အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၆။ ဟန်ဆောင်မှုကင်းတိုင်း လူရိုးဖြစ်ဖို့မသေချာ

ချိန် မိန်ဂျီ ဇီအန်မြို့တော်၊ ရှန်ဇီပြည်နယ်

ကျွန်မအနေနှင့် ကိုယ့်ကိုယ်ကိုယ် ဖော်ရွေပြီး ပွင့်လင်းသည့် လူအမျိုးအစားတစ်ဦးအဖြစ် ထင်မြင်သုံးသပ်ပါသည်သည်။ ကျွန်မသည် လူများကို အလွန်တိုက်ရိုက်ကျပြီး ပွင့်လင်းသည့်ပုံစံနှင့် စကားပြော လေ့ရှိသည်။ ကျွန်မပြောချင်တာမှန်သမျှကို ပြောထုတ် လိုက်သည်။ ကျွန်မက ဝေ့ဝိုက်ပြီး ပြောနေတတ်သည့် လူစားမျိုးမဟုတ်ပါ။ လူအများနှင့် ဆက်ဆံပြောဆိုသည့်နေရာမှာ ကျွန်မ အနေနှင့် တည့်တိုးပြောကျင့်ရှိပါသည်။ ကျွန်မသည် တခြားလူများအပေါ်ကို အလွယ်တကူနှင့် ယုံကြည်မိတတ်သည့်အတွက် မကြာခဏပင် အလိမ်ခံရခြင်းများ သို့မဟုတ် လှောင်ပြောင်ခံရခြင်းများ ရှိပါသည်။ အသင်းတော်စတင်တက်ရောက်ခဲ့ပြီး၊ နောက်ပိုင်းကျမှသာ မိမိကိုယ်ပိုင် နေရာဟုဆိုနိုင်သည့် နေရာတစ်ခုကို ကျွန်မတွေ့လိုက်ရသည်ဟု ခံစားခဲ့ရပါသည်။ “အရင်တုန်းက ငါ့ရဲ့ ဟန်ဆောင်မှုကင်းခြင်းဟာ ငါ့ကို ဆိုးကျိုးဖြစ်စေပြီး၊ တခြားလူတွေက ငါ့ကို အလွယ်တကူနဲ့ လှည့်စားလို့ ရစေခဲ့တယ်။ ဒါပေမဲ့ အသင်းတော်မှာဆိုရင် ဘုရားသခင်က ရိုးသားတဲ့ လူတွေကို အလိုရှိတယ်။ ဒါကြောင့် ဟန်ဆောင်မှုကင်းလွန်းတာနဲ့ ပတ်သက်ပြီး ငါ့မှာ စိတ်ပူစရာမလိုတော့ဘူးပေါ့” ဟု ကျွန်မ မိမိဘာသာ တွေးလိုက်မိသည်။ ဘုရားသခင်က ရိုးသားပြီး ရိုးရှင်းသည့်သူများကို ချစ်ကြောင်း၊ နောက်ပြီးရိုးသားသည့်သူများသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည့် အကြောင်း တို့ကို ကြားလိုက်ရ သည့်အချိန်တွင် ကျွန်မအထူးပင်ပင် စိတ်သက်သာရာရရှိ ခံစားခဲ့ ရပါသည်။ ကျွန်မ၏ ညီအစ်ကို မောင်နှမများက မိမိတို့၏ သစ္စာဖောက်တတ်သည့် သဘောသဘာဝများကို စတင်သိမြင်လာခဲ့ပြီး၊ ယင်းကို ပြောင်းလဲဖို့မတတ်နိုင်သည့်အချိန်တွင် ၎င်းတို့ သူတို့များ မည်မျှ စိုးရိမ်ပူပန်ကြသည်ကို မြင်ရသည့်အခါ ကျွန်မ ပို၍ပင် စိတ်သက်သာ ရာရခဲ့ပါသည်။ ရိုးသားပြီး ပွင့်လင်းသည့်အတွက် ဤကဲ့သို့ စိုးရိမ်ပူပန်မှုမျိုးကို ကျွန်မအနေနှင့် ကြုံတွေ့စရာမလိုတော့ပါ။ သို့သော် တစ်နေ့မှာ ဘုရားသခင်ဆီက ဖွင့်ပြခြင်းတစ်ခုကို ကျွန်မ လက်ခံရရှိပြီးသည့်နောက် ကျွန်မ ထင်မှတ်ထားခဲ့သကဲ့သို့ ကျွန်မသည် ရိုးသားသည့်သူတစ်ယောက်မဟုတ်ခဲ့ကြောင်းကို နောက်ဆုံးမှာ သိမြင်လိုက်ရ ပါတော့သည်။

