အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၀။ အခက်အခဲတစ်လျှောက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မနှင့်အတူရှိသည်

လီလင်း၊ ဟေနန်းပြည်နယ်

ကျွန်မနာမည် လီလင်းဖြစ်ပြီး ယခုနှစ်တွင် ၇၆ နှစ်ပြည့်ပြီဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် နာမကျန်းဖြစ်ပြီးနောက် ကျွန်မသည် သခင်ယေရှု၌ ယုံကြည်မှု ရရှိခဲ့ပြီးလျှင် ထိုကာလအတွင်း သူ့ကျေးဇူးတော် မြောက်များစွာကို ကျွန်မ လက်ခံရရှိခဲ့ပါသည်။ ဤအရာက သခင့်အတွက် စိတ်ပါလက်ပါ အလုပ်လုပ်ရန် ကျွန်မကို အမှန်တကယ် လှုံ့ဆော်ခဲ့ပါသည်။ ကျွန်မသည် နေရာအနှံ့သွားကာ ဒေသနာများ ဟောပြောပြီး ဧဝံဂေလိဝေငှခဲ့သကဲ့သို့၊ ကျွန်မ၏ နေအိမ်တွင်လည်း ညီအစ်ကိုမောင်နှမများကို ဧည့်ဝတ်ပြုခဲ့ပါသည်။ ကျွန်မတို့ အသင်းတော်သည် အသင်းဝင်ဦးရေ လူ ၂၀၀၀ ကျော်အထိ အလွန်လျင်မြန်စွာ တိုးပွားခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် နောက်များ မကြာမီတွင် တရုတ် ကွန်မြူနစ်ပါတီ အစိုးရသည် ကျွန်မတို့ကို စတင် ဖိနှိပ်ချုပ်ချယ်ပါတော့သည်။ ကျွန်မ၏ ယုံကြည်မှုကို လက်တွေ့ လုပ်ဆောင်ခြင်းနှင့် ဧဝံဂေလိ ဖြန့်ဝေခြင်းတို့မှ တားဆီးဖို့ ကြိုးပမ်းအားထုတ်ရာတွင် ရဲများက ကျွန်မ၏ နေအိမ်ကို အကြိမ်ပေါင်းများစွာ လာရောက်ရှာဖွေခဲ့သည်၊ ပြီးလျှင် သူတို့ လာရောက်တိုင်း တန်ဖိုးရှိသည့်အရာနှင့် သယ်ယူသွားနိုင်သည့် မည်သည့်အရာမဆို မီးလုံးများပင်လျှင် ယူသွားခဲ့ကြသည်။ ထို့ထက်ပို၍ ကျွန်မသည် ပြည်သူ့လုံခြုံရေးအစိုးရဌာန (ပီအက်စ်ဘီ) အရာရှိများ၏ ဖမ်းဆီးခြင်းခံရပြီး၊ အကြိမ်ပေါင်း တစ်ဒါဇင်ကျော် အချုပ်ခံခဲ့ရသည်။ ကျွန်မသည် ၁၉၉၆ ခုနှစ်တွင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏အလုပ်ကို လက်ခံခဲ့ပြီး၊ ယင်းနောက်ပိုင်း နှစ်နှစ်အကြာတွင် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖမ်းဆီးခြင်းနှင့် ညှင်းပန်း နှိပ်စက်ခြင်းတို့ကို တစ်ဖန်ခံစားရပြန်သည်၊ ဤတစ်ကြိမ်တွင်မူ ယင်းမှာ ပို၍ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့သည်။ တရုတ်ပြည်ကဲ့သို့ ဘုရားမဲ့ဝါဒနိုင်ငံတစ်ခုတွင် လူတစ်ဦးက ဘုရားသခင်၌ ယုံကြည်မှုထားရန်မှာ မည်မျှ အလွန့်အလွန်ခက်ခဲကြောင်း ကျွန်မ ကိုယ်တွေ့ခံစားခဲ့ရသည်။ ဤအခက်အခဲများအားလုံး ရှိလင့်ကစား ကျွန်မအတွက် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကို ကျွန်မခံစားရဆဲဖြစ်ပါသည်။

၁၉၉၈ ခုနှစ် မေလ တစ်နေ့သ၌၊ ညသန်းခေါင် ၂ နာရီ အနည်းငယ်အလွန်တွင် ကျွန်မ၏တံခါးအား တစ်စုံတစ်ယောက် တဒုန်းဒုန်းထုသံက ကျွန်မကို နှစ်ခြိုက်စွာအိပ်ပျော်နေရာမှ အလန့်တကြား နိုးထလာစေခဲ့သည်။ ကျွန်မ “အဲဒါ ရဲတွေဖြစ်နိုင်တာပဲ။ ဒီမှာ ဧဝံဂေလိဖြန့်ဝေဖို့ မြို့ပြင်က ညီအစ်ကိုမောင်နှမ ငါးယောက်ရှိတယ်။ ငါသူတို့ကို ဘယ်လိုများ ကာကွယ်ရပါ့” ဟု တွေးမိပြီး မကြောက်ဘဲမနေနိုင်တော့။ ကျွန်မ အထိတ်တလန့် ဖြစ်ခဲ့သည်။ ကျွန်မ တံခါးကို မရောက်မီပင် ရဲများက ၎င်းကို ဝုန်းခနဲအသံကြီးဖြင့် ကန်ဖွင့်လိုက်သည်။ သေနတ်ကို အဆင်သင့်ကိုင်ထားသည့် ပီအက်စ်ဘီ နိုင်ငံရေးလုံခြုံရေးဌာန၏ အကြီးအကဲနှင့် လျှပ်စစ်ကျင်စက်တံများဖြင့် ရဲသားတစ်ဒါဇင်ကျော်တို့က ကြမ်းတမ်းစွာ ဗြုန်းခနဲ ဝင်ရောက်လာကြသည်။ ဖိနပ်ချွတ်ကို ကျော်သည်နှင့်တစ်ပြိုင်နက် အရာရှိတစ်ဦးက ကျွန်မဘက်ကို လှည့်လာသည်၊ ကျွန်မကို ကြမ်းကြုတ်ရက်စက်စွာ ကန်ကျောက်ပြီး “ဘယ့်နှယ်ဟာလဲ။ နင် အကြိမ်ပေါင်းများစွာ အဖမ်းခံရဖူးတာတောင် နင်က ဘုရားသခင်ကို ယုံကြည်ရဲသေးတယ်ပေါ့။ ငါပြောတာ မှတ်ထား၊ နင့်မှာရှိတာ အားလုံး ဆုံးရှုံးပြီး၊ နင့်မိသားစု ပျက်စီးစေရမယ်” ဟု အော်ဟစ်ခဲ့သည်။ ထိုဆိုးယုတ်သောရဲများက အိပ်ခန်းများထဲ၌ စတင်အော်ပြောလေသည်။ “ရဲဟေ့၊ အခုချက်ချင်း ထကြစမ်း” အခြားသော ညီအစ်ကိုမောင်နှမများ အဝတ်အစားဝတ်ဖို့ပင် မစောင့်ဘဲ၊ သူတို့က ကျွန်မတို့ကို နှစ်ယောက်တစ်တွဲ အတူလက်ထိပ်ခတ်လိုက်ကြသည်၊ ကျွန်မတို့ကို ရှာဖွေခဲ့သည်၊ ပြီးလျှင် ကျွန်မ ဝတ်ထားသည့် လက်စွပ်တစ်ကွင်းကိုလည်း ယူသွားခဲ့သည်။ ထို့နောက် သူတို့က နေရာတစ်ခုလုံးကို စတင်ကာ လှန်လှောမွှေနှောက်ကြသည်မှာ ကျွန်မ၏ ဂျုံသိုလှောင်ခန်းကိုပင် ရှာပြီး၊ ၎င်းတို့ကို ကြမ်းပြင်အနှံ့ ပြန့်ကျဲစေသည်။ သူတို့က ကြမ်းပြင်တစ်ခုလုံးအနှံ့ ပစ္စည်းများကို ထိုအတိုင်း