၁၀) မိစ္ဆာဒိဌိအယူနှင့် အတွေးမှားတို့၌ မည်သည့်အရာများ ပါဝင်သနည်း။ မိစ္ဆာဒိဌိအယူများနှင့် အတွေးမှား အမျိုးမျိုးတို့ကို မည်သို့ ခွဲခြားနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။... ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ ဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်လိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်ပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် စိတ်ဆန္ဒမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက၊ ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်ထုဆီသို့ ပျက်စီးခြင်း လမ်းကို နင်းလျှောက် ရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ ရုတ်တရက် ကြမ်းတမ်းစွာ တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကိုယ် ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။...

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု ဖြစ်သလော။ အနည်းဆုံးအနေဖြင့် လူများသည် “အသိပညာ” ဟူသော စကားလုံး၏ ဂယက်အနက်သည် အပျက်သဘောထက် အပြုသဘောဖြစ်သည်ဟု လူတို့ ထင်ကြသည်။ သို့ဆိုလျှင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုသည်ဟု ဤနေရာတွင် ငါတို့ အဘယ်ကြောင့် ဖော်ပြနေကြသနည်း။ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် အသိပညာ၏ ရှုထောင့်တစ်ခု မဟုတ်လော။ နယူတန်၏ သိပ္ပံပညာဆိုင်ရာ ဥပဒေသများသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည် မဟုတ်လော။ ကမ္ဘာကြီး၏ ဆွဲငင်အားသည်လည်း အသိပညာ၏ အစိတ်အပိုင်းဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော အရာများအကြားတွင် အသိပညာကို အဘယ်ကြောင့် စာရင်းပြုထားသနည်း။ ဤအရာအပေါ် သင်၏ အမြင်မှာ အဘယ်နည်း။ အသိပညာတွင် သမ္မာတရား အနည်းငယ်မျှပင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် အသိပညာ၏ အနှစ်သာရက အဘယ်နည်း။ မည်သည့်အခြေခံအကြောင်းရင်း ပေါ်တွင် လူသား ဆည်းပူးသည့် အသိပညာအားလုံးကို လေ့လာသင်ယူရသနည်း။ ဆင့်ကဲဖြစ်စဉ် သီအိုရီပေါ်တွင် အခြေခံသလော။ စူးစမ်းရှာဖွေခြင်းနှင့် ပေါင်းရုံးဖော်ပြချက်တို့ မှတစ်ဆင့် လူက ရရှိထားသည့် အသိပညာမှာ ဘုရားမဲ့ဝါဒကို အခြေခံသည် မဟုတ်လော။ ဤအသိပညာ တစ်ခုတစ်လေသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု ရှိသလော။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်နွှယ်သလော။ ယင်းသည် သမ္မာတရားနှင့် ဆက်နွှယ် သလော။ (မဆက်နွှယ်ပါ။) သို့ဆိုလျှင် စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို မည်သို့ အသုံးပြုသနည်း။ ဤအသိပညာ၏ မည်သည့်အရာကမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်ခြင်းမရှိဟု ယခုပင် ငါပြောခဲ့သည်။ လူအချို့က ထိုအရာကို ဤကဲ့သို့ စဉ်းစားကြသည်- “အသိပညာသည် သမ္မာတရားနှင့် မည်သို့မျှ သက်ဆိုင်ခြင်းရှိကောင်းရှိလိမ့်မည် မဟုတ်သော်လည်း ယင်းသည် လူကိုမပျက်စီးစေသေးပါ။” ဤအရာအပေါ် သင်တို့၏ အမြင်မှာ အဘယ်နည်း။ လူတစ်ဦး၏ ပျော်ရွှင်မှုကို မိမိတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် ဖန်တီးရမည်ဟူသော အသိပညာကို သင့်အား သင်ပေးခဲ့သလော။ လူ၏ ကံကြမ္မာသည် သူ၏ကိုယ်ပိုင် လက်ထဲတွင် ရှိသည်ဟု အသိပညာက သင့်ကို သင်ပေး ခဲ့ဖူးသလော။ (သင်ပေးခဲ့ပါသည်။) ဤသည်မှာ မည်သို့သော ပြောဆိုမှုမျိုးဖြစ်သနည်း။ (အဓိပ္ပာယ်မရှိပါ။) လုံးဝမှန်သည်။ ယင်းသည် အဓိပ္ပာယ်မရှိ။ အသိပညာသည် ဆွေးနွေးရန် ရှုပ်ထွေးသည့် အကြောင်းအရာ ဖြစ်သည်။ သင့်အနေဖြင့် အသိပညာ နယ်ပယ်တစ်ခုသည် အသိပညာထက် ဘာမျှမပိုဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ကိုးကွယ်မှု မပြုခြင်းနှင့် ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်ကို နားမလည်ခြင်းပေါ် အခြေခံ၍ လေ့လာသင်ကြားရသည့် အသိပညာ၏ နယ်ပယ်တစ်ခုဖြစ်သည်။ လူတို့သည် ဤကဲ့သို့သော အသိပညာမျိုးကို လေ့လာသည့်အခါ ဘုရားသခင်သည် ခပ်သိမ်းသော အရာများအပေါ် အချုပ်အခြာ အာဏာရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ခပ်သိမ်းသော အရာများကို ဘုရားသခင် ကွပ်ကဲအုပ်ချုပ်သည် သို့မဟုတ် စီမံခန့်ခွဲလျက်ရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ယင်းအစား ၎င်းတို့ လုပ်ဆောင်သမျှမှာ အသိပညာ၏ ထိုနယ်ပယ်ကို မပြီးနိုင်မဆုံးနိုင် သုတေသနပြုကာ စူးစမ်းရှာဖွေပြီး