၂၄၇ တရားစီရင်ခြင်းက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ထုတ်ဖော်ပြ

၁ ဖောက်ပြန်ပျက်စီးသော ကမ္ဘာဟောင်းကို အလင်းပေးကာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ဖြစ်စေရင်း လျှပ်စီးတစ်ချက် အရှေ့အရပ်မှ ပြက်လေသည်။ လူသားမျိုးနွယ်ကို တရားစီရင်ကာ ကယ်တင်ဖို့ နောက်ဆုံးသော ကာလ၏ ခရစ်တော် သမ္မာတရားကို ဖော်ပြသည်။ ဘုရားနှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လူတို့ နိုးထကြပေ၊ ကျွန်ုပ်တို့ စိတ်ဝိညာဉ်များ၏ မျက်စိများကို ဖွင့်ကာ နီးနီးကပ်ကပ် ကြည့်ရှုကြသည်။ နိုင်ငံတော်ခေတ် ရောက်လာပြီဖြစ်ကာ၊ တရားစီရင်ခြင်းက ဘုရားအိမ်တော်မှ အစပြုလေပြီ။ ခရစ်တော်၏ ပလ္လင်တော်ရှေ့မှောက်တွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကျွန်ုပ်တို့ ကြုံရပေ။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် စမ်းသပ်မှုတို့ကို လက်ခံခြင်းအားဖြင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ သိကြသည်။ ကျွန်ုပ်တို့၏ ခံစားချက်မဲ့နေသော စိတ်နှလုံးများ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် နိုးထကြကာ ဘုရားသခင်ရှေ့မှောက် ကျွန်ုပ်တို့ လဲကျကြသည်။ ဘုရားသခင်အားဖြင့် သန့်စင်ခံရကာ စုံလင်ခံရစေဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ်တို့ မဆိုင်းမတွ နာခံကြပေ။

၂ ကြိမ်ဖန်များစွာ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်း မှတဆင့်၊ သန့်စင်ခြင်းကို နောက်ဆုံးတွင် ကျွန်ုပ်တို့ ရရှိလေပြီ။ ဘုရားသခင်၏ အမှုတော်ကို ပြန်တွေးကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေးဆရင်း၊ ကျွန်ုပ် အလွန်အကြွေးတင်ရှိသည်ဟု ခံစားရ။ သခင့်၌ ကျွန်ုပ်၏ ယခင်က ယုံကြည်ခြင်းတွင် ကျွန်ုပ် ချီဆောင်ခံရကာ ဆုချီးမြှင့်ခံရဖို့အလို့ငှာ ကိုယ်တော် ကြွလာဖို့သာ ကျွန်ုပ် တမ်းတခဲ့။ မိမိကိုယ်ကိုယ် သက်သေခံရင်း၊ ဘုရားသခင်ကို အစေခံနေသည်ဟု တွေးထင်လျက်ပင် ကျွန်ုပ်အားထုတ်ကြိုးပမ်းကာ အလုပ်ကြိုးစားလုပ်ခဲ့သည်။ တစ်လျှောက်လုံး ဘုရားသခင်ကို ကျွန်ုပ် ချစ်သည် ပြောရင်း ရှက်ရကောင်းမှန်းမသိဘဲလျက်၊ လှည့်ဖြားမှုဖြင့် ကျွန်ုပ် ပြည့်ခဲ့ပြီး ဘုရားသခင်ကို စျေးဆစ်ဖို့ ကြိုးစားနေခဲ့။ ဘုရားသခင်၏ တရားစီရင်ခြင်းမှတဆင့်သာ ဘုရားသခင်ကို ဆန့်ကျင်သည့် ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်း ကျွန်ုပ် မြင်ရပေ။ ကျွန်ုပ် အလွန်အရှက်ရကာ လူသားဖြစ်ရန် မထိုက်ပေ။ ဘုရားသခင်ကို မရင်ဆိုင်ဝံ့ပါ။ ကျွန်ုပ် လုပ်ဆောင်ခဲ့သည့်အရာအတွက် ကျွန်ုပ် ကျိန်ခြင်းအမင်္ဂလာခံရသင့်ပေ၊ ကျွန်ုပ် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းငှာ အဘယ်သို့ ထိုက်တန်နိုင်မည်နည်း။ ယနေ့ထိ ကျွန်ုပ် အသက်ရှင်ရသည်မှာ၊ ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်ဖြစ်ပေ။

၃ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းမှတဆင့်၊ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် နောက်ဆုံးတွင် နားလည်ရပေ။ သူ၏ ပြင်းထန်သော ထုတ်ဖော်ပြခြင်းများနှင့် ဘုန်းအာနုဘော်ဖြစ်သော တရားစီရင်ခြင်းတို့မှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့သက်သက်ဖြစ်ပေ။ ကျွန်ုပ်၏ အတိတ်က မသိနားမလည်မှုနှင့် မျက်ကန်းဖြစ်ခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မသိခဲ့သည်ကို တကယ့်ကို ကျွန်ုပ် မုန်းမိပေ။ စမ်းသပ်မှုများ ကျရောက်သည့်အခါ၊ ဘုရားသခင်ကို နားလည်မှုလွဲခဲ့ကာ ကျွန်ုပ်အပြစ်တင်မိခဲ့၊ ကိုယ်တော်၏ လေးနက်သော ရည်ရွယ်ချက်များကို ကျွန်ုပ် နားမလည်ခဲ့ပေ။ ယနေ့ ကျွန်ုပ် သန့်စင်ခံရနိုင်ကာ ကယ်တင်ခံရသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် လုံးလုံးလျားလျား ဖြစ်ပေ။ ဘုရားသခင်၏ စိတ်သဘောထားက သန့်ရှင်း၊ ဖြောင့်မတ်ကာ၊ ချစ်ကြောက်ရိုသေပြီး ချစ်ခင်ဖို့ဖြစ်သည်ကို ကျွန်ုပ် မြင်ရပေ။ ဘုရားသခင်၏ ကယ်တင်ခြင်း ကြီးမားမှုအား တွေ့ကြုံခံစားရခြင်းကို ဖော်ပြနိုင်သည့် စကားလုံးမရှိပေ။ ဘုရားသခင်ကို သိကျွမ်းကာ၊ သူ့ကို အမှန်တကယ်ချစ်ရန် ကျွန်ုပ် ကြိုးစားပြီး၊ ယင်းအတွက် ပျော်ရွှင်စွာ သေမည်။ နောက်ဆုံးခေတ်၏ လူတို့သည် ဘုရားသခင်အားဖြင့် စုံလင်ခံရပေ၊ ဘုရားသခင်ကို ကျွန်ုပ်တို့ ထာဝရ ချစ်ကာ သက်သေခံသွားမည်။

အရှေ့သို့- နောင်တရခြင်းနှင့် အသစ်စတင်မှုတစ်ခု ပြုလုပ်ခြင်း

နောက်တစ်ခုသို့- ဘုရားသခင်ကို ကျွန်ုပ် မြင်ပြီ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်