အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်နှင့် ပတ်သက်သည့် သမ္မာတရားများ

၄) နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်၏ အရေးပါမှုကို ယင်းတရားစီရင်ခြင်းအမှုတော်မှ ရရှိသည့် ရလဒ်များထဲတွင် တွေ့မြင်နိုင်ပါသည်။

(၁) နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် လူသားကို သန့်စင်ဖို့၊ ကယ်တင်ပြီး စုံလင်စေဖို့နှင့် အောင်မြင်သော သူများ အုပ်စုတစ်စုကို ဖန်တီးဖို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။ ငါသည်အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။ အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သောယေရှုရှလင်မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။” (ဗျာ ၃:၁၀-၁၂)

ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာ ၁၄:၄-၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူအားလုံးကို၊ အဆုံးတိုင်အောင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင်ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူ၏။ သို့သော် ဘုရားသခင်ကိုယ်တိုင်၏ခေတ် မရောက်လာမီတွင် ဘုရားသခင်၏အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူသား၏ အသက်တာကို စုံစမ်းမှုပြုရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းကို သန့်စင်ပေးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူအယောက်စီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမ၍ ပြစ်ဒဏ်ချမှတ်သည်၊ သို့သော် သင်တို့၏ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် သင့်အနေဖြင့် သင့်ကိုယ်သင် သိလာနိုင်ရန် ဖြစ်သည်ကို သိမှတ်လော့။ ပြစ်ဒဏ်ချမှတ်ခြင်း၊ ကျိန်ဆဲခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း စသည်တို့အားလုံးသည် သင့်အနေဖြင့် မိမိကိုယ်ကို သိလာနိုင်ရန်၊ သင်၏စိတ်သဘောထား ပြောင်းလဲလာနိုင်ရန်၊ ထို့အပြင် သင်၏တန်ဖိုးကို သင်သိလာနိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များအားလုံးသည် ဖြောင့်မတ်၍ သူ၏စိတ်နေသဘောထားနှင့်အညီဖြစ်ပြီး သူ့အမှု၏လိုအပ်ချက်များနှင့်အညီဖြစ်ကြောင်းကို သင့်အနေဖြင့် သိမြင်လာနိုင်ရန်ဖြစ်ကာ၊ လူသားကို ကယ်တင်ခြင်းအတွက် သူ၏အစီအစဉ်အတိုင်း ဘုရားသခင်လုပ်ဆောင်ကြောင်းနှင့် သူသည် လူသားကို ချစ်သည့်၊ လူသားကို ကယ်တင်သည့်၊ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ကြောင်းကို သင်သိလာနိုင်ရန်ဖြစ်သည်။ အကယ်၍ သင်သည် နိမ့်ကျသောအဆင့်၌ရှိကြောင်း၊ ဖောက်ပြန်ပျက်စီးကာ မနာခံတတ်ကြောင်းကိုသာလျှင် သင်သိပြီး၊ ယနေ့ သင့်အပေါ်တွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားအောင် ပြုလိုသည်ကို သင်မသိပါက သင်၌ ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ တွေ့ကြုံခံစားရဖို့ နည်းလမ်းပင် ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာသည်မဟုတ်၊ တရားစီရင်ရန်၊ ကျိန်ဆဲရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန်အတွက် ကြွလာခြင်းဖြစ်သည်။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးမသတ်မီ၊ လူသားတစ်မျိုးစီ၏ အဆုံးသတ်ကို ထင်ရှားစွာမပြမီတွင် ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအလို့ငှာသာဖြစ်သည်၊ သူ့ကိုချစ်သောသူများကို အပြည့်အဝစုံလင်စေရန်နှင့် သူ၏အုပ်စိုးမှုအောက်သို့ ကျိုးနွံနာခံလာဖို့ ခေါ်ဆောင်လာရန်အလို့ငှာသာဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ပင်ကယ်တင်စေကာမူ သူတို့၏ ဆိုးယုတ်သော သဘာဝဗီဇဟောင်းမှ သူတို့ကို လွတ်မြောက်အောင် ပြုလုပ်ပေးခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် သူတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် ကယ်တင်ပေးခြင်းဖြစ်သည်။ အကယ်၍ သူတို့သည် အသက်ကို မရှာဖွေပါက ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရယူရန် နည်းလမ်းရှိလိမ့်မည်မဟုတ်ချေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အတွက် လူသားအနေဖြင့် ပိုင်ဆိုင်ထားရမည့်အရာဖြစ်သည်။ လူသား၏အမြင်တွင် ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ မဖြစ်နိုင်ဟု မြင်သည်၊ ကယ်တင်ခြင်းတွင် ချစ်ခြင်းမေတ္တာ၊ သနားခြင်းကရုဏာအပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များ ပါဝင်ပြီး၊ ဘုရားသခင်က နှင်းအပ်ပေးသည့် အကန့်အသတ်မဲ့သော ကောင်းချီးမင်္ဂလာများ ပါဝင်ရမည်ဟု မြင်သည်။ ဘုရားသခင်က လူသားကို ကယ်တင်သည့်အခါ သူတို့ကို တို့ထိခြင်းအားဖြင့်၊ သူ၏ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်မှတစ်ဆင့် သူ့ထံ၌ သူတို့၏နှလုံးသားများကို ပေးအပ်စေခြင်းတို့အားဖြင့် ကယ်တင်သည်ဟု လူတို့က ယုံကြည်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် လူသားတို့ကို တို့ထိသောအခါ သူတို့ကို ကယ်တင်သည်ဟူ၍ဖြစ်သည်။ ဤကဲ့သို့သော ကယ်တင်ခြင်းမျိုးသည် အပေးအယူပြုလုပ်ခြင်း ပါဝင်သည့် ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်က သူတို့ကို အဆတစ်ရာ နှင်းအပ်ပေးသောအခါမှသာ လူသားသည် ဘုရားသခင်၏ နာမတော်အောက်သို့ ဝင်ရောက်လာမည်ဖြစ်ပြီး ဘုရားသခင်အတွက် ကောင်းစွာကြိုးပမ်းလုပ်ဆောင်ကာ သူ့ကို ဘုန်းထင်ရှားစေမည့်သဘောဖြစ်သည်။ သို့သော် ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏အလိုတော် မဟုတ်ပါ။ ဘုရားသခင်သည် အကျင့်ပျက်သော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ မြေကြီးပေါ်သို့ အမှုပြုရန်ကြွလာခဲ့သည်၊ ဤအရာတွင် မုသားမပါချေ၊ သို့မဟုတ်လျှင် ဘုရားသခင်သည် သူ၏အမှုကိုပြုရန် ကိုယ်တော်တိုင် လုံးဝကြွလာမည်မဟုတ်။ ယခင်က ဘုရားသခင်၏ ကယ်တင်ခြင်းနည်းလမ်းမှာ အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာကို ပြသခြင်းဖြစ်ခဲ့ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အလဲအလှယ်လုပ်ရန်အတွက် ဘုရားသခင်သည် သူ၏အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိပင်ဖြစ်သည်။ ယနေ့ကာလတွင်မူ ယခင်ကဲ့သို့မဟုတ်။ ယနေ့ကာလ၌ သင်တို့၏ကယ်တင်ခြင်းသည် တစ်ဦးစီကို အမျိုးအစားအလိုက် အုပ်စုခွဲခြားချိန်အတွင်းဖြစ်သည့် နောက်ဆုံးသောကာလ၏အချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်၊ သင်တို့ကို ကယ်တင်သည့်နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်တော့ဘဲ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရစေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ဖြစ်သော်လည်း ဤကဲ့သို့ အကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါသည်ကို သိမှတ်လော့၊ ငါ၏နှုတ်ကပတ်တော်တို့သည် မည်မျှကြမ်းတမ်းသည်ဖြစ်စေ သင်တို့အပေါ်သို့ ကျရောက်သည့်အရာမှာ သင်တို့အတွက် လုံးဝအကြင်နာမဲ့ဟန်တူသည့် နှုတ်ကပတ်တော် အနည်းငယ်သာလျှင်ဖြစ်သည်ကို သိမှတ်လော့၊ ထို့အပြင် ငါ၏ဒေါသသည် မည်မျှပင်ကြီးပါစေ သင်တို့အပေါ်သို့ ကျရောက်သည်မှာ အဆုံးအမနှုတ်ကပတ်တော်များသာလျှင် ဖြစ်သည်ကို သိမှတ်လော့၊ သင့်တို့ကို ထိခိုက်နစ်နာအောင်ပြုရန်၊ သို့မဟုတ် ကွပ်မျက်ရန် ငါမရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းပင် မဟုတ်လော။ ယခုခေတ်၌ ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းပင်ဖြစ်စေ အားလုံးသည် ကယ်တင်ခြင်းအဖို့အလို့ငှာဖြစ်ကြောင်း သိမှတ်လော့။ ယနေ့ တစ်ဦးစီကို အမျိုးအစားအလိုက် အုပ်စုခွဲခြားမှုရှိသည်ဖြစ်စေ၊ သို့မဟုတ် လူသား၏ အမျိုးအစားများကို ဖော်ထုတ်ပြသည်ဖြစ်စေ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန်အတွက်ပင် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းမှာ လူသားကို သန့်စင်စေရန်ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းမှာ လူသားကို သန့်စင်စေရန်ဖြစ်သည်၊ ကြမ်းတမ်းသောစကားလုံးများ၊ သို့မဟုတ် ဆုံးမခြင်းတို့မှာ သန့်စင်စေရန်သာဖြစ်ပြီး ကယ်တင်ခြင်းအတွက်သာလျှင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကယ်တင်ခြင်း၏ နည်းစနစ်မှာ ရှေးယခင်ကနှင့် မတူပေ။ ယနေ့တွင် ဖြောင့်မတ်သည့် တရားစီရင်ခြင်းက သင်တို့ကို ကယ်တင်သည့်အပြင် အမျိုးအစားအလိုက် သင်တို့တစ်ဦးစီကို အုပ်စုခွဲခြားရန်အတွက် တန်ဆာပလာကောင်းပင်ဖြစ်သည်၊ ရက်စက်သည့် ပြစ်တင်ဆုံးမခြင်းသည် သင်တို့အတွက် အမြင့်ဆုံးသော ကယ်တင်ခြင်းကို ယူဆောင်လာပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့် ရင်ဆိုင်တွေ့သောအခါ သင်တို့၌ အဘယ်ပြောစရာရှိသနည်း။ ကယ်တင်ခြင်းကို အစမှအဆုံးတိုင်အောင် သင်တို့မွေ့လျော်ခဲ့သည် မဟုတ်လော။ လူ့ဇာတိခံယူသော ဘုရားသခင်၊ သူ၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာနှစ်ခုလုံးကို သင်တို့မြင်ခဲ့ကြပြီးဖြစ်သည်၊ ထို့အပြင် အကြိမ်ကြိမ် ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကိုလည်း သင်တို့တွေ့ကြုံပြီးဖြစ်သည်။ သို့သော် အဆုံးစွန်ကျေးဇူးတော်ကိုလည်း သင်တို့ရရှိထားကြသည် မဟုတ်လော။ သင်တို့၏ကောင်းချီးမင်္ဂလာများသည် အခြားသူများ၏ ကောင်းချီးမင်္ဂလာတို့ထက် ပို၍ကြီးမားသည် မဟုတ်သလော။ သင်တို့ရရှိသော ကျေးဇူးတော်များမှာ ရှောလမုန်မင်းကြီး ခံစားခဲ့ရသည့် ဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုများထက် ပို၍ရက်ရောကုံလုံသည် မဟုတ်လော။ စဉ်းစားကြည့်ကြလော့- ငါကြွလာခြင်း၏ ရည်ရွယ်ချက်သည် သင်တို့ကို စီရင်ချက်ချရန်နှင့် အပြစ်ဒဏ်ပေးရန်ဖြစ်ပြီး သင်တို့ကို ကယ်တင်ရန်မဟုတ်ပါက၊ သင်တို့၏နေ့ရက်များသည် ဤမျှကြာရှည်ခံနိုင်ခဲ့လိမ့်မည်လော။ အပြစ်နှင့်ပြည့်သော အသွေးအသားနှင့်ဖြစ်တည်သည့် သင်တို့သည် ယနေ့တိုင်အောင် ရှင်သန်နိုင်ခဲ့လိမ့်မည်လော။ အကယ်၍ ငါကြွလာခြင်း၏ ရည်ရွယ်ချက်သည် သင်တို့ကို အပြစ်ဒဏ်ပေးရန်သာဖြစ်ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ယင်းသို့သော ကြီးလေးသည့်အမှုကို စတင်လုပ်ဆောင်ခဲ့ရမည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့ကို ပြစ်ဒဏ်ပေးရန်မှာ စကားတစ်ခွန်းကို မိန့်မြွက်ချိန်သာ ကြာမည်မဟုတ်လော။ ငါသည် သင်တို့ကို စီရင်ချက်ချပြီးနောက် ဖျက်ဆီးပစ်ရန် လိုလားနေဦးမည်လော။ ငါပြောသော ဤနှုတ်ကပတ်တော်များကို သင်တို့မယုံကြသေးသလော။ ငါသည် ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာအားဖြင့်သာ လူသားကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူသားကို ကယ်တင်ရန် ကားတိုင်ပေါ်တွင် အသေခံခြင်းကိုသာ ငါအသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားက လူသားတို့ကို လုံးလုံးနာခံလာရန် ပို၍ထောက်ကူနေသည် မဟုတ်လော။ ဤအရာက လူသားတို့ကို စေ့စေ့စပ်စပ် ပို၍ကယ်တင်နိုင်သည် မဟုတ်လော။

