အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းပါသလား

ဘုရားသခင်အား ယုံကြည်သောသူ တစ်ယောက်ဖြစ်သော သင်သည် နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုအား လက်ခံခြင်းကိုလည်းကောင်း၊ သင့်အထဲရှိ ဘုရားသခင်အကြံအစည်၏ အမှုများ အားလုံးကိုလည်းကောင်း သိနားလည်သင့်ပါသည်။ သင်သည် ဘုရားသခင်၏ ကြီးစွာသော ချီးမြှောက်ခြင်းနှင့် ကယ်တင်ခြင်းအား အမှန်တကယ်ပင် လက်ခံရရှိပြီး ဖြစ်ပါသည်။ စကြာဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင်၏ အမှုအားလုံးသည် ဤလူသားအုပ်စုအပေါ်တွင် အာရုံစူးစိုက်ထား လျက်ရှိနေပါသည်။ ဘုရားသခင်သည် သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးအား သင်တို့အတွက် ပေးအပ်မြှုပ်နှံထားပြီး၊ သင်တို့အတွက် အရာ အားလုံးကို စွန့်လွတ်ပေးဆပ်ခဲ့၏၊ သူသည် စကြာဝဠာ တစ်လျှောက်လုံးမှ ဝိညာဉ်တော်၏ အမှုများအား ပြန်လည်သိမ်းယူကာ သင့်အား ပေးအပ်ခဲ့၏။ ထိုအကြောင်းကြောင့် သင်တို့သည် ကောင်းချီးခံစားရသောသူ ဖြစ်သည်ဟု ငါပြောဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သင်တို့ လူစုမှတစ်ဆင့် သူ့အစီအစဉ်၏ ရည်ရွယ်ချက်များကို အပြည့်အဝ ထင်ရှားပြသနိုင်ရန် သူ၏ဘုန်းအား သူ၏ရွေးကောက်ခံ လူမျိုးဖြစ်သည့် ဣသရေလလူမျိုးထံမှ သင်တို့ထံသို့ ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ အမွေအား လက်ခံရရှိသော သူများ ဖြစ်ရုံမျှသာမက ဘုရားသခင်၏ ဘုန်းအား ဆက်ခံရသော သူများလည်း ဖြစ်နေပါသည်။ အကြောင်းမူကား “မျက်မှောက်၌ထင်ရှား သောအရာတို့သည် ခဏသာတည်၍ မထင်ရှား သောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျက် ထင်ရှားသော အရာတို့ကို မကြည့် မမှတ်ပဲ မထင်ရှားသော အရာတို့ကိုကြည့် မှတ်ကြစဉ်အခါ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ဖြစ်စေတတ်၏” ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိလိမ့်မည် ထင်ပါသည်။ အတိတ်ကာလက ဤကျမ်း စကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ နှုတ်ကပတ်များ၏ အမှန်ဆိုလိုရင်းကို နားမလည်ခဲ့ကြပါ။ ယနေ့တွင်မူ ထိုကျမ်းစာထဲ၌ ပါဝင်လျက်ရှိသည့် စစ်မှန်သော ရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်ပါသည်။ ထိုနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြီးမြောက်စေမည့် အရာများဖြစ်ကြပါသည်။ ထိုအရာများတို့သည် အဆင်းနီသော နဂါးကြီး၏ ကိန်းဝပ် ဒုက္ခပေးခြင်းကို ရက်စက်စွာ ခံစားနေရသည့် မြေတွင်လည်း ပြီးပြည့်စုံလာမည်ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက် ညှင်းပန်းလျက်ရှိသော ဘုရားသခင်၏ ရန်သူဖြစ်ပါသည်။ ထို့ကြောင့် ဤနယ်မြေတွင် ရှိနေသည့် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် နှိမ့်ချခြင်းနှင့် နှိပ်စက်ညှင်းပန်း ခြင်းအား ရင်ဆိုင်ကြုံတွေ့ကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်သည် သင်တို့လူစု အတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဘုရားသခင်အား ဆန့်ကျင်ဘက်ပြုသည့် မြေကြီး ပေါ်တွင် အမှုအား ဆောင်ရွက်နေစဉ်အတွင်း ဘုရားသခင်၏ အမှုတိုင်းသည် သာမန်မဟုတ်သည့် အတား အဆီးများနှင့် တွေ့ကြုံရမည်ဖြစ်ကာ သူ၏နှုတ်ကပတ်တော် အတော်များများသည်လည်း အချိန်အခါ ကောင်း၌ ပြည့်စုံလိမ့်ဦးမည် မဟုတ်ပေ။ သို့ဖြစ်၍ လူအများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကြောင့် စစ်ကြောခြင်းအား ခံကြရမည်ဖြစ်သည်။ ၎င်းအရာများတို့သည်လည်း ဒုက္ခဆင်းရဲခံခြင်း၏ အခြေခံကျသည့် အရာတစ်ခုဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏ နယ်မြေ၌ သူ၏ အမှုအား လုပ်ဆောင် နေရခြင်း အမှုအရာသည် ဘုရားသခင်အဖို့ ကြီးကြီးမားမား အားစိုက် လုပ်ဆောင်ရသည့် ကိစ္စဖြစ်ပါသည်။ သို့သော်လည်း ဤကဲ့သို့သော ခက်ခဲမှုမှတစ်ဆင့် သူ့အမှု၏ အဆင့်တစ်ဆင့်အား ဘုရားသခင်မှ ဆောင်ရွက်ခြင်းမှာ သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းသည့် အမှုအရာများအား ထင်ရှားစေရန် ဖြစ်သည်။ ဤအခွင့်အရေးအား အသုံးချခြင်းအားဖြင့် ဤလူစုအား ဘုရားသခင်က ပြီးပြည့်စုံစေမည် ဖြစ်သည်။ လူတို့၏ ဒုက္ခခံစားရခြင်း၊ သူတို့၏ အစွမ်းအစနှင့် ဤမသန့်ရှင်းသည့် နယ်မြေ၌ ရှိနေကြသည့် လူသားတို့၏ စာတန်စိတ် သဘောထားအားလုံးတို့ကြောင့် ဘုရားသခင်သည် သူ၏ သန့်ရှင်းစေခြင်းနှင့် သိမ်းပိုက် အောင်မြင်ခြင်းအမှုအား ပြုရခြင်းဖြစ်သည်။ ထိုအရာများမှတဆင့် သူ၏အပြုအမူများအား ရပ်တည်သက်သေခံနေသည့် သူများကို ဘုရားသခင် ရရှိမည်ဖြစ်သကဲ့သို့ သူ၏ဘုန်း ထင်ရှားခြင်းလည်း ရှိမည်ဖြစ်သည်။ ၎င်းသည် ဤလူစုအတွက် ဘုရားသခင်ပြုသော ပေးဆပ်ခြင်းအရာများတို့၏ ရည်ရွယ်ချက် အပြည့်ပင်ဖြစ်သည်။ ထို့ကြောင့် သူ့အားဆန့်ကျင်သော သူများအားဖြင့်သာ သိမ်းပိုက်အောင်မြင်ခြင်း အမှုအား ဘုရားသခင် ပြုသည်ဟုဆိုနိုင်ပါသည်။ ထိုအကြောင်းကြောင့် ဤကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် သာလျှင် ဘုရားသခင်၏ မဟာတန်ခိုးအား ထင်ရှားစေနိုင်မည်ဖြစ်သည်။ တနည်းဆိုရပါမူ မသန့်ရှင်းသော နယ်မြေတွင် ရှိနေသော သူများတို့သည်သာ ဘုရားသခင်၏ ဘုန်းအား အမွေခံထိုက်သူများဖြစ်ကာ ၎င်းအရာကသာလျှင် ဘုရားသခင်၏ မဟာတန်ခိုးတော်အား ထင်ရှားစေနိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ဘုန်းသည် မသန့်ရှင်းသည့်နယ်မြေနှင့် ထိုနယ်မြေ၌နေသော သူများမှတစ်ဆင့် ထင်ရှား စေသည်ဟု ငါဆိုရခြင်းဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ အလိုဖြစ်ပါသည်။ ၎င်းသည် ယေရှုအမှု၏ အဆင့်တစ်ဆင့်ထဲက ကဲ့သို့ပင်ဖြစ်သည်။ သူ့အား နှိပ်စက်ညှင်းပန်းခဲ့သည့် ဖာရိရှဲများကြား၌သာ သူ၏ဘုန်း ထင်ရှားရမည်ဖြစ်သည်။ အကယ်၍ ထိုနှိပ်စက် ညှင်းပန်းခံရခြင်း၊ သို့မဟုတ် ယုဒ၏ သစ္စာဖောက်ခြင်းတို့ မရှိခဲ့ပါက ကားတိုင်တွင်တင်၍ သတ်ခြင်းကိုမဆိုထားနှင့် လှောင်ပြောင်သရော်ခြင်းများနှင့် ကဲ့ရဲ့ခြင်းများအား ယေရှုခံခဲ့ရမည် မဟုတ်ပေ။ သို့ဆိုပါက ဘုန်းလည်း ထင်ရှားလိမ့်မည်မဟုတ်ပေ။ ခေတ်ကာလ အသီးသီး၌ ဘုရားသခင် လုပ်ဆောင်သော အရာများနှင့် လူ့အသွေးအသား၌ လုပ်ဆောင်သော အလုပ်တိုင်း၌ သူ၏ ဘုန်းအား ဘုရားသခင် ထင်ရှားစေသည်သာမက သူရည်ရွယ်ထားသည့် အရာများအားလည်း ဘုရားသခင် ပိုင်ဆိုင်ရရှိသည်။ ဤအရာသည် ဘုရားသခင်အမှု၏ အစီအစဉ်ဖြစ်ကာ၊ သူ၏စီမံခန့်ခွဲခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာတွင် ရှိခဲ့သည့် ဘုရားသခင်၏ အစီအစဉ်ထဲတွင် အသွေးအသား၌ ပြုပြီးသော အမှုဆိုင်ရာ ကဏ္ဍနှစ်ရပ်ရှိပါသည်။ ပထမတစ်ခုမှာ သူ၏ဘုန်းအား ထင်ရှားစေသည့် လက်ဝါးကပ်တိုင်၌ အသေခံခြင်းနှင့် အခြားတစ်ခုမှာ ထိုအရာမှတစ်ဆင့် သူ၏ဘုန်း ထင်ရှားလာမည့် နောက်ဆုံးသောကာလရှိ သိမ်းပိုက်အောင်မြင်ခြင်းနှင့် ပြည့်စုံစေခြင်းဆိုင်ရာ အမှုတို့ဖြစ်ကြသည်။ ဤအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုပင် ဖြစ်ပါသည်။ ထို့ကြောင့် သင့်အား ဘုရားသခင် စေခိုင်းချက်ကို သော်လည်းကောင်း၊ ဘုရားသခင်၏ အမှုကိုသော်လည်းကောင်း ရိုးရှင်းလွန်းသည်ဟု မမှတ်ယူပါနှင့်။ သင်တို့အားလုံးသည် အတိုင်းအထက်အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေ၏ အမွေခံများ ဖြစ်ကြပြီး၊ ၎င်းသည် ဘုရားသခင်က အထူးဘိသိက်ထားသော အရာဖြစ်သည်။ သူ၏ ဘုန်းနှင့်ဆိုင်သည့် ကဏ္ဍနှစ်ရပ်၌ တစ်ခုသောအရာသည် သင့်အထဲ၌ ထင်ရှားသည်။ ဘုရားသခင့်ဘုန်း ကဏ္ဍတစ်ရပ်၏ အလုံးစုံသော အရာသည် သင့်အား ပေးအပ်ထားပြီးဖြစ်သဖြင့် ထိုအရာသည် သင်ခံရမည့်အမွေဖြစ်ပါသည်။ ၎င်းသည် ဘုရားသခင့်ထံမှ ချီးမြှောက်ခြင်းဖြစ်ပြီး သူ၏အကြံအစည်သည် ရှေးမဆွကပင် ဆုံးဖြတ်ထား ပြီးသော အရာဖြစ်သည်။ အဆင်းနီသော နဂါးကြီး ကိန်းဝပ်ရာနယ်မြေ၌ ပြုခဲ့သည့် ဘုရားသခင် အမှု၏ ကြီးမားမှုကို ထည့်သွင်း စဉ်းစားမည်ဆိုပါက၊။ အဆိုပါ အမှုအား အခြားသော နေရာတစ်ခုခုသို့ ရွှေ့ပြောင်းခဲ့ပါက အသီးအပွင့်များအား လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရရှိခဲ့ပြီးဖြစ်မည်သာမက လူအများလည်း လွယ်လင့်တကူ လက်ခံနှင့်ပြီး ဖြစ်နိုင်ပါသည်။ ယေရှုမှ သာဓကအဖြစ် အစေခံသွားခဲ့သည့် အမှု၏ အဆင့်တစ်ဆင့်အတွက် ဤကဲ့သို့သောအမှုကို ဘုရားသခင်အား ယုံကြည်ကြသည့် အနောက်တိုင်းမှ ခရစ်ယာန်ဘုန်းကြီးများက အလွန်ပင် ပိုမိုလွယ်ကူစွာ လက်ခံနိုင်ခဲ့ပေလိမ့်မည်။ ထိုအကြောင်းကြောင့် သူသည် ဘုန်းထင်ရှားခြင်းဆိုင်ရာ အမှု၏ ဤအဆင့်အား အခြားနေရာတစ်နေရာရာ၌ မအောင်မြင်နိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားအားလုံး၏ ကူညီထောက်မခြင်းနှင့် တိုင်းနိုင်ငံအားလုံး၏ အသိအမှတ် ပြုခြင်းရှိသော အရပ်၌ ဘုရားသခင်၏ ဘုန်းအတွက် နေရာရှိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဤအရာသည် ဤမြေကြီးပေါ်ရှိ အမှုအဆင့်တစ်ဆင့်၏ သာမန်ထက် ကြီးကျယ်ခမ်းနားသည့် ရည်ရွယ်ချက်တစ်ခု မုချပင်ဖြစ်သည်။ သင်တို့အထဲ၌ ပညတ်တရား၏ အကာအကွယ်ပေးခြင်း ခံရသည့်သူ တစ်ယောက်မျှ မရှိပါချေ။ ထိုသို့မရရှိရုံမျှမက ထိုပညတ်တရား၏ အပြစ်ပေးခြင်းကိုပင်လျှင် သင်ခံနေရပါသည်။ ပိုမို၍ ခက်ခဲကြပ်တည်းသည့် အရာမှာ သင့်အား သင့်မိဘမှဖြစ်စေ၊ ဆွေမျိုးသားချင်းများမှဖြစ်စေ၊ မိတ်ဆွေများမှ ဖြစ်စေ၊ လုပ်ဖော်ဆောင်ဖက်များမှဖြစ်စေ မည်သူတစ်ယောက်ကမျှ နားလည်ပေးခြင်း မရှိသည့်အရာ ဖြစ်သည်။ သင့်အား မည်သူကမျှ နားမလည်ကြ။ ဘုရားသခင်က သင့်အား ငြင်းဆန်လိုက်သော အချိန်၌မူကား လောက၌ သင်ဆက်လက်အသက်ရှင်ရန် နည်းလမ်းမရှိတော့ပေ။ သို့သော်လည်း ထိုအခြေအနေများ ရှိနေလင့်ကစား လူများက ဘုရားသခင်အား စွန့်ခွာခြင်းကို မပြုနိုင်ကြပေ။ ဤအရာသည် လူသားများအပေါ် ဘုရားသခင် သိမ်းပိုက်အောင်မြင်ခြင်း၏ ရည်ရွယ်ချက်ပင်ဖြစ်ပြီး ၎င်းသည် ဘုရားသခင်၏ ဘုန်းဖြစ်သည်။ သင်ယခု အမွေခံရသော အရာများသည် ရှေးကတမန်တော်များထက် ကျော်လွန်သည်သာမက၊ မောရှေနှင့် ပေတရုတို့ထက်ပင်လည်း ပိုမိုသာလွန်ပေသည်။ ကောင်းချီးမင်္ဂလာဟူသော အရာသည် နှစ်ရက်၊ သုံးရက်တည်းနှင့် ခံစားရသော အရာမျိုး