အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ အလုပ်လုပ်နေသည်နှင့်အညီ နှစ်ပေါင်းများစွာ မရပ်မနား ရှာဖွေနေခဲ့၏။ ခေတ်ကာလများတစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ဖို့ လူများစွာတို့ကို အသုံးပြုခဲ့သည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင့်လျော်သောကျိန်းဝပ်ရာ မရှိသေးပါ။ ထို့ကြောင့် ဘုရားသခင်သည် မတူကွဲပြားသောလူတို့၌ မရပ်မနား လှုပ်ရှားကာ သူ၏အမှုတော်ကို လုပ်ဆောင်၏၊ ခြုံကြည့်သော် သူသည် ဤအရာကိုလုပ်ဆောင်ရန် လူတို့ကို အသုံးပြုတော်မူသည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ များစွာသော ဤနှစ်များတစ်လျှောက်၌ ဘုရားသခင်၏အမှုတော်မှာ လုံးဝရပ်တန့်ခဲ့ခြင်း မရှိဘဲ ယနေ့တိုင်အောင် တစ်လျှောက်လုံး လူ့အထဲ၌ ဆက်လက်ရှေ့ဆက် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။ ဘုရားသခင်က နှုတ်ကပတ်တော်များစွာ ပြောကြားခဲ့ပြီး အမှုများစွာ ပြုခဲ့ပြီးသော်ငြား၊ လူသည် ဘုရားသခင်ကို မသိသေးပေ၊ အားလုံးမှာ ဘုရားသခင်သည် လူသားထံ ဘယ်သောအခါမျှ မပေါ်ထွန်းခဲ့သောကြောင့်ဖြစ်ပြီး ထိတွေ့နိုင်သော သဏ္ဌာန်မရှိခြင်းကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသောဘုရားသခင်၏ လက်တွေ့ကျသောအရေးပါမှုကို လူအပေါင်းတို့အားသိစေလျက် ဘုရားသခင်သည် ဤအမှုတော်ကို အပြီးသတ်ခြင်းသို့ ရောက်စေရမည်ဖြစ်သည်။ ဤအဆုံးသတ်ကို ရရှိဖို့အတွက်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူ၏သန့်ရှင်းသော ဝိညာဉ်တော်အား လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သဘောနှင့် ဖော်ပြရမည်ဖြစ်ပြီး၊ ၎င်းတို့အလယ်တွင် သူ၏အမှုတော်ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်မှ ရုပ်ခန္ဓာပုံသဏ္ဌာန် အသွင်ဆောင်ပြီး၊ အသားနှင့် အရိုးတို့ကို ယူတင်ဝတ်ဆင်ကာ၊ လူတို့ကြားတွင် ထင်ထင်ရှားရှား သွားလာပြီး၊ မိမိကိုယ်ကို တစ်ခါတစ်ရံဖော်ပြကာ တစ်ခါတစ်ရံ ဖုန်းကွယ်ရင်း၊ ၎င်းတို့ဘဝအသက်တာများ၌ ၎င်းတို့ကို အဖော်ပြုသောအခါမှသာ လူတို့သည် သူ့ကို ပိုမိုနက်ရှိုင်းစွာ သိမြင်နားလည်ခြင်းသို့ ရောက်နိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌သာ ဆက်လက်တည်ရှိနေလျှင် သူ၏အလုပ်ကို အပြည့်အဝ အပြီးသတ်နိုင်လိမ့်မည် မဟုတ်ပါ။ ယေရှုက သာမန်လူ့သဘာဝထဲ၌ အချိန်ကာလအပိုင်းအခြားတစ်ခုကြာ လုပ်ဆောင်ပြီး ပြီးစီးရန်လိုအပ်သည့် အမှုတော်အားလုံးကို အပြီးသတ်ခဲ့သည့်နည်းတူပင် ဘုရားသခင်သည် ဇာတိခန္ဓာ၌ ပြီးမြောက်ဖို့လိုအပ်သည့် အမှုတော်မြတ်ကို ဖြည့်ဆည်းရင်း၊ အချိန်ကာလအပိုင်းအခြားတစ်ခုစာ ဇာတိပကိ၌ အလုပ်လုပ်ပြီးနောက်၊ ဇာတိခန္ဓာကို စွန့်ခွာကာ ဇာတိခန္ဓာ၏ ပုံရိပ်အသွင်ဖြင့် ဝိညာဉ်ရေးရာထဲ၌ အလုပ်လုပ်မည်ဖြစ်သည်။ “လမ်းစဉ်… (၅)”မှ ဤကျမ်းပိုဒ်ကို သင်တို့မှတ်မိကောင်း မှတ်မိကြပေမည်၊ “ကမ္ဘာမြေပေါ်တွင်၊ သင့်အဖ၏ အလိုတော်ကိုသာ လုပ်ဆောင်ပြီး၊ သူစေခိုင်းသည့်တာဝန်ကို အဆုံးသတ်ပါ၊ အခြားမည်သည့်အရာမျှ သင်နှင့် သက်ဆိုင်ခြင်းမရှိပါ”ဟု ငါ့ခမည်းတော် ငါ့အား မိန့်ကြားတော်မူသည်ကို ငါအမှတ်ရမိသည်။ ဤကျမ်းပိုဒ်ထဲ၌ သင်မည်သည့်အရာကို မြင်တွေ့ရသနည်း။ ဤကမ္ဘာမြေပေါ် ဘုရားသခင် ကြွလာသည့်အချိန်တွင် သူသည် ဘုရား၏သဘောသဘာဝအတွင်း၌သာ သူ၏အမှုတော်ကို လုပ်ဆောင်လေသည်။ ဤအရာမှာ ကောင်းကင်ဘုံမှ ဝိညာဉ်တော်က လူ့ဇာတိခံယူထားသော ဘုရားသခင်ကို တာဝန်ပေးစေခိုင်းထားသော အရာဖြစ်သည်။ သူကြွလာသည့်အခါ သူသည် ကွဲပြားခြားနားသော နည်းလမ်းများနှင့် မတူညီသော ရှုထောင့်အမြင်များမှ သူ၏စကားတော်များကို မြွက်ဆိုဖွင့်ဟခြင်းငှာသာ နေရာတိုင်း၌ စကားပြောတော်မူသည်။ လူကိုအထောက်အပံ့ပြုခြင်းနှင့် သွန်သင်တော်မူခြင်းတို့ကို သူ၏ပန်းတိုင်များနှင့် အလုပ်လုပ်ဆောင်ရာ နိယာမအဖြစ် အဓိက မှတ်ယူသည်။ သူသည် လူလူချင်း ဆက်ဆံရေးများနှင့် လူတို့ဘဝများ၏ အသေးစိတ်အကြောင်းအရာများကဲ့သို့သော အမှုကိစ္စများကို စိတ်မဝင်စားပါ။ သူ၏အဓိက အမှုတော်မှာ ဝိညာဉ်တော်အတွက် စကားပြောရန်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၌ လက်ဆုပ်လက်ကိုင် ပြနိုင်သည့်သဘောဖြင့် ပေါ်လာသောအခါ၊ သူသည် လူသားအသက်တာအတွက် ထောက်ပံ့ပေးခြင်းနှင့် သမ္မာတရားကို ထုတ်ပြန်ခြင်းတို့ကိုသာ ပြုသည်။ သူသည် လူ့အလုပ်ထဲ ပါဝင်ပတ်သက်ခြင်းမရှိပါ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏အလုပ်ထဲ၌ မပါဝင်ဟု ဆိုရမည်ဖြစ်သည်။ လူသားများသည် ဘုရားသဘောသဘာဝ၏ အလုပ်ကို မလုပ်နိုင်ကြသလို၊ ဘုရားသခင်သည်လည်း လူသားအလုပ်ထဲ၌ မပါဝင်ပါ။ ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ရန် ဤကမ္ဘာမြေပေါ် ကြွလာခဲ့သည့်အချိန်မှစ၍ နှစ်များအားလုံးတစ်လျှောက် သူသည် လူတို့မှတစ်ဆင့် ထိုအလုပ်ကို အမြဲလုပ်ဆောင်တော်မူခဲ့၏။ သို့သော်၊ ဤလူတို့ကို လူ့ဇာတိခံယူထားသော ဘုရားသခင်ဟု သတ်မှတ်၍မရဘဲ၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများအဖြစ်သာ သတ်မှတ်ရပေမည်။ သို့သော်၊ ယနေ့၏ ဘုရားသခင်သည် ဝိညာဉ်တော်၏အသံတော်ကို စေလွှတ်ပြီး၊ ဝိညာဉ်တော်ကိုယ်စား အလုပ်လုပ်ကာ၊ ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ တိုက်ရိုက်စကားပြောနိုင်ပေသည်။ ထိုနည်းတူစွာ၊ ခေတ်ကာလများတစ်လျှောက် ဘုရားသခင်အသုံးပြုခဲ့သော ထိုသူအပေါင်းတို့သည် သွေးသားကိုယ်ခန္ခာအတွင်း၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်တော်မူခြင်း၏ သာဓကများ ဖြစ်ကြသည်။ ထို့ကြောင့်၊ ၎င်းတို့ကို ဘုရားသခင်ဟု အဘယ့်ကြောင့် ခေါ်ဝေါ်၍ မရသနည်း။ သို့သော်၊ ယနေ့၏ ဘုရားသခင်သည်လည်း ဇာတိခန္ဓာ၌ ဘုရားဝိညာဉ်တော်၏ တိုက်ရိုက် အလုပ်လုပ်တော်မူခြင်းဖြစ်သလို၊ ယေရှုမှာလည်း ဇာတိခန္ဓာ၌ ဘုရားဝိညာဉ်တော်၏ အလုပ်လုပ်တော်မူခြင်းဖြစ်၏၊ ဤသူနှစ်ဦးလုံးကို ဘုရားသခင်ဟု ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် ခြားနားချက်မှာ အဘယ်အရာ ဖြစ်သနည်း။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ဘုရားသခင်အသုံးပြုခဲ့သော လူအပေါင်းတို့သည် သာမန်အတွေးအခေါ်နှင့် အသိစိတ်တို့ကို လုပ်ဆောင်နိုင်သူများဖြစ်ကြသည်။ လူ့အမူအကျင့်၏ အခြေခံသဘောတရားကို ၎င်းတို့အားလုံး သိကြသည်။ ၎င်းတို့သည် သာမန်လူ့အတွေးအခေါ်များကို စွဲကိုင်ထားကြပြီး၊ ပုံမှန်လူတို့ ရှိထားသင့်သည့် အရာများအားလုံး ဆင်ယင်ထားကြသူများဖြစ်သည်။ ၎င်းတို့ထဲမှာ အများစုမှာ ထူးခြားသော ပါရမီနှင့် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေး ရှိကြ၏။ ဤလူတို့အပေါ် အလုပ်လုပ်ရာတွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားပေးထားသည့် ဆုကျေးဇူးများဖြစ်သော ၎င်းတို့၏ ပါရမီများကို ထိန်းချုပ်အသုံးပြုတော်မူလေသည်။ ဘုရားသခင်၏ အမှုတော်မြတ်၌ ၎င်းတို့၏ စွမ်းပကားများကို အသုံးပြုရင်း ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၏ပါရမီများကို ဆောင်ယူအသုံးပြုတော်မူသည်။ သို့သော်၊ ဘုရားသခင်၏ အနှစ်သာရမှာ စိတ်ကူးနှင့် အတွေးအခေါ်များ ကင်းလွတ်ပြီး၊ လူ့သား၏ရည်ရွယ်ချက်များနှင့် ရောနှောခြင်းမရှိဘဲ၊ ပုံမှန်လူတို့ ဆင်ယင်ထားသည့် အရာပင်လျှင် မရှိပါ။ တစ်နည်းဆိုရလျှင် လူ့အမူအကျင့်၏ အခြေခံသဘောတရားများဖြင့်ပင်လျှင် သူအကျွမ်းဝင်မှုမရှိဟု ဆိုရမည်ဖြစ်သည်။ ဤသည်မှာ ယနေ့၏ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအခါ ဖြစ်သောပုံစံဖြစ်သည်။ သူ၏အမှုတော်နှင့် နှုတ်ကပတ်တော်များမှာ လူ့ရည်ရွယ်ချက်များ သို့မဟုတ် လူ့ထင်မြင်ချက်နှင့် ရောနှောခြင်း မရှိဘဲ ၎င်းတို့သည် ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ၏ တိုက်ရိုက်သရုပ်သကန်တစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်ကိုယ်စား တိုက်ရိုက်အလုပ်လုပ်လေသည်။ ဤသည်မှာ ဝိညာဉ်တော်သည် လူသားရည်ရွယ်ချက်များနှင့် အနည်းငယ်မျှပင် ရောစပ်ခြင်းမရှိဘဲ အလုပ်လုပ်ရန် ထွက်ပေါ်လာသည်ဟု ဆိုလိုသည်။ တစ်နည်းဆိုရလျှင် ဘုရား၏သဘောသဘာဝကို တိုက်ရိုက်သရုပ်ထင်စေသော လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် လူ့အတွေးအခေါ် သို့မဟုတ် စိတ်ကူးများမရှိသလို လူ့အမူအကျင့်၏ အခြေခံသဘောတရားများကိုလည်း နားလည်သဘောပေါက်မှုမရှိခြင်း ဖြစ်သည်။ ဘုရား၏သဘာသဘာဝ တစ်ခုတည်းကသာ အမှုပြုခဲ့သည်ဆိုလျှင် (အဓိပ္ပာယ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ကသာ အမှုပြုခဲ့သည်ဆိုလျှင်)၊ ကမ္ဘာမြေပေါ်၌ ဘုရားအမှုတော်ကို လုပ်ဆောင်ဖို့ရန်အတွက် နည်းလမ်းရှိခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင် ကမ္ဘာမြေပေါ်ကြွလာသောအချိန်တွင် ဘုရား၏သဘောသဘာဝထဲ၌ ဘုရားသခင်ပြုသောအမှုနှင့် ယှဉ်လျက် လူ့သဘာဝအတွင်း အလုပ်လုပ်ဖို့ရန် သူအသုံးပြုလေ့ရှိသည့် အရေအတွက်နည်းပါးသော လူများရှိရမည် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် မိမိ၏ ဘုရားသဘောသဘာဝအလုပ်ကို ထောက်မဖို့ရန်အတွက် လူသားအလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ သို့မဟုတ်လျှင်၊ လူအတွက် ဘုရားသဘောသဘာဝ၏ အလုပ်နှင့် တိုက်ရိုက်ထိတွေ့လာနိုင်ရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဤသည်အမှာ ယေရှုနှင့် သူ၏တပည့်များ ဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ကမ္ဘာပေါ်၌ သူရှိခဲ့သည့်အချိန်အတွင်းတွင်၊ ယေရှုသည် ပညတ်ချက်ဟောင်းများကို ဖျက်ပယ်ခဲ့ပြီး ပညတ်တရား အသစ်များကို ချမှတ်ခဲ့သည်။ များစွာသော နှုတ်ကပတ်တော်များကိုလည်း သူမိန့်မြွက်တော်မူခဲ့၏။ ဤအမှုအားလုံးကို ဘုရား၏သဘောသဘာဝထဲ၌ လုပ်ဆောင်တော်မူခဲ့ခြင်းဖြစ်သည်။ ပေတရု၊ ပေါလုနှင့် ယောဟန်ကဲ့သို့ အခြားသောသူအားလုံးတို့သည် ၎င်းတို့၏နောက်ဆက်တွဲအလုပ်ကို ယေရှု၏နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် မှီထားခဲ့ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ အစပြုခြင်းကို ဖွင့်ပေးရင်း သူ၏အလုပ်ကို ယင်းခေတ်ထဲ၌ စတင်ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် အဟောင်းကို ပယ်ဖျက်ပြီး “ဘုရားသခင်သည် အစအဦးနှင့် နောက်ဆုံးဖြစ်တော်မူသည်” ဟူသော စကားများကိုလည်း ပြည့်စုံစေရင်း ခေတ်ကာလသစ်ကို ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသည် ဘုရားသဘောသဘာဝအမှုတော်၏ အခြေခံအုတ်မြစ်အပေါ်တွင် လူသားအလုပ်ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ယေရှုသည် သူပြောရန် လိုအပ်သည်များအားလုံးကို မိန့်မြွက်ပြီး ကမ္ဘာမြေပေါ်၌ သူ၏အမှုတော်ကို လက်စသတ်ပြီးနောက် လူကိုစွန့်ခွာခဲ့လေသည်။ ဤအရာပြီးနောက်၊ အလုပ်လုပ်ခြင်း၌ လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြထားသော နည်းဥပဒေသများအတိုင်း လုပ်ဆောင်ခဲ့ကြပြီး၊ သူမိန့်မြွက်ခဲ့သည့် သမ္မာတရားများနှင့်အညီ ကျင့်သုံးခဲ့ကြသည်။ ဤသူတို့မှာ ယေရှုအတွက် အလုပ်လုပ်ဆောင်ကြသော လူအားလုံးဖြစ်သည်။ ယေရှုတစ်ဦးတည်း အမှုတော်လုပ်ဆောင်နေခဲ့ပါလျှင်၊ နှုတ်ကပတ်တော်များ အဘယ်မျှလောက် သူမိန့်မြွက်ခဲ့ပါစေ၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့လာနိုင်ခဲ့ကြလိမ့်ဦးမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရား၏ သဘောသဘာဝထဲ၌ အလုပ်လုပ်ကာ ဘုရားသဘောသဘာဝ၏ နှုတ်ကပတ်တော်များကိုသာ မိန့်မြွက်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များကို သာမန်လူတို့ နားလည်နိုင်သည်အထိ အမှုအရာတို့ကို သူရှင်းပြနိုင်ခဲ့မည် မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏အမှုတော်ကို ဖြည့်စွက်ဖို့ရန်အတွက် သူ့နောက်တွင် ရောက်လာခဲ့ကြသည့် တမန်တော်များနှင့် ပရောဖက်တို့ ရှိထားဖို့ရန် သူလိုအပ်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံယူထားသော ဘုရားသခင်က သူ၏အမှုတော်ကို လုပ်ဆောင်ပုံနှင့်ဆိုင်သည့် နည်းဥပဒေသဖြစ်သည်၊ ဘုရားဖြစ်တော်မူခြင်း၏ အမှုတော်ကို ပြည့်စုံစေရန်အတွက်အလို့ငှာ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို အသုံးပြုခြင်းနှင့် သူ၏အမှုတော်ကို ဖြည့်စွက်ဖို့ရန် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီသော လူအနည်းငယ် သို့မဟုတ် ပိုများနိုင်သော လူတို့ကို အသုံးပြုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ခပ်သိမ်းသောလူတို့ သမ္မာတရားကို ရရှိနိုင်စေဖို့အလို့ငှာ ဘုရားသခင်သည် ထိန်းကျောင်းခြင်းနှင့် ရေလောင်းပေးခြင်းအလုပ်ကို လုပ်ဆောင်ရန်အတွက် သူ၏စိတ်နှလုံးနှင့် ညီသောလူတို့ကို အသုံးပြုတော်မူခြင်းဖြစ်သည်။

အကယ်၍ ဇာတိခန္ဓာထဲသို့ ကြွလာခြင်း၌ ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီကာ သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်သည့် နောက်ထပ်လူအနည်းငယ်မပါရှိဘဲ ဘုရားသခင်တစ်ဦးတည်းသာ ဘုရားသဘောသဘာဝ၏ အမှုတော်ကို လုပ်ဆောင်လျှင်၊ လူသည် ဘုရားသခင်၏အလိုတော်ကို နားလည်သဘောပေါက်ရန် သို့မဟုတ် ဘုရားသခင်နှင့် ထိတွေ့လာရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို ပြီးမြောက်ဖို့ရန်၊ အသင်းတော်များကို ကြည့်ရှုစောင့်ရှောက်ရန်နှင့် ထိန်းကျောင်းပေးဖို့ရန်အတွက်၊ လူ၏ဦးနှောက်ဖြစ်သည့် သူ၏ သိမြင်နိုင်သော ဖြစ်စဉ်များသည် အံ့ဖွယ်ပြုလုပ်နိုင်စွမ်းရှိသည့်အဆင့်ကို ရောက်ရှိဖို့ရန်အလို့ငှာ သူ၏စိတ်နှလုံးနှင့်ညီသော သာမန်လူတို့ကို အသုံးပြုရပေမည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အတွင်း၌ ပြုတော်မူသောအလုပ်ကို ဖွင့်ပြနိုင်ရန်ဖို့အလို့ငှာ “အနက်ပြန်ရန်”အတွက် သူ၏စိတ်နှလုံးနှင့်ညီသည့် အနည်းငယ်သော လူတို့ကို အသုံးပြုတော်မူသည်။ ဆိုရလျှင် ခပ်သိမ်းသောလူတို့က ထိုအရာကို နားလည်၊ သဘောပေါက်ဖို့ရန်အလို့ငှာ ဘုရားသဘောသဘာဝ၏ ဘာသာစကားကို လူ့ဘာသာစကားအဖြစ်သို့ ပြောင်းလဲပေးဖို့ရန် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့မလုပ်ဆောင်ခဲ့ပါက၊ အဘယ်သူမျှ ဘုရားသခင်၏ ဘုရားသဘောသဘာဝ ဘာသာစကားကို နားလည်ကြမည်မဟုတ်ပါ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီသောလူတို့မှာ စင်စစ်အားဖြင့် သေးငယ်သော လူနည်းစုသာဖြစ်ပြီး၊ လူ၏သဘောပေါက်နိုင်စွမ်းမှာ အားနည်းသောကြောင့်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က ဇာတိခန္ဓာ၌ အလုပ်လုပ်သောအခါ ဤနည်းလမ်းကိုသာ ရွေးချယ်ရသည့်အကြောင်းရင်းဖြစ်သည်။ အကယ်၍ ဘုရားသဘောသဘာဝ၏ အမှုသာရှိခဲ့လျှင် လူ့အတွက် ဘုရားသခင်ကို သိဖို့ရန် သို့မဟုတ် ထိတွေ့ဖို့ရန် နည်းလမ်းရှိလမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် လူသည် ဘုရားသခင်၏ ဘာသာစကားကို နားမလည်သောကြောင့် ဖြစ်သည်။ လူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရှင်းလင်းပေးသော သူများဖြစ်ကြသည့် ဘုရား၏စိတ်နှလုံးနှင့်ညီသောသူတို့၏ ဆောင်ကြဉ်းပေးမှုဖြင့်သာ ဤဘာသာစကားကို နားလည်နိုင်ခြင်းဖြစ်သည်။ သို့သော်၊ လူ့သဘာဝအတွင်း၌ အလုပ်လုပ်သည့် ထိုကဲ့သို့သော လူတို့သာရှိခဲ့မည်ဆိုလျှင်၊ ယင်းက လူ၏သာမန်အသက်တာကိုသာ ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး၊ လူ၏ စိတ်သဘောထားကို ပြောင်းလဲမပေးနိုင်ပါ။ ထို့နောက်တွင် ဘုရားသခင်၏အမှုတော်မှာ အသစ်သောအစပြုခြင်းတစ်ခု ရှိနိုင်လိမ့်မည်မဟုတ်၊ မပြောင်းလဲသည့် သီချင်းဟောင်း၊ မပြောင်းလဲသည့် အသုံးအနှုန်းဟောင်းများသာ ရှိလိမ့်မည်ဖြစ်သည်။ မိမိ၏ လူ့ဇာတိခံယူခြင်း ကာလအတွင်း ပြောရန်လိုအပ်သော အရာအားလုံးကို မိန့်မြွက်ခဲ့ပြီး ပြီးမြောက်ရန်လိုအပ်သော အရာအားလုံးကို လုပ်ဆောင်တော်မူခဲ့သော လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့်သာ၊ ယင်းနောက် လူတို့သည် သူ၏နှုတ်ကပတ်တော်များအရ လုပ်ဆောင်ပြီး တွေ့ကြုံခံစားကြရသည်၊ ထို့ကြောင့်သာလျှင် ၎င်းတို့၏ အသက်တာစိတ်သဘောထား ပြောင်းလဲနိုင်ပြီး အချိန်နှင့်အလိုက် စီးဆင်းနိုင်ကြမည်ဖြစ်သည်။ လူ့သဘာဝအတွင်း အလုပ်လုပ်သော သူတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများဖြစ်သော်လည်း၊ ဘုရား၏ သဘောသဘာဝအတွင်း အလုပ်လုပ်သောသူမှာ ဘုရားသခင်ကို ကိုယ်စားပြု၏။ ဆိုလိုသည်မှာ၊ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် ခိုင်ခိုင်မာမာ ကွာခြားပေသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့ကမူ မလုပ်ဆောင်နိုင်ကြပါ။ ခေတ်ကာလအသီးသီး၏အစတွင်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ခေတ်သစ်ကို အစပြုဖို့ရန်နှင့် လူကို အသစ်သောအစပြုရာအတွင်းသို့ ရောက်စေဖို့ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်သည်။ သူ၏မိန့်မြွက်ခြင်း ပြီးဆုံးသောအခါ၊ ဤသည်မှာ သူ၏ဘုရားသဘောသဘာဝအတွင်းရှိ အမှုတော်ပြီးမြောက်ပြီဟူသည့် လက္ခဏာဖြစ်သည်။ ယင်းနောက်တွင်၊ လူအားလုံးတို့သည် မိမိတို့၏ အသက်တာအတွေ့အကြုံများအတွင်းသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူတို့၏ ဦးဆောင်မှုကို လိုက်နာကြလေသည်။ ထိုနည်းတူစွာ ဤသည်မှာ ဘုရားသခင်က လူကို ခေတ်သစ်အတွင်းသို့ ခေါ်ဆောင်ပြီး အယောက်တိုင်းကို အသစ်သောအစပြုရာတစ်ခု ပေးတော်မူသည့် အဆင့်လည်း ဖြစ်သည်။ ဤသို့ဖြင့်၊ ဇာတိခန္ဓာ၌ ဘုရားသခင်၏အမှုတော် အဆုံးသတ်ခဲ့၏။

ဘုရားသခင်သည် သူ၏သာမန်လူ့သဘာဝကို ပြည့်စုံစေဖို့ မြေကြီးပေါ်သို့ ကြွလာခြင်းမဟုတ်ပါ။ သူသည် သာမန်လူ့သဘာဝ၏အလုပ်ကို လုပ်ဆောင်ရန် မဟုတ်ဘဲ၊ ဘုရားသဘောသဘာဝ၏ အမှုကိုသာ သာမန်လူ့သဘာဝထဲ၌ လုပ်ဆောင်ရန် ကြွလာခြင်းဖြစ်သည်။ ဘုရားသခင်မိန့်မြွက်သော သာမန်လူ့သဘာဝသည် လူက စိတ်ကူးပုံဖော်ထားသည့်အရာ မဟုတ်ပေ။ လူက “သာမန်လူ့သဘာဝ”ကို ဇနီးမယားတစ်ဦး သို့မဟုတ် လင်ယောက်ျားတစ်ဦး သို့မဟုတ် သားသမီးများရှိခြင်းဟု အနက်ဖွင့်၏။ ဤအရာများသည် တစ်စုံတစ်ဦးမှာ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟူသော သက်သေသက္ကာယဖြစ်သည်။ သို့သော် ဘုရားသခင်က ဤနည်းလမ်းဖြင့် မရှုမြင်ပါ။ သူက သာမန်လူ့သဘာဝကို သာမန်လူသား အတွေးအခေါ်၊ သာမန်လူသားဘဝများရှိခြင်းနှင့် သာမန်လူတို့မှ မွေးဖွားခြင်းအဖြစ် ရှုမြင်သည်။ သို့သော် သူ၏သာမန်အခြေအနေတွင် လူကနားလည်ထားသည့် သာမန်အခြေအနေပုံစံဖြစ်သည့် ဇနီးမယားတစ်ဦး သို့မဟုတ် လင်ယောက်ျားတစ်ဦး သို့မဟုတ် သားသမီးများ ရှိခြင်းတို့ မပါဝင်ပါ။ ဆိုရလျှင် လူ့အတွက်မူ ဘုရားသခင်မိန့်မြွက်သည့် သာမန်လူ့သဘာဝမှာ လူ့သဘာဝကင်းမဲ့သည်ဟု လူက သတ်မှတ်လိမ့်မည့်အရာဖြစ်ပြီး၊ သာမန်ပုဂ္ဂိုလ်တစ်ဦး၏ အပြင်ပန်းသာရှိကာ သာမန်ပုဂ္ဂိုလ်တစ်ဦး၏ ပုံပန်းသဏ္ဌာန်ကို ဆောင်ယူခဲ့သော်လည်း အနှစ်သာရအားဖြင့် သာမန်ပုဂ္ဂိုလ်တစ်ဦး ပိုင်ဆိုင်ထားသင့်သည့် အရာအားလုံးကို ပြည့်ပြည့်စုံစုံ မပိုင်ဆိုင်ခဲ့သော ယေရှုကဲ့သို့ပင် စိတ်ခံစားမှုမရှိသလောက်ဖြစ်ကာ သွေးသားလိုအပ်ချက်များ ကင်းမဲ့သည့်ပုံပေါက်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ဖြစ်တည်မှုက သာမန်လူ့သဘာဝတစ်ခုလုံးကို ခြုံငုံမိခြင်းမရှိသည်ကို ဤအရာမှ မြင်နိုင်ပေသည်၊ သို့သော် သာမန်လူသားဘဝများ၏ လုပ်ရိုးလုပ်စဉ်များကို ထောက်ပံ့ပေးရန်နှင့် သာမန်လူသား အသိစိတ်စွမ်းအားများကို တည်တံ့စေဖို့ရန်အတွက် လူတို့အသင့်ရှိထားသင့်သည့်အရာများ၏ အစိတ်အပိုင်းတစ်ခုသာ ခြုံငုံမိပေသည်။ သို့သော် ဤအရာတို့သည် လူတို့သတ်မှတ်ထားသည့် သာမန်လူ့သဘာဝနှင့် လားလားမျှ မသက်ဆိုင်ပါ။ ၎င်းတို့မှာ လူ့ဇာတိခံယူထားသော ဘုရားသခင် ပိုင်ဆိုင်သင့်သည့် အရာများဖြစ်ကြသည်။ သို့သော် ဤသူတို့က လူ့ဇာတိခံယူထားသော ဘုရားသခင်မှာ ဇနီးတစ်ဦးနှင့် သားနှင့်သမီးများရှိမှသာ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည်ဟု ဆိုနိုင်မည်ဟူ၍ လက်ခံထားကြ၏။ ဤအရာများမရှိဘဲ သူသည် သာမန်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါဟု ၎င်းတို့ဆိုကြ၏။ သို့ဆိုလျှင်၊ “ဘုရားသခင်တွင် ဇနီးမယားတစ်ဦး ရှိသလော၊ ဘုရားသခင်အတွက် လင်ယောက်ျားတစ်ဦး ရှိဖို့ရန် ဖြစ်နိုင်သလော၊ ဘုရားသခင်တွင် ကလေးများရှိနိုင်သလော”ဟု သင်တို့ကို ငါမေးမည်။ ဤအရာတို့မှာ ယုတ္တိအမှားများ ဖြစ်သည်မဟုတ်လော၊ သို့သော် ကျောက်ဆောင်များကြား အက်ကြောင်းတစ်ခုမှ လူ့ဇာတိခံယူထားသော