သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။
၁. နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

သူ၏အမှုတော်ကိုလုပ်ဆောင်ရန် ပေါ်ထွန်းပြီဖြစ်သည့် နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်သည့် သမ္မာတရားအားလုံးကို ဖော်ပြပြီး၊ ထိုသမ္မာတရားအားလုံးသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲတွင် ပါရှိလေသည်။ ဤရာက “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁) ဟူသည့် သမ္မာကျမ်းစာတွင် ရေးသားထားသောအရာကို ပြည့်စုံစေပြီဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အတွက်မူ၊ ဤသည်မှာ လောကကို ဖန်ဆင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပထမဆုံးအကြိမ် မိန့်ကြားခဲ့ခြင်း ဖြစ်၏။ ဤမိန့်မြွက်ချက်များသည် လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်ဖော်ပြသည့် ပထမဆုံးသော စာသားဖြစ်သည်၊ ထိုစာသားထဲတွင် သူသည် လူတို့ကို ဖော်ထုတ်သည်၊ လမ်းပြသည်၊ တရားစီရင်ပြီး၊ ရင်းနှီးပွင့်လင်းစွာ ပြောဆို၏၊ ထို့ကြောင့် ထိုမိန့်မြွက်ချက်များသည် ဘုရားသခင်က လူတို့ကို သူ၏ ခြေလှမ်းများ၊ သူလျောင်းသည့် နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှုတို့ကို သိခွင့်ပေးသည့် ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်မှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များဖြစ်ပြီး၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များအလယ်တွင် လူသားမျိုးနွယ်ထံသို့ ပေါ်လာစေရန်နှင့် သူ့နှလုံးသား၏အသံကို ဖော်ပြရန် သူ၏ ပင်ကိုယ်လက္ခဏာကို အသုံးပြုသော ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ)

အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် လူတို့ကို ခေတ်သစ် - နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ရင်း၊ ၎င်းတို့ကို တရားစီရင်ရန်နှင့် သန့်စင်ရန် နှုတ်ကပတ်တော်များကို ဖော်ပြသည်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံမှုတို့ကို မွေ့လျော်ခံစားသောသူတို့သာ အလင်းတွင် ဧကန်အမှန် နေထိုင်နိုင်ပြီး၊ ထိုသို့ဖြင့် သမ္မာတရား၊ လမ်းခရီးနှင့် အသက် တို့ကို ရရှိနိုင်ပေသည်။

နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ

ဤစာအုပ်တွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက၊ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသည့် ဂန္ထဝင် နှုတ်ကပတ်တော်များမှ ကောက်နုတ်ချက်များ ပါရှိသည်။ ဤဂန္ထဝင်နှုတ်ကပတ်တော်များက သမ္မာတရားကို တိုက်ရိုက်ရှင်းပြပြီး၊ လူတို့ကို ဘုရားသခင်၏ အလိုတော်အား တိုက်ရိုက်နားလည်နိုင်စေသည်၊ သူ၏ အမှုတော်ကို သိရှိလာနိုင်စေကာ သူ၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့်ဆိုင်သော အသိပညာကို ရရှိနိုင်စေသည်။ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တကြသူအားလုံးအတွက် သူ၏ခြေရာတော်များကို ရှာဖွေဖို့ လမ်းညွှန်တစ်ခု ဖြစ်ပါသည်။ ယင်းတို့က ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ရာလမ်းကို ရှာတွေ့ဖို့ သင့်ကို ဦးဆောင်နိုင်ပါသည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ဤစာအုပ်သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ ရွေးချယ်ထားသော စာပိုဒ်များကို အသားပေးဖော်ပြပါသည်။ ဘုရားသခင် ရွေးကောက်သော သူတို့အနေဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားနှင့် အသက်တာအတွက် နေ့စဉ်ထောက်ပံ့မှုတို့ကို ရရှိနိုင်ဖို့အလို့ငှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပဓာနကျပြီး လူတို့၏ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် တည်ဆောက်စရာ အဖြစ်ဆုံးသော ဤနှုတ်ကပတ်တော်များကို လူတို့၏ မွေ့လျော်မှုအတွက် ဤနေရာတွင် အထူးရွေးချယ်ထားပါသည်။ ဤသို့ဖြင့် သမ္မာတရားကို ချစ်သောသူတို့ကို သိနားလည်ခွင့်ပေးပြီး၊ ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်ခွင့်ပေးကာ ဘုရားသခင်အားဖြင့် ကယ်တင်ခံရပြီး စုံလင်စေခြင်း ခံရခွင့်ပေးထားပါသည်။ ဤပဓာနကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်များဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ဘဝ၏ဆိုရိုးများထဲမှ ပဓာနအကျဆုံးဖြစ်ပြီး၊ လူတို့အဖို့ မည်သည့် စကားမျှ သာ၍ တည်ဆောက်စရာ မဖြစ်သလို သာ၍ အကျိုးမပြုပေ။ ဤနှုတ်ကပတ်တော်များ၏ စာတစ်ပိုဒ်ကို သင် နေ့စဉ် အမှန်တကယ် မွေ့လျော်နိုင်ပါက၊ ဤသည်မှာ သင်၏ အကြီးမားဆုံးသော အခွင့်အလမ်းဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရပေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်မျာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လက်ရွေးစင်များသည် ဤစာအုပ်ထဲတွင် ပါဝင်ပြီး၊ နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို သက်သေခံသည်။ ၎င်းတို့က သခင်ယေရှုသည် ဖြူသောမိုးတိမ်များပေါ် ပြန်ကြွလာသည်မှာ ကြာမြင့်ပြီဖြစ်ပြီး၊ သူသည် ဗျာဒိတ်ကျမ်းထဲတွင် ပရောဖက်ပြုထားသော စာစောင်နှင့် တံဆိပ် ခုနှစ်ချက်ကို ဖွင့်သည့် သိုးသငယ် - နောက်ဆုံးသော ကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တမ်းတသူတို့အားလုံးကို သတိပြုမိစေသည်။

ဘုရားသခင်၏ အသံတော်အား နားထောင်ပြီး ခရစ်တော်ကို သိမြင်ပါ
ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နောက်ဆုံးသောကာလ တရားစီရင်မှု ခရစ်တော်အား သိခြင်း ဘုရားသခင်၏ အမည်နာမတော်များအကြောင်း ကယ်တင်ခြင်းနှင့် ပြည့်ဝသောကယ်တင်ခြင်း ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ် ဘုရားသခင်၏ အသံတော်အား သိရှိခြင်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် သမ္မာကျမ်းစာနှင့် ဘုရားသခင် ထာဝရအသက် လမ်း ဘုရားသခင်ကို သိမြင်ခြင်း ချီဆောင်ခြင်း၏ စစ်မှန်သည့် အဓိပ္ပာယ် ဘုရားသခင်သည် တရုတ်ပြည်တွင် ဆင်းသက်ခဲ့ ပြီ ဘုရားသခင်၏ အသင်းတော်နှင့် ဘာသာတရား ဖါရိရှဲများ သုံးပါးတစ်ဆူ သမ္မာတရားနှင့် အယူဝါဒများ ဘုရားသခင်၏အလိုတော်အား လိုက်လျှောက်ခြင်း စစ်မှန်သည့်လမ်းသည် အစဉ် ဖိနှိပ်ခံရသည်
မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။ မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။
အမှန်တရားကို ဖေါ်ထုတ်ခြင်း