၄) လူတစ်ယောက်သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်း၏ အယူအဆများနှင့် စိတ်ကူးများကို မည်သို့ဖြေရှင်းသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့၏ အယူအဆများကို သမ္မာတရားအား အသုံးပြုလျက် ဖြေရှင်းရမည်။ ယင်းတို့ကို လူလုပ်ဖြေရှင်းနည်းဖြင့် အလွယ်တကူ ဘေးဖယ်ထား၍ မရနိုင်- ယင်းသည် ထိုမျှလောက် မလွယ်ကူပေ။ လူတို့သည် ဖြောင့်မတ်သော ကိစ္စရပ်များကို ဆည်းကပ်မှု မရှိဘဲ၊ ၎င်းတို့ ဘေးဖယ်ထားဖို့ အခက်တွေ့ကြသည့် အယူအဆများ၊ သို့မဟုတ် မိစ္ဆာဆန်ပြီး အဓိပ္ပာယ်မရှိသော အရာများကို ဖက်တွယ်တတ်ကြသည်။ ဤအရာ၏ အကြောင်းတရားမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၌ ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသောကြောင့် ဖြစ်သည်။ လူတို့၏ အယူအဆများက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆိုးရွားသည်ဖြစ်စေ၊ မဆိုးရွားသည်ဖြစ်စေ၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိကြပါက၊ ဤအယူအဆများကို ဖြေရှင်းဖို့ လွယ်၏။ နောက်ဆုံးတွင်တော့၊ အယူအဆများမှာ တွေးခေါ်မှု နည်းလမ်းတစ်ခုသာ ဖြစ်သည်။ သို့သော် ခက်ထန်မှု၊ ဆိုးညစ်မှုနှင့် မာနထောင်လွှားမှုတို့ကဲ့သို့သော လူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကြောင့်၊ အယူအဆများသည် လူတို့အား ဘုရားသခင်ကို ခုခံစေသည့်၊ နားလည်မှုလွဲစေပြီး ဝေဖန်မှုကိုပင် ချမှတ်စေသည့် စနက်တံတစ်ခု ဖြစ်လာလေသည်။ ယင်းကို ၎င်းတို့ ထုတ်မပြောလောက်သော်လည်း၊ ၎င်းတို့၏ အပြုအမူက ၎င်းတို့သည် သင်၏ရှုထောင့်အမြင်ကို ခုခံပြီး လက်မခံကြသည်ကို ပြ၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံရလျက်၊ ၎င်းတို့သည် ၎င်းတို့၏ အယူအဆများကို ဖက်တွယ်ကြ၏- ၎င်းတို့၏ စိတ်သဘောထားက ဤအရာကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။ ထို့ကြောင့် အယူအဆများကို ဖြေရှင်းသည်နှင့်အမျှ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သေဘာထားများလည်း ဖြေရှင်းခံရလေသည်။ အကယ်၍ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းခံရပါက၊ ၎င်းတို့၏ မရင့်ကျက်သည့်၊ ကလေးဆန်သည့် အတွေးများစွာသည်- ရုပ်လုံးပေါ်လာနှင့်ပြီးဖြစ်သည့် အယူအဆများသည်ပင်- ၎င်းတို့အတွက် ပြဿနာတစ်ခု မဟုတ်ပေ။ ယင်းတို့သည် အတွေးများသာဖြစ်ပြီး၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအား၊ သို့မဟုတ် ဘုရားသခင်ကို သင်၏နာခံခြင်းအား မထိခိုက်ပေ။ အယူအဆများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဆက်စပ်နေကြ၏။ တစ်ခါတစ်ရံတွင် အယူအဆတစ်ခုသည် သင်၏စိတ်နှလုံးထဲတွင် ရှိသော်လည်း၊ သင်၏ လုပ်ရပ်များကို ယင်းက မညွှန်ကြားပေ။ ယင်းက သင်၏ လက်ငင်းအကျိုးစီးပွားများကို မထိပါးသည့်အချိန်တွင်၊ သင်သည် ယင်းကို မသိကျိုးကျွန်ပြု၏။ သို့သော်၊ ယင်းကို မသိကျိုးကျွန်ပြုခြင်းသည် သင်၏အယူအဆအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု မဆိုလိုသကဲ့သို့၊ သင်၏အယူအဆများနှင့် ကွဲလွဲသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ သင်သည် သဘောထားတစ်ခုခု၊ သင်၏ စိတ်သဘောထားက စိုးမိုးထားသည့် သဘောထားတစ်ခုဖြင့် ယင်းတို့ကို ဖက်တွယ်လေသည်။ ဤစိတ်သဘောထားမှာ ခက်ထန်မှု ဖြစ်နိုင်သည်၊ မာနထောင်လွှားမှု ဖြစ်နိုင်သကဲ့သို့ ဆိုးယုတ်မှု ဖြစ်နိုင်သည်။ သင်က၊ “ကျွန်ုပ်၏ ရှုထောင့်အမြင်သည် ကြိမ်ဖန်များစွာ သဘောတရားအားဖြင့် အတည်ပြုခံရပြီးဖြစ်သည်။ လူတို့သည် ထိုသို့သော အမြင်များကို နှစ်ထောင်ပေါင်းများစွာကြာ စွဲကိုင်လာကြပြီးဖြစ်သည်၊ ထို့ကြောင့် အဘယ်ကြောင့် ကျွန်ုပ်မစွဲကိုင်သင့်သနည်း။ ကိုယ်တော်သည် မမှန်ကန်ပါက၊ ယင်းသည် သမ္မာတရားဖြစ်ပြီး အခြားအရာအားလုံးအထက်တွင် ရှိသည်ဟု အဘယ်ကြောင့် ကိုယ်တော်ပြောနိုင်သေးသနည်း။ ကျွန်ုပ်၏ရှုထောင့်အမြင်သည် လူသားမျိုးနွယ်အားလုံးထဲတွင် အမြင်မားဆုံး ဖြစ်သည်” ဟု ဆိုရင်း ဘုရားသခင်ထံ လေလုံးထွားလေသည်။ အယူအဆတစ်ခုက သင့်ကို ဤကဲ့သို့ ပြုမူခြင်းသို့၊ ထိုသို့သော သင်္ကြန်အမြောက်ဖောက်ခြင်းသို့ ဆိုက်ရောက်စေနိုင်သည်။ မည်သည့်အရာက ဤအရာကို ဖြစ်ပေါ်စေသနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်ပေါ်စေခြင်းဖြစ်သည်။ အယူအဆများနှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား ဆက်နွှယ်မှုသည် ကြီးမားပြီး ၎င်းတို့၏ အယူအဆများကို ဖြေရှင်းရမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် လူတို့၏ အယူအဆများကို ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင့်အိမ်တော်၏ အမှုအစီအစဉ်များကို ကျိုးနွံနာခံဖို့ ၎င်းတို့အတွက် လွယ်ကူလာ၏၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို သာ၍ချောမွေ့စွာ ထမ်းဆောင်ကြသည်၊ ၎င်းတို့သည် လမ်းမလွှဲကြ၊ မစွက်ဖက်ကြ၊ သို့မဟုတ် မနှောင့်ယှက်ကြသကဲ့သို့၊ ဘုရားသခင်အပေါ် အရှက်ရစေသည့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြချေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

သင်တို့အနေဖြင့် သိနိုင်ကြဖို့အလို့ငှာ၊ ဤအသိပညာသည် သင်တို့ကို သာ၍သစ်လွင်၊ မှန်ကန်တိကျသော အသိပညာဆီသို့ ဦးဆောင်လမ်းပြနိုင်ဖို့အလို့ငှာ ဤနှုတ်ကပတ်တော်များ အားလုံးကို ယနေ့ သင့်အား ငါပြောရပေသည်။ အသစ်သော အသိပညာကို သင် ပိုင်ဆိုင်နိုင်ဖို့အလို့ငှာလည်း၊ ငါသည် သင့်အထဲရှိ အယူအဆဟောင်းများနှင့် သိရှိခြင်း နည်းလမ်းဟောင်းများကို အမြစ်ဖြတ်ဖို့ရန်၊ ဤနှုတ်ကပတ်တော်များကို ပြောရပေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်အမှန်တကယ် စားသောက်ပါက၊ သင်၏ အသိပညာသည် အတော် ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းစိတ်နှလုံးဖြင့် သင် စားသောက်သရွေ့၊ သင်၏ရှုထောင့်အမြင် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင်သည် အထပ်ထပ် ပြစ်တင်ဆုံးမခြင်းများကို လက်ခံနိုင်သရွေ့၊ သင်၏စိတ်နေစိတ်ထား အဟောင်းသည် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထားအဟောင်းသည် အသစ်သော စိတ်နေစိတ်ထားဖြင့် လုံးလုံးလျားလျား အစားထိုးခံရသရွေ့၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း လျော်ညီစွာ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ရည်ရွယ်သည့်အရာကို တိုး၍ ရရှိလာမည်၊ ဘုရားသခင်၏အလိုကို တိုး၍ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ သင်၏ဘဝ၊ လူ့ဘဝနှင့် သက်ဆိုင်သည့် သင်၏အသိပညာနှင့်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အယူအဆများစွာတို့ကို သင်ပြောင်းလဲနိုင်ပါက၊ သင်၏သဘာဝကျခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဤအရာနှင့် ဤအရာသည်သာ လူတို့ကို ဘုရားသခင် သိမ်းပိုက်သည့်အခါ၊ ရရှိသည့် အကျိုးသက်ရောက်မှုဖြစ်သည်၊ ယင်းသည် လူတို့အထဲတွင် ဖြစ်ပွားသည့် ပြောင်းလဲမှုဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)” မှ

လူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် နားလည်မှုလွဲခြင်းများနှင့် အယူအဆများ ဖြစ်ပေါ်စေသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်မှာ သမ္မာတရားဖြစ်ပြီး လူတို့၌ သမ္မာတရားမရှိကြသကဲ့သို့၊ တလွဲထင်ကြသည်မှာ ၎င်းတို့သာလျှင် ဖြစ်သည်မှာ သေချာသည်ဟု ပထမဆုံး အသိအမှတ်ပြုရမည်ဖြစ်သည်။ ဤသည်မှာ လုပ်ရိုးလုပ်စဉ်တစ်မျိုးလော။ သင်သည် အပေါ်ယံအားဖြင့် ဤလက်တွေ့လုပ်ဆောင်မှုကို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ်သာ ခံယူပါက၊ သင်ကိုယ်တိုင်၏ အမှားများကို သင် သိလာနိုင်သလော။ မည်သည့်အခါတွင်မျှ မသိနိုင်ပေ။ ယင်းသည် အဆင့်အချို့လိုသည်။ ပထမဦးဆုံး၊ သင်၏ လုပ်ရပ်များသည် အခြေခံသဘောတရားများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို သင် ဆုံးဖြတ်ရမည်။ ပထမဦးစွာ သင်၏ ရည်ရွယ်ချက်များကို မကြည့်နှင့်။ သင်၏ ရည်ရွယ်ချက်များ မှန်ကန်သည့် အချိန်များရှိသော်လည်း သင် လက်တွေ့လုပ်ဆောင်သည့် အခြေခံသဘောတရားများက မှားယွင်းပေသည်။ သင် လက်တွေ့လုပ်ဆောင်သည့် အခြေခံသဘောတရားများက မှားယွင်းသည်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ သင့်အနေဖြင့် ရှာဖွေပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မည်သည့် အခြေခံသဘောတရားများမှာ အဘယ်အရာ ဖြစ်သည်ကို သင် လုံးဝ သိနားလည်မှု ရှိကောင်းရှိမည်မဟုတ်။ သင်သည် လုံးဝ မရှာဖွေသေးသကဲ့သို့ သင်၏ လုပ်ရပ်များကို သင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် စိတ်အားထက်သန်မှုတို့အပေါ်နှင့် သင်၏ စိတ်ကူးစိတ်သန်းနှင့် အတွေ့အကြုံတို့အပေါ် လုံးဝဥဿုံ အခြေခံပြီး ထို့ကြောင့် သင်သည် အမှားတစ်ခု ပြုလုပ်မိခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းကို သင် စိတ်ကူးနိုင်ပါသလော။ သင်သည် တစ်စုံတစ်ရာကို ကြိုတင်မမျှော်လင့်နိုင်သည့်အခါ၊ အမှားတစ်ခု ပြုမိ၏၊ ထိုအခါ သင်သည် ဖော်ထုတ်ခံရခဲ့သည် မဟုတ်လော။ သင် ဖော်ထုတ်ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်မြဲယှဉ်ပြိုင်နေပါက၊ သင် မည်သို့ အမှားလုပ်မိသနည်း။ သင်၏ အကြီးမားဆုံးသော အမှားမှာ တစ်စုံတစ်ရာကို သင် အမှားလုပ်ခဲ့ပြီး အခြေခံသဘောတရားများကို ချိုးဖောက်မိခဲ့ကာ၊ ထိုသို့ဖြင့် ဆုံးရှုံးမှုတစ်ခု သို့မဟုတ် အခြား အကျိုးဆက်များကို ဖြစ်စေခြင်း မဟုတ်ဘဲ၊ တစ်စုံတစ်ရာကို အမှားပြုမိပြီးသည့်နောက်၊ သင်သည် ဇွတ်လုပ်ကာ သင်၏ အမှားကို အသိအမှတ်မပြုနိုင်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှု မှန်ကန်သည်ကို ငြင်းပယ်လျက်၊ ဘုရားသခင်ကို သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် ခုခံဆဲ ဖြစ်သည်။ ဤသည်မှာ သင်၏ အကြီးမားဆုံးနှင့် အကြီးလေးဆုံး အမှား ဖြစ်ခဲ့သည်။ လူတစ်ဦးထဲက ထိုသို့သော အခြေအနေတစ်ခုသည် ဘုရားသခင်ကို ခုခံခြင်း အခြေအနေတစ်ခု အဘယ်ကြောင့် ဖြစ်မည်နည်း။ လူတို့သည် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူ၏ အချုပ်အခြာအာဏာတို့ မှန်ကန်ပြီး၊ ယင်းတို့၏ အရေးပါမှုက မည်သည့်အရာဖြစ်သည်ကို သတိမပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင် မှားယွင်းသည်ကို ပထမဆုံး သတိမပြုမိနိုင်ပါက၊ ၎င်းတို့၏ အခြေအနေသည် ဘုရားသခင်ကို ခုခံခြင်း အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ပြုပြင်ဖို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဖော်ပြပြီးဖြစ်သည့်အတိုင်း၊ ဘုရားသခင်၏ အလိုကို ရှာဖွေခြင်းသည် လူတို့အတွက် လက်တွေ့ကျလှသည် မဟုတ်ပေ။ အချို့က “ရှာဖွေခြင်းသည် လက်တွေ့ကျလှသည် မဟုတ်ပါက၊ ယင်းမှာ ထိုအရာသည် မလိုအပ်သကဲ့သို့ ရှာဖွေကာ နားလည်၍ရနိုင်သည့်အရာကို ရှာ‌ဖွေဖို့ မလိုအပ်ဟု ဆိုလိုသလော။ ထိုအဆင့်ကို ကျွန်ုပ် ကျော်သာကျော်သွား၍ရနိုင်သည်” ဟု ပြောကြ၏။ ဤသည်မှာ သင့်တော်မည်လော။ ဤပုံစံဖြင့် ပြုမူသူတစ်ဦးသည် မကယ်တင်နိုင်လောက်အောင် ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် အမှန်တကယ် ၎င်းတို့၏ အနက်ပြန်မှုများတွင် တိမ်းချော်ပြီး မှားယွင်းနေကြ၏။ ဘုရားသခင်၏ အလိုကို ရှာခြင်းသည် လူတို့အတွက် အတော်အတန် ဝေ့ဝိုက်သော အလုပ်တစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် သာ၍လက်တွေ့ကျသော ဖြတ်လမ်းတစ်ခုကို လိုက်ရန် ဆန္ဒရှိပါက၊ မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ခြင်း၊ မိမိတို့ကိုယ်ကိုယ် ဘေးဖယ်ထားခြင်း၊ ၎င်းတို့၏ လုပ်ရပ်များ မှားယွင်းပြီး သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိသည်ကို သိရှိခြင်းနှင့် ထို့နောက် သမ္မာတရား အခြေခံသဘောတရားကို ရှာဖွေခြင်းအားဖြင့် ၎င်းတို့ စတင်သင့်၏။ ဤသည်တို့ စတင်ရမည့်အဆင့်များဖြစ်၏။ ယင်းတို့သည် ရိုးရှင်ပုံရကောင်းရနိုင်သော်လည်း၊ လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းအပြင်၊ စိတ်ကူးစိတ်သန်းမျိုးစုံ၊ တောင်းဆိုမှုမျိုးစုံ ရှိကြပြီး၊ ၎င်းတို့သည် စိတ်ဆန္ဒများအပြင် လူတို့အား မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်းတို့ကို နှောင့်ယှက်သည့် အရာအားလုံး ရှိကြသည့်အတွက်၊ ထိုအဆင့်တို့ကို လက်တွေ့လုပ်ဆောင်ခြင်းသည် အခက်အခဲများစွာ ပါရှိနေသည်။ ဤသည်တို့မှာ လုပ်ဆောင်ဖို့ လွယ်ကူသော အရာများ မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