ဘုရားသခင် ထွက်ပေါ်မလာနိုင်သလို ကောင်းကင်မှ ဆင်းကျမလာနိုင်ပါ။ သူသည် သာမန်လူသားမိသားစုတစ်ခုထဲ၌သာ ဖွားမြင်နိုင်ပေသည်။ ယင်းမှာ သူ့၌ မိဘများနှင့် နှမများရှိရသည့်အကြောင်းရင်း ဖြစ်သည်။ ဤအရာများသည် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ သာမန်လူ့သဘာဝက ရှိထားသင့်သည့်အရာများဖြစ်သည်။ ယေရှုသည်လည်း ယင်းကဲ့သို့ပင် ဖြစ်ခဲ့သည်။ ယေရှုသည် မိခင်၊ ဖခင်နှင့် ညီအစ်ကိုမောင်နှမများ ရှိခဲ့ပေသည်။ ဤအရာအားလုံးက သာမန်ဖြစ်ခဲ့သည်။ သို့သော်၊ အကယ်၍ သူ့မှာ ဇနီးတစ်ဦးနှင့် သားသမီးများရှိခဲ့လျှင် သူပိုင်ဆိုင်သည့်အရာမှာ လူ့ဇာတိခံယူထားသော ဘုရားသခင် ပိုင်ဆိုင်ဖို့ရန်အတွက် ဘုရားသခင် ရည်ရွယ်တော်မူခဲ့သည့် သာမန်လူ့သဘာဝ ဖြစ်ခဲ့လိမ့်မည်မဟုတ်ပေ။ ဤသို့ဖြစ်ခဲ့လျှင်၊ သူသည် ဘုရားသဘောသဘာဝ၏ကိုယ်စား အမှုတော်ကို ဆောင်ရွက်နိုင်ခဲ့လိမ့်မည် မဟုတ်ပါ။ သူ့မှာ ဇနီး သို့မဟုတ် ကလေးများမရှိခဲ့သော်လည်း သာမန်မိသားစုထဲ၌ သာမန်လူတို့မှ မွေးဖွားခဲ့ခြင်းကြောင့်သက်သက်သာ ဘုရားသဘောသဘာဝ၏ အမှုတော်ကို သူဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာကို ထပ်မံရှင်းလင်းအောင် ပြောရလျှင်၊ ဘုရားသခင်သတ်မှတ်သော သာမန်ပုဂ္ဂိုလ်ဆိုသည့်အရာမှာ သာမန်မိသားစုထဲတွင် မွေးဖွားလာသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည်သာ ဘုရားသဘောသဘာဝ၏ အမှုတော်ကို ဆောင်ရွက်ဖို့ အရည်အချင်းရှိသည်။ အခြားတစ်ဖက်တွင်၊ အကယ်၍ ပုဂ္ဂိုလ်တစ်ဦးသည် ဇနီး၊ ကလေးများ သို့မဟုတ် လင်ယောက်ျားရှိလျှင် ထိုသို့သော ပုဂ္ဂိုလ်သည် ဘုရားသဘောသဘာဝ၏ အမှုတော်ကို ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ပါ၊ အဘယ့်ကြောင့်ဆိုသော် သူသည် လူသားတို့ လိုအပ်သည့် သာမန်လူ့သဘာဝသာရှိမည်ဖြစ်ပြီး ဘုရားသခင်လိုအပ်သည့် သာမန်လူ့သဘာဝကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင် စဉ်းစားထားသည့်အရာနှင့် လူတို့နားလည်သောအရာတို့သည် မကြာခဏ ကြီးမားစွာ ကွဲပြားနေတတ်ပြီး၊ အမျိုးအစား တခြားစီ ဖြစ်နေတတ်ပေသည်။ ဘုရားသခင့်အမှုတော်၏ ဤအဆင့်တွင်၊ လူတို့၏ အယူအဆများနှင့် ဆန့်ကျင်ပြီး ကြီးကြီးမားမား ကွဲပြားခြားနားနေသောအရာများစွာရှိ၏။ ဘုရားသခင့်အမှုတော်၏ ဤအဆင့်တွင်၊ လူသားမျိုးနွယ်က ဇာတ်ပို့အခန်းကဏ္ဍတွင် ကပြခြင်းနှင့်အတူ ဘုရားသဘောသဘာဝ၏ လက်တွေ့လုပ်ဆောင်မှု လုံးလုံးလျားလျားပါဝင်သည်ဟု တစ်စုံတစ်ဦးက ပြောနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို သူ၏လက်လျှိုခွင့်ပြုခြင်းထက် သူ၏အမှုတော်ကို သူကိုယ်တိုင်ဖော်ဆောင်ဖို့ရန်အတွက် ကမ္ဘာမြေပေါ် ကြွလာသောကြောင့်ဖြစ်သည်။ ဤသည်မှာ သူ၏အမှုတော်လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် သူ ဇာတိခန္ဓာထဲသို့ (မပြည့်စုံသော၊ သာမန်ပုဂ္ဂိုလ်တစ်ဦး၌) လူ့ဇာတိခံယူရသည့် အကြောင်းရင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ခေတ်ကာလအသစ်ကို တင်ဆက်ဖို့၊ သူ့အမှုတော်၏နောက်တစ်ဆင့်ကို လူသားမျိုးနွယ်အား ပြောပြဖို့နှင့် သူ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြထားသည့် လမ်းကြောင်းနှင့်အညီ ကျင့်သုံးကြဖို့ ၎င်းတို့ကိုစေခိုင်းရန် ဤလူ့ဇာတိခံယူခြင်းကို ကောင်းစွာအသုံးပြုခဲ့လေသည်။ ဤအရာနှင့်အတူ၊ ဇာတိခန္ဓာ၌ သူ၏အမှုတော်ကို အပြီးသတ်ပြီး လူသားမျိုးနွယ်ကို သူစွန့်ခွာတော့မည်ဖြစ်သလို၊ သာမန်လူ့သဘာဝ၏ ဇာတိခန္ဓာထဲ၌ နေထိုင်တော့မည် မဟုတ်ဘဲ သူ့အမှုတော်၏ အခြားသောအစိတ်အပိုင်းအပေါ် ဆက်လက် ဆောင်ရွက်ရန်အတွက် လူ့ထံမှ အဝေးသို့ ရွေ့လျားခြင်းဖြစ်သည်။ ထို့နောက်၊ သူ၏စိတ်နှလုံးနှင့်ညီသော လူတို့ကို အသုံးပြုရင်း၊ ကမ္ဘာမြေပေါ် ဤလူစုအကြား သူ၏အမှုတော်ကို ဆက်လက် လုပ်ဆောင်သော်ငြားလည်း၊ ၎င်းတို့၏ လူ့သဘာဝထဲ၌ လုပ်ဆောင်ခြင်းဖြစ်သည်။

