အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၃၀- သခင်ယေရှုသည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရားအားလုံးကို သူဖော်ပြပြီး ဘုရားအိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်း အမှုတော်ကို သူ လုပ်ဆောင်သည်ဟု သင်တို့ သက်သေခံကြသည်၊ ထိုသို့ဆိုလျှင် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မည်သို့ သိမြင်သင့်သနည်း၊ ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု အမှန်ပင်ဖြစ်သည်ကို ကျွန်ုပ်တို့ မည်သို့ အတည်ပြုသင့်သနည်း။

အဖြေ-

ဤမေးခွန်းသည် အရေးအကြီးဆုံးဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်တွေ့ဖို့ဆိုပါက၊ ကျွန်မတို့က ဘုရားသခင်၏ အသံကို မည်သို့ခွဲခြားမည်ကို သိရမည်။ အမှန်မှာမူ၊ ဘုရားသခင်၏ အသံတော်ကို ခွဲခြားသိခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဖွင့်ဆိုချက်များကို မှတ်မိသိရှိခြင်း သဘောဖြစ်သည်၊ ပြီးလျှင် ဖန်ဆင်းရှင်၏နှုတ်ကပတ်တော်များထဲက ထူးခြားသည့် ပင်ကိုယ်လက္ခဏာများကို မှတ်မိသိရှိခြင်းသဘောလည်း ဖြစ်ပါသည်။ ၎င်းတို့သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်စေ၊ ဘုရားသခင် ဝိညာဉ်တော်၏ ဖွင့်ဆိုချက်များဖြစ်စေ ၎င်းတို့အားလုံးက ဘုရားသခင်က လူသားများကို မြင့်မားသည့်နေရာကနေ ပြောဆိုသည့် နှုတ်ကပတ်တော်များဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် နှုတ်ကပတ်တော်များ၏ အသံဩဇာနှင့် ထူးခြားသည့် ပင်ကိုလက္ခဏာများ ဖြစ်သည်။ ဘုရားသခင်၏ ဩဇာအာဏာနှင့် ကိုယ်ပိုင်လက္ခဏာက ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပါသည်။ ယင်းကို ဖန်ဆင်းရှင် မိန့်ဆိုရာမှာ အသုံးပြုသည့် ထူးခြားသည့်နည်းလမ်းဟုလည်း ဆိုနိုင်ပါသည်။ လူ့ဇာတိခံယူသည့် အချိန်တိုင်းမှာ ဘုရားသခင်၏ ဖွင့်ဆိုချက်များက နယ်ပယ် အများအပြားကို လွှမ်းခြုံပါသည်။ ၎င်းတို့က အဓိကအားဖြင့်၊ ဘုရားသခင်၏ လူများအပေါ်ထားသည့် သတ်မှတ်ချက်များနှင့် သတိပေးချက်များ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များ ပညတ်ချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆိုင်သည့် နှုတ်ကပတ်တော်များအပြင်၊ အကျင့်ပျက်လူသားများကို ထုတ်ဖော်ပြခြင်းများနှင့် ပတ်သက်ပါ သည်။ ၎င်းတို့က လူသားများအတွက် ဘုရားသခင်၏ ကတိတော်များ နှင့် ပရောဖက်ပြုချက်များ လည်း ရှိနေပါသည်။ ဤနှုတ်ကပတ်တော်များ အားလုံးက သမ္မာတရား၊ လမ်းခရီးနှင့်အသက်ကို ဖော်ပြခြင်းများဖြစ်ပါသည်။ ၎င်းတို့အားလုံးက ဘုရားသခင်အသက်တာ၏ အနှစ်သာရကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လည်း ကိုယ်စားပြုပါသည်။ ထို့အပြင်၊ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကနေ ကျွန်မတို့မြင်နိုင်သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ဩဇာအာဏာနှင့် တန်ခိုးတော် ရှိကြောင်းတို့ ဖြစ်သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များက ဘုရားသခင်၏အသံတော်ဖြစ်ကြောင်း ခွဲခြားဆုံးဖြတ်ချင်ပါက၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာလေ့လာ ကြည့်နိုင်ပါသည်။ ၎င်းတို့ကို နှိုင်းယှဉ်ကြည့်ပြီး၊ ၎င်းတို့သည် တစ်ပါးတည်းသော ဝိညာဉ်တော်က ဖော်ပြသည့် နှုတ်ကပတ်တော်များ ဟုတ်မဟုတ်၊ တစ်ပါးတည်းသော ဘုရားသခင်က ပြုသည့် အမှုတော် ဟုတ်မဟုတ်ကို မြင်နိုင်ပါသည်။ ၎င်းတို့၏ ရင်းမြစ်က တူနေပါက၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်၏ မိန့်မြွက်ချက်များ ဖြစ်ကြောင်းကို သက်သေပြပါသည်၊ ပြီးလျှင်အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားသခင်၏ ပေါ်ထွန်းခြင်း ဖြစ်ကြောင်းကိုလည်း သက်သေပြပါသည်။ ပညတ်တော်ခေတ်မှာ ယေဟောဝါ ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် ကျေးဇူးတော်ခေတ်မှာ ယေရှု ပြောခဲ့သည့် နှုတ်ကပတ်တော်များ ကိုလည်း ကြည့်ရအောင်။ ၎င်းတို့ နှစ်ခုစလုံးက သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြခြင်း ဖြစ်သည့်အပြင်၊ တစ်ပါးတည်းသော ဘုရားသခင်၏အမှုတော်လည်း ဖြစ်ခဲ့သည်။ ဤသည်မှာ သခင်ယေရှုက ယေဟောဝါ၏ပေါ်ထွန်းခြင်း ဖြစ်ခဲ့သကဲ့သို့၊ ဖန်ဆင်းရှင်၏ ပေါ်ထွန်းခြင်းလည်း ဖြစ်ခဲ့သည်ကို သက်သေပြနေပါသည်။ ကျေးဇူးတော်ခေတ်အတွင်း၊ သခင်ယေရှု ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များ ထဲမှာ သတိပေးခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များ၊ လူများအပေါ်ထားသည့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဆိုင်သည့် နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များပါကြောင်းကို သမ္မာကျမ်းကို ဖတ်ဖူးသူအားလုံးလည်း သိကြပါသည်။ ထို့အတူ ပရောဖက်ပြုချက်များ၊ ကတိတော်များနှင့် ဆိုင်သည့် နှုတ်ကပတ်တော် များလည်း ပါခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်းမှာ ဘုရားသခင် ဆောင်ရွက်သည့် အမှုတော်၏ အဆင့်တစ်ခု ပြီးစီးခဲ့ခြင်း ဖြစ်ပါသည်။

ဘုရားသခင်၏သိုးများက သူ့အသံတော်ကို သိပါသည်။ ဘုရားသခင်၏ အသံတော်ကို မည်သို့ တိတိကျကျခွဲခြားပုံ နှင့်ပတ်သက်ပါက၊ သခင်ယေရှု၏နှုတ်ကပတ်တော်များကို သေချာလေ့လာလျှင်၊ အားလုံးက ရှင်းသွားလိမ့်မည်။ ပထမဆုံးအနေနှင့်၊ လူများအပေါ်ထားသည့် သခင်ယေရှု၏ သတ်မှတ်ချက်များနှင့် သတိပေးချက်များကို ကြည့်ရပါလိမ့်မည်။ ဥပမာ၊ သခင်ယေရှုက ပြောခဲ့သည်- “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” (ရှင်မဿဲ၊ ၄:၁၇) “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသောပညတ်သည် ပဌမ ပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှ တပါး ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယ ပညတ်သည် ပဌမပညတ်နှင့်သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှတို့၏ အချုပ်အခြာပင် ဖြစ်သတည်း” (ရှင်မဿဲ၊ ၂၂:၃၇-၄ဝ) ထဲမှာလည်း သခင်ယေရှု ပြောထားပါသည်။ “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။...ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြ လတံ့။” (ရှင်မဿဲ၊ ၅:၃-၆) “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။” (ရှင်မဿဲ၊ ၅:၁၀-၁၂)

သခင်ယေရှုက စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များအကြောင်းနှင့် ပတ်သက်ပြီး မည်သည့်အရာများ ပြောခဲ့သည်ကို ကြည့်ကြရအောင်။ ရှင်မဿဲ ၁၂:၃၁-၃၂၊ သခင်ယေရှုကပြောသည်- “ထို့ကြောင့်ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့၏သော အပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့၏သော အပြစ်နှင့်လွတ်စေခြင်း အခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့် ပြစ်မှားသော သူ၏ အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏ အပြစ်ကို ယခုဘဝ နောင်ဘဝ၌ မလွှတ်နိုင်။” သခင်ယေရှုက ရှင်မဿဲ ၅:၂၂ မှာ လည်း ဤကဲ့သို့ ပြောထားသည်။ “ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့၏သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကို ကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။

စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များနှင့် ဆိုင်သည့် နှုတ်ကပတ်တော်များ အပြင် ဖာရိရှဲများကို တရားစီရင်ခြင်း၊ ဖော်ထုတ်ပြခြင်းနှင့် ဆိုင်သည့် သခင်ယေရှု၏နှုတ်ကပတ်တော်များ လည်း ရှိပါသည်။ သခင်ယေရှုက ပြောခဲ့ပါသည်- “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။” (ရှင်မဿဲ၊ ၂၃:၁၃) “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှာ ကုန်းကြောင်း၊ရေကြောင်း ပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသော ငရဲသားဖြစ်စေကြ၏။” (ရှင်မဿဲ၊ ၂၃:၁၅)

သခင်ယေရှုက လူသားများကို ပရောဖက်ပြုချက်များနှင့် ကတိတော်များလည်း ပြောခဲ့ပါသည်။ ယောဟန် ၁၄:၂-၃ မှာ “သခင်ယေရှုက ပြောခဲ့သည် ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါ မပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာ အရပ်၌ သင်တို့ ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” ရှင်ယောဟန် ၁၂:၄၇-၄၈ မှာလည်း၊ သခင်ယေရှုက ပြောခဲ့ပါသည်- “ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည် အပြစ် မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” ဗျာဒိတ်ကျမ်း ၂၁:၃-၄ မှာလည်း “ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။