အသိပညာပေါ်တွင် အခြေခံသော အဖြေများကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ လူတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ယင်းအစား သုတေသနကိုသာ လုပ်နေပါက ၎င်းတို့သည် မှန်ကန်သော အဖြေများကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်သည်မှာ မှန်ကန်သည် မဟုတ်လော။ အသိပညာက သင့်ကို ပေးနိုင်သမျှမှာ သင် ဆာလောင် မသွားဖို့ရန်အလို့ငှာ အသက်မွေးမှု၊ အလုပ်တစ်ခု၊ ဝင်ငွေတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ယင်းသည် သင့်ကို မည်သည့်အခါတွင်မျှ ဘုရားသခင်အား ကိုးကွယ်စေမည် မဟုတ်သကဲ့သို့ သင့်ကို မကောင်းမှုမှ ဝေးရာသို့ ဘယ်သောအခါမျှ ထိန်းသိမ်းပေးလိမ့်မည် မဟုတ်ပေ။ အသိပညာကို သင်ပိုမိုသင်ယူလေ၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ရန်၊ ဘုရားသခင်ကို လေ့လာမှုများပြုရန်၊ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ဆန္ဒပိုရှိလေ ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ ယခုတွင် အသိပညာက လူတို့ကို မည်သည့်အရာ သင်ပေး နေသည်ကို ငါတို့မြင်သနည်း။ စာတန်၏အတွေးခေါ်သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူများကြားတွင် စာတန် ပျံ့နှံ့စေသည့် ရှင်သန်ခြင်းနှင့်ဆိုင်သော အတွေးအခေါ်များနှင့် စည်းမျဉ်းများသည် သမ္မာတရား နှင့် ဆက်နွှယ်မှု တစ်ခုတစ်လေ ရှိသလော။ ထိုအရာတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့၊ အမှန်တွင် သမ္မာတရား၏ ဆန့်ကျင်ဘက် ဖြစ်ကြသည်။ လူတို့က၊ “ဘဝသည် လှုပ်ရှားမှုဖြစ်၏” ဟူ၍ လည်းကောင်း၊ “လူသည် သံဖြစ်သည်၊ ထမင်းသည် သံမဏိ ဖြစ်သည်၊ အစာတစ်နပ် လွတ်ပါက လူသည် ငတ်မွတ်မှုကို ခံစားရသည်။” ဟူ၍ လည်းကောင်း မကြာခဏ ပြောကြသည်။ ဤဆိုရိုးစကားများမှာ အဘယ်နည်း။ ၎င်းတို့သည် ယုတ္တိအမှားများဖြစ်ကြပြီး၊ ၎င်းတို့ကို ကြားရခြင်းက စက်ဆုပ်ရွံရှာဖွယ် ခံစားချက်တစ်ခု ဖြစ်စေသည်။ လူသား၏ အသိပညာဟုဆိုသည့် အရာတွင်၊ စာတန်သည် ၎င်း၏ အသက်ရှင်မှုအတွက် အတွေးအခေါ်နှင့် ၎င်း၏ အတွေးကို အနည်းငယ် စိမ့်ဝင်စေသည်။ ဤအရာကို စာတန်က လုပ်သည် နှင့်အမျှ၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်နိုင်ဖို့၊ အရာခပ်သိမ်းနှင့် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အုပ်စိုးခြင်းကို ငြင်းပယ်နိုင်ဖို့အလို့ငှာ စာတန်သည် ၎င်း၏ စဉ်းစားမှု၊ အတွေးအခေါ်နှင့် ရှုထောင့် အမြင်များကို လူအား ခံယူခွင့်ပေးလေသည်။ ထို့ကြောင့် လူ၏ လေ့လာသင်ယူမှုများ တိုးတက်လာပြီး သာ၍များသော အသိပညာကို သူရရှိသည်နှင့်အမျှ၊ ဘုရားသခင်၏ တည်ရှိမှုမှာ မှေးမှိန်လာသည်ဟု သူခံစားရပြီး ဘုရားသခင် တည်ရှိသည်ဟုပင် ခံစားကောင်း ခံစားရတော့မည်မဟုတ်ပေ။ စာတန်က ရှုထောင့်အမြင်များ၊ အယူအဆများနှင့် အတွေးများကို လူ၏စိတ်ထဲ ထည့်သွင်းထားသည်နှင့်အမျှ၊ လူသည် ဤဖြစ်စဉ်တွင် ဖောက်ပြန်ပျက်စီးသည် မဟုတ်လော။ (ပျက်စီးပါသည်။) လူသည် မိမိ၏အသက်တာကို ယခုတွင် မည်သည့်အရာပေါ်အခြေခံသနည်း။ သူသည် ယင်းအသိပညာ အပေါ် အခြေခံကာ အမှန်တကယ် အသက်ရှင်နေပါသလော။ အသက်မရှင်ပေ။ လူသည် သူ၏အသက်တာကို ဤအသိပညာ အတွင်းတွင် ကွယ်ဝှက်ထားသော စာတန်၏ အတွေးများ၊ အမြင်များနှင့် အတွေးအခေါ်များအပေါ် အခြေပြုနေပေသည်။ ဤသည်မှာ လူသားကို စာတန် ဖောက်ပြန်ပျက်စီးစေခြင်း၏ ပဓာနကျသော အစိတ်အပိုင်း ဖြစ်ပေါ်သည့်နေရာဖြစ်သည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်ပန်းတိုင်နှင့် လူသားကို ဖောက်ပြန်ပျက်စီးစေခြင်းအတွက် ၎င်း၏နည်းလမ်း နှစ်ခုလုံး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသကဲ့သို့သော စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် ကမ္ဘာမြေ၏ အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် စကားများသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့်၊ တရုတ်လူမျိုးများက “ပညာရှိ”ဟု အမွှမ်းတင်ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်၊ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာလေသည်၊ ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှာ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများမှ သင် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သာ လူတစ်ဦးအား- “သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ “‘အရာရှိများသည် တံစိုးလက်ဆောင်ပေးသူများကို မရိုက်ပုတ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်” ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းသည် သူ့ကိုအသက်ပေးသောအရာ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

