အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၅။ ကြီးကြပ်ကွပ်ကဲခြင်းအားလုံးခံယူရန် ကျွန်မဆန္ဒထားရှိသည်

ဂျီန်ရှောန်၊ ရှမ်ဂျီ စီရင်စု

မကြာမီတုန်းက အထက်တန်းစားခေါင်းဆောင်များ လုပ်ငန်းအချို့အကောင်အထည်ဖော်ရန် ကျွန်မတို့အသင်းတော် ရောက်လာသည်ကို ကြားရသည့်အခါတိုင်း ကျွန်မကို အတော်လေး အနေရခက်စေပါသည်။ ခံစားချက်များကို လူသူသိအောင် မထုတ်ဖော်သော်လည်း၊ ကျွန်မနှလုံးသားက ၎င်းကိုဆန့်ကျင်ဖက်ပြုခြင်း အပြည့်နှင့်ပင်။ “ရှင်တို့အားလုံးမလာရင် အကောင်းဆုံး ဖြစ်မှာပဲ။ ရှင်တို့လာရင် အနည်းဆုံးတော့ ကျွန်မနဲ့အတူ အသင်းတော်ကို ရေမလာင်းပေးပါနဲ့။ ဒါမှမဟုတ်ရင် ကျွန်မချုပ်ချယ်ခံရပြီး မိဿဟာယဖွဲ့နိုင်မှာ မဟုတ်ဘူး” ဟု ကျွန်မတွေးတောမိသည်။ နောက်ပိုင်းတွင် အခြေအနေပိုဆိုးလာကာ သူတို့လာသည်ကို တကယ်ပင်မုန်းတီးလာခဲ့၏။ အလွန်ပင်ထုံထိုင်းနေခြင်းကြောင့် ၎င်းကို ဖြေရှင်းဖို့ သမ္မာတရားကိုရှာဖို့ ကျွန်မစဉ်းစားရန် မပြောနှင့်၊ ဘယ်အခြေအနေထဲသို့ ကျရောက်သွားသည်ကိုပင် ကျွန်မနားမလည်နိုင်တော့ပါ။

တစ်နေ့မှာ “အသင်းတော်ခေါင်းဆောင်များနှင့်လုပ်သား လူတန်းစားအားလုံး၏ တာဝန်များ သတ်မှတ်ချက်” ဟုရေးထားသောလုပ်ငန်းစီစဉ်မှုတစ်ခု၌ အောက်ပါစာပိုဒ်ကိုဖတ်လိုက်မိသည်။ “သူတို့သည် နယ်မြေဒေသ အလိုက်ဆုံးဖြတ်နိုင်သော တာဝန်ခံအဖွဲ့တိုင်းကို သွားရောက်ကြည့်ရှုလျက် သူတို့၏ အလုပ်ကို ကောင်းကောင်းနားလည်သဘောပေါက်အောင်လုပ်ပြီး၊ အဖွဲ့တစ်ခုစီတိုင်းအတွက် လုပ်ငန်း၌ ဖြစ်ပေါ်နေသည့် မှားယွင်းမှုနှင့် အတိမ်းအစောင်းများကို အချိန်မီ ဖြေရှင်းပေးရမည်။ အထူးသဖြင့် ပို၍ အားနည်းသော ဒေသတာဝန်ခံအဖွဲ့များသည် သူတို့နယ်မြေဒေသများအတွက် အလုပ်ကို သာ၍ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် လမ်းညွှန်မှုနှင့် ကူညီထောက်မမှုကိုပေးရမည်။” (အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်း) လုပ်ငန်းစီစဉ်မှုစာများမှ၊ ခေါင်းဆောင် အဆင့်ဆင့်တို့သည် သူတို့တာဝန်ယူရသောအသင်းတော်တပါးစီ၏ အခြေအနေမှန်ကို နားလည်သဘောပေါက်သင့်ကြောင်း ကျွန်မသိရှိလာခဲ့သည်။ ဤနည်းအတိုင်းနှင့်ပင် သူတို့သည် အသင်းတော်၏ လုပ်ငန်းထဲ၌ရှိတတ်သော ပြဿနာများ၊ အမှားအယွင်းများနှင့် မမှန်သောနည်းစနစ်ရှိသမျှကို လက်တွေ့ကျကျဖြေရှင်းကာ အသင်းတော်၏လုပ်ငန်းအားလုံး ပြေပြစ်ချောမောစွာသွားနိုင်ဖို့ သေချာ စေနိုင်မည်ဖြစ်သည်။ ၎င်းသည် အသင်းတော်ခေါင်းဆောင်များ၏ အဓိကအလုပ်တာဝန်ဝတ္တရားပင် ဖြစ်၏။ ကျွန်မအနေဖြင့် ကျွန်မ၏လက်ရှိအခြေအနေကို စဉ်းစားရင်း ဤစာပိုဒ်၏အဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်နေမိ၏။ အဘယ်ကြောင့်အသင်းတော်သို့ ခေါင်းဆောင်များရောက်လာသည်ကို ကျွန်မအလွန်မနှစ်သက်ရသနည်း။ အဘယ်ကြောင့် သူတို့နှင့်အတူ အသင်းတော်ကို ကျွန်မရေမလောင်းချင်သနည်း။ ယင်းမှာ အသင်းတော် သို့ သူတို့လာပါက ကျွန်မအလုပ်၌ အတိမ်းအစောင်းများကို တွေ့ရှိပြီး ဤကိစ္စအတွက် ကျွန်မကို သူတို့ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းမည်ကို စိုးရိမ်မိ၍မဟုတ်ပါလော။ ထိုထက်မက၊ သူတို့က ကျွန်မထက် မိဿဟာယအဖွဲ့ကောင်းပြီး၊ ကျွန်မညီအစ်ကိုမောင်နှမများ စိတ်ထဲ၌ ကျွန်မအတွက်ထားရှိသော ဂုဏ်ဒြပ် ဆုံးရှုံးသွားစေမည်ကို ကျွန်မ ကြောက်ခဲ့မိသည်။ သူတို့မရောက်လာခဲ့လျှင် ကျွန်မ၏လုပ်ငန်းအစီအစဉ်ကို ကျွန်မစိတ်ကြိုက် လုပ်ဆောင်နိုင်သည်။ ကျွန်မ၏နည်းစနစ်သည် သမ္မာတရား၊ သို့မဟုတ်စည်းမျဉ်းများနှင့် မကိုက်ညီပင်လျှင် ဘယ်သူကမျှသိသွားမည်မဟုတ်သလို ကိုင်တွယ်ဖြေရှင်း၊ ဝေဖန်မည်လည်းမဟုတ်ပါ။ ဤသို့ဖြင့် ညီအစ်ကိုမောင်နှမတို့စိတ်ထဲ၌ ကျွန်မ၏ရပ်တည်မှုသည် ပိုမို ကြီးမားလာပြီး ပိုမိုတည်ငြိမ်လာမည်။ သူတို့အားလုံးက ကျွန်မကိုပဲ ကြည်ညိုလေးစားလျက်၊ သဘောကျလာကာ ကျွန်မ၏အမိန့်များကိုသာ နာခံပေလိမ့်မည်။ အသင်းတော်တစ်ခုလုံးက ကျွန်မကိုပဲ ဗဟိုပြုလိမ့်မည်။ ဤအရာက ကျွန်မ၏တကယ့်ရည်ရွယ်ချက်မဟုတ်ပါလား။ ဤအတွေးများ တွေးတောစဉ် ကျွန်မကြောက်လန့်လာခဲ့သည်။ ဤသို့ဖြစ်လာသည်နှင့်၊ ကျွန်မသည် ညီအစ်ကိုမောင်နှမတို့၏ စိတ်နှလုံးသားများထဲ၌ ဂုဏ်အဆင့်အတန်းရရှိခြင်းငှါ သူတို့စိတ်နှလုံးသားများထဲမှာ ဘုရားသခင် ပျောက်ကွယ်စေဖို့ ကျွန်မကြံစည်မိပြီ မဟုတ်ပါလား။ ကျွန်မသည် “ဧကရာဇ်ဘုရင်က ဟိုအဝေးကြီးမှာ”၊ “ငါကလွဲပြီး ရှင်ဘုရင် မရှိ” ဆိုသလို အဆင်းနီသော နဂါးကြီး အဆိပ်များ၏ အသက်ရှင်သော သက်သေသာဓကတစ်ခု မဟုတ်ပါလား။ ထိုနောက်ပိုင်းတွင် ဘုရားသခင့် နှုတ်ကပတ်တော်မှ အောက်ပါကျမ်းပိုဒ်များကို ကျွန်မဖတ်လိုက်ရသည်။ “ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို ကြာရှည်စွာ ကူးစက်စွဲကပ် နေခဲ့ပြီး လူသားကို မာရ်နတ် အကြီးနှင့် အသေးများအဖြစ်သို့ ပြောင်းလဲခဲ့သည်။...