အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၈။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို မည်သို့ ပြပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်၏ စိတ်သဘော ထားပြောင်းလဲနိုင်ခြင်းရှိ၊ မရှိသည် သင်မှ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကို ထိန်းသိမ်းနိုင်မှုနှင့် စစ်မှန်သောနားလည်မှုရှိ၊ မရှိတို့ပေါ်တွင် မူတည်သည်။ ဤအရာသည် ယခင်သင်တို့နားလည်ထားသည်နှင့် ခြားနားသည်။ ယခင် သင်နားလည်ထားသော စိတ်သဘောထားပြောင်းလဲခြင်းဆိုသည်မှာ၊ သူတစ်ပါးအပေါ်တွင် အလွယ်တကူဝေဖန်တတ်သော သင်သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကြောင့် စကားကို သတိလက်လွတ်မပြောတော့ခြင်းဖြစ်သည်။ သို့သော် ဤအရာသည် ပြောင်းလဲခြင်း၏ ကဏ္ဍတစ်ခုမျှသာ ဖြစ်ကာ ယခု အရေးအကြီးဆုံးအပိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ပြောသည့် အရာတိုင်းကို လိုက်လျှောက်ရမည်။ သင်သည် သူပြောသည့်အရာတိုင်းကို နာခံရမည်။ လူတို့သည် မိမိတို့၏ စိတ်သဘောထားများကို မိမိတို့ဘာသာမိမိတို့ မပြောင်းလဲနိုင်ကြပေ။ ဘုရားသခင် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်နှုတ်ကပတ်တော်၏ ကိုင်တွယ်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကိုလည်း ခံရမည်ဖြစ်သည်။ ထို့နောက်မှသာ ထိုသူတို့သည် ဘုရားသခင်ကို လှည့်ဖြားရန် မကြိုးစား၊ ပေါ့ပေါ့ဆဆ ဝတ်ကျေတမ်းကျေ သဘောထားမည် မဟုတ်ဘဲ နာခံမှုရှိကာ ကိုးကွယ်ဆည်းကပ်မည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ စစ်ဆေးမှုအားဖြင့်သာ စိတ်သဘောထားပြောင်းလဲမှုများ ဖြစ်ပေါ်သည်။ နှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ကိုင်တွယ်ခြင်းများကို ကြုံဖူးသည့်သူများသာ မဆင်မခြင်လုပ်ဆောင်ခြင်း မရှိတော့ဘဲ တည်ငြိမ်ကာ ဣန္ဒြေရလာကြမည်။ အရေးကြီးဆုံးအချက်မှာ ထိုသူတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို ကျိုးနွံနာခံလာနိုင်ကြပြီး နာခံကြခြင်းဖြစ်ကာ ထိုအရာသည် လူသားများ၏ သဘောထားများနှင့် ကွဲလွဲနေသော်မှ ၎င်းတို့သည် ဤသဘောထားများကို ဘေးဖယ်ထားနိုင်စွမ်းနှင့် မိမိဆန္ဒအလျောက် ကျိုးနွံနာခံနိုင်စွမ်းရှိကြသည်။ ယခင်အချိန်များတွင် စိတ်သဘောထား၏ ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင်၊ မိမိကိုယ် မိမိစွန့်ပယ်ခြင်း၊ ဇာတိပကတိကို ဒုက္ခခံစေခြင်း၊ မိမိတို့ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်း၊ ဇာတိပကတိ၏လိုလားမှုများကို ပထုတ်ခြင်းများကို အဓိကထားသည်ကို တွေ့ရသည်။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းကို အမှန်တကယ်ဖေါ်ပြသည့်အရာမှာ ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် သူ၏အလုပ်အသစ်များကို အမှန်တကယ် နားလည်သဘောပေါက်နိုင်ခြင်းဖြစ်ကြောင်း လူတို့ ယခုသိကြပြီဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် သူတို့၏ကိုယ်ပိုင်အယူအဆများက လွှမ်းမိုးထားခဲ့သည့် သူတို့၏ ယခင်ကဘုရားသခင်အားနားလည်ခြင်းကို ပစ်ပယ်လိုက်နိုင်မည်ဖြစ်ပြီး သူ့အပေါ် စစ်မှန်သောနားလည်ခြင်းနှင့် နာခံခြင်းကို ရယူနိုင်မည် ဖြစ်သည်။ ဤအရာသည်သာ စိတ်သဘောထားပြောင်းလဲခြင်းကို အမှန်တကယ်ဖော်ပြသောအရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စိတ်သဘောထားပြောင်းလဲသွားသောသူများသည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခဲ့ပြီးသောသူများဖြစ်သည်” မှ

လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ လူတို့၏ စိတ်အားသန်မှုသည် ၎င်းတို့ကို သြဝါဒနှင့် စည်းမျဉ်းကို လိုက်နာ လက်ခံနိုင်စေရုံသာဖြစ်သည်၊ သမ္မာတရား မရှိသောလူများသည် အခြေအမြစ်ရှိသော ပြဿနာများကို ဖြေရှင်းရန် နည်းလမ်း မရှိကြဘဲ သမ္မာတရားကို သြဝါဒဖြင့် အစားမထိုနိုင်ပေ။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသောသူများမှာ ကွဲပြားသည်။ ၎င်းတို့အတွင်း၌ သမ္မာတရားရှိသည်၊ ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်မိကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို စွန့်ပယ်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို ဖော်ပြပုံပင် ဖြစ်သည်။ စိတ်သဘောထား အပြောင်းအလဲ နှင့်ပတ်သက်သည့် အဓိကအရာမှာ ၎င်းတို့အတွင်း၌ သမ္မာတရား ရှိခြင်းနှင့် ၎င်းကို လုံးလုံးလျားလျား နားလည်ခြင်းပင် ဖြစ်သည်၊ ထို့အပြင် အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းမှာ မကြာခဏ ထုတ်ဖော်ခြင်း မခံရပေ။ ယေဘုယျအားဖြင့် စိတ်သဘောထား ပြောင်းလဲပြီးသောသူ တစ်စုံတစ်ဦးသည် အတော်အတန် ဆင်ခြင်တုံတရားရှိ၍ မြော်မြင်တတ်သည်ဟု ထင်ရပြီး သမ္မာတရားကို ၎င်းတို့ နားလည်ခြင်း၏ ရလဒ်ကြောင့် မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟုထင်ခြင်းနှင့် မာနထောင်လွှားခြင်းမှာ များစွာ ထုတ်ဖော်ခံရခြင်း မရှိပေ။ ၎င်းတို့သည် အရာခပ်သိမ်းကို ရှင်းလင်းစွာ မြင်နိုင်သဖြင့် ဤ ရှင်းလင်းမှုကို ရပြီးနောက်တွင် မာနထောင်လွှားလာခြင်း မရှိကြပေ။ လူသား၏ နေရာမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ကျိုးကြောင်းဆီလျော်စွာ မည်ကဲ့သို့ ပြုမူပုံ၊ မည်ကဲ့သို့ တာဝန်သိတတ်ပုံ၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ကို သာမက မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်ကဲ့သို့ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ဤအကြောင်းကြောင့် ဤကဲ့သို့သော လူများမှာ အတော်အတန် ဆင်ခြင်တုံတရားရှိသည်ဟု ဆိုထားခြင်း ဖြစ်သည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်း ရှိသောသူများသည် လူသားတစ်ဦး ပုံသဏ္ဌာန်နှင့်အညီ စစ်မှန်စွာ အသက်ရှင်နေထိုင်ပြီး ၎င်းတို့၌ သမ္မာတရား ရှိသည်၊ ၎င်းတို့သည် အခြားသူများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ။ စိတ်သဘောထား အပြောင်းအလဲ ရှိပြီးသော သူများမှာ ပို၍ တည်ကြည်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ မည်သည့် အခြေအနေထဲတွင် ၎င်းတို့ ရှိနေပါစေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မှန်ကန်စွာ မည်ကဲ့သို့ ထမ်းဆောင်ပြီး ဘုရားသခင် ကျေနပ်စေရန် အမှုအရာများကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိကြသည်။ စိတ်သဘောထားများကို ပြောင်းလဲပြီးသောသူများသည် အပေါ်ယံအဆင့်တစ်ခုတွင် ၎င်းတို့ကိုယ်ကိုယ် ကြည့်ကောင်းစေရန် မည်သည့်အရာများကို လုပ်မည့်အပေါ် အာရုံမပြုပေ၊ ဘုရားသခင် ကျေနပ်စေရန် မည်သည့်အရာကို ပြုရမည်နှင့်ပတ်သက်၍ ၎င်းတို့၏ အတွင်း၌ ရှင်းလင်းမှု ရှိကြသည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်ပါဝင်စားသည် သို့မဟုတ် ၎င်းတို့သည် အလွန်ကြီးမားသော အရာတစ်စုံတစ်ခုကို ပြုပြီးခဲ့သည်ဟု ထင်ချင်မှထင်ရသော်လည်း ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ရှိသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား အမြောက်အမြား ရှိသည်မှာ သေချာသည်၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ ၎င်းတို့၏ အခြေခံသဘောတရားများအားဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရား မရှိသောသူများသည် စိတ်သဘောထား ပြောင်းလဲပြီးခြင်း လုံးဝ မရှိသေးပေ။ ၎င်းမှာ လူ့သဘာဝ၌ ရင့်ကျက်သောသူတစ်စုံတစ်ဦးသည် စိတ်သဘောထား ပြောင်းလဲခြင်း သေချာပေါက် ရှိလိမ့်မည်ဟု ဆိုခြင်းမဟုတ်ပေ၊ ၎င်းမှာ ဘုရားသခင်အကြောင်း ၎င်းတို့၏ သိခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းကြောင့် လူတစ်ဦး၏ သဘာဝအတွင်း စာတန်နှင့်ဆိုင်သော အဆိပ်အတောက်အချို့ ပြောင်းလဲသောအချိန်ကို အဓိကအားဖြင့် ရည်ညွှန်းသည်။ တစ်နည်းအားဖြင့်ဆိုသော် ထိုအဆိပ်အတောက်များမှာ သန့်စင်ခြင်းကို ခံရ၍ ဘုရားသခင် ဖော်ပြသော သမ္မာတရားမှာ ထိုလူအတွင်း၌ အမြစ်တွယ်ကာ သူ၏ အသက်နှင့် သူ၏ ဖြစ်တည်ခြင်းအတွက် အုတ်မြစ် ဖြစ်လာခြင်း ဖြစ်သည်။ ထိုအခါမှသာ သူသည် အသစ်သောလူတစ်ဦး ဖြစ်လာသဖြင့် သူ၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်း ဆိုသည်မှာ လူတို့၏ အပြင်ပန်း စိတ်သဘောထား ယခင်ကထက် ပို၍ သည်းညည်းခံတတ်ခြင်း၊ ၎င်းတို့သည် မာနထောင်လွှားခဲ့ဖူးကြသော်လည်း ယခုအခါ ၎င်းတို့၏ စကားလုံးများမှာ ကျိုးကြောင်းဆီလျော်ခြင်း၊ ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ အခြားသူများကို နားထောင်နိုင်ခြင်းစသည်တို့ကို မဆိုလိုပေ၊ ဤ အပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထား အပြောင်းအလဲများတွင် ဤအခြေအနေများ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အဓိကအကျဆုံးအရာမှာ ၎င်းတို့၏အတွင်းအသက်တာ ပြောင်းလဲပြီးခြင်းပင် ဖြစ်သည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရသည်၊ ၎င်းတို့၏ အမြင် လုံးလုံးလျားလျား ပြောင်းလဲပြီးခြင်းနှင့် ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် တူညီခြင်း မရှိပေ။ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ရှင်းလင်းစွာ မြင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲခဲ့ကြသည်၊ ဤသည်မှာ အခြေခံအကျဆုံး အပြောင်းအလဲဖြစ်ပြီး စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

စိတ်သဘောထားအတွင်း ပြောင်းလဲမှုများတွင် ဝိသေသလက္ခဏာတစ်ခုရှိသည်။ ၎င်းမှာ သမ္မာတရားကို လက်ခံနိုင်ခြင်းနှင့် မှန်သောအရာများနှင့် သမ္မာတရားနှင့်ညီသော အရာများကို နာခံနိုင်ခြင်း ဖြစ်၏။ သင့်ကို မည်သူက အကြံဉာဏ်များပေးပါစေ၊ သူတို့မှာ အသက်ငယ်ရွယ်သည်ဖြစ်စေ အိုမင်းသည်ဖြစ်စေ၊ သင်နှင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ၊ သင်တို့ကြားတွင် အာဃာတများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့သည် မှန်ကန်ပြီး