“ငွေက ကမ္ဘာကို လည်ပတ်စေသည်” ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ထုတ်ဖော်ပြခံရသည့် ဤအရာကို မည်သို့ အနက်ဖွင့်ကြသနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ ထို့ကြောင့် စာတန်သည် လူကို ဖောက်ပြန်ပျက်စီး စေရန် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ယင်းသည် ၎င်းတို့အတွင်း၌ အဘယ်သို့ ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင်‌ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ထို့အပြင်၊ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ ဤသည်မှာ လူတို့အတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ဤလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံ လာသည်နှင့်အမျှ၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်ထဲသို့ လုံးဝကျရောက်သွားသောကြောင့် သင်သည် ထိုဆိုရိုးစကားဖြင့် အမှတ်တမဲ့ အသက်ရှင်လာသည်။ ဤဆိုရိုးစကားက သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်ဖြစ်ပြီး၊ သမ္မာတရားကို သိကောင်းသိမည် ဖြစ်သော်လည်း၊ ယင်းကို လိုက်စားရှာဖွေရန် အစွမ်းမဲ့လေသည်။‌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိကောင်းသိနိုင်သော်လည်း၊ သမ္မာတရားကို ရရှိဖို့အလို့ငှာ သင်သည် အဖိုးအခကို ပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုလားခြင်းမရှိပေ။ ယင်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို သင် သာ၍စွန့်လွှတ်လိမ့်မည်။ ဘုရားသခင် အဘယ်အရာကို ပြောသည် ဖြစ်စေ၊ အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကား အတွက် မိမိသဘောအတိုင်း လုပ်ဆောင်ပြီး အဖိုးအခ ပေးလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဤဆိုရိုးစကားသည် သင်၏အပြုအမူနှင့် သင်၏အတွေးများကို ထိန်းချုပ်ထားနှင့်ပြီး ဖြစ်ကာ၊ ယင်းကို စွန့်လွှတ်လိုက်သည်ထက် ယင်းအား သင်၏ကံကြမ္မာကို သင် ထိန်းချုပ်ထားစေလိမ့်မည်ဖြစ်သည်။ လူတို့က ဤသို့ လုပ်ဆောင်ကြသည့် အချက်၊ ဤဆိုရိုးစကား၏ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို ၎င်းတို့ ခံရသည့် အချက်မှာ လူသားမျိုးနွယ်ကို စာတန်၏ ဖောက်ပြန်ပျက်စီး စေခြင်းက ထိရောက်သည်ကို သာဓကပြသည် မဟုတ်လော။ ဤကား စာတန်၏ အတွေးအခေါ်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့က သင်၏ စိတ်နှလုံးထဲတွင် အမြစ်စွဲနေခြင်း မဟုတ်လော။ ဤအရာကို သင်လုပ်ဆောင်လျှင်၊ ၎င်း၏ ပန်းတိုင်ကို စာတန်က ရရှိအောင်မြင်သွားပြီ မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်က လူကို ဤနည်းလမ်းဖြင့် မည်သို့ အကျင့်ပျက်စေပြီးဖြစ်သည်ကို သင်မြင်သလော။ သင်ခံစား ရနိုင်သလော။ (မခံစားရနိုင်ပါ။) ထိုအရာကို သင်မမြင်ခဲ့ သို့မဟုတ် မခံစားခဲ့ရချေ။ ဤနေရာ၌ စာတန်၏ ဆိုးယုတ်မှုကို သင် မြင်သလော။ စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် ဖောက်ပြန်ပျက်စီး စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်စေရန် လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် မည်သည့်အရာဖြစ်နေသည်ကို သင် သတိမပြု မိချိန်တွင် ၎င်း၏အတွေးများ၊ ၎င်း၏ရှုထောင့်အမြင်များနှင့် ၎င်းထံမှလာသည့် ဆိုးယုတ်သည့် အရာများကို သင့်အား လက်ခံစေသည်။ လူတို့သည် ဤအရာများကို လက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို ချစ်ခင်မြတ်နိုးပြီး ရတနာကဲ့သို့ သိမ်းထား ကြသည်၊ ဤအရာများအား ၎င်းတို့ကို ကြိုးကိုင် ညွှန်ကြားခွင့်ပေးကြပြီး၊ ၎င်းတို့နှင့် ကစားကြသည်။ ဤကား စာတန်၏ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်စပ်လျဉ်း၍ လူများ အတူတကွ မိတ်သဟာယပြုသည့်အချိန်နှင့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ မူရင်းကျမ်းစာသားကို ၎င်းတို့ ဆုတောင်း-ဖတ်ရှုပြီးသည့်နောက်တွင်၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို ထည့်သွင်းကောင်း ထည့်သွင်းနိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်အသိပညာများအကြောင်း ပြောရင်း ၎င်းတို့၏ ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခံရခြင်းတို့ကို