ဘုရားသခင်၌ အခြားလုပ်စရာ အလုပ်များစွာ ထပ်ရှိနေသောကြောင့် လူ့ဇာတိခံယူထားသော ဘုရားသခင်သည် အစဉ်အမြဲ လူနှင့်အတူ မနေနိုင်ပါ။ သူသည် ဇာတိခန္ဓာ၌ ချည်နှောင်ခြင်းမခံနိုင်ပါ၊ ယင်းအလုပ်ကို ဇာတိခန္ဓာ၏ ပုံရိပ်၌ သူလုပ်ဆောင်သော်ငြားလည်း သူလုပ်ဖို့လိုအပ်သည့်အလုပ်ကို လုပ်ဆောင်ရန် ဇာတိခန္ဓာကို သူချွတ်ချရမည် ဖြစ်သည်။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာသောအချိန်တွင် အသေခံခြင်းနှင့် လူသားမျိုးနွယ်ကို မစွန့်ခွာမီ သူသည် သာမန်လူတစ်ဦးက ရရှိသင့်သည့်ပုံစံသို့ သူရောက်ရှိသည်အထိ မစောင့်ဆိုင်းပါ။ သူ၏ဇာတိခန္ဓာက အဘယ်မျှလောက် အိုမင်းနေပါစေ၊ သူ၏အမှုပြီးသောအခါ၊ သူသွားကာ လူသားကို စွန့်ခွာလေသည်။ သူ့အတွက် အသက်အရွယ်ဆိုသည်မှာ မရှိ၊ လူ့သက်တမ်းနှင့်အညီ သူ၏နေ့ရက်များကို သူမရေတွက်ပါ၊ ယင်းအစား၊ သူသည် သူ၏အမှုတော်ထဲက အဆင့်များနှင့်အညီ ဇာတိခန္ဓာ၌ သူ၏ဘဝကို အဆုံးသတ်လေသည်။ ဇာတိခန္ဓာထဲသို့ ကြွလာရာတွင် ဘုရားသခင်အနေဖြင့် အချို့သောအဆင့်တစ်ခုအထိ ကြီးထွားဖွံ့ဖြိုးလာရမည်၊ လူလားမြောက်သူတစ်ဦး ဖြစ်လာကာ အသက်အိုမင်းခြင်းသို့ ရောက်ပြီး ထိုခန္ဓာယိုယွင်းသောအခါမှသာ စွန့်ခွာရမည်ဟု ခံစားရသူများ ရှိကောင်းရှိနေနိုင်သည်။ ဤသည်မှာ လူ၏ စိတ်ကူးစိတ်သန်းဖြစ်သည်။ ဘုရားသခင်က ယင်းကဲ့သို့ မလုပ်ဆောင်ပါ။ သူလုပ်သင့်သည့်အလုပ်ကို လုပ်ဆောင်ဖို့ရန်သာ ဇာတိခန္ဓာအတွင်းသို့ သူကြွလာခဲ့ခြင်းဖြစ်ပြီး မိဘများထံမှမွေးဖွားခြင်း၊ ကြီးထွားလာခြင်း၊ မိသားစုတစ်ခု ဖွဲ့စည်းကာ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုစတင်ခြင်း၊ ကလေးများရှိခြင်း သို့မဟုတ် ဘဝ၏အနိမ့်၊ အမြင့်တို့ကို တွေ့ကြုံခံစားရခြင်း စသည့် သာမန်လူတစ်ဦး၏ လှုပ်ရှားသွားလာမှုအားလုံးဖြင့် သာမန်လူ့ဘဝတစ်ခုကို အသက်ရှင်နေထိုင်ရန်အတွက် မဟုတ်ပါ။ ဘုရားသခင် ကမ္ဘာမြေသို့ကြွလာသောအခါ၊ ဤသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်က ဇာတိခန္ဓာကို ဝတ်ဆင်ခြင်းဖြစ်ပြီး၊ ဇာတိခန္ဓာ၌ ကြွလာခြင်းဖြစ်သော်လည်း ဘုရားသခင်သည် သာမန်လူသားတစ်ဦးဘဝ၌ အသက်မရှင်ပါ။ သူ၏ စီမံခန့်ခွဲ့မှုအစီအစဉ်ထဲက အစိတ်အပိုင်းတစ်ခုကို ပြီးမြောက်ဖို့ရန် အတွက်သာ သူကြွလာခြင်းဖြစ်သည်။ ယင်းနောက် လူသားမျိုးနွယ်ကို သူစွန့်ခွာလိမ့်မည်။ ဇာတိခန္ဓာထဲသို့ သူကြွလာသောအချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၏ သာမန်လူ့သဘာဝကို မပြည့်စုံစေပါ။ ယင်းထက်၊ ဘုရားသခင် ကြိုတင်သတ်မှတ်သည့်တစ်ကြိမ်တွင်၊ ဘုရား၏သဘောသဘာဝက တိုက်ရိုက်သွားကာ လုပ်ဆောင်တော်မူသည်။ ထို့နောက်၊ သူလုပ်ဖို့လိုအပ်သည့်အရာအားလုံးကို လုပ်ဆောင်ပြီး သူ၏အမှုတော်မြတ်ကို အပြည့်အဝ လက်စသတ်ပြီးနောက်တွင်၊ ဤအဆင့်၌ ဘုရားသခင့်ဝိညာဉ်တော်၏ အလုပ်ပြီးစီးလေသည်၊ ယင်းအခိုက်တွင် သူ၏သွေးသားခန္ဓာက ၎င်း၏သက်တမ်းရှည်ကို ရှင်သန်နေထိုင်သွားနိုင်သည်ဖြစ်စေ မသွားနိုင်သည်ဖြစ်စေ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ဘဝလည်း အဆုံးသတ်လေသည်။ ယင်းမှာ သွေးသားခန္ဓာက ဘဝ၏ မည်သည့်အဆင့်ကို ရောက်သည်ဖြစ်စေ၊ ကမ္ဘာမြေပေါ်၌ မည်မျှကြာကြာ အသက်ရှင်ပါလေ့စေ၊ အရာအားလုံးမှာ ဝိညာဉ်တော်၏ အမှုတော်အားဖြင့် ဆုံးဖြတ်သည်ဟု ဆိုရမည်ဖြစ်သည်။ လူက စဉ်းစားထားသည့် သာမန်လူ့သဘာဝ ဖြစ်ရမည့်အရာနှင့် လားလားမျှမဆိုင်ပါ။ ယေရှုကို ဥပမာတစ်ခုအနေဖြင့် ယူကြစို့။ သူသည် သုံးဆယ့်သုံးနှစ်ခွဲကြာ ဇာတိခန္ဓာထဲ၌ အသက်ရှင်ခဲ့၏။ လူသားခန္ဓာတစ်ခု၏ ဘဝသက်တမ်းအရ၊ ယင်းအသက်အရွယ်၌ သူမကွယ်လွန်သင့်ခဲ့သလို မစွန့်ခွာသင့်ခဲ့ပါ။ သို့သော် ယင်းမှာ ဝိညာဉ်တော်နှင့် နည်းနည်းမျှ စပ်ဆိုင်သောအရာမဟုတ်ခဲ့ပါ။ သူ့အလုပ်က ပြီးဆုံးခဲ့ပြီး၊ ယင်းအခိုက်တွင် ခန္ဓာကိုယ်မှာ ဝိညာဉ်တော်နှင့်အတူ ပျောက်ကွယ်ရင်း ယူဆောင်သွားခြင်း ခံခဲ့ရလေသည်။ ဤနိယာမအားဖြင့် ဘုရားသခင်သည် ဇာတိခန္ဓာ၌ အလုပ်လုပ်တော်မူခြင်းဖြစ်သည်။ ထို့ကြောင့်၊ အတိအကျပြောရလျှင်၊ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သာမန်လူ့သဘာဝမရှိပါ။ ထပ်လောင်းပြောရလျှင်၊ သာမန်လူသားတစ်ဦး၏ ဘဝကို ရှင်သန်ဖို့ရန်အတွက် ဤကမ္ဘာမြေပေါ် သူကြွလာခြင်းမဟုတ်ပါ။ သူသည် သာမန်လူသားဘဝကို ပထမဆုံး တည်ဆောက်ပြီး၊ နောက်မှ စတင်အလုပ်လုပ်ခြင်း မဟုတ်ပါ။ ယင်းအစား၊ သူ့အနေဖြင့် သာမန်လူသားမိသားစုထဲ၌ ဖွားမြင်ရသည့် ကာလပတ်လုံး၊ ဘုရားသဘောသဘာဝ၏ အမှုတော်ကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သူ့မှာ လူ့ရည်ရွယ်ချက်များနှင့် စပ်ဆိုင်သည့်အရာ တစ်စိုးတစ်စဉ်းမျှမရှိ၊ သူသည် သွေးသားမဆန်ပါ၊ လူ့အဖွဲ့အစည်း၏ နည်းလမ်းများကို သူမခံယူ သို့မဟုတ် လူ့အတွေးအခေါ်များ သို့မဟုတ် စိတ်ကူးများထဲ ပါဝင်ပတ်သက်ခြင်းမရှိ၊ လူ့ဘဝ ဒဿနများနှင့် သာ၍ ဆက်နွှယ်ခြင်းမရှိပါ။ ဤသည်မှာ လူ့ဇာတိခံယူထားသော ဘုရားသခင်က လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုတော်ဖြစ်ပြီး သူ၏ လူ့ဇာတိခံယူခြင်းနှင့် စပ်ဆိုင်သော လက်တွေ့ကျသည့် အရေးပါမှုလည်း ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ ပြီးမြောက်ရန်လိုအပ်သည့် အမှုတော်၏ အဆင့်တစ်ခုကို အဓိကလုပ်ဆောင်ဖို့ရန်အတွက် အခြားအရေးမပါသည့် ဖြစ်စဉ်များကို ကြုံတွေ့ရခြင်းမရှိဘဲ ဇာတိခန္ဓာ၌ ကြွလာခဲ့သည်၊ သာမန်လူတစ်ဦး၏ အတွေ့အကြုံများ သူ့တွင်မရှိပါ။ လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ဆောင်ရန် လိုအပ်သည့် အမှုတော်တွင် သာမန်လူသားအတွေ့အကြုံများ မပါဝင်ပါ။ ထို့ကြောင့် ဘုရားသခင်သည် ဇာတိခန္ဓာ၌ ပြီးမြောက်ဖို့ရန်လိုအပ်သည့် အမှုတော်ကို ပြီးမြောက်ခြင်းအလို့ငှာ ဇာတိခန္ဓာ၌ ကြွလာတော်မူခြင်း ဖြစ်သည်။ ကြွင်းသောအရာတို့သည် သူနှင့် လုံးဝမသက်ဆိုင်ပါ။ သူသည် အရေးမပါသော ဖြစ်စဉ်များစွာကို ဖြတ်သန်းမသွားပါ။ သူ၏အမှုတော် ပြီးမြောက်သည်နှင့်တစ်ပြိုင်နက်၊ သူ၏ လူ့ဇာတိခံယူခြင်းဆိုင်ရာ အရေးပါမှုလည်း အဆုံးသတ်၏။ ဤအဆင့်ကို ပြီးစီးခြင်းဆိုသည်မှာ ဇာတိခန္ဓာ၌ သူလုပ်ဆောင်ရန်လိုအပ်သည့်အလုပ် ပြီးဆုံးခြင်းဖြစ်ပြီး၊ သူ၏ ဇာတိခန္ဓာနှင့်ဆိုင်သော အမှုတော် ပြည့်စုံပြီဟု အဓိပ္ပာယ်ရသည်။ သို့သော် သူသည် ဇာတိခန္ဓာ၌ အကန့်အသတ်မရှိ အလုပ်ဆက်လုပ်မနေနိုင်ပါ။ သူ့အနေဖြင့် ဇာတိခန္ဓာအပြင်ဘက်တစ်နေရာဖြစ်သည့် အခြားနေရာတစ်ခုသို့ အလုပ်လုပ်ဖို့ရန် ဆက်ရွေ့ရမည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ သူ၏အမှုတော်သည် ပို၍အပြည့်အဝ ပြည့်စုံလာကာ ပို၍ကောင်းစွာ ကျယ်ပြန့်လာနိုင်ပေသည်။ ဘုရားသခင်သည် သူ၏မူလအစီအစဉ်အတိုင်း လုပ်ဆောင်သည်။ သူသည် သူလုပ်ဆောင်ရန် လိုအပ်သည့်အလုပ်နှင့် သူအပြီးသတ်ရမည့်အလုပ်ကို ခရေစေ့တွင်းကျ ရှင်းရှင်းလင်းလင်း သိထား၏။ ဘုရားသခင်သည် သူကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းဖို့ရန် တစ်ဦးစီတိုင်းကို ဦးဆောင်လမ်းပြတော်မူသည်။ အဘယ်သူမျှ ဤအရာကို မလွတ်မြောက်နိုင်ပါ။ ဘုရားသခင့်ဝိညာဉ်တော်၏ လမ်းညွှန်မှုကို လိုက်နာသောသူတို့သာ အနားယူခြင်းထဲသို့ ဝင်ရောက်ကြရလိမ့်မည်။ ထိုအရာမှာ၊ နောက်ပိုင်းအလုပ်တွင်၊ လူသားကို လမ်းညွှန်ဖို့ရန် ဇာတိခန္ဓာ၌ ဘုရားသခင်က စကားပြောခြင်းမဟုတ်ဘဲ၊ ဝိညာဉ်တော်က ထိတွေ့နိုင်သော သဏ္ဌာန်နှင့်အတူ လူသားဘဝကို လမ်းညွှန်ပေးခြင်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့မှသာ လူသည် ဘုရားသခင်ကို ခိုင်ခိုင်မာမာ ထိတွေ့နိုင်မည်၊ ဘုရားသခင်အပေါ် ကြည့်မြင်နိုင်မည်ဖြစ်ပြီး၊ လက်တွေ့ကျသော ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရလာစေဖို့အလို့ငှာ ဘုရားသခင်သတ်မှတ်ထားသည့် လက်တွေ့ကျမှုထဲသို့ ပိုမိုပြည့်ဝစွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ပြီးမြောက်ရန် ဘုရားသခင်ရည်ရွယ်ထားသော အလုပ်ဖြစ်သည်၊ ကြာမြင့်စွာကတည်းက သူစီစဉ်ခဲ့သည့်အရာဖြစ်သည်။ ဤအရာမှ၊ သင်တို့လိုက်လျှောက်ရမည့် လမ်းကြောင်းကို သင်တို့အားလုံး တွေ့မြင်သင့်ကြ၏။

ယခင်က:ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြာဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်

နောက်တစ်ခုသို့:ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည်

သင်နှစ်သက်နိုင်သည့် အရာများ