ကျေးဇူးတော်ခေတ်အတွင်းမှာ သခင်ယေရှု ဖော်ပြခဲ့သည့် အမျိုးမျိုးသော သမ္မာတရားများက တစ်ဆင့်၊ သခင်ယေရှုက ကယ်တင်ရှင်၏ပေါ်ထွန်းခြင်း ဖြစ်ခဲ့ကြောင်း ကျွန်မတို့ မြင်နိုင်ပါသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များကလည်း လူသား အားလုံးအတွက် ဘုရားသခင်၏ ဖွင့်ဆိုချက်များ ဖြစ်ခဲ့ကြောင်း မြင်နိုင်ပါသည်။ သူက လူသားများကို လမ်းပြဖို့၊ အထောက်အပံ့ပေးဖို့၊ လူများကို ကိုယ်တိုင်ရွေးနုတ်ဖို့အတွက် ဘုရားသခင်၏ စိတ်သဘောထားနှင့်အလိုတော်ကို တိုက်ရိုက် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုယ်လက္ခဏာနှင့် ဩဇာအာဏာကို ပြည့်ဝစွာ ကိုယ်စားပြုပါသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်လိုက်သည်နှင့်၊ ၎င်းတို့သည် သမ္မာတရားဖြစ်ကြောင်း၊ ဩဇာအာဏာနှင့်တန်ခိုးကို ပိုင်ဆိုင်ကြောင်း ကျွန်မတို့ ခံစားမိကြပါသည်။ ဤ စကားလုံးများက ဘုရားသခင်၏ အသံတော်ဖြစ်ပြီး၊ လူသားများအပေါ်ဘုရားသခင်၏ ဖွင့်ပြချက်များပဲ ဖြစ်သည်။ နောက်ဆုံးသောကာလမှာ သခင်ယေရှုက ပြန်လာခဲ့ပါပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ပြုဖို့ ရောက်လာခဲ့ ပါပြီ။ ကိုယ်တော်က နိုင်ငံတော်ခေတ်ကို အစပြုပေးလိုက် သကဲ့သို့၊ ကျေးဇူးတော်ခေတ်ကိုလည်း အဆုံးသတ်ပေးလိုက်ပါပြီ။ သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှု၏ အဆင့်တစ်ခုကို ဘုရားသခင်၏အိမ်တော်ကနေ စတင်ကာ ဆောင်ရွက်ပြီးခဲ့ပါပြီ။ ထို့အပြင် လူများကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းအတွက် အလုံးစုံသောသမ္မာတရားများကိုလည်း ဖော်ပြထားပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားသည့် နှုတ်ကပတ်တော်များ က အကြောင်းအရာအားဖြင့် ကြွယ်ဝသကဲ့သို့၊ အကြွင်းမဲ့ ပြည့်စုံပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို မိန့်ကြားသည်မှာ ဖန်ဆင်းခြင်းပြီးကတည်းက ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်ဟုပြောလျှင် သမာသမတ်ကျပါသည်။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားမျိုးနွယ်ကို ထိုကဲ့သို့ အသေးစိတ်ကျကျနှင့် အလွန်စနစ်ကျစွာ ယခင်က တစ်ခါမျှပင် မပြောဆိုခဲ့ဖူးပေ။ ဤသည်မှာ သူသည် ပထမဦးဆုံးအကြိမ် များစွာပြောဆိုခြင်းနှင့် ကြာရှည်စွာ ပြောဆိုခြင်းလည်းဖြစ်သည်မှာ မှန်ပေသည်။ ယင်းသည်မှာ လုံးလုံးမကြုံစဖူးသော အရာဖြစ်သည်။ ထို့ထက်ပိုသည်မှာ၊ ဤမိန့်မြွက်ချက်များမှာ လူသားမျိုးနွယ်အကြားတွင် ဘုရားသခင်ဖော်ပြခဲ့သည့် ပထမဆုံးသော စာသားများပင် ဖြစ်သည်၊ ထိုအထဲတွင် သူသည် လူသားများကို ဖော်ထုတ်ခဲ့သည်၊ လမ်းပြခဲ့သည်၊ တရားစီရင်ခဲ့ကာ၊ လူများကို ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပြီး၊ ယင်းအရာထဲတွင် ဘုရားသခင်က လူများကို သူ၏ခြေရာများ၊ သူလျောင်းသည့်နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှု စသည်တို့ကို သိစေခဲ့သော ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်ဘုံမှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များ ဖြစ်သည်ဟု ပြောနိုင်ပြီး၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များအလယ်တွင် လူသားမျိုးနွယ်ထံသို့ သူ့နှလုံးသား၏ အသံကို ဖော်ပြရန်နှင့် ပေါ်လာရန် သူ၏ ပင်ကိုကိုယ်ပိုင်လက္ခဏာကို အသုံးပြုခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက ‘စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ’ နိဒါန်း) အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားသည့် နှုတ်ကပတ်တော်များ ကလည်း ကျယ်ပြန့်ပြီး၊ အနှိုင်းမဲ့ ပြည့်စုံကြွယ်ဝပါသည်။ ဤနှုတ်ကပတ်တော်များထဲမှာ အဓိကအားဖြင့်၊ တရားစီရင်ခြင်း၊ လူများကို ဖော်ထုတ်ပြခြင်းနှင့် နိုင်ငံတော်ခေတ်၏ စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်များ၊ ပညတ်ချက်များအပြင် ဘုရားသခင်၏ သတိပေးချက်များ၊ သတ်မှတ်ချက်များနှင့် လူများအပေါ်ထားသည့် ကတိတော်များနှင့် ပရောဖက်ပြုချက်များ တို့ ပါဝင်ပါသည်။ လူများအပေါ်ထားသည့် ဘုရားသခင်၏ သတိပေးချက်များ၊ သတ်မှတ်ချက်များ အပြင်၊ သူ့၏အမှုတော်နှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များကို ဦးဆုံး ဖတ်ပြပါရစေ။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့တွင် ငါ့အပေါ် စစ်မှန်သည့် ချစ်ခြင်းမေတ္တာရှိသော သူများ၊ ထိုကဲ့သို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို နာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းခြင်းရှိသော သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ကိုင်စွဲကြရလိမ့်မည်၊ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာကို ခံစားကြလိမ့်မည်။ မိမိကိုယ်မိမိ ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ အရာ အားလုံးအတွင်းသို့ ဧကန်ဝင်ကြရ လိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ဆုကျေးဇူးများကို အမွေခံကြရလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် ဟိုဟိုဒီဒီ အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက်ကြောင့်နှင့် အသုံးခံဖို့ရန် သွားသော ထိုသူတို့အား ရွှင်လန်းစွာ ငါထွေးပိုက်မည်၊ ငါ့အား ပေးလှူခြင်း ပြုကြသော သူ တို့အား ငါသည် ရွှင်လန်းခြင်းများ ပေးသနားမည်၊ ငါ၏ နှုတ်ကပတ် တော်များထဲတွင် ဝမ်းမြောက်ခြင်း ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်၊ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားဖို့ရန် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ဆုကျေးဇူးကို ရကြလိမ့်မည်၊ ထို့အပြင် မည်သူတစ်ဦး တစ်ယောက်ကမျှ သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။

အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက်နေထိုင်ပါက ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန်ပင် မဆိုထားနှင့်၊ သူတို့သည် မိမိတို့၏ ဖောက်ပြန်သော စိတ်သဘောထားမှ ဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်ပါ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲနေထိုင်သော်လည်း ဘုရားသခင်ကို သိရန်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည့် အသက်လမ်းကို မရှိပါက သူတို့သည် သူ့ကို ယုံကြည်သော်လည်း သူ့ကို အမှန်တကယ် ပိုင်ဆိုင်ခွင့်ကို ဘယ်သောအခါမျှ ရကြမည်မဟုတ်ပါ။ မည်မျှသနားစရာကောင်းသော ယုံကြည်မှုမျိုးတည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ)

လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”)

မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့်သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက်ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”)

လူသားမျိုးနွယ်သည် ယနေ့ မိမိတို့ရောက်ရှိနေသော နေရာသို့ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီပြီး တိုးတက်လာခဲ့ရသည်။ သို့သော်လည်း ငါ၏ အစမူလ ဖန်ဆင်းခြင်းဖြစ်သော လူသားမျိုးနွယ်သည်ကား ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းသွားခဲ့ပြီ။ ငါအလိုရှိသည့်အရာဖြစ်ရန် သူတို့ မစွမ်းဆောင်ကြတော့။ ထို့ကြောင့် လူသားတို့သည် ငါ့ရှေ့မှောက်၌ ဖြစ်ပေါ်သည်အတိုင်း လူသားမျိုးနွယ်ဟူသော အမည်နှင့် မထိုက်တန်တော့။ သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်နှောင်သွားခြင်းခံရသော လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းမျှသာဖြစ်ပြီး အထဲ၌ စာတန် အသက်ရှင်နေပြီး ၎င်းမှ အရေခြုံထားသည့် လမ်းလျှောက်နေသော ပုပ်ပွနေသည့် အလောင်းကောင်များပင် ဖြစ်သည်။ လူများသည် ငါ၏ဖြစ်တည်ခြင်းကို စိုးစဉ်းမျှပင် မယုံကြည်ကြသကဲ့သို့ ငါ၏ကြွလာခြင်းကိုလည်း သူတို့မကြိုဆိုကြချေ။ လူသားမျိုးနွယ်သည် ငါ၏ တောင်းဆိုချက်များကို တွန့်တိုကတ်သတ်စွာ တုံ့ပြန်ကာ ၎င်းတို့ကို ယာယီခဏမျှသာ လိုက်လျောကြပြီး၊ အသက်တာ၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ကို ငါနှင့် စိတ်ရင်းအမှန်ဖြင့် မျှဝေမခံစားကြ။ လူတို့သည် ငါ့ကို အသိရခက်သည်ဟု မြင်ကြသည့်အတွက် သူတို့သည် တန်ခိုးအာဏာရှိသူထံ တိုးဝှေ့ပူးကပ်သည့် သဘောထားကို စတင်ကြလျက် ငါ့အား တွန့်တိုကတ်သတ်စွာ ဟန်ဆောင်ပြုံးပြကြသည်။ ဤသို့ဖြစ်ရခြင်းမှာ လူတို့သည် ငါ၏မျက်မှောက်အလိုကို သိရန်မဆိုထားနှင့် ငါ၏အမှုကိုပင် မသိကြ၍ ဖြစ်သည်။ ငါသင်တို့ကို ရိုးရိုးသားသားပြောမည်၊ နေ့ရက်အချိန်ကျလာပါက ငါ့ကို ဝတ်ပြုကိုးကွယ်ကြသော သူများ၏ ဆင်းရဲဒုက္ခသည် သင်တို့ထက် အလွန်ပင် ခံသာလိမ့်မည်။ သင်ငါ့အပေါ်ထားရှိသော ယုံကြည်ခြင်း အတိုင်းအဆသည် အမှန်တကယ်တွင် ယောဘ၏ ယုံကြည်ခြင်းကို မကျော်ချေ။ ယုဒလူမျိုး ဖာရိရှဲများ၏ ယုံကြည်ခြင်းပင်လျှင် သင်တို့ထက် သာလွန်၏။ ထို့ကြောင့် မီးနေ့ရက်သည် ဆင်းသက်လာပါက သင်တို့၏ ဆင်းရဲဒုက္ခသည် ယေရှု၏ ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရသောအခါ ဖာရိရှဲများ၏ ဆင်းရဲဒုက္ခထက်၊ မောရှေကို ဆန့်ကျင်ခဲ့ကြသော ခေါင်းဆောင် ၂၅၀ ၏ ဆင်းရဲဒုက္ခထက်၊ ချစ်ချစ်တောက် ပူပြင်းသောမီးအောက် ဖျက်ဆီးခံခဲ့ရသည့် သောဒုံမြို့၏ ဆင်းရဲဒုက္ခထက် သာ၍ကြီးလေးလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း”)

လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံး ပျောက်ဆုံးခဲ့ပြီး ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးတွင် ရှိသင့်သည့် အလုပ်တာဝန် ပျောက်ဆုံးသွားခဲ့ကာ ဘုရားသခင်ကို မနာခံသော ရန်သူဖြစ်လာခဲ့သည်။ လူသားသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်လျှောက်ခဲ့သည်၊ သို့ဖြစ်ရာ ဘုရားသခင်တွင် သူ၏ဖန်ဆင်းခံသတ္တဝါများကြား အလုပ်လုပ်ရန် လမ်းမရှိခဲ့တော့ဘဲ ထိုထက်ပို၍ သူ၏ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကြောက်ရွံ့ခြင်းကိုလည်း အရမယူနိုင်ခဲ့ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး သူသည် ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း လူသားသည် ဘုရားသခင်ကို အကယ်စင်စစ် မျက်ကွယ်ပြုခဲ့ကာ စာတန်ကို ကိုးကွယ်ခဲ့သည်။ စာတန်သည် လူ့စိတ်နှလုံး၏ အလွန်တရာကြည်ညိုမြတ်နိုးသည့်အရာ ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် လူသား၏ စိတ်နှလုံးတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ဆိုလိုသည်မှာ သူသည် လူသားအား ဖန်ဆင်းခြင်းအဓိပ္ပာယ်ကို ပျောက်ဆုံးခဲ့သဖြင့် လူသားအား သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို ပြန်လည်ရယူရန် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရမည်။ လူသားကို စာတန်ထံမှ ပြန်လည်ရယူရန် သူသည် လူသားကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေကာ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်ကို ပိုမိုကိုးကွယ်နိုင်ရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန် နာခံခြင်းမရှိသောသူများအား အဆုံးစွန်ဖျက်ဆီးခြင်းကိုလည်း လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့သည်ဖြစ်ရာ သူသည် လူသားကို သူ့အားကိုးကွယ်စေရန် လုပ်ဆောင်လိမ့်မည်၊ သူသည် လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိုသည်ဖြစ်ရာ သူသည် ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး မည်သည့် အစွန်းအထင်းမျှ ရှိစေမည်မဟုတ်ပေ။ သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်းဆိုသည်မှာ လူသားကို သူ့အား ကိုးကွယ်စေပြီး လူသားကို သူ့အားနာခံအောင် လုပ်ခြင်းဖြစ်သည်။ သူသည် လူသားကို သူ့အားဖြင့် ရှင်သန်စေပြီး သူ၏အခွင့်အာဏာဖြင့် သူ၏ရန်သူများကို ဖျက်ဆီးလိမ့်မည်ဟု ဆိုလိုသည်။ သူသည် လူသားထံမှ မည်သည့်ခုခံမှုမျိုးမျှ မရှိစေဘဲ သူ၏နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင် ဆက်လက်တည်မြဲစေမည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင်နိုင်ငံတော်ဖြစ်သည်။ သူအလိုရှိသောလူသားသည် သူ့ကို ကိုးကွယ်သူများ၊ သူ့ကို အကြွင်းမဲ့ နာခံသူများနှင့် သူ၏ဘုန်းအသရေရှိထားသူများဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးနေသော လူသားတို့ကို မကယ်တင်ပါက လူသားကို သူဖန်ဆင်းခြင်း၏အနှစ်သာရမှာ အချည်းနှီးဖြစ်သွားပေမည်၊ သူသည် လူတို့အကြား အာဏာဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ သူ၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို နာခံခြင်းမရှိသော ရန်သူများကို သူမဖျက်ဆီးပါက သူသည် မိမိ၏စုံလင်သော ဘုန်းတော်ကို ရယူနိုင်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်တော့မည် မဟုတ်ပေ။ ဤအရာတို့သည် သူ၏အမှုပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ သူ့ကို နာခံခြင်းမရှိသောသူတို့ကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်အောင်ပြုခြင်း ခံရပြီးသောသူများကို အနားယူခြင်းထဲသို့ ဆောင်ယူရန်ဖြစ်သည့် သူ၏ ကြီးမြတ်သောအောင်မြင်ခြင်း၏ ပြည့်စုံမှုသင်္ကေတများဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်”)