တစ်နေ့တွင် ကိုယ်တော်၏ မိတ်သဟာယဖွဲ့မှုထဲတွင် ဘုရားသခင် ပြောသည်ကို ကျွန်မ ကြားခဲ့ရသည်။ “ရိုးသားသော လူများ၌ သမ္မာတရား ရှိသည်၊ ၎င်းတို့သည် သနားကရုဏာသက်စရာကောင်းသူ၊ ကံဆိုးသူ၊ စဉ်းစားဉာဏ်မဲ့သူ သို့မဟုတ် ရိုးအသောသူများ မဟုတ်ကြပေ။...ထို့ကြောင့် သင်သည် လူ့အသိုင်းအဝိုင်း၌ ဒုက္ခဆင်းရဲ ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် သင် တွေ့သမျှ လူတို့၏ အနိုင်ကျင့်ခံရခြင်းနှင့် လိမ်လည် ခံရခြင်းတို့ကြောင့် သင်သည် ရိုးသားသောသူဖြစ်သည်ဟု ထင်လျက်၊ ဤသရဖူကို သင်၏ခေါင်း၌ မဆောင်းကြနှင့်။ ဤသည်မှာ လုံးလုံးလျားလျား မှားယွင်းသည်။...ရိုးသားခြင်းဆိုသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ၊ လူတို့သည် ပွင့်လင်းပြီး ရှင်းရှင်းဆက်ဆံတတ်ခြင်းကြောင့်သာ ရိုးသားကြသည် မဟုတ်ပေ။ အချို့လူတို့သည် သဘာဝအလျောက် ၎င်းတို့ စကားပြောသည့်ပုံစံမှာ အလွန်တဲ့တိုးပြောသည့် ပုံစံ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တဲ့တိုးပြောခြင်းမှာ ၎င်းတို့၌ လိမ်လည်လှည့်ဖြားမှု မရှိဟူ၍ ဆိုလိုခြင်းမဟုတ်ပေ။ လိမ်လည်လှည့်ဖြားခြင်းဆိုသည်မှာ လူတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုများနှင့် ၎င်းတို့၏ စိတ်သဘောထားပင် ဖြစ်သည်။ လူတို့သည် ဤလောက၌ အသက်ရှင်သောအခါ၊ ၎င်းတို့သည် စာတန်ဖျက်ဆီးခြင်း၏ သက်ရောက်မှုအောက်တွင် အသက်ရှင်သောအခါ ရိုးသားရန်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် ပို၍ပင် လိမ်လည်လှည့်ဖြားသော သူများသာ ဖြစ်လာနိုင်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မ၏ အခြေအနေနှင့်ပတ်သက်ပြီး ပြီးပြည့်စုံသည့် ဖော်ဆောင်ချက် ပင်ဖြစ်ပါသည်။ အမှန်တကယ်ပင်၊ ကျွန်မက လှည့်ပတ်သွယ်ဝိုက်သည့် လမ်းကြောင်းနှင့်နှင့် စကားမပြောသည့်အပြင်၊ တခြားလူများ၏ လိမ်လည်ခြင်းကို မကြာခဏ ခံနေရတာဖြစ်ခြင်းမှာ ဖောက်ပြန်တတ် သည့်သဘော သို့မဟုတ် ကောက်ကျစ်တတ်သည့်သဘောဆို၍ ကျွန်မမှာ တစ်စိတ်တစ်ဒေသမျှပင် မရှိကြောင်း ဆိုလိုရာရောက်သည်ဟုပင် ကျွန်မအနေနှင့် အမြဲတမ်းပင် ထင်မြင်ခဲ့ပါသည်။ ရလဒ်အနေနှင့် ကျွန်မသည် လူသားများတွင်ရှိသည့် ဖောက်ပြန်ခြင်းနှင့် ကောက်ကျစ်မှုတို့နှင့်ပတ်သက်လို့ ဘုရားသခင်၏ အနက်ဖော်ပြခြင်းကို ကျွန်မသည် မည်သည့်အခါကမျှ ကိုယ်တိုင်ကိုယ်ကျ ဆက်စပ်ယှက်နွှယ် ခြင်းမရှိခဲ့ဘဲ၊ အဲဒီအစား ရိုးသားခြင်း၏ စံနမူနာအဖြစ် မိမိကိုကိုယ် သရဖူဆောင်းပေးခဲ့ပါသည်။ လူတိုင်းသည် ဖောက်ပြန်သည့် သဘောရှိပြီး ကျွန်မမှာမူ တစ်နည်းမဟုတ်ပါက တစ်နည်းနှင့် ကွဲပြားနေသည်၊ ကျွန်မက ပင်ကိုယ်မွေးရာပါ ရိုးသားမှု ရှိသည်ဟု ထင်မြင်ခဲ့ပါသည်။ ကျွန်မ၏ထင်မြင်ယူဆမှုများသည် ဘုရားသခင့်ရှေ့တော်မှာ စက်ဆုပ် ရွံရှာစရာဖြစ်နေခဲ့သည်။ ဤအချိန်မှာ ဘုရားသခင်၏နှုတ်ကပတ်တော် နောက်စာပိုဒ်တစ်ခုကို ကျွန်မသတိရမိလိုက်ပါသည်။ “ရိုးသားဖြောင့်မတ်ခြင်း ဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသား ပေးအပ်ခြင်း၊ မည်သည့်အချိန်တွင်မဆို မည်သည့်အရာကိုမျှ လိမ်လည်မှု မရှိခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ သမ္မာတရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှလူများကို လိမ်လည်ခြင်းနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမှမပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင်ဖြစ်သည်။... အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည်ဆိုပါက သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံးရမည်ကို အလွန်တရာကို စက်ဆုတ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ— တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ— ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျကျေနပ်စေသည်ဆိုပါက သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်လျက် အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန်၀မ်းမြောက်ပါက သင်သည် သစ္စာရှိသော သန့်ရှင်းသူတစ်ယောက်ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကိုမမျှော်ကိုးဘဲ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည်နိုင်လျှင်၊ သင်သည် မိမိအတွက်မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်”) ရိုးသားခြင်းဟု ဆိုသည့်အခါမှာ ဘုရားသခင်က အမှန်တကယ် မည်သည့်အရာကိုဆိုလိုကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို သိမြင်စေခဲ့သည်၊ ရိုးသားသူဆိုသည်မှာ တစ်စုံတစ်ဦးက မိမိကိုယ်တိုင်၏ တိုးတက်မှု သို့မဟုတ် အနာဂတ်အကြံအစည် များအတွက် ငဲ့ကွက်စဉ်းစားခြင်းမရှိဘဲ မိမိ နှလုံးသားကို ဘုရားသခင်ဆီ ပေးအပ်လိုက်သည့်သူပင် ဖြစ်သည်။ ဘုရားသခင်နှင့်အတူ စီးပွားရေးလုပ်ကိုင်ခြင်းမရှိဘဲ၊ လုပ်အားခ တောင်းဆိုခြင်း မရှိပါ။ ရိုးသားသည့်သူတစ်ယောက်သည် ဘုရားသခင် ကို စိတ်ကျေနပ်စေဖို့အတွက် အသက်ရှင်ပါသည်။ ရိုးသားသူ တစ်ယောက်သည် ဘုရားသခင်အပေါ် အလွန်သစ္စာရှိပြီး ကိုယ်တော်ကို လှည့်စားဖို့မည်သည့်အခါမျှ မကြိုးစားပါ။ မိမိ တာဝန်များကို ပြီးဆုံးအောင် ဆောင်ရွက်ရာမှာ သူတို့သည် လုံ့လစိုက်ထုတ်ကြသည်။ အကြောင်းကိစ္စများမှာ လိမ်လည်ဖို့ မည်သည့်အခါမျှ မကြိုးစားပါ သို့မဟုတ် စိတ်မပါဘဲ လုပ်ဖို့မည်သည့်အခါမျှ မကြိုးစားကြပါ။ ရိုးသားသူသည် ဘုရားသခင်ရှေ့မှာ အရာအားလုံးကို ကိုယ်တိုင် ခံယူကြသည်။ သူတို့၏ အတွင်းရေးကိစ္စများနှင့် ကိုယ်ရေးကိုယ်တာ ဒုက္ခ့ ပြဿနာများကို သူတို့၏ ညီအစ်ကိုမောင်နှမများနှင့်အတူ ဝေမျှဖို့လည်း ဆန္ဒရှိကြသည်။ ရိုးသားသူများသည် အဖြစ်အပျက်မှန်တစ်ခုကို လျှော့ပေါ့မပြောဆိုပါ၊ သူတို့က အရှိအရှိအတိုင်း ပြောကြသည်။ ရိုးသားသူများသည် သမ္မာတရားကို လက်ကိုင်ထားပြီး လူသားဆန် ကြသည်။ ကျွန်မအတွက်မူ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုမှန်း မသိခဲ့ရိုးအမှန်ပင် ဖြစ်ပါသည်။ အကြောင်းကိစ္စများအပေါ် ကျွန်မ၏ လောကီဆန်သည့် စီရင်ဆုံးဖြတ်မှု အရဆိုရင် ဘုရားသခင်၏ “ရိုးသားသူ” ဆိုတာ လောကီရေးရာကမ္ဘာမှာ “လှည့်စားမှုကင်းသည့်သူ” အဖြစ် ကျွန်မတို့ ရည်ညှွှန်းသည့်သူပင် ဖြစ်ပါသည်။ ဘုရားသခင်၏ “ရိုးသားသူ” နှင့် ကျွန်မ၏ “ရိုးသားသူ” တို့မှာ တူညီမှုဆို၍ မပြောပလောက်အောင် နည်းပါးသည်ဆို ကြောင်းကို ကျွန်မ မသိခဲ့ပါ။ မည်မျှ အသိကင်းမဲ့လိုက်သည့် ကျွန်မပါလဲ။ မည်မျှရူးနှမ်းမိုက်မဲမှုပါလဲရှင်။

စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီး စေခဲ့သည်မှာ နှစ်ပေါင်းထောင်ချီခဲ့ပါပြီ။ စာတန်၏ ရွံ့ရှာစက်ဆုပ်ဖွယ်ရာများနှင့် ဆိုးသွမ်းယုတ်မာမှုတို့ လွှမ်းမိုးနေသည့် ပတ်ဝန်းကျင်တစ်ခုမှာ ကျွန်မတို့အားလုံး ကြီးပြင်းလာကြခြင်းဖြစ်သည်။ ကျွန်မတို့၏ စကားလုံးများနှင့် အပြုအမူများ လူ့အဖွဲ့အစည်းတွင် ကျွန်မတို့ ပြုမူနေထိုင်ပုံများ အားလုံးသည် စာတန်၏အမိန့်အာဏာစက်အတိုင်း သက်ရောက်မှုရှိနေပါသည်။ “ဆိတ်ဆိတ်နေ ထောင်တန်၊ စကားကိုအကုန်မပြောနှင့်”၊ “ကိုယ့်ကိုယ်ကိုယ်သာ အားထားရာ၊ အရေးကြုံကိုယ်လွတ်ရုန်းဖို့သာ”၊ “လျှာနှစ်ခွနှင့်သာ ပြောဆိုပါ” ဆိုသည့် စာတန်၏ အကျော်ကြားဆုံး ဤစကားစုများသည် လူသားနှင့် ဖက်စပ်ထားသည့် မသိစိတ်ထဲမှာ အခိုင်အမာ ဝင်ရောက်နေရာ ယူနှင့်ပြီးဖြစ်ပါသည်။ သူတို့သည် ကျွန်မတို့ဘဝ၏ အစိတ်အပိုင်းများ ဖြစ်နေပြီး ဖောက်ပြန်ခြင်း၊ ကောက်ကျစ်ခြင်းတို့ဖြစ်အောင် ကျွန်မတို့ကိုပင် တွန်းပို့လေ့ရှိပါသည်။ လူသားအားလုံးသည် ဖောက်ပြန်ခြင်းနှင့် ကောက်ကျစ်ခြင်းတို့၏ ဖိစီးနှိပ်စက်ခံနေရဖို့ ပေးအပ်ခံရခြင်း ဖြစ်နေသည့် အားလျော်စွာ ကျွန်မက တစ်နည်းနည်းနှင့် ခံနိုင်ရည်ရှိနေသည် သို့မဟုတ် မွေးရာပါရိုးသားသည်ဟု