၂) လူသားသည် ဘုရားသခင်နှင့် ဘုရားသခင်၏အမှုတော်တို့နှင့်ပတ်သက်၍ မည်သည့် အယူအဆများကို သိုထားသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားများအားလုံးသည် ယေရှု၏ မျက်နှာတော်အစစ်ကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကို မမြင်လို သို့မဟုတ် သူနှင့်အတူ မရှိလိုပါဟု မည်သည့်ညီအစ်ကိုမောင်နှမ တစ်ဦးတစ်ယောက်ကမျှ ပြောမည်မဟုတ်ကြောင်း ငါယုံကြည်သည်။ ယေရှုကို သင်တို့မမြင်ဖူးမီ၊ ဆိုလိုသည်မှာ လူဇာတိခံယူထားသော ဘုရားသခင်ကို သင်တို့မမြင်ဖူးမီ၊ သင်တို့တွင် ဥပမာအားဖြင့် ယေရှု၏ပုံပန်း၊ သူ၏စကားပြောပုံ၊ သူ၏ဘဝနေထိုင်ပုံ အစရှိသည်တို့အပေါ် ထင်မြင်ချက်မျိုးစုံ လက်သင့်ခံထားနိုင်ဖွယ် ရှိသည်။ သို့ရာတွင် သင်တို့သည် သူ့ကို အမှန်တကယ်မြင်ရသည့်အခါ သင်တို့၏ ထင်မြင်ချက်များသည် လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သိလိုသလော။ လူသား၏သဘောထားကို လျစ်လျူရှု၍ မရသည်မှာ မှန်သော်လည်း၊ ခရစ်တော်၏အနှစ်သာရကို လူသားက ပြောင်းလဲရန်မှာ ပို၍ပင် သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့သည် ခရစ်တော်ကို ထာဝရ အသက်ရှင်သောသူ သို့မဟုတ် ပညာရှိဟု မှတ်ယူသော်လည်း ခရစ်တော်အား ဘုရားသဘောသဘာဝ၏ အနှစ်သာရကို ပိုင်ဆိုင်ထားသော သာမန်လူဟု မည်သူကမျှ မှတ်ယူခြင်းမရှိ။ ထိုအတိုင်းဆိုလျှင် ဘုရားသခင်ကို မြင်တွေ့ရန် နေ့ရောညပါ တောင့်တကြသူအများအပြားသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး သူနှင့် သဟဇာတမဖြစ်ကြပေ။ ဤသည်မှာ လူသားဘက်က အမှားမဟုတ်ပေသလော။ ယခုတိုင်အောင် သင်တို့သည် သင်တို့၏ယုံကြည်ချက်နှင့် သစ္စာစောင့်သိမှုတို့နှင့်ဆိုပါက ခရစ်တော်၏မျက်နှာတော်ကို ရှုမြင်ထိုက်ရန် လုံလောက်သည်ဟု ထင်နေကြဆဲဖြစ်သည်။ သို့သော် ပို၍လက်တွေ့ကျသောအရာများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားကြရန် သင်တို့ကို ငါတိုက်တွန်းပေ၏။ အကြောင်းမူကား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံခဲ့သူ အများအပြားမှာ ကျရှုံးခဲ့ကြသည် သို့မဟုတ် ကျရှုံးကြလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်၊ ထိုသူတို့အားလုံးသည် ဖာရိရှဲတို့၏အခန်းကဏ္ဍမှ ပါဝင်ကြ၏။ သင်တို့ကျရှုံးရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ သင်တို့၏ အယူအဆများထဲတွင် ကြီးမြတ်ထည်ဝါပြီး ကြည်ညို လေးစားထိုက်သော ဘုရားသခင်တစ်ပါး ရှိနေခြင်းကြောင့်သာလျှင် ဖြစ်သည်။ သို့သော် အမှန်တရားမူကား လူသား၏အလိုအတိုင်းမဟုတ်။ ခရစ်တော်သည် ကြီးမြတ်ထည်ဝါခြင်းမရှိရုံသာမက သူသည် အထူးသဖြင့် သေးသိမ်၏။ သူသည် လူသားဖြစ်ရုံသာမက သာမန် လူသားတစ်ဦးဖြစ်၏။ သူသည် ကောင်းကင်ဘုံသို့ တက်ကြွသွားနိုင်ခြင်း မရှိရုံသာမက မြေကြီးပေါ်၌ပင် လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ထိုသို့ဖြစ်သောကြောင့် လူများက “စစ်မှန်သောခရစ်တော်” ကြွလာရန် စောင့်စားနေဆဲ အချိန်ကာလတစ်လျှောက်တွင် သူ့အား သာမန်လူတစ်ဦးကို ဆက်ဆံရသကဲ့သို့ ဆက်ဆံကြ၏၊ သူနှင့်အတူရှိစဉ် သူ့ကို ပေါ့ပေါ့တန်တန် ဆက်ဆံကြပြီး သူ့ကို ဂရုမစိုက်ဘဲ ပြောဆိုကြ၏။ သင်တို့သည် ကြွလာပြီးသော ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားပြီး သူ၏နှုတ်ကပတ်တော်များကို သာမန်လူတစ်ဦး၏စကားကဲ့သို့ မှတ်ယူ၏။ ဤအကြောင်းကြောင့် ခရစ်တော်ထံမှ မည်သည့်အရာကိုမျှ သင်တို့မရရှိသည့်အပြင် သင်တို့၏အကျည်းတန်မှုကို အလင်းတွင် လုံးဝမြင်သာအောင် ပြသခဲ့ပြီဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” မှ

နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ သင်တို့၏စိတ်ထဲတွင် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အလွန်တော်မှန်၍ ဖြောင့်မတ်ကာ ကြီးမြတ်ပြီး ကိုးကွယ်ခြင်းနှင့် နှစ်သက်လေးစားခြင်းကို ခံထိုက်သည်ဟု မြင်ကြပြီး မြေကြီးပေါ်၌ရှိသော ဤဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို အစားထိုးထားသူဖြစ်ပြီး တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူညီနိုင်၊ တစ်တန်းတည်းထား၍ ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကြီးမြတ်မှု၊ ဂုဏ်အသရေ နှင့်ပတ်သက်လာပါက ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း လူတို့၏သဘာဝ၊ ဖောက်ပြန်မှု နှင့်ပတ်သက်၍မူ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့် ဆိုင်သည့် ဂုဏ်သတ္တိများ ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ထာဝစဉ်မြင့်မြတ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါဘဲ အားနည်းကာ အရည်အချင်း မပြည့်မီဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် စိတ်ခံစားမှုအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များသာရှိပြီး မည်သည့်တရားမျှတမှု၊ သို့မဟုတ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၌ ကောက်ကျစ်မှု အနည်းငယ်မျှ မရှိ၊ သူသည် အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၌မူ မရိုးသားသောသဘောထား အစဉ်အမြဲရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူသားကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှုထားခြင်းပင် ပြုသည်ဟု သင်တို့ယုံကြည် ကြသည်။ ဤမှားယွင်းသည့်အသိကို သင်တို့၏နှလုံးသားများထဲ၌ သိုထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူ ဆက်ဖြစ်နေနိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ကောက်ကျစ်သူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ မြင့်မားသော ရုပ်တုများကို မြတ်နိုးကြပြီး နှုတ်ရေးကြွယ်ခြင်းကြောင့် ကျော်ကြားသူများကို အထင်ကြီးကြသည်။ သင်၏လက်ထဲသို့ ကြွယ်ဝချမ်းသာမှုများ ဖြည့်ပေးသော ဘုရားသခင်၏ အမိန့်ပေးခြင်းကို သင်ဝမ်းမြောက်စွာခံယူ၍ သင်၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် ဘုရားသခင်ကို အလွန်တမ်းတသည်။ သင်မကိုးကွယ်သည့် တစ်ဦးတည်းသောသူမှာ မမြင့်မြတ်သော ဤဘုရားသခင်သာ ဖြစ်သည်၊ သင်မုန်းသည့် တစ်ခုတည်းသောအရာမှာ မည်သည့်လူကမျှ အထင်မကြီးနိုင်သည့် ဤဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းပင် ဖြစ်သည်။ သင်မလုပ်လိုသည့် တစ်ခုတည်းသောအရာမှာ သင့်ကို အသပြာတစ်ပြားမျှ မပေးဖူးသည့် ဤဘုရားသခင်ကို အစေခံခြင်းပင် ဖြစ်သည်၊ သူ့ကို သင်တောင့်တလာအောင် မလုပ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ချစ်ဖွယ်မကောင်းသော ဤဘုရားသခင် ဖြစ်သည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် သင်၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန် မဆိုထားနှင့် သင်၏အမြင်ကျယ်လာအောင်၊ ရတနာတစ်ခုကိုတွေ့သကဲ့သို့ သင်ခံစားရအောင် မလုပ်ပေးနိုင်သော ဘုရားသခင်ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သူ့နောက်ကို လိုက်သနည်း။ ဤသို့သောမေးခွန်းမျိုးကို သင်တွေးတောခဲ့ ဖူးသလော။ သင်ပြုသောအရာသည် ခရစ်တော်ကို စော်ကားသည်သာ မဟုတ်ပေ၊ သာ၍အရေးကြီးသည်မှာ ထိုအရာသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်ကိုလည်း စော်ကားခြင်းဖြစ်၏။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့စော်ကားဖို့ မဟုတ်ဟု ငါထင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” မှ

လူအချို့က၊ “ကျွန်ုပ်မကောင်းပါဟု ခရစ်တော်ပြောသည့်အခါ ကျွန်ုပ်လက်မခံနိုင်ပါ။ ကောင်းကင်ဘုံရှိ ဘုရားသခင်က ကျွန်ုပ်နှင့်ပတ်သက်၍ မကောင်းသည့်အရာ တစ်စုံတစ်ခုရှိသည်ဟု ပြောမှသာ ကျွန်ုပ်လက်ခံမည်။ လူ့ဇာတိခံ ဘုရားသခင်၌ သာမန်လူ့သဘာဝရှိ၏။ သူ၏အကဲဖြတ်မှုများက မကြာခဏ မှားယွင်းနိုင်ပြီး၊ သူလုပ်ဆောင်သည့် အရာများစွာသည် ၁၀၀% မမှန်ကန်ပါ။ လူတို့အပေါ် သူ၏အကဲဖြတ်မှုနှင့် ရှုတ်ချမှုတွင်၊ သို့မဟုတ် ၎င်းတို့ကို သူကိုင်တွယ်ပြီး ၎င်းတို့အတွက် အစီအစဉ်များကို သူပြုလုပ်ပုံတွင် မှားနိုင်ခြင်း ရှိမရှိဆိုသည့်အရာအပေါ် မေးခွန်းအချို့ ရှိသည်။ ထို့ကြောင့် သူသည် ကျွန်ုပ်ကို မရှုပ်ချနိုင်သကဲ့သို့ ကျွန်ုပ်၏ အဆုံးသတ်ကို မဆုံးဖြတ်နိုင်သည့်အတွက်၊ ကျွန်ုပ်နှင့် ပတ်သက်၍ ခရစ်တော်- ကမ္ဘာမြေပေါ်က ဘုရားသခင်- ပြောသည့်အရာကို ကျွန်ုပ်မကြောက်ပါ” ဟု ပြောကြသည်။ ထိုသို့သောလူများ ရှိကြသလော။ သေချာပေါက်ရှိပေ၏။ ၎င်းတို့ကို ငါကိုင်တွယ်ဖြေရှင်းသည့်အခါ၊ ၎င်းတို့က၊ “ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ဖြောင့်မတ်ပါသည်” ဟု ပြောကြသည်။ ၎င်းတို့ကို ငါကိုင်တွယ်သည့်အခါ၊ ၎င်းတို့က၊ “တစ်ဦးဦးကို မဟုတ်ဘဲ၊ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်သည်” ဟု ပြောကြသည်။ ၎င်းတို့သည် ငါ့ကို ခါးခါးသီးသီး ငြင်းပယ်ရန် ဤစကားများကို အသုံးပြုကြပေသည်။ ဤစကားများမှာ အဘယ်နည်း။ ယင်းတို့သည် ဘုရားသခင်နှင့် ခရစ်တော်ကို ငြင်းပယ်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့ ဆိုလိုသည်မှာ၊ “ဤသည်မှာ သင့်သဘောအတိုင်းမဟုတ်ဘဲ၊ ကောင်းကင်ဘုံရှင် ဘုရားသခင်၏သဘောအတိုင်း ဖြစ်သည်” ဟူ၍ ဖြစ်၏။ ဘုရားသခင်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ အယူအဆများနှင့် ၎င်းတို့၏ သိနားလည်မှုတွင်၊ ဤလူတို့သည် လူ့ဇာတိခံ ခရစ်တော်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်တို့ကြား ဆက်စပ်မှုကို- လူ့ဇာတိနှင့် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်တို့ကြား မည်သည့် ဆက်နွှယ်မှုရှိသည်ကို- မည်သည့်အခါတွင်မျှ နားလည်လိမ့်မည် မဟုတ်ချေ။ ၎င်းတို့၏ အမြင်တွင်၊ ကမ္ဘာမြေပေါ်ရှိ ဤသေးငယ်သော ပုဂ္ဂိုလ်သည် လူတစ်ဦးသာ အမြဲဖြစ်နေလိမ့်မည်ဖြစ်ပြီး၊ ဤပုဂ္ဂိုလ်အနေဖြင့် သမ္မာတရား မည်မျှဖော်ပြသည်ဖြစ်စေ၊ တရားဒေသနာ မည်မျှဟောကြားသည်ဖြစ်စေ၊ သူသည် လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ လူအချို့ကို သူစုံလင်စေပြီး ၎င်းတို့ထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးလျှင်ပင်၊ သူသည် ကမ္ဘာမြေပေါ်တွင် ရှိနေလိမ့်ဦးမည်၊ သူသည် လူသားတစ်ဦး ဖြစ်နေလိမ့်ဦးမည်ဖြစ်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သာလွန်နိုင်စွမ်းရှိမည် မဟုတ်ဟု ယူဆကြသည်။ ထိုကြောင့်၊ ဤလူတို့က ဘုရားသခင်၌ ယုံကြည်ခြင်းသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌ ယုံကြည်ခြင်း ဖြစ်ရမည်ဟု ထင်မြင်ယူဆကြသည်။ ၎င်းတို့အဖို့၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၌ ယုံကြည်မှုသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ၎င်းတို့ဆန္ဒရှိသည့်အတိုင်း ၎င်းတို့ယုံကြည်ကြ၏။ ၎င်းတို့ကို ပျော်ရွှင်စေသည့် မည်သည့်အရာကိုမဆို ၎င်းတို့ယုံကြည်ကြပြီး ဘုရားသခင်မှာ ၎င်းတို့စိတ်ကူးကြသည့် မည်သည့်အရာမဆိုဖြစ်၏။ လူ့ဇာတိခံ ခရစ်တော်နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးထင်မြင်နောက်လည်း လိုက်ကြသည်- “ကမ္ဘာမြေပေါ်ရှိ ဤဘုရားသခင်က ကျွန်ုပ်ကို အနည်းငယ် သာ၍ဖော်ရွေခဲ့မည်ဆိုပါက၊ သူသည် ကျွန်ုပ်အဖို့ နှစ်လိုဖွယ်ရာဖြစ်ခဲ့ပါက၊ သူ့ကို ကျွန်ုပ်ရိုသေမည်ဖြစ်ပြီး ချစ်မည်ဖြစ်သည်။ သူသည် ကျွန်ုပ်အပေါ် မကောင်းပါက၊ ကျွန်ုပ်ကို သူစိတ်အနှောင့်အယှက်ဖြစ်ပါက၊ ကျွန်ုပ်အပေါ် မကောင်းသည့် သဘောထားတစ်ခု သူ၌ရှိပြီး၊ ကျွန်ုပ်ကို အမြဲပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းပါက၊ သူသည် ကျွန်ုပ်၏ဘုရားသခင် မဟုတ်ပါ။ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ယုံကြည်ဖို့ ကျွန်ုပ်ရွေးချယ်ပါသည်။” ဤသဘောထားရှိသည့် လူများသည် အနည်းစု မဟုတ်ပေ။ ငါသည် ထိုသို့သောလူများကို ကြုံနှင့်ပြီးဖြစ်သည့်အတွက် ၎င်းတို့တွင် သင်တို့လည်း ပါဝင်၏။ အားလုံးအဆင်ပြေချိန်တွင်၊ ၎င်းတို့သည် ငါ့ကို တော်တော်ဖော်ရွေကြပြီး၊ ၎င်းတို့၏ အစေခံမှုတွင် အာရုံစိုက်သော်လည်း၊ ၎င်းတို့ကို ငါကိုင်တွယ်လျှင်ကိုင်တွယ်ချင်း၊ ၎င်းတို့သည် ငါ့ကို ဆန့်ကျင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ကောင်းသောအခါ၊ ဤသည်မှာ ဘုရားသခင်နှင့် ခရစ်တော်ဖြစ်သည်ဟု ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ မယုံကြည်ကြပေ- ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ စိတ်ဝင်တစားကြည့်နေကြသည့်အခါ၊ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ကိုယ်ပိုင်လက္ခဏာတို့အပေါ် မျက်နှာလိုမျက်နှာရလုပ်ခြင်းထက် ဘာမျှမပိုပေ။ ၎င်းတို့၏စိတ်ထဲတွင်၊ ကောင်းကင်ဘုံရှိ မမြင်နိုင်သည့် ဘုရားသခင်သည် စစ်မှန်သော ဘုရားသခင် အစဉ်ဖြစ်နေလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ ဤဘုရားသခင်က သမ္မာတရား မည်မျှဖော်ပြသည်ဖြစ်စေ၊ သူသည် လူသားအဖို့ မည်သို့ပင် တည်ဆောက်စရာဖြစ်ပြီး အကျိုးပြုသည်ဖြစ်စေ၊ သူ့ကို ၎င်းတို့ မည်မျှ ခယဝယလုပ်သည်ဖြစ်စေ၊ အစေခံပြီး ရိုသေသည်ဖြစ်စေ၊ သာမန်လူ့သဘာဝအလယ်၌ သူအသက်ရှင်ပြီး၊ သူ၌ အသွေးအသား ခန္ဓာတစ်ခု ရှိသည်ဆိုသည့် အချက်ကိုယ်၌က ၎င်းတို့၏ စိတ်နှလုံးများတွင် ဤလူများသည် ကောင်းကင်ဘုံရှိ ဘုရားသခင်မှာ တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်ကြောင်း ယုံကြည်ဆဲဖြစ်သည်ဟု ဆိုလိုပေသည်။ ဤအမြင်ကို သင်မည်သို့သဘောရသနည်း။ ထိုသို့သော အမြင်များက လူများစွာ၏ စိတ်နှလုံးများတွင် နက်နက်ရှိုင်းရှိုင်း တည်ရှိသည်၊ ၎င်းတို့၏ မသိစိတ်တွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည်ဟု ပြောရန် သင့်လျော်ပေသည်။ ခရစ်တော်၏ ထောက်ပံ့မှု၊ ခရစ်တော် ဟောပြောသည့် တရားဒေသနာအားလုံးနှင့် သူပြောဆိုသည့် နှုတ်ကပတ်တော်များကို လက်ခံနေသည့် တစ်ချိန်တည်းတွင်ပင်၊ ၎င်းတို့သည် ခရစ်တော်ကို လေ့လာခြင်း၊ မေးခွန်းထုတ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကိုလည်း ပြုနေကြပြီး- ကောင်းကင်ဘုံရှိ ဘုရားသခင်က ၎င်းတို့လုပ်ဆောင်ထားသည့် အရာအားလုံးအပေါ် တရားစီရင်ခြင်း ချမှတ်ရန် ကြွလာမည့်အချိန်ကိုလည်း မျှော်လင့်စောင့်စားနေကြလေသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်က ၎င်းတို့အပေါ် တရားစီရင်ခြင်း ချမှတ်ပေးရန် ၎င်းတို့အဘယ်ကြောင့် လိုချင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံရှိ ဘုရားသခင်သည်- ၎င်းတို့စိတ်ကူးထင်မြင်ထားသည့် ဘုရားသခင်သည်-၎င်းတို့အပေါ် ၎င်းတို့လိုချင်သည်အတိုင်း ပြုမူလိမ့်မည်ဟူသော ၎င်းတို့၏ စိတ်ဆန္ဒကို ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများက ဇက်ကုန်လွှတ်ပေးသောကြောင့်ဖြစ်သည်၊ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကမူ ထိုသို့လုပ်ဆောင်လိမ့်မည်မဟုတ်။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်က သမ္မာတရားကိုသာ ပြောဆိုသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ပြောဆိုကာ လူတို့အပေါ် မည်သို့ပြုမူပြီး၊ ၎င်းတို့ကို အခြေခံမူနှင့်အညီ မည်သို့ကိုင်တွယ်ရမည့်အကြောင်းကိုသာ ပြောဆိုသည်။ ၎င်းတို့က၊ “ကောင်းကင်ဘုံရှိ ဘုရားသခင်၏ လူသားအပေါ် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့ဘဲ အကြွင်းမဲ့ဖြစ်သည့် အကန့်အသတ်မရှိသော ချစ်ခြင်းမေတ္တာဖြစ်သည်၊ တစ်စုံတစ်ရာကို သင်ပြောဆိုသည်၊ သို့မဟုတ် လုပ်ဆောင်သည်ကို ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်က သိသွားသည်နှင့်တစ်ပြိုင်နက်၊ သူသည် သင့်ကို သူ၏တရားဒေသနာများတွင် သင်ထောက်ကူတစ်ခုကဲ့သို့ အသုံးပြုပြီး သင့်ကို စတင်စိတ်ဖြာလေ့လာဆွေးနွေးလေသည်- ထို့ကြောင့် လူတို့သည် သူ့ကို သတိထားကြရမည်၊ သူ့ထံမှ မိမိတို့ကိုယ်ကို ကွယ်ဝှက်ထားရမည်ဖြစ်ပြီး၊ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သူ့ကို သိခွင့်ပေး၍မရ” ဟု တွေးကြသည်။ သင်တို့ မည်သို့သဘောရသနည်း၊ ငါ့ကို သင်တို့မပြောဘဲထားသည့် အရာများကို ငါစိတ်ဖြာလေ့လာ၍ မရနိုင်သလော။ သင်၏လုပ်ရပ်များကို ငါစိတ်ဖြာလေ့လာစရာ မလိုအပ်ပေ။ ငါသည် သင်၏စိတ်သဘောထားများနှင့် သင်၏အခြေအနေများကို စိတ်ဖြာလေ့လာ၏၊ ပြီးလျှင် သမ္မာတရားကို ပြောဆိုဖို့၊ တရားဒေသနာများကို ပေးဖို့နှင့် လူတို့အား သမ္မာတရားကို နားလည်စေဖို့ ထိုအရာများအပေါ် ငါအမှီပြုစရာ မလိုပေ။ မယုံကြည်သူအချို့၏ အမြင်တွင်၊ ဤလူ့ဇာတိ၊ ဤဘုရားသခင်သည် သမ္မာတရားပါဝင်သည့် အရာပင်ဖြစ်နေပါစေ သူ့ကိုယ်ပိုင်မျက်စိနှင့် သူတပ်အပ်မမြင်သည့် မည်သည့်အရာကိုမျှ မသိပေ။ ဆိုလိုသည်မှာ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရများက ညွှန်ကြားသည့်၊ လူတို့လုပ်ဆောင်ကြသော အရာများကို သူမသိ၊ ထို့ကြောင့် သူသည် ၎င်းတို့၏ အနှစ်သာရများနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတို့၏အယူအဆများတွင် ၎င်းတို့ယုံကြည်ကြသည့်အရာ ဖြစ်သည်။ ခရစ်တော်အပေါ် ၎င်းတို့၏ သဘောထားမှာ လေ့လာခြင်း၊ သံသယရှိခြင်းအပြင် မယုံကြည်မှုနှင့်ပင် ဆိုင်သည့် သဘောထားတစ်ခု အမြဲဖြစ်၏။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် သာမန်လူများအား တိုင်းတာသည့် စံနှုန်းများကို အသုံးပြုလျက်၊ သာမန်လူများအဖို့ ကြိုးပမ်းရရှိနိုင်ပြီး နားလည်နိုင်သည့် စံနှုန်းများကို အသုံးပြုလျက် ခရစ်တော်ကို တိုင်းတာကြလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

