အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၀။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို အဘယ်သို့သိသနည်း နှင့်ပတ်သက်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာကို ရှင်းလင်းပြတ်သားစွာ မိတ်သဟာရပြုရမည်။

၅။ ဘုရားသခင်သည် စကြဝဋ္ဌာ တစ်ခုလုံးကို မည်သို့အုပ်စိုးပြီး စီမံခန့်ခွဲသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ကျယ်ပြန့်လှသောစကြဝဠာထဲတွင် ဘဝနိယာမကို ထပ်တလဲလဲလိုက်နာလျက် ပုံသေစည်းကမ်း တစ်ရပ်ကို လိုက်နာကာ သက်ရှိသတ္တဝါမည်မျှသည် အသက်ရှင်လျက် မျိုးပွားနေကြသနည်း။ သေသူများသည် ရှင်သူများ၏ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူသွားကြပြီး ရှင်နေသူများသည် သေပြီးသောသူများ၏ ဝမ်းနည်းဖွယ်ရာ သမိုင်းတစ်ရပ်ကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားသည် မိမိကိုယ်ကို ကျွန်ုပ်တို့မည်သည့်အတွက် အသက်ရှင်သနည်း၊ အဘယ်ကြောင့် သေရသနည်း၊ ဤကမ္ဘာကို အုပ်ချုပ်သူမှာ မည်သူနည်း။ ဤလူသားမျိုးနွယ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ သဘာဝမိခင်က လူသားမျိုးနွယ်ကို အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အကယ်ပင် ထိန်းချုပ်နိုင်သလောဟု မမေးဘဲ မနေနိုင်တော့ပါ။… လူသားတို့သည် လူသားတို့၏အစနှင့် အနာဂတ်တို့ကို သိရန်မဆိုထားနှင့် စကြဝဠာရှိ အလုံးစုံသော အရာတို့၏ အချုပ်အခြာအာဏာရှင် မည်သူ ဖြစ်သည်ကိုပင် မသိပါ။ လူသားသည် ဤနိယာမအကြားတွင် မတတ်သာ၍ အသက်ရှင်နေရုံမျှသာ ဖြစ်သည်။ မည်သူမျှ ထိုအရာကို လွတ်မြောက်နိုင်ခြင်း မရှိ။ ပြောင်းလဲနိုင်ခြင်း မရှိ။ အကြောင်းမှာ အလုံးစုံသောအရာများအကြားနှင့် ကောင်းကင်ဘုံ၌ ခပ်သိမ်းသောအရာတို့အပေါ် ကမ္ဘာအဆက်ဆက် အချုပ်အခြာအာဏာရှိသူ တစ်ဦးသာ ရှိသည်။ ထိုသူမှာ လူသားတို့ တစ်ခါမျှ မမြင်ဖူးသောသူ၊ လူသားတို့ တစ်ခါမျှ မသိဖူးသူ၊ ၎င်းရှိကြောင်း လူသားတို့တစ်ခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်။ သို့ရာတွင် သူသည် လူသားတို့၏ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားတို့ကို အသက်ပေးခဲ့သူဖြစ်သည်။ လူသားများ ရှိနေရေးအတွက် ထောက်ပံ့အားဖြည့်ပေးနေပြီး ယနေ့တိုင် လူသားတို့ကို လမ်းပြသူဖြစ်သည်။ ထို့အပြင် သူသာလျှင် လူသားတို့ ရှင်သန်နေရေးအတွက် အားထားရာ ဖြစ်သည်။ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး စကြဝဠာအောက် သက်ရှိအားလုံးကို အုပ်စိုးသူ ဖြစ်သည်။ ရာသီလေးပါးကို ကွပ်ကဲအုပ်စိုးတော်မူ၍ လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်တော်မူသော သူဖြစ်သည်။ လူသားတို့ကို နေရောင်ပေး၍ ည၏ အလာကို ဆောင်ကျဉ်းသူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ၊ လူသားတို့ကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ပေးသောသူမှာ သူဖြစ်သည်။ သူ၏အမှုသည် နေရာတိုင်းတွင်ရှိ၏။ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏။ သူ၏ဉာဏ်အမြော်အမြင်သည် နေရာတိုင်းတွင်ရှိ၏။ သူ၏အာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းတစ်ခုစီသည် သူ၏ အမှုကို ရုပ်လုံးပေါ်စေကာ ၎င်းတို့တစ်ခုစီတိုင်းသည် သူ၏ ဉာဏ်အမြော်အမြင်နှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ သူ၏ အချုပ်အခြာအာဏာမှ မိမိကိုယ်ကို လွတ်ငြိမ်းခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ ထို့အပြင် သူ၏ အစီအမံများမှ မိမိကိုယ်ကို ထွက်ခွာခွင့်ရအောင် မည်သူပြုလုပ်နိုင်မည်နည်း။ အလုံးစုံသောအရာတို့သည် သူ၏ စူးစိုက်ကြည့်မှုအောက်တွင် ရှိသည့်အပြင် အလုံးစုံသော အရာတို့သည် သူ၏ အချုပ်အခြာအောက်တွင် ရှိပါသည်။ သူသည် အမှန်တကယ် တည်ရှိ၍ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အချက်ကို သူ၏အမှုနှင့် အာဏာတို့ကြောင့် လူသားတို့သည် အခြားရွေးချယ်စရာမရှိဘဲ ဝန်ခံကြရပေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားများကို စဉ်ဆက်မပြတ် စောင့်ရှောက်နိုင်ရန်မဆိုထားနှင့် စကြဝဠာကိုပင် အုပ်ချုပ်နိုင်စွမ်း မရှိပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်" မှ

