အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၀။ ဘုရားသခင်ကို အဘယ်သို့သိရမည်နှင့် ပတ်သက်သည့် သမ္မာတရားများ

၂) လူတစ်ဦးသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို မည်သို့သိနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ ဝမ်းသာခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ထွက်ပေါ်လာမှုတို့ကြောင့်ဖြစ်သည်၊ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့၏ ပျက်စီးမှုကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းမွန်သော အသက်တာကို ယူဆောင်လာပေးခြင်းအပေါ် သူဝမ်းမြောက်သည်၊ သူ၏ဝမ်းသာခြင်းသည် ဖြောင့်မှန်သော ဝမ်းသာခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံးတို့ တည်ရှိမှု၏ သင်္ကေတဖြစ်ကာ ထိုမျှမက မင်္ဂလာရှိခြင်း၏ သင်္ကေတလည်းဖြစ်၏။ ဘုရားသခင်၏ ဒေါသမှာ မတရားမှု၏ တည်ရှိခြင်းနှင့် နှောင့်ယှက်ခြင်းတို့က လူသားမျိုးနွယ်အပေါ် သင့်ရောက်စေသော အန္တရာယ်ကြောင့် ဖြစ်သည်၊ ဆိုးယုတ်မှုနှင့် အမှောင်ထုတို့၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ သမ္မာတရားကို နှင်ထုတ်သော အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ ထိုမျှမက ကောင်းမွန်ပြီး လှပသောအရာများကို ဆန့်ကျင်သည့် အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်။ သူ၏ဒေါသသည် အပျက်သဘောဆောင်သော အရာများအားလုံး မတည်ရှိတော့ခြင်း၏ သင်္ကေတဖြစ်ပြီး ထိုထက်ပို၍ သူ့သန့်ရှင်းခြင်း၏ သင်္ကေတပင်ဖြစ်သည်။ သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာသောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများကို အနိုင်ရခြင်းနှင့် လူသား၏ စိတ်ရင်းကောင်းကို ရရှိခြင်းတို့မှ လာသည်မှာ မှန်ပေ၏။ ထိုမျှမက ထိုပျော်ရွှင်မှုသည် ရန်သူ့အင်အား အားလုံးတို့၏ နှင်ထုတ်ခံရခြင်းနှင့် ပျက်စီးခြင်းတို့မှ ပေါ်ပေါက်လာပြီး ကောင်းမွန်ပြီး ငြိမ်းအေးသော အသက်တာကို လူသားမျိုးနွယ်တို့ ရရှိခြင်းကြောင့် ပေါ်ပေါက်လာသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းသာမှုနှင့် မတူပေ၊ စင်စစ်အားဖြင့် ထိုပျော်ရွှင်မှုသည် အသီးအပွင့်ကောင်းများကို စုဆောင်းရခြင်း၏ ခံစားချက်ဖြစ်ပြီး ဝမ်းသာမှုထက် ပို၍ကြီးမားသော စိတ်ခံစားချက်ဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် ဤအချိန်မှစ၍ ရှေ့လျှောက်တွင် လူသားမျိုးနွယ်တို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း၏ သင်္ကေတဖြစ်ပြီး အလင်းလောကသို့ လူသားမျိုးနွယ်ဝင်ရောက်ခြင်း၏ သင်္ကေတလည်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့် ထုတ်ဖော်သမျှတို့သည် သူ၏အနှစ်သာရနှင့် သူ၏ကိုယ်ပိုင်လက္ခဏာတို့၏ ကိုယ်စားပြုခြင်းများဖြစ်သည်။ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအပါအဝင် သူ၏အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့သည် မည်သည့်လူသားကမျှ အစားထိုး၍မရနိုင်သော အရာများဖြစ်သည်။ သူ၏စိတ်နေသဘောထား၌ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်း၊ လူသားမျိုးနွယ်ကို နှစ်သိမ့်ပေးမှု၊ လူသားမျိုးနွယ်အပေါ် မုန်းတီးမှု၊ ထိုမျှမက လူသားမျိုးနွယ်အပေါ် အစုံအစေ့ နားလည်မှုတို့ အကျုံးဝင်သည်။ သို့သော်လည်း လူသား၏ပင်ကိုစရိုက်မှာမူ အကောင်းမြင်ခြင်း၊ ထကြွလုံ့လရှိခြင်း၊ သို့မဟုတ် စာနာစိတ်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။ သူ၏စိတ်နေသဘောထားသည် ဂုဏ်ပြုခြင်း၊ တန်ခိုး၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းကို