၎င်းက ဘုရားသခင်ကို ယုံကြည်ကြသော လူအများစုသည် သူ့ကို ဘာမျှမရှိသော လေထုကြီးအဖြစ်၊ ထို့ပြင် တဒင်္ဂသာရှိပြီး တစ်ခဏနေ မရှိတော့ပုံရသည့် အရာတစ်ခုအဖြစ် သဘောထားကြသည့်အချက်ကို သက်သေပြပါသည်။ ထိုကဲ့သို့ ငါ အဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကိစ္စတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်၏ အလိုတော်ကို သင်တို့ မသိကြပေ။ သူ၏အလိုတော်ကို သင်တို့ အဘယ်ကြောင့် မသိကြသနည်း။ ယခုမှသာမဟုတ်၊ အစမှအဆုံးတိုင်၊ ဤကိစ္စအပေါ် ဘုရားသခင်၏ သဘောထားကို သင်တို့မသိကြပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်၏ သဘောထားက အဘယ်အရာဖြစ်သည်ကို မသိသော်လည်း၊ သင်သည် ၎င်းကို ကောင်းစွာ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းကို သိနားလည်ရန် သင် ရှာဖွေဖူးသလော။ ထိုအကြောင်းကို သင် မိတ်သဟာယ ပြုဖူးသလော။ မလုပ်ဖူးပါ။ ဤအရာက သင့်ယုံကြည်ချက် နှင့်ယှဉ်သော ဘုရားသခင်နှင့် စစ်မှန်မှုနှင့်ယှဉ်သော ဘုရားသခင်မှာ ဆက်စပ်မှုမရှိပါ ဟူသည့်အချက်ကို အတည်ပြုပေသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းတွင် သင်သည် သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် သင့်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်များကိုသာ ချင့်ချိန်တွေးဆသည်၊ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အပေါ်ယံနှင့် သြဝါဒဆိုင်ရာ အဓိပ္ပာယ်ကိုသာလျှင် စဉ်းစားသုံးသပ်ကာ ဘုရားသခင်၏ အလိုတော်ကိုသိဖို့ သို့မဟုတ် ရှာဖွေဖို့ အမှန်တကယ်ကြိုးစားခြင်း လုံးဝမရှိပေ။ ဤသည်မှာ စစ်မှန်သော ကိစ္စတစ်ရပ် ဖြစ်သည်မဟုတ်လော။ ဤကိစ္စ၏ အနှစ်သာရမှာ အတော့်ကို ဆိုးရွားလိုက်လေခြင်း။ နှစ်ပေါင်းများစွာပြီးမှ ငါသည် ဘုရားသခင်ကို ယုံကြည်သော လူမြောက်မြားစွာကို မြင်ဖူးသည်။ သူတို့၏ စိတ်ထဲတွင် သူတို့၏ယုံကြည်မှုက ဘုရားသခင်ကို မည်သည့်အရာအဖြစ်သို့ ပုံသဏ္ဌာန်ပြောင်းလဲလိုက်ကြသနည်း။ လူအချို့က ဘုရားသခင်သည် ဘာမျှမရှိသော လေထုကြီးဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူများ၌ ဘုရားသခင်၏ တည်ရှိခြင်းဆိုင်ရာ မေးခွန်းများအတွက် အဖြေမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ရှိခြင်း သို့မဟုတ် မရှိခြင်းကို ရှင်းလင်းစွာ သိမြင်ခြင်း သို့မဟုတ် နားလည်ခြင်း ရှိဖို့နေနေသာသာ၊ ခံစားနိုင်ခြင်း သို့မဟုတ် သိနိုင်ခြင်း မရှိကြချေ။ မသိစိတ်၏ နှိုးဆော်မှုအရ ဤလူများက ဘုရားသခင်မတည်ရှိဟု ထင်တတ်ကြသည်။ အခြားသူများက ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူတို့က ၎င်းတို မလုပ်နိုင်သော အရာများအားလုံးကို ဘုရားသခင်လည်း မလုပ်နိုင်ပါ ဟူ၍လည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့ တွေးသည့်ပုံစံအတိုင်း တွေးရလိမ့်မည် ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “မမြင်ရသော၊ ထိတွေ့၍မရသော ပုဂ္ဂိုလ်တစ်ဦး” ပင် ဖြစ်သည်။ ဘုရားသခင်သည် ရုပ်သေးရုပ် တစ်ရုပ်အလား ဖြစ်သည်ဟု ယုံကြည်သော လူတစ်စုလည်း ရှိသည်။ ဤလူများက ဘုရားသခင်၌ ခံစားချက်မရှိဟု ယုံကြည်ကြသည်။ သူတို့က ဘုရားသခင်သည် ရွှံ့စေးရုပ်တုတစ်ရုပ် ဖြစ်ပြီး ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်၌ သဘောထားမရှိ၊ အမြင်ရှုထောင့်မရှိ၊ သို့မဟုတ် အတွေးအခေါ်များမရှိဟု ထင်ကြသည်။ သူသည် လူ၏ ပြုသမျှနုရမည်ဟု သူတို့က ယုံကြည်ကြသည်။ လူတို့သည် ၎င်းတို့ ယုံကြည်လိုသည့်အတိုင်းသာ ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့က သူ့အား ကြီးမြတ်စေပါက၊ သူ ကြီးမြတ်သည်၊ အကယ်၍ ၎င်းတို့က သူ့အား သေးသိမ်စေပါက၊ သူ သေးသိမ်သည်။ လူတို့သည် အပြစ်ပြုပြီး ဘုရားသခင်၏ သနားခြင်းကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာကို လိုအပ်သည့်အခါ၊ ဘုရားသခင်သည် သူ၏ သနားကရုဏာကို ပေးသင့်သည်ဟု သူတို့ယူဆကြသည်။ ဤလူများသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများထဲ၌ “ဘုရားသခင်” တစ်ပါးကို ပုံဖော်ကြကာ၊ ဤ “ဘုရားသခင်” အား ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့၏ အလိုဆန္ဒအားလုံးကို ပြည့်ဝစေရန် ခိုင်းတတ်ကြသည်။ မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာ၌ဖြစ်စေ၊ ထို့ပြင် ဤသို့သော လူတို့သည် မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ဆက်ဆံမှုနှင့် ၎င်းတို့၏ ယုံကြည်မှု၌ ဤစိတ်ကူးကို ခံယူကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက် ပေးမိပြီးနောက် ဘုရားသခင်သည် ၎င်းတို့အား ကယ်တင်နိုင်မည်ဟူ၍ ယုံကြည်ကြသော သူများပင် ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့သည်၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး၊ လူတစ်ဦးက ဘုရားသခင်ကို မည်မျှပင်ပြစ်မှားပါစေ သူသည် ထိုအရာ တစ်စုံတစ်ခုကိုမျှ အမှတ်ရလိမ့်မည်မဟုတ်ဟု ယူဆကြခြင်းကြောင့် ဖြစ်သည်။ လူ၏ အမှားများ၊ လူ၏ ကျူးလွန်မှုများ နှင့် လူ၏ မနာခံမှုတို့မှာ ထိုလူ့စိတ်သဘောထား၏ တဒင်္ဂဖော်ပြချက်များ ဖြစ်သောကြောင့်၊ ဘုရားသခင်သည် လူတို့အား အခွင့်အရေးများကိုပေးပြီး ၎င်းတို့အပေါ် သည်းခကာ စိတ်ရှည်လိမ့်မည်ဟု သူတို့က ထင်ကြသည်။ ဘုရားသခင်က ၎င်းတို့အား ယခင်ကကဲ့သို့ပင် ချစ်နေဦးမည်ဟု သူတို့ယုံကြသည်။ ထို့ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိရန်အတွက် မြင့်မားသော မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားကြသည်။ အမှန်မှာ လူတို့သည် ဘုရားသခင်ကို မည်သို့ပင် ယုံကြည်စေကာမူ၊ သူတို့သည် သမ္မာတရားကို အားထုတ်နေခြင်း မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့အပေါ် အပျက်သဘောဆောင်သော သဘောထားတစ်ခုကို စွဲကိုင်ထားမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သင်ယုံကြည်စဉ်တစ်လျှောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်ကို ရတနာအဖြစ် သတ်မှတ်ရှုမြင်ထားကာ ၎င်းကို နေ့စဉ် လေ့လာဖတ်ရှုသော်လည်း၊ သင်သည် စစ်မှန်သော ဘုရားသခင်ကို ဘေးဖယ်ထားသောကြောင့် ဖြစ်သည်။ သင်သည် သူ့အား ဘာမျှမရှိသော လေသက်သက်အဖြစ် သို့မဟုတ် လူတစ်ဦးသက်သက်အဖြစ် သဘောထားပြီးလျှင်၊ သင်တို့အချို့က သူ့ကို ရုပ်သေးရုပ်တစ်ရုပ် အဖြစ်လောက်သာ သဘောထားကြသည်။ ငါသည် ယင်းကို အဘယ်ကြောင့် ဤသို့ဆိုရသနည်း။ ဤသို့ ငါဆိုခြင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းကို ငါမြင်သည့်ပုံစံအတိုင်းဆိုလျှင် သင်တို့သည် ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည်ဖြစ်စေ သို့မဟုတ် အခြေအနေတစ်ခုခုကို ကြုံတွေ့ရသည်ဖြစ်စေ သင်တို့၏ မသိစိတ်ထဲ၌ရှိသော ထိုအရာများ၊ အတွင်း၌ သင်ကြီးထွားလာစေသော ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအား အားထုတ်ခြင်းနှင့် မည်သည့်ဆက်နွှယ်မှုမျှ လုံးဝ မရှိခဲ့ဖူးပေ။ သင်သည် သင်ကိုယ်တိုင် မည်သည့်အရာကို တွေးနေသည်၊ သင်၏ ကိုယ်ပိုင်ရှုထောင့်က မည်သည့်အရာ ဖြစ်သည်ကိုသာ သိပြီး၊ ထို့ပြင် သင်သည် သင်၏ကိုယ်ပိုင် အတွေးအခေါ်များနှင့် ရှုထောင့်များအတိုင်း ဘုရားသခင်အပေါ် အတင်းအကျပ်ပြုကြသည်။ သင်၏ စိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့်များ ဖြစ်လာကြပြီး ဤရှုထောင့်များကို မဆုတ်မနစ် လိုက်နာစောင့်ထိန်းသည့် စံနှုန်းများအဖြစ် သင် ပြုလေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤကဲ့သို့ ရှေ့ဆက်သွားခြင်းက သင့်ကို ဘုရားသခင်ထံမှ သာ၍သာ၍ ဝေးကွာသွားစေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” မှ

