၃) ခေါင်းဆောင် အယောင်ဆောင်သူတစ်ဦး သို့မဟုတ် သိုးထိန်း အယောင်ဆောင်သူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ခေါင်းဆောင် အယောင်ဆောင်သူတစ်ဦး သို့မဟုတ် သိုးထိန်း အယောင်ဆောင်သူတစ်ဦးကို မည်သို့ ခွဲခြားနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူ့အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ခေါ်ဆောင်လိုပြီး ဘုရားသခင်၏ သက်သေခံများအဖြစ် အစေခံလိုပါက၊ အရေးကြီးဆုံးအနေဖြင့် သင်သည် လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်မှန်းချက်နှင့် သူ့အလုပ်၏ ရည်ရွယ်ချက်တို့အပေါ် ပို၍နက်နဲသော သိနားလည်ခြင်း ရှိရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူတို့အပေါ် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို သင်နားလည်ရမည်။ သင်၏ ကြိုးစားအားထုတ်မှုများ၌ လက်တွေ့ကျရမည်။ သင်နားလည်သမျှလောက်ကိုသာ လက်တွေ့လုပ်ဆောင်ပြီး သင်သိထားသည့်အရာအပေါ်၌သာ မိတ်သဟာယပြုလော့။ မကြွားဝါနှင့်၊ ပုံကြီးမချဲ့နှင့်၊ ပြီးလျှင် တာဝန်မဲ့သော မှတ်ချက်များကို မပြောလေနှင့်။ အကယ်၍ သင်သည် ပုံကြီးချဲ့ပြောလျှင် လူတို့က သင့်ကို မုန်းတီးလိမ့်မည်ဖြစ်၍ ထို့နောက်တွင် အပြစ်တင်ခံရလိမ့်မည်။ ဤသည်မှာ အလွန်တရာပင် မသင့်လျော်ပါပေ။ အခြားသူများကို သင် သမ္မာတရား ထောက်ပံ့ပေးသည့်အခါ သင်သည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် သမ္မာတရားကို ၎င်းတို့ ရရှိဖို့အတွက် ဆူပူကြိမ်းမောင်းစရာ သေချာပေါက် မလိုပါပေ။ သင်ကိုယ်တိုင်က သမ္မာတရားမရှိဘဲ အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ဆူပူကြိမ်းမောင်းပါက ၎င်းတို့ သင့်ကို ကြောက်လန့်မည်ဖြစ်သော်လည်း ယင်းက သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့၌မူ သင့်အနေဖြင့် အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ဖို့နှင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ ဆုံးမပဲ့ပြင်ဖို့မှာ သင့်အတွက် အဆင်ပြေသည်။ သို့သော် သင်သည် သမ္မာတရားကို မထောက်ပံ့ပေးနိုင်ဘဲ မည်ကဲ့သို့ ခြယ်လှယ်လွန်းပြီး အခြားသူများကို အပြစ်ဆိုရမည်ကိုသာ သိနားလည်ပါက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အကျည်းတန်ခြင်းတို့ ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့သည် သင့်ထံမှ အသက်တာ ထောက်ပံ့ပေးခြင်း သို့မဟုတ် လက်တွေ့ကျသော အရာများကို မရရှိနိုင်ပါက ၎င်းတို့သည် သင့်ကို မုန်းတီးလာပြီး သင့်အားဖြင့် စက်ဆုပ်ရွံရှာမှုကို ခံစားလာရလိမ့်မည်။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူတို့သည် သင့်ထံမှ အပျက်သဘောဆောင်သော အရာများကို သင်ယူကြလိမ့်မည်။ အခြားသူများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြုပြင်ရန်၊ စိတ်ဆိုးရန်နှင့် ၎င်းတို့၏ ဒေါသထွက်ရန်အတွက် သင်ယူကြလိမ့်မည်။ ယင်းမှာ ပေါလု၏လမ်းကြောင်းပေါ်နှင့် ထာဝရအပြစ်ဒဏ်ခံရမည့် လမ်းကြောင်းပေါ်သို့ အခြားသူများကို ခေါ်ဆောင်ခြင်းသဘော သက်ရောက်သည်မဟုတ်လော။ ယင်းမှာ ဒုစရိုက်အမှုပြုခြင်းတစ်ခု မဟုတ်သလော။ သင်၏အလုပ်က အခြားသူများအတွက် သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းအပေါ် အာရုံစိုက်သင့်သည်။ အကယ်၍ သင်ပြုလုပ်သမျှမှာ အခြားသူများကို ကျိုးကြောင်းမမြင်ဘဲ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သြဝါဒပေးခြင်းဖြစ်ပါက ၎င်းတို့သည် သမ္မာတရားကို မည်သို့ နားလည်ကြလိမ့်မည်နည်း။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့က သင် အမှန်တကယ်မည်သူဖြစ်သည်ကို မြင်တွေ့လိမ့်မည်ဖြစ်ပြီး သင့်ကို စွန့်ခွာကြလိမ့်မည်။ သင်သည် ဤနည်းဖြင့် အခြားသူများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန် အဘယ်သို့ မျှော်မှန်းနိုင်သနည်း။ ဤအရာက အမှုကို မည်သို့ လုပ်ဆောင်ပေးနေသနည်း။ ဤနည်းအတိုင်း သင် ဆက်လက်လုပ်ဆောင်နေပါက လူတိုင်းကို ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် မည်သည့်အမှုကို ပြီးမြောက်အောင်မြင်ရန် သင်မျှော်လင့်သနည်း။ အချို့သောခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်း မရှိကြပေ။ ထို့အစား ၎င်းတို့က အခြားသူများကို ကျိုးကြောင်းမမြင်ဘဲလျက်နှင့် ကိုင်တွယ်ဖြေရှင်းကာ အခြားသူများက ၎င်းတို့ကို ကြောက်လန့်ပြီး နာခံလာရန်အတွက် မိမိတို့၏ သြဇာအာဏာကို ကြွားလုံးထုတ်ကြသည်- ထိုကဲ့သို့သော လူတို့သည် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များနှင့်သာ စပ်ဆိုင်လေသည်။ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲထားခြင်း မရှိသောသူတို့သည် အသင်းတော်အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အပြင် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

