ မစွမ်းဆောင်နိုင်ပါ။ ထိုသို့အားဖြင့် သင်သည် သုတ်သင်ပယ်ရှင်းခြင်း ခံရသူတို့ထဲမှ တစ်ယောက်ဖြစ်ပေမည်။ ထိုအရာမှာ စားပွဲပေါ်ရှိ ခမ်းနားသည့် ပွဲတော်ကိုသာ မြင်ရပြီး မစား မသောက်သော အဖြစ်နှင့် မခြားနားပါ။ ဤအရာမှာ ဝမ်းနည်းစရာ မကောင်းပေဘူးလား။ ထို့ကြောင့် သင့်အနေဖြင့် ပြောင်းလဲမှုများကို ရှာဖွေမှ ဖြစ်မည်။ သိမ်းပိုက်မှု ခံရခြင်းဖြစ်စေ စုံလင်စေခြင်းဖြစ်စေ နှစ်ခုလုံးသည် သင့်အထဲက ပြောင်းလဲခြင်းများ၊ သင်နာခံမှုရှိ၊ မရှိဆိုသည့် အရာတို့နှင့်သက်ဆိုင်ပြီး ထိုအရာက သင့်ကို ဘုရားသခင် ပိုင်ဆိုင်နိုင်မည်လော ဆိုသည့်အရာကို ဆုံးဖြတ်ပေးသည်။ “သိမ်းပိုက်မှု ခံရခြင်း” နှင့် “စုံလင်စေခြင်း” တို့သည် ပြောင်းလဲခြင်း၊ နာခံမှုတို့၏ အတိုင်းအတာနှင့် သက်ဆိုင်သကဲ့သို့ ဘုရားသခင်ကို ချစ်သော သင်၏ချစ်ခြင်းမေတ္တာ ဖြူစင်မှုအပေါ် အတိအလင်း မူတည်နေသည်။ ယနေ့လိုအပ်သည်မှာ သင့်အနေဖြင့် လုံးဝစုံလင်ခြင်းသို့ ရောက်နိုင်သော်လည်း အရင်ဦးစွာ သိမ်းပိုက်ခြင်းကို ခံယူဖို့ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအကြောင်းကို သင်စေ့စေ့ငှငှ သိရမည်ဖြစ်ပြီး လိုက်နာဖို့ ယုံကြည်ချက်ရှိရမည် ဖြစ်သကဲ့သို့ ပြောင်းလဲခြင်းများကို ရှာဖွေသောသူ ဖြစ်ရမည်ဖြစ်ကာ အကျိုး သက်ရောက်မှုများ ရှိရပါမည်။ သို့မှသာ သင့်အနေဖြင့် စုံလင်ခံရခြင်းကို ရှာဖွေသောသူ ဖြစ်ပါလိမ့်မည်။ သင်တို့သည် စုံလင်အောင် ပြုပြင်ခြင်းခံရစဉ်တွင် သိမ်းပိုက်မှု ခံရမည်ဖြစ်ပြီး သိမ်းပိုက်မှုခံရစဉ်တွင် စုံလင်စေခြင်း ရရှိမည်ကို နားလည်ထားရပါမည်။ ယနေ့ လူ့ပြင်ပသဘောတွင် စုံလင်စေခြင်း သို့မဟုတ် ပြောင်းလဲမှုနှင့် သင်၏အရည်အသွေး တိုးတက်မှုတို့ကို ရှာဖွေနိုင်သော်လည်း ပင်မအရေးကြီးသောအရာမှာ ယနေ့ဘုရားသခင် လုပ်ဆောင်သောအရာအားလုံး အဓိပ္ပါယ်ရှိပြီး အကျိုး ကျေးဇူးရှိသည်ကို နားလည် သဘောပေါက်ဖို့ ဖြစ်သည်။ ထိုအရာက ညစ်ညမ်းသောမြေတွင် ရှင်သန်သော သင့်အား ညစ်ညမ်းသောအရာများကို ဖယ်ရှား ခါထုတ်နိုင်စေမည် ဖြစ်သည်။ စာတန်၏ လွှမ်းမိုးမှုကို အနိုင်ယူပြီး စာတန်၏ မှောင်မိုက်လွှမ်းမိုးမှုကို အနိုင်ရ ကျော်လွှားနိုင်စေကာ ဤအရာများကို အလေးထား ရင်းဖြင့် ညစ်ညမ်းသောမြေ၌ ကွယ်ကာခြင်းကို သင်ရရှိမည်ဖြစ်သည်။ နောက်ဆုံးမှာ မည်သို့သော သက်သေကို သင်ပြဖို့လိုအပ်မည်နည်း။ ညစ်ညမ်းသော မြေမှာ သင်ရှင်သန်သော်လည်း သန့်ရှင်းသူ ဖြစ်လာနိုင်စွမ်းရှိပြီး နောက်ထပ် ညစ်ညမ်းခြင်း မသန့်စင်ခြင်း မရှိတော့ပါ။ သင့်အနေဖြင့် စာတန်၏ ပိုင်နက်မှာ အသက်ရှင်သော်လည်း သင့်ကိုယ်သင် စာတန်၏လွှမ်းမိုးမှုမှ ရှောင်ထွက်သွားနိုင်ပြီး စာတန်က ပိုင်ဆိုင်ခြင်း နှောင့်ယှက်နိုင်ခြင်း မရှိတော့ပါ။ အနန္တတန်ခိုးရှင်၏ လက်ထဲ သင်အသက်ရှင်နေခြင်း ဖြစ်သည်။ ဤသည်မှာ သက်သေ၊ စာတန်နှင့် တိုက်ခိုက်သော တိုက်ပွဲကို အောင်နိုင်ခြင်း သက်သေဖြစ်သည်။ စာတန်ကို သင်စွန့်ပယ်နိုင်ပြီး သင့်အသက်ရှင်သန်မှုက စာတန်ကို မဖော်ညွှန်းတော့ပါ။ သို့သော် လူကိုဖန်ဆင်းချိန် ဘုရားသခင်က လူကိုပိုင်ဆိုင်စေချင်သည့် အရာဖြစ်သော သာမန် လူ့သဘောသဘာဝ၊ သာမန် ဆင်ခြင် တုံတရား၊ သာမန်အသိအမြင်၊ ဘုရားသခင်ကိုချစ်ဖို့ သာမန် ဆုံးဖြတ်ချက်နှင့် ဘုရားသခင်အား သစ္စာရှိမှု တို့ကို သင်ဖော်ညွှန်းလာသည်။ ဤသို့သောအရာမှာ ဘုရားသခင် ဖန်ဆင်းထားသူတစ်ဦးမှ သယ်ပိုးရသည့် သက်သေဖြစ်သည်။ သင်က “ကျွန်ုပ်တို့ ညစ်ညမ်းသည့်မြေမှာ ရှင်သန်ကြသည်။ သို့သော် ဘုရားသခင်၏ ကွယ်ကာမှု၊ ဦးဆောင်မှုနှင့် သူကျွန်ုပ်တို့ကို သိမ်းပိုက်ခြင်း တို့ကြောင့် စာတန်၏ လွှမ်းမိုးမှုမှ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ရုန်းထွက်ခဲ့ကြပြီး ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ နာခံနိုင်ကြသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်း၏ အကျိူးရလဒ်ဖြစ်ပြီး ကျွန်ုပ်တို့ ကောင်းခြင်းကြောင့် သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့ အလိုလို ချစ်ကြခြင်းကြောင့် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ယနေ့ အုပ်စိုးမှုကို ခံကြရခြင်းဖြစ်ပြီး သူ့ကို သက်သေခံပြီး အစေခံနိုင်ကြခြင်း ဖြစ်သည်။ ထို့အပြင် သူကျွန်ုပ်တို့ကို ရွေးပြီး ကွယ်ကာခဲ့သည့်အတွက် စာတန်၏ပိုင်နက်မှာ ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရပြီး ညစ်ညမ်းမှုများကို နောက်ချန်ရစ်ကာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် သန့်စင်ခံရခြင်းဖြစ်သည်” ဟု ဆိုနိုင်ပါသည်။ ဖြည့်စွက်ချက်အနေဖြင့် ပြောရလျှင် အပြင်ပိုင်း သင့်အသက် ရှင်မှုက သာမန်လူ့သဘောသဘောဝ၏ ထိန်းကွပ်မှုကို သင်ခံရကြောင်း ဖော်ပြပါသည်။ သင်၏အပြောအဆိုတွင် ဆင်ခြင်တုံတရားရှိပြီး သင်သည် သာမန်ပုဂ္ဂိုလ်တစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်သည်။ “ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ ပုံရိပ်မဟုတ်ပေဘူးလား။” ညီမငယ်များ၏ အကျင့်စရိုက်က ညီမငယ်နှင့်မတူ၊ ညီအစ်ကိုများ၏ အကျင့်စရိုက်က ညီအစ်ကိုနှင့်မတူ၊ သင်သည် သန့်ရှင်းသူတို့၏ တင့်တယ်လျောက်ပတ် သော အကျင့်စရိုက်များ မရှိကြပါဟု သင့်ကို သူတစ်ပါးမြင်ချိန် မဆိုစေသင့်ပါ။ ထိုအခါ သူတို့က “ဘုရားသခင်က သူတို့ကို မောဘ၏ အမျိုးအနွယ်များ ဖြစ်သည်ဟု ဆိုသည်မှာ အံ့သြစရာမရှိပါ။ သူတို့က လုံးဝအမှန်ပင် ဖြစ်နေကြသည်ပဲ” ဟု ဆိုကြလိမ့်မည်။ အကယ်၍ လူများကသင့်ကို ကြည့်ပြီး “ဘုရားသခင်က သင့်ကို မောဘအမျိုးအနွယ် ဖြစ်သည်ဟုဆိုသော်လည်း သင်၏အသက်ရှင်မှုက စာတန်၏လွှမ်းမိုးမှုကို သင် နောက် ချန်ခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနေသည်။ ထိုအရာတွေက သင့်အထဲမှာ ထင်ကျန်နေဆဲ ဖြစ်သော်လည်း ၎င်းတို့ကို သင်ကျောခိုင်းနိုင်ခဲ့ပြီပဲ ဟု ဆိုကြလျှင် သင်ဟာ လုံးဝသိမ်းပိုက်ခြင်း ခံရပြီးသူဖြစ်ကြောင်း ပြနေပါသည်။” သိမ်းပိုက်ခြင်းခံရပြီး ကယ်တင်ခြင်းခံရသော သင်က “မှန်ပါသည်။ ကျွန်ုပ်တို့သည် မောဘ၏ မျိူးနွယ်ဆက်များ ဖြစ်သော်လည်း ဘုရားသခင်အားဖြင့် ကယ်တင်ခံရပြီးဖြစ်သည်။ မောဘအမျိုးအနွယ်များ စွန့်ပစ်ခံရပြီး ကျိန်ခြင်းခံရကာ တစ်ပါးအမျိုးသားတို့အလယ်မှာ ဣသရေလူမျိူးများမှ နယ်နှင်ဒဏ် ပေးခံရလေ့ ရှိကြသော်လည်း ယနေ့ ကျွန်ုပ်တို့ကို ဘုရားသခင် ကယ်တင်ခဲ့ပြီဖြစ်သည်။ လူအားလုံးထဲတွင် ကျွန်ုပ်တို့သည် အပျက်ဆီးဆုံးသော သူများဖြစ်ကြသည်မှာ မှန်ပါသည်၊ ဤသည်မှာ ဘုရားသခင်၏ ထုံးဖွဲ့ချက်ဖြစ်ပြီး မှန်ကန်ကာ အားလုံးငြင်းမရသည့် အချက်ဖြစ်သည်။ သို့သော် ယနေ့တွင် ထိုလွှမ်းမိုးမှုမှ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ပြီဖြစ်သည်။ ဘိုးဘေးများကို ကျွန်ုပ်တို့ မုန်းတီးစက်ဆုပ်ကြပြီး ကျွန်ုပ်တို့ ဘိုးဘေး များကို ကျောခိုင်းစွန့်ခွာပြီး လုံးဝစွန့်လွှတ်ကာ ဘုရားသခင်၏ အစီအမံအားလုံးကို လိုက်နာပြီး ဘုရားသခင်၏ အလိုအတိုင်း ပြုမူကျင့်ကြံကာ သူ၏ ပြဌာန်းချက်များကို လုပ်ဆောင်ရင်း ဘုရားသခင်၏ အလိုကို ပြည့်ဝ စေချင်ကြပါသည်။ မောဘက ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပါသည်။ ဘုရားသခင်၏ အလိုအတိုင်း သူမလုပ်ဆောင်ခဲ့ပဲ ဘုရားသခင်၏ မုန်းတီးမှုကို ရရှိခဲ့သည်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ နှလုံးသားကို စောင့်ရှောက်ရမည်ဖြစ်ပြီး ယနေ့ ဘုရားသခင်၏ အလိုကို နားလည်သော ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ကို သစ္စာမပျက်နိုင်ကြသကဲ့သို့ ကျွန်ုပ်တို့၏ ဘိုးဘေးဟောင်းများကို စွန့်ပယ်ရမည် ဖြစ်သည်” ဟု ဆိုမည် ဖြစ်သည်။ ယခင်က အဆင်းနီသော နဂါးကြီးကို စွန့်ပယ်ဖို့အကြောင်း ကျွန်ုပ်ပြောခဲ့ပါသည်။ ယနေ့ အဓိကပြောသည့်အရာမှာ ဘိုးဘေးဟောင်းများကို စွန့်ပယ်ခြင်းအကြောင်း ဖြစ်သည်။ ဤသည်မှာ လူတို့ သိမ်းပိုက်ခြင်း၏ သက်သေဖြစ်ပြီး ယနေ့ မည်ကဲ့သို့ပင် ပါဝင်ပါလေ့စေ သင်၏သက်သေနှင့် သက်ဆိုင်သော ဤကဏ္ဍလစ်ဟင်း၍ မရပါ။

လူတို့၏ အရည်အသွေးက အလွန်ညံ့ဖျင်းလှပြီး သာမန် လူ့သဘောသဘာဝများစွာ ကင်းမဲ့ကာ ၎င်းတို့၏ တုန့်ပြန်မှုမှာ အလွန်နှေးကွေးပြီး အလွန် ခြောက်ကပ်ကပ်နိုင်လှပေသည်။ စာတန်၏ ဖျက်ဆီးခြင်း က ၎င်းတို့ကို ထုံအထိုင်းမှိုင်းသွားစေပြီး ၎င်းတို့အနေဖြင့် တစ်နှစ်၊ နှစ်နှစ်အတွင်း အလုံးစုံ မပြောင်းလဲ နိုင်သော်လည်း ပူးပေါင်းလုပ်ဆောင်လိုသော စိတ်ဆုံးဖြတ်ချက် ရှိရပါမည်။ ဤအရာကလည်း စာတန်ရှေ့မှာ ပုံသက်သေတစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ယနေ့သက်သေမှာ သိမ်းပိုက်ခြင်းနှင့်ဆိုင်သော လက်ရှိ လုပ်ဆောင်ချက်၏ ရလဒ်ဖြစ်ပြီး အနာဂတ်မှာ လိုက်လျှောက်သူတို့အဖို့ နမူနာနှင့် စံပြပုံစံတစ်ခုလည်း ဖြစ်သည်။ အနာဂတ်တွင် ထိုအရာက တိုင်းနိုင်ငံအားလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်သည်။ တရုတ်ပြည်တွင် ပြီးမြောက်ခဲ့သောအရာသည် တိုင်းနိုင်ငံများ အားလုံးသို့ နှံ့ပြားသွားမည် ဖြစ်ပါသည်။ ကမ္ဘာ့လူမျိုး အားလုံး ထဲတွင် မောဘမျိုးနွယ်ဆက်များသည် အနိမ့်ကျဆုံးသူများ ဖြစ်ပါသည်။ ဟာမက်၏ မျိုးနွယ်များက အနိမ့်ကျဆုံး မဟုတ်လားဟု အချို့ကမေးကြမည်။ အဆင်းနီသော နဂါးကြီး၏ သားသမီးနှင့် ဟာမက်၏ သားစဉ်မြေးဆက်တို့က မတူကွဲပြားသော အရာများကို ကိုယ်စားပြုကြပြီး ဟာမက်၏ အမျိုးအနွယ်များက ကွဲပြားသော အကြောင်းအရာတစ်ခုဖြစ်သည်။ အဘယ်မျှလောက်ပင် ကျိန်ခြင်းခံရပါလေ့စေ ၎င်းတို့သည် နောဧ၏ မျိုးနွယ်ဆက်များ ဖြစ်လျက်ပင် ရှိပါသည်။ ထိုအတောအတွင်း မောဘ၏ မူလအရင်းအမြစ်များမှာ မသန့်စင်ပါ။ ကာမရာဂလိုက်စားခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဤအရာ၌ ခြားနားမှုကို တွေ့ရပေသည်။ နှစ်ဦးလုံးသည် ကျိန်ခြင်းခံရသော်လည်း အဆင့်အတန်းမှာမူ မတူညီကြပါ။ ထို့ကြောင့် မောဘ၏ သားစဉ် မြေးဆက်တို့သည် အားလုံးထက် အနိမ့်ကျဆုံးဖြစ်ပြီး အနိမ့်ကျဆုံး လူတို့၏ အောင်နိုင်ခြင်းထက် ပိုပြီးထိမိ၍ တည်ဆောက်စရာဖြစ်သော အရာမရှိပါ။ နောက်ဆုံးသောကာလ အလုပ်က စည်းမျဉ်း အားလုံးနှင့် ပွင့်ထွက် လာပြီး သင့်အနေဖြင့် ကျိန်ခြင်းခံရသည်ဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်း ခံရသည်ဖြစ်စေ ငါ၏အလုပ်ကို သင်အကူအညီ ပေးနေသမျှ ယနေ့သိမ်းပိုက်ခြင်း၏ အကျိုးကို လုပ်ဆောင်နေသမျှ၊ သင့်အနေဖြင့် မောဘအမျိုး သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်သော်လည်း အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို သင်ဖော်ဆောင်ပြီး အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ဆောင်နေသမျှ ကာလပတ်လုံး ဆိုင်ရာအကျိူးကို သင်ခံစားရရှိမည် ဖြစ်သည်။ သင်သည် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပြီး မောဘ၏ အမျိုးအနွယ်ဖြစ်သော်လည်း အချုပ်အားဖြင့် အသွေးအသားနှင့် တည်ဆောက် ထားသောသူ အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါများ ဖြစ်ကြပြီး ဘုရားသခင် ဖန်ဆင်းထားသော သူများဖြစ်ကြသည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပြီး သင့်မှာ ရွေးချယ်ပိုင်ခွင့်မရှိပဲ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ မှန်ပါသည်၊ ယနေ့တွင် ဘုရားသခင်နှင့် သက်ဆိုင်သော အလုပ်ကို စကြဝဠာတစ်ခွင်လုံးတွင် ညွှန်ကြားထားပါသည်။ အဘယ်သို့သောသူမှ သင်ဆင်းသက်လာသည်ဖြစ်စေ အားလုံးအထက်မှာ သင်တို့သည် ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါများထဲမှ တစ်ဦးဖြစ်သည်။ မောဘ၏ အမျိုးအနွယ်ဖြစ်သည့် သင်တို့သည် ဘုရားသခင် ဖန်ဆင်းသောအရာများ၏ အစိတ်အပိုင်းဖြစ်ပြီး သင်တို့သည် ထိုက်တန်မှု နည်းပါးရုံမျှသာ ဖြစ်ခြင်းဖြစ်သည်။ ယနေ့ ဘုရားသခင်နှင့် သက်ဆိုင်သောအမှုကို ဖန်ဆင်းခံ သတ္တဝါများကြားနှင့် စကြဝဠာတစ်ခွင် သယ်ပိုးဆောင်ရွက်ဖို့ ရည်ရွယ်ထားသည့်အတွက် ဖန်းဆင်ရှင်က သူ့အမှုကို ဆောင်ရွက် စေဖို့ လူတစ်ဦးဖြစ်ဖြစ်၊ အကြောင်းကိစ္စတစ်ခုဖြစ်ဖြစ်၊ အရာဝတ္ထုတစ်ခုဖြစ်ဖြစ် လွတ်လပ်စွာ ရွေးချယ် နိုင်ပါသည်။ သင်မည်သည့်အမျိုးမှ ဆင်းသက်သည် ဆိုသည်ကို သူအလေးထားမည် မဟုတ်ပါ။ သင်ဟာ သူ၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်နေသမျှ၊ သူ၏အမှုဖြစ်သည့် သိမ်းပိုက်ခြင်းနှင့် သက်သေခံခြင်းနှင့် ဆိုင်သော အလုပ်အတွက် သင်အကျိူးပြုနိုင်သမျှ ကာလပတ်လုံး အဘယ်အရာကိုမျှ စောင့်ထိန်းမနေပဲ သူ၏အမှုကို သင့်အထဲ၌ သူလုပ်ဆောင်မည်ဖြစ်သည်။ ဤအချက်က လူတို့၏ အစဉ်အလာ သဘောထား ခံယူချက်ဖြစ်သည့် ဘုရားသခင်က တစ်ပါးအမျိုးသားတို့ အလယ်တွင် မည်သည့်အခါမျှ အလုပ်လုပ်မည် မဟုတ်၊ အထူးသဖြင့် ကျိန်ခြင်းခံပြီး နိမ့်ကျသောသူတို့နှင့် လုပ်မည်မဟုတ်၊ ကျိန်ခြင်းခံရ သော ထိုသူများ၊ ၎င်းတို့၏ နောက်ပိုင်း မျိုးဆက်များသည်လည်း ထာဝရပင် ကျိန်ခြင်းခံလိမ့်မည်။ ၎င်းတို့တွင် ကယ်တင်ခြင်း ရဖို့ အခွင့်အလမ်း လုံးဝမရှိ၊ ဘုရားသခင်က ဆင်းကြွပြီး တစ်ပါးအမျိုးသားတို့ မြေတွင် မည်သည့်အခါမျှ အလုပ်လုပ်မည်မဟုတ်၊ သူသည် သန့်ရှင်းသည့်အတွက် ညစ်ညမ်းသောမြေတွင် ခြေချမည် မဟုတ်ဟူသော အယူအဆကို ခြေဖျက်ပါသည်။ ဤယူဆချက်များကို နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အလုပ်က ရိုက်ချိုးခဲ့ပြီဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခံသတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်သည်ကို သိပါ။ မိုးကောင်ကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို သူထိန်းသိမ်းအုပ်စိုးပြီး ဣသရေလူမျိုး တို့၏ ဘုရားသခင်မျှသာ မဟုတ်ပါ။ ထို့ကြောင့် တရုတ်ပြည်၌ ပြီးမြောက်ခဲ့သော ဤအမှုသည် အဆုံးစွန် အရေးပါသည့် အရာဖြစ်ပြီး တိုင်းနိုင်ငံတို့အလယ် နှံ့ပြားရမည် မဟုတ်ပါလား။ ကြီးမြတ်သော အနာဂတ်၏ သက်သေကို တရုတ်ပြည်တစ်ခု၌သာ ကန့်သတ်ထားလိမ့်မည် မဟုတ်ပါ။ သင်တို့ကို ဘုရားသခင် သိမ်းပိုက်ခြင်း ရှိမှသာ နတ်ဆိုးတို့ ယုံကြည်နိုင်ကြမည်လော။ သိမ်းပိုက်မှု ခံရခြင်း သို့မဟုတ် ဘုရားသခင်၏ တန်ခိုးကို သူတို့နားမလည်ကြပါ။ စကြဝဠာ တစ်ခွင်လုံးတွင် ရှိသည့် ဘုရားသခင် ရွေးကောက်ထားသော သူအားလုံးက ဤအမှု၏ အဆုံးစွန်သော အကျိုးများကို ရှုမြင်မှသာလျှင် ဖန်ဆင်းခံ သတ္တဝါအားလုံး သိမ်းပိုက်ခြင်းကို ခံရကြမည် ဖြစ်သည်။ မောဘ၏ အမျိုးအနွယ်ထက် မည်သူမျှ နောက်ကျန်သူ သို့မဟုတ် ယိုယွင်း ပျက်ဆီးသောသူ မရှိပါ။ ဤသို့ အယိုယွင်း အပျက်စီးဆုံးသောသူ၊ ဘုရားသခင်ကို မသိမှတ်သူ သို့မဟုတ် သိမ်းပိုက်သော ဘုရားသခင်ရှိသည်ဟု မယုံကြည်သူနှင့် နှုတ်ဖြင့် အသိအမှတ်မပြု၊ မချီးမွမ်းပဲ သူ့ကို မချစ်နိုင်သောသူတို့ သိမ်းပိုက်ခြင်းခံရမှသာ ဤသည်မှာ သိမ်းပိုက်ခြင်း၏ သက်သေဖြစ်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ပေတရုမဟုတ်သော်လည်း ပေတရုပုံရိပ်ကို ပုံဖော်ရှင်သန် ကြပြီး ပေတရုနှင့် ယောဘတို့၏ သက်သေကို သင်တို့ပိုင်ဆိုင်နိုင်ကြကာ ဤသည်မှာ အကြီးမားဆုံး သက်သေပင် ဖြစ်ပေသည်။ နောက်ဆုံးမှာ သင်က “ကျွန်ုပ်တို့သည် ဣသရေလအမျိုး မဟုတ်ပါ၊ သို့သော် အပစ်ပယ်ခံ မောဘ၏ အမျိုးအနွယ်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ပေတရု မဟုတ်ကြပါ၊ သူ၏ အရည်အသွေးမျိုး မပိုင်ဆိုင်နိုင်ကြသလို ယောဘလည်းမဟုတ်ပါ။ ဘုရားအတွက် ဝေဒနာခံစားဖို့နှင့် ကိုယ့်ကိုယ်ကို ဆက်ကပ် အပ်နှံဖို့ ဆုံးဖြတ်ချက်ချသော ပေါလုနှင့်ပင်လျှင် ကျွန်ုပ်တို့ မနှိုင်းသာပါ၊ ကျွန်ုပ်တို့ သည် အလွန်ပင် နောက်ပြန်လှန်တတ်သော သူများဖြစ်ပြီး ထို့အတွက်ကြောင့် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာများကို ခံစားရဖို့ အရည်အချင်းမမီကြပါ။ ယနေ့ ဘုရားသခင်က ကျွန်ုပ်တို့ကို ချီမလျက် ရှိနေဆဲ ဖြစ်သောကြောင့် ကျွန်ုပ်တို့ သူ့အလိုကို ပြည့်စုံစေကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့တွင် လုံလောက်သော အရည်အသွေး သို့မဟုတ် အရည်အချင်း မရှိသော်လည်း ဘုရားသခင်၏ အလိုကို ပြည့်စုံစေချင်သည့် ဆုံးဖြတ်ချက် ကျွန်ုပ်တို့တွင်ရှိသည်။ ကျွန်ုပ်တို့သည် မောဘအမျိုးအနွယ်ဖြစ်ကြပြီး ကျိန်ခြင်းခံသော သူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ထုံးဖွဲ့ချက်ဖြစ်ပြီး ကျွန်ုပ်တို့ ပြောင်းလဲနိုင်စွမ်းမရှိကြပါ။ သို့သော် အသက်ရှင်သန်မှုနှင့် အသိတရားတို့ ပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ အလိုကိုပြည့်စုံစေဖို့ ကျွန်ုပ်တို့ သန္နိဋ္ဌာန် ချထားကြပါသည်” ဟု ဆိုရလိမ့်မည် ဖြစ်သည်။ သင့်တွင် ဤသန္နိဋ္ဌာန် ရှိသောအခါ၊ သိမ်းပိုက်ခြင်း ခံရသည်ကို သင်သည် သက်သေခံပြီးဖြစ်ကြောင်းကို ယင်းအရာက သက်သေထူပေး ပေလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။