နောက်ဆုံးကာလအတွင်းတွင် ယေရှုဆင်းသက်လာမည့်အကြောင်းကိုသာ သင်သိသည်၊ သို့သော်လည်း အတိအကျအားဖြင့် သူမည်သို့ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍”)

မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့၊ ပြီးပြည့် စုံလင်စေခြင်း ခံရမည့် ထိုသူများသည် ပေတရုကဲ့သို့သော သူများပင် ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိကြသူများ ဖြစ်ကြသည်။ ယင်းကဲ့သို့သော လူများသာလျှင် ပြီးပြည့်စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ ကြည့်ပြီး၊ သင့်ကိုယ်ပိုင် အသက်တာ စိတ်သဘောထားကို ပြောင်းလဲရန် မရှာဖွေပါလျှင်၊ သင်၏ ကြိုး စားအားထုတ်မှု အားလုံးသည် အချည်းနှီး သက်သက်သာ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ ဤအရာမှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”)

နိုင်ငံတော်ခေတ်အတွင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းအမှုနှင့် ပတ်သက်၍ အနန္တတန်ခိုးရှင်ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စာပိုဒ်တချို့ကို ထပ်ပြီးဖတ်ပြပါရစေ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

လူသားသည် သူနှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိကောင်းရရှိစေရန်နှင့် သူ၏သက်သေခံချက်အတွက် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် သူ၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားကို သိနိုင်ကောင်းမည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိဉာဏ်ဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ထို့ပြင် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်။ သို့ဖြင့် လူသိရှင်ကြားပေါ်ထွန်းခြင်းအားဖြင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သောအသိဉာဏ်အား ရရှိရန်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲရန်နှင့် ဘုရားသခင်အတွက် ထူးကဲလှသော သက်သေခံချက်ကို လုပ်ဆောင်ခံရန် လူသားကို ထောက်ကူပေးသည်။ လူသား၏ စိတ်သဘောထားပြောင်းလဲမှုကို ဘုရားသခင်၏ မတူညီသည့် အမှုအမျိုးမျိုးအားဖြင့် ရရှိသည်။ သူ၏စိတ်သဘောထားတွင် ထိုကဲ့သို့သော ပြောင်းလဲမှုများမရှိဘဲ၊ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ချည်နှောင်ခြင်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကို လွတ်အောင်ရုန်းခဲ့ပြီဖြစ်ကြောင်းနှင့် ဘုရားသခင့်အမှု၏ စံပုံစံနှင့် နမူနာ၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သောသူတစ်ဦး ဧကန်အမှန်ဖြစ်လာကြောင်းကို ညွှန်ပြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်”)

ခေတ်ကိုအဆုံးသတ်သော သူ၏နောက်ဆုံးအလုပ်တွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း စိတ်သဘောထားဖြစ်ပြီး၊ ယင်းတွင် လူအားလုံးကို လူအများရှေ့မှောက်တွင် တရားစီရင်ရန်နှင့် သူ့ကို ရိုးဖြောင့်သော စိတ်နှလုံးဖြင့် ချစ်မြတ်နိုးသောသူများကို စုံလင်အောင်ပြုရန် သူသည် မဖြောင့်မတ်သည့်အရာ အားလုံးကို ဖော်ထုတ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။...နောက်ဆုံးသောကာလအတွင်း ဖြောင့်မတ်သော တရားစီရင်မှုသည်သာလျှင် လူသားကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နယ်ပယ်သစ်သို့ ယူဆောင်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)”)

တရားစီရင်မှုက အဘယ်အရာဖြစ်သည်၊ သမ္မာတရားက အဘယ်အရာဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်သည်ဆိုပါလျှင် တရားစီရင်မှုကို ခံယူခြင်းငှာ ကျိုးကျိုးနွံနွံနှင့် နာခံဆက်ကပ်ရန် ငါအလေးအနက်တိုက်တွန်း၏။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်းအခွင့်ကို ဘယ်တော့မျှ ရလိမ့်မည်မဟုတ်၊ သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်းတစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမျှ သန့်စင်၍မရသော သူတို့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ တရားစီရင်ခြင်းအမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန်များပြားကာ၊ ပို၍ကြီးလေးလှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ပုန်ကန်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သောသူများသည် သာ၍ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရအတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစောင့်သိမှုကို ပြခဲ့ကြသော်လည်း သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်များကိုမျှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် အပြစ်ဒဏ်ပေးခံရခြင်းအားဖြင့် ဒဏ်ခတ်ခံကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ထုတ်ဖော်ခြင်းမဟုတ်ပေလော။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် ဆိုးယုတ်သော ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုဆိုးယုတ်သော ဝိညာဉ်များကို သူတို့၏ ခန္ဓာအသွေးအသားအား စိတ်ကြိုက်ဖျက်ဆီးခွင့်ကို ပေးလိမ့်မည်။ ထို့ပြင် ထိုသူတို့၏ ခန္ဓာကိုယ်များမှ အလောင်းကောင်အပုပ်နံ့ တထောင်းထောင်း ထုတ်လွှတ်နေမည်။ ယင်းကား သူတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခံရခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော ယုံကြည်သူအတုအယောင်များ၊ တမန်တော်အတုအယောင်များနှင့် အမှုတော်ဆောင်အတုအယောင်များ အယောက်စီတိုင်း၏ အပြစ်များကို မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်လျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို ညစ်ညမ်းစေရန် စိတ်ကြိုက်ပြုမူကြလေ၏။ ထိုသို့အားဖြင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း လုံးဝမရှိကြတော့စေရန်ဖြစ်သည်။ ခဏတစ်ဖြုတ်မျှ အစေခံခဲ့ကြသော်လည်း အဆုံးတိုင်သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ ထိုသို့အားဖြင့် သူတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းကို လိုက်ကြပြီး ပရမ်းပတာဖြစ်နေသော ထိုလူစု၏ အစိတ်အပိုင်း ဖြစ်လာစေရန်ဖြစ်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့ကို အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် မည်သည့်အခါကမျှ သစ္စာမခံခဲ့သော၊ သို့မဟုတ် မိမိတို့၏အစွမ်းခွန်အားကို မည်သည့်အခါကမျှ ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုမပြုဘဲ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါကမျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သောသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့နှင့်အတူ ရေတွက်ခြင်းခံရ၏။ ထိုသူတို့ထဲမှ လူအနည်းငယ်သာ ရှင်ကျန်ရစ်မည်ဖြစ်ပြီး အများစုမှာမူ အစေခံရန် အရည်အချင်းမပြည့်မီကြသောသူတို့နှင့်အတူ ပျက်စီးကြလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်နှင့် စိတ်သဘောတူသူများ၊ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားများနှင့် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်သွင်းလိမ့်မည်။ သူတို့သည် ဘုရားသခင့်အမှု၏ စစ်ယူရရှိထားသောအရာ ဖြစ်လိမ့်မည်။ ဘုရားသခင်စီစဉ်ထားသော အမျိုးအစားတစ်မျိုးမျိုးအထဲ သတ်မှတ်ခြင်း မခံရနိုင်သောသူများကမူ မယုံကြည်သူများထဲသို့ ထည့်သွင်းရေတွက်ခြင်း ခံရလိမ့်မည်။ ထိုသူတို့၏ရလဒ်မှာ အဘယ်အရာဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ဆုံးဖြတ်ချက်သာဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏အမှုသည် သူနှင့်အတူ မီအောင်မလိုက်နိုင်သောသူများကို လုံးဝစောင့်နေမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကရုဏာမထားကြောင်းပင်တည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

နိုင်ငံတော်ခေတ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်အားဖြင့် ထုတ်ပြန်ခဲ့သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ စာပိုဒ်နှစ်ခုကို ဖတ်ကြရအောင်။

နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။

၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို ဆောင်ရွက်ပြီး ဘုရားသခင်အမှုတော်၏ အကျိုးကို ထိခိုက်သည့် မည်သည့်အရာကိုမျှ မဆောင်ရွက်ရ။ ဘုရားသခင်၏နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတို့ကို ကာကွယ်ရမည်။

၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ အရာဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးတို့သည် လူသားမှပေးသင့်သည့် ပူဇော်သက္ကာများ ဖြစ်ရမည်။ ဤပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတပါး မည်သူမျှ မခံစားနိုင်ရ၊ လူသားမှပေးသင့်သည့် ပူဇော်သက္ကာများသည် ဘုရားသခင် ခံစားရန် ဖြစ်သောကြောင့် ဘုရားသခင်သည် ယဇ်ပုရောဟိတ်နှင့်သာဤပူဇော်သက္ကာများကို မျှဝေခံစားပြီး အခြားမည်သူမျှ ဤအရာတို့၏ တစ်စိတ်တစ်ပိုင်းကိုခံစားရန် အရည်အချင်းမရှိ၊ ခံစားခွင့်မရှိ။ (ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် မွေ့လျော်ခံစားနိုင်သော ပစ္စည်းဥစ္စာများ အပါအဝင်) လူသား၏ပူဇော်သက္ကာအားလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းဖြစ်ပြီး လူသားကို ပေးအပ်ခြင်းမဟုတ်။ ထို့ကြောင့် ဤအရာတို့ကို လူသားသည်မခံစားရ၊ လူသားသည် ခံစားမည်ဆိုပါက ထိုသူသည် ပူဇော်သက္ကာများကို ခိုးယူခြင်းဖြစ်မည်။ ထိုသို့ပြုသောသူမှန်သမျှသည် ယုဒဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယုဒသည် သစ္စာဖောက်တစ်ဦးဖြစ်ရုံမက ငွေအိတ်အတွင်းထည့်သည့် အရာများကိုလည်း ယူခဲ့သောကြောင့်ဖြစ်၏။

၄။ လူသားသည် ပျက်စီးသောစိတ်နေသဘောရှိ၏။ ထို့အပြင် သူသည် စိတ်ခံစားမှုများလည်း ရှိ၏။ ထို့ကြောင့် ဘုရားသခင်၏အမှုဆောင်သည့်အခါ ဆန့်ကျင်ဘက်လိင်နှစ်ဦးအား အမှုအတူထမ်းခြင်းမှ လုံးဝတားမြစ်ထား၏။ ထိုသို့ပြုလုပ်ကြောင်းတွေ့ရှိသူများကို ခြွင်းချက်မရှိထုတ်ပယ်မည်ဖြစ်ပြီး မည်သူမျှ မကင်းလွတ်ပါ။

၅။ သင်သည် ဘုရားသခင်ကို မစီရင်ရ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့်ကိစ္စများကိုလည်း သာမန်ကာလျှံကာ မဆွေးနွေးရ။ သင်သည် လူသားလုပ်သင့်သည့်အတိုင်းလုပ်၍ ပြောသင့်သည့်အတိုင်း ပြောကာ သင့်အပေါ် ကန့်သတ်ချက်များကို မကျော်လွန်ရ၊ ကန့်သတ်သောအပိုင်းအခြားကို မကျူးကျော်ရ။ သင်၏နှုတ်ကို စောင့်၍ သင်၏ ခြေလှမ်းများကိုသတိပြုပါ။ ဘုရားသခင်၏စိတ်သဘောကို စော်ကားသည့်အပြုအမူမှန်သမျှကို မပြုရန် ဤအရာအားလုံးတို့မှ တားဆီးထား၏။

၆။ သင်သည် လူသားပြုသင့်သောအရာကို ပြုရမည်ဖြစ်ပြီး သင်၏ဝတ္တရားများကို ဆောင်ရွက်၍ တာဝန်များကို ဖြည့်ဆည်းကာ တာဝန်စောင့်ထိန်းရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ အမှုတွင် ပါ၀င်သင့်သည်။ ပါ၀င်ခြင်းမရှိလျှင် သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှီဝဲရန် မထိုက်တန်။ ဘုရားသခင်၏ အိမ်ထောင်စုတွင်နေရန် မထိုက်တန်ပါ။

၇။ အသင်းတော်၏အမှုနှင့်ကိစ္စရပ်များတွင် ဘုရားသခင်ကိုနာခံခြင်းမှလွဲ၍ အရာခပ်သိမ်းတွင် သင်သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသူ လူသား၏ ညွှန်ကြားချက်များကို လိုက်နာရမည်။ အနည်းငယ်ဆုံးသော ချိုးဖောက်မှုကိုပင် လက်မခံနိုင်ပါ။ သင်သည် လုံးဝလိုက်နာရမည်ဖြစ်ပြီး အမှန်အမှား ခွဲခြားစိတ်ဖြာခြင်း မပြုရ။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပါ။ အကြွင်းမဲ့နာခံခြင်းသည်သာ သင်နှင့်သက်ဆိုင်ရမည်။