အန္တိခရစ်များကို အသင်းတော်တွင် ဝရုန်းသုန်းကား လှုပ်ရှားသောင်းကျန်းခွင့်ပြုကာ ညီအစ်ကိုမောင်နှမများကို ထိန်းချုပ်ရန်၊ ခြိမ်းခြောက်ရန်၊ လှည့်ဖြားရန်၊ သို့မဟုတ် လမ်းလွဲစေရန်အတွက် မည်သည့်ဆောင်ပုဒ်များနှင့် အငြင်းအခုံများကိုမဆို ၎င်းတို့စိတ်ကြိုက် ဟစ်အော်ပြောဆိုဖို့ ဇက်ကုန်လွှတ်ပေးထားပြီး၊ ခေါင်းဆောင်များက ဘာမျှမလုပ်၊ ထိုးထွင်းနားလည်နိင်စွမ်းမရှိသည့်အပြင် ထိုအန္တိခရစ်များကို ချက်ချင်းဖော်ထုတ်၍ ထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် ညီအစ်ကိုမောင်နှမများသည် အန္တိခရစ်များ၏ စိတ်တိုင်းကျခြယ်လှယ်ခြင်းကို ခံရပြီး၊ အနှောင့်အယှက်ပေးခြင်းကို ခံရပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များပင် ဖြစ်သည်။ အကယ်၍ အသင်းတော်တစ်ပါးတွင် အန္တိခရစ်များနှင့် ဆိုးညစ်သူများကို ညီအစ်ကိုမောင်နှများက ပစ်ပယ်ကာ ရွံမုန်းလျှင်၊ ၎င်းတို့ကို အသင်းတော်အတွင်း ချုပ်နှောင်ထားလျှင်၊ ညီအစ်ကိုမောင်နှမများကို လမ်းလွဲစေပြီး လှည့်ဖြားသော ၎င်းတို့၏ပြောဆိုချက်နှင့် အချည်းနှီးဖြစ်သော ဆောင်ပုဒ်များသည် အသင်းတော်တွင် အလုပ်မဖြစ်ဘဲ ၎င်းတို့ကို ဟန့်တား၊ ထိန်းချုပ်ထားနိုင်သည်အထိ လူတိုင်း၌ ၎င်းတို့အပေါ် ထိုးထွင်းသိမြင်မှုရှိလျှင် ဤအသင်းတော်၏ခေါင်းဆောင်များသည် အရည်အချင်းပြည့်မီပေသည်။ ၎င်းတို့သည် မှန်ကန်စစ်မှန်မှုကို ပိုင်ဆိုင်သောခေါင်းဆောင်များ ဖြစ်ကြသည်။ အကယ်၍ အသင်းတော်တစ်ပါးကို အန္တိခရစ်တစ်ဉီးက အနှောင့်အယှက်ပေးနေပါက၊ ထို့ပြင် ထိုအန္တိခရစ်ကို ညီအစ်ကိုမောင်နှမများက ဖော်ထုတ်ကာ ပစ်ပယ်ထားပြီးနောက် ထိုအန္တိခရစ်က ညီအစ်ကိုမောင်နှမများကို ဖိစီးနှိပ်စက်ခြင်းအားဖြင့် လက်စားချေပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များဖြစ်ကြကာ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို အသုံးပြုပြီး ပြဿနာများကို ‌ဖြေရှင်းနိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အသင်းတော်ထဲရှိ အန္တိခရစ်များ၏ ထင်ရာစိုင်းမှုကို ဖော်ထုတ်ကာ ထိန်းချုပ်ပြီး ကန့်သတ်ခြင်းတို့ မပြုနိုင်ဘဲ ညီအစ်ကိုမောင်နှမများကို ကာကွယ်‌ပေးနိုင်ခြင်းလည်း မရှိ၊ ၎င်းတို့တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်စေရန် ၎င်းတို့ကို ကာကွယ်ပေးနိုင်ခြင်းလည်း မရှိသည့်အပြင် ဘုရားသခင့်အိမ်တော်၏ လုပ်ဖွယ်ဆောင်တာကို ပုံမှန်အကောင်အထည်ပေါ်စေရန် ထိန်းသိမ်းနိုင်ခြင်းလည်း မရှိပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ အကယ်၍ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဉီးက ကြမ်းကြုတ်ရက်စက်နေသောကြောင့် ၎င်းကို ချဉ်းကပ်ရန်၊ သို့မဟုတ် နှိုးဆွရန် ကြောက်ရွံ့နေပြီး ထိုသို့ဖြင့် ထိုအန္တိခရစ်ကို အသင်းတော်တွင် စည်းလွတ်ဘောင်လွတ်ပြုမူခွင့်ပြု၍ ၎င်းက အာဏာရှင်တစ်ဦးဖြစ်လာကာ ၎င်းပြုချင်သမျှကို ပြုမူရင်း ဘုရားသခင့်အိမ်တော်၏ လုပ်ဖွယ်ဆောင်တာအများအပြားကို တုံ့ဆိုင်းစေပြီး လုံးဝဥဿုံရပ်တန့်စေပါက ဤအသင်းတော်၏ ခေါင်းဆောင်များသည် အမှိုက်သရိုက်များဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ လက်တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ရန် မည်သည့်အခါကမျှ သတ္တိမရှိသည့်အပြင် အန္တိခရစ်၏ ဆိုးယုတ်သော လုပ်ရပ်များကို ထိန်းချုပ်ကန့်သတ်ရန် မည်သည့်အခါကမျှ မကြိုးပမ်းဘဲ ဤသို့ဖြင့် အသင်းတော်အသက်တာကို အနှောင့်အယှက်ဖြစ်စေပြီး၊ ညီအစ်ကိုမောင်နှမများ၏ အသက်တာသို့ဝင်ရောက်ခြင်းကို ကြီးမားစွာ နှောင့်ယှက်ပျက်စီးစေပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၆)” မှ

အချို့လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန်အတွက် မဟုတ်ဘဲ အရေးပေါ်အခြေအနေများ အတွက် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် စွန့်ပယ်ရန်နှင့် အခြားသူများကို ကူညီရန် မိမိတို့ကိုယ်ကိုယ် အချို့သော သမ္မာတရားဖြင့်သာ ပြင်ဆင်ထားကြသည်၊ ၎င်းတို့ကို “တစ်ကိုယ်ကောင်းမဆန်သောလူများ” ဟု ငါတို့ ခေါ်ကြသည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား၏ ရုပ်သေးများအဖြစ် သဘောထားကြပြီး မိမိတို့ကိုယ်ကိုယ် သမ္မာတရား၏ ဆရာသခင်များအဖြစ် သဘောထားကြ၍ အခြားသူများအား သမ္မာတရားကို မြဲမြံစွာ စွဲကိုင်ကြရန်နှင့် မတုန်မလှုပ် မနေကြရန် သွန်သင်ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်သည် ဘေးစည်းမှနေ၍ ပွဲကြည့်ပရိသတ်များအဖြစ် ရှိမြဲရှိကြ လေသည်။ ဤလူများသည် မည်သို့သော လူအမျိုးအစားများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရား နှုတ်ကပတ်တော်အချို့ဖြင့်သာ မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပြီး၊ အခြားသူများကို ဩဝါဒပေးရန်မျှသာ ထိုနှုတ်ကပတ်တော်များကို အသုံးပြုကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းနှင့် ကြုံတွေ့ရခြင်းအား တားဆီးရန် မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်ခြင်းမရှိကြချေ။ သနားစဖွယ်ကောင်းလေစွ။ အကယ်၍ ၎င်းတို့၏ နှုတ်ကပတ်တော်များသည် အခြားသူများကို ကူညီနိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အဘယ်ကြောင့် မကူညီနိုင်ကြသနည်း။ ငါတို့သည် ၎င်းတို့ကို လက်တွေ့အရှိတရား ကင်းမဲ့သော ကြောင်သူတော်များအဖြစ် အမည်တပ်သင့်သည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးကြပြီး အခြားသူတို့အား ထိုနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ဆောင်စေ ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင် လက်တွေ့ကျင့်ဆောင်ရန် ကြိုးပမ်းအားထုတ်ခြင်း မရှိကြချေ။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ယင်းကို ၎င်းတို့ကိုယ်တိုင် သိသိသာသာ မလုပ်ဆောင်နိုင်ကြသော်လည်း၊ အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်ပြုကြသည်- ဤသည်မှာ ရက်စက်သော နည်းလမ်းတစ်ခုပါတကား။ ၎င်းတို့သည် အခြားသူများကို ကူညီရန် လက်တွေ့အရှိတရားကို အသုံးပြုနေခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများကို ထောက်ပံ့ပေးရန် ချစ်ခြင်းမေတ္တာကို အသုံးပြုနေခြင်း မဟုတ်ပေ။ ၎င်းတို့သည် လူတို့ကို လိမ်လည်လှည့်ဖြားပြီး အန္တရာယ်ပြုနေကြခြင်း သက်သက် ဖြစ်သည်။ အကယ်၍ ဤအရာသည် ဆက်လက် ဖြစ်ပွားပါက၊ လူအသီးသီးသည် သမ္မာတရား နှုတ်ကပတ်တော်များကို နောက်တစ်ဦးထံ လက်ဆင့်ကမ်းခြင်းဖြင့်၊ ဤသည်မှာ အယောက်တိုင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိစဉ်တွင် သမ္မာတရား နှုတ်ကပတ်တော်များကို ပြောဆိုရုံမျှပြောဆိုခြင်းဖြင့် အဆုံးသတ်လိမ့်မည်မဟုတ်လော။ ထိုသို့သော လူများသည် အဘယ်သို့ ပြောင်းလဲနိုင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပြဿနာများကို လုံးဝ သတိမပြုမိကြပေ။ ၎င်းတို့အတွက် အဘယ်သို့ ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိနိုင်မည်နည်း။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ချစ်သောသူတို့သည် ရှေ့ဆက်လမ်းကြောင်းတစ်ခု ရှိကြ၏” မှ