သင်၏ အယူအဆများနှင့် ဆက်စပ်မှုမရှိသည့် တစ်စုံတစ်ရာ သင့်ထံ ဖြစ်ပျက်သည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက်စားသောက်နေနိုင်ပြီး သင်၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နေနိုင်သည်။ သို့သော် သင်၏အယူအဆများနှင့် ကွဲလွဲပြီး ယင်းတို့ကို ကျော်လွန်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်ကာ၊ ယင်းက ဝိရောဓိများ ဖြစ်ပေါ်စေပါက၊ ယင်းတို့ကို သင်မည်သို့ဖြေရှင်းသနည်း။ သင်သည် သင်၏အယူအဆများကို ဇက်ကုန်လွှတ်ပေးပြီး ယင်းတို့ကို သူ့ဘာသာသူ ဖြစ်ခွင့်ပေးသလော၊ သို့မဟုတ် ယင်းတို့ကို သင်ကိုင်တွယ်ဖြေရှင်းသလော၊ ယင်းတို့ကို ချုပ်တည်းပြီး စွန့်လွှတ်ဖို့ သင်ကြိုးစားသလော။ ပြဿနာတစ်ခုကို ကြုံရသည့်အခါ အယူအဆများ ရှိသည့် လူအချို့၊ ယင်းတို့ကို ဘေးဖယ်မထားသည်သာမက၊ ဖြန့်ဝေဖို့ အခြားသူများကို ရှာဖွေသည့် လူအချို့ရှိ၏။ အခြားသူများ၌လည်း ဤအယူအဆများ ရှိနိုင်ကြဖို့အလို့ငှာ၊ ဤအယူအဆများကို ဖွင့်ချပြောဖို့ အခွင့်အရေးတစ်ခုကို ၎င်းတို့ရှာဖွေကြလေသည်။ အချို့တို့က၊ “ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အဓိပ္ပာယ်ရှိသည်ဟု သင်ပြောသည်၊ သို့သော် ကျွန်ုပ်ပြောနိုင်သရွေ့၊ ဖြစ်ပျက်သွားသည့်အရာတွင် အဓိပ္ပာယ်မရှိပါ။ ဤအရာသည် သမ္မာတရားနှင့် သဘောကွဲလွဲပြီး သမ္မာတရားနှင့် သဘောကွဲလွဲသည့်အရာများကို ကျွန်ုပ်ကြုံရသည့်အခါ၊ ကျွန်ုပ်တစ်ခုခုပြောရမည်၊ ဖြောင့်မတ်ခြင်းအတွက် ကျွန်ုပ်ရပ်တည်ရမည်” ဟု ရှင်းချက်ထုတ်ဖို့ ကြိုးစားကြသည်။ ထိုသို့သော အပြုအမူသည် သင့်တော်သလော။ မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်ဖို့ သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အမှုအရာများကို အချိန်ယူစဉ်းစားပြီး ၎င်းတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးက ပုံမှန်မဟုတ်ကြောင်း၊ ၎င်းတို့အတွင်းတွင် ဘုရားသခင်နှင့်ပတ်သက်သည့် နားမလည်မှုလွဲခြင်းများ ပေါ်ပေါက်ပြီးဖြစ်ကြောင်းကို နားလည်သည့် အယူအဆများရှိသော လူအချို့ရှိပြီး၊ ၎င်းတို့၌ ထိုသို့သော အယူအဆများ ရှိခြင်းသည် ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်၏။ ၎င်းတို့၏ အယူအဆများကို မဖြေရှင်းပါက၊ ၎င်းတို့သည် အန္တရာယ်များစွာ ရှိနိုင်ပြီး၊ ဘုရားသခင်ကို ခုခံတတ်ဖို့၊ သံသယထားတတ်ပြီး ကျောပင်ကျောခိုင်းတတ်ဖို့ ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟု ၎င်းတို့တွေးထင်ကြသည်။ ထို့ကြောင့် ဘုရားသခင်ထံ ၎င်းတို့ဆုတောင်းပြီး ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားကြသည်။ ပထမဦးစွာ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် မှားယွင်းသော ရှုထောင့်အမြင်များကို ငြင်းဆိုကြ၏၊ ထို့နောက် သမ္မာတရားကို ရှာဖွေကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏အယူအဆများကို အပြည့်အဝစိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိနိုင်ကြသေးသော်လည်း၊ သို့မဟုတ် ယင်းတို့ကို လုံးဝဘေးဖယ်ထားပြီး မဖြေရှင်းနိုင်ကြသေးသော်လည်း၊ အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ သမ္မာတရားက ၎င်းတို့၏အတွေးများနှင့် အပြုအမူကို အတွင်းမှ လမ်းညွှန်ပေးပြီး၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင်လည်း ၎င်းတို့ကို လမ်းပြလေသည်၊ ထို့ကြောင့် ၎င်းတို့၏တာဝန် မထိခိုက်ပေ။ ယင်းမှာ ၎င်းတို့ထံ တစ်စုံတစ်ရာဖြစ်ပျက်ပြီး ၎င်းတို့၏အယူအဆများ ဖြေရှင်းခံရသည့် နေ့တစ်နေ့ ရောက်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ဖို့ မှန်ကန်သော နည်းလမ်းဖြစ်သည် မဟုတ်လော။ လူအချို့သည် ဘုရားသခင်က ၎င်းတို့အတွက် ပြုလုပ်ပေးထားသည့် အစီအစဉ်တစ်ခုနှင့်ပတ်သက်၍၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်ထားသည့် တစ်စုံတစ်ရာနှင့်ပတ်သက်၍ အတော်အတန် မကျေမချမ်းဖြစ်ကောင်းဖြစ်နိုင်ကာ၊ ယင်းက ၎င်းတို့အထဲ၌ အယူအဆများကို ပေါက်ဖွားစေပြီး၊ နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ စိတ်မပါဖြစ်လာကြ၍ ယင်းကို