၈။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ဘုရားသခင်ကို နာခံ၍ဝတ်ပြုရမည်။ သင်သည် မည်သူ့ကိုမျှ ချီးမွမ်းခြင်း သို့မဟုတ် အထင်ကြီးခြင်းမပြုရ။ သင်သည် ဘုရားသခင်အား ပထမအရာပေး၍ သင်အထင်ကြီးသူများကို ဒုတိယနေရာပေးကာ သင့်ကိုယ်သင် တတိယနေရာပေးခြင်း မပြုရ။ မည်သူမျှ သင်၏ နှလုံးသားတွင် နေရာမယူရ။ ထို့အပြင် သင်သည် လူတို့ကို၊ အထူးသဖြင့် သင်ကြည်ညိုလေးစားသူများကို၊ ဘုရားသခင်နှင့် တန်းတူဟု မယူဆရ။ ဤသည်ကို ဘုရားသခင် လုံးဝသည်းမခံနိုင်ပါ။

၉။ သင်၏အတွေးတို့သည် အသင်းတော်၏အမှုအကြောင်းသာဖြစ်သင့်သည်။ သင်သည် အသွေးအသား၏ မျှော်လင့်ချက်များကို ဘေးဖယ်ကာ၊ မိသားစုကိစ္စများအပေါ်တွင် ပြတ်သား၍၊ ဘုရားသခင်၏ အမှုတွင် မိမိကိုယ်ကိုယ် လုံးဝဆက်ကပ်အပ်နှံရမည်။ ဘုရားသခင်၏အမှုကို ပထမဆုံးဦးစားပေး၍ သင်၏ဘဝကို ဒုတိယထားရမည်။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ သင့်တင့်လျောက်ပတ်သော အမှုဖြစ်၏။

၁၀။ (သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) မယုံကြည်သူ ဆွေမျိုးသားချင်းများကို အသင်းတော်သို့ အတင်းအဓမ္မမသွင်းရ။ ဘုရားသခင်၏အိမ်တော်တွင် အသင်းဝင်များ လိုအပ်နေခြင်းမရှိ။ ထို့အပြင် အသုံးမဝင်သူများဖြင့် အသင်းဝင်ဦးရေ ဖြည့်ဆည်းရန်မလိုပါ။ မယုံကြည်သူခပ်သိမ်းတို့အား အသင်းတော်သို့ ၀မ်းမြောက်စွာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းအတွက် ညွှန်ကြားချက်ဖြစ်၏။ ဤကိစ္စတွင် သင်တို့သည် တစ်ဦးနှင့်တစ်ဦး စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး မည်သူတစ်ဦးမျှ မချိုးဖောက်ရ။ မယုံကြည်သူ ဆွေမျိုးသားချင်းများ ၀တ်ပြုကျောင်းအတွင်း တွန့်ဆုတ်စွာဝင်သည့်အခါ စာအုပ်များထုတ်ပေးခြင်း၊ အမည်သစ်များပေးခြင်း မပြုရ။ ထိုသူတို့သည် ဘုရားသခင်၏ အိမ်ထောင်စုဝင်များ မဟုတ်။ ထို့အပြင် လိုအပ်ပါက ထိုသူတို့ ၀တ်ပြုကျောင်းအတွင်းဝင်ခြင်းကို မည်သည့်နည်းဖြင့်မဆို ရပ်စေရမည်။ နတ်ဆိုးတို့၏ ကျူးကျော် ၀င်ရောက်မှုကြောင့် ၀တ်ပြုကျောင်းအပေါ် ဒုက္ခကျရောက်သည်ရှိသော် သင်ကိုယ်တိုင်ကိုပင် ထုတ်ပယ်ခြင်းပြုမည်။ သို့မဟုတ် ကန့်သတ်ချက်များ ထားရှိမည်။ အချုပ်ဆိုရလျှင် ဤကိစ္စအတွက် လူတိုင်းတွင် တာဝန်ရှိ၏။ သို့သော် သင်သည် မဆင်မခြင်လည်း မပြုရ။ သို့မဟုတ် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များအတွက် အပြစ်ပေးရန် မသတ်မှတ်ရ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်”)

“ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည်ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ုမိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပရောဖက်ပြုခြင်းများနှင့် လူသားများအတွက် သူ့ကတိတော်များ နှင့် ပတ်သက်သည့် စာပိုဒ်တစ်ချို့ကို ကျွန်မတို့ ဆက်ဖတ်ကြရအောင်။ “နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေ၌ ပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည် စတင်ရွေ့လာကြသည်။ ယခင်က ငါသည် ပရောဖက်ပြုခဲ့ပြီးဖြစ်သည်။ ကုန်းမြေမှ ကုန်းမြေသည် ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို အပိုင်းအစများအဖြစ်သို့ ထုချေပစ်မည့် အချိန်လည်းဖြစ်သည်။ ဤအချိန်တွင်၊ ငါသည် ဖန်ဆင်းခြင်း အလုံးစုံကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည်တစ်ဖန် ပိုင်းကန့်မည်ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို စနစ်တကျ စီစဉ်မည်ဖြစ်ပြီး၊ ၎င်း၏ ဟောင်းသောအခြေအနေကို အသစ်သို့ ပြောင်းလဲစေမည်ဖြစ်သည်။ ဤသည်မှာ ငါ၏အစီအစဉ်ပင်ဖြစ်သည်။ ဤအရာများမှာ ငါ၏အလုပ်များပင် ဖြစ်သည်။ လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

ငါ၏စကားများ ပြီးပြည့်စုံသည့်အတွက် နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး လူသည် တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသောကြောင့် ငါ၏စိတ်နှလုံးထဲမှ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏လူများ အားလုံးသည် ပုံမှန်လူ့အသက်တာအား ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ပျောက်ကွယ်သွားပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီဖြစ်နေသည့် နွေဦးမြို့ကြီးများနှင့်ပြည့်သော လောကကြီးကို အစားထိုးလိုက်သည်။ လူတို့သည် ညို့မှိုင်းမှိုင်းနှင့် စိတ်ပျက်ဖွယ်ကောင်းသော လူ့လောကကြီးအား ရင်မဆိုင်ရတော့ဘဲ၊ လူ့လောကကြီး၏ ချမ်းစိမ့်စိမ့် အအေးဓာတ်ကိုလည်း သူတို့ မခံစားရတော့ပါ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်မဖြစ်ကြ၊ နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက်လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

