အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၁၂- သခင် ပြန်ကြွလာပြီဖြစ်ပြီး နောက်ဆုံးသောကာလတွင် ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်။ ဤသည်မှာ ဗျာဒိတ်ကျမ်းထဲက ကြီးမြတ်သော ပလ္လင်ဖြူ တရားစီရင်ခြင်းနှင့် မတူကွဲပြားပုံရလေသည်။ ဘာသာရေးအသိုင်းအဝိုင်းထဲက လူအများစုက ကြီးမြတ်သော ပလ္လင်ဖြူ တရားစီရင်ခြင်းသည် နတ်ဆိုး စာတန်နှင့် သက်ဆိုင်သည့် မယုံကြည်သူများကို ပစ်မှတ်ထားသည်ဟု ယုံကြည်ကြသည်။ သခင် ကြွလာသည့်အခါ၊ ယုံကြည်သူများသည် ကောင်းကင်သို့ ချီဆောင်ူခံရမည်ဖြစ်ပြီးနောက်၊ မယုံကြည်သူများကို ဖျက်ဆီးရန် ကပ်ဘေးများကို သူ စေလွှတ်ပါလိမ့်မည်။ ယင်းမှာ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်း ဖြစ်သည်။ သင်တို့က ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အစပြုသည်ကို သက်သေခံသည်၊ သို့သော်၊ ဘုရားသခင်က မယုံကြည်သူများကို ဖျက်ဆီးဖို့ ကပ်ဘေးများတစ်ခုတစ်လေ ယူဆောင်လာသည်ကို ကျွန်ုပ်တို့ မမြင်ရသေးပါ။ သို့ဆိုလျှင်၊ ယင်းက ကြီးမြတ်သော ပလ္လင်ဖြူ တရားစီရင်ခြင်း မည်သို့ဖြစ်နိုင်မည်နည်း။

အဖြေ-

ကျမ်းစာကိုအမှန်တကယ် နားလည်သည့် သူတိုင်းက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုထားသည့် ပလ္လင်ဖြူကြီး၏ စီရင်ခြင်းဆိုသည်မှာ နောက်ဆုံးသောကာလမှာ ဘုရားသခင့်စီရင်ခြင်း ၏ ရူပါရုံ ဖြစ်သည်ကို သိကြပါသည်။ လူဇာတိခံသည့် အနန္တတန်ခိုးရှင်ဘုရားသခင်က ကိုယ်တော်၏ စီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့ သမ္မာတရားကို ဖော်ပြပြီး၊ လူသားများကို ကယ်တင်ခြင်းနှင့် ဆေးကြောခြင်းကို စတင်ခဲ့သည်။ ဤသည်မှာ ပလ္လင်ဖြူကြီးကနေ ကိုယ်တော့်၏စီရင်ခြင်းစတင်ခဲ့ပြီးပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ဤအမှုတော်က ဘုရားသခင်၏ အိမ်တော်ကနေစပါသည်။ ဤနည်းနှင့် ဘုရားသခင်က အောင်မြင်သောသူတစ်စုကို ပြုလုပ်နိုင်သည်။ နောက်ပြီး ဘုရားသခင်က ဆိုးညစ်သည့်လောကကို သုတ်သင်ရှင်းလင်းပြီးသည့်အထိ ကောင်းသောသူကို ဆုလာဘ်ပေးပြီး၊ ဆိုးညစ်သူကို အပြစ်ပေးရင်းနှင့် ကပ်ဘေးဆိုးများ စေလွှတ်လိမ့်မည်။ ကြီးမြတ်သည့် ပလ္လင်ဖြူပေါ်က ဘုရားသခင်၏စီရင်မှုက ပြီးဆုံးမည်ဖြစ်သည်။ ထို့နောက်တွင် ဘုရားသခင်က ပွင့်ပွင့်လင်းလင်း ပေါ်ထွက်လာပြီး၊ ကိုယ်တော်က အသစ်သော ခေတ်ကို အစပြုလိမ့်မည်။ ယခုပင် ကျွန်မတို့ ဤလက္ခဏာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ။ ဘေးအန္တရာယ်ကျရောက်ခြင်း၏ နိမိတ်ဖြစ်သည့် သွေးရောင် လွှမ်းသည့် လလေးလုံးက ထွက်ပေါ်ခဲ့ပြီးပြီ။ ကြီးမားသည့် ဘေးအန္တရာယ်က နီးနေပြီ နောက်ဆုံးမှာ ကြီးမားသည့် ဘေးအန္တရာယ် ကျရောက်လာသည့်အခါ ဘုရားကိုဆန့်ကျင်သည့်သူ ဘုရားကို ဝေဖန်သည့်သူ သို့မဟုတ် ဘုရားကို ဆန့်ကျင်တိုက်ခိုက်သည့် လူတိုင်းအပြင် စာတန်၏ သားသမီးများနှင့် နတ်ဆိုးများက ဘုရားသခင်၏ လက်တော်အားဖြင့် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ယင်းမှာ တကယ့် ပလ္လင်ဖြူကြီးကနေ တရားစီရင်ခြင်းပင် မဟုတ်ပါလား။ ဘုရားသခင်က တိတ်တဆိတ် ရောက်လာခြင်းနှင့် လူပုံအလယ်မှာ ရောက်ရှိခြင်းအတွက် စီစဉ်နေကြောင်းကို ကျမ်းစာ၏ပရောဖက်ပြုချက်ကနေ ကျွန်မတို့မြင်နိုင်ပါသည်။ ကိုယ်တော်လာသည့်အခါမှာ ကိုယ်တော်က သူခိုးကဲ့သို့ ကြွလာမှာ ဖြစ်သည်။ ယင်းမှာ စီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ သမ္မာတရားကို ဖော်ပြဖို့ ဘုရားသခင်က တိတ်တဆိတ် လူ့ဇာတိခံမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကိုယ်တော့်၏ ပထမဆုံးတာဝန်က အောင်မြင်သည့် လူတစ်စုကို ပြုလုပ်ပေးဖို့သာ ဖြစ်သည်။ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” ပရောဖက်ပြုခြင်းကို