လူသား၏ မျက်နှာသည် လူသတ်မှုနှင့် ပြည့်နှက်နေပြီး အရပ်ခပ်သိမ်း၌ မရဏ တရားသည် လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤကုန်းမြေမှ နှင်ထုတ်ရန် ကြိုးစား ကြသည်၊...၎င်းသည် ဘုရားသခင်၏ အရာခပ်သိမ်းကို တစ်ချက်တည်းနှင့် ရှင်းရှင်းသုတ်သင်ရန်၊ ဘုရားသခင်ကို နောက်တစ်ဖန် စော်ကားရန်နှင့် လုပ်ကြံသတ်ဖြတ်ရန် အလိုရှိပြီး၊ ဘုရားသခင်၏ အလုပ်ကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြိုးပမ်း၏။ ၎င်းသည် ဘုရားသခင်အား အဆင့်အတန်း တစ်တန်းတည်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်ခဲ့သနည်း။ လူသားတို့အကြား အလုပ်ကို ဘုရားသခင်၏ ‘ကြားဝင် စွပ်ဖက်ခြင်း’ အား ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏မသတီစရာမျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်ရသနည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က နှောင့်ယှက်ရန် ၎င်းသည် အဘယ်သို့ နှင့် ခွင့်ပြုရသနည်း။ အမျက်ဒေါသ ခြောင်းခြောင်းထွက်နေသာ ဤမာရ်နတ်သည် ကမ္ဘာမြေကြီး ပေါ်ရှိ ၎င်း၏ အာဏာလက်ကိုင်ကို ဘုရားသခင်က အစိုးရသွားစေရန် အဘယ်သို့နှင့် ခွင့်ပြုရသနည်း။ အဘယ်သို့နှင့် ၎င်းသည် အရှုံးကို လိုလိုလားလား ဝန်ခံသနည်း။ ၎င်း၏ မသတီစရာ အသွင်အပြင်သည် အဘယ်ရာဖြစ်သည်ကို ဖော်ထုတ်ခြင်းခံခဲ့ရသောကြောင့် ငိုရမလို ရယ်ရမလို ဖြစ်နေကာ ပြောဆိုဖို့ရန် ဧကန်ပင် အခက်တွေ့လှ၏။ ဤသည်မှာ ၎င်း၏ အနှစ်သာရပင် မဟုတ်လော။...မာရ်နတ်များ နှင့် ဆိုးသွမ်းသော ဝိညာဉ်များသည် ဘုရားသခင်၏ အလိုတော်နှင့် အပတ်တကုတ် လုံ့လစိုက်ထုတ်ခြင်းတို့ကို ပိတ်ပင်တားဆီးခဲ့ကာ ၎င်းတို့ကို မဖောက်ထွင်း နိုင်အောင် ပြုသည်။ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့လျှင် မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့လျှင် အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ဆန့်ကျင်ခြင်းနှင့် ကြီးလေးသော