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။… ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီး ကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အောက်တွင် အသက်ရှင်နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်" မှ

ဤလူသားမျိုးနွယ် ဖြစ်မလာခင်တွင် စကြဝဠာ၊ ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ် များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် မိုးကောင်းကင်တွင်ရှိသည့် ဤအစုအဝေးများသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက် တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်သော်လည်း ပုံမှန်လည်ပတ်နေသည်။ မည်သည့်ဂြိုဟ်က မည်သည့် အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကို လုပ်သည်၊ ထို့နောက် မည်သည့်အချိန်တွင် မည်သည့်အရာကို လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်း တစ်လျှောက်မှာပတ်သည်၊ မည်သည့်အချိန်မှာ ပျောက်ကွယ်သည် သို့မဟုတ် အစားထိုးခံရသည်၊ ၎င်းတို့အားလုံးက အမှားအယွင်း အနည်းငယ်မျှ မဖြစ်ဘဲ ဆက်သွားနေသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် သူတို့ကြားထဲက အကွာအဝေး အားလုံးက တိကျသည့် ပုံစံရှိသည်၊ အားလုံးကို တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၄င်းတို့သွားသည့် လမ်းကြောင်းတစ်လျှောက်၊ ၄င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့့် ပုံစံ၊ တည်နေရာအမျိုးမျိုးမှာ ၄င်းတို့ရှိသည့်အချိန်တို့ကို တိကျစွာတိုင်းတာနိုင်ပြီး အထူးနိယာမများနှင့် ဖော်ပြနိုင်သည်။ အလွန်ကြာမြင့်သည့် အချိန်အထိ ဂြိုဟ်များသည် မည်သည့်အခါမျှ သွေဖည်မသွားဘဲ ဤ နိယာမများအတိုင်း ပြုလုပ်သည်။ မည်သည့်တန်ခိုးအစွမ်းမျှ ၄င်းတို့၏ပတ်လမ်းများ သို့မဟုတ် ၄င်းတို့သွားလာသည့် ပုံစံများကို မပြောင်းလဲနိုင် သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ သူတို့၏လှုပ်ရှားမှုများကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် သူတို့ကိုဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာနှင့် ကြိုတင်ပြဌာန်း သတ်မှတ်ပြီး ဖြစ်သောကြောင့် သူတို့သည် ဖန်ဆင်းရှင်၏ စိုးပိုင်မှုနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဘာသာ နာခံလိုက်လျှောက်သည်။ ကျယ်ပြန့်သည့် ရှုထောင့်မှကြည့်လျှင် တစ်ချို့ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ တစ်ချို့ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် နိယာမများ သို့မဟုတ် ထူးခြားဖြစ်ရပ်များကို လူသားတို့ ရှာဖွေဖော်ထုတ်ရန် မခက်ပေ။ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသော်လည်း၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ်မပြုသော်လည်း၊ စကြဝဠာထဲမှ အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံသဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်လှသည့် မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးထိန်းချုပ်ထားသည် ဆိုသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒပညာရှင်များနှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်ဗဟို၌ အရာအားလုံးကို စီစဉ်ညွှန်ကြားနေသည့် တန်ခိုးအစွမ်းရှိသူတစ်ဦး ရှိနေသည်ကို ဤအချက်က လူသားတို့အား ရင်ဆိုင်၍ လက်ခံအသိအမှတ်ပြုစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားကမျှ သူ၏အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်ဆိုသည်ကို လူသားသည် အသိအမှတ်ပြုရမည်၊ တစ်ချိန်တည်းမှာပင် လူသားတို့သည် ဤနိယာမတို့ကို အပြည့်အဝ နားမလည်နိုင်ဆိုသည်ကိုလည်း ဝန်ခံရမည်။ ၎င်းတို့သည် သဘာဝအလျောက် ပေါ်ပေါက်နေခြင်း မဟုတ်၊ အရှင်သခင်တစ်ယောက်က သတ်မှတ်ပေးခြင်းသာ ဖြစ်၏။ ဤ အရာအားလုံးက ကျယ်ပြန်သည့်ရှုထောင့်မှ လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ အခွင့်အာဏာ ဖော်ပြချက်များ ဖြစ်သည်။