ငါ၏နှုတ်ကပတ်တော်တို့သည် ခက်ထန်နိုင်သော်လည်း ၎င်းတို့အားလုံးကို လူသား၏ ကယ်တင်ခြင်းအတွက် ပြောထားခြင်းဖြစ်သည်၊ ငါသည် နှုတ်ကပတ်တော်များကို ပြောခြင်းသာ ပြုပြီး လူသား၏ဇာတိခန္ဓာကိုယ်ကို အပြစ်ဒဏ်ပေးခြင်းကို မပြုသောကြောင့်ပင်တည်း။ ဤနှုတ်ကပတ်တော်များသည် လူသားတို့ကို အလင်းထဲတွင် နေထိုင်စေပြီး အလင်းရှိကြောင်း သိစေသည်၊ အလင်းသည် တန်ဖိုးရှိကြောင်း သိစေသည်၊ ထို့ထက်မက ဤနှုတ်ကပတ်တော်တို့သည် လူသားကို အဘယ်မျှလောက်အကျိုးပြုကြောင်း သိစေပြီး ဘုရားသခင်သည် ကယ်တင်ခြင်းဖြစ်ကြောင်းကို သိစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များကို ငါများစွာပြောခဲ့သော်လည်း စင်စစ်အားဖြင့် ၎င်းတို့ကို သင်တို့အပေါ်သို့ ငါမလုပ်ဆောင်ရသေး။ ငါ၏အမှုကို လုပ်ဆောင်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို မိန့်ကြားရန် ငါလာခဲ့သည်၊ ငါ၏နှုတ်ကပတ်တော်တို့သည် ခက်ထန်နိုင်သော်လည်း သင်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်မှုတို့ကို တရားစီရင်သောအားဖြင့် ၎င်းတို့ကို မိန့်ကြားထားခြင်းဖြစ်၏။ ဤသို့ ငါပြုရသည့် ရည်ရွယ်ချက်မှာ စာတန်၏ အုပ်စိုးမှုအောက်မှ လူသားများကို ကယ်တင်ရန်၊ ငါ့နှုတ်ကပတ်တော်များကို အသုံးပြု၍ လူသားတို့ကို ကယ်တင်ရန်သာ ဖြစ်နေသေးသည်၊ ငါ၏ရည်ရွယ်ချက်မှာ လူသားတို့ကို ငါ၏နှုတ်ကပတ်တော်တို့ဖြင့် ထိခိုက်နာကျင်စေရန်မဟုတ်။ ငါ၏အမှုမှ ရလဒ်များ ရလာနိုင်ရန်အလို့ငှာ ငါ၏နှုတ်ကပတ်တော်များက ခက်ထန်နေခြင်း ဖြစ်သည်။ ဤနည်းဖြင့် အမှုပြုခြင်းဖြင့်သာ လူသားတို့သည် မိမိတို့ကိုယ်မိမိ သိလာကြမည်ဖြစ်ပြီး သူတို့၏ ပုန်ကန်တတ်သည့် စိတ်နေသဘောထားမှ ထွက်ပြေးလွတ်မြောက်နိုင်ကြမည်ဖြစ်သည်။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အကြီးမားဆုံးသော အရေးပါမှုမှာ လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးပြီးနောက် သမ္မာတရားကို လက်တွေ့ကျင့်သုံးခွင့်ပေးခြင်း၊ သူတို့၏ စိတ်နေသဘောထားတွင် ပြောင်းလဲမှုများ ရရှိစေခြင်းနှင့် မိမိတို့ကိုယ်မိမိနှင့် ဘုရားသခင်၏အမှုအကြောင်း သိစေခြင်းတို့ပင် ဖြစ်သည်။ စကားပြောခြင်းမှတစ်ဆင့် လုပ်ဆောင်သောနည်းလမ်းသည်သာ ဘုရားသခင်နှင့် လူသားအကြား ဆက်ဆံပြောဆိုခြင်းကို ဖြစ်မြောက်စေနိုင်ပြီး၊ နှုတ်ကပတ်တော်များသည်သာလျှင် သမ္မာတရားကို ရှင်းပြနိုင်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည် လူသားကိုသိမ်းပိုက်ရန်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်၊ နှုတ်ကပတ်တော်များကို မိန့်မြွက်ခြင်းမှလွဲ၍ အခြားမည်သည့်နည်းလမ်းကမျှ သမ္မာတရားနှင့် ဘုရားသခင်၏အမှုအကြောင်း ပိုမိုရှင်းလင်းသည့် နားလည်ခြင်းကို လူသားအား ပေးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူသားတို့ကို ဘုရားသခင်ထံမှ မှန်ကန်သောလမ်းနှင့် အသက်ကို ရယူခွင့်ပေးလျက် သူ့အမှု၏နောက်ဆုံးအဆင့်တွင် လူသားနားမလည်သည့် သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ဖွင့်ပြရန်အလို့ငှာ လူသားကို ဘုရားသခင်စကားပြောသည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားတို့ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” မှ

