အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ်၊ သို့မဟုတ် အကောင်အထည်မရှိသော မည်သည့်အရာမျှမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံထားရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အကြောင်းရင်း အတိအကျကြောင့် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်၊ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကယ်တင်ခြင်းအမှု၏ အဆင့်အားလုံးတောက်လျှောက်တွင် လူသားကို သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့ တူညီသောပင်ကိုအရည်အချင်းများကို ပိုင်ဆိုင်သည့် လူ့ဇာတိကို ခံယူရပေမည်၊ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောအကြောင်းရင်း အတိအကျကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရနှင့် သွင်ပြင်လက္ခဏာသည် လူသား၏အနှစ်သာရ၊ သွင်ပြင်လက္ခဏာတို့နှင့် ကြီးမားသော ကွာခြားမှုရှိသော်လည်း သူ၏အဆင်းသဏ္ဌာန်သည် လူနှင့်ဆင်တူပြီး၊ သာမန်လူတစ်ယောက်၏ အဆင်းသဏ္ဌာန် သူ့၌ရှိကာ၊ သာမန်လူတစ်ယောက်၏ ဘဝကိုနေထိုင်၍ သူ့ကိုမြင်သောသူများသည် သာမန်လူတစ်ယောက်နှင့် သူ၏ကွဲပြားမှုကို မသိနိုင်ပေ။ ဤသာမန်အဆင်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် သာမန်လူ့သဘာဝအကြားတွင် သူ၏ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပါသည်။ သူ၏ဇာတိခန္ဓာသည် သူ့အား သာမန်လူ့သဘာဝတွင် သူ၏အမှုကို ဆောင်ရွက်နိုင်စေပြီး၊ လူတို့ကြားတွင် သူ၏ အမှုလုပ်ဆောင်ခြင်းကို ကူညီပေးသည်၊ ထို့အပြင် သူ၏ သာမန်လူ့သဘာဝသည် လူသားတို့အကြား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်ရန်လည်း အကူအညီပေးသည်။ သူ၏သာမန်လူ့သဘာဝသည် လူတို့ကြား များစွာသော ဗလောင်ဆူမှုကို ဖြစ်စေခဲ့သော်လည်း၊ ထိုဗလောင်ဆူမှုသည် သူ့အမှု၏ ပုံမှန်အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်ခြင်းမရှိပေ။ အကျဉ်းချုပ်ဆိုရသော် သူ့သာမန်ဇာတိခန္ဓာ၏ အမှုသည် လူသားအတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်ကို ပေးသည်။ လူအများစုသည် သူ၏သာမန်လူ့သဘာဝကို လက်မခံသော်လည်း၊ သူ၏အမှုသည် အကျိုးသက်ရောက်နိုင်ဆဲဖြစ်ပြီး၊ သူ၏သာမန်လူ့သဘာဝကြောင့် ဤအကျိုးသက်ရောက်မှုများကို ရရှိခြင်းဖြစ်သည်။ ဤအတွက် ယုံမှားဖွယ်ရာမရှိ။ ဇာတိခန္ဓာရှိ သူ၏အမှုမှတစ်ဆင့် ဘုရားသခင်၏ သာမန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့ကြား၌ရှိနေသော အယူအဆများထက် လူသားတို့သည် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာ ပိုသောအရာတို့ကို လက်ခံရရှိသည်၊ ထိုအယူအဆများအားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့်အမှုတော်၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်။ ထို့ပြင် သူ့အမှုကရရှိသော အကျိုးသက်ရောက်မှုများ၊ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူ၏အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏အယူအဆများထက် သာလွန်များပြားသည်။ ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန်၊ သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ၊ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် မည်သည့်လူသား၏ဇာတိခန္ဓာနှင့်မျှ တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်၊ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်၊ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် မည်သည့်လူကိုမဆိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏အပြင်ပန်းသဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝသဘောပေါက်ခြင်း၊ သို့မဟုတ် နားလည်ခြင်း မရှိနိုင်သောကြောင့် ဖြစ်သည်။ မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် လူသားသည် မိမိ၏ကိုယ်ပိုင်ဘုရားသခင်က အကြိုက်နှစ်သက်ဆုံးအရာနှင့် မိမိကို ပြုလုပ်စေလိုဆုံး မည်သည့်အရာကိုမဆို သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိဟု ယုံကြည်ပြီး၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။ ဤအရာသည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှာ မရေမရာဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာဟု ဆိုနိုင်သည်၊ သူတို့ရှာဖွေသောအရာသည် အားလုံးအတူတူသာဖြစ်ပြီး ကွာခြားမှု အနည်းငယ်သာရှိသည်။ သူတို့၏ စိတ်ကူးများထဲမှ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြခြင်းသာဖြစ်ပြီး၊ သူတို့၏ အနှစ်သာရမှာမူ အကယ်စင်စစ် အတူတူပင်ဖြစ်သည်။

လူသားသည် ဘုရားသခင်အပေါ်ထားသော သူ၏ကြောင့်ကြမဲ့သည့် ယုံကြည်မှုအပေါ် စိတ်ပူပန်မှုမရှိဘဲ မိမိစိတ်ကြိုက် ဘုရားသခင်ကို ယုံကြည်သည်။ ယင်းသည် မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်သည့် “လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ” ထဲမှ တစ်ခုဖြစ်သည်၊ အကြောင်းမှာ လူသားသည် အခြားသူ၏ ဘုရားသခင် မဟုတ်ဘဲ မိမိ၏ကိုယ်ပိုင်ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်သည်၊ ယင်းသည် သူ၏ ကိုယ်ပိုင်ပုဂ္ဂလိက ပိုင်ဆိုင်မှုဖြစ်ပြီး လူတိုင်းနီးပါးသည် ဤသို့သော ပုဂ္ဂလိကပိုင်ဆိုင်မှုမျိုးရှိကြ၏။ လူတို့သည် ဤပိုင်ဆိုင်မှုကို အဖိုးထိုက်သော ရတနာတစ်ခုအဖြစ် သတ်မှတ်ကြသော်လည်း ဘုရားသခင်အတွက်မူ ထိုထက် ပို၍နိမ့်ကျသောအရာ၊ သို့မဟုတ် ပို၍အသုံးမကျသောအရာ မရှိတော့ပေ၊ အကြောင်းမှာ လူသား၏ ဤပုဂ္ဂလိက ပိုင်ဆိုင်မှုထက် ဘုရားသခင်အား ဆန့်ကျင်ခြင်းကို ပို၍ရှင်းလင်းစွာပြသသည့်အရာ မရှိသောကြောင့်တည်း။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုကြောင့် ဘုရားသခင်သည် လူသားတို့ တွေ့မြင်၊ ထိတွေ့နိုင်သည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ပုံသဏ္ဌာန်ရှိသည့် ဇာတိခန္ဓာဖြစ်လာခြင်းဖြစ်သည်။ သူသည် ပုံသဏ္ဌာန်မရှိသော ဝိညာဉ်တော်မဟုတ်ဘဲ လူသားအနေဖြင့် ထိတွေ့ဆက်သွယ်ကာ တွေ့မြင်နိုင်သော ဇာတိခန္ဓာဖြစ်သည်။ သို့ရာတွင် လူတို့ယုံကြည်သည့် ဘုရားအများစုသည် ပုံသဏ္ဌာန်ကင်းမဲ့သော၊ ဇာတိခန္ဓာမရှိသည့် နတ်ဘုရားများဖြစ်ပြီး၊ ၎င်းတို့မှာ စိတ်ကြိုက်ပုံသဏ္ဌာန်နှင့်လည်း ဖြစ်နေသည်။ ဤသို့ဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အများစု၏ ရန်သူဖြစ်လာပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခဲ့သည်ဟူသော အချက်ကို လက်မခံနိုင်သည့် သူများသည်လည်း ထိုနည်းတူပင် ဘုရားသခင်၏ ရန်ဘက်များဖြစ်လာကြသည်။ လူသား၌ အယူအဆများရှိနေသည်မှာ သူ၏စဉ်းစားမှုပုံစံ၊ သို့မဟုတ် သူ၏ပုန်ကန်တတ်မှုကြောင့် မဟုတ်ဘဲ လူသား၏ ဤပုဂ္ဂလိကပိုင်ဆိုင်မှုကြောင့်ဖြစ်သည်။ ဤပိုင်ဆိုင်မှုကြောင့် လူအများစုသည် သေဆုံးကြပြီး၊ ထိတွေ့၍မရ၊ မမြင်တွေ့နိုင်၊ မတည်ရှိသော မရေရာသည့် ဤဘုရားကသာလျှင် အမှန်တကယ်တွင် လူသား၏အသက်တာကို ဖျက်ဆီးနေခြင်း ဖြစ်သည်။ လူ၏အသက်တာသည် လူ့ဇာတိခံယူသော ဘုရားသခင်ကြောင့် ဆုံးရှုံးပျက်စီးရခြင်း မဟုတ်ပေ၊ ကောင်းကင်ဘုံရှင် ဘုရားသခင်ကြောင့် ပျက်စီးရခြင်းလည်း သာ၍မဟုတ်ပေ၊ ထိုသို့ဖြစ်ရခြင်းမှာ လူ၏ ကိုယ်ပိုင်စိတ်ကူးထဲမှ ဘုရားကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဇာတိခန္ဓာထဲသို့ ကြွလာသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသား၏ လိုအပ်ချက်များကြောင့်ဖြစ်သည်။ ယင်းသည် လူ၏လိုအပ်ချက်များကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ လိုအပ်ချက်ကြောင့်မဟုတ်ပေ၊ ထို့ပြင် ဘုရားသခင်၏ ပေးဆပ်မှုများနှင့် ဒုက္ခခံယူမှုအားလုံးသည် လူသားမျိုးနွယ်အတွက်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင်၏ အကျိုးအမြတ်အတွက် မဟုတ်ပေ။ ဘုရားသခင်အတွက် အကောင်းနှင့် အဆိုးများ၊ သို့မဟုတ် ဆုလာဘ်များ မရှိပါ၊ ဘုရားသခင်သည် အနာဂတ် အကျိုးအမြတ်အချို့ကို ရိတ်သိမ်းမည်မဟုတ်ဘဲ၊ မူလကတည်းက သူထံတွင် အကြွေးတင်ထားပြီးသည့် အရာတို့ကို ရိတ်သိမ်းမည်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူပြုလုပ်သော၊ ပေးဆပ်သော အရာအားလုံးသည် ကြီးစွာသော ဆုလာဘ်များကို ရရှိရန်အတွက် မဟုတ်ဘဲ၊ လူသားမျိုးနွယ်အတွက် သက်သက်သာလျှင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပြုသော ဘုရားသခင်၏အမှုတွင် တွေးထင်မထားနိုင်သော အခက်အခဲများစွာ ပါဝင်သော်လည်း ယင်းအမှု၏ နောက်ဆုံး၌ရရှိမည့် အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အကျိုးသက်ရောက်မှုများထက် သာလွန်များပြားသည်။ ဇာတိခန္ဓာ၏ အမှုတွင် များစွာသော အခက်အခဲများ ပါဝင်သည်၊ ထို့အပြင် ဇာတိခန္ဓာသည် ဝိညာဉ်တော်နည်းတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော အဆင့်အတန်းကို မရရှိနိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှုမရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်ဖြင့် တိုက်ရိုက်လုပ်ဆောင်သော အမှုထက်သာ၍ ကြီးမြတ်လှပြီး ဤဇာတိခန္ဓာ ကိုယ်တော်တိုင်သည် လူသားတို့ လိုအပ်ချက်အားလုံး၏ အဖြေဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအားလုံးအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် ဇာတိခန္ဓာထက် သာ၍ သေးငယ်သည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာတို့ အားလုံးအပေါ်၌ လွှမ်းခြုံနိုင်သော်လည်း ဇာတိခန္ဓာ၏ အမှုသည် သူနှင့် ထိတွေ့မှုရှိသော သူအားလုံးအတွက် ပို၍ထိရောက်စွာ ပတ်သက်အကျုံးဝင်လေသည်။ ထို့အပြင် ထိတွေ့နိုင်သော ပုံသဏ္ဌာန်ရှိသည့် ဘုရားသခင်၏ ဇာတိခန္ဓာကို လူသားအနေဖြင့် ပို၍နားလည်ကာ ပို၍ယုံကြည်နိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို ပို၍နက်ရှိုင်းစေနိုင်ကာ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်အမှန်များနှင့်ပတ်သက်၍ ပို၍လေးနက်သော ထင်မြင်ချက်များကို လူသားတို့ထံတွင် ချန်ထားခဲ့နိုင်ပါသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ဖုံးကွယ်နေပြီး၊ သေမျိုးဖြစ်သည့် လူသားတို့အတွက် နားလည်ရန်ခက်ခဲလှကာ၊ တွေ့မြင်နိုင်ရန် ပို၍ပင်ခက်ခဲသဖြင့် သူတို့သည် အနှစ်သာရမဲ့သော ထင်မြင်ချက်များအပေါ်တွင် မှီခိုခြင်းသာ ပြုနိုင်သည်။ သို့ရာတွင် ဇာတိခန္ဓာ၏ အမှုသည် သာမန်ဖြစ်ပြီး၊ အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာရှိသည်၊ ထို့ပြင် လူသား၏ ခန္ဓာမျက်လုံးဖြင့် မြင်တွေ့နိုင်သည့် အချက်အလက်တစ်ခုဖြစ်သည်၊ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ကာ များပြားလှသော သူ၏စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်တော့ပေ။ ဤသည်မှာ ဇာတိခန္ဓာရှိသည့် ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုးဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့မမြင်နိုင်သော အရာများကိုသာ လုပ်နိုင်ပြီး လူတို့တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာ- ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဝိညာဉ်တော်၏ လှုပ်ရှားခြင်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်ခြင်းတို့ကိုသာ ပြုနိုင်သည်၊ သို့ရာတွင် စိတ်နှလုံးရှိသော လူသားတို့အတွက် ဤအရာတို့မှာ ရှင်းလင်းသော အဓိပ္ပာယ်ကို မထောက်ပံ့ပေးနိုင်ချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးအပ်ပြီး နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက်တစ်ခုကို မပေးအပ်နိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုမှာမူ အလွန်ပင်ကွာခြားသည်။ ထိုအမှု၌ နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းညွှန်မှုရှိပြီး၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ပန်းတိုင်တို့ရှိသည်။ သို့ဖြစ်၍ လူတို့သည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် သူတို့အတွေးအထင်များကို အသုံးပြုစရာ မလိုတော့ပေ။ ဤသည်မှာ ဇာတိခန္ဓာနှင့်ဆိုင်သည့်အမှု၏ ကြည်လင်ပြတ်သားမှုဖြစ်ပြီး ထိုအမှုနှင့် ဝိညာဉ်တော်၏ အမှုတို့ ကြီးမားစွာကွာခြားမှုဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွက်သာ သင့်လျော်ပြီး၊ ဇာတိခန္ဓာ၏အမှုကို အစားမထိုးနိုင်ပေ။ ဇာတိခန္ဓာ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို ပို၍တိကျပြီး လိုအပ်သော ပန်းတိုင်များ၊ ပို၍စစ်မှန်တန်ဖိုးရှိသော အသိပညာများပေးသည်။ ဖောက်ပြန်ပျက်စီးသော လူသားအတွက် အကြီးမားဆုံးသော တန်ဖိုးရှိသည့်အမှုမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ လိုက်လျှောက်ရန် ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်တွေ့နိုင်ကာ ထိတွေ့နိုင်သော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းညွှန်မှုတို့သည်သာလျှင် လူသား၏အကြိုက်များနှင့် သင့်လျော်ပြီး၊ စစ်မှန်သောအမှုသာလျှင် လူကို သူ၏ ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံယူသော ဘုရားသခင်အားဖြင့်သာလျှင် ရရှိနိုင်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် လူသား၏ ယခင်က ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ လူသားကို ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲအနှစ်သာရဖြစ်သော်လည်း ဤသို့သောအမှုကို သူ၏ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်းသာ အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ရှင်းလင်းသော အမှန်တရားဖြစ်သည်။ လူအများစုသည် ဤဇာတိခန္ဓာကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်လာကြသော်လည်း ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ သူ့ကိုဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်ရုံတင်မကဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏သက်သေများ ဖြစ်လာလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရသော သက်သေများ၊ သူနှင့်သဟဇာတရှိပြီး သူနှင့်ခွဲ၍မရသော သက်သေများဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် လူသားကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်သော သူ့အမှု၏ အရေးကြီးမှုကို သိရှိစေပြီး၊ လူသားသည်လည်း သူ၏တည်ရှိမှု၌ ထိုဇာတိခန္ဓာ၏ အရေးပါပုံကို နားလည်လာကာ၊ လူ့အသက်တာကြီးထွားမှု၌ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိလာလိမ့်မည်၊ ထို့အပြင် ဤဇာတိခန္ဓာသည် လူသားတို့ခွဲခွာရန် မစွမ်းသာသော ဘဝ၏သက်စမ်းရေဖြစ်လာမည်ဟု သိလာလိမ့်မည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ၊ အနေအထားနှင့်တူညီရန် ဝေးကွာလှကာ လူသားအတွက် ဘုရားသခင်၏ အဆင့်အတန်းအစစ်နှင့် သဟဇာတဖြစ်ပုံ မပေါ်သော်လည်း၊ ဘုရားသခင်၏ ပုံရိပ်အစစ်၊ သို့မဟုတ် သွင်ပြင်လက္ခဏာအစစ်ကို မပိုင်ဆိုင်ထားသော ဤဇာတိခန္ဓာသည် ဘုရားသခင်၏ဝိညာဉ်တော်က တိုက်ရိုက်မလုပ်ဆောင်နိုင်သော အမှုကို လုပ်ဆောင်နိုင်သည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူမှုနှင့်ဆိုင်သည့် စစ်မှန်သောအရေးပါမှုနှင့် တန်ဖိုးဖြစ်ပြီး၊ လူသားအနေဖြင့် အသိအမှတ်ပြုရန်နှင့် လက်ခံနိုင်ရန် မတတ်နိုင်သော အရေးပါမှုနှင့် တန်ဖိုးတို့ဖြစ်သည်။ လူသားအားလုံးသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြည်ညိုကြပြီး၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အထင်သေးကြသော်လည်း၊ သူတို့မည်သို့ပင် ကြည့်ရှုတွေးထင်စေကာမူ ဇာတိခန္ဓာ၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးသည် ဝိညာဉ်တော်၏ အရေးပါမှုနှင့် တန်ဖိုးထက် များစွာသာလွန်ပါသည်။ မှန်ပေ၏၊ ဤအရာသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်ပေသည်။ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းမှုကို တောင့်တသောသူအားလုံးအတွက် ဝိညာဉ်တော်၏အမှုသည် စိတ်ထိတွေ့မှု သို့မဟုတ် ဖွင့်ပြချက်နှင့် ရှင်းမပြနိုင်သော၊ တွေးထင်မထားနိုင်သော အံ့သြဖွယ်ခံစားချက်နှင့် ကြီးမြတ်သော၊ မြင့်မြတ်သော၊ နှစ်လိုဖွယ်ကောင်းသော ခံစားချက်တို့ကိုသာ ထောက်ပံ့ပေးနိုင်သည်၊ သို့သော်လည်း ထိုအရာသည် အားလုံးအတွက် ရယူရန်မဖြစ်နိုင်၊ မရရှိနိုင်သောအရာလည်း ဖြစ်သည်။ လူသားနှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခု ရှိဘိသည့်အလား တစ်ဦးနှင့်တစ်ဦး အဝေးမှသာ ကြည့်နိုင်ကြပြီး၊ မမြင်ရသော အပိုင်းအခြားတစ်ခုက ခွဲခြားထားသည့်နှယ် သူတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင်မူ ယင်းသည် ဝိညာဉ်တော်က လူသားကိုပေးထားသော အထင်မှားစေသည့်အရာ တစ်ခုဖြစ်သည်၊ အကြောင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သောကြောင့်ဖြစ်ပြီး၊ ဝိညာဉ်တော်နှင့် လူသားသည် တူညီသော လောကကြီးထဲတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်နိုင်မည် မဟုတ်သောကြောင့်ဖြစ်ကာ၊ ဝိညာဉ်တော်၌ လူနှင့်ဆိုင်သောအရာ ဘာမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားထံတွင် ဝိညာဉ်တော်လိုအပ်ချက် မရှိပေ၊ အကြောင်းမှာ ဝိညာဉ်တော်သည် လူသားတို့က အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက်မဆောင်ရွက်နိုင်သောကြောင့်ဖြစ်သည်။ ဇာတိခန္ဓာ၏အမှုသည် လူသားတို့ကို လိုက်လျှောက်ရမည့် စစ်မှန်သော ရည်ရွယ်ချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် စစ်မှန်ကာ ပုံမှန်ဖြစ်သည်ဟူသောခံစားမှု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသောခံစားမှု စသည်တို့ကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း လူအများစုအတွက် သူသည် နားလည်ဆက်စပ်နိုင်ရန် လွယ်ကူသည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကို မြင်တွေ့နိုင်သည်၊ သူ၏အသံကိုကြားနိုင်ပြီး သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤဇာတိခန္ဓာသည် လူသားတို့နှင့် တူညီသော ကမ္ဘာလောကကြီးထဲတွင် ရှိနေသဖြင့် ဤဇာတိခန္ဓာသည် လူသားတို့အတွက် ချဉ်းကပ်နိုင်သည်ဟု ခံစားရပြီး၊ ဝေးကွာခြင်း၊ နားမလည်နိုင်ခြင်းမရှိဘဲ၊ မြင်နိုင် ထိတွေ့နိုင်ပေသည်။

ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်လျှောက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် ဘုရားသခင်၏ မျက်နှာတော်အမှန်အား မျက်မြင်တွေ့ခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ စွမ်းဆောင်နိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်၊ ထို့ပြင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူသားကသာ လုပ်ဆောင်ပါက သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း၊ သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤအရာတို့ကို လူတို့ တဖြည်းဖြည်း သိလာခွင့်ပေးရန် လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့သာလျှင် ဤမရေရာသော၊ သဘာဝလွန်သောအရာများကို အစားထိုးနိုင်ကာ၊ ဤနည်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။ လူတို့သည် ယခင်အတိတ်က သူတို့ရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှုမရှိဘဲ သဘာဝလွန်ဖြစ်နေသည်ကို အသိအမှတ်ပြုသည်။ ဤအကျိုးဆက်ကို ရယူနိုင်သည့်အရာမှာ လူတစ်ဦးဦး၏ သင်ကြားမှုဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက်လမ်းညွှန်မှုကြောင့်ပင် မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော ဘုရားသခင်သာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သူ၏အမှုကို တရားဝင်ဆောင်ရွက်သောအခါ လူသား၏အယူအဆများသည် ဖော်ထုတ်လှန်ထားခြင်း ခံရသည်၊ အကြောင်းမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းသည် လူသား၏စိတ်ကူးထဲမှ မရေရာသော၊ သဘာဝလွန်သည့် ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်တည်း။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံယူသော ဘုရားသခင်နှင့် သူတို့၏ ဆန့်ကျင်ကွဲလွဲမှုဖြင့်သာ ထုတ်ဖော်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ လူသား၏ အယူအဆများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ၊ တစ်နည်းဆိုရသော် အမှန်တရားနှင့်နှိုင်းယှဉ်ပြခြင်းမရှိဘဲ မရေရာသော အရာများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ လုပ်နိုင်စွမ်းမရှိပေ၊ ထို့အပြင် မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား ဤအမှုကို မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင်အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ မရယူနိုင်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤရလဒ်ကို စွမ်းဆောင်နိုင်စွမ်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်နိုင်သော်လည်း၊ ဤအမှုကိုမူ ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိပေ၊ ထို့အစား ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကသာ လုပ်ဆောင်နိုင်သည်။ ဤဇာတိခန္ဓာသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ သာမှန်လူ့သဘာဝရှိသော လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့်အဝရှိသော ဘုရားသခင်လည်းဖြစ်သည်။ ထို့ကြောင့် ဤဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်သော်လည်း၊ ဝိညာဉ်တော်နှင့် အလွန်ကွာခြားလှသော်လည်း၊ ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ဖြစ်ပြီး ဇာတိခန္ဓာလည်းဖြစ်သော၊ လူသားတို့ကို ကယ်တင်သော၊ လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံးတွင်ကား လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာနှင့် ခွဲခြား၍မရဘဲ ဇာတိခန္ဓာ၏အမှုသည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ အမှုပင်ဖြစ်သောကြောင့် ဖြစ်လေသည်၊ ဤအမှုကို ဝိညာဉ်တော်၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ မလုပ်ဆောင်ဘဲ၊ ဇာတိခန္ဓာ၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ လုပ်ဆောင်ခြင်းမျှသာဖြစ်သည်။ ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်များသည် လူ့ဇာတိခံယူခြင်းကို မလိုအပ်ပေ၊ ထို့ပြင် ဇာတိခန္ဓာက လုပ်ဆောင်ရန်လိုအပ်သည့် အမှုကိုလည်း ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိဘဲ၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှသာလျှင် လုပ်ဆောင်နိုင်သည်။ ယင်းသည် ဤအမှုတော်အတွက် လိုအပ်သည့်အရာ၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်မှ လိုအပ်သည့်အရာဖြစ်သည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်အတွင်းတွင် အဆင့်တစ်ဆင့်ကိုသာလျှင် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်အဆင့်နှစ်ဆင့်ကိုမူ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်း မဟုတ်ဘဲ လူ့ဇာတိခံယူသော ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဝိညာဉ်တော်က လုပ်ဆောင်သော ပညတ်တော်ခေတ်၏ အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမပါဝင်သကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာနှင့်လည်း မည်သည့်ဆက်စပ်ခြင်းမျှ မရှိပေ။ သို့ရာတွင် ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲမှ ဘုရားသခင့်ဇာတိခန္ဓာ၏ အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် ဘုရားသခင်နှင့် ပတ်သက်သော လူ၏အသိပညာတို့ပါဝင်ကာ၊ ကယ်တင်ခြင်းအမှု၏ အရေးကြီး၍ အရေးပါလှသော အပိုင်းဖြစ်လေသည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ မိမိတို့ကို ထိန်းကျောင်းရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်တို့ကို လိုအပ်သည်၊ ထို့အပြင် လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ထံမှ ပို၍များသော ကောင်းချီးနှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သာလျှင် လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသားအတွက် အမြဲရှိနေသော အကူအညီဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့နှင့် ယခင်အတိတ်ကာလများမှ လူ့ဇာတိခံယူခြင်းကို လိုအပ်မှုဖြစ်သည်။

လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းမှုအားလုံးထဲ၌ အမြင့်ဆုံးအရာဖြစ်သဖြင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူသည် လူသားဖြစ်ပြီး စာတန်မဟုတ်ပေ၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ပြီး နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်းကို ခံရမည့်အရာဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်အရာဖြစ်သည်၊ ထို့ပြင် လူသား၏ ဇာတိခန္ဓာကို စာတန်က ဖျက်ဆီးခဲ့ပြီးဖြစ်၍ ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာပင် ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် အကြီးအကျယ် ဖျက်ဆီးခြင်းကို အများဆုံးခံခဲ့ရပြီး၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ ဖြစ်လာကာ ဘုရားသခင်၏တည်ရှိမှုကို ပို၍ပင် ပွင့်လင်းစွာ ဆန့်ကျင်၍ ငြင်းဆန်သည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် ပြောင်းလဲရန် အလွန်ပင်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ကိုင်တွယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန်လောက် ခက်ခဲသည့်အရာမရှိပေ။ စာတန်သည် လူ့ဇာတိခန္ဓာထဲသို့ နှောင့်ယှက်မှုများဖြင့် ဂြိုဟ်မွှေရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေခဲ့သဖြင့် လူသားသည် ဘုရားသခင်၏ရန်သူ၊ စာတန်ဖြစ်သွားသည်။ လူသားသည် ကယ်တင်ခံရရန်အတွက် သူသည် ပထမဆုံးအနေဖြင့် သိမ်းပိုက်ခြင်းကို ခံရမည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် အခက်အခဲကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန် လူ့ဇာတိခံယူပြီး စာတန်ကို တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သူ၏ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကာ ကျရှုံး၊ ပျက်သုဉ်းခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်သည့် သူ၏အမှုအားဖြင့် စာတန်ကို အနိုင်ယူကာ တစ်ဆက်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် တစ်ကြိမ်တည်းနှင့် ပြဿနာနှစ်ခုကို ဖြေရှင်းလေသည်။ လူသားနှင့် ပို၍ကောင်းစွာ ဆက်သွယ်နိုင်ရန်နှင့် လူသားကို ပို၍အောင်မြင်စွာ သိမ်းပိုက်နိုင်ရန် သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်သည်၊ ဇာတိခန္ဓာနှင့် စကားပြောသည်၊ ဇာတိခန္ဓာနှင့် အမှုအားလုံးကို ပြုသည်။ ဘုရားသခင်အနေဖြင့် နောက်ဆုံးအကြိမ် လူ့ဇာတိခံယူချိန်၊ နောက်ဆုံးသောကာလ၏ သူ့အမှုကို ဇာတိခန္ဓာနှင့် နိဂုံးချုပ်ပေလိမ့်မည်။ သူသည် လူသားအားလုံးကို အမျိုးအစားအလိုက်ခွဲခြားပြီး၊ သူ၏စီမံခန့်ခွဲမှုတစ်ခုလုံးကို အဆုံးသတ်ကာ ဇာတိခန္ဓာ၌ရှိသည့် သူ့အမှုအားလုံးကိုလည်း နိဂုံးချုပ်လိမ့်မည်။ ကမ္ဘာကြီးပေါ်မှ သူ၏အမှုအားလုံးသည် အဆုံးသို့ရောက်ချိန်တွင် သူသည် အပြည့်အဝ အောင်နိုင်မှုရလိမ့်မည်။ ဇာတိခန္ဓာနှင့် အလုပ်လုပ်ခြင်းဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ အောင်နိုင်ကာ အပြည့်အဝ သိမ်းပိုက်ရယူပြီး ဖြစ်လိမ့်မည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးမှာ အဆုံးသို့ရောက်မည်ကို ဆိုလိုခြင်းမဟုတ်လော။ ဘုရားသခင်သည် သူ၏အမှုကို ဇာတိခန္ဓာဖြင့် အဆုံးသတ်သောအခါ စာတန်ကို