၃) အယူအဆများနှင့်စိတ်ကူးများကို ဖြေရှင်းမထားဘဲရှိပါက၊ မည်သည့် ထိခိုက်နစ်နာခြင်းနှင့် အကျိုးဆက်များ ဖြစ်ပေါ်မည်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့၏ အယူအဆများသည် ၎င်းတို့စားသည့်အရာ၊ သို့မဟုတ် ၎င်းတို့အိပ်စက်ပုံတို့အပေါ် မထိခိုက်နိုင်သကဲ့သို့၊ ၎င်းတို့၏ ပုံမှန်လူ့ဘဝများကို သက်ရောက်မှု မရှိနိုင်သော်လည်း၊ ယင်းတို့သည် လူတို့၏စိတ်များနှင့် ၎င်းတို့၏အတွေးများတွင် ဧကန် တည်ရှိကြပေသည်၊ ယင်းတို့သည် တစ်ချိန်လုံး လူတို့နောက်လိုက်ရင်း၊ အရိပ်တစ်ခုကဲ့သို့ လူတို့ထံ တွယ်ကပ်ကြလေသည်။ ယင်းတို့ကို သင့်အနေဖြင့် စဉ်ဆက်မပြတ် မဖယ်ရှားပါက၊ သင်၏အပြုအမူနှင့် တွေးခေါ်ခြင်းတို့ကို ယင်းတို့က စဉ်ဆက်မပြတ် ထိန်းချုပ်လိမ့်မည်၊ သင်၏ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ယင်းတို့က ထိန်းချုပ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာကို ထိန်းချုပ်လိမ့်မည်ဖြစ်ကာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ထိန်းချုပ်လိမ့်မည်ဖြစ်သည်။ အယူအဆများသည် အဓိကပြဿနာတစ်ခု ဖြစ်သည်။ လူတို့၌ ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများရှိနေခြင်းသည် ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မြင်ရခြင်းမှ ၎င်းတို့ကို တားဆီးသည့်၊ ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားနှင့် စစ်မှန်သော အနှစ်သာရတို့ကို မြင်ရခြင်းမှ ၎င်းတို့ကို တားဆီးသည့် တံတိုင်းတစ်ခု တည်နေသကဲ့သို့ဖြစ်သည်- အကြောင်းမှာ လူတို့သည် ၎င်းတို့၏ အယူအဆများအလယ်နှင့် ၎င်းတို့၏ စိတ်ကူးထင်မြင်မှုများအလယ်တွင် အသက်ရှင်ကြပြီး ဘုရားသခင်က မှန်သလော၊ မှားသလောဆိုသည်ကို ဆုံးဖြတ်ဖို့နှင့် ဘုရားသခင်လုပ်ဆောင်သမျှအားလုံးကို အကဲဖြတ်ဖို့၊ ရှုတ်ချဖို့နှင့် ဝေဖန်ဖို့ ၎င်းတို့၏ အယူအဆများကို အသုံးပြုကြသည့်အတွက် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် လူတို့သည် မည်သည့်အခြေအနေမျိုးထဲသို့ မကြာခဏ ကျဆင်းကြရသနည်း။ လူတို့သည် ၎င်းတို့၏အယူအဆများအလယ်၌ အသက်ရှင်ချိန်တွင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြသလော။ ၎င်းတို့တွင် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်ကြသလော။ မရှိနိုင်ကြပေ။ ၎င်းတို့သည် အနည်းငယ် ကျိုးနွံနာခံကြသည့်အချိန်တွင်ပင်၊ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအရ ဖြစ်သည်။ တစ်စုံတစ်ဦးအနေဖြင့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအတိုင်း ကျိုးနွံနာခံသည်နှင့်တစ်ပြိုင်နက်၊ ထိုနာခံခြင်းသည် စာတန်နှင့် အပြင်လောကတို့နှင့်သက်ဆိုင်ပြီး သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည့် ကိုယ်ရေးကိုယ်တာ အမှုအရာများဖြင့် စွန်းထင်းလာလေသည်။ ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့်ဆိုင်သော ပြဿနာမှာ ဆိုးရွားသည့် အရာတစ်ခုဖြစ်သည်။ ယင်းသည် ဖြေရှင်းရန် အရေးတကြီး လိုအပ်သည့် လူသားနှင့် ဘုရားသခင်ကြားက အဓိက ပြဿနာတစ်ခုဖြစ်သည်။ ဘုရားသခင်၏ရှေ့မှောက်သို့ လာကြသူတိုင်းသည် အယူအဆများ ယူဆောင်လာကြသည်၊ ဘုရားသခင်နှင့်ပတ်သက်သည့် သံသယမျိုးစုံကို ၎င်းတို့ ယူဆောင်လာကြသည်။ ထိုနည်းတူပင် ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အပေါ် အပ်နှင်းထားသည့် အရာများအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ၊ သူ၏အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားတို့နှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်နှင့် ပတ်သက်သည့် နားလည်မှုလွဲခြင်း အမြောက်အမြားကို ယူဆောင်လာကြသည်ဟုလည်း ဆိုနိုင်ပေသည်။ ထို့နောက်တွင် ဘုရားသခင်နှင့် မည်သည့်ဆက်ဆံရေးမျိုးကို ၎င်းတို့ရင်ဆိုင်ရသနည်း။ လူတို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် နားလည်မှုလွဲကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် သံသယဝင်ကြပြီး၊ ဘုရားသခင် မှားသည်၊ မှန်သည်ကို တိုင်းတာဖို့၊ သူ၏နှုတ်ကပတ်တော်တိုင်းနှင့် အမှုတိုင်းကို အကဲဖြတ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်းများကို စဉ်ဆက်မပြတ် အသုံးပြုကြလေသည်။ ဤအပြုအမူသည် အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်နေကြသည်၊ ဆန့်ကျင်နေကြသည်၊ ရှုတ်ချနေကြသည်၊ ပြစ်မှားစော်ကားနေကြသည်၊ ဝေဖန်တိကပြုနေကြသည်၊ ပြိုင်ဆိုင်နေကြသည့်အပြင်- သာ၍ဆိုးရွားသည့် ကိစ္စများတွင်၊ ဘုရားသခင်နှင့် “ယှဉ်တိုက်နေ” ကြပေသည်။ အကြီးလေးဆုံးသော အတိုင်းအတာတွင်၊ လူတို့၏ အယူအဆများသည် ၎င်းတို့ကို စစ်မှန်သော ဘုရားသခင်ကိုယ်တိုင်အား လက်ခံနိုင်စွမ်း မရှိဘဲ ဖြစ်စေသည်၊ သမ္မာတရားကို လက်ခံနိုင်စွမ်းနှင့် နာမခံနိုင်စွမ်း မရှိဘဲ ဖြစ်စေ၏၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်နိုင်ဖွယ်ရှိပြီး ၎င်းတို့နောက်လိုက်သည့် ဘုရားသခင်ကို စွန့်လွှတ်နိုင်ဖွယ်ရှိလေသည်။ ဤသည်မှာ ထိတ်လန့်ဖွယ် ပြဿနာတစ်ခု ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လုံလောက်စွာ အလေးအနက်မထားကြသောကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ငြင်းပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်သည် သာ၍ ဖောက်ပြန်ပျက်ဆီးကာ အောက်တန်းကျပြီး ယုတ်ညံ့လာလေလေ၊ ဘုရားသခင်၏ ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။

...လူသားက သူ၏အယူအဆများမှာ မှန်ကန်ပြီး အမှားမရှိဟု ထင်ကာ ဤအယူအဆများသည် ဘုရားသခင်ထံမှ လာသည်ဟု တွေးထင်၏။ ယနေ့ခေတ်တွင် လူသားသည် ဘုရားသခင်၏အမှုကို မျက်မြင်တွေ့သည့်အခါတွင်၊ နှစ်ပေါင်းများစွာ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ပြီးဖြစ်သည့် အယူအဆများကို လွှတ်ပေးလိုက်လေသည်။ အတိတ်မှ စိတ်ကူးများနှင့် အကြံများသည် ဤအဆင့်၏အမှုအဖို့ အတားအဆီးတစ်ခု ဖြစ်လာပြီးဖြစ်ကာ လူသားအတွက် ထိုသို့သော အယူအဆများကို လက်လွှတ်ရန်နှင့် ထိုသို့သော စိတ်ကူးများကို ချေပရန် ခက်ခဲလာပြီးဖြစ်သည်။ ယနေ့အထိ ဘုရားသခင်နောက်သို့ လိုက်ခဲ့ကြသူများစွာ၏ ဤတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သည့် အမှုအပေါ် အယူအဆများသည် ယခင်ထက် ပို၍ ဆိုးရွားလာပြီးဖြစ်ကာ ဤလူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါင်းမာသော ရန်လိုမှုတစ်ခုကို တစ်ဖြည်းဖြည်း ဖြစ်ပေါ်စေကြပြီ ဖြစ်သည်။ ဤမုန်းတီးမှု၏ အရင်းအမြစ်သည် လူသား၏ အယူအဆများနှင့် စိတ်ကူးများတွင် တည်လေသည်။ လူသား၏ အယူအဆများနှင့် စိတ်ကူးများသည် ယနေ့ခေတ်အမှု၊ လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသည့် အမှု၏ ရန်သူ ဖြစ်လာပြီး ဖြစ်သည်။ ဤသည်မှာ အတိအကျအားဖြင့် အမှန်တရားသည် လူသားကို သူ၏ စိတ်ကူးများအား ဇက်ပုံပေးခွင့်မပြုသကဲ့သို့၊ ထို့အပြင် လူသားအနေနှင့် ယင်းကို အလွယ်တကူ ချေပနိုင်ခြင်း မရှိဘဲ၊ လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည် အမှန်တရား၏ တည်ရှိခြင်းကို ခွင့်မပြုသည်သာမက၊ လူသားသည် အချက်အလက်များ၏ အမှားထောက်ပြခြင်းနှင့် မှန်ကန်မှုအပေါ် စဉ်းစားခြင်း မရှိဘဲ၊ သူ၏ အယူအဆများကို စွဲစွဲမြဲမြဲ လွှတ်ပေးရုံမျှ လွှတ်ပေးပြီး သူ၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကို အသုံးပြုသောကြောင့် ဖြစ်ပေသည်။ ဤအရာကို လူသား အယူအဆများ၏ အပြစ်ဟုသာပြောနိုင်ပြီး ဘုရားသခင့်အမှု၏ အပြစ်ဟု ပြော၍ မရပေ။ လူသားသည် သူဆန္ဒရှိသည့် မည်သည့်အရာကိုမဆို စိတ်ကူးကောင်း စိတ်ကူးနိုင်သော်လည်း၊ ဘုရားသခင်၏ အမှု၏ မည်သည့်အဆင့်ကိုမျှ၊ သို့မဟုတ် မည်သည့်အစိတ်အပိုင်းကိုမျှ လွတ်လပ်စွာ အငြင်းပွားနိုင်ခြင်း မရှိပေ။ ဘုရားသခင့်အမှု၏ အမှန်တရားကို လူသားက ချိုးဖောက်၍ မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

အကယ်၍ ဘုရားသခင်သည် အပြောင်းအလဲမရှိသော ရွှံ့စေးရုပ်တုအလား၊ ဘုရားသခင်ကို အကဲဖြတ်ရန်နှင့် ဘောင်ခတ်ရန် မိမိတို့၏ အယူအဆများ အသုံးပြုသည့်အပြင်၊ သမ္မာကျမ်းစာ၏ ကန့်သတ်ချက်များအတွင်း၌ ဘုရားသခင်ကို လုံးလုံးလျားလျား ဘောင်ခတ်ပြီး အကန့်အသတ်ရှိသော အမှုအတိုင်းအတာအတွင်း၌ သူ့ကို ထိန်းချုပ်ထားပါက၊ ဤသည်မှာ သင်တို့က ဘုရားသခင်ကို ရှုတ်ချမိပြီဖြစ်ကြောင်း သက်သေပြလေသည်။ ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ပြီး မေရှိယဟု ခေါ်ခြင်းခံရသောသူမှသာလျှင် ဘုရားသခင်ဖြစ်နိုင်သည့်အလား၊ ဓမ္မဟောင်းခေတ်ထဲက ယုဒလူမျိုးတို့သည် သူတို့၏စိတ်နှလုံးထဲ၌ တရားသေ စွဲကိုင်ထားသည့် ရုပ်တုဆင်းတုပုံစံအဖြစ် ဘုရားသခင်ကို သဘောထားခဲ့ကြသောကြောင့်၊ ထို့ပြင် လူသားမျိုးနွယ်က ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ အစေခံပြီး ကိုးကွယ်ခဲ့ကြသောကြောင့်၊ သူတို့သည် ထိုခေတ်၏ယေရှုကို သေမိန့်ပေးကာ လက်ဝါးကားတိုင်ထက်၌ သံမှိုစွဲရိုက်ခဲ့ကြကာ- ထိုသို့ဖြင့် အပြစ်မဲ့သောယေရှုမှာ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားခြင်း တစ်စုံတစ်ရာ ကင်းမဲ့ခဲ့စေကာမူ၊ လူသားက သူ့ကို သက်ညှာရန် ငြင်းဆန်ခဲ့ပြီး၊ သူ့ကို သေမိန့်ပေးရန် မရမကတောင်းဆိုခဲ့ကြသဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိဟု လူက အမြဲယုံကြည်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် လူက ပြီးပြည့်စုံသော နားလည်ခြင်းရှိသည့်အလား၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာခပ်သိမ်းကို လူက သူ၏လက်ခုပ်ထဲတွင် ထိန်းထားသည့်အလား သမ္မာကျမ်းစာဟူသော တစ်အုပ်တည်းသော စာအုပ်ပေါ်အခြေခံ၍ သူ့အား အနက်ဖွင့်ဆိုကြသည်။ လူတို့သည် လွန်လွန်ကဲကဲပင် ကိုးရိုးကားရား ဖြစ်နေကြပြီး၊ လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ၊ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ အသိပညာမှာ မည်မျှပင် ကြီးမားနေပါစေ၊ သင်သည် ဘုရားသခင်၏ အမှုကို လုံးလုံးလျားလျား