မည်သည့်အရာ ကများ ထင်မှတ်စေခဲ့သနည်း။ ကျွန်မက ဖြောင့်မတ် ပွင့်လင်းစွာပြောဆိုတတ်ပြီး လိမ်ကောက် ပြောဆိုမှု ကင်းနေခြင်းသည် ကျွန်မသည် ပွင့်လင်းပြီး ဖော်ရွေသည့် လူတစ်ယောက်ဖြစ်နေလို့ပါပင် ဖြစ်ပါသည်။ တစ်ခြားလူများ၏လိမ်ညာမှုများ မကြာခဏ ခံနေခဲ့ရ ခြင်းသည် ကျွန်မက ပညာဉာဏ်မဲ့ပြီး၊ တုံးသောကြောင့်ပင် ဖြစ်ပါသည်၊ သို့သော် ယင်းမှာ အမှန်တကယ်ပင် ကျွန်မသည် ရိုးသားသူ တစ်ယောက်ဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်မ နောက်ကြောင်းပြန်စဉ်းစားကြည့်သည့်အခါမှာ ကျွန်မ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှုကို ကာကွယ်ထိန်းသိမ်းဖို့အတွက် ဟန်ဆောင်ခြင်း၊ လိမ်လည်ခြင်းများကို ကျွန်မ အကြိမ် မည်မျှ အသုံးပြုခဲ့ဖူးသနည်း။ စစ်မှန်သည့်စိတ်နှလုံးနှင့် တစ်ခုတည်းသောစိတ်နှလုံးဖြင့် ဘုရားသခင်ကို ယုံကြည်ရမယ့်အစား ကျွန်မ၏ အနာဂတ်မျှော်မှန်းချက်များအပေါ် စိုးရိမ်မှုများထဲမှာ လူးလွန့်နေလာခဲ့သည်မှာ အကြိမ် မည်မျှ ရှိသနည်း။ ဘုရားသခင်အတွက် အရာအားလုံးကို စွန့်လွတ်လိုက်ပါက၊ ကျွန်မဆီမှာ မည်သည့်အရာမှ မကျန်တော့မည်ကို ကျွန်မ ကြောက်ရွံ့နေခဲ့ သောကြောင့် ကျွန်မသည် ဘုရားသခင်ထံမှ ကတိတစ်ခုကို အမြဲတမ်းလိုချင်ခဲ့ခြင်း ဖြစ်ပါတော့သည်၊ ဘုရားသခင်၏ နိုင်ငံတော်ကို တစ်နေ့မှာ ကျွန်မ ဝင်ရောက်ရမယ်ဆိုသည့် အာမခံချက်တစ်ခုပင် ဖြစ်သည်။ ထိုနည်းအားဖြင့်သာ ကျွန်မအနေနှင့် စိုးရိမ်ပူပန်ခြင်းမရှိဘဲ သမ္မာတရား ကို စိတ်ပါလက်ပါနှင့် အားထုတ်ရှာဖွေနိုင်မည်ဖြစ်ပါသည်။ ကျွန်မ အနေနှင့် မိမိတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရာမှာ သေးငယ်သည့် ဆုံးရှုံးမှုနှင့် ရရှိမှုတို့အပေါ် ရေးကြီးခွင်ကျယ်လုပ်ရင်း ဘုရားသခင်အပေါ်ကို သစ္စာမရှိခဲ့သည်မှာ အကြိမ် မည်မျှ ရှိသနည်း။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ရရှိနိုင်ဖို့ “ကြားကောင်းပြီး အနှစ်မပါသည့်စကားလုံးများ” ကိုပြောရင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ပြီး ချိုးဖောက်ခဲ့သည်မှာ အကြိမ် မည်မျှ ရှိပြီနည်း။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ကျွန်မကို အထင်သေးမှာကိုကြောက်ပြီး သူတို့နှင့်အတူ ကျွန်မ၏ ကိုယ်ရေးကိုယ်တာ ပြဿနာများနှင့် အတွင်းရေးကိစ္စများကို ဝေမျှဖို့အတွက် ရှောင်ဖယ်နေခဲ့သည်မှာ အကြိမ် မည်မျှ ရှိပြီနည်း။ မိမိကိုယ်ကိုယ် သတိထားပြီး တခြားလူများ အပေါ်သံသယဖြစ်ခြင်းနှင့် မိမိကိုကိုယ်အကာအကွယ်ပေးခြင်းဖြင့် မိမိကိုယ်တိုင် အကျိုးအမြတ်ရှိမည်ဟု ယုံကြည်သည့်အရာကိုသာ ကျွန်မက ပြောခဲ့သည်မှာ အကြိမ် မည်မျှ ရှိပြီနည်း။...