ကိုယ်စားပြုပြီး အရေးကြီးဆုံးမှာ သာလွန်ကြီးစိုးခြင်းကို ကိုယ်စားပြုသည်။ သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့်ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။ သူ၏စိတ်နေသဘောထားသည် အမြင့်ဆုံးသောတန်ခိုး၏ သင်္ကေတဖြစ်၏။ မည်သည့်လူကမျှ၊ သို့မဟုတ် မည်သည့်လူအများကမျှ သူ၏အမှု၊ သို့တည်းမဟုတ် သူ၏စိတ်နေသဘောထားကို မနှောင့်ယှက်နိုင်ပေ၊ သို့မဟုတ် နှောင့်ယှက်ခွင့်ရှိမည်လည်း မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

ဘုရားသခင်ကို သိနားလည်ရန်မှာ လွယ်ကူသောအရာမဟုတ်ဟု လူတွေ ခဏခဏ ပြောတတ်ကြသည်။ သို့သော်လည်း၊ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို လူမြင်တွေ့နိုင်ရန် မကြာခဏ ခွင့်ပြုသောကြောင့် ဘုရားသခင်ကို သိနားလည်ခြင်းသည် ခက်ခဲသောကိစ္စ လုံးဝမဟုတ်ဟု ကျွန်ုပ်ဆိုသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ဆွေးနွေးခြင်းကို ဘယ်သောအခါမှ မရပ်စဲဖူးပေ၊ သူသည် သူ့ကိုယ်သူ လူသားထံမှ ဘယ်သောအခါမှ မဖုံးကွယ်ဖူးသကဲ့သို့ သူ့ကိုယ်သူလည်း မကွယ်၀ှက်ဖူးပေ။ သူ၏ အတွေးများ၊ သူ၏ စိတ်ကူးများ၊ သူ၏ နှုတ်ကပတ်တော်များနှင့် သူ၏ လုပ်ဆောင်ချက်များ အားလုံးကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ထုတ်ဖော်သည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သိနားလည်ရန် ဆန္ဒရှိသရွေ့၊ သူသည် လမ်းစဥ်များနှင့် နည်းလမ်းများမျိုးစုံဖြင့် ဘုရားသခင်ကို နားလည်သိမြင်လာနိုင်သည်။...မှန်မှန်ကန်ကန် ပြောရလျှင် လူတစ်ယောက်က ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ရန် သူတို့၏ အားနေသောအချိန်ကိုသာ အသုံးပြုကာ၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသား၏ အသံတော်ကို အနည်းငယ်အာရုံစိုက်မှု ပြုမည်ဆိုပါက- ဘုရားသခင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များမှာ ထင်ရှားပြီး ပွင့်လင်းမြင်သာကြောင်း သူတို့ သဘောပေါက်မိရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ အလားတူ ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိသည်၊ သူသည် လူသားနှင့် ဖန်ဆင်းရာ တစ်ခုလုံးအား အမြဲ စကားစမြည် ပြောနေသည်၊ ထို့ပြင် သူသည် နေ့စဥ် အမှုသစ်များ ပြုလုပ်နေသည်ကို သဘောပေါက်မိရန် အနည်းငယ် အားထုတ်ကြိုးပမ်းရလိမ့်မည်။ သူ၏ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့် အပြန်အလှန် ဆွေးနွေးခြင်းတွင် ဖော်ပြထားသည်၊ သူ၏ အတွေးများနှင့် စိတ်ကူးများကို သူ၏ လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊ သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီး စောင့်ကြည့်နေသည်။ ငါသည် ကောင်းကင်တွင် တည်ရှိပြီး၊ ငါသည် ငါ၏ ဖန်ဆင်းရာထဲတွင် တည်ရှိသည်ဟု သူသည် လူသားမျိုးနွယ်နှင့် ဖန်ဆင်းရာ အားလုံးတို့ကို သူ၏ အသံတိတ်စကားလုံးများဖြင့် ညင်ညင်သာသာ စကားပြောသည်။ ငါသည် အိပ်ဖန်စောင့်ပေးနေသည်၊ ငါသည် စောင့်ဆိုင်းနေသည်၊ ငါသည် သင်၏ အပါးတွင် ရှိနေသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းအားဖြင့်၊ ဘုရားသခင်ကိုသိရန် ပြုလုပ်ရမည်။ လူအချို့က- “လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ငါမမြင်ဖူးဘူး။ ဒါကြောင့် ဘုရားသခင်ကို ငါဘယ်လို သိနိုင်မလဲ” ဟု ဆိုကြသည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း၊ ထို့ပြင် လူသားမျိုးနွယ်အား သူ၏ ကယ်တင်ရန်နည်းလမ်း တို့ကို သင်မြင်နိုင်သည်။... ဤသည်မှာ ဘုရားသခင်သည် လူသားကို အသုံးပြု၍ နှုတ်ကပတ်တော်ကို ရေးချစေခြင်းနှင့် တခြားစီဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်က ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။ ယင်းကို ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နှုတ်ကပတ်တော်များနှင့် သူ၏အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ယင်းတို့ကို လှိုက်လှိုက်လှဲလှဲရှိသော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့မှာ အတွင်းစိတ်ထဲက ထွက်ပေါ်လာ၍ သူ၏စိတ်သဘောထား၊ သူ၏အလိုတော်၊ သူ၏အတွေးများ၊ လူသားမျိုးနွယ်အပေါ် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏မျှော်မှန်းချက်များကို ဖော်ပြနေခြင်းကြောင့် ဖြစ်သည်။... ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများရှိပြီး လူသား၏ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ရှိသည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်သည် အတော်ပင် ခက်ထန်သည်ဟု သင်ခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်၌ သြဇာအာဏာ သိပ်မရှိဟု သင်ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ဤအရာကို ရှေ့နောက်စကားအဆက်အစပ်ကိုချန်၍ လိုရာဆွဲတွေးခြင်းမပြုဘဲ ယင်းကို ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် နူးညံ့သိမ်မွေ့ပြီး ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောသဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် တင်းကျပ်သော ရှုထောင့်မှ စကားပြောသဖြင့် လူတို့သည် စော်ကားတိုက်ခိုက်မှုကို သည်းခံမည်မဟုတ်သည့် ဘုရားသခင်၏ စိတ်သဘောထားကို မြင်ကြသည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်သို့လာရန် မထိုက်တန်ပေ။ လူတို့သည် ယခုအခါ ဘုရားသခင်၏ရှေ့မှောက်သို့ လာနိုင်သည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်းနှင့် သူ့အမှု၏ အဓိပ္ပာယ်မှနေ၍ သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် ဘုရားသခင်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း မရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း” မှ

သင့်အတွေ့အကြုံသည် ဘယ်အဆင့်ကို သင်ရောက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားထံမှ သင့်ကို ခွဲခြား၍မရနိုင်ပေ။ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားလည်သောအရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်သိသောအရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပါသည်။ ဤအရာတို့သည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်သွယ်နေပါသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကိုယ်၌က သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ စစ်မှန်သော ထင်ရှားပြသခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဤအရာက တိကျစစ်မှန်စေပြီး တိတိကျကျ ဖော်ပြပါသည်။ ၎င်းက ဘုရားသခင် ဘာကိုကြိုက်သည်၊ သူဘာကို မကြိုက်၊ သင့်ကို သူက ဘာလုပ်စေလိုသည်၊ သင့်ကို သူက မည်သည်တို့ကိုလုပ်ရန် ခွင့်မပြု၊ မည်သို့သောလူတို့ကို သူစက်ဆုပ်ပြီး မည်သို့သောလူတို့ကို သူကျေနပ်ဝမ်းမြောက်သည်ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြပါသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရား၏နောက်တွင် လူတို့သည် သူ၏ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် သူ၏ အနှစ်သာရကို မြင်နိုင်ပါသည်။ ဤအရာသည် သူ၏စိတ်သဘောထားကို