မဟုတ်ပါပေ။ ၎င်းအား ရရှိခံစားရရန်အတွက် များစွာသော ပေးဆပ်ခြင်းများအား လုပ်ဆောင်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ သင်၌ သန့်ရှင်းသော ချစ်ခြင်းမေတ္တာ၊ ကြီးမားသည့် ယုံကြည်ခြင်း၊ ဘုရားသခင်က သင့်အား ထိန်းသိမ်းစေလိုသည့် သမ္မာတရားများတို့ ရှိရမည် ဖြစ်သည်။ ထို့ထက်ဆိုရပါမူ တရားမျှတမှုအား သင်မျက်မှောက်ပြုရန် လိုအပ်သကဲ့သို့ သူရဲဘောကြောင်ခြင်း နှင့် အရှုံးပေးခြင်းအား မည်သည့်အခါ၌မျှ လုပ်ဆောင်မှုမပြုရန် လိုပါသည်။ ထို့အပြင် ဘုရားသခင်အပေါ်၌ အစဉ်ချစ်ခြင်းနှင့် မလျော့သောချစ်ခြင်း ရှိနေရန် လိုအပ်ပါသည်။ တစ်သက်တာ စိတ်နေသဘောထား ပြောင်းလဲခြင်းကဲ့သို့သော တိကျပြတ်သားသည့် ဆုံးဖြတ်ချက်မျိုး သင်၌ရှိရန် လိုပါသည်။ သင်၌ ယိုယွင်းနေသော အရာများအား ကုစားရန်လည်း လိုအပ်ပါသည်။ ထို့ပြင် ဘုရားသခင် သင်၌ ညှိညွှတ်သော အရာအားလုံးတို့အား စောဒကတက်ခြင်း မရှိပါပဲလျက် လက်သင့်ခံရန် လိုအပ်ပြီး သေသည့် တိုင်အောင် ပင်လျှင် နာခံခြင်း ရှိနေရမည်ဖြစ်သည်။ ထိုအရာသည် သင်၌ လက်ဆုပ်လက်ကိုင် ရှိထားသင့်သည့် အရာဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ နောက်ဆုံးသော ရည်ရွယ်ချက်ဖြစ်ပြီး ဤလူစုထံတွင် ဘုရားသခင် တောင်းဆိုသည့်အရာလည်း ဖြစ်သည်။ သင့်အား ဘုရားသခင် ပေးထားသည်နှင့်အမျှ သင့်ထံမှ ပြန်လည် တောင်းခံခြင်းကိုလည်း ပြုမည်ဖြစ်ပြီး ထိုတောင်းဆိုမှုများထဲ၌ သင့်အား အံဝင်ခွင်ကျ ဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်အားလုံး၌ အကြောင်းပြချက်ဟူ၍ ရှိရုံတင်မက ထိုအရာမှ တဆင့် ဘုရားသခင်သည် မြင့်မားသည့် စံနှုန်းနှင့် တင်းကျပ်သည့် တောင်းဆိုမှုများရှိသည့် အမှုအား ထပ်ခါတလဲလဲ ပြုလုပ်နေရကြောင်း တွေ့မြင်နိုင်ပါသည်။ ထိုအကြောင်းကြောင့် ဘုရားသခင်အား ယုံကြည်ခြင်းသည် သင်၌ ပြည့်လျက်ရှိရန် လိုအပ်နေရခြင်းဖြစ်သည်။ အတိုချုပ်အားဖြင့် ဆိုရပါက ဘုရားသခင်ပြုသော အရာများအားလုံးတို့သည် သင့်အတွက် ပြုနေခြင်းဖြစ်ကာ ထိုသို့သောအားဖြင့် သင့်အား သူ၏အမွေနှင့် ထိုက်တန်သောသူတစ်ယောက် ဖြစ်လာစေပါသည်။ ထိုသို့ပြုရခြင်းသည် ဘုရားသခင်၏ ဘုန်းအတွက် သိပ်မဟုတ်ပဲ သင့်ကယ်တင်ခြင်းနှင့် မသန့်ရှင်းသောမြေ၌ ကြီးစွာသော ဒုက္ခကို ခံနေရသောသူများအား ပြီးပြည့်စုံစေရန်အတွက်လည်း ဖြစ်ပါသည်။ ဘုရားသခင်၏ အလိုအား သင်နားလည် ရပါမည်။ ထို့ကြောင့် အသိဉာဏ် သို့မဟုတ် အသိတရား ဘာမျှမရှိသော ဥပေက္ခာပြုလျက်နေသည့် လူအများအား