လူသားတို့ကို သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အခါ၊ လူသားတို့သည် သူတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်သည့်အခါ၊ သူတို့၏ ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များအားလုံးကို နာခံသည့်အခါ၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် သူ့ကိုကိုးကွယ်သူ လူတစ်စုကို ရယူပြီးဖြစ်လိမ့်မည်ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်တွင် သူ့ကို ကိုးကွယ်သော နိုင်ငံတော်ကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် အဆုံးမရှိသည့် အောင်မြင်ခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး သူ့ကိုဆန့်ကျင်သူတို့သည် ထာဝရကာလတိုင် ပျက်စီးကြလိမ့်မည်။ ဤအရာသည် လူသားအား သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ ယင်းသည် အရာခပ်သိမ်းအား သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာခပ်သိမ်းအကြား သူ၏အာဏာနှင့် သူ၏ရန်သူများအကြား သူ၏အာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ယင်းတို့သည် သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း၏ သင်္ကေတများဖြစ်သည်။ ထိုအချိန်မှစ၍ နောင်တွင် လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး လမ်းကြောင်းမှန်ကို လိုက်လျှောက်သော အသက်တာအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်သည်လည်း အဆုံးမရှိသော အနားယူခြင်းထဲသို့ လူသားနှင့်အတူ ဝင်ရောက်ကာ ဘုရားသခင်နှင့် လူသားတို့ အတူတကွမျှဝေသည့် ထာဝရအသက်ထဲသို့ ဝင်ရောက်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ကမ္ဘာမြေကြီးပေါ်ရှိ ငိုကြွေးခြင်းတို့ကဲ့သို့ပင် ကွယ်ပျောက်သွားလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်ကို ဆန့်ကျင်သောအရာအားလုံး တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သူကယ်တင်ထားသော လူများသာလျှင် ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာလျှင် ကျန်ရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်”)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကျွန်မတို့ ကြားလိုက်ရပြီးနောက်၊ အနန္တတန်ခိုးရှင်ဘုရားသခင်နှင့် သခင်ယေရှုက တစ်ပါးတည်း အတူတူဖြစ်ကြောင်း ကိုလည်း မြင်ကြပါပြီ။ နှစ်ပါးစလုံးက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပြီး၊ အထက်အမြင့်မှာ ရပ်ကာ၊ လူများကို ပြောဆိုနေ ခြင်းဖြစ်ပါသည်။ နှစ်ပါးစလုံးက ထုတ်ဖော်ပြသည်မှာ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သန့်ရှင်းသည့် အနှစ်သာရဖြစ်သည်။ ဤနေရာမှာလည်း နှစ်ပါးစလုံးက ဘုရားသခင်၏ဩဇာအာဏာနှင့် ပင်ကိုလက္ခဏာကို ပြည့်စုံစွာ ထင်ရှားစေပါသည်။ ဖာရိရှဲများကို တရားစီရင်ပြီး၊ ထုတ်ဖော်ပြခဲ့သည့် သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အကျင့်ပျက်လူသားများအပေါ် တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်းဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကတစ်ဆင့် ကျွန်မတို့ မြင်ရသည့်အရာမှာ၊ ဘုရားသခင်က အပြစ်ကိုမုန်းတီးပြီး၊ လူများ၏အကျင့်ပျက်မှုကို ရွံရှာကြောင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ပြီး သန့်ရှင်းသည့် စိတ်သဘောထားကို ကျွန်မတို့မြင်ရသကဲ့သို့၊ ဘုရားသခင်က လူများ၏နှလုံးသားကို အတွင်းကျကျ စောင့်ကြည့်ကြောင်းကိုလည်း မြင်ရပါသည်။ ကျွန်မတို့၏ ပျက်စီးယိုယွင်းမှုက ဘုရားသခင်၏ လက်ဖမိုးနှင့် တူပါသည်။ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ လူများအပေါ်ထားသည့် သတိပေးချက်များ၊ သတ်မှတ်ချက်များကနေ ဘုရားသခင်၏ လူများအပေါ်ထားသည့် မျှော်လင့်ချက်များကို မြင်ရပါသည်။ ဘုရားသခင်က ရိုးသားသူများကိုသဘောကျပါသည်။ သူ့ထံမှာ စစ်မှန်စွာ ဆက်ကပ်သူများကို ကောင်းချီးပေးပါသည်။ ဤသည်မှာ လူများအပေါ် ဘုရားသခင်၏အလေးထားခြင်း၊ ကယ်တင်ခြင်းကို ပြပါသည်။ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လူများအပေါ်ထားသည့် ကတိတော်များကနေ လူသားများ အပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်ရပါသည်။ ထို့အပြင် လူများ၏ကံကြမ္မာကို ထိန်းချုပ်ရာမှာ၊ အရာအားလုံးကို စိုးမိုးရာမှာ၊ ဘုရားသခင် အသုံးပြုသည့် ဩဇာအာဏာနှင့် တန်ခိုးတော်ကိုလည်း ကျွန်မတို့ မြင်တွေ့ရသည်။ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ဖွင့်ဆိုချက်များက အသံဩဇာနှင့်၊ ပြောဆိုပုံတွင်ပင် တူညီပါသည်။ နှစ်ပါးစလုံးက ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ပြခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် အနှစ်သာရကို ပြည့်စုံစွာ ထင်ရှားစေပါသည်။ စဉ်းစားကြည့်ကြပါစို့။ ဖန်ဆင်းရှင်မှလွဲပြီး၊ နှုတ်ကပတ်တော်များကို လူသားအားလုံးဆီ မည်သူက ဖော်ပြနိုင်မည်နည်း။ မည်သူက ဘုရားသခင်၏ အလိုတော်ကို တိုက်ရိုက်ဖော်ပြပြီး၊ လူများအပေါ် တောင်းဆိုချက်များ ထုတ်နိုင်မည်နည်း။ လူသား၏ အဆုံးသတ်ကို မည်သူ ဆုံးဖြတ်ပေးသနည်း။ သူတို့ အသက်ရှင်ဖို့၊ သေဖို့ကို မည်သူ ထိန်းချုပ်နိုင်သနည်း။ မည်သူက စကြဝဠာထဲက ကြယ်များကို ထိန်းချုပ်ပြီး၊ အရာအားလုံးအပေါ် စိုးမိုးနိုင်သနည်း၊ ဘုရားသခင်က လွဲပြီး၊ အကျင့်ပျက်လူသားများ၏ အနှစ်သာရအမှန်ကို မည်သူက ထိုးဖောက်မြင်နိုင်သနည်း။ ပြီးလျှင် ကျွန်မတို့နှလုံးသားများ၏ အတွင်းအကျဆုံးမှာ ပုန်းကွယ်နေသည့် ဆိုးယုတ်သည့်သဘာဝကို မည်သူက ထုတ်ဖော်ပြနိုင်သနည်း။ မည်သူက ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြီးမြောက်စေပြီး၊ ကျွန်မတို့ကို စာတန်၏လွှမ်းမိုးမှုကနေ အလုံးစုံ ကယ်တင်နိုင် မည်နည်း။ ဖန်ဆင်းရှင်သာလျှင် ဩဇာအာဏာနှင့် တန်ခိုးတော်ကို ပိုင်ဆိုင်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များက ဘုရားသခင်၏အတုမရှိသည့် ဩဇာအာဏာနှင့် ပင်ကိုလက္ခဏာကို ပြည့်စုံစွာ ထင်ရှားစေပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ စကားတော်များကိုကြားပြီးနောက်၊ ကျွန်မတို့ အားလုံး၏ နှလုံးသားထဲမှာ စိတ်ချသေချာခြင်းကို ခံစားရသည်။ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံးက ဘုရားသခင်၏ အသံတော်ဖြစ်သည်။ ၎င်းတို့က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်း အမှုအတောအတွင်းမှာ ဖန်ဆင်းရှင်က ဖော်ပြသည့် အလုံးစုံသော သမ္မာတရားများဖြစ်သည်။ ကျွန်မတို့နှလုံးသားများ ထဲမှာလည်း၊ ဘုရားသခင်အပေါ် စစ်မှန်သည့်ကြည်ညိုမှုက ချက်ချင်းကို မွေးဖွားလာပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရပြီးနောက်မှာ၊ ဤကဲ့သို့ ခံစားချက်မျိုးကို ရကြပါသလား။ အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များက တစ်ခုတည်းသော ရင်းမြစ်ကနေ လာကြောင်းကို ဤအရာက လုံလုံလောက်လောက် သက်သေပြပါသည်။ နှစ်ပါးစလုံးက တစ်ပါးတည်းသော ဝိညာဉ်တော်၏ဖော်ပြခြင်းဖြစ်သည်။ နှစ်ပါးစလုံးက မတူညီသည့် ခေတ်များမှာ လူများအပေါ် တစ်ပါးတည်းသော ဘုရားသခင်၏ ဖွင့်ဆိုပြချက်များဖြစ်သည်။ နောက်ဆုံးသောကာလ အတွင်းမှာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု၏ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး၊ တရားစီရင်ခြင်းအမှုကို ဘုရားသခင်၏အိမ်တော်ကနေ စတင်ဆောင်ရွက်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူများကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းအတွက် အလုံးစုံသောသမ္မာတရားများကို ဖော်ပြပါသည်။ လူများကို ကယ်တင်ခြင်းအတွက် ဘုရားသခင့် စီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှုများအားလုံးကို ထုတ်ဖော်ပြပါသည်။ ထို့အပြင် သမ္မာတရားသွင်ပြင် လက္ခဏာအမျိုးမျိုး၏ အနှစ်သာရ ကိုလည်း ရှင်းလင်းစွာ ပြောပြပါသည်။ ၎င်းတို့က ကျွန်မတို့ကို မျက်စိဖွင့်ပေးသည့်အပြင်၊ အကြွင်းမဲ့ လက်ခံယုံကြည်စေပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အမှုတော်က သခင်ယေရှု၏ ပရောဖက်ပြုချက်များကို ပြီးမြောက် အောင်မြင်စေ ခဲ့ပါပြီ။ နောက်ဆုံးသောကာလ၏တရားစီရင်ခြင်းအမှုတော်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များထဲမှာ ဘုရားသခင်၏အသံတော်ကို ကျွန်မတို့ မှတ်မိသိရှိကြပါသည်။ ထို့အပြင် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု ပြန်လာခြင်းဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့်အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော စစ်မှန်သည့်ဘုရားသခင် ဖြစ်ကြောင်းနှင့်၊ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုဖို့ ကြွလာကြောင်း ကိုလည်း၊ ကျွန်မတို့ အတည်ပြုနိုင်ပါပြီ။ ကမ္ဘာပေါ်မှာ စာတန်၏အုပ်စိုးမှုဖြစ်သည့်၊ မိစ္ဆာအမှောင်အမိုက်ခေတ် ကို အဆုံးသတ်ဖို့ ကိုယ်တော်က ကြွလာခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်မှာ ဘုရားသခင်၏ အုပ်စိုးမှုဖြစ်သည့်၊ အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်ကို အစပြုဖို့ ကြွလာခြင်းလည်း ဖြစ်ပါသည်။ ဤသည်မှာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ဖို့ဆိုသည့် ကျွန်မတို့၏ဆန္ဒကို အမှန်တကယ်ဖြစ်လာစေပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘုရား၏အသံတော်ကို ကျွန်မတို့မည်သို့ကြားနိုင်မည်နည်း။ ကျွန်မတို့၏ အတွေ့အကြုံများပြားမှုများ၊ ကျွန်မတို့၏ အရည်အချင်း မြင့်မားမှုများက ဤနေရာမှာ အကျုံးမဝင်ပါ။ သခင်ယေရှုကို ယုံကြည်ရာမှာ၊ သူ့၏နှုတ်ကပတ်တော်များ အများကြီးကို ကြားရသည့်အခါ၊ ကျွန်မတို့မည်သို့ခံစားရမည်နည်း။ သခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ကျွန်မတို့မှာ အတွေ့အကြုံ ဗဟုသုတတစ်ခုမှမရှိလည်းပဲ၊ ၎င်းတို့ကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ၎င်းတို့သည် သမ္မာတရားဖြစ်သည်ဟု ခံစားရသည်၊ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာရှိသည်ဟု ခံစားရသည်။ ဤခံစားချက်က မည်သို့ဖြစ်လာသနည်း။ ဤသည်မှာ ကျွန်မတို့၏အတွေ့အကြုံကို အရင်းခံပြီး ဖြစ်လာသလား။ ဤအရာက ရုတ်တရက်လှုံ့ဆော်မှု၊ အလိုလိုသိမှု၏ အကျိုးဆက်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှာ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာ ပါကြောင်းကို၊ စိတ်နှလုံးနှင့်ဝိညာဉ်ရှိသူ လူအားလုံး ခံစားသိရှိနိုင်သည်ကို ဤအရာနှင့်ပင် သက်သေပြဖို့ လုံလောက်ပါသည်။ ဤသည်မှာ ဘုရား၏အသံတော်ကို ကြားခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏အသံတော်နှင့် လူသား၏ အသံတို့အကြား ကြီးမားသော ကွာခြားချက်က ဘုရား၏အသံတော်က သမ္မာတရားဖြစ်ပြီး၊ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာ ပါသည်၊ ယင်းကို ကြားရသည်နှင့် တစ်ပြိုင်နက် ကျွန်မတို့ ခံစားသိရှိနိုင်သည်။ ၎င်းကို ကျွန်မတို့က စကားလုံးများနှင့် ဖော်ပြနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခံစားရသည်မှာ ရှင်းနေသည်။ လူသား၏အသံကို ပိုင်းခြားသိနိုင်ဖို့ပိုလွယ်ပါသည်။ ကြားလိုက်သည့်ခဏမှာ နားလည်နိုင်ပြီး ရယူနိုင်သည်။ လူသား၏စကားများကို သမ္မာတရားဟု ပြောနိုင်ဖို့နေနေသာသာ၊ ၎င်းတို့ထဲမှာ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာကိုတော့ အနည်းငယ်မျှပင် ခံစားမိမှာ မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူသား၏ စကားလုံးများ၏ အကြီးဆုံး ကွာခြားချက်ပဲ။ ဉပမာအားဖြင့်၊ သခင်ယေရှု ၏ နှုတ်ကပတ်တော်များမှာ ဘုန်းတန်ခိုးနဲအာဏာစက်ရှိသည်ဟု ကျွန်မတို့တွေ့ရ၊ ကြားရသည်နှင့်တစ်ပြိုင်နက် သမ္မာတရားဟု ကျွန်မတို့အတည်ပြုနိုင်သည်။ နှုတ်ကပတ်တော်များက သိမ်မွေ့ပြီး နက်နဲသည်။ လူများ၏အတိုင်းအတာထက် ကျော်လွန်ပါသည်။ သမ္မာကျမ်းစာထဲက တမန်တော်များ၏ ကျမ်းစကားများကို ယခုကြည့်လိုက်ရအောင်။ သူတို့အများစုက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့် ပေါ်ပေါက်လာကြ သော်လည်း၊ သူတို့မှာ တန်ခိုး အာဏာမရှိပါ။ သူတို့စကားများက လူများကို အကျိုးရှိစေခြင်းထက် မပိုသည့် မှန်ကန်သည့် စကားများသာဖြစ်သည်။ သခင်ယေရှုမိန့်ဆိုခဲ့သည့် နှုတ်ကပတ်တော် များကို မည်သည့်လူသားများက ပြောနိုင်ပါသနည်း။ ပြောနိုင်သူတစ်ယောက်မှမရှိပါ။ သခင်ယေရှု၏ နှုတ်ကပတ်တော် များက ဘုရား၏အသံတော် ဖြစ်ကြောင်းကို ဤအရာက အတည်ပြုပေးသည်။ ဤကဲ့သို့ နှိုင်းယှဉ်ကြည့်ပြီး၊ ဘုရား၏ အသံတော်နှင့် လူသား၏အသံကိုကျွန်မတို့ခွဲခြားပြီး မသိနိုင်ပါလား။

ထို့ကြောင့်အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော် တစ်ချို့ကို ဖတ်ပြီး သူ့နှုတ်ကပတ်တော်များက အမှန်တကယ် သမ္မာတရားဖြစ်မဖြစ်၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်များ ဖြစ်မဖြစ် ဆိုသည်ကို ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှု ထမ်းဆောင်လျက်ရှိပြီး အရှေ့အရပ်တွင် စဉ်ဆက်မပြတ် မိုးပျက်ကျနေလျက် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ လမ်းပြခဲ့သည်မှာ ငါ၏အသံဖြစ်သည်။ ငါ၏အသံဖြင့် လူသားအားလုံးကို အနိုင်ယူမည်။ လူသားအားလုံးကို ဤစမ်းချောင်းအတွင်း ကျစေပြီး ငါ၏ရှေ့မှောက် နာခံစေမည်။ အကြောင်းမူကား ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတန်ခိုးကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ဝေခဲ့ပြီ ဖြစ်သည်။ အဘယ်သူသည် ငါ၏ဘုန်းကိုမြင်ရရန် မတောင့်တသနည်း။ အဘယ်သူသည် ငါပြန်လာမည့် အချိန်ကို စိုးရိမ်ကြီးစွာ စောင့်၍ မနေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မတောင့်တ သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲနေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုအကြောင်း မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်မည့်သူ ပြန်လာမည်ကို မတောင့်တဘဲနေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်း ဆိုင်လျက် နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အစွမ်းကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်သည် လူသား၏ ရတနာဖြစ်ပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်ကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သည်။ သို့သော် နှုတ်ကပတ်တော်တွင် ပျော်ပိုက်ခြင်းမှာ ပို၍များပါသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ဝမ်းမြောက်ပျော်ရွှင်လျက် ငါကြွလာမည့် အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြပါသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အကြား တရားဝင် ဝင်ရောက်မည်။ ဖြာထွက်လျက်ရှိသော ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော် အားဖြင့် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည်လည်း အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့ ဆင်းသက်ပြီဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ မြေကြီးပေါ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်းကို ထိုသူတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ်အကြားမှ ထွက်ခွာလာပြီးနောက်၊ ဘုန်းတန်ခိုးဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကတည်းက ဝတ်ပြုခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ နှစ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သူ မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကိုလာစေလျက် ဘုန်းတန်ခိုးရှိသော ငါ၏ မျက်နှာကို ဖူးမျှော်ပါစေ။ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်ပါစေ။ ဤသည်မှာ ငါ၏အလိုဆန္ဒ တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုပါစေ။ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုပါစေ။ လူတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံပါစေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်”)

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ုမိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။

...လောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ အရာခပ်သိမ်းတို့ကို ၎င်းတို့၏ အမျိုးစားအလိုက် အတူတကွစုစည်း၍ မြင်တွေ့နိုင်သော ပုံသဏ္ဌာန်တစ်ခုနှင့် ပြုပြင်ရင်း၊ အရာအားလုံးကို ငါသည် ၎င်းတို့၏ အမျိုးစားအလိုက် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ နိဂုံးအဆုံးသည် နီးကပ်လာသည်နှင့်၊ ငါသည် ဖန်ဆင်းခြင်း၏ ယခင်အခြေအနေကို ပြန်လည်တည်ထောင်မည်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလအခြေအနေများဆီသို့ ပြန်လည်ထူထောင်မည်၊ အရာခပ်သိမ်းကို ထူးကဲသာလွန်စွာ ပြောင်းလဲခြင်းအားဖြင့်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ ရင်ခွင်အောက်သို့ ပြန်လာကြလိမ့်မည်။ အချိန်ကျလာလေပြီ။ ငါ၏အစီအစဉ်ထဲမှ နောက်ဆုံးအဆင့်သည် ပြီးမြောက်အောင်မြင်လုနီးပြီဖြစ်သည်။ အို...ဟောင်းနွမ်း၍ မသန့်စင်သော လောကကြီး၊ သင်သည် ငါ့နှုတ်ကပတ်တော်များအောက်တွင် ဧကန်အမှန်ပင် ကျရှုံးလိမ့်မည်။ ငါ၏အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိအဖြစ်သို့ လျှော့ချခြင်း ဧကန်အမှန်ပင် ခံရလိမ့်မည်။ အိုး...ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများတို့၊ သင်တို့အားလုံးသည် ငါ့နှုတ်ကပတ်တော်များအထဲ၌ အသစ်သောအသက်ကို ရကြလိမ့်မည်၊ သင့်တွင် ယခု၌ အကြွင်းမဲ့ ပိုင်သအုပ်စိုးသော သခင်ရှိပေပြီ။ အိုး...သန့်စင်၍ အပြစ်အနာအဆာမဲ့သော လောကသစ်ကြီး၊ သင်သည် ငါ့ဘုန်းအထဲတွင် ဧကန်အမှန်ပင် နှိုးထလိမ့်မည်။ အိုး...ဇိအုန်တောင်၊ ထပ်၍ တိတ်ဆိတ်မနေနှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခြင်း၏အလယ်မှ၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို ငါသည် စေ့စေ့စပ်စပ် စစ်ဆေး၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သောအသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်းအသစ်ကို အောင်နိုင်လေပြီ။ အိုး...ငါ၏လူများတို့၊ အဘယ်သို့လျှင် သင်တို့သည် ငါ၏ အလင်းရောင်အထဲ၌ အသက်ထံသို့ လှမ်းမလာနိုင်ရသနည်း။ အဘယ်သို့လျှင် သင်တို့သည် ငါ၏လမ်းပြပို့ဆောင်မှုအောက်၌ ရွှင်လန်းခြင်းနှင့် မကခုန်နိုင်ရသနည်း။ ကုန်းမြေတို့သည် ဝမ်းသာရွှင်လန်းခြင်းနှင့် အော်ဟစ်ကြ၏၊ ရေတို့သည်လည်း အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ကျွတ်ကျွတ်ညံနေကြသည်။ အိုး...ရှင်ပြန်ထမြောက်သော ဣသရေလ၊ အဘယ်သို့နှင့် သင်သည် ငါ၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းအကြောင်းကို ဂုဏ်မယူနိုင်ရသနည်း။ မည်သူသည် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေးမြည်တမ်းခဲ့ပြီးသနည်း။ ဟောင်းနွမ်းသော ဣသရေလသည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလသည် ထမြောက်လေပြီ၊ လောကကြီးတွင် ယင်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားပင် လူသားမျိုးနွယ်အားလုံးတို့၏ နှလုံးသားများထဲတွင် တည်ထားလျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလသည် ငါ၏လူများမှတစ်ဆင့် တည်ရှိဖြစ်တည်မှု၏ ရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး...မုန်းတီးခြင်းနှင့်ပြည့်သော အဲဂုတ္တု၊ သင်သည် ဧကန်အမှန်ပင် ငါ့တဘက်၌ ထ၍မနေတော့သည် မဟုတ်လော။ သင်သည် ငါ၏ကရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် အဘယ်သို့လျှင် ကြိုးစားသနည်း။ သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်းအတွင်း၌ အဘယ်သို့လျှင် တည်ရှိမနေနိင်ရသနည်း။ ငါချစ်သော ထိုသူအားလုံးသည် ထာဝရကာလတိုင် ဧကန်အမှန် ရှင်သန်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့တဘက်၌ထကြသော ထိုသူအားလုံးတို့သည်ကား ဧကန်အမှန်ပင် ငါ၏ပြစ်တင်ဆုံးမခြင်းကို ထာဝရကာလတိုင် ခံကြရပေလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သတိနှင့်စောင့်ရှောက်ကာကွယ်လျက်ရှိသော ဘုရားသခင်ဖြစ်၏၊ ငါသည် လူအားလုံးကို သူတို့ပြုခဲ့သောအရာများကြောင့် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည်မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးအပေါ်သို့ စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်လိုက်သည့် အခါမှာ၊ ကျွန်မတို့အားလုံး တူညီသည့်ခံစားချက်များ ရှိလာသည်။ ဤသည်မှာ ဘုရားသခင်က လူသားများကို မိန့်ဆိုနေခြင်းဖြစ်ကြောင်း၊ ကျွန်မတို့အားလုံး ခံစားမိကြသည်။ ဘုရားသခင်က လွဲပြီး၊ လူသားမျိုးနွယ်အားလုံးကို မိန့်ဆိုနိုင်သည့် သူမှာ မည်သူ ရှိသနည်း။ လူသားများကိုကယ်တင်မည့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူများ သိအောင် မည်သူက ထုတ်ဖော်ပြသ နိုင်သနည်း။ နောက်ဆုံးသောကာလ၏အမှုတော်၊ လူသားများ၏ အကျိုးနှင့် ပန်းတိုင်အတွက် ဘုရားသခင်၏ အစီအစဉ်ကို မည်သူက လူသားအားလုံးဆီ အရှင်းဆုံးထုတ်ပြန် ပေးနိုင်သနည်း။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို မည်သူက စကြဝဠာတစ်ခွင် မှာ အလေးအနက် ကြေညာနိုင်သနည်း။ ဘုရားသခင်ကလွဲပြီး မည်သူမျှ မလုပ်နိုင်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ် တစ်ခုလုံးကို မိန့်ဆိုပြပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဘုန်းတန်ခိုးနှင့် အာဏာစက်ကို သိရှိခံစားစေပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များက ဘုရားသခင်၏ တိုက်ရိုက်ထုတ်ဖော်ပြသမှု၊ သူတို့ကဘုရား၏ အသံတော်ပင် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် မြွက်ကြားထားသည့် နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်က တတိယကောင်းကင်ပေါ်ရပ်ပြီး၊ လူသားမျိုးနွယ် အားလုံးကို မိန့်ဆိုပြသကဲ့သို့ဖြစ်သည်။ လူသားမျိုးနွယ်များ၏ ဖန်ဆင်းရှင်အဖြစ် အနန္တတန်ခိုးရှင်ဘုရားသခင်က ဤနေရာမှာ မိန့်ဆိုနေပါသည်၊ ဖြောင့်မတ်ခြင်း၊ တန်ခိုးအာနုဘော်တို့နှင့် ပြည့်စုံသည့် ကိုယ်တော်၏ ချိုးဖျက်မရနိုင်သည့် စိတ်သဘောထားကို လူသားများဆီ ပေါ်လွင်ထင်ရှားစေခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ သိုးအုပ်ကကြားသည့်အခါ၊ အစပိုင်းမှာ ဤနှုတ်ကပတ်တော်များ၏သမ္မာတရားကို နားမလည်ခြင်းများ၊ တွေ့ကြုံဖူးခြင်းမရှိခြင်းများ ဖြစ်သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းမှာ ဘုန်းတန်ခိုးနှင့် အာဏာစက် ရှိနေခြင်းကို သူတို့ခံစားသိရှိရပြီး၊ ၎င်းတို့က ဘုရား၏အသံတော်၊ ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်မြွက်ဟခြင်း ဖြစ်ကြောင်းကို အတည်ပြုနိုင်ကြသည်။ ဘုရားသခင်၏ ရွေးချယ်ခံလူများအနေနှင့်၊ ၎င်းတို့က ဘုရား၏အသံတော် ဖြစ်ကြောင်းကို အတည်ပြုဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရဖို့ပဲလိုပါသည်။ ဘာသာရေး အသိုင်းအဝိုင်းများထဲက ထိုသင်းအုပ်ဆရာများနှင့် သင်းထောက်လူကြီးများက အနန္တတန်ခိုးရှင်ဘုရားသခင်ကို အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချနိုင်ရသနည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်မပြုသည့်၊ ဘုရားသခင်က သမ္မာတရားကို မြွက်ဟနိုင်ကြောင်းကို ဝန်မခံသည့် အမျိုးမျိုးသော အန္တိခရစ်များအနေနှင့်ကမူ သူတို့က ဘုရားသခင် မြွက်ကြားသည့် သမ္မာတရားအလုံးစုံကို မြင်ကြသော်လည်း၊ ကိုယ်တော့် နှုတ်ကပတ်တော်များမှာ ဘုန်းတန်ခိုး၊ အခွင့်အာဏာပါကြောင်းကို ခံစားမိကြသော်လည်း၊ ဘုရားသခင်က ဤနည်းလမ်းနှင့် စကားပြောဆိုနိုင်ကြောင်းကို သူတို့ မယုံကြည်နိုင်ကြသေးပါ၊ ဘုရားသခင် မြွက်ဟသမျှက သမ္မာတရားဖြစ်ကြောင်းကိုလည်း ဝန်မခံကြပါ။ ဤနေရာမှာ ပြဿနာက မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ ပြောနိုင်ပါသလား။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံသည့် အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ် အားလုံးကို စကားပြောဆိုပါသည်။ သို့သော် ကျွန်မတို့ထဲက အယောက်ရေမည်မျှက ဘုရား၏အသံတော်ကို ကြားနိုင်ပါသနည်း။ လက်ရှိအချိန်မှာ ဘာသာရေး အသိုင်းအဝိုင်းများ ထဲက တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင် စကားပြောဆို နေသည်ကို မြင်သော်လည်း၊ ဤသည်မှာ ဘုရား၏ အသံတော်ဟု သူတို့ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပါ၊ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ ကိုပင် လူသား၏ စကားများဟု သဘောထားသည်။ ပြီးတော့ လူသား၏သဘောထား ခံယူချက်များကို သုံးပြီး၊ ဘုရားသခင်ကို ဝေဖန်၊ အသရေဖျက်၊ ပြစ်တင်ရှုတ်ချသည့် အထိပင် လုပ်ကြသည်။ ဤလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့တတ်သည့်စိတ်နှလုံးရှိပါသလား။ သူတို့က အတိတ်က ဖာရိရှဲများနှင့်မတူပါလား။ သူတို့အားလုံးက ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး၊ သမ္မာတရားကို မုန်းတီးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တန်ခိုးဩဇာအာဏာကြီးမားလှပြီး၊ ဤနှုတ်ကပတ်တော် များက ဘုရား၏ အသံတော်ဖြစ်ကြောင်း သူတို့နည်းနည်းလေးမှမကြားကြပါ။ ဤကဲ့သို့ လူများက ဘုရားသခင်၏သိုးများ ဖြစ်နိုင်မလား။ သူတို့က ဘုရား၏ အသံတော်ကိုပင် မကြားနိုင်ပါ။ သေချာပေါက် သူတို့က ဘုရားသခင်၏သိုးများ မဟုတ်ပါ။ သူတို့၏စိတ်နှလုံးများက ကြောင်းကျိုးမမြင်တော့ပါ။ နားကြားနိုင်သော်လည်း သူတို့မသိနိုင်ပါ၊ မြင်နိုင်သော်လည်း သူတို့ နားမလည်နိုင်ပါ။ ဤကဲ့သို့ လူများက ချီဆောင်ခံရဖို့ပင် ထိုက်တန်ပါ့မလား။ နောက်ဆုံးသောကာလ ၏ လူ့ဇာတိခံ ဘုရားသခင်က သမ္မာတရားကို ဖွင့်ဟပြပြီး၊ ဘာသာရေးအသိုင်းအဝိုင်းများထဲက လူများအကြောင်းကို ဖော်ထုတ်ပြထားပါသည်။ စစ်မှန်သည့်ယုံကြည်သူ၊ မစစ်မှန်သူများ၊ သမ္မာတရားကို ချစ်မြတ်နိုးသူများနှင့် မုန်းတီးသူများ၊ ပညာရှိ သတို့သမီးများနှင့် ပညာမဲ့သတို့သမီးများ စသဖြင့် လူများအားလုံးကို သူတို့၏အမျိုးအစားအလိုက် အရှိအတိုင်း ပိုင်းခြားပြခြင်းဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဆိုးသွမ်းသောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်ထဲက နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကိုခံရမည်၊ ဖြောင့်မတ်သောသူများ အားလုံးသည်လည်း ဘုရားသခင်၏နှုတ်ထဲက နှုတ်ကပတ်တော်များအားဖြင့် ကောင်းချီးပေးခံရမည်။...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ”) ထို့ကြောင့် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သူများက သခင့်၏ ဒုတိယအကြိမ် ကြွရောက်ခြင်းကို တွေ့ကြုံလိုက် ရခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက် ချီဆောင်ခံ လိုက်ရခြင်းလည်းဖြစ်သကဲ့သို့၊ သူတို့က သိုးသငယ်၏မင်္ဂလာဆောင် ညလယ်စာကို တက်ရောက်နေ ကြပါပြီ။ ၎င်းတို့က ပညာရှိသတို့သမီးများဖြစ်ပြီး၊ လူသားမျိုးနွယ်၏ ကံအကောင်းဆုံးလူများ ဖြစ်ပါသည်။