ထည့်သွင်းကောင်း ထည့်သွင်းနိုင်သည်— သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ကိုယ်တိုင်၏ စွမ်းဆောင်ရည်ကြောင့် ဖြစ်လာသည့် ရလဒ်အလား သင်သဘောရှိသည့်ပုံစံအတိုင်း အနက်ဖွင့်ဆိုခြင်း မပြုရ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ရှင်းပြဖို့ သင့်ကို မလိုအပ်သကဲ့သို့၊ သင်သည် ယင်းတို့ကို ရှင်းလင်းစွာ၊ သို့မဟုတ် ထိုက်သင့်သည့် အားလျော်စွာ ရှင်းမပြနိုင်ပေ။ သင်၌ အသေးအဖွဲ ဉာဏ်အလင်းရခြင်း၊ အလင်းပေးခံရခြင်း၊ သို့မဟုတ် အတွေ့အကြုံအချို့ရှိသည်မှာ လုံလောက်သော်လည်း၊ သမ္မာတရားကို ရှင်းပြဖို့ သင်ကြိုးစားလျှင်၊ ဘုရားသခင်၏ အလိုတော်ကို လူများအား နားလည်ခွင့်ပေးဖို့ သင်၏ရှင်းလင်းချက်ကို အသုံးပြုရန် သင်ကြိုးစားလျှင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းသည် မှားယွင်းသည့်အလုပ် ဖြစ်သည်။ ဘုရားသခင်သည် ရိုးသားသူများကို ချစ်သည်ဟု ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ လူအချို့က ဖတ်ရှုရသည်။ ဘုရားသခင်က လူသားကို ပြောသည်၊ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သောစကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။” (ရှင်မဿဲခရစ်ဝင် ၅:၃၇) ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်လည်း လူများကို ရိုးသားဖို့ တောင်းဆိုထားသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူတောင်းဆိုသည့် အရာတို့အပေါ် ထားရှိရန် သင့်တော်သည့် သဘောထားသည် အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ရှာဖွေလော့။ ဘုရားသခင်က ပြောခဲ့သည်၊ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” ဘုရားသခင်၏အမြင်တွင် ရိုးသားသူများသည် မည်သို့ အတိအကျ ပြုမူသနည်း။ ၎င်းတို့သည် မည်သို့စကားပြောသနည်း၊ ၎င်းတို့သည် မည်သို့ပြုမူကြသနည်း၊ ၎င်းတို့၏တာဝန်ကို ၎င်းတို့ မည်သို့ ကိုင်တွယ်ကြသနည်း၊ ပြီးလျှင် ၎င်းတို့သည် အခြားသူများနှင့် မည်သို့ ကောင်းမွန်စွာ အလုပ်လုပ်သနည်း။ လူများသည် သူတောင်းဆိုသည့် ရိုးသားသောလူများ ဖြစ်လာနိုင်ဖို့အလို့ငှာ၊ ဤအခြေခံမူများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ရှာဖွေသင့်သည်။ ဤသည်မှာ မှန်ကန်သည့် သဘောထားဖြစ်သည်၊ သမ္မာတရားကို ရှာဖွေသူများ ပိုင်ဆိုင်သင့်သည့် သဘောထားဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရားကို မရှာဖွေသူများ၊ သမ္မာတရားကို မချစ်သူများနှင့် ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်များကို ကြောက်ရွံ့ခြင်း မရှိသူများသည် မည်သို့ပြုမူကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကြည့်ကြပြီး၊ “ဘုရားသခင်က လူများကို ရိုးသားဖို့ တောင်းဆိုသည်။ ယင်းမှာ သခင်ယေရှု မိန့်တော်မူခဲ့သည့် အရာဖြစ်သည်။ ယနေ့ကာလ၏ ဘုရားသခင်သည် လူများကို ရိုးသားဖို့ နောက်တစ်ဖန် ပြောနေသည်။ ဤသည်ကို ကျွန်ုပ်သိနှင့်ပြီးဖြစ်သည်။ ရိုးသားသော လူများသည် မာယာကင်းသူများဖြစ်ကြသည် မဟုတ်လော။ မာယာကင်းသောလူများသည် အမြဲအောင်နိုင်ကြောင်း၊ ကောင်းမြတ်သူများ၌ အေးချမ်းသော အသက်တာများ ရှိကြကြောင်းနှင့် မာယာကင်းသောသူများကို အသုံးချခြင်းသည် အပြစ်ဖြစ်ကြောင်း လူတို့ပြောသကဲ့သို့ဖြစ်သည် မဟုတ်လော။ ကြည့်ပါ၊ ဘုရားသခင်သည် မာယာကင်းသူများ ခံစားရသည့် မတရားမှုများကို တရားသဖြင့်ဖြစ်အောင် ပြုနေသည်” ဟု ၎င်းတို့က ချက်ချင်းပြောကြသည်။ ဤစကားများသည် သမ္မာတရားဖြစ်သလော။ ဤသည်တို့မှာ ၎င်းတို့လေ့လာတွေ့ရှိသွားသည့် သမ္မာတရား အခြေခံမူများလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤစကားများသည် အဘယ်နည်း။ ယင်းတို့ကို မိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများဟု ခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) ဝိညာဉ်ရေးရာ အမှုအရာများကို နားမလည်သည့်သူများ၊ သို့မဟုတ် သမ္မာတရားကို မချစ်သည့်သူများသည် လူသားမျိုးနွယ်အလယ်တွင် နားဝင်ချိုပြီး မှန်ကန်သည်ဟု ယုံကြည်ထားသည့်အရာကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် အမြဲဆက်နွှယ်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆင့်လျှော့နေခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို လူသားမျိုးနွယ်အတွက် ဆောင်ပုဒ်တစ်မျိုးအဖြစ်၊ ပြုမူပုံပြုမူနည်းအတွက် ငြင်းခုံမှုတစ်ခုအဖြစ် ပြင်ဆင်ခြင်းဖြစ်သည် မဟုတ်လော။ ရိုးသားသည့်သူများ မည်သို့ပြုမူသည်၊ မည်သို့ရိုးသားရမည်၊ ကျင့်ဝတ်သီလများသည် အဘယ်အရာများ ဖြစ်သည်စသော ရိုးသားခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင်ပြောသည့်အရာကို ၎င်းတို့လျစ်လျူရှုကြသည်၊ ပြီးလျှင် ဘုရားသခင်က လူများကို မာယာကင်းဖို့ တောင်းဆိုကြောင်း၊ မာယာကင်းသည့်သူများ၊ အသုံးမကျသည့်သူများနှင့် လူနုံလူအများ အားလုံးတို့သည် ရိုးသားကြကြောင်း အဓိပ္ပာယ်မဲ့စွာ အခိုင်အမာ ပြောဆိုကြသည်။ ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို တလွဲအနက်ဖွင့်ခြင်းဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တလွဲအနက်ဖွင့်ကြသော်လည်း၊ မိမိတို့ကိုယ်ကို အလွန်တော်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤသည်ထက် မပိုဟုလည်းကောင်း တွေးထင်ကြသည်- “သမ္မာတရားသည် အလွန်မနက်နဲပေ၊ ယင်းမှာ မာယာကင်းခြင်းသာ မဟုတ်လော။ ပြီးလျှင် မာယာကင်းသူတစ်ဦးဖြစ်ဖို့ မရိုးရှင်းသလော။ မခိုးနှင့်၊ မဆဲနှင့်၊ ရန်မဖြစ်နှင့်။ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့် နေရာတိုင်းတွင် သက်ညှာပါ။’ အခြားသူများကို အမှုအရာခပ်သိမ်းတွင် သည်းခံလော့၊ ကောင်းအောင်နေလော့၊ ပြီးလျှင် ကောင်းမြတ်သူများသည် အေးချမ်းသော အသက်တာများကို ရကြလိမ့်မည်။” ၎င်းတို့က များစွာ ပြောကြသော်လည်း၊ ယင်းတို့ထဲမှ တစ်ခုတလေကမျှ သမ္မာတရားနှင့် မကိုက်ညီပေ၊ ယင်းတို့မှာ မိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်နွှယ်မှုအချို့ ပါရှိပုံရသည်၊ ယင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဆက်စပ်မှုအချို့ ရှိပုံရသည်၊ သို့ရာတွင် သာ၍ နက်ရှိုင်းစွာ သွားပြီး၊ သာ၍ အနီးကပ် လေ့လာလိုက်သည့်အခါ၊ ယင်းမှာ လှည့်စားမှုသာ ဖြစ်သည်၊ ယင်းသည် လူတို့၏ အတွေးအခေါ်များကို ဖရိုဖရဲဖြစ်စေခြင်းမှလွဲ၍ မည်သည့်အရာမျှမပြုပေ။

ဥပမာအားဖြင့်၊ ဘုရားသခင်က သူ၏အနှစ်သာရတွင် ချစ်ခြင်းမေတ္တာရှိကြောင်း၊ လူသားကို သူချစ်ကြောင်း ပြောသည်။ လူသားအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သူပြောသည့်အရာ၊ လူသားကို သူဆက်ဆံသည့်ပုံစံ၊ လူသားကို ကယ်တင်ဖို့ သူ၏ အပတ်တကုတ် ကြိုးပမ်းအားထုတ်မှုများနှင့် လူသားတွင် သူပြုသည့် အသင်္ချေများလှသော သွင်ပြင်လက္ခဏာများမှတစ်ဆင့် လူများကို ပြသသည်၊ ပြီးလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့သိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားအား သူ၏ကယ်တင်ခြင်းကို ပြသနေစဉ်တစ်ချိန်တည်းမှာပင်၊ ဘုရားသခင်၏အလိုတော်နှင့် လူသားကို သူကယ်တင်သည့် နည်းလမ်းတို့ကိုလည်း သိသာထင်ရှားစေသည်။ ဝိညာဉ်ရေးရာ အမှုအရာများကို နားမလည်သည့်လူများသည် မည်သည့်အရာကို တွေးထင်ကြသနည်း။ “ဘုရားသခင်သည် လူသားကို ချစ်သည့် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ပျက်စီးခြင်းသို့ မရောက်စေလိုပေ။ ပြန်လာသည့် ပျောက်သောသားသည် ရွှေထက် တန်ဖိုးရှိသည်ဟု ဘုရားသခင်က ပြောထားသည်။” ဘုရားသခင်သည် ဤအရာကို ပြောခဲ့သလော။ ဤသည်တို့သည် ဘုရားသခင်၏ နဂိုမူလ နှုတ်ကပတ်တော်များ ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် အခြားမည်သည့်အရာကို ပြောကြသနည်း။ “ခုနှစ်ထပ်ဘုရားစေတီတစ်ဆူကို တည်ဆောက်ခြင်းထက် အသက်တစ်ချောင်း ကယ်တင်ခြင်း၌ သာ၍ကြီးမားသော ကောင်းကျိုးရှိသည်” နှင့် “ကျွန်ုပ်၏ ဗုဒ္ဓသည် သနားကရုဏာနှင့်ပြည့်စုံသည်။” ၎င်းတို့သည် စကားများကို လျှောက်ပြောနေကြခြင်းသာဖြစ်သည်။ သိသာရှင်းလင်းစွာပင်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်စုံသယောင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သယောင်နှင့်၊ သမ္မာတရားကို ချစ်သယောင် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သိသာထင်ရှားစွာပင် ဆက်နွှယ်ကျွမ်းဝင်ခြင်းမရှိသူများ၊ ဒုံးဝေးသူများ၊ ဝိညာဉ်ရေးရာ အမှုအရာများကို နားမလည်သူများဖြစ်ကြသည်။ ထိုသို့သော လူများစွာကို ငါတွေ့ဖူးပြီးဖြစ်သည်။ ၎င်းတို့သည် ပြောရဲဆိုရဲ ရှိသော်လည်း၊ ဦးနှောက်မရှိကြသည့် လူ့အန္ဓများနှင့် တူသည်၊ ၎င်းတို့၏စိတ်ထဲမှ အတွေးအခေါ်များနှင့် ပေါ်ပေါက်လာသည့်အရာများသည် မိစ္ဆာဒိဌိအယူများ၊ အတွေးမှားများနှင့် အယောင်ဆောင်မှုများသာ ဖြစ်သည်။ အဆုံးစွန်သော လှည့်စားခြင်း တန်ခိုးစွမ်းအားများ ပိုင်ဆိုင်ထားသည့် ဤလူများသည် ၎င်းတို့ပြောသည့်အရာကို အခြားသူများအား အတင်းအကျပ် နာခံစေပြီး