ပြည့်စုံစေသည်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်စီရင်ခြင်း၏အမှုက ဘုရားသခင် လူ့ဇာတိခံပြီး၊ လူသားအားလုံးကို စီရင်ဖို့နှင့် သမ္မာတရားကို ဖော်ပြဖို့ တိတ်တဆိတ်ကြွလာခဲ့ချိန် ကတည်းက အစပြုခဲ့သည်။ ပထမအဆင့်က ဘုရားသခင်အိမ်တော်က အစပြုသည့်စီရင်ခြင်းကို ပေးဖို့ ဖြစ်သည်။ ဤကဲ့သို့ လုပ်ခြင်းအားဖြင့် ကိုယ်တော့်၏အသံတော်ကိုကြားပြီး၊ ကိုယ်တော့် ရှေ့ကိုလာသည့်လူတိုင်းက ကိုယ်တော့်၏ကယ်တင်ခြင်းနှင့် ဆေးကြောပေးခြင်းကို ခံရကြသည်။ အောင်မြင်သူများလည်း ဖြစ်လာကြလိမ့်မည်။ ထို့နောက် ဘုရားသခင်၏ကြီးမားသည့်အမှုတော် ပြီးမြောက်ပြီး၊ ကြီးမားသည့်ဘေးအန္တရာယ်ဆိုးကြီး စတင်ကျရောက် လာလိမ့်မည်။ ဟောင်းနွမ်းနေသည့်လောကကို အပြစ်ပေးဖို့နှင့် ဖျက်ဆီးဖို့ ကိုယ်တော်က ဘေးဒဏ်များအားလုံးကို အသုံးပြုလိမ့်မည်။ ထိုအချိန်ရောက်ပါက လူသားမျိုးနွယ်အပေါ် ဘုရား၏စီရင်ခြင်းက အရှိန် အဟုန်အမြင့်ဆုံး ဖြစ်လိမ့်မည်။ ဘုရားသခင်က တိမ်များကြားမှာ ရှင်းလင်းစွာပေါ်ထွက်လာသည့် အခါ ကိုယ်တော့်၏ စီရင်ခြင်းက နောက်ဆုံးမှာ ပြီးပြည့်စုံပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့နောက်မှာတော့ ဘုရားသခင်၏နိုင်ငံတော်အသစ်က ပေါ်ထွက်လာလိမ့်မည်။ ယင်းမှာ ကောင်းကင်ကနေဆင်းသက်သည့် ယေရုရှလင်မြို့သစ်ဆိုသည့် ကျမ်းစာ၏ပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဘုရားသခင့်အလုပ်၏ ကဏ္ဍတစ်ရပ်မှာ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ရန်နှင့် ရွေးချယ်ခံလူများကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ရယူရန်ဖြစ်သည်။ နောက်ကဏ္ဍတစ်ရပ်မှာ ပုန်ကန်ခြင်း၏သားများအားလုံးကို ဘေးအန္တရာယ်အမျိုးမျိုးမှတစ်ဆင့် သိမ်းပိုက်ရန်ဖြစ်သည်။ ဤသည်မှာ ကျယ်ပြန့်များပြားသော ဘုရားသခင်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဘုရားသခင်အလိုရှိသော ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော်သည် အပြည့်အဝ အထမြောက်နိုင်မည်ဖြစ်ပြီး ဤသည်မှာ ရွှေစင်ကဲ့သို့သော ဘုရားသခင့်အလုပ်၏ အစိတ်အပိုင်းဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၇” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဘုရား၏နှုတ်ကပတ်တော်ထဲမှာ ကိုယ်တော်လုပ်ဆောင်မည့်် အမှုတော်ကို တကယ်အတိအကျ ပေါင်းစည်းဖော်ပြထားပါသည်။ ယင်းကို ကျွန်မတို့လွယ်လွယ်ကူကူ နားလည်နိုင်သည်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ စီရင်ခြင်းက ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုခဲ့သည့် ပလ္လင်ဖြူကြီးရှေ့က တရားစီရင် ခြင်းပဲဖြစ်သည်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို အခြေတည်ပြီး ကျွန်မတို့ နားလည်သဘောပေါက်နိုင်သည်မှာ အသက်စာစောင်ကိုဖွင့်ခြင်းနှင့် လူသေများကိုစီရင်သည့် စာစောင်ကို ဖွင့်ခြင်းအကြောင်းများ ဖြစ်ပါသည်။ သင်တို့သဘောကျမည်ဆိုပါက ကျွန်မတို့ရှင်းပြမည်။ လူသေများကိုစီရင်သည့် စာစောင်ကိုဖွင့်ခြင်း ဆိုသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူများနှင့် ဘုရားသခင်ကိုငြင်းပယ်ဖို့ ကြိုးစားသည့် လူများအားလုံးနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ရည်ညွှန်းပါသည်။ ရလဒ်အနေနှင့် သူတို့ကိုယ်တိုင် ရှုတ်ချခြင်းခံရမည်။ ပြစ်ဒဏ်ပေးခံရပြီး ပျက်ဆီးကြရမည်။ အသက်စာစောင်ကိုဖွင့်ခြင်းဆိုသည်မှာ ဘုရားသခင်၏ အိမ်တော်မှာ စီရင်ခြင်း အစပြုသည်ကို ရည်ညွှန်းသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည့် နောက်ဆုံးသောကာလ၏ ခရစ်တော် က ကိုယ်တော့်၏ပလ္လင်တော်ရှေ့ကို လာသည့်လူတိုင်းကို ဆေးကြောခြင်းနှင့် စီရင်ခြင်းပြုဖို့ သမ္မာတရားကို ဖော်ပြပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏စီရင်ခြင်းကို