အနုစိတ်ရှုထောင့်တွင် လူသားတို့် ကမ္ဘာမြေကြီးပေါ်မှာ မြင်တွေ့နိုင်သည့် တောင်များအားလုံး၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေများ၊ သူတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရိစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ သက်ရောက်မှုခံရပြီး ဘုရားသခင်က ထိန်းချုပ်ထားသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ စိတ်ကူးနှင့်အညီ ဖြစ်ပေါ်လာသည် သို့မဟုတ် ပျောက်ကွယ်သွားသည်၊ သူတို့၏အသက်တာအားလုံးသည် နိယာမအချို့ဖြင့် လွှမ်းမိုးထားပြီး သူတို့သည် ဤနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သူမျှ သို့မဟုတ် မည်သည့်အရာမျှ ဤ နိယာမများ၏ အထက်တွင် မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၃" မှ

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များ၊ အင်းအိုင်များအတွက် နယ်နိမိတ်စည်းများ ရေးဆွဲခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများနှင့် ရေအစုအဝေးများအမျိုးမျိုးရှိသည်။ ၎င်းတို့မှာ မတူညီသည့် မြေပြင်အနေအထားများ မဟုတ်ပေလော။ ဘုရားသခင်သည် ဤမတူညီသည့် မြေပြင်အနေအထား အမျိုးအစားများကြားတွင် နယ်နိမိတ်စည်းများ ရေးဆွဲခဲ့သည်။ နယ်နိမိတ်စည်းများ ရေးဆွဲသည့်အကြောင်းကို ပြောသည့်အခါ တောင်များတွင် သူတို့၏ အကန့်အသတ်ဘောင်များရှိသည်၊ လွင်ပြင်များတွင် သူတို့၏အကန့်အသတ်ဘောင်များ ရှိသည်၊ သဲကန္တာရများတွင် အတိုင်းအတာတစ်ချို့ရှိပြီး တောင်ကုန်းများတွင် ပုံသေနေရာတစ်ခု ရှိသည်ဟုဆိုလိုသည်။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ပုံသေပမာဏနှင့် ရေအစုအဝေးများလည်း ရှိသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ အရာအားလုံးကို အလွန် ရှင်းလင်းတိကျစွာ ခွဲခြမ်းခဲ့သည်။… ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤမတူညီသည့် မြေပြင်အနေအထားများနှင့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့ အားလုံးအတွင်းတွင် သူသည် စီစဉ်ထား၍ စနစ်တကျရှိသည့် နည်းလမ်းတစ်ရပ်ဖြင့် အရာအားလုံးကို စီမံခန့်ခွဲနေသည်။ ထို့ကြောင့် ဤပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံရပြီးနောက်တွင် နှစ်ထောင်ချီ၍၊ နှစ်သောင်းချီ၍ တည်ရှိနေဆဲဖြစ်သည်။ သူတို့သည် သူတို့၏ အခန်းကဏ္ဍတစ်ခုစီကို ်လုပ်ဆောင်နေဆဲဖြစ်သည်။ အချို့အချိန်ကာလအတွင်းတွင် မီးတောင်များ ပေါက်ကွဲသော်လည်း၊ အချို့ကာလအတွင်းတွင် ငလျင်လှုပ်မှုများ ဖြစ်ပေါ်သော်လည်း၊ ကြီးမားသည့် ကုန်းမြေရွေ့ပြောင်းမှုများ ရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်မြေအနေအထားကိုမဆို သူ၏ နဂိုလုပ်ဆောင်မှုများကို လုံးဝ ဆုံးရှုံးခွင့်ပြုမည်မဟုတ်ပေ။ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှု၊ ဤနိယာမများအပေါ် သူ၏စိုးမိုးမှုနှင့် ဆုပ်ကိုင်ထားမှုများကြောင့် လူသားမျိုးနွယ်မှ ခံစားသည့်၊ လူသားမျိုးနွယ်မှ မြင်တွေ့ရသည့် ဤအရာအားလုံးသည် ကမ္ဘာမြေကြီးအပေါ်တွင် အစီအစဉ်တကျပုံစံနှင့် ရပ်တည်နိုင်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၉" မှ