လက်တွေ့လုပ်ဆောင်စေလျက်၊ ထိုသူတို့ကို နှပ်ချဖို့ရန် ဤမိစ္ဆာဒိဌိအယူများ၊ အတွေးမှားများနှင့် အမြင်အားဖြင့် ခိုင်မာသော ဘာသာရေးယုံကြည်မှုဆိုင်ရာ ငြင်းခုံချက်များကို မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ မြင်ရသရွေ့မူ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်များကို မကြာခဏ ကိုးကားလျက်၊ အလွန်ပင် ဝိညာဉ်ရေးရာ ပြည့်ဝပုံပေါ်သည်၊ ပြီးလျှင် ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ အနက်ဖွင့်ပြီးသည်နှင့်တစ်ပြိုင်နက် မိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများ လာလေသည်။ ထိုသို့သောလူများသည် နေရာတိုင်းတွင် ရှိသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကိုးကားခြင်းနှင့် မိတ်သဟာယပြုခြင်း နဖူးစည်းစာတန်းအောက်တွင်၊ ၎င်းတို့သည် လူများကို ကူညီပြီး ဦးဆောင်လမ်းပြပေးသည်- သို့ရာတွင် အကယ်စင်စစ် လူများထံ ၎င်းတို့ သွတ်သွင်းပေးနေသည့်အရာသည် လူသားထံမှ ဘုရားသခင်၏နှုတ်ကပတ်တော်များက တောင်းဆိုသည့်အရာ မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပါဝင်သည့် သမ္မာတရား အခြေခံမူများလည်း မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အခြေပြု၍ စီမံပြုပြင်ခြင်း၊ အနက်ဖွင့်ခြင်းနှင့် စိတ်ကူးခြင်းတို့မှတစ်ဆင့် ရရှိလာသည့် မိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများဖြစ်သည်၊ ပြီးလျှင် ယင်းက ဤလူများတွင် ကတောက်ကဆဖြစ်ခြင်းနှင့် လှည့်စားခြင်းများကို ဖြစ်ပေါ်စေလျက်၊ လူများကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ သွေဖည်စေပြီး၊ ထိုအစား ၎င်းတို့ကို နာခံစေသည်။ ဥပမာအားဖြင့် “သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဆိုင်ရာ အမှုတော်ကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ငြင်းပယ်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို တွေ့ကြုံခံစားပြီးဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး၊ သူ၏စိတ်နှလုံးတွင် မည်သည့်အကန့်အသတ်မျှ မရှိပေ။ ‘ဝန်ကြီးချုပ်တစ်ဦး၏ နှလုံးသားသည် လှေတစ်စီးရွက်လွှင့်၍ရသည်အထိ လုံလုံလောက်လောက် ကြီးမားသည်’၊ ‘လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ’ ဟု လူများပြောကြသကဲ့သို့ ဖြစ်သည်။ ဘုရားသခင်သည် သဘောထားကြီးလိုက်လေခြင်း” ဟု ပြောသည့်သူများ ရှိသည်။ မြင်ရသရွေ့မူ၊ ၎င်းတို့သည် ဘုရားသခင်၏လူများနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို သက်သေခံနေပုံရသည်- သို့ရာတွင် ၎င်းတို့သည် မည်သည့်သတင်းစကားကို အမှန်တကယ် တစ်ဆင့်ပေးပို့နေသနည်း။ ယင်းမှာ သမ္မာတရားဖြစ်သလော။ ယင်းမှာ ဘုရားသခင်၏ အနှစ်သာရ အမှန်တကယ် ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သူ့ကို သက်သေခံနေသနည်း။ ၎င်းတို့သည် ဝန်ကြီးချုပ်ကို သက်သေခံနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ဝန်ကြီးချုပ်တစ်ဦး၊ လူကြီးလူကောင်း တစ်ဦးနှင့် ပုံခိုင်းနေကြသည်- ဤသည်မှာ ပြစ်မှားခြင်း မဟုတ်လော။ ထိုသို့သောစကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှာတွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) သို့ဆိုလျှင် ယင်းတို့သည် မည်သည့်နေရာမှ လာသနည်း။ စာတန်ထံမှ လာသည်။ ဤအန္တိခရစ်တစ်သိုက်သည် ဘုရားသခင်ကို သက်သေမခံရုံသာမက၊ အခြေခံအုတ်မြစ် မရှိသည့်သူများ၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုကင်းမဲ့သည့် သူများနှင့် သမ္မာတရားကို နားလည်နိုင်စွမ်း မရှိသည့်သူများကို မကြာခဏ နှပ်ချလျက်၊ အမှန်တရားများကိုလည်း မလိမ့်တစ်ပတ်လုပ်ပြီး ဘုရားသခင်ကို ပြစ်မှားကြလေသည်။ ဤလူများသည် ဝိညာဉ်ရင့်ကျက်မှု နုနယ်သည်၊ ၎င်းတို့၌ အခြေခံအုတ်မြစ် လုံးဝမရှိ၊ ၎င်းတို့၌ သမ္မာတရားကို နားလည်ဖို့ အစွမ်း တစ်ခုမျှမရှိ၊ ထို့ကြောင့် ၎င်းတို့သည် ဤမိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများအားဖြင့် နှပ်ချခြင်းခံရသည်။ ဤအန္တိခရစ်များသည် မိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများကို ဝိညာဉ်ရေးရာ ဆိုရိုးများအဖြစ် သဘောထားကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း ၎င်းတို့ပြောကြသည့် အရာတစ်ခုမှာ၊ “ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ပျက်စီးခြင်းသို့ မရောက်စေလိုပေ”။ ဘုရားသခင်က လူများထံမှ တောင်းဆိုသည့်အရာအကြောင်း ၎င်းတို့ပြောသည့် အရာတစ်ခုမှာ “ကောင်းမြတ်သူများ၌ အေးချမ်းသော အသက်တာများ ရှိကြသည်။” လူတို့၏ အပြစ်ကျူးလွန်ခြင်းများကို ဘုရားသခင် မအောက်မေ့ခြင်းနှင့် ၎င်းတို့နောင်တရဖို့အခွင့်ကို သူပေးခြင်းနှင့်ပတ်သက်၍၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဟု ၎င်းတို့က ပြောသည်။ ထိုသို့သော စကားများကို ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် ရှာတွေ့နိုင်သလော။ (မရှာတွေ့နိုင်ပါ။) ဤစကားများကို ကြားသည့်အခါတွင် ငါသည် အဘယ့်ကြောင့် အလွန်ဒေါသထွက်ရသနည်း။ ယင်းတို့အားဖြင့် ငါသည် အဘယ့်ကြောင့် အလွန်စိတ်အနှောင့်အယှက် ဖြစ်ရသနည်း။ ငါသည် အဘယ့်ကြောင့် အလွန်ဒေါသထွက်ရသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်ပေါင်းမည်မျှကြာ ဖတ်ရှုလာခဲ့သနည်း။ သင်သည် တိုး၍ မိုက်မဲလာသလော၊ သို့မဟုတ် ရူးသွပ်နေသလော။ ထိုသို့သောအရာများကို ဘုရားသခင့်နှုတ်ကပတ်တော်များ၏ မည်သည့်နေရာတွင် ဖော်ပြထားသနည်း။ ဘုရားသခင်က လူများကို မာယာကင်းဖို့ မည်သည့်အချိန်က တောင်းဆိုခဲ့သနည်း။ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဟူသည့် ဆိုရိုးအတိုင်း လိုက်နာဖို့ ဘုရားသခင်က လူများကို မည်သည့်အချိန်က တောင်းဆိုခဲ့သနည်း။ ဤသည်မှာ ဘုရားသခင် ပြုသည့်အရာလော။ ၎င်းတို့ထောက်ခံသည့် ဤမိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများ၏ မည်သည့်နေရာတွင် လူသားမျိုးနွယ်ကို ဘုရားသခင်တောင်းဆိုသည့်အရာ၊ သူ၏အလိုတော်နှင့် သမ္မာတရား အခြေခံမူတို့နှင့် ဆက်နွှယ်မှုတစ်ခုတလေ ရှိသနည်း။ ယင်းတို့သည် လုံးလုံးလျားလျား ဆက်နွှယ်မှု မရှိချေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂၅)” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လူ၏စကားများအကြားတွင်၊ သမ္မာတရားနှင့် အယူဝါဒအကြားတွင်၊ အနှစ်သာရအားဖြင့် ကွာခြားချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူများကို အသိစိတ်နှင့် အသိတရား၌ ကြီးထွားစေသည်၊ အခြေခံမူဖြင့် ပြုမူစေသည်၊ ပြီးလျှင် ၎င်းတို့အသက်ရှင်နေထိုင်သည့်အရာကို အပြုသဘောဆောင်သည့် အရာများ၏ စစ်မှန်မှု တိုး၍တိုး၍ ရှိလာစေသည်။ သို့ရာတွင် လူ၏စကားများသည် လူတို့၏အကြိုက်များနှင့် ရှုထောင့်များဖြင့် အပြည့်အဝ ကိုက်ညီနိုင်သော်လည်း၊ ယင်းတို့သည် သမ္မာတရား မဟုတ်သောကြောင့်၊ ယင်းတို့၌ မထင်မှတ်ဘဲကျရောက်နိုင်သော ဘေးအန္တရာယ်များ၊ စုံစမ်းသွေးဆောင်ခြင်းများ၊ မိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများဖြင့် ပြည့်လျှမ်းနေသောကြောင့်၊ လူများက ဤစကားများအတိုင်း ပြုမူလျှင်၊ ၎င်းတို့အသက်ရှင်နေထိုင်သည့်အရာသည် ဘုရားသခင်နှင့် ဘုရားသခင်၏ စံနှုန်းများမှ အစဉ်တိုး၍ သွေဖည်လိမ့်မည်။ သာ၍ပင် စိုးရိမ်ရသည်မှာ၊ လူများ အသက်ရှင်သည့်နည်းလမ်းသည် သာ၍သာ၍ ဆိုးယုတ်လာပြီး စာတန်နှင့်ဆင်ဆင်တူလာလိမ့်မည်။ လူများသည် လူ၏မိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများအားဖြင့် လုံးလုံးအသက်ရှင်ပြီး ပြုမူသည့်အခါ၊ ၎င်းတို့သည် ဤငြင်းခုံချက်များကို လုံးလုံးလျားလျား လက်ခံယုံကြည်ပြီးဖြစ်သည့်အခါ၊ ၎င်းတို့သည် စာတန်အဖြစ်နှင့် အသက်ရှင်ကြသည်။ စာတန်အဖြစ်နှင့် အသက်ရှင်ခြင်းက ၎င်းတို့သည် စာတန်ဖြစ်သည်ဟု မညွှန်ပြသလော။ (ညွှန်ပြပါသည်။) သို့ဆိုလျှင် သင်သည် ရှင်သန်နေသော စာတန်တစ်ဦး “အောင်မြင်စွာ” ဖြစ်လာပြီး ဖြစ်လေသည်။ လူအချို့က “ကျွန်ုပ်မယုံကြည်ပါ။ အခြားသူများနှစ်သက်သည့် မာယာကင်းသော လူတစ်ယောက်သာ ကျွန်ုပ်ဖြစ်လိုပါသည်။ လူအများစုက ကောင်းမြတ်သည်ဟု မှတ်ယူကြသည့်သူ တစ်စုံတစ်ဦးသာ ဖြစ်ချင်ပါသည်၊ ထို့နောက် ဘုရားသခင်က ကျွန်ုပ်ကို အလွန်ပင် ကျေနပ်အားရခြင်း ရှိမရှိကို ကျွန်ုပ်ကြည့်မည်” ဟု ပြောကြသည်။ ဘုရားသခင် ပြောသည့်အရာကို သင်မယုံကြည်ပါက၊ သွားကြည့်လော့၊ ပြီးလျှင်- ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဟုတ်မဟုတ်၊ သို့မဟုတ် လူ၏အယူအဆများသည် သမ္မာတရား ဟုတ်မဟုတ်ကို ကြည့်လော့။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ၏စကားများအကြားတွင် အနှစ်သာရအားဖြင့် ကွဲပြားခြားနားမှု ဖြစ်သည်။ ယင်းမှာ သမ္မာတရားနှင့် မိစ္ဆာဒိဌိအယူများ၊ အတွေးမှားများကြားတွင် ပဓာနကျသည့် ခြားနားချက် ဖြစ်သည်။ လူ၏မိစ္ဆာဒိဌိအယူများနှင့် အတွေးမှားများသည် လူတို့၏အကြိုက်များနှင့် မည်မျှကိုက်ညီပုံရပါစေ၊ ယင်းတို့သည် ၎င်းတို့၏အသက် မည်သည့်အခါမျှ မဖြစ်လာနိုင်ပေ။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် မည်မျှနားလည်ရလွယ်ကူပုံရပါစေ၊ မည်မျှရိုးစင်းပါစေ၊ လူတို့၏အယူအဆများနှင့် မည်မျှမကိုက်ညီပါစေ၊ ယင်းတို့၏အနှစ်သာရသည် သမ္မာတရားဖြစ်ပြီး လူတို့လုပ်ဆောင်သည့်အရာနှင့် အသက်ရှင်နေထိုင်သည့် အရာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် အခြေခံမူနှင့် ကိုက်ညီပါက၊ နောက်ဆုံးတွင် တစ်ရက်၌ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်ကာ အရည်အချင်းပြည့်မီသော သတ္တဝါများ ဖြစ်လာလိမ့်မည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်နိုင်စွမ်းရှိပြီး၊ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်း ရှိလိမ့်မည်။ သို့သော်လည်း ဤအရာကို စွမ်းဆောင်ရရှိခြင်း မရှိသူများအတွက်မူ၊ ၎င်းတို့အသက်ရှင်နေထိုင်သည့်အရာနှင့် ၎င်းတို့၏ အန္တိမလမ်းကြောင်းသည် ၎င်းတို့အား ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းခံရဖို့သာ ဆိုက်ရောက်စေလိမ့်မည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂၅)” မှ

စာတန်၏ အကျိုးအကြောင်းဆင်ခြင်မှုများ၊ အတွေးအမြင်စနစ်များနှင့် လူများ၏ အသက်တာများကို စိုးမိုးခြယ်လှယ်သည့် ဝိညာဉ်ရေးရာ အထောက်အကူများ တို့ကို လူသားမျိုးနွယ်သည် မည်သို့ သဘောထားသနည်း။ ယင်းတို့သည် ဝိညာဉ်ရေးရာ အာဟာရဓာတ်၊ စိတ်ဝိညာဉ် အတွက် အာဟာရဖြစ်သည်ဟု လူအချို့က ဆိုကြ သော်လည်း၊ အမှန်မှာမူ ယင်းတို့သည် လူများကို ဖျက်ဆီးလေသည်။ လူများက ယင်းတို့ကို “စား” သည်နှင့် တစ်ပြိုင်နက်၊ သူတို့အတွက် ဇာတ်လမ်းဆုံးသွားပြီ ဖြစ်သည်။ လူများသည် အကျင့်ဟောင်းများကို မဖယ်ထုတ်ဘဲ၊ ထိုကဲ့သို့သောအရာများကို ဆက်၍ လက်ခံနေပါက၊ မည်သည့်အရာ ဖြစ်လေ့ရှိသနည်း။ ၎င်းတို့၏ ယခင်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မချွတ်ဘဲ၊ စာတန်၏ အသစ်သော ဖောက်ပြန်ပျက်စီးမှုများကို လက်ခံ ယုံကြည်ပါက၊ ၎င်းတို့သည် ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်- သူတို့သည် ဘယ်သောအခါမျှ ကယ်တင်ခြင်း မခံရဘဲ ပျက်စီးကိန်းဆိုက်ကြသည်။ သင်လက်ခံနှင့် ပြီးဖြစ်သည့် စာတန်၏ အမှုအရာများကို ဆက်လက် ချွတ်ချလျက်၊ ယင်းတို့ကို အဆက်မပြတ် ရှာဖွေ ဖော်ထုတ်ပြီး ငြင်းပယ်နေသင့်သည်။ သင်သည် ဤအရာများအားဖြင့် အသက်မရှင်သင့်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ တစ်စုံတစ်ယောက်က “အဲဒါတွေကို ငါနောက်ထပ် လက်မခံတော့ဘူးဆိုရင်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ငါ့ထဲကို အလိုအလျောက် ဝင်လာမှာလား” ဟု တစ်ခါမျှ ပြောဖူးသလော။ ယင်းမှာ မဖြစ်နိုင်ချေ။ သမ္မာတရားကို ရှာဖွေဖို့နှင့် လက်ခံဖို့ သင့်ဘာသာသင် ဆောင်ရွက်ရမည်။ ရှာဖွေခြင်းအားဖြင့်၊ သင်သည် မိစ္ဆာဒိဌိအယူများနှင့် ယုတ္တိအမှားများကို ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ ထိုအရာများကို သင်ဖြည်းဖြည်းချင်း လက်လွှတ်လိမ့်မည်။ အမြဲမပြတ် ရှာဖွေခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်လုပ်ရပ်များ၏ အခြေခံမူများ ဖြည်းဖြည်းချင်း ဖြစ်လာလိမ့်မည်။ သင်သည် တစ်စုံတစ်ရာကို ပြုလုပ်သည့်အချိန်တိုင်း၊ ဘုရားသခင်၏အလိုတော်နှင့်ကိုက်ညီအောင် ပြုမူသည့် နည်းလမ်းကို သိလိမ့်မည်ဖြစ်ပြီး၊ ထိုနည်းလမ်းကို အလိုအလျောက် လက်တွေ့လုပ်ဆောင်ကာ၊ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားသည် လူတို့၏ အပြုအမူ၊ လုပ်ရပ်များနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းတို့အတွက် စံနှုန်းဖြစ်သည်” မှ

အောက်ခြေမှတ်စု(များ)-

၁။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။

အရှေ့သို့- အပြုသဘောဆောင်သည့်အမှုအရာများနှင့် အပျက်သဘောဆောင်သည့် အမှုအရာများကို တစ်ခုမှ တစ်ခု မည်သို့ ထိုးထွင်းသိမြင်သနည်း။

နောက်တစ်ခုသို့- အသက်ကို ရရှိပြီးဖြစ်ခြင်းသည် အဘယ်နည်း။ အသက်မရှိခြင်းသည် အဘယ်နည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သည် လူတို့ ကယ်တင်ခြင်းခံရနိုင်ရန်နှင့် စုံလင်စေခြင်း ခံရနိုင်သည့် အတိုင်းအတာအထိ ဖြည်းဖြည်းချင်း နက်နဲလာသည့်ပုံ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်အသီးသီးတွင်၊...

နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏...

သမ္မာတရားဆိုသည်မှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်