သူသည် အပြည့်အဝအနိုင်ယူကာ အောင်နိုင်သဖြင့် စာတန်သည် လူသားတို့ကို ဖျက်ဆီးရန် နောက်ထပ်အခွင့်အရေး ရနိုင်တော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်း၏ အမှုသည် လူသား၏အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းတို့ဖြစ်သည်။ ယခုတွင်မူ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် အပြည့်အဝ ရယူခြင်းနှင့်ဆိုင်သည့် အမှုဖြစ်သည်၊ သို့မှသာ စာတန်သည် သူ၏အလုပ်ကို ထပ်လုပ်ရန်လမ်းမရှိတော့ဘဲ လုံးဝဆုံးရှုံးကာ ဘုရားသခင်သည် အပြည့်အဝ အနိုင်ယူပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ ယင်းသည် ဇာတိခန္ဓာ၏အမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်မှ လုပ်ဆောင်သောအမှု ဖြစ်သည်။ ဘုရားသခင့်အမှုနှင့်ဆိုင်သည့် အဆင့်သုံးဆင့်၏ ကနဦးအမှုကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ပြီး ဇာတိခန္ဓာက လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်အမှုနှင့်ဆိုင်သည့် အဆင့်သုံးဆင့်၏ နောက်ဆုံးအမှုကိုမူ လူ့ဇာတိခံယူသော ဘုရားသခင်က လုပ်ဆောင်ပြီး ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမဟုတ်ပေ။ အလယ်အဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း ဇာတိခန္ဓာရှိသည့် ဘုရားသခင်က လုပ်ဆောင်သည်။ စီမံခန့်ခွဲမှု အမှုအလုံးစုံတစ်လျှောက်တွင် အရေးအကြီးဆုံးအမှုမှာ စာတန်၏လွှမ်းမိုးမှုမှ လူသားကိုကယ်တင်ရန်ဖြစ်သည်။ အဓိကအမှုမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝသိမ်းပိုက်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် သိမ်းပိုက်ခြင်းခံရသော လူသား၏နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မူလရိုသေလေးမြတ်မှုကို နဂိုအတိုင်း ပြန်ဖြစ်စေကာ၊ လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ၏ ပုံမှန်အသက်တာကို ရယူခွင့်ပေးမည်ဖြစ်သည်။ ဤအမှုသည်အရေးပါလှပြီး၊ စီမံခန့်ခွဲမှုအမှု၏ ဗဟိုချက်ဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် ပညတ်တော်ခေတ်နှင့် သက်ဆိုင်သော ပထမအဆင့်သည် စီမံခန့်ခွဲမှု အမှု၏ဗဟိုချက်နှင့် အလွန်ကွာဝေးလှသည်၊ ထိုအဆင့်သည် ကယ်တင်ခြင်းအမှု၏အသွင် အနည်းငယ်သာရှိပြီး စာတန်၏အုပ်စိုးမှုမှ လူသားကိုကယ်တင်သည့် ဘုရားသခင်၏ အမှုအစမဟုတ်ပေ။ အမှု၏ပထမအဆင့်ကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခဲ့သည်။ အကြောင်းမှာ ပညတ်တော်အောက်တွင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ သိရှိကြပြီး သမ္မာတရားများများစားစား မရှိကြပေ၊ ထို့ပြင် ပညတ်တော်ခေတ်၏အမှုသည် စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်သည့်အမှုနှင့်ပတ်သက်ရန် မဆိုထားနှင့်၊ ထိုအမှု၌ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်းများပါဝင်မှု မရှိသလောက်ဖြစ်သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်မပတ်သက်သော အလွန်ရိုးရှင်းသည့် ထိုအမှုအဆင့်ကို လုပ်ဆောင်ပြီးစီးခဲ့သည်။ ဤအမှုအဆင့်သည် စီမံခန့်ခွဲမှုဗဟိုချက်နှင့် ပတ်သက်မှု အလွန်နည်းပြီး၊ လူသားကိုကယ်တင်ရန် တရားဝင်အမှုနှင့် ဆက်စပ်မှု ကြီးကြီးမားမားမရှိသဖြင့် ဘုရားသခင်အနေနှင့် သူ၏အမှုကို ကိုယ်တိုင်လုပ်ဆောင်ရန် လူ့ဇာတိခံယူဖို့ မလိုအပ်ခဲ့ပေ။ ဝိညာဉ်တော်မှလုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ညွှန်းဆိုရာကျပြီး၊ နားလည်ရန်ခက်ခဲလွန်းလှသည်၊ ထို့ပြင် ယင်းသည် လူသားအတွက် ကြောက်မက်ဖွယ်ကောင်းပြီး ချဉ်းကပ်ရန်ခက်ခဲသည်၊ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက်လုပ်ဆောင်ရန် မသင့်တော်ပေ၊ လူသားထံ အသက်ကို တိုက်ရိုက်ထောက်ပံ့ပေးရန်လည်း မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် ချဉ်းကပ်နည်းသို့ အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကိုလုပ်ဆောင်ရန် ရိုးရိုးသာမန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်ပေတည်း။ ယင်းသို့ပြုရန် ဝိညာဉ်တော်၏ အမှုကိုအစားထိုးခြင်းငှာ ဘုရားသခင်သည် လူ့ဇာတိခံယူရန်လိုအပ်သည်၊ ဘုရားသခင်အနေဖြင့် အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်းမရှိတော့ပေ။ ဤအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် အဆင့်နှစ်ဆင့်ကို ဇာတိခန္ဓာနှင့် လုပ်ဆောင်ပြီး၊ ဤအဆင့်နှစ်ဆင့်သည် စီမံခန့်ခွဲမှု အမှု၏ အဓိကသော့ချက်အဆင့်များ ဖြစ်သည်။ လူ့ဇာတိခံယူမှုနှစ်ခုသည် အချင်းချင်း လိုက်ဖက်ညီကာ အချင်းချင်း စုံလင်စေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူမှုဆိုင်ရာ ပထမအဆင့်သည် ဒုတိယအဆင့်အတွက် အခြေခံအုတ်မြစ်ကိုခင်းပေးသည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူမှု နှစ်ခုသည် တစ်လုံးတစ်ဝတည်းဖြစ်ပြီး၊ အချင်းချင်း သဟဇာတမဖြစ်ခြင်းမရှိဟု ဆိုနိုင်သည်။ ဘုရားသခင့်အမှု၏ ဤအဆင့်နှစ်ဆင့်ကို ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူမှု သွင်ပြင်လက္ခဏာနှင့် လုပ်ဆောင်ခဲ့သည်၊ အကြောင်းမှာ ထိုအဆင့်တို့သည် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးအတွက် အလွန်အရေးကြီးသောကြောင့်တည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူမှုနှစ်ခုဆိုင်ရာ လုပ်ဆောင်ချက် မပါဝင်ပါက စီမံခန့်ခွဲခြင်း အမှုအလုံးစုံသည် ရပ်တန့်သွားနိုင်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်သည့် အမှုသည် အနှစ်မဲ့သည့် စကားကဲ့သို့ ဘာမှမဟုတ်သည့်အရာ ဖြစ်သွားမည်ဟု ပြောနိုင်လောက်သည်။ ဤအမှု အရေးကြီး၊ မကြီးသည် လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ် အခြေခံပြီး၊ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားခြင်းဆိုင်ရာ အရှိတရား၊ စာတန်၏ မနာခံမှုက မည်မျှပြင်းထန်သည်နှင့် အမှုကို စာတန်၏ နှောင့်ယှက်ခြင်းတို့အပေါ်တွင် အခြေခံနေသည်။ ဤအမှုကို လုပ်ဆောင်နိုင်သည့် မှန်ကန်သောသူကို သူ့အမှု၏ သဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် အခြေခံပြီး ဆုံးဖြတ်သည်။ ဤအမှု၏အရေးကြီးမှုနှင့် ပတ်သက်လာလျှင်၊ မည်သည့်အမှုပြုနည်းကို ရွေးချယ်မည်ဆိုခြင်းနှင့်စပ်လျဉ်း၍၊ ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူ့ဇာတိခံယူသည့် ဘုရားသခင်က လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူသားမှတစ်ဆင့် လုပ်ဆောင်သောအမှု အစရှိသည်တို့ထဲမှ ပထမဆုံး ဖယ်ထုတ်ရမည်မှာ လူသားမှတစ်ဆင့် လုပ်ဆောင်သော အမှုဖြစ်သည်၊ ထို့အပြင် အမှု၏သဘာဝအပေါ်နှင့် ဝိညာဉ်တော်အမှု၏ သဘာဝနှင့် ဇာတိခန္ဓာအမှု၏ သဘာဝတို့အပေါ် အခြေခံကြည့်ပါက ဇာတိခန္ဓာနှင့် တိုက်ရိုက်လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်သော အမှုထက် လူသားအတွက် ပို၍အကျိုးရှိပြီး၊ အကျိုးပြုမှုများ ပို၍ပေးနိုင်သည်ဟု နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤသည်မှာ အမှုကို ဝိညာဉ်တော်ဖြင့် လုပ်ဆောင်မည်၊ သို့မဟုတ် ဇာတိခန္ဓာဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန်တွင် ဘုရားသခင်၏အတွေးဖြစ်သည်။ အမှု၏အဆင့် တစ်ခုစီအတွက် အရေးပါမှုနှင့် အခြေခံတို့ရှိသည်။ ၎င်းတို့သည် အခြေအမြစ်မရှိသော တွေးထင်ခြင်းများမဟုတ်သလို ထင်ရာမြင်ရာ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ၊ ထိုအထဲတွင် တိကျသေချာသော ဉာဏ်ပညာတစ်ခု ပါဝင်ပေသည်။ ယင်းသည် ဘုရားသခင်၏ အမှုအားလုံးနှင့်ဆိုင်သည့် နောက်ကွယ်မှ သမ္မာတရားဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် လူသားတို့ကြားတွင် ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်ဆောင်သောကြောင့် ထိုကဲ့သို့သော ကြီးမားသည့် အမှုထဲတွင် ဘုရားသခင်၏ အကြံအစည်တော်သည် ထိုထက်ပို၍ပင် ရှိပါသေးသည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ဖြစ်ခြင်း အလုံးစုံတို့သည် လုပ်ဆောင်မှုအတွင်းရှိ သူ၏လုပ်ရပ်တိုင်း၊ အတွေးတိုင်းနှင့် အကြံဉာဏ်တိုင်းတို့တွင် ထင်ဟပ်နေသည်၊ ယင်းသည် ပိုခိုင်လုံ၍ စနစ်ကျနသော ဘုရားသခင်၏ ဖြစ်ခြင်းတည်း။ ဤအရေးကြီးသော အတွေးအထင်များနှင့် အကြံဉာဏ်များသည် လူသားတို့အတွက် စဉ်းစားရန်ခက်ခဲလှပြီး၊ ယုံကြည်ရန်ခက်ခဲလှသည့်အပြင် သိမြင်ရန်ခက်ခဲလှသည်။ လူသားက လုပ်ဆောင်သောအမှုသည် လူသားတို့အတွက် စိတ်ကျေနပ်မှု မြင့်မားစွာရရှိစေသည့် ယေဘုယျနိယာမနှင့်အညီဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်သည် ဧကန်အမှန်ပင် အလွန်ကြီးမားနေသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကြီးမြတ်ပြီး၊ ဘုရားသခင်၏အမှုသည် ခမ်းနားကြီးကျယ်သော အတိုင်းအတာရှိသော်လည်း ထိုအရာတို့နောက်ကွယ်တွင် လူသားတို့ မတွေးထင်ထားနိုင်သော၊ သေးငယ်၍ တိကျသော အစီအစဉ်များနှင့် အကြံအစည်များ ရှိလေသည်။ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် စည်းမျဉ်းများအတိုင်း မဟုတ်ရုံသာမကဘဲ လူ့ဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မပြုနိုင်သည့်အရာများစွာ ပါဝင်သည်၊ ထို့ပြင် ယင်းတို့သည် လူသားတို့မမြင်နိုင်သော အရာများဖြစ်သည်။ ဝိညာဉ်တော်၏အမှုဖြစ်စေ၊ သို့မဟုတ် လူ့ဇာတိခံယူသည့် ဘုရားသခင်၏အမှုဖြစ်စေ တစ်ခုစီတွင် ဘုရားသခင်၏ အမှုနှင့်စပ်ဆိုင်သည့် အစီအစဉ်များပါဝင်သည်။ ဘုရားသခင်သည် အခြေအမြစ်မရှိဘဲ မလုပ်ဆောင်ပေ၊ ထို့ပြင် အရေးမပါသော အမှုကိုလည်း မလုပ်ဆောင်ပေ။ ဝိညာဉ်တော်သည် တိုက်ရိုက်အလုပ်လုပ်ဆောင်သောအခါ သူ၏ပန်းတိုင်များ ရှိသောကြောင့်ဖြစ်ပြီး၊ အမှုပြုရန် သူလူ့ဇာတိခံယူချိန်တွင် (တစ်နည်းအားဖြင့် သူ၏ပြင်ပသဏ္ဌာန်ကို အသွင်ပြောင်းချိန်တွင်) သူ့ထံ၌ရည်ရွယ်ချက်များ ပို၍ပင်ရှိနေပေသည်။ သို့မဟုတ်ပါက သူသည် မိမိ၏ သွင်ပြင်လက္ခဏာကို အဘယ်ကြောင့် လွတ်လပ်စွာ ပြောင်းလဲမည်နည်း။ သို့မဟုတ်ပါက သူသည် နှိပ်စက်ညှဥ်း ပန်းခံရသည့်၊ နိမ့်ကျသည်ဟု သတ်မှတ်ခြင်းခံရသော လူတစ်ယောက်အဖြစ် လွတ်လပ်စွာ ခံယူခဲ့ခြင်းမှာ အဘယ်ကြောင့်ဖြစ်မည်နည်း။