ဘုရား၏အသံတော်ကို ကြားရဖို့ ကျွန်မတို့၏စိတ်နှလုံး ဝိညာဉ်တို့နှင့်အတူ နားထောင်ရပါမည်။ စိတ်တူကိုယ်တူများက တစ်ယောက်နှင့်တစ်ယောက် အလွယ်တကူနားလည်နိုင်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး၊ သူတို့မှာ ဘုန်းတန်ခိုးနှင့် အာဏာစက် ရှိသည်။ စိတ်နှလုံး ဝိညာဉ်ရှိသူများက ယင်းကို သေချာပေါက်ခံစားသိရှိနိုင်သည်။ လူတော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်အနည်းငယ် ဖတ်ထားရရုံနှင့် ၎င်းတို့က ဘုရား၏အသံတော်၊ သူ့၏မိန့်ဆိုချက်များဖြစ်ကြောင်း အတည်ပြုနိုင်သည်။ ဘုရားသခင် လူ့ဇာတိခံယူတိုင်းမှာ အမှုတော်အဆင့်တစ်ခုကို လာရောက် လုပ်ဆောင်သည်၊ ဘုရားသခင်၏ညွှန်ကြားချက်များကတစ်ဆင့်၊ နှုတ်ကပတ်တော်တချို့ကို သီးသန့်အခြေအနေတစ်ခုမှာ တစ်ဆင့်ပေးပို့ရသည့် တမန်တော်များကဲ့သို့ မဟုတ်ပါ။ အမှုတော်အဆင့်တစ်ခုကို လာရောက်လုပ်ဆောင်ဖို့ ဘုရားသခင်က လူ့ဇာတိခံယူသည့်အခါ၊ သူက နှုတ်ကပတ်တော်များအများကြီးကို ပြောကြားရသည်။ သမ္မာတရားများစွာကိုလည်း မိန့်ဆိုရသည်။ လျှို့ဝှက်နက်နဲမှုများကို ထုတ်ဖော်ပြရသကဲ့သို့၊ ပရောဖက်ပြုချက်များ ကိုလည်း ပြောဆိုရသည်။ ၎င်းတို့ကို ပြီးစီးဖို့ နှစ်ပေါင်း ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်းများစွာလိုအပ်သည်။ ဥပမာအားဖြင့်၊ ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်သည့်အခါ သခင်ယေရှုက “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” (ရှင်မဿဲခရစ်ဝင် ၄:၁၇) ဆိုပြီး ဟောပြောခဲ့သကဲ့သို့ မည်သို့အပြစ်ဝန်ချ၊ မည်သို့နောင်တရ၊ ခွင့်လွှတ်ရမည်၊ မည်သို့သည်းခံ၊ ဒုက္ခဆင်း၏ခံပြီး၊ မိမိ၏လက်ဝါးကပ်တိုင်ကို မည်သို့ထမ်းရမည်ဟု လူသားကိုသင်ပေးခဲ့သည်၊ ပြီးလျှင်ကျေးဇူးတော်ခေတ်အတွင်းက လူများ လိုက်နာသင့်သည့်အရာမှန်သမျှတို့ ပါဝင်သည်။ မေတ္တာ၊ ကရုဏာစသည့် ဘုရားသခင်၏စိတ်သဘောထားကို သူက ပြသသည်။ ထို့အပြင် ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်ဆန်းကြယ်မှုများ၊ ကျွန်မတို့ဝင်ရောက်ရမည့် အခြေအနေများကိုလည်း ပြသခဲ့ပါသည်၊ သူ့၏ကားတိုင်ပေါ်မှာ အသေခံသည့်အချိန်၊ သူ့၏ ရှင်ပြန်ထမြောက်ချိန်၊ သူ့၏ ကောင်းကင်သို့ တက်ကြွချိန်အထိ ရောက်မှသာ ဘုရားသခင်၏ ရွေးနုတ်ခြင်းအမှု ပြီးမြောက်ခဲ့ပါသည်။ သခင်ယေရှုက မိန့်ဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံးက ဘုရားသခင်၏ ရွေးနှုတ်ခြင်း အမှုတော်အားဖြင့် လူသားကို ပေးအပ်ခဲ့သည့် သမ္မာတရားများဖြစ်သည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ကြွရောက်လာခဲ့ပါပြီ။ လူသားများကို သန့်စင်မည့်၊ ကယ်တင်မည့် သမ္မာတရားအားလုံးကိုလည်း မိန့်ဆိုပြထားပါပြီ။ ကိုယ်တော်က တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်၏အိမ်တော်ကစတင်၍ ဆောင်ရွက်နေသည့်အပြင်၊ ဖြောင့်မတ်ခြင်းကို ဗဟိုချက်အဖြစ်ထားရှိသည့် ကိုယ်တော်၏ ပင်ကိုယ်စိတ်သဘောထားကိုလည်း၊ ထုတ်ဖော်ပြထား ပါပြီ။ ကိုယ်တော်က နှစ်ခြောက်ထောင်အထိ သက်တမ်းရှိသည့် စီမံခန့်ခွဲမှု အစီအစဉ်၏ ကြီးမားသည့်နက်နဲမှုများ အားလုံးကို ဖွင့်ပြထားပါ သည်။ သူက နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်အသက်တာ၏ အနှစ်သာရနှင့် သူ့စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းကနေ သဘာဝကျကျ ထွက်ရှိလာခြင်းများ ဖြစ်ပါသည်။ ဤသည်မှာ လူများကို အလုံးစုံသန့်စင်ဖို့ ကယ်တင်ဖို့အတွက် နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်နေသည့် နှုတ်ကပတ်တော်အမှု၏ အဆင့်တစ်ခုလုံးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့ကို ဖတ်လိုက်ကြရအောင၊ ပြီးလျှင် ၎င်းတို့က သမ္မာတရား ဟုတ်မဟုတ် နှင့် တန်ခိုးနှင့် သြဇာအာဏာ တို့ရှိမရှိ ကြားနာကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ)

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။...နောက်ဆုံးသောကာလအတွင်း ဖြောင့်မတ်သော တရားစီရင်မှုသည်သာလျှင် လူသားကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နယ်ပယ်သစ်သို့ ယူဆောင်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)”)

တရားစီရင်မှုက အဘယ်အရာဖြစ်သည်၊ သမ္မာတရားက အဘယ်အရာဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်သည်ဆိုပါလျှင် တရားစီရင်မှုကို ခံယူခြင်းငှာ ကျိုးကျိုးနွံနွံနှင့် နာခံဆက်ကပ်ရန် ငါအလေးအနက်တိုက်တွန်း၏။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်းအခွင့်ကို ဘယ်တော့မျှ ရလိမ့်မည်မဟုတ်၊ သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်းတစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမျှ သန့်စင်၍မရသော သူတို့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ တရားစီရင်ခြင်းအမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန်များပြားကာ၊ ပို၍ကြီးလေးလှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ပုန်ကန်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သောသူများသည် သာ၍ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရအတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစောင့်သိမှုကို ပြခဲ့ကြသော်လည်း သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်များကိုမျှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် အပြစ်ဒဏ်ပေးခံရခြင်းအားဖြင့် ဒဏ်ခတ်ခံကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ထုတ်ဖော်ခြင်းမဟုတ်ပေလော။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် ဆိုးယုတ်သော ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုဆိုးယုတ်သော ဝိညာဉ်များကို သူတို့၏ ခန္ဓာအသွေးအသားအား စိတ်ကြိုက်ဖျက်ဆီးခွင့်ကို ပေးလိမ့်မည်။ ထို့ပြင် ထိုသူတို့၏ ခန္ဓာကိုယ်များမှ အလောင်းကောင်အပုပ်နံ့ တထောင်းထောင်း ထုတ်လွှတ်နေမည်။ ယင်းကား သူတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခံရခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော ယုံကြည်သူအတုအယောင်များ၊ တမန်တော်အတုအယောင်များနှင့် အမှုတော်ဆောင်အတုအယောင်များ အယောက်စီတိုင်း၏ အပြစ်များကို မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်လျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို ညစ်ညမ်းစေရန် စိတ်ကြိုက်ပြုမူကြလေ၏။ ထိုသို့အားဖြင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း လုံးဝမရှိကြတော့စေရန်ဖြစ်သည်။ ခဏတစ်ဖြုတ်မျှ အစေခံခဲ့ကြသော်လည်း အဆုံးတိုင်သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ ထိုသို့အားဖြင့် သူတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းကို လိုက်ကြပြီး ပရမ်းပတာဖြစ်နေသော ထိုလူစု၏ အစိတ်အပိုင်း ဖြစ်လာစေရန်ဖြစ်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့ကို အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် မည်သည့်အခါကမျှ သစ္စာမခံခဲ့သော၊ သို့မဟုတ် မိမိတို့၏အစွမ်းခွန်အားကို မည်သည့်အခါကမျှ ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုမပြုဘဲ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါကမျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သောသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့နှင့်အတူ ရေတွက်ခြင်းခံရ၏။ ထိုသူတို့ထဲမှ လူအနည်းငယ်သာ ရှင်ကျန်ရစ်မည်ဖြစ်ပြီး အများစုမှာမူ အစေခံရန် အရည်အချင်းမပြည့်မီကြသောသူတို့နှင့်အတူ ပျက်စီးကြလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်နှင့် စိတ်သဘောတူသူများ၊ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားများနှင့် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်သွင်းလိမ့်မည်။ သူတို့သည် ဘုရားသခင့်အမှု၏ စစ်ယူရရှိထားသောအရာ ဖြစ်လိမ့်မည်။ ဘုရားသခင်စီစဉ်ထားသော အမျိုးအစားတစ်မျိုးမျိုးအထဲ သတ်မှတ်ခြင်း မခံရနိုင်သောသူများကမူ မယုံကြည်သူများထဲသို့ ထည့်သွင်းရေတွက်ခြင်း ခံရလိမ့်မည်။ ထိုသူတို့၏ရလဒ်မှာ အဘယ်အရာဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ဆုံးဖြတ်ချက်သာဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏အမှုသည် သူနှင့်အတူ မီအောင်မလိုက်နိုင်သောသူများကို လုံးဝစောင့်နေမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကရုဏာမထားကြောင်းပင်တည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်မှာ နောက်ဆုံးသောကာလ၏တရားစီရင်ခြင်းအမှုကို ဘုရားသခင်က မည်သို့ဆောင်ရွက်ကြောင်း သင်တို့အားလုံး ပိုပြီးရှင်းမလာပါလား။ အကယ်၍သာ ဘုရားသခင်က ဤအရာကို မဖော်ပြပဲ၊ ပွင့်ပွင့်လင်းလင်းမပြောခဲ့ပါက၊ ကျွန်မတို့မှာ ထိုးထွင်းသိမြင်မှုမည်သို့ရှိနိုင်ပါမည်နည်း။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားကိုမိန့်ဆိုပြီးသူ့၏ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်သည်။ ကိုယ်တော့် နှုတ်ကပတ်တော်များက ဆိုးဆိုးဝါးဝါးအကျင့်ပျက်နေသည့် လူသားများ၏ အခြေအနေမှန်နှင့် အနှစ်သာရကို ဖော်ထုတ်ပြသည်။ ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှုနှင့် ဆိုးယုတ်သည့် စိတ်သဘောများ စိမ့်ဝင်နေသည့် လူသား၏သရုပ်သကန်တိုင်းကို နှုတ်ကပတ်တော်များက အပြည့်အ၀ ဖော်ထုတ်ပြသည်။ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းများပြည့်ဝသည့်၊ ဘုရားသခင်၏ ချိုးဖျက်မရသည့် စိတ်သဘောထားကိုလည်း လူသားများဆီ ပြသပေးပါသည်။ ထို့ကြောင့် လူများက ဘုရားသခင် ပေါ်ထွန်းခြင်းနှင့်အမှုတော်ကို မြင်လာကြပြီး၊ ဘုရားသခင်ထံကို တစ်ယောက်ပြီးတစ်ယောက် ဦးလှည့်သွားကြသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသွားကြသည်။

............