ကောင်းမွန်စွာ မထမ်းဆောင်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ခုခံမှု၊ မကျေနပ်မှုနှင့် မကျေမချမ်းမှုတို့ဖြင့် အပျက်သဘောဆောင်သည့် အခြေအနေမျိုးတစ်ခုတွင် စဉ်ဆက်မပြတ် ရှိကြသည်။ ထိုသို့သော အပြုအမူသည် မှန်ကန်သလော။ ထိုသို့သော အရာများသည် ဖြေရှင်းဖို့ လွယ်ကူသလော။ ဥပမာအားဖြင့် သင်က သင့်ကိုယ်သင် အလွန်တော်သည်ဟု ထင်၏၊ ထို့နောက် ငါက သင်သည် စဉ်းစားဉာဏ်မရှိသကဲ့သို့ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ဟု ပြောသည် ဆိုပါစို့။ ဤအရာကို ကြားရခြင်းက သင့်ကို ဒေါသထွက်စေပြီး ရန်မူလိုစေသည်- “ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ငါနားမလည်ဟု မည်သူမျှမပြောဝံ့။ ယင်းကို ယနေ့ငါပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သည်။ ဤစကားများကို ငါလက်မခံနိုင်။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ငါနားမလည်ပါက အသင်းတော်ကို ငါဦးဆောင်နိုင်မည်လော။ ထိုသို့သော ကြီးမားသည့်အလုပ်ကို ငါလုပ်ဆောင်နိုင်မည်လော။” ဝိရောဓိတစ်ခု ဖြစ်ပေါ်လာ၏၊ ဟုတ်သလော။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ဖို့မှာ လူတို့အတွက် လွယ်ကူပေသည်။ မည်သည့်လူစားမျိုးများက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်နိုင်သနည်း။ သမ္မာတရားကို လက်ခံပြီး ရှာဖွေသောလူများ ဖြစ်သည်။ ပထမဦးစွာ၊ သင်သည် မိမိကိုယ်ကို ငြင်းရမည်။ သင်သည် မိမိကိုယ်ကိုနှင့်ဆိုင်သည့် မှန်ကန်သောအသိ မရှိသကဲ့သို့၊ သင်မှားသည်၊ မှန်သည်ကို သတိမပြုမိနိုင်လျှင်ပင်၊ သို့မဟုတ် မသိနားမလည်မှု အတိုင်းအတာတစ်ခု သင်၌ ရှိလျှင်ပင်၊ သင်သည် စဉ်းစားဉာဏ်မရှိသကဲ့သို့ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ဟု ဘုရားသခင်ပြောသည်ကို သင်ကြားသည်နှင့်တစ်ပြိုင်နက်၊ သင့်ကိုယ်သင် မသိသော်လည်း၊ ဤသည်မှာ သင်၏သဘာဝ အနှစ်သာရနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်- သင့်အနေဖြင့် မတူကွဲပြားစွာ တွေးလျှင်ပင်၊ ဤစကားများကို သမ္မာတရားအဖြစ် လက်ခံယုံကြည်ရမည်ဖြစ်ပြီး ယင်းတို့ကို ကျင့်သုံးရမည်ဖြစ်သည်။ နောက်ပိုင်းတွင်၊ အခြားသူများနှင့် အလုပ်လုပ်ပြီး အပြန်အလှန်ဆက်ဆံနေစဉ်တွင်၊ သင့်ကိုယ်သင် ၎င်းတို့နှင့် နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည်သာမက၊ ပညာလည်း အလွန်အမင်းမဲ့သည်ကို သင်တွေ့မြင်ရလေသည်။ သင်၌ ဆိုးရွားသည့် ပြဿနာတစ်ခု ရှိသည်ကို ရှာဖွေတွေ့ရှိပြီးနောက်၊ ဘုရားသခင်ပြောခဲ့သည့်အရာကို သင်အပြည့်အဝ လက်ခံနိုင်ခြင်း မရှိသလော။ ဤစကားများကို သင်လက်ခံရမည်။ ပထမဦးစွာ ယင်းတို့ကို စည်းမျဉ်းတစ်ခု၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု၊ သို့မဟုတ် အမြင်သဘောထားတစ်ခုအဖြစ် လက်ခံလော့၊ ထို့နောက် သင်၏တကယ့်အသက်တာတွင် ယင်းကို ကျင့်သုံးရန် နည်းလမ်းတစ်ခုကို စဉ်းစားလော့၊ ယင်းကို သိရှိဖို့နှင့် တွေ့ကြုံဖို့ နည်းလမ်းတစ်ခုကို စဉ်းစားလော့။ အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ သင်၌ မိမိကိုယ်ကိုနှင့်ဆိုင်သည့် မှန်ကန်သော ဆန်းစစ်တွက်ချက်ခြင်းတစ်ခု ရှိလာလိမ့်မည်။ ထိုအခါ သင်၌ ဘုရားသခင်နှင့်ပတ်သက်သည့် နားလည်မှုလွဲခြင်းများ ရှိလိမ့်ဦးမည်လော။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှု မရှိသည့်အခါ၊ သင့်အပေါ် ဘုရားသခင်၏အကဲဖြတ်ခြင်းကို သင်သည် ကန့်ကွက်နိုင်စွမ်း ရှိလိမ့်ဦးမည်လော။ သင်သည် ယင်းကို လက်ခံလိမ့်မည်ဖြစ်ပြီး မနာခံဘဲ နေမည်မဟုတ်တော့ပေ။ သင့်အနေဖြင့် သမ္မာတရားကို လက်ခံနိုင်ပြီး ဤကိစ္စရပ်ကို အပြည့်အဝ နားလည်ပါက၊ ရှေ့သို့ ခြေလှမ်းတစ်လှမ်း သင်လှမ်းလိမ့်မည်။ သင်လက်မခံပါက၊ သင်ရှိသည့်နေရာတွင် အစဉ်ထာဝရ ပိတ်မိမြဲပိတ်မိနေလိမ့်မည်ဖြစ်ပြီး မည်သည့်တိုးတက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