အမှုနှင့်စပ်လျဉ်း၍ ပြောဆိုပါက ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုတော်သည် အရေးပါဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးမည့်သူမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်ကာ ဝိညာဉ်တော်မဟုတ်ပေ။ ဘုရားသခင်သည် တစ်ခါတစ်ရံတွင် ကမ္ဘာကြီးပေါ်သို့ကြွရောက်လာကာ လူတို့ရှေ့တွင်ပေါ်ထွန်းပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်တရားစီရင်ကာ၊ မည်သူ့ကိုမျှ အလွှတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးမည်ဟု အချို့တို့က ယုံကြည်ကြသည်။ ဤသို့ထင်မြင်ကြသူတို့သည် လူ့ဇာတိခံယူသည့် အမှု၏ ဤအဆင့်ကို မသိကြ။ ဘုရားသခင်သည် တစ်ယောက်ပြီးတစ်ယောက်ကို တရားစီရင်ခြင်းမပြု၊ တစ်ယောက်ပြီးတစ်ယောက်ကို စစ်ဆေးခြင်းမပြု၊ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်လိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူပင်ဖြစ်သည် မဟုတ်လော။ လူသား၏ အနှစ်သာရသည် အားလုံးအတူတူပင်ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်းကို ခံရမည့်အရာမှာ လူသား၏ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်က ဖျက်ဆီးခဲ့သော လူသား၏အနှစ်သာနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ သေးငယ်၍ မထင်ရှားသောအမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုခြင်းသာဖြစ်ပြီး၊ လူတစ်ဦးတစ်ယောက်အတွက် အထူးလုပ်ဆောင်သည်မဟုတ်ပေ။ စင်စစ်အားဖြင့် လူသားမျိုးနွယ်အားလုံးကို တရားစီရင်ခြင်းကို ကိုယ်စားပြုရန် လူအုပ်စုတစ်စုက တရားစီရင်ခြင်းခံရမည့် အမှုဖြစ်သည်။ လူတစ်အုပ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်ခြင်းအားဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ နောက်တွင် ယင်းသည် တဖြည်းဖြည်းပျံ့နှံ့သွားလိမ့်မည်။ တရားစီရင်ခြင်းအမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘုရားသခင်သည် လူသားတစ်မျိုး၊ သို့မဟုတ် လူတစ်အုပ်စုကို တရားစီရင်သည်မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဖြောင့်မတ်မှုမရှိခြင်း၊ ဥပမာအားဖြင့် ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှု၊ သို့တည်းမဟုတ် လူသား၏ ဘုရားသခင်ကိုမရိုသေမှု၊ သို့မဟုတ် ဘုရားသခင်၏အမှုကို နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားတို့ မျက်မြင်တွေ့မြင်ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ ယခင်အတိတ်ကာလများက တွေးထင်ခဲ့သော နောက်ဆုံးသောကာလအတွင်းမှ ဖြူသောပလ္လင်ကြီးရှေ့တွင် တရားစီရင်ဆုံးဖြတ်မည့် အမှုဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်က လက်ရှိလုပ်ဆောင်လျက်ရှိသော အမှုသည် ဖြူသောပလ္လင်ကြီးရှေ့တွင် တရားဆုံးဖြတ်နေခြင်း အတိအကျပင်ဖြစ်သည်။ ယနေ့ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင်ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ နှုတ်ကပတ်တော်နှင့် စိတ်သဘောထားအလုံးစုံတို့သည် ဘုရားသခင်၏ အလုံးစုံဖြစ်မှုဖြစ်သည်။ သူ့အမှု၏ အတိုင်းအတာသည် ကန့်သတ်ချက်ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားတစ်မျိုးနွယ်လုံးကို တိုက်ရိုက်တရားစီရင်ခြင်းဖြစ်သည်၊ တရုတ်နိုင်ငံအတွက်သာ လုပ်ဆောင်သောအမှု မဟုတ်သကဲ့သို့ လူနည်းစုအတွက်သာ လုပ်ဆောင်သောအမှုလည်း မဟုတ်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုအတောတွင်းတွင် ဤအမှု၏နယ်ပယ်သည် စကြဝဠာ တစ်ခုလုံးမပါဝင်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်၊ သူ့ဇာတိခန္ဓာဖြင့် အမှုလုပ်ဆောင်သည့် နယ်ပယ်အတွင်းမှ အမှုကို သူအဆုံးသတ်ပြီးသည့်နောက်တွင် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ကြွမြန်းခြင်းပြီးသည့်နောက် စကြဝဠာအနှံ့အပြားသို့ ယေရှု၏ဧဝံဂေလိတရား ပျံ့နှံ့သွားသည့်နည်းတူ သူသည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးသို့ ချက်ချင်းချဲ့ထွင်လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ ဇာတိခန္ဓာ၏အမှုဖြစ်စေ၊ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်အတွင်း လုပ်ဆောင်သော အမှုဖြစ်သည်၊ သို့သော်လည်း ယင်းအမှုသည် စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူသည့် သွင်ပြင်လက္ခဏာကို အသုံးပြု၍ သူ၏အမှုကိုလုပ်ဆောင်ရန် ပေါ်ထွန်းလာကာ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားတို့ကို တရားစီရင်သည့် ဘုရားသခင်ဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ၊ ဇာတိခန္ဓာဖြစ်စေ၊ တရားစီရင်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို တရားစီရင်သည့်သူဖြစ်သည်။ ယင်းကို သူ၏အမှုအပေါ် အခြေခံ၍သတ်မှတ်ပြီး၊ သူ၏ အပြင်ပန်းသဏ္ဌာန်၊ သို့မဟုတ် အခြားသော အချက်အလက်အချို့တို့ဖြင့် သတ်မှတ်ခြင်းမဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများရှိသော်လည်း၊ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ လူသားမျိုးနွယ်အားလုံးကို တရားစီရင်မှုနှင့် သိမ်းပိုက်မှု အစရှိသည့်အချက်တို့ကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းကို လူသားက မည်သို့ပင်သဘောရစေကာမူ အချက်အလက်များသည် နောက်ဆုံး၌ အချက်အလက်များသာ ဖြစ်သည်။ “အမှုကို ဘုရားသခင်က လုပ်ဆောင်သော်လည်း ဇာတိခန္ဓာသည် ဘုရားသခင်မဟုတ်” ဟု မည်သူမျှ မပြောနိုင်ပေ။ ယင်းမှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်၊ အကြောင်းမှာ ဤအမှုကို ဇာတိခန္ဓာရှိသော ဘုရားသခင်မှလွဲ၍ မည်သူမျှဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်တည်း။ ဤအမှုကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဤအမှုနောက်တွင် ဘုရားသခင်၏ လူသားကို တရားစီရင်သည့် အမှုသည် ဒုတိယအကြိမ်ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ၊ ဒုတိယလူ့ဇာတိခံယူသော ဘုရားသခင်သည် အလုံးစုံသော စီမံခန့်ခွဲမှုအမှုအားလုံးကို အဆုံးသတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ အမှုတွင် စတုတ္ထအဆင့် ရှိလာမည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်းကိုခံရသည့် သူသည် ဇာတိခန္ဓာနှင့် ဖြစ်တည်သော လူသား၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသော လူသားဖြစ်ပြီး၊ တိုက်ရိုက်တရားစီရင်ခြင်း ခံရသည့်သူမှာ စာတန်၏ ဝိညာဉ်မဟုတ်ပေ၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည်မဟုတ်ဘဲ လူသားတို့အကြားတွင် လုပ်ဆောင်ခြင်းဖြစ်သည်။ လူသား၏ ဇာတိခန္ဓာဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ထက် ပို၍သင့်တော်ပြီး အရည်အချင်းရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အလုံးစုံကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲပေမည်၊ အကြောင်းမှာ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်နေသဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ပင် မရနိုင်သဖြင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် လူသား၏ မဖြောင့်မတ်မှုအားလုံးကို ဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသော အယူအဆများမှတစ်ဆင့်လည်း လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသား၌ ဝိညာဉ်တော်နှင့်ပတ်သက်၍ အယူအဆများ လုံးဝမရှိသောကြောင့်ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ၊ ထိုသို့သော မဖြောင့်မတ်မှုကို အပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိပေ၊ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားသည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဥ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့်ဆိုင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက်စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သူသိလာသည်၊ ဘုရားသခင်ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏သိမ်းပိုက်ခြင်းခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လူသားအနေဖြင့် လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်သွင်ပြင်လက္ခဏာအားဖြင့် ဘုရားသခင်လုပ်ဆောင်ခြင်းမဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံးအမှု၊ ထူးခြားမှုအရှိဆုံး အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်မှ အရေးပါလှသော အပိုင်းမှာ လူ့ဇာတိခံယူသော အမှု၏ အဆင့်နှစ်ဆင့်ဖြစ်သည်။ လူသား၏ ကြီးမားသော ဖောက်ပြန်ပျက်စီးမှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုအတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလမှ လူတို့အပေါ်လုပ်ဆောင်သည့် အမှုသည် အလွန်ခက်ခဲသည်၊ ထို့ပြင် ပတ်ဝန်းကျင်သည် ရိုင်းစိုင်းခက်ထန်ကာ လူတစ်မျိုးစီ၏ အစွမ်းအစသည်လည်း အင်မတန် ညံ့ဖျင်းသည်။ သို့ရာတွင် ဤအမှု၏အဆုံး၌ အမှားအယွင်းများမရှိဘဲ သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိဆဲဖြစ်မည်၊ ယင်းသည် ဇာတိခန္ဓာအမှု၏ အကျိုးသက်ရောက်မှုဖြစ်ပြီး၊ ဤအကျိုးသက်ရောက်မှုသည် ဝိညာဉ်တော်၏အမှုဖြင့် ရရှိမည့် အကျိုးသက်ရောက်မှုထက်ပို၍ ကျေနပ်ဖွယ်ကောင်းပေသည်။ ဘုရားသခင်၏ အမှုဆိုင်ရာ အဆင့်သုံးဆင့်တို့ကို ဇာတိခန္ဓာဖြင့် အဆုံးသတ်ပေးမည်ဖြစ်ပြီး၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ နိဂုံးချုပ်ပေးရမည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီး၊ လူသားအား ကယ်တင်ခြင်းကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်။ လူသားမျိုးနွယ်အားလုံးက ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားနှင့်မဆိုင်ဟု ခံစားကြသော်လည်း၊ လက်တွေ့တွင်မူ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားမျိုးနွယ်အားလုံးအတွက်ဖြစ်ပြီး လူသားတစ်မျိုးနွယ်လုံးအတွက် ရည်ရွယ်ထားလေသည်။ ယင်းသည် ဇာတိခန္ဓာထဲရှိ သူ၏အမူဖြစ်သော်လည်း ထိုအမှုကို လူသားမျိုးနွယ်အားလုံးအတွက် ရည်ရွယ်ထားဆဲဖြစ်သည်၊ သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင်ဖြစ်ပြီး ဖန်ဆင်းထားသောအရာများနှင့် မဖန်ဆင်းထားသောအရာများ အားလုံး၏ ဘုရားသခင်ဖြစ်သည်။ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်အတွင်းတွင်ရှိပြီး၊ ဤအမှု၏ အပြုခံအရာသည်လည်း ကန့်သတ်မှုရှိသော်ငြားလည်း၊ သူ၏အမှုကိုလုပ်ဆောင်ရန် လူ့ဇာတိခံယူချိန်တိုင်းတွင် သူသည် အကြီးမားဆုံးသော ကိုယ်စားလှယ်ဖြစ်မည့် သူ့အမှု၏ အပြုခံအရာတစ်ခုကို ရွေးချယ်သည်၊ ဘုရားသခင်သည် အမှုလုပ်ဆောင်ရန် သာမန်ဖြစ်ပြီး မထူးခြားသော လူတစ်အုပ်စုကို မရွေးချယ်ပေ၊ ထို့အစား ဇာတိခန္ဓာထဲရှိ သူ့အမှုကို ကိုယ်စားပြုရန် စွမ်းဆောင်နိုင်သော လူတစ်စုကို သူ့အမှု၏ အပြုခံအရာအဖြစ် ရွေးချယ်သည်။ ဤလူအုပ်စုကို ရွေးချယ်ရခြင်းမှာ ဇာတိခန္ဓာထဲရှိ သူ့အမှု၏နယ်ပယ်သည် အကန့်အသတ်ရှိသောကြောင့်ဖြစ်ပြီး၊ ဤလူတစ်စုကို လူ့ဇာတိခံယူသည့် သူ့ဇာတိခန္ဓာအတွက် အထူးသဖြင့် ပြင်ဆင်ထားကာ၊ ဇာတိခန္ဓာထဲရှိ သူ၏အမှုအတွက် အထူးရွေးချယ်ထားခြင်းဖြစ်သည်။ သူ၏အမှုအတွက် အပြုခံအရာများကို ဘုရားသခင် ရွေးချယ်ခြင်းသည် အခြေအမြစ်မဲ့မဟုတ်ဘဲ၊ စည်းမျဉ်းနှင့်အညီဖြစ်သည်၊ အမှု၏ အပြုခံအရာသည် ဇာတိခန္ဓာနှင့် ဘုရားသခင်၏အမှုကို အကျိုးပြုပေးပြီး လူသားတစ်မျိုးနွယ်လုံးကို ကိုယ်စားပြုနိုင်စွမ်း ရှိရပေမည်။ ဥပမာအားဖြင့် ယုဒလူမျိုးများသည် ယေရှု၏ကိုယ်တော်တိုင် ရွေးနုတ်ခြင်းကို လက်ခံခြင်းအရာ၌ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်ခဲ့ကြပြီး၊ တရုတ်လူမျိုးများသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကိုယ်တော်တိုင် သိမ်းပိုက်မှုကို လက်ခံခြင်းအရာ၌ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်စွမ်းရှိသည်။ ယုဒလူမျိုးများ၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုခြင်းအတွက် အခြေခံရှိသကဲ့သို့၊ ဘုရားသခင်၏ ကိုယ်တော်တိုင်သိမ်းပိုက်ခြင်းကို လက်ခံခြင်းအရာ၌ တရုတ်လူမျိုးများ၏ လူသားတစ်မျိုးနွယ်လုံးကို ကိုယ်စားပြုခြင်းသည်လည်း အခြေအမြစ်ရှိပေသည်။ ရွေးနုတ်ခြင်းအမှု၏ အရေးပါမှုကို ယုဒလူမျိုးများအကြားတွင် ပြုလုပ်ခဲ့သော ရွေးနုတ်ခြင်းအမှုထက် ပို၍ထုတ်ဖော်ပြနိုင်သည့်အရာ မရှိသကဲ့သို့ သိမ်းပိုက်ခြင်းအမှု၏ နှံ့စပ်မှုနှင့် အောင်မြင်မှုကို တရုတ်လူမျိုးများအကြားတွင်ပြုသော သိမ်းပိုက်ခြင်းအမှုထက် ပို၍ထုတ်ဖော်ပြနိုင်သည့်အရာ မရှိပေ။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်တို့သည် လူနည်းစုတစ်စုကိုသာ ရည်ညွှန်းသည့်ပုံပေါက်သော်လည်း၊ အမှန်စင်စစ် ဤလူနည်းစုထဲတွင် လုပ်ဆောင်သော သူ၏အမှုသည် စကြဝဠာတစ်ခုလုံး၏ အမှုဖြစ်ပြီး သူ၏နှုတ်ကပတ်တော်သည် လူသားတစ်မျိုးနွယ်လုံးအတွက် ရည်ရွယ်ထားသည်။ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် အဆုံးသို့ရောက်ရှိချိန်တွင် သူ့နောက်သို့ လိုက်သောသူများသည် သူတို့ကြားတွင် ပြုတော်မူခဲ့သောအမှုကို စတင်ဖြန့်ဝေလိမ့်မည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ သူ့နောက်သို့လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျမှန်ကန်သောအလိုတော် စသည်တို့ကို ဘုရားသခင်အနေဖြင့် ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ၏နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ၏အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျမှန်ကန်စွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့် အချက်တို့ကို စစ်မှန်စွာ အထမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယေဟောဝါ၏ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်ပေးသည်၊ ထို့အပြင် မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်ထဲသို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ စစ်မှန်ပြီး သာမန်ဖြစ်သော၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သော၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ကို ပြသသော၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်ပေးသော၊ နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ဘုရားသခင်တစ်ပါးကို လူသားမျိုးနွယ်အား သူထုတ်ဖော်ပြသည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုဆိုင်ရာ ရလဒ်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါ သူ၏နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို မပြုကြတော့ပေ၊ ထို့ပြင် မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ကြသည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် သူ၏အမှုကို ဖြန့်ဝေသောအခါ သူ့နောက်သို့လိုက်သူများသည် ဇာတိခန္ဓာဖြင့် သူလုပ်ဆောင်ခဲ့သော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးထံသို့ လက်ဆင့်ကမ်းပေးကြလိမ့်မည်၊ ထို့ပြင် သူတို့သည် လူသားတစ်မျိုးနွယ်လုံး၏ နားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို လက်ခံရရှိသော သူတို့က ကြားနာခဲ့သော အရာအားလုံးသည် သူ့အမှု၏ စစ်မှန်သော အချက်များဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားက ကိုယ်တိုင်တွေ့မြင်ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်၍၊ မှန်ကန်မှုများဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ သူ၏အမှုကို ဖြန့်ကျက်ရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များမရှိပါက သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ ပျံ့နှံ့လိမ့်မည် မဟုတ်ပေ၊ ဤအချက်အလက်များ မရှိဘဲ လူသားတို့၏ ထင်မြင်ချက်များသာရှိပါက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းအမှုကို မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ လူသားအတွက် ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ၊ ထို့ပြင် ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ၊ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက်ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ တွေ့ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ၊ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်မတုနိုင်ပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး၊ လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။ ဤအဆင့်အထိ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ခဲ့ရာတွင် သူ၏အမှုသည် အမြင့်ဆုံးရလဒ်ကို ရရှိခဲ့ပြီးဖြစ်ကာ၊ လုံးလုံးအောင်မြင်ခဲ့ပြီဖြစ်သည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ ကိုယ်ပိုင်အမှုသည် သူ၏အလုံးစုံစီမံခန့်ခွဲခြင်း အမှု၏ ကိုးဆယ်ရာခိုင်နှုန်းကို ပြီးမြောက်စေခဲ့ပြီဖြစ်သည်။ ဤဇာတိခန္ဓာသည် သူ၏အမှုအားလုံးအတွက် ပို၍ကောင်းသော အစတစ်ခုနှင့် သူ၏အမှုအားလုံးအတွက် အနှစ်ချုပ်တစ်ခုကို ထောက်ပံ့ပေးကာ သူ၏အမှုအားလုံးကို ထုတ်ပြန်ကြေညာခဲ့ပြီး သူ့အမှုအားလုံးအတွက် နှံ့စပ်သော နောက်ဆုံးအားဖြည့်မှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယခုမှစကာ ဘုရားသခင့်အမှု၏ စတုတ္ထအဆင့်ကို လုပ်ဆောင်မည့် လူ့ဇာတိခံယူသော နောက်ထပ်ဘုရားသခင်ရှိလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တတိယမြောက် လူ့ဇာတိခံယူသော ဘုရားသခင်၏ အံဖွယ်သောအမှုဆိုသည်မှာလည်း ရှိမည်မဟုတ်ပေ။