အမှန်အားဖြင့် ယခု လုပ်ဆောင်ပြီးသော အလုပ်မှာ လူတို့အနေဖြင့် စာတန်ကို စွန့်လွှတ်ရန်၊ ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းကို စွန့်လွှတ်ရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်း အားလုံးသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထပ်တလဲလဲဖြစ်သော အဆိုပါတရားစီရင်ခြင်းများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ တရားစီရင်ခြင်းအားလုံးသည် လူတို့၏ ကံကြမ္မာအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်နာကျင်စေရန် ရည်ရွယ်ခြင်းဖြစ်သောကြောင့်၊ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ အသက်အကြောင်း သိလာမည်၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိလာမည်၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကိုလည်း သိလာပြီး၊ စာတန်၏ ဖျက်စီးခြင်းခံထားရသော ဤလူသားတို့အကြောင်း သိလာမည်ဖြစ်သည်။ ဤကဲ့သို့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး သာ၍များလေလေ၊ လူ၏ စိတ်နှလုံးအား ပို၍ ထိခိုက်နာကျင်စေနိုင်လေဖြစ်ပြီး၊ သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုး၏ ရည်မှန်းချက်မှာ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး အနက်ဆုံးအထိ လှည့်ဖြားခြင်း ခံထားရသော အဆိုပါ လူတို့၏ ဝိညာဉ်များကို နိုးထပေးရန် ဖြစ်သည်။ လူ၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ၊ သူ၏ဝိညာဉ်သည် ကုန်လွန်ခဲ့သော အတိတ်တွင် သေဆုံးခဲ့ပြီ၊ သူသည် ကောင်းကင်ဘုံရှိကြောင်းကို မသိ၊ ဘုရားသခင်တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူမသိမည်မှာ ကျိန်းသေပါသည်၊ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း မည်သို့သိမည်နည်း။ စာတန်ဖျက်ဆီးခြင်း ခံထားရသည့် သူ၏ပုပ်စပ်သော ဤအသေကောင်သည် သေမင်း၏ မရဏနိုင်ငံသို့ ကျရောက်နေကြောင်း သူမည်သို့သိမည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ပြုပြင်၍ မရနိုင်လောက်အောင် လူသားတို့၏ ဖျက်ဆီးခြင်းကို ခံနေရသည်မှာ ကြာပြီဖြစ်ကြောင်း သူမည်သို့သိမည်နည်း။ ထို့အပြင် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူမည်သို့သိမည်နည်း။ လူတို့သည် ဖြစ်နိုင်သော စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်း အားလုံးကို ကြုံခဲ့ပြီးလျှင်ပင်၊ သူတို့၏ လေးလံထုံထိုင်းသော အသိစိတ်သည် အနည်းငယ်မျှသာ နိုးကြားပြီး၊ တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန်ကျဆင်းယိုယွင်းနေပါတကား။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း၊ ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးပေးသည့်အရာဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက ရလဒ်ရှိလာမည် မဟုတ်ဘဲ၊ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်ခြေရှိမည် မဟုတ်ပါ။ အကယ်၍ ဤအမှုကြောင့်သာ မဟုတ်လျှင်၊ လူတို့၏ စိတ်နှလုံးသည် လွန်လေပြီးသော အတိတ်ကတည်းက သေဆုံးနေခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည်လည်း စာတန်၏ နင်းခြေမှုကို ခံနေရသည်မှာ အချိန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူတို့သည် သေမင်း၏ မရဏနိုင်ငံမှ ရုန်းထွက်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ပျက်စီးဆုံးရှုံးခြင်း ချောက်နက်၏ တွင်းဆုံးအထိ နစ်မြှပ်နေသော သင်တို့ကို ကယ်တင်ရန်အလို့ငှာ သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ရန်၊ အစွမ်းကုန် တရားစီရင်ရန် လိုအပ်ပြီး၊ ထိုသို့ပြုသည့်အခါမှ သင်တို့၏ ရေခဲသဖွယ် အေးစက်နေသော စိတ်နှလုံးကို နိုးထနိုင်ပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” မှ

သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နေရာတွင် အသက်ရှင်နေကြသည်၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးသော သူများ၊ အပြစ်ရှိသောသူများဖြစ်သည်။ ယနေ့ သင်သည် ဘုရားသခင်ကို မြင်နိုင်ရုံသာမက သာ၍အရေးကြီးသည်မှာ သင်သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို လက်ခံရရှိခဲ့သည်၊ အနက်ရှိုင်းဆုံးဖြစ်သည့် ထိုသို့သော ကယ်တင်ခြင်းကို လက်ခံရရှိခဲ့ကြသည်၊ တစ်နည်းအားဖြင့် ဘုရားသခင်၏ အကြီးမြတ်ဆုံးဖြစ်သော မေတ္တာကို လက်ခံရရှိခဲ့ကြသည်။ သူလုပ်သမျှသည် သင်တို့အတွက် စစ်မှန်သောမေတ္တာ ဖြစ်သည်၊ သူ၌ မကောင်းသော ရည်ရွယ်ချက် မရှိပေ။ သင်၏အပြစ်များကြောင့် သူက သင့်ကို တရားစီရင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် သင်တို့သည် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးမည်ဖြစ်သည်၊ ထူးကဲလှသော ဤကယ်တင်ခြင်းကို လက်ခံရရှိမည် ဖြစ်သည်။ လုပ်ဆောင်ခဲ့သမျှ အားလုံးသည် လူကိုပြုလုပ်ဖို့အတွက်ဖြစ်သည်။ အစမှ အဆုံးတိုင် ဘုရားသခင်သည် လူကိုကယ်တင်ဖို့အတွက် သူ၏အကောင်းဆုံးကို လုပ်ဆောင်လျက်ရှိသည်၊ ထို့ပြင် သူ့လက်ဖြင့် ဖန်ဆင်းခဲ့သောလူများကို လုံးလုံးလျားလျား ဖျက်ဆီးလိုစိတ် သူ၌မရှိသည်မှာ သေချာပါသည်။ ယခု သူသည် အလုပ်လုပ်ရန်အတွက် သင်တို့အကြားသို့ ရောက်လာပြီးဖြစ်သည်၊ ယင်းသည် သာ၍ကောင်းသော ကယ်တင်ခြင်း မဟုတ်လော။ သူက သင်တို့ကို မုန်းခဲ့လျှင် သူကိုယ်တိုင် သင်တို့ကို ဦးဆောင်လမ်းပြရန် ထိုမျှပမာဏရှိသော အလုပ်ကို သူဆက်လုပ်မည်လော။ အဘယ်ကြောင့် သူအလွန်အမင်း ဒုက္ခခံရမည်နည်း။ ဘုရားသခင်က သင့်ကို မမုန်းသကဲ့သို့ သင့်အတွက် မကောင်းသော ရည်ရွယ်ချက်လည်း မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်းကို သင်သိသင့်သည်။ လူတို့၏ မနာခံမှုကြောင့်သာ သူသည် လူတို့ကို တရားစီရင်မှုအားဖြင့် ကယ်တင်ရခြင်း ဖြစ်သည်၊ ထိုသို့မပြုလျှင် သူတို့သည် ကယ်တင်ခြင်းခံရမည် မဟုတ်ပေ။ သင်သည် မည်သို့အသက်ရှင်ရမည် သို့မဟုတ် မည်သို့နေထိုင်ရမည်ကို မသိသောကြောင့်၊ ထို့ပြင် သင်သည် ကာမဂုဏ်လွန်ကျူး၍ အပြစ်တရားနှင့်ပြည့်နေသော နေရာတွင် ရှင်သန်နေသောကြောင့်၊ ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်သောကြောင့် ဘုရားသခင်သည် သင်တို့ကို သာ၍စာရိတ္တပျက်ပြားလာသူများ ဖြစ်လာခွင့် မပေးရက်ပေ၊ စာတန်စိတ်ရှိသလို နင်းခြေနေသည်ကို ခံရပြီး၊ ထိုသို့ညစ်ညူးသောနေရာ၌ အသက်ရှင်နေသည်ကိုလည်း မကြည့်ရက်ပေ၊ သို့မဟုတ် မရဏနိုင်ငံသို့ သင်တို့ ကျသွားမှာကိုလည်း မလိုလားပေ။ ဘုရားသခင်သည် သင်တို့အုပ်စုကို ရယူလိုစိတ်နှင့် သင့်ကို လုံးလုံးလျားလျား ကယ်တင်လိုစိတ်သာ ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်၌ သိမ်းပိုက်ခြင်းအလုပ်ကို လုပ်သည့် အဓိကရည်ရွယ်ချက်ဖြစ်သည်၊ ယင်းမှာ ကယ်တင်ခြင်းအတွက်သာဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ပင် ဖြစ်သည်ဟု သင်မမြင်နိုင်လျှင်၊ ယင်းတို့သည် လူကိုနှိပ်စက်ဖို့ နည်းလမ်းတစ်ခုသာဖြစ်ပြီး မယုံကြည်ရသော အရာတစ်ခုဖြစ်သည်ဟု သင်ထင်လျှင် သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏ကမ္ဘာသို့ ပြန်သွားလိုက်ခြင်းကသာ ကောင်းသည်။ အကယ်၍ သင်သည် ဤရေစီးကြောင်းထဲ၌ ပါလိုစိတ်ရှိပြီး ဤတရားစီရင်မှုနှင့် အလွန့်အလွန်ကြီးမားလှသော ဤကယ်တင်ခြင်းကို ခံစားလိုစိတ်ရှိလျှင်၊ လူ့လောက၌ မည်သည့်နေရာ၌မျှ မတွေ့နိုင်သည့် ဤကောင်းချီးမင်္ဂလာများအားလုံးကို ခံစားလိုလျှင်၊ ဤချစ်ခြင်းမေတ္တာကို ခံစားလိုလျှင် သိမ်းပိုက်ခြင်းအလုပ်ကို လက်ခံဖို့အတွက် ဤရေစီးကြောင်းထဲ၌ ကျိုးနွံစွာနေလော့၊ စုံလင်အောင်ပြုလုပ်ပေးခြင်းကို သင်ခံနိုင်ဖို့ဖြစ်သည်။ ယခု သင်သည် တရားစီရင်မှုကြောင့် နာကျင်မှုနှင့် စစ်ဆေးမှုအချို့ကို ခံနေရသော်လည်း၊ ထိုနာကျင်မှုသည် တန်ဖိုးရှိသည်၊ အဓိပ္ပာယ်လည်းရှိသည်။ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုသည် လူ၏အပြစ်အတွက် ဒဏ်ပေးရန်နှင့် လူ၏ ဇာတိပကတိကို ဒဏ်ပေးရန်အတွက်ဖြစ်သော စစ်ဆေးမှုများ၊ လူကို ကရုဏာမဲ့စွာ ထုတ်ဖော်ပြောဆိုမှုများ ဖြစ်သော်လည်း၊ ယင်းတို့အထဲတွင် လူကိုပြစ်တင်ရှုတ်ချရန်နှင့် လူ၏ဇာတိခန္ဓာကို ချုပ်ငြိမ်းစေရန်အတွက် ရည်ရွယ်ပြီးလုပ်သည့် အလုပ်တစ်ခုမျှ ထိုအလုပ်၌ မပါပေ။ နှုတ်ကပတ်တော်ကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုမှုများသည် သင့်ကို မှန်သောလမ်းသို့ ဦးဆောင်လမ်းပြရန်အတွက်သာ ဖြစ်သည်။ သင်တို့သည် ထိုအလုပ်နှင့် ပတ်သက်လျှင် မြောက်မြားစွာကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီးဖြစ်သည်၊ သိသာသည့်အရာမှာ ထိုအလုပ်သည် သင်တို့ကို ဆိုးယုတ်သောလမ်းသို့ ဦးဆောင်လမ်းပြခြင်း မရှိပေ။ ထိုအရာများအားလုံးသည် သင့်ကို ပုံမှန် လူ့သဘောသဘာဝအတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိဖို့ဖြစ်သည်၊ အားလုံးသည် သင်၏ပုံမှန်လူ့သဘာဝက ထမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။ အလုပ်၏ အဆင့်တိုင်းသည် သင်၏လိုအပ်ချက်များ၊ သင်၏အားနည်းချက်များနှင့် သင်၏ဝိညာဉ်အသက်တာအမှန်အပေါ်၌ အခြေခံကာ လုပ်ခဲ့သောအဆင့်များဖြစ်ပြီး သင်တို့မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မတင်ပေ။ သင်သည် ယခု ထိုအချက်ကို ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိသော်လည်း၊ ငါက သင့်အပေါ်၌ ကြမ်းသလို သင်ခံစားရသော်လည်း၊ ငါသင့်ကို ပြစ်တင်ဆုံးမကာ နေ့တိုင်း တရားစီရင်ပြီး နေ့တိုင်းဝေဖန်သည်မှာ ငါသင့်ကို မုန်းသောကြောင့်ဖြစ်သည်ဟု သင်တွေးနေသော်လည်း၊ ထို့ပြင် သင်လက်ခံရရှိသောအရာသည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုဖြစ်သော်လည်း၊ လက်တွေ့တွင် အားလုံးသည် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်သည်၊ သင့်အတွက် ကြီးမားသော အကာအကွယ်လည်း ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” မှ