လူသားကို ဘုရားသခင်၏ ကယ်တင်ခြင်းသည် အနှစ်မဲ့သော စကားများသာ မဟုတ်ပေ။ သမ္မာတရားနှင့် သဘောကွဲလွဲသည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမှုအရာများကို- ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများ၊ အသိပညာ၊ ဒဿနအမြင်များ၊ ရိုးရာယဉ်ကျေးမှု၊ စသည်တို့ကို- ဖြေရှင်းဖို့အလို့ငှာနှင့် ဤအရာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့်၊ အပြုသဘောဆောင်သော အရာများတွင် မည်သည့်အရာပါဝင်သည်၊ အပျက်သဘောဆောင်သော အရာများတွင် မည်သည့်အရာပါဝင်သည်၊ ဘုရားသခင်ထံမှ မည်သည့်အရာများ လာသည်၊ စာတန်ထံမှ မည်သည့်အရာများ လာသည်၊ သမ္မာတရားက မည်သည့်အရာဖြစ်ပြီး၊ စာတန်၏ ဒဿနအမြင်များနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့က မည်သည့်အရာဖြစ်သည်တို့ကို လူသားအား နားလည်စေဖို့အလို့ငှာ ဤသမ္မာတရားများအားလုံးကို ဘုရားသခင်ဖော်ပြ၏။ လူတို့သည် ဤအရာများကို အရှိအတိုင်း မြင်နိုင်ကြသည့်အခါ၊ ဘဝ၏ မှန်ကန်သော လမ်းကြောင်းကို လိုက်စားဖို့ ၎င်းတို့ အလိုအလျောက် ရွေးချယ်ကြလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသည်၊ ဘုရားသခင် စေခိုင်းသည့်အတိုင်း လုပ်ဆောင်နိုင်ကြပြီး အပျက်သဘောဆောင်သော အရာများကို သိမြင်နိုင်ကြလေသည်။ ဤသည်မှာ လူကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ ထိုနည်းတူပင် ယင်းသည် လူတို့ကို သူစုံလင်စေကာ ကယ်တင်သည့် စံနှုန်းလည်း ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်သည် လူသား၏ အယူအဆများကို စိတ်ဖြာလေ့လာသော်လည်း ကျွန်ုပ်၌ အယူအဆများ မရှိပါ။ အယူအဆများရှိသည့် လူတို့သည် ထုံးစံအတိုင်း စဉ်းလဲသော မြေခွေးအိုများ ဖြစ်ကြသည်၊ သို့မဟုတ်ပါက ဓမ္မပညာရှင်များနှင့် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများ ဖြစ်သည်။ ကျွန်ုပ်သည် ထိုသို့မဟုတ်ပါ” ဟု ပြောကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြချေ။ ၎င်းတို့ထံ မည်သည့်အရာကို မိတ်သဟာယပြုသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့မှာ ထိုသို့မဟုတ်ဟု တွေးရင်း၊ ယင်းကို မိမိတို့ကိုယ်ကိုအဖို့ ကျင့်သုံးနိုင်စွမ်းမရှိကြချေ။ ဤသည်မှာ မသိနားမလည်မှုဖြစ်ပြီး၊ ၎င်းတို့၌ ဝိညာဉ်ရေးရာ အမှုအရာများနှင့်သက်ဆိုင်သည့် သိနားလည်မှု မရှိကြချေ။ ဤနည်းဖြင့် သင်တွေးနိုင်သလော။ ယနေ့တွင်၊ လူအများစုသည် ထိုသို့မတွေးကြပေ။ ၎င်းတို့သည် တရားဒေသနာများစွာကို ကြားထားကြပြီးဖြစ်သည်၊ အယောက်တိုင်း၌ ပြုသမျှနု၍ အပျက်သဘောဆောင်သော ဖောက်ပြန်ပျက်စီးခြင်းများနှင့် အယူအဆများ ရှိကြပြီး၊ ယင်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးရာတွင် ရှက်စရာ မည်သည့်အရာမျှမရှိဟု ၎င်းတို့ခံစားမိကြသည်။ ထို့အပြင်၊ ယင်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီးနောက်တွင်၊ ယင်းသည် အခြားသူများကို ချင့်ချိန်နိုင်စွမ်း တိုးတက်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ကြီးထွားလိမ့်မည်ဖြစ်ကာ သမ္မာတရားကို သာ၍ လျင်မြန်စွာ နားလည်နိုင်ကြလိမ့်မည်ဟု ၎င်းတို့ယုံကြည်ကြလေသည်။ ဤအကြောင်းရင်းကြောင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပွင့်ပွင့်လင်းလင်း စိတ်ဖြာလေ့လာဆွေးနွေးနိုင်ကြသည်။ ကိုင်း၊ ထိုသို့ဆိုလျှင်၊ အယူအဆများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ ဤအယူအဆများကို ဘေးဖယ်ထားဖို့၊ လူသားနှင့် ဘုရားသခင်ကြားက နားလည်မှုလွဲခြင်းများကို ဖြေရှင်းဖို့ဖြစ်ပြီး၊ ထို့နောက်တွင် လူသားအား ဘုရားသခင်စေခိုင်းသည့်အရာအပေါ် လူတို့အာရုံစိုက်အောင်၊ ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ မည်သို့ဝင်ရောက်ရမည်ကို လူတို့သိရှိအောင်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်အရာ လုပ်ဆောင်ရမည်ကို လူတို့သိရှိအောင် ပြုပေးဖို့ ဖြစ်သည်။ နောက်ဆုံးတွင်၊ ဤနည်းဖြင့် အဆက်မပြတ် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ ရည်ရွယ်ထားသည့် အကျိုးတရားကို စွမ်းဆောင်ရရှိပေသည်။ တစ်ဖက်တွင်၊ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို နားလည်လာကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံလာနိုင်ကြလိမ့်မည်ဖြစ်ကာ၊ အခြားတစ်ဖက်တွင်၊ ၎င်းတို့သည် ဆိုးညစ်သော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ၊ ပြီးလျှင် အသိပညာမှ ထွက်ပေါ်သော အရာများကဲ့သို့သော အပျက်သဘောဆောင်သည့်အရာများစွာကို ငြင်းပယ်ကာ ခုခံဖို့ ခံနိုင်ရည် ရှိကြလိမ့်မည်။ ဘာသာရေး ပညာရှင်တစ်ဦး၊ ဓမ္မပညာရှင်တစ်ဦး၊ သို့မဟုတ် ဘာသာရေး သင်းအုပ်ဆရာတစ်ဦး၊ သို့မဟုတ် အကြီးအကဲတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့နှင့် သင်စတင်စကားပြောလိုက်သည်နှင့် ၎င်းတို့ကို သင်ရိပ်စားမိနိုင်ကာ၊ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများ၊ မိစ္ဆာအယူဝါဒများနှင့် အတွေးမှားများ အမြောက်အမြားကို ချေပဖို့ သမ္မာတရားကို အသုံးပြုနိုင်လိမ့်မည်။ ဤအရာက သင်သည် အပျက်သဘောဆောင်သည့်အရာများကို ခွဲခြားနိုင်ကြောင်း၊ သမ္မာတရားအချို့ကို သင်နားလည်ထားပြီးဖြစ်ကြောင်း၊ ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုကို သင်ပိုင်ဆိုင်ထားပြီး၊ ထို့ကြောင့် ဤဘာသာရေး ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်လန့်ခြင်း မရှိကြောင်းကို ပြသပေသည်။ သင်သည် ဘာသာတရား၏ ကျမ်းဟောင်းတရားများနှင့် အယူဝါဒ၊ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို ရိပ်စားမိပြီးဖြစ်သည့်အတွက်၊ ၎င်းတို့ပြောဆိုကြသည့် အသိပညာ၊ သင်ယူလေ့လာမှုနှင့် ဒဿနအမြင်များသည်- ၎င်းတို့၏ အတွေးအမြင်စနစ်နှင့် သဘောတရားတို့သည်ပင်- ခုခံကာကွယ်ခြင်းငှာ မစွမ်းသာသကဲ့သို့၊ ဘာသာတရား၏ အမှုအရာများက သင့်ကို မလှည့်ဖြားနိုင်တော့ပေ။ သို့သော် သင်သည် ထိုနေရာသို့ မရောက်သေး။ ဤဘာသာရေး လူလိမ်များနှင့် ဖာရိရှဲများ၊ သို့မဟုတ် ဂုဏ်ဒြပ်အနည်းငယ်ရှိသည့်သူ တစ်ဦးတလေနှင့် သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် ကြောက်လန့်လေသည်။ ၎င်းတို့ပြောဆိုနေသည့်အရာသည် မှားယွင်းကြောင်း၊ ယင်း၌ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ ပါဝင်ကြောင်း၊ အသိပညာမှ ပေါက်ဖွားလာကြောင်းကို သင်သိသော်လည်း၊ ယင်းကို မည်သို့ငြင်းဆိုရမည်ကို သင်မသိ၊ မည်သည့်နေရာမှစ၍ ယင်းကို စတင် စိတ်ဖြာလေ့လာဆွေးနွေးရမည်၊ သို့မဟုတ် ဤလူတို့ကို မည်သည့် စကားများဖြင့် ဖော်ထုတ်ရမည်ကို သင်မသိပေ။ ဤအရာက သင်သည် သမ္မာတရားအား နားမလည်သေးသည်ကို ပြသည် မဟုတ်လော။ ထို့ကြောင့် သင်တို့သည် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ သင်ယူရမည်။ သမ္မာတရားကို သင်နားလည်သွားသည့်အခါ၊ အခြားလူတို့ကို သင်ရိပ်စားမိနိုင်လိမ့်မည်ဖြစ်သည်၊ သို့သော် သမ္မာတရားကို သင်နားမလည်ပါက၊ ၎င်းတို့ကို မည်သည့်အခါတွင်မျှ ရိပ်စားမိလိမ့်မည် မဟုတ်ပေ။ လူများနှင့် အမှုအရာများကို ရိပ်စားမိဖို့၊ သမ္မာတရားကို သင်နားလည်ရမည်။ သင်၏ အခြေခံအုတ်မြစ်အဖြစ်၊ သင့်အသက်အဖြစ် သမ္မာတရား မရှိဘဲ၊ သင်သည် မည်သည့်အရာကိုမျှ နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်နိုင်လိမ့်မည်မဟုတ်ပေ။

လူတို့သည် အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို ဖြေရှင်းပြီးချိန်တွင်၊ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အသိပညာနှင့် အတွေ့အကြုံများ ရှိသွားကြပြီး၊ တစ်ချိန်တည်းတွင် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့လည်း ၎င်းတို့ဝင်ရောက်ကြပြီး ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း ဖြစ်စဉ်တွင်၊ လူတို့အထဲတွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများသည် တစ်ခုချင်း ဖြေရှင်းခံရပြီး ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ အနှစ်သာရနှင့် လူတို့အပေါ် ဘုရားသခင်ထားရှိသည့် သဘောထား အမျိုးမျိုးနှင့်ဆိုင်သည့် လူတို့၏ အသိပညာတွင် အပြောင်းအလဲတစ်ခု ရှိလေသည်။ ဤအပြောင်းအလဲသည် အဘယ်သို့ ဖြစ်ပေါ်သနည်း။ ယင်းသည် လူတို့က ၎င်းတို့၏ အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို ဘေးဖယ်ထားသည့်အချိန်၊ အသိပညာ၊ ဒဿနအမြင်၊ ရိုးရာယဉ်ကျေးမှု၊ သို့မဟုတ် ပြင်ပလောကမှ လာသော စိတ်ကူးများနှင့် ရှုထောင့်အမြင်များ အမျိုးမျိုးကို ဘေးဖယ်ထားပြီး၊ ထိုအစား ဘုရားသခင်ထံမှ လာပြီး