အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၅၀ လေနှင့် နှင်းကြား ကြီးပြင်းခြင်း

ကောင်းကင်သည် မြေပြင်သို့ အားလုံး တဖျပ်ဖျပ်ရစ်ဝဲကျနေသည့် ဆီးနှင်းပွင့်များနှင့် ပြည့်နေသည်။

အရည်ပျော်နေသည့် နှင်းထုနှင့်အတူ အတွေးတစ်ချက် ထွက်သွားသည်။

ထိုဆောင်းရာသီတွင် ကျွန်တော့်အဖေကို ရဲများက ခေါ်ဆောင်သွားခဲ့ကြသည်။

ကံကောင်းထောက်မစွာ ကျွန်တော့်အမေ လွတ်မြောက်ခဲ့သည်၊ ထိုအချိန်ကတည်းက ကျွန်တော်တို့ ကမ္ဘာခြားခဲ့ရသည်။

ကျွန်တော့်အဖေကို မည်သူဖမ်းဆီးခဲ့သနည်း၊ သူ့ကို မည်သူညှင်းပန်းနှိပ်စက်ပြီး တရားမဝင် ထိန်းသိမ်းခဲ့သနည်း။

မည်သူသည် ကျွန်တော့်ကို သဲကြီးမဲကြီး လိုက်လံဖမ်းဆီးလျက် ကျွန်တော်ပြေးနိုင်သမျှ ဘယ်နေရာကိုမဆိုထွက်ပြေးအောင် ဖန်တီးသနည်း။

တစ်ချိန်က ပျော်ရွှင်ခဲ့သည့် ကျွန်တော်တို့ မိသားစု အစိတ်စိတ်အမြွာမြွာ ကွဲရလေပြီ။

ကျွန်တော့်အမေ ယခု အဘယ်မှာနည်း။ သူ ဘေးကင်းပါရဲ့လား။

ကြိမ်ဖန်များစွာ ကျွန်တော့်အမေ အဖမ်းခံရသည်ဟုကျွန်တော် အိပ်မက်မက်ရသည်။

ထိတ်လန့်မှုဖြင့် ကျွန်တော် မျက်ရည်များနှင့် နိုးရသည်။

ကျွန်တော် အားငယ်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို လမ်းပြပြီး ကျွန်တော်၏ မိမိကိုယ်ကိုယုံကြည်မှုကို အားပေးသည်။

ခန္ဓာ၏ ဆင်းရဲဒုက္ခမှတဆင့် ဘုရားသခင်၏ အမှုတော် မည်မျှခက်ခဲကြောင်း အသိတစ်ခု ကျွန်တော် ရရှိသည်။

စီစီပီသည် ဘုရားသခင်ကို ရန်လိုသည့် ဆိုးယုတ်သော နတ်ဆိုးများဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိမြင်ရသည်။

များလှစွာသော သန့်ရှင်းသူတို့၏ အသွေးများကို ယိုစီးစေပြီဖြစ်ပြီး၊ များလှစွာသော အသက်များကို ဖျက်ဆီးခဲ့ကြပြီတကား။

သို့သော် ဘုရားသခင်၏ စိတ်သဘောထားကို ချိုးဖောက်မရနိုင်သလို၊ စာတန်သည် ဧကန်မုချ သေကျေပျက်စီးလိမ့်မည်။

ကျွန်တော့်ယုံကြည်ခြင်းတွင် ကျွန်တော်ပြတ်သားသည်၊ ကျွန်တော် နောက်ထပ် မစိုးရိမ်တော့သလို၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျွန်တော်ကျိုးနွံနာခံသည်။

အမေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို အဖော်ပြုပါသည်၊ ကျွန်တော်တို့ စိတ်ချနေကြစို့။

ဘုရားသခင်သည် လူသားကို ကယ်တင်ဖို့ သူ၏ အသက်ကို အဖိုးအခပေးခဲ့သည်။

ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်၊ ယင်းတို့က ကျွန်တော်တို့ကို စုံလင်စေဖို့ဖြစ်သည်။

ခရစ်တော်၏ စစ်သားကောင်းများမှာ လုံးလုံးလျားလျား မီးမြိုက်စစ်ကြောခံရမည်။

တစ်နေ့တွင် ကျွန်တော်တို့ အဖမ်းခံရပြီး ထောင်အချခံရကောင်း ခံရဖွယ်ရှိမည်ဖြစ်သည်။

တစ်နေ့တွင် ကျွန်တော်တို့ အတူတကွ စုံဆည်းဖို့ အခွင့်အရေး မရတော့နိုင်ဖွယ်ရှိမည် ဖြစ်သည်။

သို့သော် ဘုရားသခင်ကို ယုံကြည်ဖို့ ကျွန်တော်၏ ရွေးချယ်မှုအတွက် ဘယ်သောအခါမျှ ကျွန်တော် နောင်တရမည်မဟုတ်။

ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်တော့်ကို အဖော်ပြုသဖြင့် ကျွန်တော် အထီးကျန်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိတော့ပေ။

အမေ၊ ကျွန်တော့်စိတ်နှလုံးအတွင်းရှိ စကားများကို ကျွန်တော် ဝေမျှချင်လိုက်တာ။

ကျွန်တော် အဝေးမှာရှိလာခဲ့သည့် နှစ်များအတွင်း အမှီအခိုကင်းမဲ့ခြင်းကို သင်ယူပြီးပါပြီ။

အနှောင့်အယှက်များကို ကျွန်တော်ရင်ဆိုင်ရသည့်အခါ ဘုရားသခင်အပေါ် မှီခိုဖို့ ကျွန်တော် သင်ယူထားပြီ၊ ကျွန်တော် နောက်ထပ် မရှောင်ရှားတော့ပါ။

ကျွန်တော့်တာဝန်ကို ဆောင်ရွက်သည့်အခါ သမ္မာတရားကို ကျွန်တော်ရှာဖွေနိုင်ပြီးကျွန်တော် နောက်ထပ် မဆင်မခြင် မပြုမူတော့။

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရသဖြင့် ပြောမပြနိုင်လောက်အောင် ကျွန်တော် မျက်ရည်များကျခဲ့လေပြီ။

တစ်ခါက အလွန်ပြောင်းလဲလွယ်သူ၊ ယခု ကျွန်တော် အရွယ်ရောက်လေပြီ။

ဤခရီးလမ်းတွင် ဘုရားသခင်သည် ကျွန်တော့်ကို အလွန်များစွာ ပေးခဲ့လေပြီ။

ယနေ့ ဘုရားသခင်၏ စေခိုင်းချက်အား တာဝန်ယူရသည်ကို ကျွန်တော် ဂုဏ်ယူလိုက်တာ။

လမ်းခရီး မည်မျှ ကြမ်းတမ်းပါစေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်တော် ပြန်ပေးဆပ်မည်။

ယခင်က:အမေ့၏ မှေးမှိန်နေသည့် ပုံရိပ်

နောက်တစ်ခုသို့:ဘုရားရဲ့စိတ်နှလုံးကို ဘယ်သူ ညှာတာထောက်ထားသလဲ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