ဖွင့်ပြခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ့စိတ်သဘောထားကို နားလည်ခြင်းအပြင် အရေးအကြီးဆုံးအရာမှာ လက်တွေ့အတွေ့အကြုံတို့မှ ဤနားလည်မှုကို ရောက်ရှိရန် လိုအပ်ချက်ဖြစ်ပါသည်။ လူတစ်ယောက်က ဘုရားသခင်ကိုသိရန် လက်တွေ့ဘဝမှ သူတို့ကိုယ်သူတို့အား ဖယ်ထုတ်လိုက်လျှင် သူတို့သည် ၎င်းကို ရရှိနိုင်မှာမဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထံမှ နားလည်မှုတစ်ချို့ ရရှိနိုင်သော လူတို့ ရှိလျှင်ပင် ထိုနားလည်မှုသည် သီအိုရီများ၊ စကားလုံးများနှင့် ကန့်သတ်ထားပြီး ဘုရားသခင်က အမှန်တကယ်တွင် မည်ကဲ့သို့နည်းဆိုသောအရာနှင့် ကွာဟချက် ရှိပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ ပိုင်ဆိုင်မှုများနှင့် ဖြစ်တည်မှု၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား စသည်တို့အားလုံးကို ကိုယ်တော်၏ နှုတ်ကပတ်တော်များမှ တဆင့် လူသားအားလုံးကို သိစေပြီး ဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစား ရပါက ထိုနှုတ်ကပတ်တော်တို့ကို ကျင့်ကြံနေစဉ် ဘုရားသခင်ဟောကြားသော နှုတ်ကပတ်တော်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မည်။ ဘုရားသခင် နှုတ်ကပတ်တော်၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းကို နားလည်လာလိမ့်မည်။ ဘုရားသခင် နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသည့်ရလဒ်တို့ကို နားလည်လာပြီး ကျေးဇူးတင်လာပါလိမ့်မည်။ လူသားတို့အတွက်၊ အမှန်တရားနှင့် အသက်တာကို ရရှိဖို့အတွက်လည်းကောင်း၊ ဘုရားသခင်၏ ပြုလုပ်လိုသည်များကို နားလည်သဘောပေါက်ခြင်း၊ ကိုယ်တော်၏ အစီအစဉ်အောက်တွင် သူ၏သဘောထားကို ပြောင်းလဲခံရခြင်းနှင့် ဘုရားသခင်၏ အချုပ်အချာ အာဏာနှင့် စီစဉ်ခြင်းများကို နာခံနိုင်စွမ်း ရှိလာခြင်းတို့အတွက် လည်းကောင်း၊ ယင်းတို့မှာ လူသားတို့ တွေ့ကြုံရမည့်၊ နားလည်သဘောပေါက်ရမည့်၊ ရယူရမည့် အရာအားလုံးပင်ဖြစ်ပါသည်။ လူသားသည် ယင်းအရာများတို့ကို တွေ့ကြုံခြင်းများ၊ နားလည်သဘောပေါက်ခြင်းများ၊ ရယူခြင်းများ ပြုလုပ်သည်နှင့် တချိန်တည်းမှာပင် ဘုရားသခင်ကို တဖြည်းဖြည်းနားလည် လာပါလိမ့်မည်။ ဤအချိန်တွင် ထိုသူသည် ကိုယ်တော့်အကြောင်း အမျိုးမျိုးသော အသိပညာ အဆင့်များကိုလည်း ရရှိလာပါလိမ့်မည်။ ဤနားလည်ခြင်းနှင့် အသိပညာတို့သည် ထိုသူ စိတ်ကူးလိုက်ရာမှ သို့မဟုတ် စီကုံးရေးသားရာမှ ထွက်ပေါ်လာသည့် အရာမဟုတ်။ သို့သော် ၎င်း၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ကျေးဇူးတင်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် သူ့အတွင်း၌ပင် ထောက်ခံခြင်းတို့ မှ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ယင်းတို့ကို ကျေးဇူးတင်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့နောက်တွင် ဘုရားသခင်အကြောင်း လူသားတို့ အသိပညာသည် အနှစ်သာရကို ရယူသည်။ ဤအချိန်တွင် သူရယူသည့် အသိပညာမှာ အမှန်တကယ်၊ အစစ်အမှန်နှင့် တိကျမှန်ကန်မှု ရှိသည့် အသိပညာဖြစ်သည်။ ထို့ပြင် ဘုရားသခင် အကြောင်းကို စစ်မှန်သော နားလည်ခြင်းနှင့် အသိပညာတို့ကို ကိုယ်တော်၏ နှုတ်ကပတ်တော်တို့အပေါ် ကျေးဇူးတင်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့မှတဆင့် ရယူခြင်းသည် သာလျှင် လူသားနှင့် ဘုရားသခင်အကြား စစ်မှန်သည့် ဆက်ဆံရေး ဖြစ်ပါသည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးတွင် လူသားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် သဘောပေါက် နားလည်လာပြီး ဘုရားသခင်၏ ပိုင်ဆိုင်မှုနှင့် ဖြစ်တည်မှုကို အမှန် သိနားလည်လာသည်။ ဘုရားသခင်၏အနှစ်သာရကို အမှန် နားလည်လာသည်။ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်း သဘောပေါက် နားလည်လာသည်။ ထို့နောက် ဖန်ဆင်းထားသော အရာအားလုံးတို့အပေါ် ဘုရားသခင်၏ အုပ်စိုးမှုအကြောင်း မှန်ကန်သော အနက်အဓိပ္ပာယ်အပေါ် သေချာသည့်အဆင့်သို့ ရောက်ရှိလာသည်။ ထို့ပြင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနေအထား တို့ နှင့်ပတ်သက်သည့် အသိပညာအပေါ် ခြေခြေမြစ်မြစ် သိရှိလာသည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြစ်ပေါ်စဉ် ကိုယ်တော်အား ဘွားကနဲပေါ်လာသည်ဟု မမြင်တော့ခြင်း သို့မဟုတ် ကိုယ်တော့်အပေါ် မိမိ၏ကိုယ်ပိုင် သံသယများကို အလိုမလိုက်တော့ခြင်း သို့မဟုတ် ကိုယ်တော့်အား နားလည်မှုလွဲခြင်း၊ သို့မဟုတ် ကိုယ်တော့်အား ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ကိုယ်တော့်ကို ဝေဖန်ခြင်း သို့မဟုတ် ကိုယ်တော့်ကို သံသယရှိခြင်းတို့ မရှိတော့ဘဲ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သူ့အမြင်ကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာသည်။ အကျိုးဆက်မှာ လူသားသည် ဘုရားသခင်နှင့် ငြင်းခုံခြင်း နည်းလာမည်။ ဘုရားသခင်နှင့် ပဋိပက္ခဖြစ်မှု နည်းလာမည်။ ဘုရားသခင်ကို ပုန်ကန်လိုသည့် အခိုက်အတန့်များ နည်းလာမည်။ အပြန်အလှန်အားဖြင့် လူသား၏ ဘုရားသခင်အပေါ် ဂရုစိုက်ခြင်းနှင့် နာခံခြင်းတို့မှာ တိုး၍ကြီးထွားလာပြီး ဘုရားသခင်ကို ကြည်ညိုမှုမှာ ပို၍စစ်မှန်လာပြီး ပို၍လည်း နက်ရှိုင်းလာပါလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအတွင်း လူသားသည် အမှန်တရား၏ အထောက်အပံ့နှင့် အသက်တာနှစ်ခြင်းမင်္ဂလာကို ရယူလိမ့်မည်သာမက တစ်ချိန်တည်းမှာပင် ဘုရားသခင်အကြောင်း မှန်ကန်သည့် အသိပညာကိုလည်း ရရှိလိမ့်မည် ဖြစ်ပါသည်။ ဤကဲ့သို့ဆက်ဆံရေးမျိုးအတွင်း လူသား၏သဘောထား ပြောင်းလဲသွားပြီး ကယ်တင်ခြင်းခံရမည့်အပြင် တချိန်တည်းတွင် ဘုရားသခင်ကို အမှန်တကယ် ကြည်ညိုခြင်းနှင့် ဖန်ဆင်းရှင်ကို ကိုးကွယ်ခြင်းတို့ ရှာမှီးလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုး ရှိခြင်းအားဖြင့် လူသား၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် စာရွက်အလွတ် တစ်ရွက်၊ သို့မဟုတ် အလုပ်မပါသည့် အပြောသက်သက်နှုတ်ကတိ၊ သို့မဟုတ် မျက်စိမှိတ်ပြီး ကောက်ကောက်ပါအောင် လိုက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်း ပုံမျိုး မဟုတ်တော့ချေ။ ဤကဲ့သို့ ဆက်ဆံရေးမျိုးသည်သာ လူသား၏အသက်တာကို တစ်ရက်ပြီးတစ်ရက် ရင့်ကျက်လာစေပြီး၊ ယခုအချိန်မှသာ သူ၏သဘောထား တဖြည်းဖြည်းချင်း ပြောင်းလဲလာပါလိမ့်မည်။ ထို့ပြင် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းသည် ဝိုးတိုးဝါးတား မရေရာသော ယုံကြည်ခြင်းမှ အမှန်တကယ် ကြည်ညိုခြင်း၊ စစ်မှန်သော နာခံခြင်းနှင့် ဂရုစိုက်ခြင်းဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားမှာ ဖြစ်ပြီး ဘုရားသခင်ကို ရှာဖွေရာ၌ လူသားသည်လည်း ခံယူသူအဖြစ်မှ ပြုလုပ်သူအဖြစ်သို့၊ ဖြစ်လာမှ ပြုလုပ်သူအဖြစ်မှ အပြုသဘောဆောင်သော အလုပ်များကို လုပ်သူအဖြစ်သို့ တဖြည်းဖြည်းချင်း တိုးတက် ပြောင်းလဲသွားပါလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ ဘုရားသခင်၏အကြောင်း မှန်ကန်သော အသိပညာဖြင့်၊ ဘုရားသခင်ကို အမှန်တကယ် သဘောပေါက် နားလည်နိုင်သည့် အခြေအနေသို့ ရောက်ပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုးအစွမ်း၊ ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့ကို သင်၏ တွေးတောကြံဆခြင်းကို အမှီပြုခြင်းအားဖြင့် မည်သည့်အခါမျှ နားမလည်နိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရန်အတွက် တွေးတောကြံဆခြင်းကို အမှီမပြုနိုင်သည့် အတွက် ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်နည်းလမ်း အမှန်တကယ် သင်သိကျွမ်းနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စားခြင်းနှင့် သောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယ ပြုလုပ်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကြုံတွေ့ခြင်းမှတစ်ဆင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာကို တဖြည်းဖြည်းကြုံတွေ့ပြီး အတည်ပြုနိုင်လိမ့်မည်။ ထို့ကြောင့် သင်သည် တဖြည်းဖြည်း နားလည်လာပြီး ပိုမို သိကျွမ်းလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို သိကျွမ်းရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဖြတ်လမ်း မရှိပေ။ သင်တို့ကို တွေးတောခြင်း မပြုလုပ်ရန် တောင်းဆိုခြင်းက ပျက်စီးခြင်းကို သင်တို့ဤအတိုင်း ထိုင်စောင့်ရန် သို့မဟုတ် ဘာမျှမလုပ်ရန်ပြောခြင်းနှင့် မတူညီပေ။ စဉ်းစားရန်၊ ကြံစည်တွေးတောရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ယုတ္တိရှိမှုကို အသုံးပြုခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် အသိပညာကို အသုံးပြုခြင်း၊ အခြေခံ စည်းမျဉ်းအနေနှင့် သိပ္ပံကို အသုံးပြုခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည်ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ တစ်ဆင့်၊ သမ္မာတရားမှတစ်ဆင့်၊ ဘဝတွင် သင်ကြုံတွေ့ရသည့် အရာရာတိုင်းမှတစ်ဆင့် သူ၏ သြဇာအာဏာသည် သူကိုယ်တိုင် စစ်မှန်သည့် ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သက်သေပြပြီး သင့်ကံကြမ္မာအပေါ်တွင် ဘုရားသခင်သည် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်ဆိုသည်ကို အတည်ပြုခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် နားလည်မှုကို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က သူတို့သည် ဤဦးတည်ချက်ကို ရောက်ရှိရန် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရှာဖွေချင်ကြသည်ဟု ပြောလိမ့်မည်။ သို့ရာတွင် ဤသို့သောနည်းလမ်းကို သင်တို့ စဉ်းစားနိုင်သလော။ သင့်ကို ငါပြောမည်။ စဉ်းစားရန်မလိုပေ။ အခြားနည်းလမ်းမရှိ။ တစ်ခုတည်းသောနည်းလမ်းက သူဖော်ပြသည့် နှုတ်ကပတ်တော်တိုင်း၊ သူလုပ်ဆောင်သည့် အရာရာတိုင်းမှတစ်ဆင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို အသိဉာဏ်ရှိရှိဖြင့် တည်ကြည်စွာနှင့် သိပြီး ဟုတ်မှန်ကြောင်းထင်ရှားစေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အရာရာတိုင်းသည် အနှစ်မရှိ ဗလာဖြစ်ခြင်းမရှိဘဲ စစ်မှန်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသား၌ “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ” ဟု ရေးသားထားသည်။

ခ။ မူရင်းစာသား၌ “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ” ဟု ရေးသားထားသည်။

ယခင်က:ဘုရားသခင်ကို သိခြင်းမှာ အဘယ်နည်း။ သမ္မာကျမ်းစာအသိပညာနှင့် ဓမ္မပညာသဘောတရားကို နားလည်ခြင်းကို ဘုရားသခင်အားသိခြင်းအဖြစ် ယူဆနိုင်ပါသလော။

နောက်တစ်ခုသို့:ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို မည်သည့် သွင်ပြင်လက္ခဏာများထဲတွင် အဓိက ထုတ်ဖော်ပြထားသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