လက်ခံသည့် ရွေးချယ်ခံ လူများက ကိုယ်တော့်ထံကို ချီဆောင်ခြင်းခံရပြီး၊ ဘုရားသခင်၏ စီရင်ခြင်း ဆေးကြောပေးခြင်းနှင့် စစ်မှန်သည့် ကယ်တင်ခြင်းကို ပေးသနားခံရလိမ့်မည်။ ဘုရားသခင်အိမ်တော်မှာ အစပြုသည့် စီရင်ခြင်းဆိုသည်မှာ ဘေးဒဏ်များ မကျရောက်မီ ဤလူတစ်စုကို ပြီးပြည့်စုံစေဖို့ ဖြစ်သည်။ ဤလူတစ်စုသာလျှင် အသိပညာရှိသည့် အပျိုကညာဟုခေါ်ဖို့ ထိုက်တန် ပြီး သူတို့၏နာမည်များက အသက်စာစောင်မှာ ရေးမှတ်ထား မည်မှာ သေချာသည်။ သူတို့က ဗျာဒိတ်ကျမ်းထဲက အောင်မြင်သောသူ ၁၄၄ဝဝဝ ဖြစ်သည်။ နောက်ဆုံးမှာ သူတို့က ကောင်းကင်နိုင်ငံတော်ကို ဝင်သွားပြီး ထာဝရ အသက်ကို အမွေခံရလိမ့်မည်။ ယင်းမှာ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ အငယ် ၁-၅ ပရောဖက်ပြု ချက်ကို ပြည့်စုံစေခြင်း ဖြစ်သည်။ “ထိုနောက်မှ ငါကြည့်လျှင် ၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏ နာမနှင့် ခမည်း တော်၏ နာမကိုနဖူး၌ အက္ခရာတင်သောသူ တသိန်းလေးသောင်း လေးထောင်လည်း သူနှင့်အတူ ရှိကြ၏။ သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံ ကဲ့သို့ဖြစ်၏။ ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သောသီချင်းကိုဆိုကြ၏။ မြေကြီးမှ ရွေးနုတ်သောသူ တစ်သိန်းလေးသောင်းလေးထောင်မှတစ်ပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။ ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်သည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာ ၁၄:၁-၅)

အနန္တတန်ခိုးရှင်ဘုရားသခင်က စီရင်ခြင်းအမှုကို လုပ်ဆောင်သည့်အခါ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားသကဲ့သို့ ဘုရားသခင်က ပလ္လင်ဖြူကြီးမှာ ထိုင်နေစဉ် စီရင်လိမ့်မည် ဆိုသည့် ဗျာဒိတ်ကို ပြီးမြောက်ပြည့်စုံစေလိမ့်မည်။ ပလ္လင်ဖြူကြီးဆိုသည်မှာ ဘုရားသခင်၏ အခွင့်အာဏာတော်ကို ပြောခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရား၏အခွင့်အာဏာတော်ကို ကျွန်မတို့ မည်သို့ သိနိုင်မည်နည်း။ ကျွန်မတို့အားလုံးသိကြသည့်အတိုင်း ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို သူ့၏နှုတ်ကပတ်တော်နှင့် ဖန်ဆင်းခဲ့ပါသည်။ ကျွန်မတို့ကို လမ်းညွှန်ပေးဖို့၊ ဆေးကြောပေးဖို့၊ ကယ်တင်ဖို့အတွက်နှင့် အလုံးစုံကိုပြီးပြည့်စုံစေဖို့ သူက နှုတ်ကပတ်တော်ကို အသုံးပြုပါသည်။ ဘုရားသခင်၏ကိုယ်ပိုင် စကားတော်က သူ့၏သြဇာအာဏာကို ကိုယ်စားပြုနေပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “ငါပြောလျှင် ပြောသည့်အတိုင်းဖြစ်လိမ့်မည်။ ငါအမိန့်ပေးလျှင် အမိန့်သည် မြဲမြံစွာတည်လိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “ငါမိန့်ကြားခဲ့သည်များကို အလေးထား လိုက်နာဆောင်ရွက်ရမည်၊ အလေးထား လိုက်နာဆောင်ရွက်သည်များကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်၊ ၄င်းတို့အား တစ်စုံတစ်ယောက်က ပြောင်းလဲပစ်ခြင်း မဖြစ်စေရ၊ ၄င်းတို့မှာ အကြွင်းမဲ့ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်က နှုတ်ကပတ်တော်အားဖြင့် လုပ်ဆောင်သော အမှုတော်ဖြစ်သည်။ စကြဝဠာနှင့် လူသားမျိုးနွယ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ သူက နှုတ်ကပတ်တော်ကိုသာ အသုံးပြုသည်။ ဘုရားသခင်က လူသားများကို လမ်းညွှန်မှုပေးဖို့၊ ထောက်ပံ့ မစဖို့အတွက် နှုတ်ကပတ်တော်ကို အသုံးပြုပါသည်။ နောက်ဆုံးသော ကာလမှာ သူက လောကကြီးကို တရားစီရင်ဖို့နှင့် လူသားများကို သန့်စင်ဆေးကြောဖို့အတွက် နှုတ်ကပတ်တော်ကိုအသုံးပြုနေပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့် စကြာဝဠာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းငှာ ခါနာန်ပြည်တွင် ငါသည် ဖွင့်ဟခြင်းများ ဆက်လက် ပြုလုပ်သည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ မြေပြင်တစ်ခုလုံး အလင်းမရှိပါ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ပျက်စီးနေ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်”) “နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက် နှုတ်ကပတ်တော်ကို အဓိကအသုံးပြုသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်”) “ဆိုးသွမ်းသောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်ထဲက နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကိုခံရမည်၊ ဖြောင့်မတ်သောသူများ အားလုံးသည်လည်း ဘုရားသခင်၏နှုတ်ထဲက နှုတ်ကပတ်တော်များအားဖြင့် ကောင်းချီးပေးခံရမည် ဖြစ်သကဲ့သို့ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ထဲက နှုတ်ကပတ်တော်များအားဖြင့် တည်ထောင်ခြင်းကို ခံရပြီး၊ ပြီးမြောက်အောင် ပြုခြင်းခံရမည်။ နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုများကို ပြသမည်မဟုတ်ဘဲ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်များအားဖြင့် ပြီးပြည့်စုံမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် ဤအချက်အလက်များကို ဖန်တီးပေးမည်ဖြစ်သည်။ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ အသက်ကြီးသူဖြစ်စေ၊ အသက်ငယ်သူဖြစ်စေ ကမ္ဘာပေါ်မှာ ရှိနေသော လူများအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအောက်၌ ကျိုးနွံနှိမ့်ချကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချီးမြောက်ကြလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ”)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်က ဖော်ပြခြင်းသည် အရှေ့အရပ်ကနေ အနောက်အရပ်အထိ တောက်ပ သွားသည့် လျှပ်စီးကဲ့သို့ပဲဖြစ်ပါသည်။ ယင်းမှာ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်ကို ပြန်ရောက်လာသည့်လူတိုင်းကို ဆေးကြောပေးပြီး ပြည့်စုံစေပါသည်။ သမ္မာတရားကို ဖော်ပြခံရသည့်အခါ နှုတ်ကပတ်တော်ကို မုန်းတီးသည့် သူများ ဖာရိရှဲကဲ့သို့ လူများဖြစ်သည့် သူတော်ကောင်း အယောင်အဆောင် များကို ဖော်ထုတ်ပါသည်။ ထို့အပြင် ဘုရားကို ဆန့်ကျင်ပြီး ငြင်းပယ်သည့်လူဆိုးများလည်း ကျန်ရစ်ခဲ့မည် ဖြစ်သည်။ ဘုရားသခင်ကို မနာခံသည့် သူများအားလုံးကို ချိုးနှိမ်ပစ်ဖို့ ကိုယ်တော်က သူ့၏နှုတ်ကပတ်တော်ကို အသုံးပြုပါသည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်းများက ဘုရားသခင်က သူ့၏ပလ္လင်ပေါ်မှာထိုင်လျက် အုပ်စိုးတော်မူပြီဖြစ်ကြောင်း ဖော်ပြပါသည်။ ယခုအချိန်မှာ ဆိုးညစ်မှုနှင့် မှောင်မိုက်သည့်ကမ္ဘာဟောင်းကြီး တည်ရှိနေသော်လည်း ၊ ယင်းမှာ မကြာခင်အချိန်အတောအတွင်းမှာ ဘုရားသခင် စေလွှတ်သည့် ကပ်ဘေးအားဖြင့် ဖျက်ဆီးခံရမှာဖြစ်သည်။ ကမ္ဘာပေါ်မှာ တည်ရှိသည့် မည်သည့်အရာကမှ ဘုရားသခင်၏ နိုင်ငံတော်ကို မဖျက်ဆီးနိုင်ပါ။ ဘုရား၏တရားစီရင်မှုနှင့် သူ့၏အမှုတော်များကို ဖျက်ဆီးပစ်ဖို့ ရပ်တန့်ပစ်ဖို့ မည်သည့်အရာကမှ မစွမ်းနိုင်ပါ။ ဘုရားသခင်က ကမ္ဘာပေါ်မှာ အာဏာကိုကိုင်ဆောင်ခြင်းက ကောင်းကင်နိုင်ငံမှာရှိသည့် သူ့၏ပလ္လင်တော်ပေါ်တွင် ရှိသကဲ့သို့ပင် ဖြစ်ပါသည်။ မည်ကမှ မရွေ့လျော့စေနိုင်သကဲ့သို့၊ မည်သူကမှ မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။ ယင်းမှာ အမှန်တရားတစ်ခုဖြစ်ကြောင်း ကျွန်မတို့သိကြ ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖြစ်တည်လာလျက် ရှိနေပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်အား ဖျက်ဆီးနိုင်မည့် မည်သည့် အင်အားစုမျှ မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှာ ဖော်ပြထားသည့် တန်ခိုးတော်နှင့် အခွင့်အာဏာတော်ဖြစ်ပါသည်။ ဘုရား၏နှုတ်ကပတ်တော်က ကမ္ဘာပေါ်မှာ အုပ်စိုးပါက၊ ဤသည်မှာ ကမ္ဘာပေါ်မှာ ခရစ်တော်အုပ်စိုးပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်က သူ့၏ပလ္လင်တော်ကနေ မြေကြီးပေါ်မှာ အုပ်စိုးနေကြောင်းကို သိသာထင်ရှားစေသည်။ ဤသည်မှာ ဘုရားသခင်၏နိုင်ငံတော်က မြေကြီးပေါ်မှာ တည်ရှိပြီးဖြစ်ကြောင်း ကို သက်သေပြဖို့ လုံလောက်သည်။ လုံးဝ ခိုင်လုံအားကောင်းသည့် အချက်ပင် ဖြစ်သည်။ မည်သူမျှ ငြင်း၍မရပါ။ ဘုရားသခင်၏အလိုတော်က ကောင်းကင်ပေါ်မှာ ပြည့်စုံပြီးသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံခဲ့ပြီးပြီဆိုသည့် အချက်တစ်ချက်ကို ကျွန်မတို့မြင်နိုင်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (မ ၆:၁ဝ) ဗျာဒိတ်ကျမ်း အခန်းကြီး ၁၁ အပိုဒ်ခွဲ ၁၅-၁၇ မှာလည်း “သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ကောင်းကင်ဘုံ၌ ကြီးသောအသံတို့ကား လောကီနိုင်ငံသည် ငါတို့သခင်နှင့် ကိုယ်တော်၏ ခရစ်တော် နိုင်ငံဖြစ်လေပြီ သူသည်လည်း ကာလအစဉ်အဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏ ဘုရားသခင်ရှေ့တော်၌ ပလ္လင်တော်ပေါ်မှာထိုင်သော အသက်ကြီး သူနှစ်ဆယ့်လေးပါးတို့သည် ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက် အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူ၍ ကာလအစဉ်ရှိတော်မူသော ထာဝအရှင် ဘုရားသခင် ကိုယ်တော်၏ မကတန်ခိုးတော်ကိုယူဆောင်၍ စိုးစံတော်မူသော ကိုယ်တော်ကို အကျွန်ုပ်တို့သည် ကျေးဇူးတင်ချီးမွမ်းကြပါ၏။” (ဗျာ ၁၁:၁၅-၁၇) ဟု ဖြစ်ပါသည်။ ဤစကားများက အမှန်တစ်ကယ်ဖြစ်လာခဲ့ပြီ။ ၎င်းတို့အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်နှင့် ကိုယ်တော့်၏ စွမ်းအားကြီးသည့် စီရင်ခြင်းက ပြီးမြောက်ပြည့်စုံ စေခဲ့သည့် အမှန်တရားပဲဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ငါ၏ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့်တရားစီရင်ခြင်းတို့သည် စာတန် ကိုသနားကြင်နာခြင်းမပြပေ။ သို့သော်သင်တို့အဖို့မူကား၊ ထိုအရာတို့သည် သင်တို့ကိုကယ်တင်ရန်ဖြစ်သည်၊ သို့ရာတွင် သင်တို့သည် ငါ၏စိတ်နေသဘောထားကိုသာမကငါ၏လုပ်ဆောင်ချက်တို့၏နောက်ကွယ်မှ အခြေခံမူ သဘောတရားတို့ကိုလည်းနားလည်နိုင်စွမ်းမရှိသေး။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ဤစာကြောင်းများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်တော်နှင့် တရားစီရင်ခြင်းတို့က လူတို့တွင်ရရှိသော ရလဒ်များကို ရည်ညွှန်းသည်။ ရလဒ်များမှာ အဘယ်နည်း။ လူအချို့က မမြင်ကြချေ။ “ငါ၏ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့်တရားစီရင်ခြင်းတို့သည် စာတန် ကိုသနားကြင်နာခြင်းမပြပေ။” ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူအချို့က “ဒီနှုတ်ကပတ်တော်တွေရဲ့ အဓိပ္ပာယ်က ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်တော်နဲ့ တရားစီရင်ခြင်းတွေဟာ လူတွေကို မဟုတ်ဘဲ စာတန်ကို ဦးတည်ထားတယ်ဆိုတာပါ” ဟု ဆိုကြသည်။ ဤအနက်ပြန်မှုမှာ မှန်ပါသလား၊ သို့မဟုတ် မှားပါသလား။ ဤအနက်ပြန်မှုသည် မှားယွင်းပြီး အဓိပ္ပာယ်ပင်ကင်းမဲ့ပါသည်။ ဤတွင် “သို့သော်သင်တို့အဖို့မူကား၊ ထိုအရာတို့သည် သင်တို့ကိုကယ်တင်ရန်ဖြစ်သည်။” ဟုလည်း ဆိုပါသည်။ ဤအရာက မည်သည့်အရာကို ဆိုလိုပါသနည်း။ “သင်တို့” ဆိုသည်မှာ ဘုရားသခင်၏ ရွေးချယ်ခံလူများ၊ ဘုရားသခင်၏ အမှုတော်ကို လက်ခံကြသူများအားလုံးကို ရည်ညွှန်းပါသည်။ ဘုရားသခင်၏ ရွေးချယ်ခံလူများနှင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသောသူအားလုံးအဖို့ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်တော်နှင့် တရားစီရင်ခြင်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ လူအချို့တို့က ဤအရာသည် ရှေ့နောက်မညီဟု ခံစားရပြီး “အဲဒါတွေက စာတန်ကို သက်ညှာမှု လုံးဝမပြပေမယ့် လူကို ကယ်တင်ဖို့ဖြစ်တယ်၊ ဒီတော့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်တော်နဲ့ တရားစီရင်ခြင်းတွေက စာတန်ကို ဦးတည်ထားတာလား၊ ဒါမှမဟုတ် လူကို ဦးတည်ထားတာလား” ဟု ဆိုကြသည်။ ဤပြဿနာသည် ဖြေရှင်းရ လွယ်ကူပါသလား။ လူအချို့က ဤကဲ့သို့ စဉ်းစားကြလိမ့်မည်- “လူအားလုံးထဲမှာ တချို့က မာရ်နတ်ဖြစ်တဲ့ စာတန်နဲ့ဆိုင်တယ်၊ တချို့က ဘုရားသခင်ရဲ့ ရွေးချယ်ခံလူတွေ၊ ကယ်တင်ခြင်းရရှိမယ့် သူတွေဖြစ်တယ်။ ဒါကြောင့် စာတန်အတွက်ဆိုရင် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်တော်နဲ့ တရားစီရင်ခြင်းတွေက ဖော်ထုတ်ခြင်း၊ သုတ်သင်ပယ်ရှင်းခြင်း၊ ဒါမှမဟုတ် ပြစ်ဒဏ်ခတ်ခြင်းဖြစ်တယ်။ ဘုရားသခင်ရဲ့ ရွေးချယ်ခံလူတွေအတွက်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသူတွေအတွက်ဆိုရင် အဲဒါတွေက ကယ်တင်ခြင်း၊ သန့်စင်ခြင်းနဲ့ စုံလင်စေခြင်းအတွက် လုံးလုံးဖြစ်တယ်”။ ဤအနက်ပြန်ခြင်းမှာ မှန်ကန်ပါသလော၊ သို့မဟုတ် မှားသလော။ ဤအနက်ပြန်ခြင်းသည် မှန်ကန်ပါသည်။ ထိုကဲ့သို့သော လူတို့သည် လမ်းခရီးကို တွေ့ခဲ့ကြပြီးဖြစ်သည်။ ဤတော့ကား ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်နှင့့်ပြည့်ကာ အမျက်ဒေါသခိုးဝေသည့် တရားစီရင်ခြင်းကို ကြုံရမည့်သူများမှာ စာတန်လော၊ သို့မဟုတ် ဘုရားသခင်၏ ရွေးချယ်ခံလူများဖြစ်ပါသလော။ ယင်းကို အားလုံး လက်ခံကြရမည်ဖြစ်သည်။ ယင်းကို လက်မခံရန်မှာ မည်သူမဆိုအတွက်မျှ အဆင်မပြပါ။ တစ်နည်းအားဖြင့် အဘယ်သူမျှ ယင်းကို မလွတ်မြောက်နိုင်ပါ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ အချို့က “ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေကို မိန့်မြွက်တယ်၊ ဒါပေမဲ့ မယုံကြည်သူတွေ၊ ဘာသာရေးသမားတွေနဲ့ စာတန်နဲ့သက်ဆိုင်သူတွေက အဲဒါတွေကို မကြားကြသလို ဖတ်လည်းမဖတ်ကြဘူး” ဟု ဆိုကောင်းဆိုကြလိမ့်မည်။ အကယ်၍ ယင်းတို့ကို ၎င်းတို့ကြားလည်းမကြား၊ ဖတ်လည်းမဖတ်ကြလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့လွတ်မြောက်ကြလိမ့်မည်လော။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့လွတ်မြောက်ကောင်း လွတ်မြောက်ကြလိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်စေလွှတ်သော အမျက်ဒေါသနှင့် ကပ်ဘေးတို့ကို ၎င်းတို့လွတ်မြောက်နိုင်ကြသလော။ လက်တွေ့ကျသော အမှန်တရားများ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့လွတ်မြောက်နိုင်ကြသလော။ အဘယ်သူမျှ မလွတ်မြောက်နိုင်ပါ။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်မခံလျှင် သင်သည် လက်တွေ့ကျသော အမှန်တရားများ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရမည်ဖြစ်သည်။ သို့ဆိုလျှင် လက်တွေ့ကျသော အမှန်တရားများ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှာ အဘယ်နည်း။ ကပ်ဘေးများ ဖြစ်ကြသည်။ ထို့ကြောင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ဖြူသောပလ္လင်ကြီးဆိုင်ရာ တရားစီရင်ခြင်းသည် အစပြုနှင့်ပြီဖြစ်သည်။

ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ရွေးချယ်ခံလူတို့ကို ဦးတည်ပါသည်။ လက်တွေ့ကျသော အမှန်တရားများ၏ တရားစီရင်ခြင်း၊ ကပ်ဘေးများ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် မယုံကြည်သူများကို ဦးတည်သည်။ ထို့ကြောင့် တရားစီရင်ခြင်းအမှုတော်တွင် တစ်ပြိုင်တည်း ဆောင်ရွက်ရသည့် ရှုထောင့်နှစ်ခုရှိပေသည်။ ဤအချက်ကို လျစ်လျူရှု၍ မရနိုင်ပါ။ လူအချို့က “ဘုရားသခင့်အိမ်တော်ထဲက ရွေးချယ်ခံလူတွေဟာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို ကြုံနေကြရပေမယ့် မယုံကြည်သူတွေကတော့ စားနေ၊ သောက်နေကြပြီး မူးယစ်သောက်စားနေကြတယ်၊ ပြီးတော့ သူတို့က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို လက်မခံထားကြဘူး” ဟု ဆိုကြသည်။ လက်တွေ့ကျသော အမှန်တရားများ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှ ကွာခြားပါသည်။ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် ရှည်ကြာသည့် အချိန်ကာလထဲတွင် ဖြစ်ပျက်သော်လည်း လက်တွေ့ကျသည့် အမှန်တရားများ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကမူ အချိန်တိုအတွင်း တစ်မုဟုတ်ချင်းဖြစ်လာလိမ့်မည်။ ယင်းသည် ကြီးမားသည့် မြေငလျင်ကဲ့သို့ဖြစ်သည်။ လူတို့သည် စားလျက်၊ သောက်လျက်နှင့် မိမိတို့ကိုယ်ကို ပျော်မွေ့လျက်ရှိချိန်တွင် ရုတ်တရက်ဆိုသလို မြေပြင်သည်လှုပ်ခါပြီး ကြီးမားသော မြေငလျင်ဖြစ်ပေါ်သည်။ အယောက်တိုင်း ပြေးချင်ကြသော်လည်း မပြေးနိုင်ကြဘဲ သေသည်အထိ ဖိခြေခံကြရခြင်းဖြင့် အဆုံးသတ်ကြရသည်။ လက်တွေ့ကျသော အမှန်တရားများ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် မြန်ဆန်သည်၊ ခေတ္တခဏဖြစ်ကာ ရုတ်တရက်ဖြစ်ပြီး ကာကွယ်တားဆီးရန် မဖြစ်နိုင်ပေ။ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှာ ကွဲပြားသည်။ ယင်းက အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။ ထို့အပြင် လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ခဲ့ကြပါ၊ လူအချို့ကမူ ယင်းတို့ကို စားသောက်ခဲ့ကြပြီးသော်လည်း နှလုံးမသွင်းထားကြပါ။ လူအချို့က ယင်းတို့ကို နှလုံးသွင်းထားကြသော်လည်း ယင်းတို့၏ တရားစီရင်ခြင်းကို မတွေ့ကြုံခဲ့ကြပါ။ ယင်းကို မတွေ့ကြုံခြင်းမှာ လက်ခံနိုင်စရာ မဟုတ်ပေ။ ပထမဦးဆုံးအကြိမ် ၎င်းတို့တွေ့ကြုံရသောအခါ ၎င်းတို့အနေဖြင့် နာခံနိုင်လောက်မည်မဟုတ်ပေ၊ ထို့အပြင် ၎င်းတို့တွင် နားလည်သဘောပေါက်မှု၊ သို့မဟုတ် အသိပညာမရှိကြပေ၊ သို့သော် အချိန်ကာလတစ်ခုကြာပြီးနောက် နားလည်သဘောပေါက်လာကြပြီး နောက်ထပ်အနည်းငယ်ကြာပြီးနောက်တွင် ၎င်းတို့အနေနှင့် အနည်းငယ် ပို၍ နားလည်လာကြသည်။ နောက်ထပ်အနည်းငယ်မျှကြာအောင် တွေ့ကြုံရပြီးနောက်တွင် ၎င်းတို့သည် ပို၍စေ့စေ့စပ်စပ် နားလည်နိုင်ကြပြီး ထို့နောက်တွင် စစ်မှန်သော နောင်တနှင့် စစ်မှန်သော ပြောင်းလဲမှုတို့ ပေါ်ပေါက်လာနိုင်ပေသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၏ ဖြစ်စဉ်ဖြစ်သည်။ နားမလည်ခြင်းမှ နားလည်ခြင်း၊ နားလည်ခြင်းမှ ရရှိလာသော နာခံခြင်းနှင့် နာခံခြင်းမှ ရရှိလာသော အသိပညာ- ဤဖြစ်စဉ်သည် အချိန်ကြာမြင့်စွာယူသည်။ ရလဒ်များကို ရရှိဖို့ လူအချို့သည် ယင်းကို ဆယ်နှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ် တွေ့ကြုံရန်လိုပြီး လူအချို့က အနှစ်နှစ်ဆယ်မှ သုံးဆယ်အထိလိုသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ်တို့တွေ့ကြုံခံစားရစဉ်တွင် မယုံကြည်သူများက မည်သည့်အရာကို လုပ်ကြသနည်း။ စားသည်၊ သောက်သည်၊ မိမိတို့ကိုယ်ကို ပျော်မွေ့ကြသည်၊ အိပ်စက်ပြီး အိပ်မက်မက်ကြသည်။ ကျွန်ုပ်တို့သည် လုံလောက်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီး သန့်စင်ခံရသောအခါ ကျွန်ုပ်တို့ စတင်ဝမ်းမြောက်လာပြီး ဘုရားသခင်ကို ချီးမွမ်းကြသည်၊ ထို့အပြင် ဘုရားသခင်၏ လူတို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရသောအခါ မယုံကြည်သူများအတွက် ကပ်ဘေးများ ရောက်လာကြလိမ့်မည်။ ကပ်ဘေးများ ရောက်လာသောအခါ ယင်းသည် ၎င်းတို့သေရမည့်အချိန် ဖြစ်လိမ့်မည်။ ယခုတွင် လူအများစုက “ဒါက ပလ္လင်ဖြူကြီးရဲ့ တရားစီရင်ခြင်းပဲ။ နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက အတွင်းပိုင်းဖြစ်ပြီး ရောက်လာမယ့် ကပ်ဘေးတွေနဲ့ဆိုင်တဲ့ ပြစ်ဒဏ်စီရင်ခြင်းက အပြင်ပိုင်းဖြစ်တယ်။ ဘုရားသခင်ကို မယုံကြည်သူတွေနဲ့ ဘုရားသခင်ကို ဆန့်ကျင်သူတွေအားလုံးဟာ ကပ်ဘေးတွေထဲမှာ သေကြရမှာဖြစ်တယ်” ဟု သဘောပေါက်ကြပေပြီ။ နှုတ်ကပတ်တော်များ၏ အတွင်းပိုင်း တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ကပ်ဘေးများ၏ အပြင်ပိုင်း ပြစ်ဒဏ်ခတ်ခြင်းတို့အကြား အချိန်နှင့်ဆိုင်သည့်ဆက်နွှယ်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် တစ်ပြိုင်တည်းဖြစ်ကြခြင်း ဖြစ်သည်။ ကပ်ဘေးမျိုးစုံသည် မယုံကြည်သူများထံ၌လည်း ဖြစ်ပျက်ကြပါသည်၊ သို့သော် ၎င်းတို့သည် အလွန်မကြီးမားကြသလို အကြီးအကျယ် ဖျက်ဆီးသော ကပ်ဘေးများအဖြစ် အမျိုးအစားမသတ်မှတ်ခံရပါ။ သို့သော် ဘုရားသခင်၏ ရွေးချယ်ခံလူများသည် စုံလင်စေခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် အောင်မြင်သောသူများအုပ်စု ထွက်ပေါ်လာသောအချိန်တွင် ကြီးမားသော ကပ်ဘေးကြီးများသည် “ဝှစ်ခနဲ” ချက်ချင်းကျရောက်လာမည်ဖြစ်သည်။ ဤသည်မှာ မယုံကြည်သူများကို ရှင်းပစ်ဖို့ရန် အသုံးပြုသော ကပ်ဘေးများ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တော်တို့နှင့် ပြည့်လျက်ရှိပေသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း၊ အတွဲ ၁၂၁ မှ

ယခင်က:မေးခွန်း ၁၁- အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး နောက်ဆုံးသော ကာလ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် သခင်ယေရှုကို ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို လက်ခံခြင်းဆိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်ုပ်တို့ ကြုံရပြီးဖြစ်သည်ကို ဆိုလိုသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သက်သေအဖြစ် သခင်ယေရှု၏ နှုတ်ကပတ်တော်များမှာ ဤသို့ဖြစ်၏- “အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆:၇-၈) သခင်ယေရှုက ရွေးနုတ်ခြင်း အမှုကို ပြုခဲ့သော်လည်း၊ သူကောင်းကင်သို့ တက်ကြွသွားပြီးနောက် ပင်တေကုတ္တေနေ့တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာခဲ့ပြီး လူတို့အထဲတွင် အလုပ်လုပ်ခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်- “ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” ယင်းမှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သင့်ပေသည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေလိုသည့်အရာမှာ၊ နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် တရားစီရင်ခြင်း အမှုတော်နှင့် သခင်ယေရှု၏ အမှုတော်တို့ကြား ခြားနားချက်များမှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။

နောက်တစ်ခုသို့:မေးခွန်း ၁၃- ဘာသာရေး လောကထဲက လူအများစုက ကားတိုင်ပေါ်တွင် သခင်ယေရှုက “အမှုပြီးပြီ” (ရှင်ယောဟန် ၁၉:၃၀) ဟု ဆိုခြင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းအမှု လုံးဝ ပြီးစီးနှင့်ပြီးဖြစ်သည့် သက်သေဖြစ်သည်ဟု ယုံကြည်ကြသည်၊ သို့သော် သင်တို့က သခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့ရန်အလို့ငှာ သမ္မာတရားကို ဖော်ပြဖို့ရန်နှင့် ဘုရားသခင်၏အိမ်တော်မှ အစပြုသော တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိ၌ ပြန်ကြွလာပြီဟု သက်သေခံသည်။ ထို့သို့ဆိုလျှင်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သော ဘုရားသခင်၏ အမှုတော်ကို မည်သို့ နားလည်သင့်ပါသနည်း။ ဤသမ္မာတရား ရှုထောင့်အပေါ် ကျွန်ုပ်တို့ မရှင်းလင်းပါ၊ ထို့ကြောင့် ကျေးဇူးပြု၍ ဤအရာကို ကျွန်ုပ်တို့အတွက် ဆွေးနွေးပေးပါ။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