ပစ်ချထားခဲ့သည်။ သူတို့သည် အသံဖမ်းစက် ဆယ့်တစ်ခု၊ ရုပ်မြင်သံကြားစက်တစ်လုံး၊ ပန်ကာတစ်လက်၊ လက်နှိပ်စက်တစ်လုံးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစာအုပ် နှစ်ရာကျော်တို့ကို သယ်သွားကြတော့သည်။ သူတို့က ကျွန်မသား၏ အံဆွဲကို ကလော်ဖွင့်ကာ သူ့လစာအဖြစ် မကြာခင်လေးမှ ရထားခဲ့သည့် ယွမ်တစ်ထောင်ကျော် ခိုးသွားခဲ့သည်။ ရဲအရာရှိ တစ်ဒါဇင်ကျော်ခန့်က ကျွန်မတို့အားလုံးကို ရဲစခန်းသို့ ခေါ်သွားမည်ပြုစဉ်၊ ကျွန်မ၏သားက အလုပ်မှ အိမ်ပြန်ရောက်လာခဲ့သည်။ သူ့လုပ်အားခများ အခိုးခံရသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ရဲအရာရှိများထံသို့ ပြေးသွားပြီး သူတို့အား သူ့ငွေကို ပြန်တောင်းခဲ့သည်။ ရဲအရာရှိများထဲမှ တစ်ယောက်က “ငါတို့ စခန်းမှာ စစ်ဆေးကြည့်မယ်၊ ပြီးမှ အဲဒါ မင်းဟာဆိုရင် ငါတို့မင်းကို ပြန်ပေးမယ်လေ” ဟု ကောက်ကျစ်စွာ ပြောလေသည်။ သို့သော်လည်း ထိုညနေတွင် ကျွန်မ၏သားကို “ဝတ္တရားနှောင့်ယှက်မှု” ဟူသည့် ပြစ်မှုဖြင့် ဖမ်းဆီးရန် သူတို့ လာခဲ့ကြသည်။ ကံကောင်းထောက်မစွာပင် သူက ပုန်းကွယ်နှင့်ပြီ ဖြစ်ပြီး၊ မဟုတ်ပါက သူသည်လည်း အဖမ်းခံခဲ့ရမည်ဖြစ်သည်။

ရဲများက သိမ်းဆည်းရမိသည့် စာအုပ်များနှင့် အခြားပစ္စည်းများကို ရဲစခန်းသို့ ယူဆောင်သွားကြသည်၊ ထို့နောက် ကျွန်မတို့ ခြောက်ယောက်လုံးကိုလည်း ကောင်တီပြည်သူ့လုံခြုံရေး အစိုးရဌာနတွင် တစ်ညတာ တကွဲတပြားစီ ချုပ်ထားခဲ့သည်။ ထိုနေရာ၌ ထိုင်နေရင်း အချိန်အတော်ကြာ တည်ငြိမ်ရာ ရှာမရခဲ့ပါ။ ၁၉၈၇ ခုနှစ်က ကျွန်မအဖမ်းခံရခြင်းကို ပြန်ပြောင်းတွေးမိခဲ့သည်။ ရဲများ၏ ကိုယ်ထိလက်ရောက်နှင့် နှုတ်အားဖြင့် အကြမ်းဖက်မှုကို ကျွန်မခံခဲ့ရပြီး သေလုနီးပါး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။ အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦးသည် နှစ်နာရီပင်မရှိသည့် ကာလအတွင်း ရဲများ၏ မသေမချင်းရိုက်နှက်မှုအား ခံခဲ့ရသည်ကိုလည်း ကျွန်မ မျက်စိတပ်အပ်ဖြင့် မြင်တွေ့ခဲ့ရသည်၊ ထို့ပြင် အမျိုးသမီး တစ်ဦးက စစ်ကြောခြင်းအတွင်း၌ ရဲအရာရှိနှစ်ယောက်၏ တစ်ယောက်တစ်လှည့် အဓမ္မကျင့်ခြင်းကို ခံခဲ့ရသည်ဟု ပြောလေသည်။ ရဲအရာရှိများက ညှဉ်းပန်းနှိပ်စက်ရာတွင် အသုံးပြုသည့် ကျားထိုင်ခုံ များတွင်လည်း လူတို့ကိုတင်သည်၊ ဂဟေဆော်ဂေါက်တံ ဖြင့်လည်း သူတို့ကို မီးပူမြှိုက်သည်၊ ထို့ပြင် သွေးတစ်စက်မျှ မကျန်သည့်အထိပင် လျှပ်စစ်ကျင်စက်တံများဖြင့် သူတို့၏လျှာများကို ဓာတ်လိုက်စေသည်။ သူတို့က လူများကို နှိပ်စက်ရန် စက်ဆုပ်ဖွယ်ကောင်းသော၊ အလွန်ဆိုးရွားသော နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်မှာ ပကတိ ရက်စက်ရမ်းကားမှုတစ်ခု ဖြစ်လေသည်။ ကျွန်မ၏ အဖမ်းခံရမှု တစ်ဒါဇင်ခန့်တစ်လျှောက် ရဲများ၏လုပ်ရပ်တွင် ဤရက်စက်ပြီး အကြင်နာကင်းမဲ့သော နှိပ်စက်မှုကို ကိုယ်တိုင်မျက်မြင် တွေ့ပြီး၊ ကိုယ်တိုင်တွေ့ကြုံခဲ့သည်။ သူတို့က မည်သည့် ရက်စက်ယုတ်မာမှုများကိုမဆို လုပ်နိုင်စွမ်းရှိသည်။ ဤ “ငရဲတံခါးဝ” ၌ တစ်ဖန်ရောက်ရှိခြင်းနှင့် ကျွန်မ “အရှင်လတ်လတ် အရေခွံခွာ” ခံရမည်ဟု ရဲများပြောသည်ကို ကြားရခြင်းက ကျွန်မကို ကြောက်လန့်တကြား ဖြစ်စေခဲ့သည်။ ထိုနေ့က သူတို့သည် ကျွန်မ၏အိမ်ထဲရှိ အရာဝထ္ထုများစွာကို ယူသွားခဲ့ကြပြီး၊ အခြားသော ညီအစ်ကိုမောင်နှမ အချို့ကိုလည်း ဖမ်းဆီးခဲ့သည်။ သူတို့က ကျွန်မကို အလွယ်တကူ သက်ညှာလိုက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ခဲ့ပါ။ ထို့ကြောင့် ဘုရားသခင်ကို ကျွန်မ၏ စိတ်နှလုံးထဲမှ ဆုတောင်းခဲ့သည်။ “အို ဘုရားသခင်။ ဒီနေ့ ကိုယ်တော့် ခွင့်ပြုချက်နဲ့ ကျွန်မတို့ ရဲတွေလက်ထဲ ကျရောက်ခဲ့ပြီဆိုတာ ကျွန်မသိပါတယ်။ သူတို့အားလုံးဟာ ဘာလူ့သဘာဝမဆို လုံးဝကင်းမဲ့တဲ့ နတ်ဆိုးတွေဖြစ်တဲ့အတွက် ကျွန်မ အရမ်းအားနည်းနေပါတယ်၊ ဒါ့ကြောင့် ကျွန်မကို သတ္တိနဲ့ ဉာဏ်ပညာပေးဖို့၊ ပြီးတော့ ပြောဖို့ သင့်တော်တဲ့ စကားကိုပေးဖို့ ကိုယ်တော့်ကို အနူးအညွတ် တောင်းပန်ပါတယ်။ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ကျွန်မဆန္ဒရှိပါတယ်။ ကျွန်မက ယုဒလိုလူတစ်ယောက် လုံးဝ ဖြစ်မှာ မဟုတ် သလို၊ ကိုယ်တော့်ကို သစ္စာမဖောက်ပါဘူး။ အဖမ်းခံရတဲ့ တခြားလူတွေကိုလည်း ကိုယ်တော်ကာကွယ်ပေးဖို့ ကျွန်မပိုလို့တောင် မျှော်လင့်မိပါတယ်၊ ဒါမှသာ သူတို့တွေက ဒီအခြေအနေတစ်လျှောက် သက်သေရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဘုရားသခင်၊ ကိုယ်တော်ဟာ စကြဝဠာတစ်ခုလုံးရဲ့ ဘုရင်ဖြစ်ပါတယ်၊ ပြီးတော့ အဖြစ်အပျက်အားလုံး၊ အမှုအရာ အားလုံးတို့က ကိုယ်တော်ရဲ့ အုပ်စိုးမှုနဲ့ စီစဉ်မှုတွေကို လိုက်နာရပါတယ်။ ကျွန်မက ကိုယ်တော့်ကို အမှန်တကယ် အားကိုးနိုင်သမျှ ကာလပတ်လုံး၊ စာတန်ရဲ့ အမှောင်စွမ်းအားကို ကျော်လွှားဖို့ ကိုယ်တော် ဧကန်မုချ ဦးဆောင်လိမ့်မယ်ဆိုတာ ကျွန်မ ခိုင်မာစွာ ယုံကြည်ပါတယ်။” ကျွန်မ ဆုတောင်းနေသည့်အချိန်တွင် ဘုရားသခင်က သူ၏ ဤနှုတ်ကပတ်တော်များကို စိတ်ထဲသို့ ဆောင်ကျဉ်းရင်း ကျွန်မကို ဉာဏ်အလင်းပေးခဲ့သည်- “ခရစ်တော်၏ ထူးကဲသာလွန်သော အသက်တာသည် ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ သင် ၌ကြောက်ရွံ့ရန် တစ်စုံတစ်ရာ မရှိပေ။ စာတန်သည် ငါတို့၏ ခြေအောက်၌ရှိကာ သူတို့၏အချိန်မှာ ကန့်သတ်ချက်ရှိသည်။…အခြားအရာခပ်သိမ်းထက် ငါ့ကို သစ္စာရှိလော့။ ရဲရင့်ခြင်းနှင့် ရှေ့သို့တက်လှမ်းလော့။ ငါသည် သင်၏ခိုင်မာသောကျောက်ဖြစ်၏။ ငါ့ကိုကိုးစားလော့။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုဖြင့် ပြည့်ဝစေခဲ့သည်။ မှန်ကန်ပါသည်၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်ပြီး စာတန်က ဘုရားသခင်၏ လက်တွင် အစဉ်အမြဲ ရှုံးနိမ့်လိမ့်မည်။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ ၎င်းက ကျွန်မ၏ခေါင်းပေါ်ရှိ ဆံတစ်ပင်မျှ မထိနိုင်ပါ။ ကျွန်မ၏ယုံကြည်မှုကို ရပြီးကတည်းက တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖမ်းဆီးမှုအား ကျွန်မ အကြိမ်ပေါင်း များစွာ ခံရပုံကို တွေးမိခဲ့သည်။ ဘုရားသခင်၏ ကွယ်ကာမှုအောက်တွင် ဤစိန်ခေါ်မှုများကို ကျွန်မ အကြိမ်ကြိမ် အောင်မြင်ခဲ့သည် မဟုတ်လော။ ကျွန်မသည် ပရောဖက် ဒံယေလ အကြောင်း၊ သူနှင့် သူ့မိတ်ဆွေသုံးဦးတို့သည် ဆိုးယုတ်သောလူများ၏ မတရားအမှုဆင်ခံရပုံ၊ ထို့နောက် ခြင်္သေ့တွင်းထဲသို့ ပစ်ချခံရပြီးနှင့် မီးဖိုထဲ ပစ်ချခံရပုံ၊ သူတို့က ယေဟောဝါ၏ နာမတော်ကို ထိန်းသိမ်းပြီး ယေဟောဝါဘုရားသခင်ကို ကိုးကွယ်သောကြောင့်သာလျှင်ဖြစ်ကြောင်းတို့ကိုလည်း ကျွန်မ တွေးမိခဲ့ ပါသည်။ သို့သော်လည်း သူတို့တွင် ဘုရားသခင်၏ ကွယ်ကာမှု ရှိခဲ့ပြီး၊ သူတို့အား မထိမရှခဲ့ပေ။ ဤအရာအားလုံးကို နှံ့နှံ့စပ်စပ် စဉ်းစားဆင်ခြင်ရင်းဖြင့် ကျွန်မအထဲတွင် သတ္တိများ ရုတ်တရက် ပြည့်လျှံလာခဲ့ပြီ ကျွန်မ၌ ခွန်အားအပြည့်ရှိသည်ဟု ခံစားခဲ့ရသည်။ စာတန်သည် ကျွန်မကို မည်မျှဖိနှိပ်သည်ဖြစ်စေ၊ ဒုက္ခပေးသည်ဖြစ်စေ ဘုရားသခင်သည် ကျွန်မ၏ ခိုင်မာသော နောက်ချန်တပ်အနေနှင့်ရှိကာ ကျွန်မမှာ ကြောက်စရာ ဘာမျှမရှိကြောင်းကို ကျွန်မသိရှိခဲ့သည်။ ကျွန်မသည် စာတန်ရှေ့မှောက်တွင် ဘုရားသခင်အား သက်သေရပ်တည် ဖို့ရန် မိမိ၏ယုံကြည်မှုအပေါ် မှီခိုပြီး ဘုရားသခင်နှင့်ပူးပေါင်းဖို့ ဆန္ဒရှိပါသည်။

နောက်တစ်နေ့နံနက်တွင် ရဲများက ကျွန်မကို စတင်စစ်မေး ကြတော့သည်။ ယခင်ဖြစ်ရပ်အတော်များများ၌ ကျွန်မကို စစ်မေးဖူးသည့် အရာရှိတစ်ယောက်က ကျွန်မကို စိန်းစိန်းဝါးဝါးကြည်ပြီး စားပွဲမျက်နှာပြင်ကို လက်ဝါးဖြင့်ရိုက်ကာ ဟိန်းဟောက်တော့သည်- “ဆိုပါဦး၊ မင်းက ဖြစ်ရပြန်ပြီ၊ ခွေးအိုမကြီး။ မင်း ငါ့လက်ထဲကို ရောက်လာပြန်ပြီ။ ဒီတစ်ခါ နင်သိထားတာကို ထုတ်မပြောလို့ကတော့ နင်ပြဿနာအကြီးအကျယ် တက်ပြီမှတ်။ ပြောစမ်း။ မင်းအိမ်မှာ နေနေခဲ့တဲ့ လူတွေအားလုံးက ဘယ်ကလဲ။ ဘယ်သူက အသင်းတော် ခေါင်းဆောင်လဲ။ အဲဒီစာအုပ်တွေက ဘယ်ကလာခဲ့တာလဲ။ လက်နှိပ်စက်က ဘယ်သူ့ဟာလဲ” ကျွန်မ စတင်၍ မကြောက်လန့်ဘဲ မနေနိုင်ခဲ့ပါ။ ထိုအရာရှိမှာ တကယ့်ကို ရက်စက်လွန်းသည်၊ အလွန်ဗိုလ်ကျလွန်းသည်၊ ထို့ပြင် တစ်စုံတစ်ယောက်ကို သေသည်အထိ ရိုက်နှက်ဖို့ ဝန်လေးမည်မဟုတ်ပါ။ ကျွန်မသည် မဝံ့မရဲ ခေါင်းငုံပြီး အသံတစ်စက်မျှ မထွက်ခဲ့ပါ၊ ထိုအချိန်၌ပင် ကျွန်မ၏နှလုံးသားကို စောင့်ရှောက်ဖို့ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။ ကျွန်မ စကားမပြောသည်ကို ကြည့်လျက် ထိုအရာရှိက ကျွန်မကို စတင်အော်ဟစ် ဆဲရေးတိုင်းထွာတော့သည်။ “ခင်ဗျား ရုပ်ဆိုးမအဖွားကြီး၊ ကျွဲပါးစောင်းတီးနေလို့ အကျိုးမရှိဘူးပဲ” သူကအော်ပြောရင်း ကျွန်မထံသို့ တဟုန်ထိုးပြေးလာပြီး ကျွန်မ၏ ရင်ညွန့်ရိုးကို သိမ်းကျုံးကန်လိုက်လေသည်။ ကျွန်မသည် မီတာအနည်းငယ် လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပက်လက်အနေအထား လဲကျလေသည်။ ယင်းမှာ နာကျင်လွန်း၍ ကျွန်မမှာ အသက်မှန်မှန် မရှုနိုင်ခဲ့ပါ။ သူက ကျွန်မကို အလွတ်မပေးလိုဘဲ အနားသို့ ပြေးလာကာ ကြမ်းပြင်ကနေ ကျွန်မကို အင်္ကျီမှဆွဲမပြီး- “မင်း မိုက်မဲတဲ့ ခွေးအိုမကြီး၊ ဒီနေ့ ငါမင်းကို ပေးသေမှာ မဟုတ်ဘူး၊ ဒါပေမယ့် နင့်ဘဝ နေပျော်စရာ မရှိအောင်ကို ငါကောင်းကောင်းလုပ်ပြမယ်။ ဆင်းရဲဒုက္ခခံစားရတဲ့ ဘဝနဲ့ မင်းအသက်ရှင်ရမယ်” ဟု ပြောခဲ့သည်။ ဤအရာကို ပြောရင်း သူက သူ၏ လျှပ်စစ်ကျင်စက်တံဖြင့် ကျွန်မကို လျှော့တိုက်တော့သည်၊ ယင်းက အပြာရောင်အလင်းများ ထုတ်လွှတ်သည်ကို မြင်ရလျက် ကျွန်မ အမှန်တကယ် ကြောက်ရွံ့သွားခဲ့သည်။ ဘုရားသခင်ကို တိတ်ဆိတ်စွာ အထပ်ထပ်အခါခါ ဆုတောင်းခဲ့ပြီး၊ ထိုအခါမှာပင် ကျွန်မအတွက် ကိုယ်တော်၏ နှုတ်ကပတ်တော်များအချို့ စိတ်ထဲရောက်လာခဲ့သည်- “သင်သည် အရာခပ်သိမ်းကို တောင့်ခံရမည်။ သင်သည် ကိုယ်၌ရှိသမျှ အရာအားလုံး စွန့်လွှတ်ရမည်။ ငါ၏နောက်သို့လိုက်ရန် သင်တတ်နိုင်သော အမှုခပ်သိမ်းကို ဆောင်ရွက်ရမည်၊ ငါ့အတွက် ကုန်ကျစရိတ်အလုံးစုံ ပေးဆပ်ရမည်။ ဤအချိန်အခါသည် သင့်ကို ငါစုံစမ်းမည့်အချိန်ဖြစ်သည်။ သင်သည် ငါ့အပေါ်တွင် သစ္စာစောင့်သိမည်လော။ သင်သည် လမ်းဆုံးတိုင် ငါ့နောက်သို့ သစ္စာရှိစွာ လိုက်မည်လော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းအားဖြင့် အဘယ်သူသည် သင်၏လမ်းကို ပိတ်ပင်တားဆီးနိုင်မည်နည်း။ ဤသည်ကို အောက်မေ့ကြလော့။ သတိရကြလော့။ ဖြစ်သမျှအရာရာတို့သည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်ကြောင့်ဖြစ်လျက် အရာရာတို့သည် ငါ၏ စောင့်ကြည့်ခြင်းအောက်၌ရှိ၏။ သင်၏ စကားတိုင်းနှင့် ဆောင်ရွက်ချက်တိုင်းတွင် ငါ၏နှုတ်ကပတ်တော်အတိုင်း လိုက်နာနိုင်မည်လော။ မီးနှင့်စစ်ဆေးခြင်းအချိန်အခါ ရောက်ရှိသောအခါ သင်သည်ဒူးထောက်၍ ခေါ်မည်လော။ သို့မဟုတ် သင်သည် တွန့်ဆုတ်၍ ရှေ့သို့မရွေ့နိုင် ဖြစ်မည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ကျွန်မသည် ကြံ့ခိုင်ပြီး ရဲတင်းလာစေသည်ဟု ခံစားရသည်သာမက သူ့အလိုတော်အား နားလည်သဘောပေါက်ခြင်းကိုလည်း ရရှိခဲ့ပါသည်။ ထိုအချိန်အတွင်း ကျွန်မကြုံနေခဲ့သည့် စမ်းသပ်မှုမှာ ဘုရားသခင်အနေဖြင့် ကျွန်မကို စစ်ဆေးရန် အချိန်တစ်ခုပင်ဖြစ်ခဲ့သည်။ ကျွန်မက ဘုရားသခင်ကို သစ္စာဖောက်စေရန် ကြိုးပမ်းအားထုတ်မှုတစ်ခုအဖြစ် ထိုအရာရှိက ကျွန်မကို ကိုယ်ထိလက်ရောက် နှိပ်စက်နေခဲ့ခြင်းဖြစ်သော်လည်း ဘုရားသခင်၏ အလိုတော်မှာ ကျွန်မအနေဖြင့် သူ့အား ကျွန်မ၏ ဆက်ကပ်အပ်နှံခြင်းနှင့် ချစ်ခြင်းတို့ကို ပူဇော်ဆက်သရန်ဖြစ်သည်။ သူက ကျွန်မအပေါ် သူ့မျှော်လင့်ချက်များ ထားနေခြင်းဖြစ်ခဲ့သောကြောင့် ဇာတိပကတိကို အလွယ်တကူ အရှုံးမပေးနိုင်သလို စာတန်၏ အင်အားစုများကိုလည်း အလွယ်တကူ ဦးမညွှတ်နိုင်ပါ။ ကျွန်မသည် ဘုရားသခင်၏ဘက်တွင် ပြတ်ပြတ်သားသား ရပ်တည်ကာ သူ့အတွက် ထူးကဲသောသက်သေ ခံရမည်ကို ကျွန်မသိခဲ့သည်။ အရာရှိက သူ့ ကျင်စက်တံဖြင့် ကျွန်မကို သွေးရူးသွေးတန်း ထိုးနှက်ပြီး ကျွန်မထဲ၌ လျှပ်စစ်စီးကြောင်း တစ်လှိုင်းပြီးတစ်လှိုင်း စီးဝင်စေကာ၊ ကျွန်မ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် တောင့်တင်းစေပြီး ဘောလုံးတစ်လုံးကဲ့သို့ ကျုံ့သွားစေသည်။ ကျွန်မကို လျှပ်စစ်လျှော့တိုက်ရင်း သူက “ပြောလိုက်လေ။ နင်စကားမပြောရင် ငါ နင့်ကို မသေမချင်း လျှော့တိုက်ပစ်မယ်ကွ” ဟု အော်ပြောခဲ့သည်။ ကျွန်မက အံကြိတ်ကာ စကားတစ်ခွန်းမှ မပြောသေးပါ။ ဤသည်ကို ကြည့်လျက် သူက ဒေါသူပုန်ထလေသည်။ ထိုအခိုက်တွင် ထိုရူးသွပ်သောနတ်ဆိုးကို ကျွန်မ အော်ဂလီဆန်အောင် မုန်းတီးခဲ့ပါသည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရသည်။ သူ့ကိုယုံကြည်ခြင်းနှင့် သူ့ကိုကိုးကွယ်ခြင်းမှာ ငြင်းစရာမရှိ မှန်ကန်သင့်မြတ်သည်၊ သို့သော်လည်း တရုတ်ကွန်မြူနစ် ပါတီက ဘုရားသခင်ကို အရူးအမူးဆန့်ကျင်ကာ ယုံကြည်သူများကို လူမဆန်စွာ ဖိနှိပ်ပြီး ညှင်းပန်းနှိပ်စက်သည်မှာ အသက်၆၀အရွယ် သက်ကြီးရွယ်အိုတစ်ယောက်ဖြစ်သည့် ကျွန်မကိုပင် ချမ်းသာမပေးပါ။ ကျွန်မ၏ သေရာသေကြောင်းကိုပင် ပြုလိုကြသည်တကား။ သူတို့က ကျွန်မကို ပိုပြီးအန္တရာယ်ပြုလေ၊ ကျွန်မက အမုန်းတရားဖြင့် အံကြိတ်လေဖြစ်ပြီး ကျွန်မ၏နှလုံးသားထဲတွင် သစ္စာဆိုခဲ့သည်- ကျွန်မ သေရမည်ဆိုလျှင်ပင် ကျွန်မသည် ဘုရားသခင်အတွက် သက်သေရပ်တည် ပါမည်။ ကျွန်မသည် စာတန်၏ သရော်ပြုံးများကို လှုံ့ဆော်ပေးလျက် အရှက်ရဖွယ် ဖြစ်တည်မှုဖြင့် အသက်ရှင်နေထိုင်သည့် သစ္စာဖောက်တစ်ယောက် ဖြစ်မည်မဟုတ်ပါ။ ထိုအရာရှိသည် ကျွန်မကို ရိုက်နှက်ရင်းနှင့် အော်ဟစ်ရင်း သူ့ဘာသာ ပင်ပန်းသွားသောကြောင့် ကျွန်မ မည်သည့်အရာကိုမျှ ပြောဦးမည် မဟုတ်သည်ကို မြင်လျက် အရာရှိများထဲမှတစ်ယောက်က ကျွန်မကို ချော့မော့နားချရန် ကြိုးစားခဲ့သည်- “နင် ဒီလောက်အိုနေပြီ၊ ဒါတွေအားလုံးက ဘာအတွက်လဲ။ ငါတို့သိချင်တာသာ ပြောစမ်းပါ၊ အဲဒီဟာတွေ နင့်ကို ဘယ်သူပေးတာလဲ၊ ပြီးတော့ အဲဒီလူတွေ ဘယ်မှာနေလဲ၊ ဒါဆို ငါတို့နင့်ကို အိမ်ပြန်ပို့ပေးမယ်။” ဤစာတန်၏လှည့်စားမှုကို ထိုးဖောက်သိမြင်ရန် ဘုရားသခင်က ကျွန်မကို ဉာဏ်အလင်းပေးခဲ့သောကြောင့် ကျွန်မ မည်သည့်အရာကိုမျှ မပြောခဲ့သေးပေ။ ကျွန်မ ပါးစပ်ဟမည် မဟုတ်ကြောင်း တွေ့မြင်လျက် ရုတ်တရက် သူက ရန်လိုသွားပြီး ကျွန်မကို စတင်ခြိမ်းခြောက်ပါတော့သည်။ “အမှန်ကိုပြော၊ ဒါဆို နင် အဲဒီလောက်ဆိုးတဲ့ စီရင်ချက် ခံရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မဟုတ်လို့ကတော့ နင်ပိုပြီး ကြမ်းတမ်းတဲ့ ဆက်ဆံမှု ရလိမ့်မယ်။ နင်စကားမပြောရင် နင် ၁၂ နှစ် ကျပြီးတော့ နင့်ရဲ့ ကျန်တဲ့တစ်ဘဝလုံးမှာ ထောင်ချခံရမယ်ကွ” ကျွန်မ ၁၂ နှစ်ကျခံရမည်ဟု သူပြောသည်ကို ကြားသည့်အချိန်၌ ကျွန်မခေါင်းထဲတွင် တစ်ဝီဝီကို ခံစားရပြီး- “ငါ ခုလို အတော်ဆိုးတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့တော့ ၁၂နှစ် မပြောနဲ့၊ တစ်နှစ်လေးတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ငါ ထောင်ထဲမှာ သေရတာနဲ့ပဲ အဆုံးသတ်ရင် သတ်သွားမှာ” ဟု တွေးမိသည်။ ကျွန်မ၏ ကျန်သည့်တစ်သက်လုံး နေရောင်ခြည်ကင်းမဲ့သည့် စိတ်ပျက်စရာ ကောင်းသော အကျဉ်းထောင်တစ်ခုတွင် ကုန်ဆုံးရမည့်အတွေးက ကျွန်မကို အလွန့်အလွန် ဝမ်းနည်းစေခဲ့သည်။ အသင်းတော်၏ အသက်တာနှင့် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ထောက်မခြင်း မရှိဘဲနှင့် ကျွန်မ တောင့်ခံနိုင်ပါ့မလား။ ကြံရာမရတော့ဘဲ ဘုရားသခင်ကို ကျွန်မ တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်။ ကိုယ်တော်က ကျွန်မကို ချက်ချင်း ဉာဏ်အလင်းပေးကာ သူ့ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မအား တွေးမိစေခဲ့သည်- “စကြဝဠာတစ်ခုလုံးတွင် ဖြစ်ပျက်နေသော အရာအားလုံးတို့တွင် ငါမဆုံးဖြတ်ဘဲ ပြီးမြောက်သွားမည့်အရာ တစ်ခုမျှပင်မရှိချေ။ ငါ၏ လက်ထဲတွင်မဟုတ်ပဲ တည်ရှိနေသော အရာများမှာ အဘယ်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) မှန်ပါသည်။ လူသားများ၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိပြီး အဖြစ်အပျက်အားလုံးနှင့် အမှုအရာအားလုံးတို့မှာ သူ၏အုပ်စိုးမှုနှင့် စီစဉ်မှုများတွင် မူတည်သည်။ ဘုရားသခင်ပြောသမျှ ချွင်းချက်မရှိ ဖြစ်ရသည်၊ ဘုရားသခင်က ကျွန်မကို ထောင်ကျခွင့်မပြုပါက ရဲက မည်သည့်အရာမျှ ပြောပိုင်ခွင့်မရှိပါ၊ သို့သော် သူက ခွင့်ပြုပါက မညည်းမညူဘဲ ထောင်ထဲသွားဖို့ ကျွန်မ ကျိုးနွံနာခံပါမည်။ ပေတရုက ဘုရားသခင်၏ စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခများတို့ကို ကျိုးနွံနာခံနိုင်ခဲ့သည်။ သူ့မှာ သူ့ဘာသာ ရွေးချယ်မှုတစ်ခုမျှ မရှိခဲ့ဘဲ သူ့ကိုယ်သူ ဘုရားသခင်ထံ လုံးလုံးပေးအပ်ခဲ့ပြီး ဘုရားသခင်၏ စီစဉ်မှုများကို နာခံခဲ့သည်။ အဆုံးတွင် သူသည် ဘုရားသခင်အတွက် ဇောက်ထိုးကား စင်တင်ခံခဲ့ရသည်၊ သူက သေသည်အထိ နာခံခဲ့ပြီး ဘုရားသခင်အား ချစ်ခြင်း၏ ရှေ့ပြေးဖြစ်လာခဲ့သည်။ ကျွန်မသည် ထိုနေ့က ပေတရု၏စံနမူနာမှ သင်ယူပြီး မိမိကိုယ်ကိုယ် ဘုရားသခင်၏ လက်တော်ထဲသို့ထားရှိရန် လိုအပ်ကြောင်း ကျွန်မသိခဲ့ပါသည်။ တစ်သက်တစ်ကျွန်း စီရင်ချက် ဆိုခဲ့လျှင်ပင်၊ ကျွန်မသည် ဘုရားသခင်ကို ကျိုးနွံနာခံရဦးမည် ဖြစ်သည်။ ရဲများသည် ကျွန်မကို ခေတ္တထိန်းသိမ်းရေးစခန်းသို့ ပို့လျက် အဆုံးသတ်ခဲ့ပါသည်။