ဘုရားသခင်အပေါ် လူသား၏ အခြေအနေ၊ သူ၏ စိတ်သဘောထားနှင့် ရင်ဆိုင်ရသည်နှင့်အညီ၊ ဘုရားသခင်သည် အမှုသစ်ကို ဆောက်ရွက်ခဲ့ပြီး၊ သူ့အပေါ်သိခြင်းနှင့် နာခံခြင်း၊ ချစ်ခြင်းနှင့် သက်သေခံခြင်း နှစ်ခုစလုံး ပိုင်ဆိုင်ရန် လူသားကို ခွင့်ပြုသည်။ ထို့ကြောင့် လူသားသည် သူ့အပေါ် ဘုရားသခင်၏ စစ်ဆေးခြင်း၊ တရားစီရင်ခြင်း၊ သူ့အပေါ် ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံတွေ့ရမည်၊ ထိုအရာကိုမကြုံတွေ့ဘဲ လူသားသည် ဘုရားသခင်ကို ဘယ်တော့မျှ သိမည်မဟုတ်၊ ဘုရားသခင်ကို သက်သေခံခြင်းနှင့် စစ်မှန်စွာ ချစ်ခြင်းကို ဘယ်တော့မျှ တတ်စွမ်းနိုင်လိမ့်မည်မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းသည် တစ်ဖက်သတ် အကျိုးသက်ရောက်မှုအတွက် သက်သက်သာမဟုတ်ဘဲ ရှုထောင့်များစွာ အကျိုးသက်ရောက်မှုအတွက် ဖြစ်သည်။ ဤနည်းအားဖြင့်သာလျှင် လူသား၏သန္နိဌာန်နှင့် ချစ်ခြင်းက ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရဖို့အလို့ငှာ ဘုရားသခင်သည် သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိသူများတွင် စစ်ဆေးခြင်းအမှုကို ဆောင်ရွက်လေသည်။ သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိသူများနှင့် ဘုရားသခင်ကို တောင့်တသူများအဖို့ ဤသို့သော စစ်ဆေးခြင်းထက် ဘယ်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍ကြီးမားသော အထောက်အပံ့မဖြစ်ပေ။ ဘုရားသခင်၏ စိတ်သဘောထားကို လူသားဘက်မှ လွယ်လင့်တကူ မသိ၊ သို့မဟုတ် နားမလည်ပေ၊ အကြောင်းမှာ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင်ဖြစ်သောကြောင့် ဖြစ်သည်။ အားလုံးခြုံငုံပြီး စဉ်းစားလိုက်သော်၊ ဘုရားသခင်၌ လူသားကဲ့သို့ တူညီသော စိတ်သဘောထားရှိရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် မလွယ်ကူပေ။ သမ္မာတရားသည် လူသားက ပင်ကိုအားဖြင့် ပိုင်ဆိုင်သည့် အရာမဟုတ်ပေ၊ ထို့ပြင် စာတန်အားဖြင့် ဖျက်ဆီးခြင်းခံရသော လူများက အလွယ်အကူ နားမလည်နိုင်ပါ။ လူသားတွင် သမ္မာတရား လုံးဝမရှိသလို၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သန္နိဌာန်လည်း လုံးဝမရှိပေ။ အကယ်၍ သူသည် ဒုက္ခဝေဒနာမခံစားလျှင်၊ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်း မခံရလျှင်၊ သူ၏သန္နိဌာန်သည် ဘယ်တော့မျှ စုံလင်အောင်ပြုခြင်းကို ခံရမည်မဟုတ်ပေ။ လူများအားလုံးအတွက် စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်၊ သို့သော်လည်း ဘုရားသခင်သည် လူသားအတွက် သူ၏ဖြောင့်မတ်ခြင်း စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြားလုပ်ကာ၊ ပို၍ဉာဏ်အလင်းပွင့်ခြင်း၊ ပို၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဆုံးမခြင်းကို ထောက်ပံ့ပေးသည်မှာ စစ်ဆေးစဉ်အတွင်းဖြစ်ပေသည်။ ဖြစ်ရပ်မှန်အချက်များနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းအားဖြင့် သူသည် လူသားကို သူကိုယ်တိုင် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ လူသားကို ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ ပို၍ကြီးမားသော နားလည်ခြင်းကို ပေးသည်၊ ဤသို့ဖြင့် ဘုရားသခင်အပေါ် ပို၍စစ်မှန်ပြီး ပို၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် ခွင့်ပြုသည်။ ထိုအရာတို့မှာ စစ်ဆေးခြင်းကို ဆောက်ရွက်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များဖြစ်သည်။ လူသားအပေါ် ဘုရားသခင်ဆောင်ရွက်သည့် အမှုအားလုံးတွင် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မဆာင်ရွက်သကဲ့သို့၊ လူသားအပေါ် အကျိုးမရှိသည့်အမှုကိုလည်း မဆောင်ရွက်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင်ရှေ့မှောက်မှ လူများအား ရှင်းထုတ်ခြင်းကို မဆိုလိုသကဲ့သို့၊ သူတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ဤအရာသည် စစ်ဆေးစဉ်အတွင်း လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ စိတ်ဓာတ်လှုံ့ဆော်မှုများ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲပေးခြင်း၊ ဘုရားသခင်အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအပေါ် စစ်မှန်သော စမ်းသပ်မှုနှင့် စစ်မှန်သော လေ့ကျင့်မှုပုံစံဖြစ်ပြီး၊ စစ်ဆေးစဉ်အတွင်း၌သာ သူ၏ချစ်ခြင်းသည် ၎င်း၏ ပင်ကိုတာဝန်ဝတ္တရားကို ထမ်းဆောင်နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့မှသာလျှင် လူသားများသည် ဘုရားသခင်ကို အမှန်တကယ်ချစ်နိုင်” မှ

လူကို စစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ လူသည် ထိခိုက်ခံစားရသည်။ သူ၏စစ်ဆေးခံရခြင်း ကြီးမားလေ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း သာ၍ကြီးမားလေဖြစ်ပြီး ဘုရားသခင်၏ တန်ခိုးကြီးမားမှုသည် သူ့အထဲတွင် ပို၍ထုတ်ဖော်ခြင်းခံရလေဖြစ်၏။ လူ၏စစ်ဆေးခံရခြင်းမှာ သာ၍နည်းလေ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း သာ၍နည်းလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ တန်ခိုးကြီးမားမှုသည် လျော့၍သာ ထုတ်ဖော်ခြင်းခံရလေဖြစ်မည်။ သူ၏အစစ်ဆေးခံရခြင်းနှင့် ဒုက္ခဝေဒနာသည် ကြီးမားပြီး အညှဉ်းဆဲခံရခြင်းများလေ ဘုရားသခင်ကိုချစ်သော သူ၏စစ်မှန်သည့်ချစ်ခြင်းမှာ ပို၍နက်ရှိုင်းလေဖြစ်ကာ ဘုရားသခင်အပေါ်ထားရှိသော သူ၏ယုံကြည်ခြင်း ပို၍စစ်မှန်လေဖြစ်ပြီး ဘုရားသခင်ကိုသိသော သူ၏အသိပညာသည် ပို၍နက်ရှိုင်းလာလေဖြစ်မည်။ ကြီးမားသော စစ်ဆေးခြင်းနှင့် ဒုက္ခဝေဒနာကိုသာမက များစွာကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ခံရသောသူများ၌ ဘုရားသခင်အပေါ် နက်နက်နဲနဲ ချစ်သောချစ်ခြင်းရှိကာ ဘုရားသခင်အကြောင်းကို ထိုးထွင်းသိမြင်နိုင်ပြီး ပို၍လေးနက်သော ပညာရှိကြောင်း သင်၏အတွေ့အကြုံများထဲမှ သင်မြင်ရမည်။ ကိုင်တွယ်ဖြေရှင်းခြင်း မခံဖူးသေးသော လူများ၌ရှိသောပညာမှာ အပေါ်ယံဖြစ်ပြီး ၎င်းတို့သည် “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့ကို သူနှင့်မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို သွန်းလောင်းပေးတော်မူ၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ခံဖူးပါက ၎င်းတို့သည် ဘုရားသခင်ကို သိသည့် မှန်သောပညာအကြောင်း ပြောနိုင်ကြမည်။ ထို့ကြောင့် လူအထဲ၌ ဘုရားသခင်ပြုသောအမှုသည် ပို၍အံ့သြဖွယ်ကောင်းလေ ယင်းအမှုသည် သာ၍တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိလေဖြစ်သည်။ ဘုရားသခင်ပြုသောအမှုသည် သင့်အတွက် သာ၍ပိတ်ဆီးနေပြီး သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေ ယင်းအမှုသည် သင့်ကိုသိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်ခြင်းသို့ရောက်စေရန် ပို၍ပြုနိုင်စွမ်းရှိလေဖြစ်သည်။ ဘုရားသခင်ပြုသောအမှု၏အဓိပ္ပာယ်မှာ အင်မတန် ကြီးမားလေခြင်း။ အကယ်၍ ဘုရားသခင်သည် လူကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ ဘုရားသခင်၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည်ဖြစ်သည်။ ဤအရာမှာ နောက်ဆုံးသောကာလအတောအတွင်း သူ၏လက်ရွေးစင် လူစုတစ်စုမှာ သာမန်ထက်လွန်ကဲ၍ အဓိပ္ပာယ်ပြည့်ဝနေသည့် နောက်ခံအကြောင်းရင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူစုကို ရွေးကောက်ပြီး ရယူလိမ့်မည်ဟု ယခင်က ဆိုခဲ့သည်။ သင်တို့အထဲတွင် သာ၍ကြီးသောအမှုကို သူပြုလေ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းသည် သာ၍နက်ရှိုင်းပြီး စင်ကြယ်လေဖြစ်သည်။ ဘုရားသခင်ပြုသောအမှု ပို၍ကြီးမားလေ လူသည် သူ၏ဉာဏ်ပညာကို ပို၍မြည်းစမ်းနိုင်လေဖြစ်ပြီး ဘုရားသခင်ကိုသိသော သူ၏ပညာလည်း သာ၍နက်ရှိုင်းလေဖြစ်သည်။ နောက်ဆုံးသော ကာလအတောအတွင်း ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်သည် ဆုံးခန်းသို့ ရောက်ရှိလာမည်။ ၎င်းအစီအစဉ်သည် ထိုကဲ့သို့ အလွန် လွယ်လွယ်ကူကူ ပြီးဆုံးသွားနိုင်ခြေ ရှိသလော။ လူသားမျိုးနွယ်ကို သူသိမ်းပိုက်ပြီးသည့်အခါ သူ၏ အမှု အဆုံးသတ်သွားမည်လား။ ၎င်းသည် အလွန် ရိုးရှင်းနိုင်သလော။ လူတို့သည် ၎င်းမှာ အလွန်ရိုးရှင်းကြောင်း ထင်မြင်ကြသော်လည်း ဘုရားသခင် ပြုသောအရာမှာ ထိုမျှလောက် မရိုးရှင်းပါ။ ဘုရားသခင်ပြုသော အမှု၏ မည်သည့် အစိတ်အပိုင်း ဖြစ်ပါစေ ထိုအမှု အလုံးစုံမှာ လူ၏ ဉာဏ်မမီနိုင်။ သင်၏ဉာဏ်ဖြင့် စဉ်းစား၍မီနိုင်ခဲ့ပါက ဘုရားသခင်ပြုသောအမှုမှာ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး ကင်းမဲ့နေမည်။ ဘုရားသခင် ပြုခဲ့သောအမှုမှာ ဉာဏ်ဖြင့်စဉ်းစား၍ မမီနိုင်ပါ၊ သင်၏အယူအဆများနှင့် ဆန့်ကျင်ကွဲလွဲနေမည်ဖြစ်ပြီး သင်၏အယူအဆများနှင့် မတိုက်ဆိုင်လေ၊ ဘုရားသခင်၏အမှုမှာ ပို၍လေးနက်ကြောင်း ပြသလေဖြစ်သည်။ သင်၏အယူအဆများနှင့် သဟဇာတဖြစ်ပါက ၎င်းမှာ လေးနက်မှုရှိမည်မဟုတ်ပါ။ ဘုရားသခင်ပြုသောအမှုမှာ အလွန် အံ့သြဖွယ်ဖြစ်ကြောင်း သင်ယနေ့ခံစားရပြီ၊ ၎င်းမှာ ပို၍အံ့သြဖွယ်ကောင်းလေ ဘုရားသခင်မှာ ဉာဏ်ဖြင့်စဉ်းစား၍ မမီနိုင်လေဖြစ်ကြောင်း သင်ခံစားရလေဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ မည်မျှပင် ကြီးမြတ်ကြောင်းကို သင်မြင်ရလေဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူကို သိမ်းပိုက်ရန် အပေါ်ယံ၊ ဝတ်ကျေတမ်းကျေ အမှုအချို့ကိုသာ ပြုခဲ့ပါက၊ ပြုလည်းပြုခဲ့မည်ဆိုပါက လူသည် ဘုရားသခင်ပြုသောအမှု၏ အဓိပ္ပာယ်ကို ရှုမြင်နိုင်စွမ်း ရှိမည်မဟုတ်။ ယခု သင်သည် အနည်းငယ်သော စစ်ဆေးခြင်းကို ခံနေရသော်လည်း ၎င်းသည် သင်၏အသက်တာ ကြီးထွားရင့်ကျက်ရန်အတွက် များစွာအကျိုးပြုသည်။ ထို့ကြောင့် သင်တို့အတွက် ယင်းကဲ့သို့ ခက်ခဲမှုမျိုးမှာ မရှိမဖြစ်အလိုအပ်ဆုံး ဖြစ်သည်။ ယနေ့ သင်သည် အနည်းငယ်သော စစ်ဆေးခြင်းကို ခံရသော်လည်း သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နောက်မှ စစ်မှန်စွာ ရှုမြင်ရလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် “ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေဟာ သိပ်အံ့သြဖွယ်ကောင်းပါလား” ဟု သင်ဆိုလိမ့်မည်။ ထိုစကားလုံးများသည် သင်၏ စိတ်နှလုံးထဲမှ စကားလုံးများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ စစ်ဆေးခြင်း (အစေခံသူများ၏ စမ်းသပ်မှုနှင့် ပြစ်တင်ဆုံးမသည့် အချိန်များ) ကို ခေတ္တခဏ ခံရပြီးသည့်အခါ လူအချို့က “ဘုရားသခင်ကို ယုံကြည်ရတာ တကယ် ခက်ခဲပါလား။ ဒါ တကယ် ခက်ခဲတယ်” ဟု အဆုံးတွင် ဆိုကြလိမ့်မည်။ ဤသို့ “ခက်ခဲပါလား” ဟုဆိုခြင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ ဉာဏ်ဖြင့်စဉ်းစား၍ မမီနိုင်ကြောင်း၊ ဘုရားသခင်ပြုသောအမှုမှာ အလွန်အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိကြောင်းနှင့် လူအနေဖြင့် အလွန်အမြတ်တနိုး တန်ဖိုးထားရန် ထိုက်တန်ကြောင်း ပြသခြင်းဖြစ်သည်။ အကယ်၍ အမှုများစွာကို ငါပြုခဲ့ပြီးသည့်နောက်တွင်လည်း သင်၌ အနည်းငယ်မျှ ပညာမရှိပါက ငါ၏အမှုသည် တန်ဖိုးရှိဦးမည်လော။ ၎င်းသည် သင့်ကို “ဘုရားသခင်ကို အစေခံဖို့ သိပ်ခက်တယ်၊ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်အံ့သြဖွယ်ကောင်းတယ်၊ ဘုရားသခင်ဟာ တကယ်ပဲ ဉာဏ်ပညာရှိတယ်။ ကိုယ်တော်ဟာ အလွန်ချစ်ဖို့ကောင်းတယ်” ဟူ၍ ဆိုစေလိမ့်မည်။ အချိန်အတိုင်းအတာတစ်ခုအထိ သင်ကြုံတွေ့ခံစားရပြီးသည့်နောက်တွင် အကယ်၍ ယင်းကဲ့သို့ စကားလုံးများကို သင်ပြောနိုင်ပါက ၎င်းသည် သင်၏အထဲတွင် ဘုရားသခင်၏အမှုကို ရရှိပြီးကြောင်း သက်သေပြနေခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

လူသားသည် သူနှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိကောင်းရရှိစေရန်နှင့် သူ၏သက်သေခံချက်အတွက် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် သူ၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားကို သိနိုင်ကောင်းမည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိဉာဏ်ဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ထို့ပြင် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်။ သို့ဖြင့် လူသိရှင်ကြားပေါ်ထွန်းခြင်းအားဖြင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သောအသိဉာဏ်အား ရရှိရန်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲရန်နှင့် ဘုရားသခင်အတွက် ထူးကဲလှသော သက်သေခံချက်ကို လုပ်ဆောင်ခံရန် လူသားကို ထောက်ကူပေးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” မှ