နောက်ကြောင်းပြန်ကြည့်ကြည့်သည့်အခါမှာ ကျွန်မ၏ အတွေးများ၊ စကားများနှင့် အပြုအမူများအားလုံးသည် ဖောက်ပြန်မှု၊ လှည့်စားမှုတို့နှင့် ပြည့်နေခဲ့ပုံရနေပါသည်။ ရလဒ်အနေနှင့် ကျွန်မ၏ ယုံကြည်မှုဆိုင်ရာ အယူအဆ၊ ကျွန်မ၏ ကူညီပေးကမ်းမှု၊ သူတစ်ပါးနှင့် သော်လည်းကောင်း၊ ဘုရားသခင်နှင့်သော်လည်းကောင်း ကျွန်မ၏ ဆက်စပ်ယှက်နွှယ်မှုများ၊ တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်မှု စတာများအားလုံး၌ ဖောက်လွဲဖောက်ပြန်ခြင်းတို့ ပါဝင်ကူးစက် နေခဲ့ပါသည်။ ဖောက်ပြန်ခြင်း၏ အမှန်တကယ် အနှစ်သာရ အတိုင်း ကျွန်မ အသက်ရှင်နေထိုင်နေသည်ဟု သင့်အနေနှင့် ဆိုနိုင်ပါသည်။ ကျွန်မက ရိုးသားသူတစ်ဦးဖြစ်ဖို့ဆိုတာ ဝေးလှပါသည်။

ကျွန်မကို ဉာဏ်အလင်းဖွင့်ပြပေးသည့်အတွက်၊ ရိုးသားသူများဆိုသည်မှာ ပွင့်လင်းပြီး ဟန်ဆောင်မှုကင်းသည့်သူများသာ မဟုတ်ဘဲ သမ္မာတရားနှင့် လူသားဆန်မှုကို ပိုင်ဆိုင်သူများဖြစ်ကြကြောင်းကို ကျွန်မကို ပြသပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏ အဓိပ္ပါယ်သတ်မှတ်ဖွင့်ဆိုချက်အားဖြင့် ကျွန်မသည် ရိုးသားသူတစ်ယောက်မဟုတ်ဘဲ စာတန်၏ သစ္စာဖောက်တတ်သည့် သဘာဝအားဖြင့် ဖိစီးနှိပ်စက်ခံနေရသည့်သူတစ်ယောက်ဖြစ်နေကြောင်း၊ ဘုရားသခင် လှစ်ဟပြလိုက်သည့် ဖေါက်ပြန်တတ်သူ တစ်ဦးသာဖြစ် ကြောင်း ကျွန်မကို ပြသပေးသည့်အတွက်လည်း ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ချစ်လှစွာသော ဘုရားသခင်၊ ယခုအချိန်မှစပြီး ကျွန်မသည် ရိုးသားသည့်သူတစ်ယောက်ဖြစ်လာဖို့ မိမိကိုယ်ကိုယ် ဆက်ကပ်အပ်နှံပါမယ်။ ကျွန်မသည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာနိုင်ဖို့၊ ကိုယ့်၏ ဇာတိသဘောကို ငြင်းပယ်နိုင်ပြီး မကြာခင်မှာ သမ္မာတရားနှင့် လူသားဆန်မှုကို ပိုင်ဆိုင်ထားသည့် ရိုးသားသူတစ်ယောက် ဖြစ်လာနိုင်ပါ မည်အကြောင်း ကိုယ်တော်ရှင်သည် ကျွန်မကို ဖော်ထုတ်ပြသပေး ပါရန်နှင့် ကျွန်မ၏ သစ္စာဖောက်တတ်သည့်သဘောကို ပိုမိုနက်ရှိုင်းစွာ သော သိရှိနားလည်မှုတစ်ခုကို ရရှိနိုင်ပါမည်အကြောင်း ခွင့်ပြုပေးသနား တော်မူပါရန် ကိုယ်တော်ကို ကျွန်မ တောင်းလျှောက်အပ်ပါသည်။

ယခင်က:စစ်မှန်သော ခြင်းပြောင်းလဲခြင်းဆိုသည်မှာ အဘယ်နည်း

နောက်တစ်ခုသို့:အစားထိုးခံရခြင်းအား ပြန်လည်သုံးသပ်ခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