ငါတိုက်တွန်း နှိုးဆော်နေရခြင်းဖြစ်သည်။ နောက်ထပ် ဘုရားသခင်အား စမ်းသပ်မှု မပြုပါနှင့်တော့။ သူ့အား ဆန့်ကျင်ဘက် မပြုပါနှင့်တော့။ မည်သည့် လူသားတစ်စုံတစ်ယောက်မျှ မခံစားဖူးသည့် ဒုက္ခဆင်းရဲခြင်း အလုံးစုံအား ဘုရားသခင် ခံစားခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် လူသားအစား သာ၍ နှိမ့်ချခံရခြင်းအား လွန်ခဲ့ပြီးသော အချိန်ကပင်လျှင် ခံခဲ့ပြီးဖြစ်ပါသည်။ မည်သည့်အရာအား သင်လက်မလွတ်နိုင်ပဲ ရှိနေပါသနည်း။ မည်သည့်အရာက ဘုရားသခင်၏ အလိုထက် ပိုမို၍ အရေးကြီး ပါသနည်း။ ဘုရားသခင်၏ မေတ္တာအထက်၌ မည်သည့်အရာများ ရှိနေပါသနည်း။ ထိုအလုပ်သည် မသန့်ရှင်းသော ဤနယ်မြေ၌ သူ၏အမှုအား ထမ်းဆောင်ရန်အတွက် ဘုရားသခင်မှ နှစ်ဆကြိုးစား အားထုတ်ခဲ့ပြီးသော အရာဖြစ်ပါသည်။ အကယ်၍ လူသားအနေနှင့် သိသိကြီးနှင့် ဆန္ဒ ပြင်းပြစွာ ဖောက်ပြန် ကျူးလွန်ခဲ့ပါလျှင် ဘုရားသခင်၏ အမှုသည် ကြာမြင့်သွားလိမ့်မည်ဖြစ်သည်။ မည်သည့် ဖြစ်ရပ်တိုင်း၌မဆို ဤအရာသည် မည်သူ့ အကျိုးအမြတ်ထဲမှ မဟုတ်သကဲ့သို့ မည်သူတစ်ဦး တစ်ယောက်အတွက်လည်း အကျိုးမရှိပေ။ ဘုရားသခင်သည် အချိန်၏ ကာရန် ထိန်းချုပ်ခြင်းကို ခံနေရသောသူ မဟုတ်ပေ။ သူ၏အမှုနှင့် ဘုန်းသည် ရှေးဦးစွာ ထွက်ပေါ်လာပါသည်။ ထို့ကြောင့် အချိန်ကာလ မည်မျှကြာမြင့်စေကာမူ သူ၏အမှု ဖြစ်ပါက မည်သည့် ပေးဆပ်ခြင်းကိုမျှ ကျန်နေရစ်စေမည်မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ စိတ်နေသဘောထားဖြစ်သည်။ သူ၏အမှု မအောင်မြင်မချင်း ဘုရားသခင် အနားယူမည် မဟုတ်ပေ။ သူဘုန်း၏ ဒုတိယပိုင်းအား ရရှိသောအချိန် ရောက်သောအခါ၌သာလျှင် သူ၏အမှုသည် အဆုံးပိုင်းသို့ ရောက်နိုင်ပါလိမ့်မည်။ သူ၏ ဘုန်းထင်ရှားခြင်း ဒုတိယကဏ္ဍအား စကြာဝဠာတစ်ခွင်လုံး၌ မပြီးမြောက်စေ မချင်း သူ၏နေ့ရက်သည် ရောက်ရှိလာမည်မဟုတ်၊ သူ၏လက်ရုံးအား ရွေးချယ်သော အမျိုးအပေါ်မှ ရုတ်သိမ်းမည်မဟုတ်၊ ဣသရေလလူမျိုးအပေါ်၌ သူ၏ဘုန်း ကြွလာမည်မဟုတ်၊ သူ၏အကြံအစည် များလည်း မည်သည့်အခါမျှ နိဂုံးကမ္မ ချုပ်ငြိမ်းခြင်းသို့ ရောက်လိမ့်မည် မဟုတ်ချေ။ ဘုရားသခင်၏ အလိုနှင့် အမှုသည် ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသောအရာများတို့အား ဖန်ဆင်းခဲ့ခြင်းလောက် ရိုးစင်းမှု မရှိသည်ဆိုခြင်းအား သင်တွေ့မြင်သင့်ပါသည်။ ယနေ့လုပ်ဆောင်ရမည့် အမှုမှာ ပျက်စီးခြင်းသို့ ရောက်နေ သောသူများ၊ တစ်ဖက်စွန်းရောက်အောင် တုံးအလာကြသူများတို့အား ပြောင်းလဲစေရန်နှင့် ဖန်ဆင်းခံ ပြီးနောက် စာတန်၏ လုပ်ဆောင်မှုကြောင့် ညစ်ညူးနေသူများအား သန့်ရှင်းစေရန် ဖြစ်သည်။ အလင်းအား ဖြစ်ပွားလာစေရန် သို့တည်းမဟုတ် အပင်နှင့် တိရိစ္ဆာန်တို့၏ ပြုမူဆောင်ရွက်ပုံ နည်းလမ်းများအား ဖန်ဆင်းရန်မဆိုထားနှင့် အာဒံနှင့်ဧဝ တို့အား ဖန်ဆင်းရန်ပင် မဟုတ်ပါ။ ဘုရားသခင်၏ ယခုအမှုမှာ စာတန်ကြောင့် ပျက်စီးယိုယွင်းလျက်ရှိသော သူများအား သန့်ရှင်းစင်ကြယ်စေရန်ဖြစ်ပြီး ထိုသို့အားဖြင့် ထိုသူအပေါင်းတို့အား ပြန်လည်ရယူပြီး သူပိုင်ဆိုင်သောအရာများ၊ သူ၏ ဘုန်းအဖြစ် ဖြစ်လာကြမည် ဖြစ်သည်။ အဆိုပါ အမှုသည် လူသားများ စဉ်းစားတွေးခေါ်သည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဖန်ဆင်းသည့် အလုပ်ကဲ့သို့ ရိုးစင်းခြင်း မရှိလှပါ။ ယင်းသည် စာတန်အား အခြေမဲ့သော တွင်းနက်ကြီးထဲသို့ ကျိန်ဆိုလျက် ချပစ်ခြင်းကဲ့သို့သော အရာနှင့်လည်း သဘောသဘာဝအားဖြင့် တူညီမှုမရှိပါ။ ၎င်းသည် လူသားအား ပြောင်းလဲစေရန်၊ အနှုတ်လက္ခဏာဆောင်သော နေရာမှ အပေါင်းလက္ခဏာဆောင်သော အခြေအနေသို့ တဖန် ရောက်ရှိစေရန်၊ ဘုရားသခင်နှင့် မသက်ဆိုင်သော အခြေအနေမှ သူ၏ ပိုင်ဆိုင်မှုအထဲသို့ သိမ်းယူရန် ဖြစ်သည်။ ယင်းသည် ဘုရားသခင် အမှု၏ ဤအဆင့်ထဲ၌ ရှိနေသည့် အကြောင်းအရာဖြစ်သည်။ ထိုအရာအား သင်သတိပြုမိရန် လိုအပ်ပြီး ရုပ်ဝတ္ထုများအား သာ၍ အလေးမထားသင့်ပါပေ။ ဘုရားသခင်၏ အမှုသည် အခြားသော သာမန်အလုပ်များနှင့် တူညီမှုမရှိပါ။ ၎င်း၏ အံ့သြဖွယ်ရာ ထူးခြားမှုသည် လူသား၏ စိတ်နေသဘောထားအားဖြင့် ဖြစ်ပွားလာနိုင်သော အရာမဟုတ်ပေ။ ထို့အပြင် ထိုအရာ ပညာနှင့်ပြည့်စုံခြင်းသည် အထက်ပါနည်းလမ်းများအားဖြင့် မရရှိနိုင်ပါ။ ထိုအရာ အားလုံးအား ဘုရားသခင် မဖန်ဆင်းခဲ့သလို ဖျက်ဆီးခြင်းလည်း မပြုပါ။ ယင်းအစား ဘုရားသခင်သည် စာတန်ကြောင့် ညစ်ညူးလျက်ရှိနေသော သူ၏ဖန်ဆင်းခြင်းအားလုံးအား ဘုရားသခင် ပြောင်းလဲစေလျက် ရှိပြီး သန့်ရှင်းစေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ကြီးမားသည့် အမှုအား ဘုရားသခင် အစပြုမည်ဖြစ်ကာ ၎င်းသည် ဘုရားသခင် ဆောင်ရွက်သော အမှု၏ ရည်ရွယ်ချက် ပေါင်းချုပ်ဖြစ်သည်။ ဤနှုတ်ကပတ်များမှတစ်ဆင့် ဘုရားသခင်၏ အမှုသည် အလွန်ရိုးရှင်းသည်ဟု သင် ယုံကြည်ပါသလား။

ယခင်က:ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း

နောက်တစ်ခုသို့:ဘုရားသခင်ကို ယုံကြည်သော သင်သည် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

သင်နှစ်သက်နိုင်သည့် အရာများ