လူသည် ဇာတိပကတိအကြားတွင် နေထိုင်သည်၊ ဆိုလိုသည်မှာ သူသည် လူ့ငရဲတွင် နေထိုင်နေပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ လူသည် စာတန်ကဲ့သို့ ဆိုးညစ်လေသည်။ လူသည် မည်သို့သန့်ရှင်းမြင့်မြတ် နိုင်ပါမည်နည်း။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူ၏အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကျေးဇူးတော်ပင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့်သာ လူသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော စည်းကမ်းများသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ လူကို ပယ်ရှားပေးသည်။ သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှ လွတ်မြောက်စေပြီး ဘုရားသခင်၏ မျက်မှောက်တော် အလင်းထဲတွင် နေထိုင်ခွင့်ရစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်းမရှိပေ။ ပေတရုမှ “အို ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမ၍ တရားစီရင်နေသမျှ ကာလပတ်လုံး ကိုယ်တော် ကျွန်ုပ်ကို ပစ်ခွာမသွားကြောင်း ကျွန်ုပ်သိလိမ့်မည်။ ကိုယ်တော် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းကို မပေးလျှင်ပင်၊ ဒုက္ခဆင်းရဲများ ခံစားရစေလျှင်ပင်၊ ကျွန်ုပ်အား မရေမတွက်နိုင်အောင် ပြစ်တင်ဆုံးမလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မပစ်ပယ်သမျှကာလပတ်လုံး ကျွန်ုပ်၏ နှလုံးသားသည် ငြိမ်သက်နေပါလိမ့်မည်။ ယနေ့၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာခဲ့ပါပြီ။ ကျွန်ုပ်အားပေးသော ကိုယ်တော်၏ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပေးပါသည်။ ယနေ့ ကျွန်ုပ်အပေါ်သို့ အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ပေါ်လွင်ထင်ရှားမှုတစ်ခုဖြစ်ပြီး ယင်းသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်စစ်ဆေးခြင်းနှင့် ထိုထက်မက၊ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခုဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် လူ့ဇာတိ၏သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော အကာအကွယ်ကို ရှာဖွေနိုင်ခဲ့သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ့အသက်တာတွင် လူသည် သန့်ရှင်းခြင်းသို့ ရောက်လိုပြီး သူ၏ စိတ်သဘောထား အပြောင်းအလဲများကို ရရှိလိုသည့်အပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်လိုကာ လူသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကျေပွန်လိုလျှင်၊ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းစည်းကမ်းများနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများတို့ကို သူ့ထံမှ မခွာစေရပါ။ သို့နှင့် သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် သြဇာလွှမ်းမိုးခြင်းတို့မှ သူ့ကိုယ်သူ လွတ်အောင်ရုန်းနိုင်ပြီး ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်နိုင်ပေမည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ကြောင်း၊ လူ၏ ကယ်တင်ခြင်းအလင်းဖြစ်ကြောင်းနှင့် လူအတွက် ထို့ထက်သာသော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် အကာအကွယ်မရှိတော့ကြောင်းကို သိနားလည်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

ကြီးစွာသော ဆင်းရဲခြင်းဘေးမှလာသော အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူခဲ့ပြီး ဖြစ်သည်ဟု အရင်က ငါပြောခဲ့ပြီး ဖြစ်သည်။ ထိုစကားများ၏ အဓိပ္ပာယ်က အဘယ်နည်း။ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသော ထိုသူတို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ရိုက်နှက်ဆုံးမမှု၊ ပြုပြင်မှုနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးမှ အမှန်တကယ် နာခံကြသည်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့သော လူများ၏ ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်ခြင်း မဟုတ်၊ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်းမဟုတ်၊ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ သူတို့သည် မည်သည့် နိမိတ်လက္ခဏာ၊ အံ့သြဖွယ်ရာနှင့် သဘာဝလွန်ဖြစ်ရပ်ကိုမျှ မမြင်ရသေးပေ။ သူတို့သည် နက်နဲသော အက္ခရာများ၊ အယူဝါဒများ သို့မဟုတ် အလွန်လေးနက်သော ထိုးထွင်း နားလည်မှုများ အကြောင်းကို မပြောကြပေ။ သူတို့၌ လက်တွေ့အရှိသဘော၊ ဘုရားသခင်၏ စကားများနှင့် ဘုရားသခင်၏ လက်တွေ့အရှိသဘောနှင့် ပတ်သက်သည့် စစ်မှန်သော အသိတို့သာ ရှိကြသည်။ ထိုသို့သော လူစု၌ ဘုရားသခင်၏ တန်ခိုးကို သာ၍မြင်သာအောင် လုပ်နိုင်စွမ်း ပိုရှိသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

(၂) နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် အားလုံးကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားဖို့၊ ခေတ်တစ်ခုလုံးကို အဆုံးသတ်ဖို့နှင့် နောက်ဆုံးတွင် ခရစ်တော်၏ နိုင်ငံတော် အမှန်တကယ် ဖြစ်ပေါ်လာခြင်းကို စွမ်းဆောင်ရရှိဖို့ရန် ဖြစ်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ၏။ ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။” (ဗျာ ၂၀:၁၁-၁၅)

ဘုရား သခင်၏ တဲတော် သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။” (ဗျာ ၂၁:၃-၄)

လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။” (ဗျာ ၁၁:၁၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ အရာခပ်သိမ်းတို့ကို ၎င်းတို့၏ အမျိုးစားအလိုက် အတူတကွစုစည်း၍ မြင်တွေ့နိုင်သော ပုံသဏ္ဌာန်တစ်ခုနှင့် ပြုပြင်ရင်း၊ အရာအားလုံးကို ငါသည် ၎င်းတို့၏ အမျိုးစားအလိုက် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ နိဂုံးအဆုံးသည် နီးကပ်လာသည်နှင့်၊ ငါသည် ဖန်ဆင်းခြင်း၏ ယခင်အခြေအနေကို ပြန်လည်တည်ထောင်မည်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလအခြေအနေများဆီသို့ ပြန်လည်ထူထောင်မည်၊ အရာခပ်သိမ်းကို ထူးကဲသာလွန်စွာ ပြောင်းလဲခြင်းအားဖြင့်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ ရင်ခွင်အောက်သို့ ပြန်လာကြလိမ့်မည်။ အချိန်ကျလာလေပြီ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ခပ်သိမ်းသောအရာအားလုံးကို သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် မျိုးတူစုခံရမည့်အချိန်သည် နောက်ဆုံးသောကာလ ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်၊ တစ်နည်းအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ အမျိုးအစားခွဲခြားနိုင်မည်နည်း။ သင်တို့အကြား လုပ်ဆောင်လျက်ရှိသော ခွဲခြားခြင်းအအမှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကဲ့သို့သောအလုပ်၏ အစဖြစ်သည်။ ဤနောက်တွင်ကား နေရာတိုင်းတွင်ရှိသော တိုင်းနိုင်ငံအားလုံးမှ လူတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ခံစားစေရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းရာထဲ၌ရှိသော ပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားစီရင်ရာပလ္လင်ရှေ့သို့ လာကြပြီး အမျိုးအစားအလိုက် ခွဲခြားခံရမည်ကို ဆိုလိုသည်။ ဤပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ကြုံရခြင်းမှ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ မလွတ်မြောက်နိုင်၊ ထို့ပြင် အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် ခွဲခြားစုဖွဲ့ခြင်းကို ရှောင်ကွင်းမသွားနိုင်၊ အယောက်တိုင်း အတန်းအစားများထဲသို့ ခွဲခြားခံရမည်ဖြစ်သည်။ ထိုအရာမှာ အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး ခပ်သိမ်းသော ကောင်းကင်နှင့်မြေကြီးတို့သည် သူတို့၏နိဂုံးသို့ ရောက်ရှိလာကြသောကြောင့်ပင် ဖြစ်သည်။ လူသည် သူ့တည်ရှိမှု၏အဆုံးသတ်ကို အဘယ်သို့ လွှဲရှောင်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

