အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅၅၁ ဘုရားသခင်ကို သင်မည်သို့ဆက်ဆံသနည်းကျူး

ငါသင်တို့ကိုတောင်းဆိုသောအရာများ များလွန်းနေ၏၊ သို့မဟုတ် ငါသည် သင်တို့ကို အမှားမှားအယွင်းယွင်း စွပ်စွဲနေသည်ဟု သင်တို့ ထင်ကောင်းထင်လိမ့်မည်၊ သို့သော် သင်တို့မိသားစုများနှင့် ပျော်ရွှင်စွာ အချိန်ကုန်လွန်နေသည့်အချိန်၌ ငါ့ကို လုံးဝမေ့နေကြသည်၊ သင်တို့သည် ငါ့ကို တစ်ခါမျှ သစ္စာမစောင့်သိခဲ့ ဆိုသည့်အချက်ကို သင်တို့ စဉ်းစားမိကြ၏လော။ ဤကဲ့သို့သော အချိန်များ၌ သင်တို့ မနာကျင်ကြသလော။ သင်တို့၏ အားထုတ်မှုများအတွက် ငွေပေးချေမှုကို လက်ခံရရှိ၍ သင်တို့၏ နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေသောအခါ သင်တို့သည် မိမိတို့ကိုယ်မိမိ လုံလောက်သော သမ္မာတရားနှင့် ဖြည့်ဆည်းမထားသည်ကို အားမငယ်သလော။ ငါ၏ထောက်ခံချက်မရသဖြင့် သင်တို့သည် မည်သည့်အချိန်က ငိုကြွေးခဲ့ကြဖူးသနည်း။ သင်တို့၏ သားများ၊ သမီးများအတွက် သင်တို့ ဦးနှောက်အခြောက်ခံ၊ ဒုက္ခအကြီးအကျယ်ခံနေရသော်လည်း သင်တို့သည် အားမရနိုင်သေး၊ သူတို့အတွက် သင်တို့၏ ကြိုးစားမှုက မလုံလောက်သေး၊ သင်တို့၏လုံ့လအားလုံး မပေးအပ် မမြှုပ်နှံရသေးဟု သင်တို့ ယုံကြည်နေကြ၏။ သို့သော် ငါ့ကိုမူ သင်တို့သည် အမြဲတမ်း မေ့လျော့ပေါ့ဆ၍ ဂရုမစိုက်ဘဲ နေကြသည်၊ ငါ့ကို သင်တို့၏ မှတ်ဉာဏ်များထဲ၌သာထားပြီး သင်တို့၏ နှလုံးသားထဲ၌ကား ငါ့ကို ကြာရှည် တည်နေစေခြင်းမရှိ။ သင်တို့အပေါ်ထားသော ငါ၏ ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လများကို သင်တို့က အမြဲတမ်း မခံစားကြဘဲ နားလည်အောင်လည်း သင်တို့ မည်သည့်အခါမျှ မကြိုးစားခဲ့ကြ။ သင်တို့သည် အတိုချုံးသာ နှိုင်းဆဆင်ခြင်ကြပြီး ထိုအရာမှာ လုံလောက်ပြီဟု ယုံကြည်ကြသည်။ ဤသို့သော “သစ္စာစောင့်သိမှု” မျိုးမှာ ကြာမြင့်စွာ ငါတောင့်တခဲ့သော အရာ မဟုတ်သည်သာမကဘဲ ငါ့အတွက် ကြာမြင့်စွာကတည်းက အော့နှလုံးနာစရာဖြစ်နေခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်မည်သူ့ကို သစ္စာစောင့်သိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရားသခင်၌ လူ၏ယုံကြည်ခြင်းမှာ သည်းမခံနိုင်လောက်အောင်ပင် ဆိုးရွား၏ကျူး

နောက်တစ်ခုသို့:လူတို့သည် ဤခဏတာကာလအတွင်း ၎င်းတို့၏ ဇာတိပကတိကို ဘေးဖယ်ထားနိုင်စွမ်း မရှိကြသလောကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