သမ္မာတရားနှင့် ဆက်စပ်သည့် အမျိုးမျိုးသော ရှုထောင့်အမြင်တို့ကို လက်ခံကြသည့်အခါတွင် ဖြစ်ပေါ်ပေသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏အသက်အဖြစ် လူတို့လက်ခံကြချိန်တွင်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့လည်း ဝင်ရောက်ကြပြီး၊ သမ္မာတရားကို အသုံးပြုရင်း မေးခွန်းများကို အရေးထားကာ တွေးတောနိုင်ကြ၍ ပြဿနာများကို သမ္မာတရားအား အသုံးပြုရင်း ဖြေရှင်းနိုင်ကြလေသည်။ ဤသည်တို့မှာ အယူအဆများကို ဖြေရှင်းခြင်းက လူတို့၏အသက်နှင့် ၎င်းတို့၏ ဖြစ်တည်မှုထံ ဆောင်ကြဉ်းပေးသော အပြောင်းအလဲများ ဖြစ်သည်။ လူတို့သည် ထိုသို့သော အပြာင်းအလဲများကို စွမ်းဆောင်ရရှိကြသည့်အခါ၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ဖန်ဆင်းခံသတ္တဝါများနှင့် ဖန်ဆင်းရှင်တို့၏ ဆက်ဆံရေးတစ်ခု ဖြစ်လာသည်။ ဤအဆင့်ရှိ ဆက်ဆံရေးများတွင်၊ ယှဉ်ပြိုင်မှုမရှိ၊ စုံစမ်းနှောင့်ယှက်ခြင်းမရှိသကဲ့သို့၊ ပုန်ကန်မှု နည်းပါးလွန်းလှပေသည်။ လူတို့သည် များစွာ သာ၍ နာခံကြသည်၊ နားလည်မှုရှိကြသည်၊ ကိုးကွယ်တတ်ကြသည်၊ ဆည်းကပ်မှုရှိကြပြီး ဘုရားသခင်အပေါ် ရိုးသားကြကာ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ကြလေသည်။ သို့သော် လူတို့၏ အယူအဆများကို ဖြေရှင်းခြင်းသည် အလွန်စိတ်မချမ်းမြေ့စရာ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကို ငြင်းပယ်ရမည်၊ ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားရမည်၊ မှန်သည်ဟု ၎င်းတို့ယုံကြည်သည့်အရာများကို ဘေးဖယ်ထားရမည်၊ ၎င်းတို့ဖက်တွယ်သည့် အရာများကို ဘေးဖယ်ထားရမည်၊ မှန်ကန်မည်ဟု ၎င်းတို့ယုံကြည်ထားကြပြီး ၎င်းတို့၏ အသက်တာတစ်လျှောက်လုံး ၎င်းတို့လိုက်စားလာပြီး တောင့်တထားကြသည့် အရာများကို ဘေးဖယ်ထားရမည်ဖြစ်သည်။ ဤသည်မှာ လူတို့သည် မိမိတို့ကိုယ်ကို စွန့်လွှတ်ရမည်၊ စာတန်၏ လောကထံမှ သင်ယူခဲ့ရသည့် အသိပညာ၊ အတွေးအခေါ်များကို- ၎င်းတို့၏ ဖြစ်တည်မှု နည်းလမ်းကိုပင်- ဘေးဖယ်ထားရမည်ဖြစ်ပြီး ယင်းတို့ကို အခြားအသက်ရှင်ခြင်းနည်းလမ်း၊ သမ္မာတရားဖြစ်သည့် ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်၊ အရင်းအမြစ်တို့နှင့် အစားထိုးရမည်ဟု ဆိုလိုပေသည်။ ထိုသို့ဖြင့်၊ လူတို့သည် ကြီးမားသည့် ဆင်းရဲဒုက္ခကို သည်းခံရမည်ဖြစ်သည်။ ထိုသို့သော ဆင်းရဲဒုက္ခမှာ ရုပ်ပိုင်းဆိုင်ရာ မကျန်းမာမှု၊ သို့မဟုတ် နေ့စဉ်ဘဝ၏ ဆင်းရဲဒုက္ခနှင့် အခက်အခဲများ မဖြစ်နိုင်သော်လည်း၊ ယင်းသည် မတူကွဲပြားသော အမှုအရာများနှင့် လူသားမျိုးနွယ်နှင့်ဆိုင်သည့် သင်၏စိတ်နှလုံးထဲရှိ အမြင်မျိုးစုံထဲက အပြောင်းအလဲတစ်ခုမှ လာကောင်းလာနိုင်သည်၊ သို့မဟုတ် ယင်းသည် ကမ္ဘာလောက၊ လူသားတည်ရှိမှု၊ လူသားမျိုးနွယ်နှင့် ဘုရားသခင်နှင့်ပင် သက်ဆိုင်သည့် သင်၏အသိပညာနှင့် အမြင်တို့ကို ပြောင်းပြန်လှန်စေသော၊ ဘုရားသခင်နှင့်ပတ်သက်၍ သင်၌ရှိသည့် အသိပညာ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများထဲက အပြောင်းအလဲတစ်ခုမှပင်လျှင် လာကောင်းလာနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

အရှေ့သို့- အယူအဆများနှင့်စိတ်ကူးများကို ဖြေရှင်းမထားဘဲရှိပါက၊ မည်သည့် ထိခိုက်နစ်နာခြင်းနှင့် အကျိုးဆက်များ ဖြစ်ပေါ်မည်နည်း။

နောက်တစ်ခုသို့- သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်သည့် သရုပ်သကန်များမှာ အဘယ်နည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း...

သမ္မာတရားဆိုသည်မှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း...

လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်တို့ကြားရှိ ကွဲပြားခြားနားမှုများ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ပြီးလျှင် သူက၊ ကိုယ်တော်ကို အကျွန်ုပ် အသနားခံပါ၏၊ ကိုယ်တော်၏ ဘုန်းအသရေကို ကျွန်ုပ်အား ပြတော်မူပါဟု ဆို၏။...

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည် ဖြူသောပလ္လင်ကြီးထံမှ တရားစီရင်ခြင်း အမှု ဖြစ်သည်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်