ခေတ္တထိန်းသိမ်းရေးစခန်းတွင် ကျွန်မသည် လောကငရဲကျနေသကဲ့သို့ ခံစားခဲ့ရသည်။ အကျဉ်းခန်းများတွင် ပြတင်းပေါက်မရှိ၊ လျှပ်စစ်မီး မရှိပါ၊ ထို့ပြင် လူပေါင်း ၂၀ ကျော်ကို ၁၀ မီတာပတ်လည်သာသာရှိသည့် အကျဉ်းခန်းတစ်ခုထဲသို့ ပြွတ်သိပ်ထည့်ထားရသည်။ ကျွန်မတို့သည် လုံးလုံးလျားလျား ထိုအကျဉ်းခန်းထဲတွင်သာ စားသောက်ပြီး အပေါ့အလေးသွားကြရသည်။ ကြမ်းပြင်တစ်ခုလုံးအနှံ့ ရေဗွက်အိုင်လေး များရှိပြီး ဖျာတစ်ချို့ကို ခင်းထားသော်လည်း စောင်များ သို့မဟုတ် အိပ်ရာခင်းများ မရှိပါ။ ကျွန်မတို့အားလုံးသည် အိပ်ဖို့အတွက် ထိုရေဗွက်အိုင်လေးများပေါ်တွင် လှဲလျောင်းကြရသည်။ အခန်းထောင့် တွင် အိမ်သာသုံးရန် ရေပုံးတစ်လုံးရှိပြီး ခြင်များနှင့် ယင်ကောင်များက နေရာအနှံ့ ရှိသည်။ အနံ့အသက် ဆိုးရွားလွန်းသဖြင့် ကျွန်မ အသက်ပင်ဝဝ မရှူနိုင်ခဲ့ပေ။ လူတိုင်းက တစ်ပေမရှိသော အပေါက်မှတစ်ဆင့် လေအနည်းငယ် ရရှိနိုင်ရန်အတွက် သံတိုင်ဝင်ပေါက်အနီးတွင် နေရာလုကြရသည်။ နွေရာသီတွင် တကယ်ကို ပူလောင်ပြီး အကျဉ်းခန်းသေးသေးလေးထဲတွင် လူပေါင်းများစွာ ပြွတ်သိပ်ထည့်ထားခံရလေသည်၊ ထို့ကြောင့် အကျဉ်းသားများစွာမှာ ဘာမျှဝတ်မထားဘဲ ကိုယ်လုံးတီးနေကြရသည်။ အကျဉ်းသားများကြား တွင် အသေးအဖွဲကိစ္စများနှင့် ပတ်သက်ပြီး မကြာခဏ ရန်ပွဲဖြစ်ပွားကာ သူတို့က အဆက်မပြတ် ဆဲရေးတိုင်းထွာစကားများ သုံးနေကြသည်။ ကျွန်မတို့၏ နေ့စဉ်ဟင်းလျာမှာ မကျက်တကျက် ဂျုံဟင်းရည်နှင့် ခေါက်ဆွဲသေးသေးလေးများနှင့် မည်သည့်ဆီ သို့မဟုတ် ဆားမျှ မပါသည့် ဟင်းသီးဟင်းရွက် ရေလုံပြုတ်တို့ ဖြစ်ပါသည်။ ဇလုံအောက်ခြေတွင် အနည်များ အမြဲကျန်ခဲ့ပြီး အကျဉ်းသားများအားလုံး ဝမ်းလျှောကြရသည်။ တစ်နေ့တွင် ကျွန်မတို့ လေကောင်းလေသန့်အနည်းငယ်အတွက် အပြင်ထွက်နေကြသည့် အမည်ခေါ်ချိန်အတွင်း၌ ကျွန်မက အကျဉ်းသားနံပါတ် မတော်တဆ သတင်းမှားပို့လိုက်မိသည်။ အကျဉ်းဦးစီးဌာန အရာရှိသည် အမျက်ချောင်းချောင်းထွက်ပြီး “ကြည့်စမ်းပါဦး။ တကယ်သနားစရာပဲ။ ပြီးတော့ နင်က ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်ပေါ့” ဟု အော်ပြောခဲ့သည်။ ထို့နောက် သူက သူ့သားရေဖိနပ်ကို ချွတ်ပြီး ကျွန်မ၏မျက်နှာကို ၎င်းနှင့် ဆယ်ကြိမ်ဖြတ်ရိုက်လေရာ ကျွန်မ၏ မျက်နှာမှာ အညိုအမဲစွဲ ကျန်ရစ်ခဲ့ပါသည်။ ထို့နောက် ကျွန်မ၏ အကျဉ်းခန်းအဖော်များအားလုံး ကျွန်မကြောင့် ပြဿနာတက်ရပြီး အားလုံး ဆယ်ကြိမ် အရိုက်ခံခဲ့ရသည်။ သူတို့၏ မျက်နှာများလည်း အားလုံး အညိုအမဲစွဲကုန်ပါတော့သည်။ သူတို့မှာ သူတို့မျက်နှာများကိုအုပ်ပြီး နာကျင်စွာ ငိုကြွေးနေခဲ့ကြသည်။ ထိုအချိန်မှစကာ အကျဉ်းဦးစီးဌာနအရာရှိက ကျွန်မကို သူတို့၏ ဝတ်စုံများနှင့် အင်္ကျီများ၊ သူတို့၏ မွေ့ရာနှင့်အိပ်ရာခင်းများကို လျှော်ဖွပ်စေတော့သည်။ အထက်တန်းအစောင့်များထဲမှ တစ်ဦးသည် သူ၏နေအိမ်တွင် ဘော်ဒါဆောင်ဖွင့်ထားပြီး အဖုံးချွတ်ထားသည့် မွေ့ရာနှင့် အိပ်ရာခင်းများအားလုံးကို ကျွန်မအား လျှော်ခိုင်းဖို့ ယူဆောင်လာခဲ့သည်၊ ထို့နောက် ၎င်းတို့ သန့်ရှင်းသည်နှင့်တပြိုင်နက် ၎င်းတို့အားလုံးကို ကျွန်မ လက်ချည်းသက်သက်ဖြင့် ဖာထေးပြုပြင် ရပါသည်။ ကျွန်မသည် တစ်နေ့တာ ကုန်ဆုံးချိန်တွင် လုံးလုံးလျားလျား ခြေကုန်လက်ပမ်းကျလွန်းသဖြင့် ကျွန်မ၏ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပါတော့သည်။ ကျွန်မသည် တစ်စစီပြုတ်ထွက်နေသလို တကယ်ခံစားရသည်။ ရက်အနည်းငယ်အတွင်းတွင် ကျွန်မ၏လက်များ ရောင်ရမ်းလာခဲ့သည်။ ကျွန်မ အမှန်တကယ် မခံနိုင်တော့၍ ခဏတစ်ဖြုတ် နားမိသည့်အချိန်များတွင် အကျဉ်းဦးစီးဌာန အရာရှိက ကျွန်မကို ရက်ရက်စက်စက် အပြစ်ဖော်ဆုံးမတတ်သောကြောင့် ကျွန်မမှာ ငိုကြွေးရင်း အလုပ်ဆက်လုပ်ရုံမှတပါး ရွေးချယ်စရာ မရှိခဲ့ပါ။ ညပိုင်း နားဖို့အချိန် ကျလာသည့်အခါတွင် ကျွန်မမှာ အိပ်လည်းအိပ်ချင်၊ ခန္ဓာကိုယ်လည်း ပင်ပန်းနေလင့်ကစား၊ ကျွန်မသည် ကောင်းစွာ မအိပ်စက်နိုင်သေးပါ။ ကျွန်မ၏လက်မောင်းများသည် နာကျင်ကိုက်ခဲ နေပြီး ကျွန်မ၏ခါးမှာ နာကျင်လွန်း၍ ကျွန်မ ခါးပင်မဆန့်နိုင်ပါ။ ကျွန်မ၏ ခြေထောက်များလည်းထုံကျင်နေတတ်သည်။ ယနေ့ထိပင် ကျွန်မ၏ လက်မောင်းများကို လေးဆယ် သို့မဟုတ် ငါးဆယ်ဒီဂရီမျှသာ မြှောက်နိုင်လေသည်။ ကျွန်မသည် ၎င်းတို့ကို ဖြောင့်ဖြောင့်ပင် မဆန့်ထုတ်နိုင်ပါ။ မည်သည့်အခါမျှ စားစရာလုံလောက်စွာ မရနိုင်ဘဲ အလုပ်ကြမ်း လွန်စွာလုပ်ကိုင်ခြင်းမှ ပြင်းထန်သော အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ ရရှိလာကာ ကျွန်မကို မကြာခဏ ဝမ်းလျှောစေခဲ့သည်။ သည့်အပြင် ထိုဆိုးယုတ်သော ရဲအရာရှိများ၏ ရိုက်နှက်ခံရခြင်းမှ ကျန်ခဲ့သည့် ဒဏ်ရာများက မည်သည့်အခါမျှ အပြည့်အဝ မပျောက်ကင်းခဲ့ပါ။ ကျွန်မ၏ ကျန်းမာရေးမှာ ပို၍ပို၍ ဆိုးရွားလာခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မသည် နာတာရှည်အဖျား မကျရောဂါ ရရှိခဲ့ပြီး ထောင်စောင့်များက ကျွန်မကို ဆေးကုသခွင့်ပေးဖို့ ငြင်းဆန်ခဲ့ကြသည်။ မလိုချင်သော်ငြားလည်း ကျွန်မ အားနည်းလာကာ “ဒီအရွယ်မှာ ဒီလိုနှိပ်စက်မှုမျိုးသာ ဆက်ဖြစ်နေရင်တော့ ငါ ဒီထဲမှာ မကြာခင်အတွင်း သေသွားနိုင်တယ်” ဟု တွေးခဲ့မိသည်။ အဖော်မဲ့ခြင်းနှင့် ခိုကိုးရာမဲ့ခြင်းတို့က ကျွန်မ၏ နှလုံးသားထဲ၌ ပြည့်လျှံလာပြီး နာကျင်မှု၌ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့ပါသည်။ “အို ဘုရားသခင်၊ ကျွန်မ အခု တကယ်ကို အားနည်းနေပါတယ်၊ ပြီးတော့ ကိုယ်တော်ရဲ့အလိုတော် ဘာလဲဆိုတာ ကျွန်မမသိပါဘူး။ ဘုရားသခင်၊ ကျွန်မ ဒီအရာအားဖြင့် ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်ဖို့နဲ့ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ။” ကျွန်မသည် ဘုရားသခင်ကို ကျွန်မ၏ နှလုံးသားထဲမှ အဖန်တလဲလဲ အော်ခေါ်ခဲ့ပြီး၊ ကျွန်မ သတိမပြုလိုက်မိဘဲ ဘုရားသခင်က ကျွန်မကို ဉာဏ်အလင်းပေးခဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ၏စိတ်ထဲသို့ ဆောင်ကျဉ်းပေးခဲ့သည်။ ဤဓမ္မသီချင်းကို ကျွန်မ တိတ်တဆိတ် ညည်းဆိုခဲ့သည်- “ဘုရားသခင်သည် ယခုအချိန်တွင် ယင်းကဲ့သို့သော အလုပ်ကို လုပ်ဆောင်ရန်၊ ယခုတိုင် ပြီးစီးရန် လိုသေးသည့် သူ၏အလုပ်ကို နိဂုံးချုပ်ရန်၊ ဤခေတ်အား အဆုံးသတ်ရန်၊ ဤခေတ်ကို တရားစီရင်ရန်၊ နက်ရှိုင်းစွာ အပြစ်နှင့်ပြည့်နေသူများကို ဒုက္ခပင်လယ်ဝေနေသည့် လောကကြီးမှ ကယ်တင် ကာ ၎င်းတို့အား လုံးဝဥဿုံ အသွင်ပြောင်းလဲရန် လူ့ဇာတိကို ခံယူခဲ့လေပြီ။ လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန် လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ လူသားအား ၎င်း၏နာခံမှုမရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိခဲ့ဘဲ သူ၏အမှုကို သူကိုယ်တိုင်ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို အောင့်ခံ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့သက်ဆိုင်နိုင်သနည်း။ သူ၏အသက်တာကို ငရဲ၌ အဘယ်သို့ကုန်ဆုံးနိုင်သနည်း။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ သက်သာခြင်းသို့ရောက်ရန် သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့လာရန် အရှက်ကွဲခြင်းကို အောင့်ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင် လူသားကိုကယ်တင်ရန် သူကိုယ်တိုင် ‘ငရဲ’ နှင့် ‘မရဏနိုင်ငံ’ အတွင်း၊ ကျားအောင်းဂူအတွင်း ဝင်ရောက်ခဲ့၏။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားအမှု၏ အဆင့်တိုင်းသည် လူ့ဘဝအတွက်ဖြစ်၏ကျူး”) ကျွန်မ တေးညည်းပြီးရင်း ညည်းသည့်အခါ၌ ကျွန်မ၏ မျက်နှာပေါ် မျက်ရည်များ အဆက်မပြတ် စီးကျလာခဲ့သည်၊ ထို့နောက် ဘုရားသခင်သည် မည်မျှသာလွန်မြင့်မြတ်ကြောင်း၊ သို့တိုင် လူ့ဇာတိခံယူရန် သူ့ကိုယ်သူ နှစ်ကြိမ်တိုင်တိုင် နှိမ့်ချခဲ့ပြီဖြစ်ကြောင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဆုံးနိုင်သော ဆင်းရဲဒုက္ခနှင့် အရှက်ရခြင်းတို့ကို ခံခဲ့ကြောင်းတို့ကို ကျွန်မတွေးမိခဲ့သည်။ သူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ခုခံခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း တို့ကို ခံစားခဲ့ရပြီဖြစ်သည်သာမက၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်ခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းတို့ကိုလည်း သူခံခဲ့ရသည်။ ဘုရားသခင်သည် မလုံမလဲစိတ်မရှိဘဲ သူ၏ဆင်းရဲဒုက္ခမှာ လူသားမျိုးနွယ်သည် အနာဂတ်တွင် ကောင်းမြတ်ပျော်ရွှင်သော အသက်တာများဖြင့် အသက်ရှင်နေထိုင်နိုင်ရန်အတွက် ဖြစ်သည်။ သူခံစားခဲ့ပြီးသည့် နာကျင်မှုနှင့် အရှက်ရခြင်းတို့သည် အလွန်ကြီးမားသော်လည်း သူသည် ၎င်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ မညည်းညူခဲ့စဖူး သို့မဟုတ် မည်သူ့ကိုမျှ မကျေမနပ် မပြောခဲ့စဖူးပါ။ ထိုအချိန်က ကျွန်မခံစားနေခဲ့ရသည့် နာကျင်မှုမှာ ကျွန်မအပေါ် ကျရောက်လာသည့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာပင်ဖြစ်ပြီး ၎င်းတို့အားလုံး၏ နောက်ကွယ်တွင် ဘုရားသခင်၏ အလိုတော်ရှိခဲ့လေသည်။ ယင်းမှာ ကျွန်မအနေဖြင့် ထိုနတ်ဆိုးများ၏ ဆိုးယုတ်သော အနှစ်သာရကို ရှာဖွေတွေ့ရှိနိုင်ရန်၊ ထို့နောက် စာတန်ကို ပုန်ကန်နိုင်ရန်၊ စာတန်၏ အမှောင်စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ပြီး၊ ပြည့်ဝသော ကယ်တင်ခြင်းကို ရယူနိုင်ရန်အတွက် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်မသည် ဘုရားသခင်၏ နှစ်လိုဖွယ် ရည်ရွယ်ချက်များကို နားမလည်ခဲ့ဘဲ ဆင်းရဲဒုက္ခအနည်းငယ်မျှ တွေ့ကြုံခဲ့ရပြီးနောက် အပျက်သဘောဆောင်ပြီး အားနည်းလာခဲ့သည်။ ဤအရာကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် နှိုင်းယှဉ်ပါက ကျွန်မသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး နွံနာမှုမရှိခဲ့ကြောင်း ကျွန်မတွေ့ခဲ့သည်။ ထို့ကြောင့် အမှုအရာများ မည်မျှ ခါးသီးလာခဲ့သည်ဖြစ်စေ၊ မည်မျှ ခက်ခဲလာခဲ့သည်ဖြစ်စေ ကျွန်မသည် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး သူ့ကို နာကျင်စေမည့် အရာတစ်ခုမျှ မလုပ်တော့ပါဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်အတွက် သက်သေရပ်တည်ပါမည်ဟု ကျွန်မ၏အသက်ကို တိုင်တည်ကျိန်ဆိုခဲ့သည်။ ကျွန်မ ဆက်ကပ်အပ်နှံခဲ့သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကျွန်မမြင်တွေ့ခဲ့သည်။ ရဲများက ကျွန်မကို ထောင်ချပြီးနောက် ဒဏ်ငွေ ယွမ် ၁၆၀၀၀ သာမက ကျွန်မ၏ အခန်းခနှင့် ထမင်းလခအတွက် နောက်ထပ် ယွမ် ၁၀၀၀ တို့ကိုရဲများအားပေးရန် ဘုရားသခင်က ယုံကြည်သူတစ်ယောက် မဟုတ်ခဲ့သူ ကျွန်မ၏ ညီအစ်မကို ပေါ်လာစေခဲ့ပြီး ကျွန်မလွတ်မြောက်ခဲ့သည်။

ကျွန်မ၏ သုံးလတာ အကျဉ်းကျချိန်အတွင်း ဇာတိခန္ဓာအား ညှဉ်းပန်းခြင်းကို ကျွန်မခံစားခဲ့ရသော်လည်း တရုတ်ကွန်မြူနစ်ပါတီ နတ်ဆိုးတစ်သိုက်၏ စစ်မှန်သောစရိုက်နှင့် ဘုရားသခင်အား သူတို့၏ခုခံခြင်းတို့ကို ကျွန်မမြင်တွေ့ခဲ့ရပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဖမ်းဆီးမှုများစွာကို ကြုံရခြင်းက ကျွန်မအား ဘုရားသခင်၏အလုပ်၊ သူ၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာအပြင် သူ၏ချစ်ခြင်းမေတ္တာတို့အပေါ် လက်တွေ့ကျသော နားလည် သဘောပေါက်မှု အတော်အတန်ကိုလည်း ပေးခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်မကို အချိန်ပြည့် စောင့်ရှောက်နေပြီး ကွယ်ကာနေကြောင်း၊ ထို့ပြင် သူသည် ကျွန်မ၏ အပါးမှ မည်သည့်အခါမျှ တစ်ခဏလေးပင် မထွက်ခွာသွားကြောင်းတို့ကို ကျွန်မမြင်တွေ့ခဲ့ရသည်။ ထိုနတ်ဆိုးများ၏ နှိပ်စက်နည်းအမျိုးမျိုးကို ကျွန်မကြုံတွေ့ပြီး မချိမဆန့်ဝေဒနာခံစား နေခဲ့ရသည့်အချိန်တွင် အမှောင်၏လွှမ်းမိုးမှုကို ကျော်လွှားဖို့ ကျွန်မအား ယုံကြည်မှုနှင့် သတ္တိကိုပေးရင်း စာတန်၏ အန္တရာယ်နှင့် ဖျက်ဆီးခြင်းတို့ကို အောင်နိုင်ရန် အကြိမ်ကြိမ် ဦးဆောင်လမ်းပြခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ကျွန်မသည် အားနည်းပြီး ကူကယ်ရာမဲ့နေချိန်တွင် ကျွန်မအတွက် စစ်မှန်သည့် အမာခံကျောရိုး တစ်ခုအဖြစ် ဆောင်ရွက်ပေးသလို ခံနိုင်ရည်မရှိသည့်ရက် တစ်ရက်ပြီးတစ်ရက်ကို ဖြတ်ကျော်ရန် ကျွန်မကို အဖော်ပြုပေးရင်း ကျွန်မကို ရုတ်ချည်း ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များပင် ဖြစ်သည်။ ထိုသို့သော ဖိနှိပ်ချုပ်ချယ်မှုနှင့် ဆင်းရဲဒုက္ခတို့ကို ကြုံတွေ့ခြင်းက ငြိမ်သက်ပြီး သက်သောင့်သက်သာရှိသော အချိန်များတွင် မရရှိနိုင်သည့် အသက်၏ ရတနာတစ်ခုကိုရရှိရန် အခွင့်ပေးထားခဲ့ပါသည်။ ဤအတွေ့အကြုံ အားဖြင့် ကျွန်မ၏ ယုံကြည်မှု၌ ကျွန်မ၏ စိတ်ပိုင်းဖြတ်ချက်သည် အားကောင်းလာခဲ့ပြီဖြစ်ကာ အနာဂတ်တွင် မည်သို့သော ရက်စက်ကြမ်းကြုတ်သော အရာမျိုးများကို ကျွန်မရင်ဆိုင်ရပါစေ၊ ကျွန်မသည် သမ္မာတရားကို ရှာဖွေလိုက်စားပြီး အသက်တာကို ရှာဖွေလိုက်စားမည်ဖြစ်သည်။ ကိုယ်တော်သည် ဖန်ဆင်းခြင်း၏ သခင်ဖြစ်ပြီး သူသည် ကျွန်မ၏ တစ်ပါးတည်းသော ကယ်တင်ရှင်ဖြစ်သောကြောင့် ကျွန်မ၏ နှလုံးသားကို ဘုရားသခင်အား ပေးပါသည်။

ယခင်က:ညှဉ်းပန်းနှိပ်စက်ခြင်း၏ ခါးသီးမှုကို ကြုံခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနှင့် အမုန်းတရားတို့ကို ကျွန်တော် သိသာထင်ရှားစွာ ခွဲခြားသိမြင်လာသည်

နောက်တစ်ခုသို့:ဘေးအန္တရာယ်ဆိုးများအကြားမှ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မြည်းစမ်းခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