လူ့ဇာတိခံဘုရားသခင်၏ အမှုအဆင့်တစ်ခုစီသည် ခေတ်တစ်ခေတ်လုံးမှ သူ၏ အမှုကို ကိုယ်စားပြုပြီး၊ လူသား၏အလုပ်ကဲ့သို့ ကာလတစ်ခုကိုသာ ကိုယ်စားမပြုပေ။ ထို့ကြောင့် ဘုရားသခင်၏ နောက်ဆုံးလူ့ဇာတိခံယူခြင်းအမှု၏ အဆုံးမှာ သူ့အမှုသည် လုံးဝအဆုံးသတ်သွားခြင်းကို ဆိုလိုခြင်းမဟုတ်ပေ၊ အကြောင်းမှာ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် ခေတ်တစ်ခေတ်လုံးကို ကိုယ်စားပြုပြီး၊ ဇာတိခန္ဓာနှင့် အမှုဆောင်ခဲ့သော ကာလကိုသာ ကိုယ်စားပြုခြင်း မဟုတ်သောကြောင့်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် ဇာတိခန္ဓာထဲတွင် ရှိနေသည့်အချိန်အတွင်း ခေတ်တစ်ခေတ်လုံးအတွက် သူ၏အမှုကို ပြီးမြောက်စေခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ထိုအမှုသည် နေရာအားလုံးသို့ ပျံ့နှံ့သွားသည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုတော်ကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးနောက်တွင် သူ့နောက်လိုက်သူများထံသို့ သူ၏အနာဂတ်အမှုကို တာဝန်ပေးစေခိုင်းလိမ့်မည်။ ဤနည်းအားဖြင့် ခေတ်တစ်ခေတ်လုံးမှ သူ၏အမှုကို အပျက်အစီးမရှိ ဆက်လက် ဆောင်ရွက်နိုင်လိမ့်မည်။ လူ့ဇာတိခံယူသည့် ခေတ်တစ်ခေတ်လုံး၏ အမှုသည် စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့ပြီးသည့်အခါမှသာ လုံးလုံးလျားလျားပြီးစီးပြီဟု မှတ်ယူခြင်း ခံရမည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို စတင်ပေးပြီး၊ သူ၏အမှုကို ဆက်လက်လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်အတွင်းတွင်သာရှိပြီး၊ ဤနယ်ပယ်အပြင်သို့ ကျော်သွားနိုင်စွမ်းမရှိပေ။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့လျှင် လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်နိုင်စွမ်း မရှိသကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်စွမ်းလည်း မရှိပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူသားတို့လုပ်နိုင်သည့် တာဝန်ပမာဏအတွင်းတွင်သာရှိပြီး ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် သူလုပ်သင့်သောအမှုကို လာရောက်ကာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး၊ သူမှလွဲ၍ သူ့ကိုယ်စား မည်သူကမျှ ဤအလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ငါပြောသော အကြောင်းသည် လူ့ဇာတိခံယူခြင်း အမှုနှင့် ပတ်သက်သည်မှာ မှန်ပေသည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ပထမဦးစွာ လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အဆင့်တစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူသားတို့ အယူအဆများနှင့် မကိုက်ညီသည့် အမှုများစွာကို လုပ်လေသည်။ ဤအမှု၏ ရည်ရွယ်ချက်မှာ လူသားကို သိမ်းပိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသား၏အယူအဆများနှင့် မကိုက်ညီသည့် ပို၍များသောအမှုတို့ကို လုပ်ဆောင်သည့်အပြင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည်လည်း လူသားတို့၏ အယူအဆများနှင့် ညီညွတ်ခြင်းမရှိသဖြင့် လူသားသည် ဘုရားသခင်နှင့်ပတ်သက်သော ပို၍အကဲဖြတ်သည့် အမြင်များ ရှိလာကြသည်။ ဘုရားသခင်သည် သူနှင့်ပတ်သက်သော အယူအဆများ အသင်္ချေများလှစွာရှိသည့် လူသားတို့ကြားတွင် သိမ်းပိုက်ခြင်းအမှုကို လုပ်နေခြင်းသာဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ဆက်ဆံသည်ဖြစ်စေ၊ ဘုရားသခင်၏အမှုတော် ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက်တွင် လူသားအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ဝန်ခံလာကြလိမ့်မည်။ ဤအမှု၏ စစ်မှန်သောအချက်သည် တရုတ်လူမျိုးများကြားတွင်သာ ထင်ဟပ်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး သိမ်းပိုက်ခြင်းခံရမည့်ပုံကို ကိုယ်စားပြုခြင်းဖြစ်သည်။ ဤလူတို့အပေါ်တွင်ရရှိသော အကျိုးသက်ရောက်မှုများသည် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ်တွင်ရရှိမည့် အကျိုးသက်ရောက်မှုများ၏ ရှေ့ပြေးနိမိတ်ဖြစ်ပြီး၊ အနာဂတ်တွင် သူပြုမည့်အမှု၏ အကျိုးသက်ရောက်မှုများသည် ဤလူတို့အပေါ်ရသည့် အကျိုးသက်ရောက်မှုများထက် တိုး၍ပင် သာလွန်များပြားလိမ့်မည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုတွင် ကြီးမားသော ခမ်းကြီးနားကြီးဖြစ်မှု မပါဝင်သကဲ့သို့ လျှို့ဝှက်ချက်ဖြင့် ဖုံးလွှမ်းထားခြင်းလည်း မရှိပေ။ ယင်းသည် စစ်မှန်ပြီး မှန်ကန်ကာ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ဖြစ်သကဲ့သို့ မှန်ကန်သည့် အမှုဖြစ်သည်။ မည်သူ့ကိုမျှ လျှို့ဝှက်ထားခြင်းမရှိသလို မည်သူ့ကိုမျှ လှည့်စားထားခြင်းမရှိပေ။ လူတို့တွေ့မြင်သည့်အရာမှာ စစ်မှန်၍ မှန်ကန်သော အရာများဖြစ်ပြီး၊ လူတို့ရရှိသောအရာမှာ စစ်မှန်သော သမ္မာတရားနှင့် အသိပညာဖြစ်သည်။ အလုပ်ပြီးဆုံးချိန်တွင် လူသားသည် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာအသစ်တစ်ခုကိုရရှိကာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေသော သူတို့သည် ဘုရားသခင်နှင့် ပတ်သက်သော မည်သည့်အယူအဆချက်များမျှ ရှိတော့မည်မဟုတ်ပေ။ ဤသည်မှာ တရုတ်လူမျိုးတို့အပေါ်ရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုမျှသာ မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်သည့် သူ့အမှု၏ အကျိုးသက်ရောက်မှုကို ကိုယ်စားပြုခြင်းလည်းဖြစ်သည်၊ အကြောင်းမှာ လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်သည့်အလုပ်တွင် ဤဇာတိခန္ဓာ၊ ဤဇာတိခန္ဓာ၏အမှု၊ ထို့ပြင် ဤဇာတိခန္ဓာနှင့်စပ်ဆိုင်သည့် အရာအားလုံးထက် ပို၍အကျိုးပြုနိုင်သည့်အရာ မရှိသောကြောင့်တည်း။ ယင်းတို့သည် ယနေ့ ဘုရားသခင်၏အမှုကို အကျိုးပြုသကဲ့သို့ အနာဂတ်ရှိ သူ၏အမှုတော်ကိုလည်း အကျိုးပြုသည်။ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်ပြီး၊ လူသားတစ်မျိုးနွယ်လုံးကို ရယူမည်။ လူသားတစ်မျိုးနွယ်လုံးမှ ဘုရားသခင်ကိုမြင်တွေ့ရန်၊ နာခံရန်နှင့် သိရှိရန်အတွက် ထိုအမှုထက် ပို၍ကောင်းသော အမှုမရှိတော့ပေ။ လူသားတို့ လုပ်ဆောင်သောအမှုသည် ကန့်သတ်နယ်ပယ်တစ်ခုကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ချိန်တွင်မူ လူတစ်ဦးတည်းကိုသာ စကားပြောခြင်း မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးနှင့် သူ၏နှုတ်ကပတ်တော်တို့ကို လက်ခံသောသူအားလုံးတို့ကို စကားပြောသည်။ သူဖော်ပြသောအဆုံးသည် လူသားအားလုံး၏ အဆုံးသတ်ဖြစ်ပြီး လူသားတစ်ဦးတည်း၏ အဆုံးသတ်သာမဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦးဦးကို အထူးမျက်နှာသာပေးခြင်း၊ သို့မဟုတ် တစ်ဦးဦးကို မတရားညှဉ်းဆဲခြင်းမရှိဘဲ၊ သူသည် လူသားတစ်မျိုးနွယ်လုံးထံ စကားပြောကာ လူသားတစ်မျိုးနွယ်လုံးအတွက် အမှုဆောင်သည်။ သို့ဖြစ်၍ ဤလူ့ဇာတိခံယူသည့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံးကို အမျိုးအစားအလိုက် ခွဲခြားခြင်း၊ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းနှင့် လူသားတစ်မျိုးနွယ်လုံးအတွက် သင့်လျော်သော ပန်းတိုင်တစ်ခုကို စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို တရုတ်နိုင်ငံတွင်သာ လုပ်ဆောင်လင့်ကစား၊ စင်စစ်အားဖြင့် သူသည် စကြဝဠာတစ်ခုလုံး၏အမှုကို ဖြေရှင်းခဲ့ပြီးဖြစ်လေသည်။ ဘုရားသခင်သည် မိန့်မြွက်ခြင်းများနှင့် စီစဉ်မှုများကို အဆင့်အလိုက် မလုပ်ဆောင်မီ လူသားတစ်မျိုးနွယ်လုံးကြားတွင် သူ၏အမှုပျံ့နှံ့ရန် မစောင့်ဆိုင်းနိုင်ပေ။ သို့ပြုခြင်းသည် အလွန်နောက်ကျလွန်းမည် မဟုတ်လော။ ယခုအခါတွင် သူသည် အနာဂတ်အမှုကို ကြိုတင်၍ ပြီးမြောက်အောင် အပြည့်အဝ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ အကြောင်းမှာ အလုပ်လုပ်ဆောင်နေသူသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ဖြစ်သောကြောင့်ဖြစ်သည်၊ သူသည် အကန့်အသတ်ရှိသော နယ်ပယ်တစ်ခုအတွင်းတွင် အကန့်အသတ်မဲ့သောအမှုကို လုပ်ဆောင်နေပြီး၊ ထို့နောက်တွင် လူသားတို့လုပ်ဆောင်သင့်သောတာဝန်ကို လုပ်ဆောင်ရန် သူစေခိုင်းလိမ့်မည်၊ ဤသည်မှာ သူ့အမှု၏ စည်းမျဉ်းတည်း။ သူသည် လူသားနှင့် တစ်ခဏသာ အတူနေနိုင်ပြီး ခေတ်တစ်ခုလုံး၏အမှု နိဂုံးချုပ်သွားချိန်တိုင်အောင် လူသားကို အဖော်ပြုနိုင်မည်မဟုတ်ပေ။ သူသည် ဘုရားသခင်ဖြစ်သောကြောင့် သူ၏အနာဂတ်အမှုကို ကြိုတင်၍ သူဟောကြားလေသည်။ ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးကို သူ၏နှုတ်ကပတ်တော်များဖြင့် အမျိုးအစားအလိုက် အဆင့်အတန်းခွဲခြားကာ လူသားမျိုးနွယ်သည် သူ၏နှုတ်ကပတ်တော်များနှင့်အညီ သူ၏ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သည့် အမှုအတွင်းသို့ ဝင်ရောက်ရမည်။ မည်သူမျှ ရှောင်ပြေးနိုင်ခြင်းမရှိ၊ လူတိုင်းသည် ထိုသို့ပင် လက်တွေ့လုပ်ဆောင်ရမည်။ ထို့ကြောင့် အနာဂတ်တွင် ခေတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းညွှန်ပြီး ဝိညာဉ်တော်က လမ်းညွှန်မည် မဟုတ်ပေ။