အချို့သူများသည် အမှုဆောင်၍ တရားဟောကာ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များအပေါ် အပေါ်ယံအားဖြင့် မိတ်သဟာယပြုနေကြသည့်ပုံပေါ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အနက် အဓိပ္ပာယ်များကိုသာ ဆွေးနွေးနေကြခြင်းဖြစ်ပြီး၊ ခြေခြေမြစ်မြစ် ဖြစ်သော အရာတစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားမှုများ ကဲ့သို့၊ တစ်ချက်ပြီးတစ်ချက်နှင့် တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ၊ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ သူသည် အလွန်ကောင်းမွန်စွာနှင့် အင်မတန် အသေးစိတ်ကျကျ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ထိုသို့သော လူများ ဟောကြားပြီးသောအခါ၊ အခြားသူများကို ၎င်းတို့၏ တရားဒေသနာများကို စုဆောင်ပြီး လူအယောက်တိုင်းဆီသို့ပို့ရန် ပြောဆိုကြလေသည်။ ဤအရာကို လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် အခြားသူများကို လှည့်စားနေပြီး ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာ ဖြစ်သည်အထိ ရောက်ရှိကြပြီးဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ဟောကြားနေပြီး ၎င်းတို့၏ တရားဒေသနာများက သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက၊ ထိုအရာများသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင်၊ ဘုရားသခင်အား ဘောင်ခတ်ထားသည့် အရာတစ်ချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤ တရားဟောကြားမှုမျိုးသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ်နှင့် ညီမျှသည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