လိုက်နာနိုင်စွမ်း မရှိသည့်အပြင်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ထားသည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်း မရှိသောကြောင့်၊ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင် ဖြစ်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်ကို ပြစ်မှားမိခဲ့ပြီဖြစ်ကြောင်း ငါပြောနေသေးသည်။ ဘုရားသခင်သည် လူ၏ လုပ်ဆောင်ချက်များအပေါ် အဘယ်ကြောင့် မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်၊ သူ၌ အယူအဆများ များစွာရှိပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာ လက်တွေ့အရှိတရားနှင့် မည်သို့မျှ မကိုက်ညီသောကြောင့်ဖြစ်ကာ၊ ထိုအစား သူသည် အပြောင်းအလဲမရှိဘဲ ဓာတ်ပြားဟောင်းကိုသာ ငြီးငွေ့ဖွယ် ပြန်ပြန်ဖွင့်နေပြီး အခြေအနေတိုင်းအတွက် တစ်ခုတည်းသော ကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယနေ့တွင် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာကာ နောက်ထပ်တစ်ကြိမ် လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများ၏ သံမှိုစွဲရိုက်ထားခြင်းကို ခံရခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်” မှ

အကယ်၍ လူတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို မဖြေရှင်းပါက၊ အနှောင့်အယှက်များနှင့် ဝင်ရောက်စွက်ဖက်ခြင်းများကို ဖြစ်စေသည့် အရာများ လုပ်ဆောင်ဖို့ ၎င်းတို့အတွက် လွယ်ကူလာ၏။ သာ၍ဆိုးရွားသော ကိစ္စများတွင်၊ လူတို့၏ အယူအဆများသည် ၎င်းတို့အထဲတွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို ခုခံခြင်းမျိုးစုံ ဖြစ်စေနိုင်၏၊ ယင်းက သင့်အား ခရစ်တော်ကို မေးခွန်းထုတ်စေနိုင်ပြီး သူ့ကို လက်မခံနိုင်ဖြစ်လာစေကာ တစ်ချိန်တည်းတွင်ပင် သင်၏သမ္မာတရားကို လက်ခံခြင်းနှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ထိခိုက်စေပေသည်။ သာ၍ပင် ဆိုးရွားသ‌ည့် ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် လူတို့၏ အယူအဆအမျိုးမျိုးသည် ၎င်းတို့အား ဘုရားသခင်၏အမှု၊ ဘုရားသခင်အမှုပြုသည့် နည်းလမ်းများနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ငြင်းပယ်စေ၏- ထိုသို့ဖြစ်လျှင် ၎င်းတို့၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ဘာဆိုဘာမျှ မရှိပေ။ လူတို့၌ ဘုရားသခင်၏ မည်သည့်သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ အယူအဆများ ရှိသည်ဖြစ်စေ၊ ဤအယူအဆများနောက်ကွယ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ခိုအောင်းနေ၏၊ ယင်းအယူအဆများက လူတို့အား ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသုံးပြုလျက် ဘုရားသခင်၏အမှု၊ ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို ချဉ်းကပ်ရန် မူမမှန်သော အကြောင်းပြချက်တစ်ခုကို သာ၍ပင် ပေးရင်း၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သာ၍ ဆိုးလာစေ၏၊ ဤအရာက ၎င်းတို့အား ဘုရားသခင်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ခုခံဖို့ အားပေးတိုက်တွန်းသည် မဟုတ်လော။ ဤသည်မှာ လူသားအတွက် အယူအဆများ၏ အကျိုးဆက် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