အဟန့်အတားကို ဖြစ်ပေါ်စေသည်။ အလွန်အမင်း ပုန်ကန်သည်တကား။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)”) အဆင်းနီသောနဂါးကြီးက လူသားများကိုထိန်းချုပ်၍ လူသားများအပေါ် အုပ်စိုးမှုကို ရယူရန်အလို့ငှာ ဘုရားသခင်ကို လူသားများ၏ အမှုကိစ္စများထဲ၌ ကူညီရန်၊ ၎င်း၏ကြောက်မက်ဖွယ်ရုပ်မျက်နှာကို ဖော်ထုတ်ရန်၊ ၎င်း၏ အကြံအစည်ကို နှောင့်ယှက်ဟန့်တားရန် သို့မဟုတ် သူ၏ အုပ်စိုးမှုကို လွမ်းမိုးရန် အခွင့်မပေးပဲ ဘုရားသခင်ရောက်လာခြင်းကို စွမ်းအားအပြည့် တိုက်ခိုက်နေသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ကို သွေးရူးသွေးတန်း ဆန့်ကျင်နှောင့်ယှက်လျက် လွန်စွာပျက်စီးစေခဲ့၏။ တစ်နေ့ကျရင် လူသားများ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို ဆွဲလုယူနိုင်မည်၊ လူသားများကို ထာဝရစီရင်ပိုင်သူဖြစ်လာလျက် သူ့ကိုသာ အတင်းဝတ်ပြုခိုင်းမည်ဟူသော သူ၏ စက်ဆုပ်ဖွယ် ရည်မှန်းချက် ပြည့်စုံလာမည်ဟု စိတ်ကူးယဉ်အိပ်မက်မက်နေ၏။ ကျွန်မ၏ စိတ်ကူးများနှင့် အဆင်နီနဂါးကြီး၏လုပ်ရပ်များကြားတွင် မည်သို့သော ကွာခြားမှု ရှိပါသနည်း။ ကျွန်မအနေနှင့် ကျွန်မ၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းဖို့ လိုလားသလို လုပ်ငန်း၌လည်း ကန့်သတ်ချုပ်ချယ်ခြင်း မခံရပဲ မိမိစိတ်ကြိုက်နှင့်သာသွားလာနိုင်ဖို့ ကျွန်မ ခိုင်လုံစေချင်သောကြောင့် တခြားခေါင်းဆောင်များ၊ သို့မဟုတ် လုပ်ဖော်ဆောင်ဖက်များကိုကျွန်မ၏ အလုပ်အား ကြီးကြပ်ခွင့် သို့မဟုတ် စစ်ဆေးခွင့် မပေးလိုခြင်းဖြစ်သည်။ တခြားတစ်ယောက်က ကျွန်မဦးဆောင်သော အသင်းတော်လုပ်ငန်းထဲ၌ဝင်ရှုပ်ကာ၊ ညီမောင်ကိုမောင်နှမများအား ရေလာလောင်းမပေးစေချင်ပါ။ ယင်းမှာ ကျွန်မက တခြားသူအပေါ် ထိန်းချုပ် အုပ်စိုးချင်သောကြောင့် မဟုတ်ပါလား။ ကျွန်မ၏ ရည်ရွယ်ချက်မှာ ညီအစ်ကိုမောင်နှမများ အပေါ်၌ ကိုယ့်ကိုကိုယ် ဘုရင်တစ်ပါးနှင့် မြေကြီးအုပ်စိုးရှင်အဖြစ် အခိုင်အမာဆိုဖို့ ဖြစ်သည် မဟုတ်ပါလား။ အဆီးအတားမရှိ မာနထောင်လွှားမှုနှင့် အလွန်အကျွံစိတ်ကြီးဝင်ရောဂါဖြစ်သော အဆင်းနီသောနဂါးကြီး၏ အဆိပ်က ကျွန်မ၏ ဖြစ်တည်ခြင်း ဗဟိုချက်ထဲ စိမ့်ဝင်ထိုးဖောက်ခဲ့နှင့်ပြီး