သင်၏စိတ်နှလုံးအတွင်းတွင် သင်၏အပြုအမူကို ထိန်းချုပ်သည့် မည်သည့်အယူအဆများ ရှိသနည်း။ သင်၏အကြိုက်မဟုတ်သည့် တစ်စုံတစ်ရာ သင့်ထံ၌ ဖြစ်ပျက်လာသည့်အခါ၊ ဤအယူအဆများက အလိုအလျောက် ဖြစ်ပေါ်လာပြီး သင့်ကို ဘုရားသခင်ထံ စောဒကတက်စေသည်၊ ဘုရားသခင်နှင့် အငြင်းပွားစေပြီး ယှဉ်ပြိုင်စေကာ၊ ယင်းတို့သည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မြန်ဆန်သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေ၏- သင်သည် အစတွင် လုပ်ဆောင်ခဲ့သည့် ဘုရားသခင်ကို ချစ်ပြီး သူ့ကို သစ္စာရှိကာ သင်၏အသက်တာတစ်ခုလုံးကို သူ့ထံ ဆက်ကပ်လိုခြင်း ခံစားချက်မှသည် ဘုရားသခင်ကို သစ္စာမရှိလိုခြင်း၊ သင်၏ တာဝန်ကို မထမ်းဆောင်လိုခြင်းသို့ ရုတ်တရက် ပြောင်းသွားပြီး၊ ဘုရားသခင်ကို သင်၏ယုံကြည်မှုအား သင်နောင်တရသည်၊ ဤလမ်းကြောင်းကို ရွေးချယ်မိခြင်းအား သင်နောင်တရပြီး ဘုရားသခင်၏ ရွေးချယ်မှုကို ခံရခြင်းနှင့်ပတ်သက်၍ သင်သည် စောဒကပင် တက်လေသည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် ထိုသို့သော ကြီးမားသည့် အပြောင်းအလဲတစ်ခုကို မည်သည့်အယူအဆများက ရုတ်တရက် ဖြစ်စေနိုင်သနည်း။ (ကျွန်ုပ်ကို စစ်ဆေးဖို့ အခြေအနေတစ်ခုကို ဘုရားသခင်စီစဉ်ပြီး၊ ကျွန်ုပ်အနေဖြင့် မည်သည့်ရလဒ်မျှ မရှိမည့် အလားအလာရှိသည်ကို ခံစားရချိန်တွင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများကို ကျွန်ုပ်ပုံဖော်ပါသည်။ ကျွန်ုပ်၏ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကျွန်ုပ်မစွန့်လွှတ်သရွေ့ သူကျွန်ုပ်ကို စွန့်ပစ်လိမ့်မည်မဟုတ်ဟု ကျွန်ုပ်ခံစားရပါသည်။) ယင်းမှာ အယူအဆတစ်မျိုး ဖြစ်သည်။ သင်တို့၌ ထိုသို့သော အယူအဆများ မကြာခဏ ရှိကြသလော။ ဘုရားသခင်၏ စွန့်ပစ်ခံရခြင်းအပေါ် သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ ဘုရားသခင်က သင့်ကို စွန့်ခွာပါက၊ သင့်ကို ဘုရားသခင်မလိုချင်သကဲ့သို့ သင့်ကို ကယ်တင်လိမ့်မည်မဟုတ်ဟု ယုံကြည်ခြင်းသည် အယူအဆတစ်မျိုး ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော အယူအဆမျိုးသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ယင်းသည် သင်၏စိတ်ကူးထင်မြင်မှုမှ လာသလော၊ သို့မဟုတ် ယင်း၌ အခြေခံအကြောင်းရင်းတစ်ခု ရှိသလော။ ဘုရားသခင်က သင့်ကို မည်သည့်ရလဒ်မျှ မပေးသည်ကို သင်မည်သို့သိရှိသနည်း။ သင့်ကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့သလော။ ထိုသို့သော အတွေးများကို သင်က အသေးစိတ်ချပြထား၏၊ ဟုတ်သလော။ ဤသည်မှာ အယူအဆတစ်ခု ဖြစ်သည်ကို သင်သိ၏။ အဓိက မေးခွန်းမှာ ယင်းကို မည်သို့ဖြေရှင်းရမည်ဆိုသည့်အရာ ဖြစ်သည်။ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဤသို့ဖြစ်သည်- ယင်းက အယူအဆတစ်ခု ဖြစ်သည်ကို သင်သိသည့်အတွက်၊ ယင်းကို သင်ဘေးဖယ်ထားရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေရမည်၊ ပြီးလျှင် သင့်အား ဘုရားသခင်က မည်သည့်အရာ စေခိုင်းသည်ကို သင်မြင်ရမည်။ သင်၏ကိုယ်ပိုင်အယူအဆများက ဘုရားသခင် စေခိုင်းသည့်အရာနှင့် ဆန့်ကျင်ချိန်တွင် သင့်အနေဖြင့် ဤအရာကို သိသော်လည်း ထိုအယူအဆများကို ဖက်တွယ်ထားဆဲရှိလျှင် သင်၌ အသက်ထဲသို့ ဝင်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်အားနည်းလှ၏။ ထို့အပြင်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အဆုံးသတ်နှင့် ခရီးပန်းတိုင်တို့အပေါ်၊ ပြီးလျှင် ၎င်းတို့၏တာဝန်ကို ပြင်ဆင်ချက်များနှင့် ၎င်းတို့၏ တာဝန်တွင် အစားထိုးခံရခြင်းတို့အပေါ် အထူးသဖြင့် ဆတ်ဆတ်ထိမခံ ဖြစ်ကြလေသည်။ အချို့သော လူတို့သည် ၎င်းတို့၏ တာဝန်တွင် ၎င်းတို့အစားထိုးခံရကာ ၎င်းတို့၌ ဂုဏ်ဒြပ်မရှိတော့သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို သူမနှစ်သက်တော့၊ သို့မဟုတ် အလိုမရှိတော့ဟု ပြောသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အတွက် ကိစ္စတုံးပြီဟု တွေးထင်ရင်း၊ ထိုသို့သော အရာများနှင့်ပတ်သက်၍ မကြာခဏ မမှန်ကန်သော ကောက်ချက်ကို အဆောတလျင်ချကြလေသည်။ ဤသည်မှာ ၎င်းတို့ချကြသည့် ကောက်ချက်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိဟု ၎င်းတို့ထင်မြင်ယူဆကြပြီး၊ ၎င်းတို့၏အဆုံးသတ်ကို ခိုင်မာစွာ ချမှတ်ထားကာ ဘုရားသခင်က ၎င်းတို့ကို မလိုချင်သည့်အတွက်၊ အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်မရှိဟု ထင်မြင်ယူဆကြလေသည်။ အခြားသူများက ထိုသို့သော အတွေးများကို ကြားလျက် ၎င်းတို့ကို ယုတ္တိတန်ပြီး သိက္ခာရှိသည်ဟု ထင်ကြသည်- သို့သော် အမှန်တွင် ဤသည်မှာ မည်သည့်စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ပုန်ကန်ခြင်း ဖြစ်သည်၊ အရှုံးပေးလိုစိတ် ဖြစ်သည်။ ၎င်းတို့အရှုံးပေးလိုစိတ်၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် ဘုရားသခင်က လူတို့အပေါ် ဆက်ဆံပုံကို မသိနားမလည်မှု ဖြစ်သည်။ လူတို့က စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတွင် လွင့်မျောလိုက်ပါသွားကြသည့်အခါ ဘုရားသခင်သိပါသလော။ ထိုသို့သော လူတို့ကို ဘုရားသခင် မည်သို့ဆက်ဆံသနည်း။ လူအချို့က၊ “ဘုရားသခင်သည် လူသားအတွက် အင်မတန် အပင်ပန်းခံသော အဖိုးအခတစ်ခုကို ပေးပြီးဖြစ်သည်၊ သူသည် လူတိုင်းအထဲတွင် အမှုများစွာ လုပ်ဆောင်ပြီးဖြစ်ကာ အားထုတ်မှုများစွာကို အသုံးပြုပြီးဖြစ်သည်။ လူတစ်ဦးကို ရွေးချယ်ပြီး ကယ်တင်ရန်မှာ ဘုရားသခင်အတွက် မလွယ်ကူပါ။ ဤလူအနေဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတွင် လွင့်မျောလိုက်ပါသွားပါက ဘုရားသခင်သည် အလွန်နာကျင်ရလိမ့်မည်ဖြစ်ပြီး လဲကျရာမှ ထိုသူပြန်ထနိုင်ပါမည့်အကြောင်း နေ့တိုင်းမျှော်လင့်လိမ့်မည်” ဟု ပြောကြသည်။ ဤသည်မှာ အပေါ်ယံအဆင့်တွင်ရှိသည့် အဓိပ္ပာယ်တစ်ခုဖြစ်သည်၊ သို့သော် အမှန်တွင်၊ ယင်းသည် လူသား၏ အယူအဆတစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူတို့အပေါ် သဘောထားတစ်ခု ထားပေသည်- သင်သည် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတွင် လွင့်မျောလိုက်ပါသွားပြီး ရှေ့ဆက်ဖို့ မကြိုးစားပါက၊ သင်ရှိသည့်နေရာတွင် သင်နေချင်ပါက နေနိုင်သည်ဟု သူပြော၏။ သူသည် သင့်ကို ဖိအားပေးမည်မဟုတ်။ သင့်အနေဖြင့်၊ “ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်စေခိုင်းသည့်အတိုင်း လက်တွေ့လုပ်ဆောင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ရန်နှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ်ဆန္ဒရှိသေးသည်။ ကျွန်ုပ်၏တတ်နိုင်စွမ်းနှင့် လုပ်နိုင်စွမ်းအတွင်း ရှိသမျှအရာအားလုံးကို ကျွန်ုပ်လုပ်ဆောင်မည်။ ကျွန်ုပ်ကို ဘုရားသခင်စေခိုင်းသည့်အရာနှင့်ပတ်သက်၍ ကျွန်ုပ်လက်လျှော့မည်မဟုတ်” ဟု ဆိုပါက၊ ဤနည်းဖြင့် အသက်ရှင်ဖို့ သင်လိုလားနေပါက၊ ဆက်လက် လိုက်လျှောက်နေလော့ဟု ဘုရားသခင်ပြော၏၊ သို့သော် ဘုရားသခင်စေခိုင်းသည့်အတိုင်း သင်လုပ်ဆောင်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ အခြေခံမူများနှင့် သက်ဆိုင်သော စံနှုန်းများက မပြောင်းလဲပေ။ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းတို့က လူတို့သည်သာ မိမိတို့ကိုယ်ကို စွန့်ပစ်နိုင်သည်၊ ဘုရားသခင်က တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ စွန့်ပစ်လိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်။ နောက်ဆုံးတွင် ကယ်တင်ခြင်းကို ကြိုးပမ်းရရှိနိုင်ပြီး ဘုရားသခင်ကို ရှုမြင်နိုင်သူ၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ဖန်တီးသောသူနှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်သောသူ မည်သူမဆိုအတွက်၊ ဤသည်မှာ ကျရှုံးပြီးနောက်၊ သို့မဟုတ် တစ်ကြိမ်တည်းဖြင့် ပြုပြင်ခံရကာ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်၊ သို့မဟုတ် တစ်ကြိမ်တည်းဖြင့် တရားစီရင်ခံရပြီး ပြစ်ဆင်ဆုံးမခံရပြီးနောက် စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ပေတရုသည် စုံလင်စေခြင်း မခံခဲ့ရမီတွင်၊ သူသည် အကြိမ်ရာပေါင်းများစွာ စစ်ဆေးခံခဲ့ရသည်။ အဆုံးတိုင်အောင် အစေခံမှုကို ပေးအပ်ပြီးနောက် ကျန်ရှိသောသူတို့ထဲတွင်၊ အဆုံးထိ မရောက်မီ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ရှစ်ကြိမ်၊ သို့မဟုတ် ဆယ်ကြိမ်သာ တွေ့ကြုံပြီးသူတစ်ဦး ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားအပေါ် ဘုရားသခင်၏ သဘောထား ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် လူတို့၏ အယူအဆများသည် မည်သို့ထွက်ပေါ်လာသနည်း။ အချို့သည် ယုံကြည်ခြင်းအပေါ် လူတို့၏ ယခင်သဘောပေါက်နားလည်မှုမှလာပြီး၊ အချို့မှာ ဘုရားသခင်၏ အမှုအပေါ် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးထင်မြင်မှုများမှ လာပေသည်။ ဥပမာအားဖြင့်၊ လူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုအား ပလ္လင်ပေါ်တွင် လူမျိုးအားလုံးကို တရားစီရင်နေသည့် ဘုရားသခင်နှင့် မိုးကောင်းကင်ရှိ ပလ္လင်ဖြူကြီးတစ်ခုအဖြစ် စတင်စိတ်ကူးကြသည်။ ယနေ့တွင်၊ ထိုသို့သော စိတ်ကူးထင်မြင်မှုများက လက်တွေ့မကျသည်ကို အယောက်တိုင်း သိကြသည်- ထိုသို့သော အရာများသည် မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေ လူတို့၌ ဘုရားသခင်၏အမှု၊ စီမံခန့်ခွဲမှုနှင့် လူသားအပေါ် ဆက်ဆံခြင်းတို့နှင့်ပတ်သက်၍ စိတ်ကူးထင်မြင်မှုများစွာ ရှိကြပြီး၊ ဤစိတ်ကူးထင်မြင်မှုအများစုသည် လူသားနှစ်ခြိုက်မှုများမှ လာပေသည်။ ဤအရာကို ငါအဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဆင်းရဲဒုက္ခ မခံစားချင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဘုရားသခင်၌ ယုံကြည်မှုအရာတွင် အောင်မြင်မှုကို အလွယ်ကလေးဖြင့် အမြဲစွမ်းဆောင်ရရှိချင်ကြသည်၊ ဘုရားသခင်၏အမှုကို လက်ခံချင်ကြသည်၊ သူ၏ကျေးဇူးတော်ကို မွေ့လျော်ချင်ကြသည်၊ သူ၏ကောင်းချီးမင်္ဂလာများကို ရရှိချင်ကြပြီးနောက်၊ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ချင်ကြလေသည်။ အံ့ဩဖွယ်ကောင်းလိုက်လေစွ။ ဘုရားသခင်၏အမှုနှင့် ပတ်သက်၍ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ရှိသည့် တွေ့နေကျအဖြစ်ဆုံးနှင့် အရသာအတွေ့ဆုံးသော စိတ်ကူးမှာ သန်လျင်းတစ်ခုပေါ်တွင် ထိုင်လျက် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်၏အမှုကို လူတို့ကြုံရသောအခါ၊ အချိန်အများစုတွင် ၎င်းတို့သည် ယင်းကို နားလည်နိုင်စွမ်း မရှိကြချေ။ ယင်း၌ ပါရှိသည့် သမ္မာတရား၊ သို့မဟုတ် ဤအမှုကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်က မည်သည့်အရာဖြစ်သည်နှင့် လူသားအပေါ် ဘုရားသခင်က အဘယ်ကြောင့် ထိုသို့ပြုမူသည်တို့ကို ၎င်းတို့မသိကြချေ။ ဥပမာအားဖြင့်၊ ငါသည် “ကျယ်ပြောသော” နှင့် “အလွန်ကြီးမားသော” ဟူသည့် စကားများကို အသုံးပြုရင်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ယခင်က ငါဖော်ပြပြီးဖြစ်သော်လည်း၊ ဤစကားနှစ်လုံးအားဖြင့် မည်သည့်အရာကို ငါဆိုလိုကြောင်း သင်တို့လုံးဝနားမလည်နိုင်သေးဖွယ်ရှိသည်ဟု ငါထင်၏။ ဤစကားနှစ်လုံးကို အသုံးပြုရာတွင် ငါ၏ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ သင်တို့သည် ယင်းတို့ကို သွား၍ သုံးသပ်ဆင်ခြင်ကြဖို့အလို့ငှာ၊ အယောက်တိုင်း၏ အာရုံစိုက်မှုကို ရရှိဖို့ဖြစ်သည်။ အပေါ်ယံအားဖြင့်၊ ဤစကားလုံးများက အနှစ်သာရမဲ့လုနီးနီး ဖြစ်ပုံရ၏။ ယင်းတို့၌ အဓိပ္ပာယ်တစ်ခုခု အမှန်ရှိသော်လည်း၊ ယင်းတို့ကို လူတို့မည်မျှတွေးတောသည်ဖြစ်စေ၊ ၎င်းတို့စိတ်ကူးရနိုင်သမျှအားလုံးမှာ “ကျယ်ပြောသော- ယင်းမှာ ကောင်းကင်သမျှ အကန့်အသတ်မဲ့သည်ဟု ဆိုလိုသည်၊ ဘုရားသခင်၏ စိတ်နှလုံးက အကန့်အသတ်မဲ့သည်၊ သူ၏ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မရှိဟု ဆိုနေခြင်းဖြစ်သည်” ဟူ၍ ဖြစ်၏။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ လူ၏စိတ်က စိတ်ကူးနိုင်သည့် အချစ်မျိုး မဟုတ်ပေ။ လူတို့သည် ဤချစ်ခြင်းမေတ္တာကို စိတ်ကူးနိုင်စွမ်းမရှိကြပေ၊ ၎င်းတို့သည် ဤစကားလုံးကို အနက်ပြန်ဖို့ သင်ယူလေ့လာခြင်းနှင့် အသိပညာတို့ကို အသုံးပြုရမည်မဟုတ်ဘဲ၊ ယင်းကို နားလည်ရန်နှင့် တွေ့ကြုံခံစားရန် အခြားသော နည်းစနစ်ကို အသုံးပြုရမည်ဖြစ်သည်။ နောက်ဆုံးတွင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ လောကီလူတို့က ပြောဆိုသည့် ချစ်ခြင်းမေတ္တာနှင့် ကွဲပြားကြောင်း၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမှာ အခြားမည်သည့်အရာနှင့်မျှမတူ၊ လူသားမျိုးနွယ်အားလုံးက နားလည်ထားသည့် ချစ်ခြင်းမေတ္တာနှင့် မတူကြောင်းကို သင်သိလာပေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ဤချစ်ခြင်းမေတ္တာသည် အဘယ်အရာ ဖြစ်သနည်း။ ပထမဦးစွာ သင်သည် ယင်းကို လူ၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများဖြင့် မချဉ်းကပ်ရ။ ဥပမာအားဖြင့် မိခင်၏မေတ္တာကို ကြည့်လော့- သူ၏သားသမီးများအပေါ် မိခင်တစ်ဦး၏ မေတ္တာမှာ အကြွင်းမဲ့ဖြစ်သည်၊ ယင်းသည် အကာအကွယ်ပေးပြီး နွေးထွေး၏။ ယခု၊ သင်ခံစားရသော လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းသည် မိခင်တစ်ဦး၏ ချစ်ခြင်းကဲ့သို့ တူညီသော အထိအတွေ့အာရုံနှင့် အဓိပ္ပာယ်အဆင့် ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် ဤသည်မှာ ပြဿနာတစ်ခုဖြစ်၏- ယင်းမှာ မှားယွင်းပေသည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မိဘ၏ မေတ္တာ၊ လင်ယောက်ျားတစ်ဦး၏ မေတ္တာ၊ ဇနီးတစ်ဦး၊ သို့မဟုတ် သားသမီးများ၏ မေတ္တာ၊ သင့်မိသားစုနှင့် ဆွေမျိုးသားချင်းတို့၏ မေတ္တာ၊ မိတ်ဆွေများ၏ ပူပန်မှုတို့မှ ခွဲခြားသိမြင်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အသစ်တစ်ဖန် သိလာရမည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စိတ်ခံစားချက်မရှိသကဲ့သို့၊ သွေးသားတော်စပ်မှုများ၏ အကျိုးသက်ရောက်ခြင်းကို မခံရပေ။ ယင်းသည် ချစ်ခြင်းမေတ္တာသက်သက် ဖြစ်၏။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မည်သို့နားလည်သင့်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် ငါတို့ဆွေးနွေးလာရခြင်း ဖြစ်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့က အသိအမှတ်ပြုရန်၊ လက်ခံရန်နှင့် တွေ့ကြုံရန်အပြင် နောက်ဆုံးတွင် ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ကို နားလည်ပြီး ဤအရာများမှာ အနှစ်မဲ့သော စကားများမဟုတ်သကဲ့သို့ ဘုရားသခင်၏ အပိုင်းမှ အပြုအမူပုံစံအချို့ မဟုတ်ဘဲ၊ သမ္မာတရားဖြစ်သည်ကို အသိအမှတ်ပြုကြဖို့အလို့ငှာ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ အမှုတွင် သရုပ်ထင်၏။ ယင်းကို သမ္မာတရားအဖြစ် သင်လက်ခံသည့်အခါ၊ ထိုအရာမှ သင်သည် ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော ဤလက္ခဏာသွင်ပြင်ကို သတိပြုမိနိုင်ပေသည်။ သင်သည် ယင်းကို အပြုအမူပုံစံအချို့အဖြစ် သဘောထားပါက၊ ယင်းကို သတိပြုခြင်းငှာ သင်အခက်အခဲရှိလိမ့်မည်။ “အပြုအမူ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဥပမာအားဖြင့် မိခင်များကို ကြည့်လော့- ၎င်းတို့၏ သားသမီးများကို လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ရန် ၎င်းတို့သည် ၎င်းတို့၏ ငယ်ရွယ်နုပျိုမှု၊ ၎င်းတို့၏ အသွေး၊ ၎င်းတို့၏ ချွေးနှင့် မျက်ရည်များကို ပေးကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများကို သူတို့ အမှန်လုပ်သည်ဖြစ်စေ၊ အမှားလုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်လမ်းကြောင်းကို လျှောက်ကြသည်ဖြစ်စေ ပဓာနမထားဘဲ သူတို့လိုချင်သည့်အရာ မည်သည့်အရာကိုမဆို ပေးကြသည်။ မိခင်တစ်ဦးသည် ကလေးငယ်ကို မှန်သောလမ်းကြောင်းကို လျှောက်လှမ်းခြင်းနှင့်ပတ်သက်၍ မည်သည့်အခါတွင်မျှ သွန်သင်ခြင်း၊ ကူညီခြင်း၊ သို့မဟုတ် လမ်းပြခြင်းတို့ မရှိဘဲ၊ နောက်ဆုံးတွင် ကလေးငယ်က အမှား၊ အမှန် မခွဲခြားနိုင်သည့် အတိုင်းအတာထိ သူတို့ကို လက်လွတ်စပယ် စောင့်ရှောက်ရင်း၊ ချစ်ရင်းနှင့် ကွယ်ကာရင်းဖြင့် ကိုယ်ကျိုးမငဲ့ဘဲ ပေးလေသည်။ ဤသည်မှာ မိခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ သို့မဟုတ် ချစ်စိတ်ပြင်းထန်မှု၊ စိတ်ခံစားမှုများနှင့် လူသား၏ သွေးသားတော်စပ်မှုများမှ ပေါက်ဖွားလာသည့် ချစ်ခြင်းမေတ္တာတစ်မျိုးမျိုးဖြစ်သည်။ တစ်ဖက်တွင်မူ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်- သင့်ကို ဘုရားသခင်ချစ်သည်ဆိုလျှင် သူသည် ဤအရာကို သင့်အား မကြာခဏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းအားဖြင့်၊ သင့်ကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် ဖော်ပြသည်။ ဤအရာက သင့်အတွက် သက်သောင့်သက်သာမရှိသော အရာများ ဖြစ်ကောင်းဖြစ်စေမည်၊ သင်၏ နေ့ရက်များသည် ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းတို့အလယ် ကုန်လွန်ကောင်း ကုန်လွန်ရနိုင်သည်၊ သို့သော် သင့်အနေဖြင့် ဤအရာကို တွေ့ကြုံပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် များစွာ သင်ယူပြီးဖြစ်ကြောင်း၊ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံဖို့ ဖြစ်လာသည့်အခါ သင်၌ ချင့်ချိန်နိုင်စွမ်း ရှိကာ၊ အမြော်အမြင်ရှိပြီး၊ သမ္မာတရားအချို့ကိုလည်း သင်နားလည်လာပြီးဖြစ်သည်ကို သင်သိရှိလိမ့်မည်။ အကယ်၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သင်စိတ်ကူးသကဲ့သို့ မိခင်တစ်ဦး၊ သို့မဟုတ် ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာကဲ့သို့ ဖြစ်ခဲ့ပါက၊ သူသည် သူ၏စောင့်ရှောက်ပြုစုခြင်းတွင် အလွန်စေ့စပ်သေချာမှုရှိခဲ့ပြီး၊ အစဉ် အလိုလိုက်ခဲ့ပါက၊ ဤအရာများကို သင်ရရှိနိုင်မည်လော။ ရရှိနိုင်မည်မဟုတ်။ ထို့ကြောင့်၊ လူတို့သည် ဘုရားသခင်၏အမှု၌ သူ၏ချစ်ခြင်းမေတ္တာနှင့်သက်ဆိုင်၍ သိသာထင်ရှားသည့်အရာကို သမ္မာတရား၏ ရှုထောင့်မှ ချဉ်းကပ်ရမည်ဖြစ်ပြီး၊ ဤအရာအတွင်းတွင် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ မရှာဖွေပါက၊ ဖောက်ပြန်ပျက်စီးသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက မည်သည့်အရာဖြစ်သည်၊ လူသား၌ပြုသော သူ့အမှု၏ ရည်မှန်းချက်က မည်သည့်အရာဖြစ်သည်နှင့် သူ၏ထောက်ထားစာနာသော ရည်ရွယ်ချက်များက မည်သည့်နေရာတွင် တည်ရှိသည်ဆိုသည်တို့နှင့် သက်ဆိုင်သည့် သိနားလည်မှုတစ်ခုကို ဗလာနတ္ထိထဲမှ မည်သို့ဖန်တီးနိုင်မည်နည်း။ လူတို့သည် ဤအရာများကို မည်သည့်အခါတွင်မျှ နားလည်မည်မဟုတ်ပေ။ ဤအရာက လူတို့ နားလည်မှုလွဲနိုင်ခြေအရှိဆုံးဖြစ်ပြီး သဘောပေါက်ခြင်းနှင့် အသိအမှတ်ပြုခြင်းငှာ အခက်ခဲဆုံးဖြစ်သော ဘုရားသခင့်အမှု၏ အစိတ်အပိုင်းတစ်ခု၊ ဘုရားသခင့်အနှစ်သာရ၏ သွင်ပြင်လက္ခဏာတစ်ခုနှင့် ဆက်နွှယ်ပေသည်။ ယင်းမှာ လူတို့က လေးလေးနက်နက်၊ မခေါက်မရက်နှင့် လက်တွေ့ကျကျ ထိတွေ့မှုရှိနိုင်သည့်အရာ ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ချစ်ခြင်းမေတ္တာဆိုသည်မှာ လူတို့အား ၎င်းတို့လိုချင်သည့်အရာကို ပေးခြင်း၊ ချိုမြိန်သည့် အရာတစ်ခုကို ၎င်းတို့လိုချင်သည့်အချိန်တွင် ခါးသီးသည့်အရာတစ်ခုကို မပေးခြင်း၊ သို့မဟုတ် နာမကျန်းမှုတစ်ခုကို ကုသဖို့ ၎င်းတို့အား ခါးသီးသည့် အရာတစ်ခုကို ပေးခြင်းဟု ဆိုလိုသည်။ အတိုချုပ်အားဖြင့်၊ ယင်း၌ လူသား၏ တစ်ကိုယ်ကောင်းဆန်မှု၊ စိတ်ခံစားချက်များနှင့် ချစ်စိတ်ပြင်းထန်မှုတို့ ပါဝင်သည်။ ယင်း၌ ရည်မှန်းချက်များနှင့် စေ့ဆော်မှုများ၏ သွင်ပြင်လက္ခဏာတစ်ခု ပါဝင်၏။ သို့သော် သင်၌ မည်သည့်အရာကို ဘုရားသခင်လုပ်ဆောင်သည်ဖြစ်စေ၊ သူ့ကို သင်နားလည်မှုလွဲပြီး၊ သင်၏စိတ်နှလုံးတွင် သူနှင့်ပတ်သက်၍ စောဒကတက်လျှင်ပင်၊ ဘုရားသခင်သည် မဆုတ်မနှစ်သော သည်းခံမှုဖြင့် သင့်အထဲတွင် ဆက်လက်အမှုပြုမည် ဖြစ်သည်။ ထိုသို့ပြုမူရာတွင် ဘုရားသခင်၏ နောက်ဆုံးရည်မှန်းချက်မှာ အဘယ်နည်း။ သူသည် သင့်ကို နိုးထစေရန်၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို သင်နားလည်သည့် နေ့တစ်နေ့ ရောက်လာစေရန်အလို့ငှာ၊ ဤနည်းစနစ်ကို အသုံးပြု၏- သို့သော် ထိုရလဒ်ကို ဘုရားသခင် မြင်သည့်အခါ၊ သူသည် မည်သည့်အရာကိုမျှ အမှန်တကယ် မရရှိလေပြီ။ အဘယ်ကြောင့် ဤသို့ ငါဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်၏အလုံးစုံသည် ဘုရားသခင်ထံမှ လာသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ ရယူရန် မလိုအပ်ပေ။ ဘုရားသခင်လိုအပ်သမျှအားလုံးမှာ ဘုရားသခင်က သင့်ကို ရယူပြီး သူ၏ကြီးမြတ်သောအမှု ပြီးစီးဖို့အလို့ငှာ၊ သင့်အတွက် သူ၏အမှုကို သူဆောင်ရွက်စဉ်တွင် သင့်အနေဖြင့် သူတောင်းဆိုသည့်အရာနှင့်အညီ မှန်ကန်စွာ လိုက်လျှောက်ပြီး ဝင်ရောက်ဖို့၊ နောက်ဆုံးတွင် သမ္မာတရား စစ်မှန်မှုကို သင်အရိုးထုတ်နိုင်ဖို့၊ လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်ပြီး၊ စာတန်၏ လှည့်ဖြားခြင်း၊ လှည့်စားခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို သင်မခံရတော့ဖို့၊ စာတန်ကို သင်ကျောခိုင်းနိုင်ဖို့၊ ဘုရားသခင်ကို သင်နာခံကာ ကြောက်ရွံ့ဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်၏ အမှုဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျယ်ပြောပြီး အလွန်ကြီးမားသည်ဟု သင်၏ သိနားလည်ခြင်းတွင် ဤအဓိပ္ပာယ် အဆင့်ရှိသလော။ (မရှိပါ။) သင်၏ သိနားလည်မှုသည် ထိုအဆင့်ထိ မရောက်သေးပေ။ ဘုရားသခင်၏ အသည်းကို တစ်စုံတစ်ဦးက ခွဲပြီး ထိုသူကို ဘုရားသခင်ကယ်တင်နိုင်မည့် နည်းလမ်းမရှိဟု အခြားသူတို့က တွေးထင်ချိန်တွင်ပင်၊ ထိုသူသည် မိမိကိုယ်ကို သုံးသပ်ဆင်ခြင်ကာ ၎င်း၏လက်ထဲရှိ မကောင်းမှုကို ဘေးဖယ်ထားပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံချိန်တွင် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ယခင်အတိုင်းသာ ၎င်းတို့ကို ကြိုဆို၏။ လူတို့သည် မှန်ကန်သော လမ်းကြောင်းကို လျှောက်ကြသရွေ့၊ ဘုရားသခင်သည် ၎င်းတို့ကို အမှတ်ထားမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ လူသား၏ မည်သည့်အယူအဆကို ဤနေရာတွင် ကုစားရမည်နည်း။ လူတို့အနေဖြင့် ဘုရားသခင်က လူသားကို ချစ်ပုံနှင့်ပတ်သက်၍ ၎င်းတို့၌ ရှိသည့် အယူအဆအမျိုးမျိုးကို နောက်ချန်ထားရစ်ရမည်ဖြစ်သည်။ ယင်းတို့ကို နောက်ချန်ထားရစ်ရန် လွယ်ကူ၏။ ပြောင်းလဲရန်မှာ မလွယ်ကူချေ။ သင့်ထံ တစ်စုံတစ်ရာ အမှန်တကယ် ဖြစ်ပျက်သည့်အခါ၊ သင်၏အယူအဆများကို ဘေးဖယ်ထားစေဖို့နှင့် သင့်ကို ဘုရားသခင်ချစ်သည့် ဤနည်းလမ်းကို သင်လက်ခံလာအောင်ပြုဖို့ မလွယ်ကူပေ။ ဤအရာက လူတို့အနေဖြင့် ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံပြီး ခံစားဖို့ လိုအပ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