ကျွန်မတို့၏ဘဝင်မြင့်မှု၊ မိမိကိုယ်ကိုယ်အထင်ကြီးမှု၊ လိမ်ညာမှု နှင့် ကျွန်မတို့၏ဆိုးယုတ်သည့်စိတ်သဘောကို နည်းမျိုးစုံနှင့် ထုတ်ပြတတ်ပုံများကို အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကတစ်ဆင့် ကျွန်မတို့ အသိအမှတ်ပြု လိုက်ကြပါပြီ၊ မြင်လိုက်ကြပါပြီ။ ကျွန်မတို့က မိမိကိုယ်ကိုယ်အသုံးချ၊ ဆင်းရဲဒုက္ခကို သည်းခံ၊ ဘုရားသခင်အတွက် ပေးဆပ်သော်လည်း၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှု မရှိသည့်အပြင်၊ သူ့အတွက် စစ်မှန်သည့်မေတ္တာလည်း ကျွန်မတို့မှာ မရှိပါ။ စမ်းသပ်မှုတွေ၊ ဆင်းရဲဒုက္ခများ ရောက်လာသည့်အခါ၊ ဘုရားသခင်ကို မကျေမနပ်ဖြစ်ခြင်း၊ သံသယဝင်ခြင်း၊ ငြင်းဆန်ခြင်းမျိုးပင် လုပ်မိနိုင်ပါသည်။ ဆိုးဆိုးဝါးဝါးပျက်စီးနေသည့် ကျွန်မတို့လူသားများ အားလုံးက စာတန်၏သဘောသဘာ၀ ရှိကြကြောင်း၊ ဤအချက်က သိစေပါသည်။ ကျွန်မတို့၏ စာတန်သဘောသဘာဝ၊ စာတန်စိတ်သဘောထားက သန့်စင်မှုကို မရရှိနိုင်ပါက၊ ဘုရားသခင်ဆီကို စစ်မှန်သည့် ကျိုးနွံနာခံမှု မရရှိနိုင်သည့်အပြင်၊ ဘုရားသခင်အတွက် စစ်မှန်သည့်မေတ္တာလည်း ရှိနိုင်မည်မဟုတ်။ ယခင်က ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်ခဲ့ကြခြင်း နှစ်ပေါင်းများစွာရှိပြီဟု ထင်ခဲ့ကြသည်။ ဘုရားသခင်အတွက် စွန့်သင့်ခြင်းများစွန့်ပြီး၊ မိမိကိုယ်ကိုယ် အသုံးချခဲ့၊ ကြိုးစားခဲ့သည့်အတွက်၊ ကျွန်မတို့က ကောင်းမွန်လာ ခဲ့ကြောင်း၊ ဘုရားသခင်ကို ချစ်မြတ်နိုးပြီး၊ ဘုရားသခင်ထံ ယုံကြည်အပ်နှံသူများ ဖြစ်လာခဲ့ကြောင်း စသည်ဖြင့် ထင်ခဲ့ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရပြီးမှသာ ကျွန်မတို့သိရှိလာရသည်၊ အပြင်ပန်းမှာ သခင့်အတွက် ပင်ပန်းကြီးစွာနှင့် အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနေသော်လည်း၊ ကျွန်မတို့က ဘုရားသခင်ကို မကြာခဏဆိုသကဲ့သို့ လိမ်ညာလှည့်စားနေ ကြဆဲသာ ဖြစ်သည်၊ အလုပ်မပါဘဲ အပြောနှင့်သာ အစေခံနေကြဆဲ ဖြစ်သည် မိမိကိုယ်ကိုယ်သာ အမှန်ထင်ခြင်းများ၊ မိမိကိုယ်ကိုယ်သာ ဂရုစိုက်ခြင်းများ၊ ကြွားဝါခြင်းများ ရှိနေဆဲဖြစ်သည်။ နောက်ဆုံးတွင် ကျွန်မတို့ နားလည်သွားကြသည်။ ကျွန်မတို့အားထုတ်ခြင်းများ၊ ကြိုးစားပေးဆပ်ခြင်းများက တကယ်တော့ ကောင်းချီးမင်္ဂလာ ရဖို့၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ဆုလာဘ်ကို ရဖို့သက်သက်ဖြစ်သည်။ ၎င်းတို့အားလုံးက ဘုရားသခင်နှင့်အပေးအယူလုပ်ခြင်း သာဖြစ်သည်။ ဤအရာက မည်သို့ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုဖြစ် မည်နည်း။ ဘုရားသခင်ကို ချစ်မြတ်နိုးခြင်းကို ထုတ်ဖော်ပြသခြင်း ပို၍ပင်မဖြစ်နိုင်ပါ။ သို့ရာတွင် ကျွန်မတို့က ဘုရားသခင်ကို အချစ်တတ်ဆုံး၊ ကျိုးနွံနာခံမှု အရှိဆုံးဆိုပြီး အရှက်မရှိပဲ ပြောကြသေးသည်။ ဤသည်မှာ အမှန်ကို အဓိပ္ပါယ်ကင်းမဲ့လှသည်၊ ဘုရားသခင်အကြောင်း လုံးဝ မသိခြင်း ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖွင့်ပြခြင်းနှင့် တရားစီခြင်းပြုရာမှာ ဘုရားသခင်က အရာတိုင်းကို ထိုးထွင်းသိမြင်ခြင်းကို ကျွန်မတို့တွေ့ရသည်၊ ဘုရားသခင်၏ အတိုင်းထက်အလွန်မြင့်မြတ်ပြီးဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်မတို့ခံစားရသည့်အခါ စိတ်နှလုံးထဲမှာ ကြောက်ရွံ့တုန်လှုပ်ပြီး၊ သူ၏ စိတ်သဘောထားက စော်ကားခြင်းမပြုနိုင်ဟု ခံစားရသည်။ ကျွန်မတို့က စာတန်လို ဆိုးရွားကြသော်လည်း၊ ဘုရားသခင်ကိုမြင်ဖို့ ရှက်ကြပြီး၊ သူ့၏ရှေ့တော်မှာအသက်ရှင်ဖို့မထိုက်တန်ဟု ခံစားရသည်၊ ပြီးနောက် ကျွန်မတို့မြေကြီးပေါ်ပြုတ်ကျပြီး နောင်တတရားများနေငိုကြွေးလျက်၊ မိမိကိုယ်ကိုယ်ပင် ကျိန်ဆဲကာ ကိုယ့်ပါးကိုပြန်ရိုက်ကြသည်။ ထိုအချိန်ကျမှသာ ကျွန်မတို့က နေ့စဉ်နှင့်အမျှ စာတန်၏ စိတ်သဘောထားနှင့် နေထိုင်နေကြကြောင်း၊ လူသားကဲ့သို့ လုံးဝ မနေထိုင်ခဲ့ရသေးကြောင်း၊ လူသားဆိုသည့် နာမည်နှင့်ပင် မထိုက်တန်ကြောင်းကို မြင်တွေ့လာရသည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှု၊ စစ်ဆေးခြင်းများသာမက ပြုပြင်ခြင်း၊ ရိုက်နှက်ဆုံးမခြင်းများကို ကြုံတွေ့ရမှသာ၊ သမ္မာတရားတချို့ကို တဖြည်းဖြည်းနားလည်လာပြီး၊ ကျွန်မတို့၏ ဖောက်ပြန်ခြင်း အဖြစ်မှန်ကို စစ်မှန်စွာ မြင်လာကြသည်။ ထိုအချိန်ကျမှ ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုတချို့ ရှိလာပြီး၊ နောက်ဆုံးမှာ ဘုရားသခင်ကို စပြီးရိုသေလေးစားလာသည်။ ကျွန်မတို့၏စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျိုးနွံနာခံလာကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏လမ်းကြောင်းအမှန်ကို ဝင်ရောက်ခြင်းဖြစ်ပါသည်။ ၎င်းတို့အားလုံးက ဘုရားသခင်မှ တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရခြင်း၏ရလဒ် ဖြစ်ပါသည်။ ဘုရားသခင်နှုတ်ကပတ်တော်များ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသာ မရှိခဲ့ပါက၊ စာတန်ကြောင့် နက်နက်ရှိုင်းရှိုင်း ပျက်စီးနေသည့် ကျွန်မတို့၏ပုံရိပ်မှန်ကို မည်သည့်အခါမျှ မြင်မိကြမည်မဟုတ်ပါ။ ဘုရားသခင်ကိုတွန်းလှန်သည့် ကျွန်မတို့၏ အပြစ်ရင်းမြစ်ကိုလည်း မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပါ။ ထိုထက်ဆိုးသည်မှာ ဘုရားသခင်ကို စစ်မှန်စွာနာခံလာဖို့အတွက် ကျွန်မတို့ကို ချုပ်နှောင်ထားသည့် အပြစ်တရားများကနေ လွတ်မြောက်အောင် မည်သို့လုပ်ရမည်ကို မသိနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တင်းကျပ်သည့် တရားစီရင်မှုကြောင့်သာ မဟုတ်ပါက၊ ဖြောင့်မတ်ပြီး၊ တန်ခိုးအာနုဘော် ပြည့်ဝသည့် ချိုးဖျက်မရနိုင်သည့် ကိုယ်တော့် စိတ်သဘောထားကို ကျွန်မတို့ သိနိုင်မည်မဟုတ်ပါ။ ထိုကဲ့သို့ပင် ဘုရားသခင်ကို ကြောက်ရွံ့တတ်သည့် စိတ်နှလုံးကို မွေးမြူနိုင်မည် မဟုတ်သကဲ့သို့၊ မကောင်းမှုကို ရှောင်ကြဉ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့တတ်သူတစ်ဦးလည်း ဖြစ်လာနိုင်မည်မဟုတ်ပါ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိကို မခံယူခဲ့ပါက၊ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်း အမှုတော်ကို မည်သူလုပ်နိုင်မည်နည်း။ ဘုရားသခင်၏ သန့်ရှင်းဖြောင့်မတ်ပြီး ချိုးဖျက်မရနိုင်သည့် စိတ်သဘောထားကို လူများဆီ မည်သူက ပြဆိုနိုင်မည်နည်း။ ဘုရားသခင်က လူ့ဇာတိကိုမခံယူခဲ့ပါက၊ ကျွန်မတို့ကို တရားစီရင်ပြီး သန့်စင်ပေး နိုင်မည့်အပြင်၊ အပြစ်တရားမှာ ဆိုးဆိုးဝါးဝါးပျက်စီးနေသည့် ကျွန်မတို့ကို ကယ်တင်ပေးနိုင်လောက်သည့် ဘုန်းတန်ခိုးနှင့် အာဏာစက်မျိုးက မည်သူ့စကားများမှာ ပါရှိမည်နည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် အမှုတော်က ဘုရားသခင်ဖြစ်ခြင်းဆိုသည့် ဂုဏ်ဒြပ်အဆင့်အတန်းနှင့် လက္ခဏာကို ပြပါသည်။ သူက ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ တစ်ပါးတည်းသော ဘုရားသခင်၏ပေါ်ထွန်းခြင်းဖြစ်ကြောင်း ပြသပါသည်။ ကျွန်မတို့က အနန္တတန်ခိုးရှင်ဘုရားသခင်၏မိန့်ဆိုချက်ထဲမှာ ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုခဲ့ကြသကဲ့သို့ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကိုလည်း မြင်လိုက်ကြပါပြီ။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခင်က:မေးခွန်း ၂၉- ပြီးခဲ့သည့် အနှစ်နှစ်ထောင်ကြာ လူသား၏ သခင့်အပေါ် ယုံကြည်မှုသည် ကျမ်းစာပေါ် အခြေပြုခဲ့ပြီး၊ သခင်ယေရှု၏ ကြွလာခြင်းက ဓမ္မဟောင်းကျမ်းကို ငြင်းဆိုခြင်း မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြသူတိုင်းသည် သူ၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာကျမ်းစာကို ဖတ်ခဲကြလိမ့်မည်။ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်၊ လူတစ်ဦး၌ ရှိသင့်သည့် သမ္မာကျမ်းစာကို မှန်ကန်သည့် ချည်းကပ်မှု အတိအကျမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းကို မည်သို့ အသုံးပြုသင့်သနည်း။ ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ရန်အလို့ငှာ လူတစ်ဦးသည် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို မည်သည့်အရာအပေါ် အခြေပြုသင့်သနည်း။

နောက်တစ်ခုသို့:မေးခွန်း ၃၁- နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ တကယ့်နှုတ်တော်မှ မိန့်မြွက်ချက်များဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ထိုအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရသည့် တစ်စုံတစ်ဦး၏ စကားများဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထို့ကြောင့်၊ ကျွန်ုပ်ရှာဖွေချင်သည့်အရာမှာ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်အတူ တစ်စုံတစ်ဦး ပြောဆိုသည့် စကားများကြားက ကွဲပြားခြားနားချက်မှာ အတိအကျ မည်သည့်အရာနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