ဇာတိခန္ဓာရှိသော ဘုရားသခင်၏အမှုကို ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်ရမည်။ အကယ်၍ ယင်းကို ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ခဲ့လျှင် မည်သည့်အကျိုးသက်ရောက်မှုကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဝိညာဉ်တော်မှ လုပ်ဆောင်သည်ဆိုလျှင်ပင် အမှုသည် အရေးပါမှု ကြီးကြီးမားမားမရှိနိုင်၊ နောက်ဆုံးတွင် ဆွဲဆောင်မှုလည်း ရှိနိုင်တော့မည် မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အမှုသည် အရေးပါမှုရှိမရှိ၊ ယင်းသည် မည်သည်ကို ကိုယ်စားပြုသည်၊ ယင်းသည် မည်သည့်အတွက်ကြောင့်ဖြစ်သည်၊ ဘုရားသခင်၏အမှုသည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်စုံခြင်းရှိမရှိ၊ ထို့ပြင် ယင်းသည် အကြီးမြတ်ဆုံးတန်ဖိုးနှင့် အရေးပါမှုရှိမရှိတို့ကို ဖန်ဆင်းခံအားလုံးသည် သိလိုသောဆန္ဒရှိကြသည်။ သူပြုသော အမှုသည် လူသားတစ်မျိုးနွယ်လုံးအတွက် ကယ်တင်ခြင်းပေးရန်၊ စာတန်ကို အနိုင်ယူရန်၊ အရာအားလုံးထဲတွင် သူ့အတွက် သက်သေခံနိုင်စေရန်အတွက် ဖြစ်သည်။ သို့ဖြစ်သောကြောင့် သူပြုသောအမှုသည် ကြီးစွာသော အရေးပါမှု ရှိရပေမည်။ လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာဒုက္ခပေးခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်းကို ခံရသည့်အရာသည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည်လည်း လူသား၏ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသည့်အရာလည်းဖြစ်သည်။ ဤနည်းဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖျက်ဆီးခဲ့သည်၊ ဤသို့ဖြင့် လူသားသည် စာတန်၏ ပြယုဂ်တစ်ခုဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေသည့်အခါ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်၌ သူ၏အမှုကို လုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်ပယ်မှ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ သိမ်းပိုက်ခြင်းခံရသောသူသည် သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရမည့်သူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဤသည်မှာလည်း လူသားပင်ဖြစ်၏) ဖြစ်သည်၊ ထို့ပြင် နောက်ဆုံး၌ ကယ်တင်ခြင်းခံရမည့်သူမှာလည်း လူသားပင်ဖြစ်သည်။ ဤနည်းအားဖြင့် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်ရှိသည့် လူသားတစ်ဦးဖြစ်လာရန် သူ့အတွက် ပို၍ပင် လိုအပ်လာသည်၊ သို့မှသာ ဘုရားသခင်သည် စာတန်နှင့် စစ်မှန်သောတိုက်ပွဲကို ပြုနိုင်ကာ သူ့ကို မနာခံသော၊ သူကဲ့သို့ အပြင်ပန်းသဏ္ဌာန်ကို ပိုင်ဆိုင်ထားသော လူသားကို သိမ်းပိုက်၍၊ သူ့ကဲ့သို့ အပြင်ပန်းသဏ္ဌာန်ရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံခဲ့ရသော လူသားတို့ကို ကယ်တင်နိုင်ပေမည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူသိမ်းပိုက်မည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းအားဖြင့် သူ၏အမှုသည်ပို၍ လွယ်ကူသွားသည်။ သူသည် စာတန်ကို ချေမှုန်းကာ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကိုလည်း ကယ်တင်နိုင်သည်။ သူ၏ဇာတိခန္ဓာသည် သာမန်ဖြစ်ပြီး စစ်မှန်မှုရှိသော်လည်း သူသည် အများနှင့်တူသော ဇာတိခန္ဓာမဟုတ်ပေ။ သူသည် လူသား၏ ဇာတိခန္ဓာသာ မဟုတ်ဘဲ၊ လူ့သဘောနှင့် ဘုရားသဘော နှစ်မျိုးလုံးပါဝင်သည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းသည် လူသားနှင့် သူ၏ကွာဟချက်ဖြစ်ပြီး ဘုရားသခင်၏ သွင်ပြင်လက္ခဏာဆိုင်ရာ အမှတ်အသားဖြစ်သည်။ ဤသို့သော ဇာတိခန္ဓာသာလျှင် သူလုပ်လိုသောအမှုကို ပြုနိုင်ပြီး၊ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ကာ လူသားတို့ကြားမှ သူ၏အမှုကို အပြည့်အဝ ပြီးမြောက်စေနိုင်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက လူသားတို့အကြားရှိ သူ၏အမှုသည် အမြဲတမ်းပင် အလဟဿဖြစ်ပြီး အနာအဆာများ ရှိနေပေလိမ့်မည်။ ဘုရားသခင်သည် စာတန်၏ဝိညာဉ်နှင့် တိုက်ပွဲဆင်နွှဲကာ အောင်နိုင်မှုကို ရရှိနိုင်သော်လည်း ဖောက်ပြန်ပျက်စီးနေသော လူသား၏ သဘာ၀ဟောင်းကို မည်သို့မျှ ဖြေရှင်းပစ်နိုင်မည် မဟုတ်ပေ၊ ထို့ပြင် သူ့ကိုမနာခံသောသူများနှင့် ဆန့်ကျင်သောသူများသည် ဘယ်သောအခါမျှ သူ့အုပ်စိုးမှုအောက်တွင် စစ်မှန်စွာ ဝန်ခံလာကြမည်လည်း မဟုတ်ပေ၊ တစ်နည်းဆိုရသော် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ လူသားတစ်မျိုးနွယ်လုံးကို မည်သည့်အခါမျှ ရယူနိုင်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ကမ္ဘာကြီးပေါ်မှ သူ၏အမှုကို မဖြေရှင်းနိုင်လျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မည်သည့်အခါမျှ အဆုံးသတ်နိုင်မည် မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးသည် ချမ်းသာခြင်းသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းအားလုံးနှင့်အတူ ချမ်းသာခြင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိပါက ထိုသို့သော စီမံခန့်ခွဲမှု အမှုထဲတွင် ရလဒ်တစ်ခုမျှ ရှိမည်မဟုတ်ပေ၊ ထို့ပြင် ဘုရားသခင်၏ ဘုန်းတော်သည်လည်း တစ်ဆက်တည်းတွင်ပင် ပျောက်ဆုံးသွားပေလိမ့်မည်။ သူ၏ဇာတိခန္ဓာ၌ သြဇာအာဏာ မရှိသော်လည်း သူလုပ်ဆောင်သောအမှုသည် အကျိုးသက်ရောက်မှု ရရှိပေလိမ့်မည်။ ဤသည်မှာ ရှောင်လွှဲမရနိုင်သော သူ့အမှု၏ ဦးတည်ရာဖြစ်သည်။ သူ၏ဇာတိခန္ဓာသည် သြဇာအာဏာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်၏အမှုကို လုပ်နိုင်စွမ်းရှိသရွေ့ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်သည်။ ဤဇာတိခန္ဓာသည် မည်မျှပင် ရိုးရိုးသာမန်ဖြစ်နေပါစေ၊ သူသည် သူပြုသင့်သောအမှုကို လုပ်ဆောင်နိုင်သည်၊ အကြောင်းမှာ ဤဇာတိခန္ဓာသည် ဘုရားသခင်ဖြစ်ပြီး၊ လူသားတစ်ဦးသက်သက်သာ မဟုတ်သောကြောင့်တည်း။ ဤဇာတိခန္ဓာသည် လူတို့မလုပ်နိုင်သည့်အမှုကို ပြုနိုင်ခြင်းမှာ သူ၏အတွင်းမှ အနှစ်သာရသည် မည်သည့်လူသားနှင့်မျှ မတူခြင်းကြောင့်ဖြစ်သည်၊ ထို့ပြင် လူသားတို့ကို သူကယ်တင်နိုင်ခြင်း၏ အကြောင်းရင်းမှာ သူ၏သွင်ပြင်လက္ခဏာသည် လူသားတို့၏ သွင်ပြင်လက္ခဏာနှင့် ကွာခြားခြင်းကြောင့် ဖြစ်သည်။ ဤဇာတိခန္ဓာသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည်၊ အကြောင်းမှာ သူသည် လူသားဖြစ်သည့်အပြင် ဘုရားသခင်လည်း သာ၍ဖြစ်သောကြောင့် ဖြစ်သည်၊ ထို့အပြင် သူ့အနေဖြင့် ဇာတိခန္ဓာရှိသော မည်သည့်သာမန်လူသားကမျှ မပြုလုပ်နိုင်သည့် အမှုကိုလုပ်ဆောင်နိုင်ပြီး ကမ္ဘာကြီးပေါ်တွင် သူနှင့်အတူနေထိုင်သော ဖောက်ပြန်ပျက်စီးနေသည့် လူသားကို ကယ်တင်နိုင်ခြင်းကြောင့်ဖြစ်သည်။ သူသည် လူသားနှင့် ပုံစံတူသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်သည် တန်ဖိုးရှိသည့် မည်သည့်လူသားထက်မဆို လူသားမျိုးနွယ်အတွက် ပို၍အရေးကြီးသည်၊ အကြောင်းမှာ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်ကို ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်စွမ်းရှိကာ၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ဤဇာတိခန္ဓာသည် ရိုးရိုးသာမန်ဖြစ်သော်လည်း လူသားမျိုးနွယ်အတွက် သူ၏ထောက်ပံ့ကူညီမှုနှင့် လူသားမျိုးနွယ်တည်ရှိမှုအတွက် သူ၏အရေးပါမှုတို့သည် သူ့ကို လွန်ကဲစွာ တန်ဖိုးရှိစေပြီး၊ ဤဇာတိခန္ဓာ၏ စစ်မှန်သောတန်ဖိုးနှင့် အရေးပါမှုကို မည်သည့်လူသားကမျှ တိုင်းတာ၍ မရနိုင်ပေ။ ဤဇာတိခန္ဓာသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း သူ့အနေဖြင့် လူသားကို သိမ်းပိုက်ရန်၊ စာတန်ကို ချေမှုန်းရန်၊ သူ့အုပ်စိုးမှုအောက်တွင် စာတန်ကို အပြည့်အဝနာခံလာအောင်ပြုရန် သူ၏အမှုကို အသုံးပြုနိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သောကြောင့် သူသည် စာတန်ကို နှိမ်နင်းနိုင်ကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခြင်းဖြစ်သည်။ သူသည် စာတန်ကို တိုက်ရိုက်မဖျက်ဆီးပေ၊ သို့သော် စာတန်က ဖျက်ဆီးခဲ့သော လူသားတို့ကို သိမ်းပိုက်ရန်အတွက် အမှုဆောင်ရန် လူ့ဇာတိခဲ့ယူခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် သူသည် ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကိုခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူတို့ကို ပို၍ကယ်တင်နိုင်ပေသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ စာတန်ကို နှိမ်နင်းခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်က စာတန်ကို တိုက်ရိုက်ဖျက်ဆီးသည်ထက် ပို၍ကြီးမားသော သက်သေကိုခံနိုင်ကာ ပို၍ဆွဲဆောင်မှုရှိသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် ဖန်ဆင်းရှင်ကို သိခြင်းအရာ၌ လူသားတို့ကို ပို၍ကောင်းစွာ ကူညီနိုင်ပြီး၊ ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကို ခံနိုင်လေသည်။

ယခင်က:မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း

နောက်တစ်ခုသို့:လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