ယနေ့တွင်၊ ဘုရားသခင်၏အမှုနှင့် ပတ်သက်သည့် အယူအဆများက မည်သည့်အရာဖြစ်ပြီး မည်သည့်အရာများ ရှိသည်ဆိုသည်တို့ကို သင်စိတ်ဖြာလေ့လာရမည်ဖြစ်ပြီး၊ အခြားအရာအားလုံးထက်၊ သင်သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၊ ပြီးလျှင် ဘုရားသခင်အမှုပြုသည့် နည်းလမ်းနှင့်ပတ်သက်၍ သင်၌ရှိသည့် အမျိုးမျိုးသော စိတ်ကူးထင်မြင်မှုများ၊ ခုခံမှုနှင့် တောင်းဆိုချက်တို့ကို သင်ပေါင်းရုံးသုံးသပ်ရမည်- ဤအရာများသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင်၏နာခံခြင်းအား ဟန့်တားပြီး၊ သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသည့် အရာတိုင်းကို သင့်အား နားလည်မှုလွဲစေကာ ခုခံစေ၏။ ထိုသို့သော အယူအဆများသည် အလွန်ဆိုးရွားပြီး စိတ်ဖြာလေ့လာထိုက်ပေသည်။ ဥပမာအားဖြင့်၊ လူအချို့က၊ “ကျွန်ုပ်ကို မနှစ်သက်ဟု ဘုရားသခင်ပြောသည်၊ ထို့ကြောင့် ကျွန်ုပ်ကို သူမကယ်တင်လောက်ပါ” ဟု ပြောကြသည်။ ဤသည်မှာ အယူအဆတစ်ခုဖြစ်သည် မဟုတ်လော။ ဤအယူအဆမျိုးများက သင့်ကို ရှေ့ဆက်သွားခြင်းမှ တားဆီးနိုင်သောကြောင့်၊ ယင်းတို့က သင့်ကို ရပ်တန့်သွားစေနိုင်ပြီး၊ သင့်ကို စိတ်ပျက်အားလျော့သွားစေနိုင်ကာ ဘုရားသခင်ကို စွန့်ပင်စွန့်လွတ်စေနိုင်သောကြောင့်၊ ထိုသို့သော အယူအဆများကို ဖြေရှင်းရမည်။ အချို့သော အသင်းတော်များတွင်၊ လူအချို့သည် အန္တိခရစ်များနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုညစ်သူများ၏ လှည့်ဖြားမှုကို ခံကြရပြီးဖြစ်သည်။ ဤသည်မှာ ကောင်းသလော၊ ဆိုးသလော။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလော၊ သို့မဟုတ် လူတို့ကို ဘုရားသခင်ကစားပြီး ၎င်းတို့ကို ဖော်ထုတ်နေခြင်းလော။ ဤသည်မှာ သင့်အဖို့ မရှင်းပေ၊ ဟုတ်သလော။ ဘုရားသခင်သည် သူကယ်တင်ရန် ဆန္ဒရှိသူတို့ကို စုံလင်စေပြီး ကယ်တင်ဖို့ သူ၏အစေခံမှုတွင် အမှုအရာအားလုံးနှင့် ကိစ္စရပ်များအားလုံးကို အသုံးပြု၏။ သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး လက်တွေ့လုပ်ဆောင်သောသူတို့သည် နောက်ဆုံးတွင် သမ္မာတရားကို ရရှိကြလိမ့်မည်၊ သို့သော် သမ္မာတရားကို မရှာဖွေသောသူ အချို့က စောဒတက်ပြီး၊ “ဘုရားသခင်အနေဖြင့် ဤကဲ့သို့ အမှုပြုခြင်းမှာ မမှန်ပါ။ ထိုသို့သော အမှားများကို ကျွန်ုပ်ခံစားရလေပြီတကား။ ကျွန်ုပ်သည် အန္တိခရစ်နှင့်အတူ ထွက်ခွာသွားလုနီးပါး ဖြစ်ခဲ့၏။ ဤသည်မှာ ဘုရားသခင်၏ ဆောင်ရွက်ချက် အမှန်တကယ်ဖြစ်ခဲ့ပါက၊ သူသည် လူတို့အား အန္တိခရစ်နှင့်အတူ ထွက်ခွာသွားအောင် မည်ကဲ့သို့ပြုရက်နိုင်သနည်း” ဟု ဆိုကြသည်။ သင်မထွက်ခွာသွားသည်မှာ သင့်ကို ဘုရားသခင်ကယ်တင်ခြင်း၏ သက်သေဖြစ်သည်။ ထွက်ခွာသွားသူတို့မှာ ဖော်ထုတ်ခံရပြီးဖြစ်ကာ ဖယ်ရှားသုတ်သင်ခံရပြီးဖြစ်သည်။ ထို့ကြောင့် အသင်းတော်များထဲရှိ ဤအန္တိခရစ်များနှင့် ဆိုးညစ်သော လူများက ဖြစ်ပေါ်စေသည့် အနှောင့်အယှက်များသည် ကောင်းသော အရာတစ်ခုလော၊ သို့မဟုတ် ဆိုးသောအရာတစ်ခုလော။ ၎င်းတို့ ဖော်ထုတ်ခံရသည့်အခါ၊ ၎င်းတို့ အမှန်တကယ် မည်သည့်အရာများ ဖြစ်ကြသည်ကို သင်ပြောနိုင်လိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့သည် အသင်းတော်မှ နုတ်ပယ်ခံရလိမ့်မည်ဖြစ်ပြီး သင်၏ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားလိမ့်မည်ဖြစ်ကာ၊ ထိုသို့သော လူတို့ကို နောက်တစ်ဖန် သင်ကြုံရသည့်အခါ၊ ၎င်းတို့၏ စရိုက်မှန်များကို ၎င်းတို့မပြမီ သင်သည် ၎င်းတို့ကို ငြင်းပယ်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သော အရာတစ်ခု ဖြစ်၏။ ဘုရားသခင်သည် ထူးခြားသော နည်းလမ်းများ၊ သာမန်လူတို့၏ စိတ်ကူထင်မြင်မှုကို ကျော်လွန်သည့် နည်းလမ်းများဖြင့် အမှုပြု၏။ သို့ဆိုလျှင် ငါသည် ဘုရားသခင်၏အမှုကို အနက်ဖွင့်ရန် ဤစကားများကို အဘယ်ကြောင့် အသုံးပြုခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဤအရာများကို နားမလည်သောကြောင့် ဖြစ်သည်။ သမ္မာတရား၊ ဘုရားသခင်အမှုပြုသည့် နည်းလမ်း၊ စာတန်နှင့် ဘုရားသခင်၏ တိုက်ပွဲနှင့်ဆိုင်သော ဉာဏ်ပညာ- ဤအရာတစ်ခုတလေကိုမျှ လူတို့ နားမလည်ကြသကဲ့သို့ လူသားမျိုးနွယ်တစ်ရပ်လုံးက မရေမရာဖြစ်ကြသည်။ သို့ဆိုလျှင် လူတို့၌ အဘယ်ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများ ရှိနေကြသေးသနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမှုအရာများကို လေ့လာကြသောကြောင့် ဖြစ်၏၊ သို့မဟုတ်ပါက ၎င်းတို့အား စိတ်ကူးများ ရှိစေသည့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်ခြိုက်ခြင်းများ ရှိသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်က ထိုသို့အမှုပြုခြင်းသည် ယနေ့ခေတ် လူတို့အတွက် ကောင်းကင်နှင့် မြေကြီး ဖန်းဆင်းခြင်းကတည်းက ပထမဆုံးအကြိမ် ဖြစ်သည်- သူသည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြရင်းနှင့် လူသားမျိုးနွယ်အလယ်တွင် ပထမဆုံးအကြိမ် ယင်းကို အထမြောက်စေပြီး အကောင်အထည်ဖော်ရင်း၊ လူသားမျိုးနွယ်အားလုံး၏ ရှင်းလင်းသည့် မြင်ကွင်းတွင် ဆောင်ရွက်လေသည်။ ဘုရားသခင်၏ စိတ်နေစိတ်ထား၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ အမှုပြုခြင်း နည်းလမ်းတို့နှင့် စပ်လျဉ်း၍ လူသားမျိုးနွယ်၏ သိမြင်နားလည်ခြင်းမှာ ပင်ကိုအားဖြင့် ဗလာနတ္တိ ဖြစ်သည်။ ဤအရာများသည် ၎င်းတို့အဖို့ အစိမ်းသက်သက်ဖြစ်၏၊ ထို့ကြောင့် လူတို့အတွက် ဤနယ်ပယ်တွင် အယူအဆများရှိဖို့ဆိုသည်မှာ အလွန်ပုံမှန်ဖြစ်ပေသည်။ သို့သော် ပုံမှန်ဖြစ်ခြင်းသည် ဤအယူအဆများက သင့်လျော်သည်ဟု မဆိုလိုပေ။ ယင်းတို့ မည်မျှပုံမှန်ဖြစ်သည်ဖြစ်စေ၊ ယင်းတို့ကို ဖြေရှင်းသင့်သည်၊ ယင်းတို့ကို ဖြေရှင်းရမည်ဖြစ်သည်၊ အကြောင်းမှာ ဤအယူအဆများက မည်မျှပုံမှန်ဖြစ်သည်ဖြစ်စေ၊ ယင်းတို့သည် ဖန်ဆင်းရှင်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး သဟဇာတမဖြစ်ပေ။ နောက်ဆုံးတွင်၊ မည်သည့်အရာကို လူသားမျိုးနွယ် လုပ်ဆောင်သင့်သနည်း။ လူတို့သည် လက်ခံကာ နာခံသင့်၏၊ ယင်းမှ ၎င်းတို့သည် ပြောင်းလဲမှုကို စွမ်းဆောင်ရရှိကြလိမ့်မည်ဖြစ်ကာ၊ သမ္မာတရားကို ရရှိပြီး ဖန်ဆင်းရှင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းကြလိမ့်မည် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