သင်တို့၏ အသိပညာသည် လူတို့ကို ကာလတစ်ခုအထိသာ ပံ့ပိုးပေးနိုင်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အကယ်၍ သင်သည် တူညီသောအရာတစ်ခုကိုသာ ဆက်၍ပြောနေပါက လူအချို့တို့သည် သတိပြုမိကြလိမ့်မည်၊ ၎င်းတို့က သင်သည် အပေါ်ယံဆန်လွန်းကြောင်း၊ နက်နဲစေ့စပ်မှု ကင်းမဲ့လွန်းကြောင်း ဆိုကြလိမ့်မည်။ သင်၌ ရွေးချယ်စရာမရှိဘဲ အယူဝါဒများကို ပြောခြင်းဖြင့် လူများကို ကြိုးစားပြီး လှည့်ဖြားရလိမ့်မည်။ အကယ်၍ ဤကဲ့သို့ သင်ဆက်လုပ်နေပါက သင့်အောက်မှ လူများသည် သင်၏ နည်းစနစ်များ၊ ခြေလှမ်းများ၊ ယုံကြည်ခြင်းနမူနာနှင့် လက်တွေ့ခံစားရခြင်း နမူနာနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်၍ ၎င်းတို့သည် ထိုစကားများနှင့် အယူဝါဒများကို လက်တွေ့ကျင့်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် သင်ဆက်လက်ဟောပြောသောကြောင့် ၎င်းတို့သည် အဆုံးတွင် သင့်ကို စံပြတစ်ဦးအဖြစ် အသုံးပြုလာကြလိမ့်မည်။ အခြားသူများကို သင်ဦးဆောင်ရာတွင် အယူဝါဒများကို သင်ပြောသောကြောင့် သင့်အောက်မှ လူများသည် သင့်ထံမှ အယူဝါဒများကို လေ့လာသင်ယူကြလိမ့်မည်၊ ထို့နောက် အခြေအနေများ တိုးတက်လာသည်နှင့်အမျှ သင်သည် လမ်းမှားနောက်သို့ လိုက်လျှောက်နေပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင့်အောက်မှ လူများသည် သင်ဖောက်သည့် မည်သည့်လမ်းကိုမဆို လိုက်လျှောက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် သင့်ထံမှ သင်ယူလေ့လာကာ သင့်နောက်သို့ လိုက်ကြသဖြင့် “ငါသည် ယခုသြဇာတိက္ကမကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်” ဟု သင်ခံစားရလိမ့်မည်။ လူသားအတွင်းရှိ ဤကဲ့သို့ သစ္စာမဲ့ခြင်းသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ အမျိုးမျိုးသော ဂိုဏ်းဂဏများ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ သူတို့မှာ ဤနည်းဖြင့် ဖြစ်ပေါ်လာကြသည်။ ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

အရှေ့သို့- ခရစ်တော် အယောင်ဆောင်သော သူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးကို မည်သို့ ခွဲခြားနိုင်သနည်း။

နောက်တစ်ခုသို့- သူတော်ကောင်းယောင်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းကင်နှင့်မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော စစ်မှန်သည့် ဘုရားသခင်မှာ တစ်ပါးတည်းလော သို့မဟုတ် သုံးပါးလော

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “နားထောင်ကြ၊ အို ဣသရေလတို့၊ ငါတို့၏ ဘုရားသခင် ယေဟောဝါသည် တစ်ပါးတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။”...

ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို အဓိကအားဖြင့် ထုတ်ဖော်ပြသည့် ပုံပန်းသွင်ပြင်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

ခရစ်တော်သည် ဘုရားသခင်၏သားတော်လော၊ သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လော။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ...

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် သူ၏တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် လူသားကို အသုံးမပြုဘဲ၊ လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရသည့်အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်