ဖြစ်သည်ကို ကျွန်မမြင်ခဲ့ပါသည်။ အပေါ်ယံတွင် ကျွန်မတာဝန်ကျေပွန်အောင် လုပ်ဆောင်ခဲ့သော်လည်း နှလုံးသားထဲ၌ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များ ဆွဲကိုင်ထားလေသည်။ ကျွန်မလုပ်ဆောင်မှု၏ အနှစ်ချုပ်မှာ ကျွန်မ၏ကိုယ်ပိုင်အင်ပါရာကို တည်ထောင်လိုသော ဆန္ဒဖြစ်ပြီး ဘုရားသခင်ကို အာခံလျက် သူ့အလိုတော်ရွက်ဆောင်ခြင်းကို ပိတ်ဆို့လျက်ရှိ၏။ ကျွန်မသဘာဝသည် လွန်စွာလန့်ဖွယ်ကောင်းလှပေသည်။ ဘုရားသခင်နှုတ်ကပတ်တော်၏ ပြင်းထန်သော ထုတ်ဖော်ခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့်သာမဟုတ်လျှင်၊ စာတန်အားဖြင့် ကျွန်မ အဘယ်သောအတိုင်းတာထိ ပျက်စီး၍ ဘုရားသခင်အား ဆန့်ကျင်ခဲ့သည်ကို လုံးဝသိခွင့်ရမည် မဟုတ်ချေ။ ကျွန်မ၏စိတ်ဝိညာဉ်အတွင်း၌ စာတန်၏လှည့်ကွက်များ ကိန်းဝပ်နေပြီး၊ ကျွန်မသဘာဝနှင့် အနှစ်သာရတို့ လွန်စွာပျက်စီးမှန်းကိုလည်း သိလာမည်မဟုတ်ချေ။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ထုတ်ဖော်ပြသည့်အတိုင်း အဆင်းနီသောနဂါးကြီး၏ သားသမီး ဧကန်အမှန်ဖြစ်ပြီးစာတန်၏ကလေးသာဖြစ်ခဲ့ ရလေသည်။

ကျွန်မ၏ ဆိုးယုတ်သောသဘာဝကိုသိခွင့်ပေးသော ဘုရားသခင်၏ထုတ်ဖော်ခြင်းနှင့် ဉာဏ်အလင်းရစေခြင်းအတွက် ဘုရားသခင်ကို ကျွန်မကျေးဇူးတင်ပါသည်။ လုံ့လဝီရိယထုတ်၍ သမ္မာတရားလိုက်လျှောက်ကာ မိမိသဘာဝထဲရှိ ဆိုးယုတ်သည့် အဆိပ်များကို ပိုမိုနက်နဲစွာနားလည်သဘောပေါက်မည့်အကြောင်းကျွန်မအဓိဌာန်ပြုပါ၏။ ထိုမျှမက တခြားလုပ်ဖော်ဆောင် ဖက်များ၊ ခေါင်းဆောင်များ၏ ကြီးကြပ်စစ်ဆေးခြင်းကိုခံယူရန်လည်း ကတိသစ္စာပြုပါသည်။ သူတို့အားလုံး၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းများကို ခံယူပါမည်။ ဘုရားသခင်၏စိတ်တော်ကို နှစ်သိမ့်ကျေနပ်စေနိုင်ဖို့ ကျွန်မ၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင်ဆောင်ရွက်ရန် အသင်းတော်တစ်ခုလုံး၏ စစ်ဆေးခြင်းအောက်တွင် မိမိကိုယ်ကိုထားရှိပါ့မည်။

ယခင်က:ကျွန်မ ၏ဖောက်ပြန်ပျက်စီးမှု အစစ်အမှန်ကို မြင်ခြင်း

နောက်တစ်ခုသို့:သဘောထားကွဲသူများကို ခွဲခြားဆက်ဆံခြင်းသည် အလွန်ပင် အငြိုးထားလွန်းခြင်းဖြစ်သည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