၂၂၃ တရားစီရင်ခြင်းက ကျွန်ုပ်ကို သန့်စင်စေသည်
၁ သခင့်ကို ယုံကြည်သူတစ်ဦးအနေဖြင့် အတိတ်တွင် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် အမြဲတောင်းလျှောက်ခဲ့သော်လည်း၊ သခင့်နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိုယ်တော်၏ အလိုတော်ကို အရေးထားခြင်းအပေါ် ဘယ်သောအခါမျှ ကျွန်ုပ် အာရုံမစိုက်ခဲ့ပေ။ ခရစ်တော်၏ ပလ္လင်တော်ရှေ့မှောက် တရားစီရင်ခြင်းကို တွေ့ကြုံရင်း၊ ကျွန်ုပ် အသိစိတ်ဝင်လာပြီ။ သူ၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်မျှသာ သခင့်ကို ယုံကြည်ခြင်းဖြင့်၊ ကျွန်ုပ်၏ ရည်ရွယ်ချက်များက အလွန် စက်ဆုပ်ဖွယ်ရာပင်။ ပုံပန်းအားဖြင့် ကျွန်ုပ် အလုပ်လုပ်ခဲ့သော်လည်း၊ အမှုအရာများကို စွန့်လွှတ်ခဲ့သော်လည်း၊ သခင့်အတွက် ဒုက္ခခံစားပြီး မိမိကိုယ်ကိုယ် အသုံးတော်ခံခဲ့သော်လည်း၊ ယင်းမှာ ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရဖို့နှင့် သခင် ကြွလာသည့်အခါ ကျွန်ုပ်၏ ဆုလာဘ်ကို ရရှိဖို့သာ ဖြစ်ခဲ့သည်။ သခင့်ကို ချစ်သည်ဟု ပြောကာ သူ့ကို ကျွန်ုပ် အစေခံခဲ့သော်လည်း၊ အပြန်အလှန်အားဖြင့် တစ်စုံတစ်ခုကို ကျွန်ုပ် အမြဲအလိုချင်ခဲ့သည်။ ကျွန်ုပ်၏ အပြုအမူက ကောင်းမြတ်ခဲ့သော်လည်း၊ ကျွန်ုပ်၏ ဆိုးယုတ်သော စိတ်သဘောထားက မပြောင်းမလဲ ကျန်ရှိခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းအားလုံးက ကျွန်ုပ်၏ တကယ့်စိတ်နှလုံးကို ထိုးဖောက်ခဲ့သည်။ ထို့နောက်တွင်မှ ကျွန်ုပ်၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပေသည်။ အလွန်ဖောက်ပြန်ပျက်စီးကာ မနာခံဘဲလျက်၊ ကျွန်ုပ်သည် ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ခြင်းနှင့် ဆုလာဘ်များ ရရှိခြင်းငှာ အဘယ်သို့ ထိုက်တန်မည်နည်း။ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် သူ၏ တရားစီရင်ခြင်းကို လိုလားလျက် ကျွန်ုပ် လဲကျလေသည်။
၂ ဘုရားသခင်၏ နှုတ်ကပတ်တော် တရားစီရင်ခြင်းကို ကြုံရင်း၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ် နားလည်ပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းနှင့် ပြုပြင်ခြင်းအားလုံးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှ လာပေသည်။ စစ်ကြောခံရခြင်းနှင့် စစ်ဆေးခံရခြင်းတို့တွင် အားနည်းချက်နှင့် ဒုက္ခခံစားခြင်းတို့ရှိသော်လည်း၊ ဘုရားသခင် လုပ်ဆောင်သမျှက ကျွန်ုပ်ကို သန့်စင်ပြီး ကယ်တင်ရန်ဖြစ်သည်ကို ကျွန်ုပ် မြင်ရသည်။ တရားစီရင်ခြင်းနှင့် စမ်းသပ်ခြင်းတို့ကို ကြုံခြင်းအားဖြင့်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရသည်။ လှည့်ဖြားမှုကို ကျွန်ုပ် တဖြည်းဖြည်း ဖယ်ရှားပြီး ရိုးသားသော လူတစ်ဦး၏ ပုံသဏ္ဍာန်ကို ကျွန်ုပ် အသက်ရှင်နေထိုင်သည်။ ဘုရားသခင်၏ ပုန်ကန်ပြစ်မှားမရသည့် ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ကျွန်ုပ် တွေ့ကြုံရလေပြီ။ ယခုတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်၊ ကျွန်ုပ် ငြိမ်သက်ကာ အေးချမ်းသည်။ ကျွန်ုပ်ကို သန့်စင်ကာ ပြောင်းလဲသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပေ။ ဘုရားသခင်ကို ကျွန်ုပ်၏ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းကို မဆက်ကပ်ပဲ အဘယ်သို့နေနိုင်မည်နည်း။ ယနေ့ ဘုရားသခင်ကို ကျွန်ုပ် ချစ်ကာ သက်သေခံနိုင်သည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်ပေ။ ဘုရားသခင်ကို ထာဝရ ချစ်ဖို့၊ နာခံပြီး ကိုးကွယ်ဖို့ ကျွန်ုပ် ဆန္ဒရှိသည်။