လူအချို့က ၎င်းတို့၏ ရည်မှန်းချက်များက ကောင်းမွန်ပြီး အပြုသဘောဆောင်ကာ အခြေအနေကိုဖန်တီးလုပ်ဆောင်သရွေ့၊ ဖန်ဆင်းရှင်က ယင်းတို့ကို ဖြည့်ဆည်းပေးသင့်ပြီး၊ ၎င်းတို့သည် လှပသော ဘဝတစ်အတွက် ကြိုးပမ်းခွင့် ပိတ်ပင်ခြင်း မခံရသင့်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အယူအဆတစ်ခု ဖြစ်သည်။ ဖန်ဆင်းရှင်၏ ဖြည့်ဆည်းပေးမှုသည် လူသား၏ ဆန္ဒများ၊ သူ၏ မျှော်လင့်ချက်များ၊ သူ၏ စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီသလော။ မကိုက်ညီပေ။ သို့ဆိုလျှင် မည်သည့်နည်းလမ်းဖြင့် ဖန်ဆင်းရှင်က ဆောင်ရွက်သနည်း။ သင် မည်သူဖြစ်သည်၊ မည်သည့်အရာကို သင် စီစဉ်ပြီးဖြစ်သည်၊ သင်၏ စိတ်ကူးစိတ်သန်းများက မည်မျှ စုံလင်ပြီး ဂုဏ်ယူဖွယ်ရာဖြစ်သည်၊ သို့မဟုတ် သင်၏ အသက်တာ၏ လက်တွေ့အရှိတရားနှင့် မည်သည့်အတိုင်းအတာအထိ ကိုက်ညီသည် ဆိုသည်တို့ကို ပဓာနမထားဘဲ၊ ဘုရားသခင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ မကြည့်သကဲ့သို့ ယင်းတို့နှင့်လည်း သူသည် ပါဝင်ပတ်သက်ခြင်း မရှိချေ။ ထို့ထက်၊ အမှုအရာများသည် ဘုရားသခင်၏ စီမံထားသည့် နည်းစနစ်များနှင့် နိယာမများအတိုင်း ပြီးမြောက်၍ စီစဉ်ညွှန်ကြားခံရပြီး စီစဉ်ခံရလေသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ လူအချို့က “ကျွန်ုပ်၏ အသက်တာတွင် ကျွန်ုပ်တွေ့ကြုံပြီးဖြစ်သည့် မရေမတွက်နိုင်သော အခက်အခဲများနောက်တွင်၊ ကျွန်ုပ်သည် ကောင်းမွန်သော ဘဝတစ်ခုကို ရပိုင်ခွင့်ရှိသည် မဟုတ်လော။ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ကျွန်ုပ် လာချိန်တွင်၊ ကျွန်ုပ်သည် လှပသော ဘဝတစ်ခုနှင့် လှပသော ခရီးပန်းတိုင်အတွက် တောင်းဆိုပြီး ဆန္ဒပြင်းပြရန် အရင်းရှိမည် မဟုတ်လော” ဟု တွေးထင်ကြလေသည်။ ဤသည်မှာ လူသား၏ အယူအဆတစ်ခု မဟုတ်လော။ ထိုသို့သော အယူအဆများနှင့် လူသား ပေါက်ဖွားစေသည့် တွေးခေါ်မှုနည်းလမ်းများသည် ဘုရားသခင်အဖို့ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် အကျိုးသင့်အကြောင်းသင့် မဟုတ်သော တောင်းဆိုချက်များ ဖြစ်သည်။ ထိုသို့သော အကျိုးသင့်အကြောင်းသင့် မဟုတ်သည့် တောင်းဆိုချက်များ မည်သို့ ဖြစ်လာသနည်း။ (လူတို့သည် ဘုရားသခင်၏ ဩဇာအာဏာကို မသိကြပေ။) ဘုရားသခင်၏ ဩဇာအာဏာကို လူတို့ မသိခြင်းသည် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းတစ်ခု ဖြစ်သည်။ နှလုံးသွင်းအရဖြစ်သော အကြောင်းရင်းမှာ ၎င်းတို့၌ ပုန်ကန်တတ်သော စိတ်သဘောထား ရှိခြင်း ဖြစ်ပေသည်။ လူတို့အတွက် ဖန်ဆင်းရှင် စီစဉ်ပေးသည့် အသက်တာသည် အခက်အခဲနှင့်ဆိုင်သည့် အသက်တာတစ်ခုလော၊ သို့မဟုတ် ယင်းသည် ပျော်ရွှင်စရာဖြစ်ပြီး အပူအပင်ကင်းသလော။ (အခက်အခဲနှင့်ဆိုင့်သည့် အသက်တာတစ်ခု ဖြစ်ပါသည်။) လူအများစုသည် အလွန်များလှသော အခက်အခဲများနှင့် အလွန်များလှသော နာကျင်မှုဝေဒနာဖြင့် ခက်ခဲသော ဘဝများကို အသက်ရှင်ကြသည်။ ဤအစီအစဉ်များတွင် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း၊ ပြီးလျှင် ယင်းတို့၏ အရေးပါမှုမှာ အဘယ်နည်း။ တစ်နည်းအားဖြင့်၊ ထိုသို့သော အစီအစဉ်များသည် လူတို့အား ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ အစီအစဉ်များနှင့် ဩဇာအာဏာတို့ကို တွေ့ကြုံကာ သိရှိခွင့်ပေးဖို့ ရည်ရွယ်ပေသည်။ နောက်တစ်နည်းအားဖြင့်၊ သူ၏ အဓိက ရည်ရွယ်ချက်မှာ လူတို့အား ဘဝက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို တွေ့ကြုံခွင့်ပေးဖို့နှင့်၊ ထိုသို့ဖြင့် လူသား၏ ကံကြမ္မာကို ဘုရားသခင်၏ လက်တွင် ထိန်းချုပ်ထားပြီး၊ မည်သည့်လူကမျှ မဆုံးဖြတ်သကဲ့သို့ လူတို့၏ နှလုံးသွင်းအရဖြစ်သော အလိုဆန္ဒထဲက အပြောင်းအလဲများနောက်တွင် မပြောင်းလဲသည်ကို သဘောပေါက်ခွင့်ပေးဖို့ ဖြစ်သည်။ ဖန်ဆင်းရှင်က မည်သည့်အရာ လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူတို့အတွက် မည်သည့် ဘဝမျိုး သို့မဟုတ် မည်သည့် ကံကြမ္မာမျိုးကို သူ စီစဉ်ထားသည်ဖြစ်စေ၊ သူသည် ၎င်းတို့အား ဘဝအပေါ်နှင့် လူသား၏ ကံကြမ္မာက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ဆိုသည့်အပေါ် သုံးသပ်ဆင်ခြင်စေပြီး၊ ဤအရာအားလုံးအပေါ် ၎င်းတို့ သုံးသပ်ဆင်ခြင်သည်နှင့်အမျှ၊ သူသည် ၎င်းတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ လာစေလေသည်။ ဘုရားသခင်သည် သမ္မာတရားများကို ဖော်ပြပြီး ဤအရာအားလုံး မည်သည့်အရာဖြစ်သည်ကို လူတို့အား ပြောပြချိန်တွင်၊ သူသည် လူတို့ကို သူ၏ရှေ့မှောက်သို့ လာစေသည်၊ ဘုရားသခင် ပြောသည့်အရာကို လက်ခံစေသည်၊ ဘုရားသခင် ပြောသည့်အရာကို တွေ့ကြုံစေသည်၊ ဘုရားသခင် ပြောသည့် အရာအားလုံးနှင့် လူတို့က ၎င်းတို့၏ တကယ့်အသက်တာများတွင် ကြုံတွေ့ကြသည့် အရာအားလုံးတို့ကြား ဆက်နွှယ်မှုက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို နားလည်စေသည်။ သူသည် လူတို့အား ဤသမ္မာတရားများ၏ လက်တွေ့ကျမှု၊ တိကျမှုနှင့် စစ်မှန်မှု တို့ကို မှန်ကန်ကြောင်း အတည်ပြုစေသည်၊ ယင်းနောက်တွင် လူသားသည် ထိုသမ္မာတရားများကို ရရှိပြီး၊ သူသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ထိန်းချုပ်ခြင်းခံရပြီး၊ သူ၏ ကံကြမ္မာကို ဘုရားသခင်က အုပ်စိုးကာ စီစဉ်သည်ကို အသိအမှတ်ပြုလေသည်။ ဤအရာအားလုံးကို လူသားက နားလည်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သူသည် သူ၏ ဘဝအတွက် လက်တွေ့မကျသည့် မည်သည့် အစီအစဉ်မျှ ရှိတော့မည်မဟုတ်၊ ပြီးလျှင် ဖန်ဆင်းရှင်၏ စိတ်ဆန္ဒများနှင့် ဖန်ဆင်းရှင် စီမံထားပြီး စီစဉ်ထားသည့်အရာကို ဆန့်ကျင်ဖို့ စီစဉ်လိမ့်မည် မဟုတ်ပေ။ ထို့ထက်၊ သူသည် သူ၏ဘဝကို မည်သို့ အသက်ရှင်သင့်ပြီး သူ လျှောက်သင့်သည့် လမ်းခရီးနှင့်ဆိုင်သည့် တိုး၍ တိကျမှန်ကန်သော ချင့်ချိန်ဆုံးဖြတ်ခြင်းနှင့် သိနားလည်ခြင်း သို့မဟုတ် သဘောပေါက်ခြင်းနှင့် အစီအစဥ်တစ်ခု ရှိလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၂)” မှ

ဘုရားသခင်သည် လူသားကို လွတ်လပ်သော အလိုဆန္ဒဖြင့် ဖန်ဆင်းခဲ့သည်။ လူသားသည် ဦးနှောက်တစ်ခု၊ အတွေးများနှင့် စိတ်ကူးများ ရှိသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင်၊ လူသားသည် ဤလောက၏ အသံများနှင့် မြင်ကွင်းများထဲ နစ်မြုပ်လာခဲ့ပြီး၊ ၎င်းတို့ မိဘများ၏ သွန်သင်ပေးခြင်း၊ ၎င်းတို့ မိသားစုများ၏ လွှမ်းမိုးခြင်းခံရကာ၊ လူ့အဖွဲ့အစည်း၏ပညာသင်ပေးခြင်း ခံရပြီးသည့်နောက်တွင်၊ လူသား၏စိတ်နှလုံးမှ ပေါက်ဖွားပြီး အားလုံး အလိုအလျောက် ထွက်လာသည့် အရာများဖြစ်သည့် အမှုအရာများစွာ လူတို့၏ အတွေးများတွင် ဖြစ်ပေါ်လေသည်။ လူသားအတွင်း အလိုအလျောက် ထွက်လာသည့် ဤအရာများသည် မည်သို့ ဖြစ်ပေါ်သနည်း။ ပထမဦးဆုံးအနေဖြင့်၊ လူတစ်ဦးသည် ပြဿနာများကို စဉ်းစားဆင်ခြင်နိုင်စွမ်းရှိရမည်၊ ဤသည်မှာ ဤအရာများ ဖြစ်ပေါ်နိုင်စေဖို့ လူတစ်ဦး၌ ရှိရမည့် အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့နောက်၊ မိမိ၏ မိသားစုနှင့် လူ့အဖွဲ့အစည်းက ပညာသင်ပေးခြင်းကဲ့သို့သော ပတ်ဝန်းကျင် လွှမ်းမိုးမှုများအပြင် မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများက စေ့ဆော်ခြင်းမှတစ်ဆင့်၊ ဤအရာများ တဖြည်းဖြည်း ပုံပေါ်လာလေသည်။ လက်တွေအရှိတရားနှင့် ကိုက်ညီသည်ဖြစ်စေ ပေါ့တန်သည်ဖြစ်စေ၊ ထိုသို့ဖြစ်ပေါ်သည့် အတွေးများနှင့် စိတ်ကူးများကို ဘုရားသခင်က မည်သို့သဘောထားသနည်း။ ယင်းတို့ကို သူရှုတ်ချသလော။ သူ မရှုတ်ချသကဲ့သို့၊ ထိုသို့သော အတွေးများကို လူတို့ထံမှ သူမဖယ်ရှားပေ။ လူတို့၌ အယူအဆတစ်ခု ရှိ၏- ၎င်းတို့က ဘုရားသခင်၏ ကြီးမြတ်၍ ပုံသဏ္ဌာန်မဲ့သောလက်၏ နူးညံ့သည့် အထိအတွေ့တစ်ခုဖြင့် ၎င်းတို့၏အတွေး ပြောင်းလဲသွားလိမ့်မည်ဟု စိတ်ကူးကြသည်။ ဤအယူအဆသည် မရေမရာ၊ သဘာဝလွန်ဖြစ်ပြီး အနှစ်သာရမဲ့သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် အမှုပြုပုံနှင့်ဆိုင်သည့် လူတို့၌ရှိသော အယူအဆတစ်ခု ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများအတွင်း နက်ရှိုင်းသောနေရာများတွင်၊ လူတို့သည် မဖွင့်ဟသော်လည်း ဘုရားသခင်၏အမှုနှင့် သူ့အမှု၏ နည်းစနစ်များနှင့်ဆိုင်သည့် စိတ်ကူးယဉ်များ မကြာခဏ ရှိကြသည်။ ဖန်ဆင်းရှင်က လူသားနံဘေး ညင်ညင်သာသာ လာနေပြီး၊ သူ၏ ကြီးမြတ်သော လက်တစ်ချက်အဝှေ့နှင့် သူ၏ မျက်လှည့်ဆန်သော ဝင်သက်ထွက်သက်၏ လေတစ်ရှိုက်ဖြင့် သို့မဟုတ် အတွေးတစ်ခု တွေးခြင်းဖြင့်၊ လူသားထဲက အပျက်သဘောဆောင်သော အရာများသည် တိမ်တစ်ခုကို လွင့်သွားစေနေသည့် ကြီးမားသော လေ၏ စကားမဲ့တိတ်ဆိတ်ခြင်းနှင့်အတူ၊ တစ်မဟုတ်ချင်း ပျောက်ကွယ်သွားလိမ့်မည်ဟု လူတို့က စိတ်ကူးကြသည်။ ဘုရားသခင်သည် လူသား၏ ဤစိတ်ကူးများ၊ လူသား၏ စိတ်က ဖြစ်ပေါ်စေသည့် ဤအရာများကို မည်သို့ သဘောထားသနည်း။ ဘုရားသခင်သည် ယင်းတို့ကို သဘာဝလွန်၊ အနှစ်သာရမဲ့သော နည်းစနစ်များဖြင့် မဖြေရှင်းဘဲ၊ လူသား၏ ပတ်ဝန်းကျင်များကို စီစဉ်ခြင်းအားဖြင့် ဖြေရှင်းလေသည်။ မည်သည့် ပတ်ဝန်းကျင်မျိုးကို သူ စီစဉ်သနည်း။ ယင်းသည် အနှစ်သာရမဲ့သော အရာတစ်ခု မဟုတ်ပေ၊ ဘုရားသခင်သည် နိယာမအားလုံးကို ချိုးဖောက်ရင်း သဘာဝလွန်ဖြစ်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ထို့ထက်၊ လူသားအား ကိစ္စရပ်ကို နားလည်ဖို့နှင့် မရပ်မနား သုံးသပ်ဆင်ခြင်ဖို့ လှုံ့ဆော်သည့် ပတ်ဝန်းကျင်တစ်ခုကို သူစီစဉ်သည်၊ ယင်းနောက်တွင် ဘုရားသခင်သည် ထိုသူကို လမ်းပြဖို့အတွက် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို အသုံးပြုလေသည်၊ ပြီးနောက် ထိုသူသည် သိနားလည်မှုတစ်ခု ရှိလာပေသည်။ ဘုရားသခင် ထိုသူ၏ ကံကြမ္မာဖြစ်စဉ်သို့ ဖြစ်ရပ်အနည်းငယ်ကို ဖြည့်ခြင်းအားဖြင့် ထိုသူအား ဤအရာများကို ၎င်း၏ ကံကြမ္မာအတိုင်း သိနားလည်စေသည်။ ဤတွင် လူသား၏ အယူအဆများသည် မည်သည့်အရာများ ဖြစ်သနည်း။ သဘာဝလွန်၊ အနှစ်သာရမဲ့သည့်၊ မရေရာသော၊ လက်တွေ့အရှိတရားနှင့် ကွဲလွဲသော အယူအဆများ ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် လက်တွေ့အရှိတရားမှ ကွဲကွာပေသည်။ သာဓကအနေဖြင့်၊ တစ်စုံတစ်ဦးသည် ဆာလောင်နေပြီး အစာစားချင်မည်ဆိုပါစို့။ “ဘုရားသခင် အမှန်တကယ် အလုပ်လုပ်နေပါက၊ ကျွန်ုပ်အပေါ် လေမှုတ်ဖို့သာ သူလုပ်ဆောင်ဖို့လိုမည် ဖြစ်ပြီး ကျွန်ုပ် ဗိုက်ပြည့်သွားပေမည်၊ ပြီးလျှင် တစ်နှစ် နှစ်နှစ်ကြာ ကျွန်ုပ် ဗိုက်ပြည့်နေလိမ့်မည်။ ယင်းသို့ဖြစ်လျှင် ကောင်းမည် မဟုတ်လော” ဟု ပြောမည့်သူ အချို့ရှိပေသည်။ ဤသည်မှာ လက်တွေ့မကျသည် မဟုတ်လော။ သင် ဆာလောင်သည်ဟု ဘုရားသခင်ကို ပြောပြခဲ့ပါက၊ ဘုရားသခင် မည်သည့်အရာကို ပြောမည်နည်း။ အစားအစာအချို့ကို ရှာဖို့ သင့်ကို ဘုရားသခင် ပြောပေမည်၊ သင့်ကို အစာစားဖို့ သူ ပြောပေမည်။ သင်သည် စားစရာမရှိသကဲ့သို့ မချက်ပြုနိုင်ဟု ပြောပါက၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ချက်ပြုတ်ဖို့ သင်ယူရန် သင့်ကို သူ ပြောပေမည်။ ဤသည်မှာ ဘုရားသခင်၏ အမှု၏ လက်တွေ့ကျသော ဘက်ဖြစ်သည်။ သင့်အဖို့ မထင်ရှားသော အရာတစ်ခုကို သင်တို့ ကြုံရသည့်အခါ၊ ပေါ့တန်သော ဆုတောင်းချက်များကို မပေးတော့ခြင်းအားဖြင့် သို့မဟုတ် မပြတ်မသားနှင့် မိမိကိုယ်ကိုယ်မိမိ ယုံကြည်စွာ ဘုရားသခင်အပေါ် မမှီခိုတော့ခြင်းအားဖြင့်၊ သင်၏ မျှော်လင့်ချက်များကို ထိုသို့သော အရာများအပေါ် မလွှဲအပ်တော့သည့်အခါ၊ ထိုအခါမှသာ သင် လုပ်ဆောင်သင့်သည့်အရာ မည်သည့်အရာဖြစ်သည်ကို သင် သိလိမ့်မည်၊ သင်၏အလုပ်၊ သင်၏တာဝန်နှင့် သင်၏ ဝတ္တရားတို့ကို သင် သိလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၂)” မှ

ဘုရားသခင်သည် လူသားနှင့် မျက်နှာချင်းဆိုင် စကားပြောဆိုပြီး ၎င်းလုပ်ဆောင်သင့်သည့်အရာနှင့် မလုပ်ဆောင်သင့်သည့်အရာ၊ မည်သည့်လမ်းကို ၎င်းက လျှောက်သင့်သည်၊ ဘုရားသခင်ကို ၎င်းက မည်သို့ နာခံသင့်သည်၊ သူ၏အမှု၏ အစိတ်အပိုင်းအသီးသီးတွင် ၎င်းဝင်ရောက်သင့်သည့် အခြေခံသဘောတရားများကို ၎င်းအား ပြောပြလေသည်။ ဘုရားသခင်သည် ဤအရာအားလုံးကို လူသားအား ရှင်းရှင်းလင်းလင်း ပြောပြသည်၊ သို့သော် လူသားသည် ဘုရားသခင်က သူ၏ဆိုလိုရင်းအဓိပ္ပာယ်မှာ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သူ၏ နှုတ်ကပတ်တော်များထက် အခြားနည်းလမ်းများအားဖြင့် ၎င်းအား ပြောပြလိမ့်မည်ဟု မျှော်လင့်စောင့်စားရင်း၊ ယခင်က မတွေးတတ်အောင်ဖြစ်သော ရလဒ်များကို ကြိုးပမ်းရရှိနိုင်ဖို့ မျှော်လင့်ရင်းနှင့် များကို အံ့သြဖွယ်ရာများကို မျက်မြင်တွေ့ကြုံဖို့ မျှော်လင့်ရင်း၊ မကြာခဏ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ဤသည်မှာ လူသား၏ အယူအဆ ဖြစ်သည် မဟုတ်လော။ အမှန်တွင်၊ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်သည် လူသားအား မည်သို့ ပြုမူရမည်၊ မည်သို့ အသက်ရှင်ရမည်၊ သူ့ကို မည်သို့ နာခံရမည်ဆိုသည်နှင့် အဖြစ်အပျက်အမျိုးမျိုးအား မည်သို့ တွေ့ကြုံရမည်ဆိုသည်ကို ပြောပြရန် ရှင်းလင်းသော ဘာသာစကားကို အသုံးပြုလေသည်၊ လူသားက နားမလည်သေးပါက၊ ဘုရားသခင်သည် လူသားအား အထူးအသိဉာဏ်ပွင့်လင်းစေခြင်း တစ်စုံတစ်ရာကို ပေးရင်း၊ သို့မဟုတ် အထူးအတွေ့အကြုံအချို့ကို လူသားအား ကြုံစေရင်း၊ ပတ်ဝန်းကျင်တစ်ခုကို ခင်းကျင်းပေးခြင်းကလွဲ၍ နောက်ထပ် မည်သည့်အရာမျှ မလုပ်ဆောင်ပေ။ ယင်းသည် ဘုရားသခင် လုပ်နိုင်သည့်အရာ၊ လုပ်သင့်သည့်အရာနှင့် လုပ်ဆောင်ရန် လိုလားနေသည့်အရာ အကုန်ပင် ဖြစ်သည်။ “ဘုရားသခင်က လူတိုင်းကို ကယ်တင်ခံရစေချင်ပြီး မည်သူကိုမှ ထာဝရပြစ်ဒဏ်ကို မခံရဖို့ ဘုရားသခင် အလိုရှိသည် မဟုတ်လော။ ဘုရားသခင် ဆောင်ရွက်ဖို့ ထိုသို့သော နည်းစနစ်တစ်ခုကို အသုံးပြုပါက၊ လူမည်မျှသည် ကယ်တင်ခံနိုင်မည်နည်း” ဟု မေးသောသူများ ရှိသည်။ တုန့်ပြန်သည့်အနေဖြင့်၊ ဘုရားသခင်က “လူမည်မျှက ငါ၏ နှုတ်ကပတ်တော်များကို အလေးဂရုပြုပြီး ငါ၏လမ်းခရီးကို လိုက်လျှောက်ကြသနည်း” ဟု မေးပေမည်။ ရှိသလောက် များစွာ ရှိပေသည်၊ ဤသည်မှာ ဘုရားသခင်၏အမြင်နှင့် သူ၏အမှု၏ နည်းစနစ် ဖြစ်သည်။ သူသည် သည်ထက်ပို၍ မလုပ်ဆောင်ပေ။ ဤကိစ္စရပ်နှင့်ပတ်သက်၍ လူသား၏ အယူအဆမှာ အဘယ်နည်း။ “ဤလူသားမျိုးနွယ်အပေါ် ဘုရားသခင်သည် သနား၏။ သူသည် ဤလူသားမျိုးနွယ်အတွက် ပူပန်ပြီး၊ အဆုံးထိ တာဝန်ယူလိမ့်မည်။ လူသားသည် သူ့နောက် အဆုံးထိ လိုက်ပါက၊ သူသည် မလွဲမသွေ ကယ်တင်ခံရလိမ့်မည်။” ဘုရားသခင်သည် ဤသမ္မာတရားအားလုံးကို သင့်အား ပြောပြပြီး ဖြစ်သည်။ နောက်ဆုံးတွင် သင်သည် သူ၏ အလိုကို နားမလည်သကဲ့သို့ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိဟု သင် ပြောဆဲဖြစ်ပါက၊ ဤသည်တို့မှာ အာဏာဖီဆန်သော စကားများ ဖြစ်သည်။ ထိုသို့သော လူများကို ဘုရားသခင် စွန့်ပစ်သင့်၏။ ယင်းသည် လူအရေအတွက်၊ တန်ခိုးအာဏာအတိုင်းအတာ သို့မဟုတ် လူမျိုးရေး ထွေပြားမှုအရ ဘုရားသခင်၏ ဘုန်းအသရေ၏ စစ်မှန်မှုကို ဖော်ပြဖို့ သို့မဟုတ် သရုပ်ဖော်ဖို့ လူသား အယူအဆတစ်ခုကို လုံးဝ ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင်၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုလုံးတွင်၊ ကယ်တင်ခံခဲ့ရပြီး စုံလင်စေခြင်းခံခဲ့ရသူ အားလုံးပေါင်း မည်မျှရှိခဲ့သနည်း။ ဆိုလိုသည်မှာ၊ အဆုံးတွင် မည်သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သနည်း။ (ယောဘနှင့် ပေတရုတို့ ဖြစ်ပါသည်။) ၎င်းတို့နှစ်ဦးသာ ဖြစ်ခဲ့သည်။ ဘုရားသခင်၏အမြင်တွင်၊ သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းသည် အမှန်တွင် သူ့ကို သိကျွမ်းခြင်း၊ ဖန်ဆင်းရှင်ကို သိကျွမ်းခြင်းနှင့်ဆိုင်သည့် စံနှုန်းများကို ပြည့်မီခြင်း ဖြစ်သည်။ အာဗြဟံနှင့်နောဧကဲ့သို့ လူများသည် ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် ယောဘနှင့် ပေတရုတို့၏ အောက်အဆင့်တစ်ခုတွင် ရှိနေခဲ့ကြဆဲ ဖြစ်သည်။ ဟုတ်ပေ၏၊ ထိုအချိန်က ဘုရားသခင်သည် များလှစွာသော အမှုကို မလုပ်ဆောင်ခဲ့ပေ။ ယခုလုပ်ဆောင်သည့်အတိုင်း လူတို့ကို သူ မထောက်ပံ့ခဲ့သကဲ့သို့၊ ဤမျှများပြားသည့် ရှင်းလင်းသော နှုတ်ကပတ်တော်တို့ကို မပြောဆိုသကဲ့သို့၊ ဤမျှကြီးမားသည့် အတိုင်းအတာတစ်ခုဖြင့် ကယ်တင်ခြင်းအမှုကိုလည်း သူ မလုပ်ဆောင်ခဲ့ပေ။ သူသည် များစွာသော လူတို့ကို ရယူခဲ့ကောင်း ရယူနိုင်ခဲ့မည် မဟုတ်သော်လည်း၊ ဤသည်မှာ ဆိုးရွားသော အရာတစ်ခု မဟုတ်ပေ။ ဤတွင် ဖန်ဆင်းရှင်၏ စိတ်သဘောထား၏ မည်သည့် သွင်ပြင်လက္ခဏာကို မြင်၍ရနိုင်သနည်း။ ဘုရားသခင်သည် လူများစွာကို ရယူဖို့ မျှော်လင့်ထားသော်လည်း၊ အမှန်တွင် များစွာသော လူတို့သည် ရယူခြင်းမခံရနိုင်ပါက၊ ဤလူသားမျိုးနွယ်သည် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုအတောအတွင်းတွင် သူ၏ရယူခြင်းကို မခံရနိုင်ပါက၊ ဘုရားသခင်သည် ၎င်းတို့ကို တကယ်တမ်းတွင် ပစ်ပယ်ကာ စွန့်ပစ်ပေမည်။ ဤသည်မှာ ယင်းကို ဖန်ဆင်းရှင် မြင်သည့်ပုံ ဖြစ်သည်။ ဤအရာနှင့်စပ်လျဉ်း၍၊ လူသားသည် ဘုရားသခင်အပေါ် မည်သည့် တောင်းဆိုချက်များ သို့မဟုတ် အယူအဆများ ရှိသနည်း။ “ကျွန်ုပ်ကို ကယ်တင်သည်မှာ ကိုယ်တော်ဖြစ်ပါ၏၊ ထို့ကြောင့် အဆုံးထိ ကိုယ်တော်၌ တာဝန်ရှိပါသည်၊ ပြီးလျှင် ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးမင်္ဂလာများ ကတိပြုခဲ့သည်၊ ထို့ကြောင့် ယင်းတို့ကို ကိုယ်တော် ကျွန်ုပ်အားပေးသင့်ပြီး ရယူခွင့်ပေးသင့်သည်။” လူသား၏အတွင်းတွင်၊ “ရမည်” ဟူသော အရာများစွာ၊ တောင်းဆိုချက်များစွာ ရှိပြီး ဤသည်မှာ ယင်းတို့ထဲမှ အယူအဆတစ်ခု ဖြစ်သည်။ အခြားသူတို့က “ဘုရားသခင်သည် ထိုသို့သော ကြီးမြတ်သည့်အမှု၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အစီအစဉ်ကို လုပ်ဆောင်ပြီး၊ အဆုံးတွင်၊ လူနှစ်ဦးကိုသာ သူ ရယူခဲ့သည်။ ရှက်ဖွယ်ပါတကား။ သူ၏ လုပ်ရပ်များသည် အချည်နှီး ဖြစ်ခဲ့သည် မဟုတ်လော” ဟု ပြောကြသည်။ လူသားက ထိုသို့ မဖြစ်သင့်ဟု ထင်သော်လည်း၊ ဘုရားသခင်သည် လူနှစ်ဦးကိုပင်လျှင် ရယူရန် လိုလိုလားလား ရှိ ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်အစစ်မှာ ထိုနှစ်ဦးကို ရယူဖို့မျှမဟုတ်ဘဲ၊ ထိုထက်ပို၍ ရယူဖို့ဖြစ်ပြီး၊ လူတို့ နားမလည်ကြဘဲ ဘုရားသခင်ကို ၎င်းတို့အားလုံး နားလည်မှုလွဲပြီး ခုခံကြပါက၊ ဘုရားသခင်သည် ၎င်းတို့ကို မပိုင်ဆိုင်ခြင်းကို သာ၍လိုလားပေမည်။ ယင်းမှာ သူ၏ စိတ်သဘောထား ဖြစ်သည်။ လူအချို့က “ယင်းသည် ဟန်ကျမည်မဟုတ်။ သို့ဆိုလျှင် စာတန်သည် ရယ်နေမည်မဟုတ်လော” ဟု ပြောကြသည်။ စာတန် ရယ်ကောင်းရယ်နေနိုင်သည်၊ သို့သော် ယင်းသည် ဘုရားသခင်၏ နှိမ်နင်းပြီးသောရန်သူ ဖြစ်ဆဲပင် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ထဲမှ စာတန်ကို စွန့်လွှတ်နိုင်ပြီး ၎င်း၏ ထိန်းချုပ်မှုကို မခံရသည့်သူအချို့ကို ရယူပြီးဖြစ်ဆဲ ဖြစ်သည်။ ဘုရားသခင်သည် စစ်မှန်သော အဖန်ဆင်းခံ သတ္တဝါများကို ရယူပြီး ဖြစ်သည်။ ဘုရားသခင်၏ရယူခြင်း မခံရသေးသူများသည် စာတန်၏ ဖမ်းဆီးခြင်းခံရသည် မဟုတ်လော။ သင်တို့သည် စုံလင်စေခြင်း မခံရကြသေးပေ၊ စာတန်နောက် သင်တို့ လိုက်ကြသလော။ (မလိုက်ကြပါ။) သူ မရယူသေးသည့် သူများထဲမှ မည်သူမျှ စာတန်နောက် မလိုက်ကြသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ လူအချို့က “ဘုရားသခင်သည် ကျွန်ုပ်ကို မလိုချင်ပါကလည်း၊ စာတန်နောက် ကျွန်ုပ် လိုက်လိမ့်ဦးမည်မဟုတ်။ ၎င်းက ကျွန်ုပ်ကို ကောင်းချီးမင်္ဂလာများ ပေးရန်ကမ်းလှမ်းလျှင်ပင်၊ ယင်းတို့ကို ကျွန်ုပ် ယူမည်မဟုတ်” ဟု ပြောကြသည်။ ဘုရားသခင်သည် ဘုန်းအသရေကို ဤသို့ဖြင့် ရရှိသည် မဟုတ်လော။ ဘုရားသခင်ရယူသည့် လူအရေအတွက် သို့မဟုတ် ၎င်းတို့ကို သူရယူသည့် အတိုင်းအတာတို့နှင့်ပတ်သက်၍ လူတို့၌ အယူအဆများ ရှိကြသည်။ ဘုရားသခင်က ထိုသူအနည်းငယ်တို့ကိုသာ မရယူသင့်ဟု ၎င်းတို့ ယုံကြည်ကြသည်။ လူသားက ထိုသို့သောအတွေးများ ဖြစ်ပေါ်စေနိုင်သည်မှာ တစ်နည်းအားဖြင့်၊ လူသားသည် ဖန်ဆင်းရှင်၊ ဘုရားသခင်၏ စိတ်ကို နားမလည်နိုင်သကဲ့သို့ သူ မည်သည့်လူစားမျိုး လိုချင်သည်ကို နားမလည်နိုင်သောကြောင့် ဖြစ်သည်၊ လူသားနှင့် ဘုရားသခင်ကြားတွင် အကွာအဝေးတစ်ခု အမြဲရှိ၏။ နောက်တစ်နည်းအားဖြင့်၊ ထိုသို့သော အယူအဆများ ရှိဖို့ဆိုသည်မှာ လူသားမိမိကိုယ်ကိုယ် နှစ်သိမ့်ဖို့နှင့် သူ၏ ကံကြမ္မာနှင့် အနာဂတ်တို့နှင့် ပတ်သက်သရွေ့ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ နည်းလမ်းတစ်ခု ဖြစ်ပေသည်။ လူသားက “ဘုရားသခင်သည် အလွန်နည်းပါးသော လူတို့ကို ရယူထားပြီ၊ ကျွန်ုပ်တို့အားလုံးကို ရယူပါက သူ့အတွက် အသရေ တင့်တယ်လိုက်မည် ဖြစ်ခြင်းပါတကား။ ဘုရားသခင်က လူတစ်ဦးကိုမျှ မစွန်ပစ်ခဲ့ဘဲ အယောက်တိုင်းကို သိမ်းပိုက်ခဲ့ပြီး၊ အယောက်တိုင်းသည် အဆုံးတွင် စုံလင်စေခြင်းခံရပြီး၊ လူတို့ကို ဘုရားသခင်၏ ရွေးချယ်ခြင်းနှင့်ဆိုင်သည့် ပြောဆိုမှုသော်လည်းကောင်း၊ သူ၏ စီမံခန့်ခွဲခြင်းအမှုသော်လည်းကောင်း ပြောဆိုမှုသည် အချည်းနှီး ဖြစ်မလာခဲ့ပါက၊ စာတန်သည် သာ၍ပင် အရှက်ရမည် မဟုတ်လော။ ဘုရားသခင်သည် သာ၍ကြီးမားသော ဘုန်းအသရေကို ရရှိမည် မဟုတ်လော။ ယင်းသည် စာတန်၏ရှုံးနှိမ့်မှုနှင့်ဆိုင်သည့် အားကောင်းသော သက်သေအထောက်အထား ဖြစ်မည် မဟုတ်လော။ တစ်ချက်ခုတ် သုံးချက်ပြတတ်ခြင်းပေတည်း” ဟု ယုံကြည်လေသည်။ လူသားက ဤအခြေအနေ၏ ပဓာနကျသော အချက်ကို သိပေသည်၊ ဟုတ်သည် မဟုတ်လော။ ဤအရာကို ၎င်းက ပြောနိုင်သည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် သူသည် သူကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက် ရှိသောကြောင့် ဖြစ်သည်- သူသည် သူ၏ အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်သည်၊ ထို့ကြောင့် ယင်းကို ဘုရားသခင်၏ ဘုန်းအသရေနှင့် ချိတ်ဆက်ပြီး၊ ထိုသို့ဖြင့် သူ၏စိတ်နှလုံး သက်သာရာရလေသည်။ လူသား၌ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များရှိပြီး၊ ယင်းတို့ထဲတွင် ပုန်ကန်မှုနှင့်ဆိုင်သော အရာတစ်စုံတစ်ခု ရှိသည် မဟုတ်လော။ ဘုရားသခင်အပေါ် ပြုလုပ်သည့် တောင်းဆိုချက်တစ်ခု ရှိသည် မဟုတ်လော။ ယင်းအတွင်းတွင် “ကိုယ်တော်သည် ကျွန်ုပ်တို့ကို ရွေးချယ်ပြီးဖြစ်သည်၊ ဦးဆောင်လမ်းပြပြီး ဖြစ်သည်၊ ကျွန်ုပ်တို့အပေါ် အလွန်များလှစွာ ကြိုးပမ်းအားထုတ်ပြီးဖြစ်သည်၊ ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ အသက်နှင့် ကိုယ်တော်၏ အလုံးစုံကို အပ်နှင်းပြီးဖြစ်သည်၊ ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အပ်နှင်းပြီး ဖြစ်ကာ၊ ဤနှစ်ကာလများအားလုံး ကျွန်ုပ်တို့အား ကိုယ်တော့်နောက် လိုက်စေပြီးဖြစ်သည်။ အဆုံးတွင် ကျွန်ုပ်တို့ကို ကိုယ်တော် မရယူနိုင်ခဲ့ပါက ဆုံးရှုံးမှုတစ်ခု ဖြစ်လိုက်မည့်ဖြစ်ခြင်းပါတကား” ဟု ပြောသည့် ဘုရားသခင်ကို ဖွင့်ဟမဆိုသော ခုခံမှုတစ်ခု ရှိပေသည်။ ထိုသို့သော ဆင်ခြေတစ်ခုသည် လူသားကို ရယူရန် ဘုရားသခင်ကို ခြိမ်းခြောက်အကျပ်ကိုင်ဖို့အတွက် သူ့ကို တာဝန်ရှိသည်ဟု ခံယူစေရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ ယင်းတွင် လူသား၏ တောင်းဆိုချက်များအပြင် ဘုရားသခင်သည် ထိုသို့သော ကြီးမားသည့် အမှုကို လုပ်ဆောင်သည်၊ ထို့ကြောင့် သူသည် ဤရွေ့ဤမျှ လူများစွာကို ရယူရမည်ဟူသည့် သူ၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများ တည်ရှိသည်။ ဤ “ရမည်” ဟူသည်မှာ မည်သည့်နေရာမှနည်း။ ယင်းသည် လူသား၏ အယူအဆများနှင့် စိတ်ကူးများ၊ သူ၏ မလျော်ကန်သော တောင်းဆိုချက်များနှင့် သူ၏မာကြောပြီး ကြမ်းကြုတ်ရက်စက်သော စိတ်သဘောထား၏ ရောစပ်မှုအချို့နှင့်အတူ၊ သူ၏ မာနထောင်လွန်းသော စိတ်နှလုံးမှ လာပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၂)” မှ

တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကိုယုံကြည်သည်နှင့် သူတို့၌ ကိုယ်တော်အားအလွန်ကြည်ညိုမှု၊ အထင်ကြီးလေးစားမှုတို့ကို မှုန်ဝါးဝါး စိတ်ကူးပုံဖော်ခြင်းရှိလာကြသည်။ ကိုယ်တော်သည် အနန္တတန်ခိုးရှင်၊ အရာခပ်သိမ်းကိုတတ်စွမ်းသောအရှင်ဖြစ်ကြောင်းကိုလည်ကောင်း၊ ကိုယ်တော်သည် ဤဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ထဲမှ လူတစ်စုကိုရွေးချယ်ခဲ့သောကြောင့် ထိုသူတို့ကို သေသေချာချာ ပြီးပြည့် စုံစေမည့်အကြောင်းကိုလည်ကောင်း သူတို့ယုံကြည်ကြသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ဧကန်မုချကောင်းကြီးမင်္ဂလာခံရဖို့ စည်းနှောင်ခံကြရ သည်။ ထိုကဲ့သို့သော “ဧကန်မုချ” အရာသည် ၎င်း၏နောက်ကွယ်၌ တစ်ဦးတစ်ယောက်၏ကံတရားကို စမ်းကြည့်လိုသည့် စိတ်နေစိတ်ထား မျိုးမရှိပေဘူးလား။ သမ္မာတရားကိုလိုက်စားကျင့်ကြံခြင်း (သို့) ဘုရား သခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မရှိလျှက် ဘုရားသခင် ၏မျက်နှာသာပေးခြင်းကိုရရှိရန် ဆန္ဒပြုခြင်းသည် လူသားကယုတ်စွ အဆုံး၌သာဆုပ်ကိုင်ရမည့် သဘောထားဖြစ်သည်။ ကံတရားကို စမ်းကြည့်သည့်စိတ်နေစိတ်ထားအား မခံယူပါနှင့်။ ကံတရားသည် မဟာရန်သူဖြစ်သည်။ တစ်ဦးတစ်ယောက်၏ကံတရားကိုစမ်းကြည့်ခြင်း ဆိုသည်မှာမည်ကဲ့သို့သောတွေးခေါ်မှုအလေ့အထမျိုးဖြစ်သနည်း။ လူ တစ်ဦးတွင် မိမိတို့၏လုပ်ရပ်များနှင့် မိမိတို့စိတ်နှလုံး၏နက်ရှိုင်းရာ၌ ကံတရားအခြေပြုစိတ်နေစိတ်ထားအား ခိုလှုံခွင့်ပေးထားကြောင်းကိုပြ သောမည်သည့်စိတ်အခြေအနေများ၊ အတွေးများ၊ အယူအဆများ၊ စိတ်ကူးအယူအဆများ၊ သဘောထားများ၊ အမြင်များရှိနေလိမ့်မည်နည်း။ ဤအရာများ ကို သင်သိရှိသောအချိန်၌သာ သင်ပြောင်းလဲနိုင်ပါလိမ့်မည်။ သင့်အထဲ၌ ၎င်းတို့ရှိမြဲရှိနေကြကြောင်းကို သင်မသိလျှင် သင်မည်သို့ ပြောင်းလဲနိုင်ခဲ့မည်နည်း။ ၎င်းတို့ကို သင်မည်သို့ဖြေရှင်းနိုင်မည်နည်း။ ထိုသို့ဆိုလျှင်၊ မိမိ၏ကံတရားကို စမ်းကြည့်သောစိတ်နေစိတ်ထားမှာအ ဘယ်နည်း။ “ကျွန်ုပ်သည် ဘုရားသခင်ကိုယုံကြည်၏။ ကျွန်ုပ်သည် မိသားစုကိုစွန့်၍ အလုပ်မှနှုတ်ထွက်ခဲ့၏။ မည်သည့်အရာပင်ဖြစ်စေကာမူ၊ ကျွန်ုပ်သည် ဒုက္ခခံခဲ့၍၊ အပင်ပန်းခံကာ၊ ပင်ပန်းကြီးစွာအလုပ်လုပ်ခဲ့ပြီး၊ အဆုံးတိုင်လုပ်ဆောင်လျှင် ကျွန်ုပ်သည်အောင်နိုင်သူများအနက်မှတစ်ဦး၊ ကယ်တင်ခြင်းခံရသူ များအနက်မှတစ်ဦး၊ မင်္ဂလာရှိသူများအနက်မှတစ်ဦး၊ ဘုရားသခင်၏နိုင်ငံတော်ရှိလူများအနက်မှတစ်ဦး ဖြစ်ကောင်းဖြစ်လာ မည်။” ဤသည်မှာ မိမိ၏ကံတရားကိုစမ်းကြည့်နေသော စိတ်နေစိတ် ထားဖြစ်သည်။ ဤအရာမျိုးသည် လူတိုင်း၏စိတ်နှလုံး၌ရှိသောအရာ မဟုတ်ပါလား။ အရာခပ်သိမ်းကိုစွန်လွှတ်ကျောခိုင်း၍ မိမိတို့၏တာဝန်ကို အချိန်ပြည့်ထမ်းဆောင်ရန် ဘုရားသခင်၏အိမ်တော်သို့ ရောက်လာသော သူများမှ အများစုသည် ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးကိုရှိထား ကြသည်။ မိမိ၏ကံတရားကိုစမ်းကြည့်သော စိတ်နေစိတ်ထားသည် စိတ်ကူး အယူအဆတစ်မျိုးမဟုတ်ပါလား။ (ဟုတ်ပါသည်။) ထိုအရာသည် စိတ်ကူးအယူအဆတစ်မျိုးဖြစ်သည်ဟု ငါအဘယ့်ကြောင့်ဆိုရသနည်း။ အကြောင်းမှာ သင်သည်ဖန်ဆင်းခြင်း၏အရှင်က ဤအမှုအရာအပေါ်၌ ထားရှိသော ရည်ရွယ်ရင်းနှင့် သဘောထားကို သဘောမပေါက်သောအခါ သင်သည် သင့်တင့်ကောင်းမြတ်သောအတွေးများကို စိတ်ခံစားချက် ကျကျသာတွေး၍ စိတ်ခံစားချက်ကျကျသာ လိုက်စားကျင့်ကြံသော ကြောင့်ဖြစ်၏။ ဤသည်မှာ ဤအမှုအရာကို သင်ချဉ်းကပ်ပုံဖြစ်သည်။ ဤအရာသည် စိတ်ကူးအယူအဆတစ်မျိုးဖြစ်သည်။ ထိုကဲ့သို့သော စိတ်ကူးအယူအဆသည် ဖန်ဆင်းခြင်း၏အရှင်အား ခြိမ်းခြောက်အကျပ် ကိုင်ခြင်းတစ်မျိုးမဟုတ်ပါလား။ “အကျွန်ုပ်သည် ကိုယ်တော်၏နောက် တော်သို့လိုက်၍ ကိုယ်တော်၏အိမ်တော်၌ အကျွန်ုပ်၏တာဝန်ကိုအချိန် ပြည့်ထမ်းဆောင်ရန် အရာခပ်သိမ်းကိုစွန့်လွှတ်ကျောခိုင်းခဲ့သောကြောင့် အကျွန်ုပ်သည်ဖန်ဆင်းခြင်းအရှင်၏အစီအစဉ်များ၌ ကျိုးနွံဝန်ခံသောသူ အဖြစ် ရေတွက်မှတ်ယူရမည်မဟုတ်ပါလား။ သို့ဖြစ်သောကြောင့်၊ အကျွန်ုပ်သည် အလားအလာကောင်းသောအနာဂတ် တစ်ခုကိုယခု ပိုင်ဆိုင်နိုင်ပါသလား။ အကျွန်ုပ်၏အနာဂတ်သည် မှေးမိန်မနေသင့်ပါ- ပေါ်ပေါ်လွင်လွင်ဖြစ်နေသင့်ပါသည်။” ဤသည်မှာ မိမိ၏ကံတရားကို စမ်းကြည့်နေသော တွေးခေါ်မှုအလ့အထတစ်ခုဖြစ်၏။ ထိုကဲ့သို့သော တွေးခေါ်မှုအလ့အထကို မည်သို့အဖြေရှာမည်နည်း။ သေချာသော အချက် တစ်ချက်မှာ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏စိတ်သဘောထား ကိုသိထားရမည်။ ယခုငါပြေဆိုနေသောအရာကို လူတိုင်းကအခြေခံ ကျကျသဘောပေါက်ကြ၏။ “ထို့ကြောင့်၊ ထိုအရာသည် ဘုရားသခင်၏ ထင်မြင်ချက်ဖြစ်၏။ ထိုအရာသည် ဘုရားသခင်၏ရှုမြင်ပုံနှင့်သဘော ထားဖြစ်၏။ ထို့ကြောင့်၊ ကျွန်ုပ်တို့မည်သည့် အရာကိုပြလုပ်သင့်သနည်း။” လူတို့သည် မိမိတို့၏ကံတရားကို စမ်းကြည့်နေသောစိတ်နေစိတ်ထားကို ဖယ်ထုတ်ထားကြရမည်။ ဤစိတ်နေစိတ်ထားကိုဖယ်ထုတ်ရန်အတွက် “ကျွန်ုပ်သည် ထိုအရာကိုဖယ်ထုတ်ထားခဲ့ပြီး၊ ထိုအတွေးမျိုးအား နောက် ထပ်ပြုလုပ်တော့မည်မဟုတ်ပါ။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်လေးလေး နက်နက်ပြုမူ၍၊ တာဝန်ယူမှုတာဝန်ခံမှုရှိကာ၊ ပို၍ပြင်းပြင်းထန်ထန် အလုပ်လုပ်ပါမည်” ဟုပြောဆိုခြင်းသည် လုံလောက်ပါသလား။ ဤအရာ သည်ထိုမျှမရိုးရှင်ပါ- တစ်ဦးတစ်ယောက်သည် မိမိတို့၏ကံတရားကို စမ်းကြည့်နေသောစိတ်နေစိတ်ထားကို ပြုစုပျိုးထောင်သောအခါ၊ သူတို့ အထဲ၌ အချို့သောအတွေးများနှင့် အလေ့အထများပေါ်လာသည့်အပြင်၊ စိတ်သဘောထားအချို့လည်းပေါ်ထွက်လာပါလိမ့်မည်။ ဤအရာများ သည် ဖြေရှင်း၍ရသောအရာများဖြစ်သင့်သည်။ အချို့က “ကျွန်ုပ်သည် ဘုရားသခင်၏အလိုတော်နှင့် သဘောထားကို သဘောပေါက်နားလည် လျှင်ကျွန်ုပ်၏ကံတရားကိုစမ်းကြည့်နေသော စိတ်နေစိတ်ထားအား ရှင်း လင်းဖယ်ရှားပစ်သည်မဟုတ်ပါလား” ဟုပြောကြ၏။ ထိုအရာသည် မည်ကဲ့သို့သောအပြောအဆိုမျိုးဖြစ်သနည်း။ ဝိညာဉ်ရေးရာ၌အသိဉာဏ် ကင်းမဲ့သော အ‌ပြောအဆိုမျိုးဖြစ်၏။ အနှစ်သာရမပါသော အပြော အဆိုဖြစ်၏။ ထိုသို့ဆိုလျှင် ဤပြဿနာကိုမည်သို့ဖြေရှင်းပါသနည်း။ “ဘုရားသခင်သည် ကျွန်ုပ်ထံမှအရာခပ်သိမ်းကိုရုပ်သိမ်းသွားလျှင် ကျွန်ုပ် မည်သည့်အရာကိုပြုလုပ်ရမည်နည်း။ ဘုရားသခင်ထံ၌ ကျွန်ုပ်ဆည်းကပ် ထား၍၊ ကိုယ်တော်အတွက်သုံးစွဲသော ဤအရာများသည် လိုလိုလား လား ပေးအပ်ထားသောအရာများ ဟုတ်ပါသလား။ သို့တည်းမဟုတ် ကိုယ်တော်နှင့် ပစ္စည်းချင်းဖလှယ်အပေးအယူလုပ်ဖို့ ကြိုးစားအားထုတ်မှု များလား။ ကျွန်ုပ်သည် ကိုယ်တော်နှင့်ပစ္စည်းချင်းဖလှယ်အပေးအယူလုပ် ဖို့ ကြိုးစားအားထုတ်နေလျှင် ထိုအရာသည်မကောင်းပါ။ ကျွန်ုပ်သည် ဆု တောင်း၍ ထိုအရာကိုပြောင်းလဲရပေမည်။ ထို့အပြင်၊ လက်တွေ့ကျင့် ကြံသူအဖြစ်နှင့်လည်ကောင်း၊ မိမိတို့၏တာဝန်ကိုဖြည့်ဆည်းဆောင်ရွက် သောသူအဖြစ်နှင့်လည်ကောင်း သူတို့သည် မည်သည့်သမ္မာတရား အခြေခံဥပဒေသများအား မိမိတို့နားမလည်သည်ကိုလည်ကောင်း၊ ဘုရား သခင်၏ပြဋ္ဌန်းသတ်မှတ်ချက်များနှင့် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်၍ သူတို့ပြုလုပ်သောအရာကိုလည်ကောင်း၊ မည်သည့်လမ်း မျိုးသည်မှားယွင်၍ ပျက်စီးဆုံးရှုံးခြင်းလမ်းဖြစ်သည်ကိုလည်ကောင်း၊ မည်သည့်လမ်းမျိုးသည် ဘုရားသခင်၏မျက်နှာသာပေးမှုကိုရရှိနိုင်သည့် လမ်းဖြစ်သည်ကိုလည်ကောင်း သဘောပေါက်နားလည်ထားရမည်။ မိမိ ၏ကံတရားကိုစမ်းကြည့်နေသောစိတ်နေစိတ်ထားနှင့်စပ်လျဉ်း၍ အခြား မည်သည့်အရာရှိကျန်သေးသနည်း။ ပြင်းထန်သောနာမကျန်းဖြစ်ခြင်းကို ခံစားရပြီး၊ ဘုရားသခင်၏ကယ်တင်ခြင်းကိုခံရ၍ ဖျားနာခြင်းမရှိတော့ သောသူများရှိသည်။ သူတို့က “သင်တို့အားလုံးသည် ကောင်းကြီး မင်္ဂလာကိုအမိဖမ်းဖို့ ဘုရားသခင်ကိုယုံကြည်ကြ၏။ ကျွန်ုပ်မူကား ကွဲပြား၏။ ကျွန်ုပ်အားဤနေရာသို့ဆောင်ယူလာပေးသောအရာမှာ ဘုရား သခင်၏ကြီးမားလှသောချစ်ခြင်းမေတ္တာဖြစ်၏။ အသက်ဆက်လက်ရှင် သန်ရန်အတွက် ကိုယ်တော်သည်သာ၍ကြီးသောအခွင့်အရေးကို သင်တို့ ထက်ကျွန်ုပ်အားပေး၏” ဟုထင်မှတ်ကြ၏။ သူတို့ကမိမိတို့သည် ဘုရား သခင်နှင့်သာမန်ထက်လွန်ကဲသော အထူးဆက်ဆံရင်းနှီးမှုရှိထားကြ၍ မိမိတို့သည်သာမန်လူများနှင့်မတူကွဲပြားကြသည်ဟု မှတ်ယူကြ၏။ သူတို့ ၏အထူးသီးသန့်အတွေ့အကြုံကြောင့် သူတို့ကိုသူတို့ သာမန်ထက်လွန် ကဲ၍ တစ်မူထူးခြားသောသူများအဖြစ်ခံစားကြ၏။ ထို့ကြောင့်၊ မိမိတို့ အောင်မြင်လိမ့်မည်ဟူသော သေချာမှုမျိုးကို ခံယူထားကြ၏။ သူတို့က မိမိတို့ကိုယ်ကို အခြားသူများနှင့်ဧကန်မုချကွဲပြားကြသည်ဟု သတ်မှတ် ထားကြ၏။ ဤအရာသည်လည်း မိမိ၏ကံတရားကိုစမ်းကြည့်နေသော စိတ်နေစိတ်ထားပင်ဖြစ်၏။ အရေးပါသောတာဝန်တစ်ရပ်ကိုယူပြီး၊ ရာထူးအဆင့်အတန်းမြင့်မားသည့် အခြားသူများလည်းရှိ၏။ သူတို့သည် အခြားသူများ ထက်ပို၍ဒုက္ခခံခဲ့ကြ၏။ အခြားသူများထက်ပိုပိုသာသာ ပြုပြင်ခံရ၍ ကိုင်တွယ်ခံရကြရ၏။ မိမိတို့ကိုယ်ကို အခြားသူများထက်ပို၍ အလုပ်ရှုပ်စေကြ၏။ အခြားသူများထက်ပို၍ပြောဆိုကြ၏။ သူတို့က “ကျွန်ုပ်သည် ဘုရားသခင်နှင့် ဘုရားသခင်၏အိမ်တော်အားဖြင့် အရေးပါ သောအရိုက်အရာ၌ ခန့်အပ်ခြင်းကိုခံရပြီး၊ ကျွန်ုပ်ညီအစ်ကိုမောင်နှမများ ၏မျက်နှာသာပေးခြင်းကိုလည်းခံရ၏။ ဤအရာသည်ဘယ်မျှဂုဏ်ယူဖွယ် ဖြစ်သနည်း။ ဤအရာက ကျွန်ုပ်သည်အခြားသူများထက်အရင် ကောင်း ကြီးခံစားရမည်ဟု ဆိုလိုသည်မဟုတ်ပါလား” ဟုထင်မှတ်ကြ၏။ ဤအရာသည်လည်း မိမိ၏ကံတရားကိုစမ်းကြည့်နေသောစိတ်နေစိတ် ထားဖြစ်ပြီး၊ စိတ်ကူးအယူအဆ တစ်မျိုးသာဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၂)” မှ

လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်ပြီး လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်သမျှ ကာလပတ်လုံး၊ ဘုရားသခင်သည် အဖြောင့်မတ်ဆုံး ဖြစ်သည့်အတွက်၊ သူသည် လူသားအပေါ် ဧကန်မုချ သမာသမတ်ကျလိမ့်မည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ သူ့နောက်သို့ လိုက်ပါက၊ ဘုရားသခင်သည် လူသားကို ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူအားလုံးအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူသားနှင့်သက်ဆိုင်သည့် ငါပြုသော သတ်မှတ်ချက်များအဖို့ သင့်လျော်သည့် အခြေအနေများရှိပြီး၊ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ ငါတောင်းဆိုသောအရာကို လူသားအားလုံး ပြီးမြောက်ရမည်။ သင်၏ အရည်အချင်းများ မည်သို့ရှိသည် သို့မဟုတ် ယင်းတို့ကို သင် မည်မျှကြာ ကိုင်စွဲပြီးဖြစ်သည် ဆိုသည်ကို ငါ ဂရုမစိုက်ပေ။ သင်သည် ငါ၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိဆိုသည်တို့ကိုသာ ငါ ဂရုစိုက်သည်။ သင်သည် သမ္မာတရားမရှိဘဲ၊ ယင်းအစား ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်လျှောက်ရုံမျှ လိုက်လျှောက်ရင်း၊ ငါ၏ အမည်နာမကို အရှက်ရစေကာ ငါ၏လမ်းခရီးအတိုင်း မပြုမူပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး၊ သင်၏မကောင်းမှုအတွက် သင့်ကို ငါ အပြစ်ပေးမည်၊ ထိုအခါ သင်သည် ပြောစရာ မည်သည့်အရာ ရှိလိမ့်မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်လိမ့်မည်လော။ ယနေ့တွင် ငါပြောပြီးသော စကားများကို သင် အသုံးပြုပါက၊ သင်သည် ငါလက်ခံသော လူစားမျိုးဖြစ်လိမ့်မည်။ ဘုရားသခင် နောက်လိုက်စဉ်တွင်၊ သင်သည် အမြဲ ဒုက္ခဆင်းရဲ ခံစားရသည်၊ သင်သည် သူ့နောက်သို့ အေးအတူပူအမျှ လိုက်လျှောက်ပြီး ဖြစ်ကာ၊ သူနှင့် အကောင်း အဆိုး အတူဝေမျှခံစားပြီးဖြစ်သည်ဟု သင်ဆိုသော်လည်း၊ သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများကို အသက်ရှင်နေထိုင်ခြင်း မရှိလေပြီ။ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် အလုပ်များကာ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိပြီး၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ရန် ဘယ်သောအခါမျှ သင် မစဉ်းစားဖူးပေ။ သင်က “မည်သို့ဆိုစေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် သူ့အတွက် ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့အတွက် ဆက်ကပ် အပ်နှံထားပြီးဖြစ်ကာ၊ မည်သည့် အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း၊ ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်ကို အောက်မေ့သတိရမည်မှာ သေချာပါသည်” ဟုလည်း သင်ပြောသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်ခြင်းသည် မည်သည့် မစင်ကြယ်ခြင်းနှင့်မျှ မစွန်းထင်းသကဲ့သို့၊ ယင်းသည် လူသားတို့၏ အလိုဆန္ဒ မပါရှိပေ၊ ပြီးလျှင် ဇာတိပကတိ သို့မဟုတ် လူသား၏ ကိစ္စတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ပုန်ကန်တတ်ပြီး ဆန့်ကျင်သောသူအားလုံး၊ သူ၏လမ်းခရီးကို မလိုက်နာသောသူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရသကဲ့သို့၊ မည်သူ့ကိုမျှ ချမ်းသာမပေးပေ။ လူအချို့က “ယနေ့တွင် ကိုယ်တော့်အတွက် ကျွန်ုပ် အလုပ်များပါ၏။ အဆုံးသတ်ရောက်သောအခါ၊ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လော” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည်၊ “သင်သည် ငါ့နှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းပြီးပြီလော။” သင်ပြောဆိုသော ဖြောင့်မတ်မှုသည် အရောင်းအဝယ် တစ်ခုအပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသားအားလုံးအပေါ် သမာသမတ်ကျကာ တကယ့်အဆုံးထိ ငါ့နောက်လိုက်သူအားလုံးသည် ကယ်တင်ခြင်းကို ခံရပြီး ငါ၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ သေချာသည်ဟုသာ သင်ထင်သည်။ “တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် ကယ်တင်ခံရဖို့ သေချာသည်” ဟူသော ငါ့နှုတ်ကပတ်တော်များတွင် သိုဝှက်သော အဓိပ္ပာယ်ရှိသည်- တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူတို့သည် ငါ၏ အပြည့်အဝ ရယူခြင်း ခံရမည့်သူများ ဖြစ်သည်၊ ၎င်းတို့သည် ငါ၏ သိမ်းပိုက်ခြင်းခံရပြီးနောက် သမ္မာတရားကို ရှာဖွေကာ စုံလင်စေခြင်း ခံကြရသူများဖြစ်သည်။ မည်သည့် သတ်မှတ်ချက်များကို သင် စွမ်းဆောင်ရရှိပြီး ပြီနည်း။ သင်သည် တကယ့်အဆုံးထိ ငါ့နောက်လိုက်ခြင်းကိုသာ စွမ်းဆောင်ရရှိပြီး ဖြစ်သည်၊ သို့သော် အခြားမည်သည့်အရာရှိသေးသနည်း။ ငါ့စကားများကို သင် လိုက်နာစောင့်ထိန်းပြီးပြီလော။ သင်သည် ငါ၏ သတ်မှတ်ချက် ငါးခုထဲမှ တစ်ချက်ကိုပြီးမြောက်ပြီးဖြစ်သော်လည်း၊ ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် သင် မည်သည့် ရည်ရွယ်ချက်မျှ မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကိုသာ တွေ့ရှိပြီးဖြစ်ကာ၊ ကံကောင်းဖို့သာ မျှော်လင့်နေသည့် သဘောထားတစ်ခုဖြင့် ယင်းကို လိုက်စားပြီး ဖြစ်သည်။ သင်ကဲ့သို့သော ထိုလူတစ်ဦးအပေါ် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံခြင်းတစ်ခုဖြစ်ပြီး ယင်းသည် မကောင်းမှု ပြုလုပ်သူအားလုံးနှင့်ဆိုင်သည့် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသော သူအားလုံးသည် တကယ့်အဆုံးထိ ၎င်းတို့လိုက်လျှောက်လျှင်ပင် ဧကန်မုချ အပြစ်ပေး ခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ ဤဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးရာတွင် ဖော်ပြသည့်အခါ၊ လူသားသည် မှင်တက်ကာ၊ ဘုရားသခင် နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်းခရီး၌ မလျှောက်ခဲ့သည်ကို သူနောင်တရလိမ့်မည်။ “ထိုအချိန်တွင်၊ ဘုရားသခင် နောက်လိုက်စဉ် ငါသည် အနည်းငယ်သာ ဒုက္ခခံစားခဲ့သော်လည်း ဘုရားသခင်၏လမ်းခရီး၌ မလျှောက်လှမ်းခဲ့ပါ။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမခံရခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပါ။” သို့တိုင် သူ့စိတ်ထဲတွင် သူက၊ “မည်သို့ပင်ဆိုစေ၊ တကယ့်အဆုံးထိ ကျွန်ုပ် လိုက်လျှောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော် ကျွန်ုပ်ကို ပြစ်တင်ဆုံးမလျှင်ပင်၊ ယင်းသည် အလွန်ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း မဖြစ်နိုင်သကဲ့သို့၊ ဤပြစ်တင်ဆုံးမမှုကို အရယူပြီးနောက် ကိုယ်တော်သည် ကျွန်ုပ်ကို အလိုရှိလိမ့်ဦးမည် ဖြစ်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သကဲ့သို့၊ ကျွန်ုပ်အား ထိုနည်းဖြင့် အစဉ်ထာဝရ ဆက်ဆံလိမ့်မည် မဟုတ်သည်ကို ကျွန်ုပ် သိပါ၏။ အဆုံးတွင်တော့၊ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရမည့် သူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရမည့်သူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း တစ်ခုကို ရရှိလိမ့်မည်ဖြစ်သည်၊ ကျွန်ုပ်၏ ပြစ်တင်ဆုံးမခြင်းမှာမူ သာ၍ပေါ့ပါးလိမ့်မည်” ဟု တွေးနေပေသည်။ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသကဲ့သို့ မဟုတ်ပေ။ မိမိတို့ အပြစ်များကို ဝန်ခံရာတွင် တော်သည့်သူများကို သက်ညှာစွာ ဆက်ဆံသည်မှာ မဟုတ်ပေ။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းခြင်းဖြစ်ပြီး လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသော စိတ်သဘောထားတစ်ခု ဖြစ်ကာ၊ ညစ်ညူးသော အရာများ နှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်း ခံရသော အရာဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်ဘဲ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်- ယင်းသည် နိုင်ငံတော်အတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး၊ ဤစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်သကဲ့သို့၊ မပြောင်းလဲသေးသောသူ မည်သူမဆိုနှင့်ဆိုင်သည့် ဖြောင့်မတ်သော အပြစ်ပေးခြင်းဖြစ်ကာ၊ ကယ်တင်ခြင်းအတွက် အကန့်အသတ်အတိုင်းအတာ မရှိပေ။ အကြောင်းမှာ လူအသီးသီးသည် အမျိုးအစားအလိုက် ခွဲခြားသည့်အခါ၊ ကောင်းသောသူများသည် ဆုလာဘ်ချီးမြှင့်ခံရမည်ဖြစ်ပြီး ဆိုးယုတ်သောသူများသည် အပြစ်ပေးခြင်းကို ခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ခရီးပန်းတိုင်ကို ရှင်းလင်းစေလိမ့်မည့် အချိန် ဖြစ်သည်။ ကယ်တင်ခြင်းအမှု အဆုံးသတ်မည့် အချိန်ဖြစ်သည်၊ ယင်းနောက်တွင် လူကိုကယ်တင်ခြင်း အမှုကို နောက်ထပ် လုပ်ဆောင်တော့မည်မဟုတ်သကဲ့သို့၊ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်းအပေါ်သို့ ကျရောက်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

အရှေ့သို့- အယူအဆများနှင့် စိတ်ကူးများသည် အဘယ်နည်း။ အယူအဆများနှင့် စိတ်ကူးများ၏ အကြောင်းခံသည် အဘယ်နည်း။

နောက်တစ်ခုသို့- အယူအဆများနှင့်စိတ်ကူးများကို ဖြေရှင်းမထားဘဲရှိပါက၊ မည်သည့် ထိခိုက်နစ်နာခြင်းနှင့် အကျိုးဆက်များ ဖြစ်ပေါ်မည်နည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သောသူ တစ်ဦးဆိုသည်ကား အဘယ်နည်း။ ထို့နောက် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှုက အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊...

ကျေးဇူးတော်ခေတ်တွင် အသင်းတော်၏ အသက်တာနှင့် နိုင်ငံတော်ခေတ်တွင် အသင်းတော်၏ အသက်တာတို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၌ တတိယကောင်းကင်ဘုံသို့ ပြန်ကြွသွားချိန်တွင်၊ ဘုရားသခင်၏ လူသားမျိုးနွယ်...

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်လုံးကြား ဆက်နွှယ်မှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည်...

ဘုရားသခင် အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်တို့ကြား ကွဲပြားခြားနားမှုများ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ယေရှုကလည်း၊...ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်