လူသားသည် ဘုရားသခင်ကို မနာခံနိုင်သည်မှာ ၎င်းသည် ယခင်က လာခဲ့သည့်အရာကို စိတ်စွဲနေသောကြောင့် ဖြစ်သည်။ ယခင်က လာခဲ့သည့် အရာများသည် လူတို့ကို ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးမျိုးစုံတို့ကို ပေးပြီးဖြစ်ကာ ဤအရာများသည် ၎င်းတို့၏ စိတ်များထဲ၌ ဘုရားသခင်၏ ပုံရိပ် ဖြစ်လာပြီးဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့ ယုံကြည်သည့် အရာများသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ နှင့်ဆိုင်သော စံနှုန်းများ ဖြစ်သည်။ ယနေ့တွင် တကယ့်အမှုကိုပြုသော ဘုရားသခင်နှင့် သင်၏စိတ်ကူး၌ရှိသည့် ဘုရားသခင်ကို ယှဉ်၍ သင် တိုင်းတာပါက၊ သင်၏ယုံကြည်ခြင်းသည် စာတန်ထံမှလာပြီး၊ သင်၏ ကြိုက်နှစ်သက်မှုများဖြင့် စွန်းထင်းနေပေသည်- ဘုရားသခင်သည် ဤသို့သော ယုံကြည်ခြင်းမျိုးကို မလိုလားပေ။ ၎င်းတို့၏ အရည်အချင်းများ မည်မျှမြင့်မားသည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ၎င်းတို့၏ ဆက်ကပ်မှုများကို ပဓာနမထားဘဲ- ၎င်းတို့သည် ဘုရားသခင်၏အမှုအဖို့ တစ်သက်တာ အားထုတ်မှုများကို ဆက်ကပ်ပြီးဖြစ်ကာ မိမိတို့ကိုယ်ကိုယ် အသက်စတေးပြီးဖြစ်လျှင်ပင်- ဘုရားသခင်သည် ဤကဲ့သို့သော ယုံကြည်ခြင်းရှိသည့် မည်သူကိုမျှ မထောက်ခံပေ။ သူသည် ၎င်းတို့အပေါ် ကျေးဇူးတော် အနည်းငယ်မျှသာ အပ်နှင်းပြီး၊ ယင်းကို အချိန်တစ်ခုကြာ မွေ့လျော်ခွင့်ပေးလေသည်။ ဤသို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်းတွင် အလုပ် မလုပ်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့အသီးသီးကို တစ်ယောက်တစ်လဲ ဖယ်ရှားမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်” မှ

ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း၊ သူ့ကို နာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ အကယ်၍သာ သူသည် လူသား၏ ၎င်း၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ စီရင်မည်ဆိုပါက၊ လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူဇာတိခံ ဘုရားသခင်ကို တမင် ဆန့်ကျင်သော သူတို့သည် ၎င်းတို့၏ မနာခံမှုအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်သောသူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ ဆန့်ကျင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို သွေးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် ခုခံကာ ဖျက်ဆီးကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ၊ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ၊ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။ ဘုရားသခင်၏အမှုကို တမင် နှောင့်ယှက်ခြင်း မရှိသူတို့သည် ရည်ရွယ်ချက်ရှိရှိ နာခံနိုင်ကြပြီး အနှောင့်အယှက်များနှင့် အတားအဆီးများ ဖြစ်စေသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသောကြောင့် အပြစ်သားများကဲ့သို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်။ သို့သော်၊ လူတို့သည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးသည့်အချိန်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားဆဲဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို မသိနိုင်မြဲရှိပါက၊ ပြီးလျှင် သူ၏အမှုကို နှစ်ပေါင်းမည်မျှ ၎င်းတို့ ကြုံတွေ့ပြီးသည်ဖြစ်စေ၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ၎င်းတို့ ဆက်လက် ပြည့်နှက်ကြကာ သူ့ကို မသိလာနိုင်ကြသေးပါက၊ အနှောင့်အယှက် ပေးသော လုပ်ဆောင်ချက်များတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိလျှင်ပင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာဖြင့် ပြည့်နှက်ကြပြီး၊ ဤအယူအဆများသည် သိသာလာခြင်း မရှိသော်လည်း၊ ဤကဲ့သို့သော လူများသည် ဘုရားသခင်၏အမှုအဖို့ မည်သို့မျှ အကူအညီမဖြစ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ဧဝံဂေလိတရားကို မဖြန့်ဝေနိုင်ကြပေ၊ သို့မဟုတ် သူ့အဖို့ သက်သေမရပ်တည်နိုင်ကြပေ။ ဤသို့သော လူများသည် အသုံးမကျသကဲ့သို့ ဉာဏ်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လုံးလုံးလျားလျား မစွန့်ပစ်နိုင်ကြသောကြောင့်၊ ၎င်းတို့ ပြစ်တင်ရှုတ်ချခံကြရ၏။ ယင်းကို ဤသို့ဆိုနိုင်၏- ယုံကြည်ခြင်း၌ လူသစ်များအတွက် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ကိုင်စွဲခြင်း သို့မဟုတ် သူနှင့်ပတ်သက်၍ ဘာမျှမသိခြင်းသည် ပုံမှန်ဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ ဘုရားသခင်၌ ယုံကြည်ပြီးဖြစ်ကာ သူ၏အမှုကို များစွာတွေ့ကြုံရပြီးသူတစ်ဦးအတွက်၊ အယူအဆများကို ဆက်လက်ကိုင်စွဲဖို့မှာ ထိုသို့သောလူတစ်ဦးအတွက် ပုံမှန်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိဖို့ဆိုသည်မှာ ဤကဲ့သို့သော လူတစ်ဦးအတွက် သာ၍ပင် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု မဟုတ်သောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခြင်း ခံရကြပေသည်။ ဤပုံမှန်မဟုတ်သော လူများသည် အမှိုက်သာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသော သူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အချည်းနှီး မွေ့လျော်ကြသူများ ဖြစ်၏။ ထိုသို့သော လူအားလုံးသည် အဆုံးတွင် ဖယ်ရှားခံကြရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

အရှေ့သို့- လူသားသည် ဘုရားသခင်နှင့် ဘုရားသခင်၏အမှုတော်တို့နှင့်ပတ်သက်၍ မည်သည့် အယူအဆများကို သိုထားသနည်း။

နောက်တစ်ခုသို့- လူတစ်ယောက်သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်း၏ အယူအဆများနှင့် စိတ်ကူးများကို မည်သို့ဖြေရှင်းသနည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင်...

သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် နောက်ဆုံးသောကာလတွင် တရုတ်ပြည်၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအတွက် အခြေခံအကြောင်းရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ပရောဖက်များမှ ပြောကြားခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံဘုရားသခင်မှ ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သည်။ သူသည်...

ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် သူ၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပေ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာသည့်အကြိမ်တိုင်းတွင် သူ၏ နာမ၊ သူ၏ လိင်၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်