သမ္မာတရားနှင့်ညီကာ ဘုရားသခင့်မိသားစု၏ အလုပ်အတွက် အကျိုးရှိသည့် အရာတစ်စုံတစ်ခုကို ပြောသရွေ့ သင်သည် ယင်းကို ခံယူပြီး လက်ခံနိုင်ကာ အခြားသော မည်သည့်အကြောင်းရင်းများ၏ ထိခိုက်လွှမ်းမိုးမှုကို မခံရနိုင်ပေ။ ဤသည်မှာ ထိုဝိသေသလက္ခဏာ၏ ပထမရှုထောင့် ဖြစ်၏။ အခြားရှုထောင့်မှာ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိခြင်းဖြစ်၏။ ဥပမာအားဖြင့် သင်သည် မည်သူမျှ နားမလည်နိုင်သည့် အသစ်သော ပြဿနာတစ်ခုကို ကြုံတွေ့ရပါက သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ထိုအကြောင်းကိစ္စကို သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီစေရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရန် ဘာလုပ်သင့်သည်ကို သိမြင်နိုင်၏။ သို့သော်လည်း အခြားရှုထောင့်မှာ ဘုရားသခင်၏အလိုတော်အား အရေးထားနိုင်သောစွမ်းရည်ကို ရရှိခြင်းဖြစ်၏။ ကိုယ်တော်၏အလိုတော်ကို သင် မည်ကဲ့သို့ အရေးထားသင့်သည်မှာ မည်သည့်တာဝန်ကို သင် ဆောင်ရွက်နေခြင်းနှင့် သင်၏တာဝန်၌ သင့်အပေါ် ဘုရားသခင် မည်သည့်သတ်မှတ်ချက်များ ထားရှိခြင်းအပေါ်၌ မူတည်ပေသည်။ ဤအခြေခံသဘောတရားကို သင် မလွတ်တမ်းအသုံးချရမည်- ဘုရားသခင် သတ်မှတ်သည့်အတိုင်း သင်၏တာဝန်ကို လုပ်ဆောင်လော့၊ ထို့ပြင် ဘုရားသခင်ကို ကျေနပ်စေရန် ယင်းကို လုပ်ဆောင်လော့။ ဘုရားသခင်၏ အလိုတော်နှင့် သင့်တာဝန်၏ လိုလားသောရလဒ်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သင် နားလည်ရမည်ဖြစ်ပြီး တာဝန်ရှိမှုနှင့် သစ္စာစောင့်သိမှုဖြင့် ပြုမူဆောင်ရွက်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအားလုံးမှာ ဘုရားသခင်၏အလိုတော်ကို အရေးထားခြင်း နည်းလမ်းများပင်ဖြစ်၏။ သင်ပြုလုပ်နေသော ထိုအရာတွင် ဘုရားသခင်၏အလိုတော်အား မည်ကဲ့သို့ အရေးထားရမည်ကို သင်မသိပါက ၎င်းကို ပြီးမြောက်စေရန်နှင့် သူ့ကိုကျေနပ်စေရန်အလို့ငှာ ရှာဖွေမှုအနည်းငယ် သင်လုပ်ရမည်။ ဤအခြေခံသဘောတရား သုံးခုကို သင်တို့ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့အားဖြင့် သင် တကယ် အသက်ရှင်နေသည့် လမ်းများကို အကဲဖြတ်နိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်လျှင်၊ အရေးကိစ္စများကို ကိုယ်ကျင့်တရားကောင်းသော ပုံစုံတစ်ခုဖြင့် သင် ကိုင်တွယ်နေလိမ့်မည်ဖြစ်သည်။ မည်သည့်အရာကို သင် ကြုံရပါစေ၊ မည်သည့် ပြဿနာများကို သင် ကိုင်တွယ်ဖြေရှင်းဖို့ ရှိပါစေ၊ မည်သည့် အခြေခံသဘောတရားများဖြင့် သင် လက်တွေ့လုပ်ဆောင်နေသင့်သည်၊ ဤအရာများအသီးသီးက မည်သည့် အသေးစိတ်အချက်အလက်များ ပါဝင်သည်ဆိုသည်နှင့် ဤအခြေခံသဘောတရားများကို သင် ချိုးဖောက်မိမနေဖို့ ၎င်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်တို့ကို သင် အမြဲရှာဖွေရမည်။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း နားလည်သည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို သင် အလိုအလျောက် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်” မှ

ယခင်က:စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းဆိုသည်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ကောင်းသော အပြုအမူတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