သင်တို့၏အမြင်များတွင် တမူထူးခြားသည့်ဖြစ်ရပ်များကို ငါပြောပြရသည့် အကြောင်းရင်းက ဘုရားသခင်ဖန်ဆင်းခဲ့သည့် သတ္တဝါအားလုံးသည် တစ်နေရာထဲတွင် ပုံသေသတ်မှတ်ခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် အသက်ရှူနိုင်သည်ဖြစ်စေ၊ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သူတို့အားလုံးတွင် နိယာမများရှိသည်ကို သင်တို့ နားလည်စေရန်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို ဘုရားသခင်မဖန်ဆင်းခင် ရှေးယခင်ကတည်းက သူတို့၏ ကိုယ်ပိုင်မွေးရပ်မြေအတွက်၊ သူတို့၏ ကိုယ်ပိုင်ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်အတွက် သူပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ဤသက်ရှိသတ္တဝါများသည် သူတို့၏ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သတ်မှတ်ထားသည့် ကိုယ်ပိုင်ပတ်ဝန်းကျင်၊ သူတို့၏ကိုယ်ပိုင်အစားအစာ၊ သတ်မှတ်ထား်သည့် ကိုယ်ပိုင်မွေးရပ်မြေများ၊ သူတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် သင့်တော်သော သတ်မှတ်ထား်သည့် ကိုယ်ပိုင်နေရာများ၊ သူတို့ရှင်သန်ရပ်တည်ရန်အတွက် သင့်တော်သည့်အပူချိန်နှင့် နေရာများရှိကြသည်။ ဤနည်းအားဖြင့် သူတို့သည် လျှောက်ပြီး လှည့်လည်သွားလာခြင်း သို့မဟုတ် လူသားတို့၏ရှင်သန်ရပ်တည်ရေးကို ထိခိုက်ခြင်း သို့မဟုတ် သူတို့၏အသက်ရှင်သန်မှုများကို သက်ရောက်စေခြင်းတို့ ပြုမည်မဟုတ်ပေ။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင် စီမံသည့် ပုံစံပင်ဖြစ်သည်။ လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံးပတ်ဝန်းကျင်ကို ထောက်ပံ့ရန်ဖြစ်သည်။ အရာအားလုံးထဲက သက်ရှိသတ္တဝါတိုင်းတွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် သူတို့၏ ကိုယ်ပိုင်ပတ်ဝန်းကျင်အတွင်းတွင် အသက်ရှင်သန်နိုင်သည့် အစားအစာများ ရှိကြသည်။ ဤအစားအစာများနှင့်အတူ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် သူတို့၏ ဇာတိပတ်ဝန်းကျင်အတွင်းတွင် သူတို့ကို သတ်မှတ်ထားသည်။ ဤကဲ့သို့ ပတ်ဝန်းကျင်အမျိုးအစားတွင် သူတို့သည် ဘုရားသခင် သူတို့အတွက် ချမှတ်ခဲ့သည့် နိယာမများနှင့်အညီ ရှင်သန်ဆဲ၊ ပွားများဆဲ၊ ရှေ့ဆက်နေကြဆဲ ဖြစ်သည်။ ဤနိယာမ အမျိုးအစားများကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားထားခြင်းကြောင့်၊ အရာအားလုံးသည် လူသားမျိုးနွယ်နှင့် သဟဇာတဖြစ်စွာ ပြုမူလှုပ်ရှားပြီး လူသားမျိုးနွယ်နှင့် အရာအားလုံးသည် အပြန်အလှန် မှီခိုနေကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၉" မှ