လက်ရှိသိမ်းပိုက်ခြင်းအလုပ်က လူသား၏အဆုံးသတ် အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည့်အလုပ်ဖြစ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းဖြစ်သည်ဟု အဘယ်ကြောင့် ငါ ပြောရသနည်း။ သင် ဤအရာကို မမြင်သလော။ သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့ဇာတ်သိမ်းမည်ကို ထင်ရှားစေဖို့ အတိအကျပင် မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိ၏ အရောင်အဆင်းအမှန်အား ပြသခွင့်ပြုပြီး၊ ထိုနောက်တွင် အမျိုးအစားအတိုင်း ခွဲခြားခြင်းခံရဖို့ မဟုတ်သလော။ ဤသည်မှာ လူသားမျိုးနွယ်ကို သိမ်းပိုက်သည်ဟု ဆိုသည်ထက်ပင် လူအဆင့်အတန်း အသီးသီး အဘယ်သို့ ဇာတ်သိမ်းမည်ကို ပြသည်ဟုဆိုလျှင် ပိုကောင်းလိမ့်မည်။ တစ်နည်းအားဖြင့် ဤသည်မှာ သူတို့၏အပြစ်များကို တရားစီရင်သည့်အပြင် လူ့အဆင့်အတန်းများအမျိုးမျိုးကို ဖော်ပြပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးလေသည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးသည့်နောက်တွင် အကောင်းအတွက် ဆုလာဘ်ပေးခြင်းနှင့် အဆိုးအတွက် ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ အပြည့်အဝနာခံသောလူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ထိုအလုပ်အား ဖြန့်ဝေခြင်းဟူသည့် နောက်တစ်ဆင့်၌ နေရာချထားခံကြရမည်၊ သိမ်းပိုက်မခံရသောသူတို့သည် မှောင်မိုက်၌ နေရာချထားခံရမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ထို့ကြောင့် လူသည် အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခံရမည်၊ အဆိုးလုပ်သူများသည် နေအလင်းရောင်ကို နောက်တစ်ဖန် လုံးဝမမြင်ရဖို့ ဆိုးညစ်သောသူတို့နှင့် စုဖွဲ့ကြရမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကိုလက်ခံရရှိကာ အလင်းထဲ၌ ထာဝရအသက်ရှင်သွားဖို့ ကောင်းမြတ်သောသူတို့နှင့် စုဖွဲ့ကြရမည်။ အရာအားလုံးအတွက် အဆုံးသတ်သည် နီးလာပြီ၊ လူ့အဆုံးသတ်ကို သူ၏မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်ပြီး၊ အရာအားလုံးက အမျိုးအစားအတိုင်း ခွဲခြားသတ်မှတ်ခံရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လူတို့သည် ဤခွဲခြားသတ်မှတ်ခြင်းအား ကြုံရသည့်အဖြစ်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ အရာအားလုံးအတွက် အဆုံးသတ် နီးကပ်လာချိန်တွင် လူ့အဆင့်အတန်းအသီးသီး၏ အဆုံးသတ်အား ဖွင့်ပြခြင်းကို လုပ်ဆောင်ပြီး၊ ထိုအရာသည် စကြဝဠာတစ်ခွင်လုံးအား သိမ်းပိုက်ခြင်းအလုပ်အတွင်း၌ (လက်ရှိအလုပ်နှင့် အစပြုသည့် သိမ်းပိုက်ခြင်းအလုပ်အားလုံး အပါအဝင်) လုပ်ဆောင်မည်ဖြစ်သည်။ လူသားမျိုးနွယ်တစ်ခုလုံး၏ အဆုံးသတ်ကို ဖွင့်ပြခြင်းသည် တရားစီရင်ရာပလ္လင်ရှေ့မှောက်တွင် ပြစ်တင်ဆုံးမခြင်း လုပ်ငန်းစဉ်အတွင်းနှင့် နောက်ဆုံးသောကာလ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွင်း၌ လုပ်ဆောင်မည်ဖြစ်သည်။...သိမ်းပိုက်ခြင်း၏ နောက်ဆုံးအဆင့်မှာ လူတို့ကို ကယ်တင်ရန်နှင့် လူတို့၏ အဆုံးသတ်များကိုလည်း ထုတ်ဖော်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုအရာမှာ တရားစီရင်ခြင်းအားဖြင့် လူတို့၏ ဆုတ်ယုတ်လာမှုကို ထုတ်ဖော်ပြီး ထိုသို့ဖြင့် သူတို့ကို နောင်တရစေကာ ထစေပြီး အသက်နှင့်လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို လိုက်စေရန်ဖြစ်သည်။ ထိုအရာမှာ ထုံပြီး တုံးသော လူတို့၏ စိတ်နှလုံးများကို တက်ကြွနိုးကြားစေရန်နှင့် တရားစီရင်ခြင်းအားဖြင့် သူတို့၏ အတွင်းပုန်ကန်မှုကို ပြသရန်ဖြစ်သည်။ သို့သော် လူတို့သည် နောင်တမရနိုင်သေးဘဲ၊ လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို မလိုက်နိုင်သေးဘဲလျက် ဤယိုယွင်းပျက်စီးမှုများကို မချွတ်ချနိုင်သေးလျှင် သူတို့သည် စာတန်မျိုချဖို့အတွက် ကယ်ဆယ်မရနိုင်သောအရာများ ဖြစ်လာလိမ့်မည်ဖြစ်သည်။ ဤသည်မှာ လူတို့ကို ကယ်တင်ရန်နှင့် သူတို့၏ အဆုံးသတ်များကိုလည်း ပြသရန် သိမ်းပိုက်ခြင်း၏ အရေးပါမှု ဖြစ်သည်။ ကောင်းသော အဆုံးသတ်များ၊ မကောင်းသော အဆုံးသတ်များ— ယင်းတို့အားလုံးကို သိမ်းပိုက်ခြင်းအလုပ်အားဖြင့် ထုတ်ဖော်ပြသသည်။ လူတို့ ကယ်တင်ခံရမည် သို့မဟုတ် ကျိန်ဆဲခံရမည် ဟူသည့်အရာသည် သိမ်းပိုက်ခြင်းအလုပ် အတောအတွင်း၌သာ ထုတ်ဖော်ခံရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

တရားစီရင်မှုက အဘယ်အရာဖြစ်သည်၊ သမ္မာတရားက အဘယ်အရာဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်သည်ဆိုပါလျှင် တရားစီရင်မှုကို ခံယူခြင်းငှာ ကျိုးကျိုးနွံနွံနှင့် နာခံဆက်ကပ်ရန် ငါအလေးအနက်တိုက်တွန်း၏။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်းအခွင့်ကို ဘယ်တော့မျှ ရလိမ့်မည်မဟုတ်၊ သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်းတစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမျှ သန့်စင်၍မရသော သူတို့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ တရားစီရင်ခြင်းအမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန်များပြားကာ၊ ပို၍ကြီးလေးလှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ပုန်ကန်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သောသူများသည် သာ၍ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရအတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစောင့်သိမှုကို ပြခဲ့ကြသော်လည်း သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်များကိုမျှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် အပြစ်ဒဏ်ပေးခံရခြင်းအားဖြင့် ဒဏ်ခတ်ခံကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ထုတ်ဖော်ခြင်းမဟုတ်ပေလော။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် ဆိုးယုတ်သော ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုဆိုးယုတ်သော ဝိညာဉ်များကို သူတို့၏ ခန္ဓာအသွေးအသားအား စိတ်ကြိုက်ဖျက်ဆီးခွင့်ကို ပေးလိမ့်မည်။ ထို့ပြင် ထိုသူတို့၏ ခန္ဓာကိုယ်များမှ အလောင်းကောင်အပုပ်နံ့ တထောင်းထောင်း ထုတ်လွှတ်နေမည်။ ယင်းကား သူတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခံရခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော ယုံကြည်သူအတုအယောင်များ၊ တမန်တော်အတုအယောင်များနှင့် အမှုတော်ဆောင်အတုအယောင်များ အယောက်စီတိုင်း၏ အပြစ်များကို မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်လျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို ညစ်ညမ်းစေရန် စိတ်ကြိုက်ပြုမူကြလေ၏။ ထိုသို့အားဖြင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း လုံးဝမရှိကြတော့စေရန်ဖြစ်သည်။ ခဏတစ်ဖြုတ်မျှ အစေခံခဲ့ကြသော်လည်း အဆုံးတိုင်သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ ထိုသို့အားဖြင့် သူတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းကို လိုက်ကြပြီး ပရမ်းပတာဖြစ်နေသော ထိုလူစု၏ အစိတ်အပိုင်း ဖြစ်လာစေရန်ဖြစ်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့ကို အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် မည်သည့်အခါကမျှ သစ္စာမခံခဲ့သော၊ သို့မဟုတ် မိမိတို့၏အစွမ်းခွန်အားကို မည်သည့်အခါကမျှ ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုမပြုဘဲ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါကမျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သောသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့နှင့်အတူ ရေတွက်ခြင်းခံရ၏။ ထိုသူတို့ထဲမှ လူအနည်းငယ်သာ ရှင်ကျန်ရစ်မည်ဖြစ်ပြီး အများစုမှာမူ အစေခံရန် အရည်အချင်းမပြည့်မီကြသောသူတို့နှင့်အတူ ပျက်စီးကြလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်နှင့် စိတ်သဘောတူသူများ၊ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားများနှင့် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်သွင်းလိမ့်မည်။ သူတို့သည် ဘုရားသခင့်အမှု၏ စစ်ယူရရှိထားသောအရာ ဖြစ်လိမ့်မည်။ ဘုရားသခင်စီစဉ်ထားသော အမျိုးအစားတစ်မျိုးမျိုးအထဲ သတ်မှတ်ခြင်း မခံရနိုင်သောသူများကမူ မယုံကြည်သူများထဲသို့ ထည့်သွင်းရေတွက်ခြင်း ခံရလိမ့်မည်။ ထိုသူတို့၏ရလဒ်မှာ အဘယ်အရာဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ဆုံးဖြတ်ချက်သာဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏အမှုသည် သူနှင့်အတူ မီအောင်မလိုက်နိုင်သောသူများကို လုံးဝစောင့်နေမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကရုဏာမထားကြောင်းပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။ သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည်ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ုမိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

နောက်ဆုံးသောကာလတစ်လျှောက်လုံး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း၊ ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့်အတူ နောက်ဆုံးသော အနားယူခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများဖြစ်သည်။ သို့ဖြစ်ရာ အနားယူခြင်းထဲသို့ ဝင်ရောက်သောသူတို့သည် ဘုရားသခင်၏ နောက်ဆုံးသန့်စင်စေခြင်းအမှုကို ဖြတ်ကျော်ပြီးမှသာလျှင် စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက်လွတ်မြောက်ပြီးသား၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသား ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်သော ထိုသူတို့သည် နောက်ဆုံးသော အနားယူခြင်းထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှု၏ အနှစ်သာရသည် လူသားတို့ကို သန့်ရှင်းစေရန်ဖြစ်ပြီး ယင်းသည် နောက်ဆုံးသော အနားယူရာနေ့အတွက်ဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်တစ်ရပ်လုံးသည် သူတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်သို့ လိုက်နိုင်ကြမည်မဟုတ်ပေ၊ သို့မဟုတ် အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤအမှုသည် လူသားအတွက် အနားယူခြင်းထဲသို့ ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားမျိုးနွယ်ကို သူတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်အကြားမှ မနာခံသော ထိုအရာများကို ဖော်ထုတ်လိမ့်မည်။ ထိုသို့ဖြင့် ကယ်တင်ခြင်း ခံရနိုင်သူတို့ကို မခံရနိုင်သူတို့နှင့် ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများနှင့် ခွဲခြားထားလိမ့်မည်။ သူ၏အမှုပြီးဆုံးသောအခါ ကျန်ရှိမည့်သူများသည် သန့်စင်စေခြင်း ခံကြရမည်ဖြစ်ပြီး လူသားမျိုးနွယ်၏ ပို၍မြင့်သောနယ်ပယ်သို့ သူတို့ဝင်ရောက်သည်နှင့် ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော ဒုတိယလူသားဘဝကို ကမ္ဘာမြေပေါ်တွင် ခံစားကြရမည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် လူသား၏ အနားယူရာနေ့ထဲသို့ ဝင်ရောက်ကြမည်ဖြစ်ပြီး ဘုရားသခင်နှင့်အတူ နေထိုင်ကြလိမ့်မည်။ မကျန်ရှိနိုင်သော သူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံကြရပြီးနောက်တွင် သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်မှာ လုံးဝဥဿုံ ထုတ်ဖော်ခြင်းခံရလိမ့်မည်။ ထို့နောက်တွင် သူတို့အားလုံးသည် စာတန်ကဲ့သို့ပင် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ်လူသားတို့တွင် ဤကဲ့သို့သောလူများ ဆက်လက်ပါဝင်တော့မည် မဟုတ်ပေ၊ ထိုလူများသည် လုံးဝအနားယူရာပြည်အတွင်းသို့ ဝင်ရောက်ရန် မထိုက်တန်ကြသကဲ့သို့ ဘုရားသခင်နှင့် လူသားတို့ မျှဝေခံစားကြမည့် အနားယူရာနေ့ရက်ကို ဝင်ရောက်ရန်လည်း မထိုက်တန်ကြပေ။ အကြောင်းမှာ ထိုသူတို့သည် အပြစ်ဒဏ်ပေးခြင်းကိုခံရမည့် ပစ်မှတ်များဖြစ်ကြပြီး ကောက်ကျစ်စဉ်းလဲသူများဖြစ်ကာ သူတို့သည် မဖြောင့်မတ်သောလူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် သူ၏နောက်ဆုံးအမှုသည် လူသားအားလုံးကို လုံးဝသန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် သူသည် သန့်ရှင်းသော လူသားအားလုံးကို ထာဝရအနားယူခြင်းထဲသို့ ဆောင်ယူသွားရန်ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံးအလုပ်ဖြစ်သည်။ ယင်းမှာ သူ့စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ကောက်ကျစ်စဉ်းလဲသူများကို မဖျက်ဆီးဘဲ သူတို့ကို ကျန်ရှိစေပါက၊ လူသားအားလုံးတို့သည် အနားယူခြင်းထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် လူသားအားလုံးကို ပိုမိုကောင်းမွန်သော နိုင်ငံတော်သို့ ခေါ်ဆောင်မသွားနိုင်ဘဲ ရှိလိမ့်မည်။ ဤအမှုမျိုးသည် အဆုံးတိုင် ပြီးစီးခြင်းရှိမည်မဟုတ်ပေ။ သူ့အမှုကို သူအပြီးသတ်သည့်အခါ လူသားအားလုံးတို့သည် လုံးဝသန့်ရှင်းကြလိမ့်မည်။ ထိုသို့သော အနေအထားမျိုးမှသာလျှင် ဘုရားသခင်သည် အနားယူခြင်း၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့သည်ဖြစ်ရာ သူသည် လူသားကို သူ့အားကိုးကွယ်စေရန် လုပ်ဆောင်လိမ့်မည်၊ သူသည် လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိုသည်ဖြစ်ရာ သူသည် ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး မည်သည့် အစွန်းအထင်းမျှ ရှိစေမည်မဟုတ်ပေ။ သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်းဆိုသည်မှာ လူသားကို သူ့အား ကိုးကွယ်စေပြီး လူသားကို သူ့အားနာခံအောင် လုပ်ခြင်းဖြစ်သည်။ သူသည် လူသားကို သူ့အားဖြင့် ရှင်သန်စေပြီး သူ၏အခွင့်အာဏာဖြင့် သူ၏ရန်သူများကို ဖျက်ဆီးလိမ့်မည်ဟု ဆိုလိုသည်။ သူသည် လူသားထံမှ မည်သည့်ခုခံမှုမျိုးမျှ မရှိစေဘဲ သူ၏နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင် ဆက်လက်တည်မြဲစေမည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင်နိုင်ငံတော်ဖြစ်သည်။ သူအလိုရှိသောလူသားသည် သူ့ကို ကိုးကွယ်သူများ၊ သူ့ကို အကြွင်းမဲ့ နာခံသူများနှင့် သူ၏ဘုန်းအသရေရှိထားသူများဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးနေသော လူသားတို့ကို မကယ်တင်ပါက လူသားကို သူဖန်ဆင်းခြင်း၏အနှစ်သာရမှာ အချည်းနှီးဖြစ်သွားပေမည်၊ သူသည် လူတို့အကြား အာဏာဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ သူ၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို နာခံခြင်းမရှိသော ရန်သူများကို သူမဖျက်ဆီးပါက သူသည် မိမိ၏စုံလင်သော ဘုန်းတော်ကို ရယူနိုင်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်တော့မည် မဟုတ်ပေ။ ဤအရာတို့သည် သူ၏အမှုပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ သူ့ကို နာခံခြင်းမရှိသောသူတို့ကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်အောင်ပြုခြင်း ခံရပြီးသောသူများကို အနားယူခြင်းထဲသို့ ဆောင်ယူရန်ဖြစ်သည့် သူ၏ ကြီးမြတ်သောအောင်မြင်ခြင်း၏ ပြည့်စုံမှုသင်္ကေတများဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

သိမ်းပိုက်ခြင်းအမှုပြီးဆုံးသည်နှင့် လူသားသည် လှပသောကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ ဤအသက်တာသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်မည်မှာ အမှန်ပင်ဖြစ်သော်လည်း ယနေ့လူသား၏အသက်တာနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် သိမ်းပိုက်ခဲ့ပြီးနောက် လူသားမျိုးနွယ်တွင်ရှိမည့် အသက်တာဖြစ်သည်။ ယင်းသည် ကမ္ဘာမြေကြီးတွင် လူသားအတွက် အသစ်စတင်ခြင်းဖြစ်မည်။ ထို့အပြင် လူသားမျိုးနွယ်အနေဖြင့် ဤအသက်တာမျိုးရခြင်းမှာ လူသားမျိုးနွယ်သည် လောကဘုံအသစ်သို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ လူသားနှင့် ဘုရားသခင်အတွက် ကမ္ဘာမြေကြီးပေါ်တွင် အသက်တာသစ် စတင်ခြင်း ဖြစ်လိမ့်မည်။ ဤမျှလှပသောအသက်တာ၏ အကြောင်းရင်းမှာ လူသားသည် သန့်စင်ခံရ၍ သိမ်းပိုက်ခြင်းခံရပြီးနောက် ဖန်ဆင်းရှင်ရှေ့မှောက်တွင် နာခံ၍ ဖြစ်ရမည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် လူသားမျိုးနွယ်က အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ မဝင်ရောက်မီ ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ဤသို့သော အသက်တာသည် ကမ္ဘာမြေကြီးတွင် လူသား၏အနာဂတ် အသက်တာဖြစ်၏၊ ၎င်းသည် ကမ္ဘာပေါ်တွင် အလှပဆုံးသော အသက်တာဖြစ်၏၊ လူသားတောင့်တသော အသက်တာဖြစ်၏၊ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ခါမျှ မရရှိဖူးသော အသက်တာဖြစ်၏၊ ၎င်းသည် အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ်ဖြစ်၏၊ လူသားမျိုးနွယ်အနေဖြင့် လိုချင်တောင့်တဆုံးဖြစ်၍ ဘုရားသခင်က လူသားကို ပေးခဲ့သော ကတိလည်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

လူသားအားလုံး အပေါ်၌ ငါသည် ရွေ့လျားပြီး နေရာအားလုံးကို စောင့်ကြည့်နေပါသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ မည်သူတစ်ဦးတစ်ယောက်ကမှ အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ စိုးစံပြီး စကြဝဠာတစ်ဝှမ်းလုံးကို ကျောခင်းလျက် ရှိသည်။ ငါသည် လုံးလုံးလျားလျား စိတ်ကျေနပ်ပါသည်။ အကြောင်းမှာ အရာအားလုံးသည် မိမိတို့၏ သန့်ရှင်းခြင်းကို ပြန်လည်ရရှိခဲ့ကြကာ ငါသည် ဇိအုံအထဲတွင် အသစ်တဖန် ငြိမ်သက်စွာဖြင့် နေထိုင်နိုင်ပြီး မြေကြီးပေါ်၌ရှိသော လူတို့သည် ငါ၏ လမ်းပြမှုအောက်၌ ငြိမ်းချမ်းစွာ နေထိုင်၍ ကျေနပ်ရောင့်ရဲမှုနှင့် အသက်ရှင်ကြသောကြောင့်ပင် ဖြစ်သည်။ လူသားအားလုံးသည် ငါ၏လက်ထဲ၌ အရာအားလုံးကို စီမံနေကြသည်၊ လူသားအားလုံးသည် သူတို့၌ အရင်ကရှိခဲ့သော အသိဉာဏ်နှင့် မူလပုံပန်း သဏ္ဌာန်ကို ပြန်လည်ရရှိခဲ့ကြသည်။ သူတို့သည် မြေမှုန့်အားဖြင့် ဖုံးအုပ်ခြင်း မခံရတော့ဘဲ ငါ၏ နိုင်ငံတော်ထဲ၌ သူတို့သည် ကျောက်စိမ်းကဲ့သို့ သန့်စင်ခဲ့ကြသည်။ တစ်ယောက်စီတို့၏ မျက်နှာသည် လူသား၏နှလုံးသားထဲ၌ ရှိနေသော သန့်ရှင်းသောသူနှင့် တူကြသည်။ အကြောင်းမှာ ငါ၏ နိုင်ငံတော်သည် လူသားတို့၏အကြား၌ တည်ထောင်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ယခင်က:နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည် လူသားမျိုးနွယ်ကို မည်ကဲ့သို့ သန့်စင်ပေးပြီး ကယ်တင်သနည်း။

နောက်တစ်ခုသို့:နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို ငြင်းပယ်သည့် ဘာသာရေးလောက၏ အကျိုးဆက်များနှင့် ရလဒ်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