အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၄၆ လက်တွေ့ကျသော ဘုရားကိုသိရန် အလွန်အရေးကြီး၏ကျူး

၁ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ်သစ္စာရှိနေသရွေ့ ခရစ်တော်ကို စိတ်ကြိုက်ဆက်ဆံနိုင်သည်ဟု သင်ယုံကြည်နေသလော။ မှား၏။ ခရစ်တော်ကို မသိခြင်းသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မသိခြင်းပင် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သင်မည်မျှ သစ္စာရှိသည်ဖြစ်စေ သင်၏ စကားသည် အချည်းနှီးသာ ဖြစ်သည်၊ ဟန်ဆောင်မှုမျှသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြေကြီးပေါ်၌ရှိသော ဘုရားသခင်သည် သမ္မာတရားနှင့် သာ၍နက်နဲသော အသိဉာဏ်ကို လူရရှိဖို့ လုပ်ပေးရာတွင် အဓိကကျသူ ဖြစ်သည့်အပြင် လူကို ဝေဖန်ပြစ်တင်ပြီးနောက် ကောက်ကျစ်သောသူများကို ဒဏ်ပေးရန် အချက်အလက်များ ရယူရာတွင်လည်း အဓိကကျသူ ဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းသည့်အကျိုးဆက်နဲ့ ဆိုးသည့်အကျိုးဆက်များကို သင် ယခု နားလည်ပြီလော။ ထိုအကျိုးဆက်များကို သင် ခံစားဖူးပြီလော။ ဘုရားသခင်ကို သိဖို့အတွက် သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သာမက သာ၍အရေးကြီးသည်မှာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို သိရမည် ဟူသည့် သမ္မာတရားကို သင်တို့ တနေ့နားလည်ဖို့ ငါဆန္ဒရှိသည်။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်းကို ဇဝေဇဝါ မဖြစ်ပါနှင့်။ အရေးသိပ်မကြီးသည့် အရာကိုလည်း တကယ်အရေးကြီးသည့် အရာထက်ပိုပြီး ဦးစားမပေးပါနှင့်။ သို့မှသာ ဘုရားသခင်နှင့် သင့်အကြားတွင် ကောင်းမွန်သော ဆက်ဆံရေး အမှန်တကယ် တည်ဆောက်နိုင်မည်၊ ဘုရားသခင်နှင့် အမှန်တကယ် ပိုရင်းနှီးနိုင်မည်၊ သင်၏နှလုံးသားကို ဘုရားသခင်နှင့် ပိုနီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယုံကြည် သူအဖြစ် သင့်ကိုယ်သင် ခံယူထားသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သော်လည်း ငါနှင့် ဝေးနေသေးလျှင် သင်သည် ဘုရားသခင်၏စိတ်သဘောထားကို မကြာခဏ စော်ကား သောကြောင့် ဖြစ်ပြီး သင်၏ အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်သည်ဟု ငါပြော၏။

၂ ငါနှင့် နှစ်အတန်ကြာ ပေါင်းသင်းခဲ့ခြင်းက သင့်ကို ကိုယ်ချင်းစာစိတ်ရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ သင်၏ မကောင်းသော စရိုက်များကို သင်၏ သဘာ၀ ဖြစ်လာစေ၍ သင်၏မိမိကိုယ်ကိုယ် ကြီးကျယ်ခန်းနားသည်ဟု ထင်ယောင်မှားခြင်းများသည် အရင်ကထက်နှစ်ဆ များလာသည်သာမက ငါ့ကိုလည်း သာ၍ နားလည်မှုလွဲလာပြီး ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထားလာသည်အထိဖြစ်လျှင် သင်၏ရောဂါသည် အရေပြား၌ သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါ ပြောသည်။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေး သည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ ဘုရားသခင်အဖြစ် တောင်းခံရန် မလိုတော့ပေ။ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ် ပေးထိုက်သောအပြစ်ကို ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်က သင်၏အသက်ကို နုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားခြင်းသည် သာမန်ပြဿနာ တစ်ခုမဟုတ် အလွန်ကြီးလေး သဘာ၀ရှိသော ပြဿနာ တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ ထပ်ပြောရမည်ဆိုလျှင်- သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ် ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးလိမ့်မည်။ သင်တို့အားလုံးကို ငါဆုံးမလိုသည့် တစ်ခုတည်းသော အချက်မှာ ဤအချက်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဖောက်ပြန်သော လူသားမျိုးနွယ်သည် ခရစ်တော်ကို မြင်တွေ့ရန် မထိုက်တန်ကျူး

နောက်တစ်ခုသို့:အပြုသဘောဘက်သို့ တိုးတက်အောင် သင်ကြိုးစားသင့်၏ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