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အချိန်တွင် ဤအရာများကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များအတွက် အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန်၊ အပင်များ၊ တိရစ္ဆာန်အမျိုးအစားအားလုံး၊ ငှက်များ၊ ပိုးမွှားများအတွက် အသက်ရှင်သန်မှု အခြေအနေကို ဟန်ချက်ညီစေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ သူ၏ ပန်းတိုင်က သူတည်ဆောက်ခဲ့သည့် နိယာမအတွင်းတွင် သက်ရှိသတ္တဝါအားလုံးသည် ရှင်သန်နေထိုင်ပြီး မျိုးပွားကြခြင်းအခွင့်ကို ပေးရန်ဖြစ်သည်။ အရာအားလုံးသည် ဤနိယာမများ၏ အပြင်ဘက်ကို သွား၍မရပေ။ ဤနိယာမများကို ချိုးဖောက်၍မရပေ။ ဤကဲ့သို့သော အခြေခံ ပတ်ဝန်းကျင်အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ရှင်သန်နိုင်မည်။ ပွားများနိုင်မည်။ မည်သည့်သတ္တဝါမဆို ဘုရားသခင်တည်ဆောက်ထားသည့် အရေအတွက် သို့မဟုတ် နယ်ပယ်ကို ကျော်သွားလျှင် သို့မဟုတ် သူ့စည်းမျဉ်းအောက်က ကြီးထွားမှုနှုန်း၊ အကြိမ်ရေ သို့မဟုတ် အရေအတွက်ကို ကျော်လွန်သွားလျှင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်သည် ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားရပါလိမ့်မည်။ နောက်ပြီး တစ်ချိန်တည်းတွင်ပင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုအတွက် အန္တရာယ်ကျရောက်လာပါလိမ့်မည်။ သက်ရှိသတ္တဝါအမျိုးအစားတစ်ခုက အရေအတွက် အလွန်များလျှင် လူများ၏အစားအစာကို လုယက်မည်။ လူများ၏ ရေအရင်းအမြစ်များကို ဖျက်ဆီးမည်။ သူတို့၏ မွေးရပ်မြေများကို ဖျက်ဆီးကြပါလိမ့်မည်။ ဤသို့ဖြင့် လူသား၏မျိုးပွားမှု သို့မဟုတ် ရှင်သန်ရပ်တည်ရေး အဆင့်သည် ချက်ချင်းပင် ထိခိုက်မှုရှိလာမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၉" မှ

ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများအပေါ် အခြေခံပြီး အရာအားလုံးကို ဖန်ဆင်းခဲ့သည့် အချိန်ကတည်းက အရာအားလုံးသည် လှုပ်ရှားလည်ပတ်လျက်ရှိပြီး ဆက်လက်၍ ပုံမှန်ဖွံ့ဖြိုးတိုးတက်နေသည်။ သူ့မျက်မှောက်တော်အောက်တွင်၊ သူ့စည်းမျဉ်းအောက်တွင် အရာအားလုံးသည် လူသားတို့၏ ရှင်သန်ရပ်တည်မှုနှင့် ယှဉ်တွဲလျက် ပုံမှန်ဖွံ့ဖြိုးတိုးတက်နေသည်။ ဘယ်အရာမျှ ဤနိယာမများကို ပြောင်းလဲနိုင်စွမ်းမရှိပေ။ ဘယ်အရာမျှ ဤနိယာမများကို မဖျက်ဆီးပစ်နိုင်ပေ။ ဘုရားသခင်၏ စည်းမျဉ်းကြောင့် သက်ရှိသတ္တဝါအားလုံးက ပွားများနိုင်ခြင်းဖြစ်ပြီး သူ၏စည်းမျဉ်းနှင့် စီမံခန့်ခွဲမှုကြောင့် သက်ရှိသတ္တဝါအားလုံး ရှင်သန်ရပ်တည်နိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ စည်းမျဉ်းအောက်တွင် သက်ရှိအားလုံး ဖြစ်တည်လာပြီး ရှင်သန်ကြီးထွားကာ ပျောက်ကွယ်ပြီး အစီအစဉ်တကျပုံစံနှင့် ပြန်လည်မွေးဖွားသည်ဟု ဆိုလိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၉" မှ

ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည်၊ ဤလူသားတို့ကို သူဖန်ဆင်းခဲ့သည်၊ ထို့အပြင် ကိုယ်တော်သည် ရှေးဂရိယဉ်ကျေးမှုနှင့် လူသားယဉ်ကျေးမှုတို့၏ ဗိသုကာလည်း ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားများကို နှစ်သိမ့်မှုပေးပြီး ဘုရားသခင်သည်သာ ဤလူသားများကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်လာမှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သည့်အပြင် လူသားများ၏ သမိုင်းနှင့် နောင်အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပါ။ အကယ်၍ သင်သည် ခရစ်ယာန်စစ်စစ်တစ်ဦးဖြစ်ပါက မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့်လူမျိုးမဆို၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့မှာ ဘုရားသခင်၏ စီစဉ်ခြင်းများနှင့်အညီ ဖြစ်ပေါ်ကြောင်းကို သင့်အနေဖြင့် အသေအချာ ယုံကြည်လိမ့်မည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် တိုင်းနိုင်ငံ သို့မဟုတ် လူမျိုးတို့၏ ကံကြမ္မာကိုသိပြီး ဘုရားသခင်သည်သာ ဤလူသားတို့၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်ထားသည်။ အကယ်၍ လူသားတို့က ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ တိုင်းနိုင်ငံတစ်ခုက ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ လူသားသည် ဘုရားသခင်ရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် နောင်တရ၍ အပြစ်များကို ဝန်ချတောင်းပန်ရမည်၊ သို့မဟုတ်ပါက လူသားများ၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်မှာ ကပ်ဘေးထဲ၌ မလွှဲမရှောင်သာ လမ်းဆုံးလိမ့်မည် ဖြစ်ပေသည်။

…………

ဘုရားသခင်သည် လူတို့၏နိုင်ငံရေးတွင် မပါဝင်ပေ၊ သို့သော် နိုင်ငံ သို့မဟုတ် လူမျိုးတို့၏ ကံကြမ္မာကို ဘုရားသခင်က ထိန်းချုပ်ထားသည်။ ဘုရားသခင်သည် ဤကမ္ဘာကြီးနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်ထားသည်။ လူသားတို့၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်မှာ အတွင်းကျကျ ချိတ်ဆက်နေပြီး မည်သည့်လူ၊ မည်သည့်တိုင်းနိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်မှ ကင်းလွတ်နိုင်ခြင်းမရှိပါ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက ဘုရားသခင်၏ရှေ့တော်သို့ သူလာရပေမည်။ ဘုရားသခင်နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို ဘုရားသခင်က အောင်မြင်ကြီးပွားစေသည်။ ဘုရားသခင်ကို ဆန့်ကျင်ပစ်ပယ်သူများကို ဘုရားသခင်ကလည်း ငြင်းပယ်ဖယ်ရှားမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်" မှ

ဝိညာဉ်လောက၏ တည်ရှိမှုသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ၎င်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ လူ၏ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤသည်မှာ ၎င်း၏အခန်းကဏ္ဍဖြစ်ကာ ၎င်း၏တည်ရှိနေမှုအရေးကြီးရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်။… လူတို့မမြင်နိုင်သည့် ဤကဲ့သို့သော လောကတစ်ရပ်တွင် ၎င်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောက၏ မည်သည့်နိုင်ငံမဆို ၏ ဥပဒေနှင့်စနစ်တိုင်းထက် များစွာသာလွန်၍ မြင့်မားကာ ဤလောက၌အသက်ရှင်နေသော မည်သည့်သတ္တဝါမျှ ၎င်းတို့ကို ဆန့်ကျင် သို့မဟုတ် ပိုင်စိုးပိုင်နင်း ပြုဝံ့မည်မဟုတ်ပေ။ ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဤလောကတွင် ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ဥပဒေပြဋ္ဌာန်းချက်များ ရှိကြ၏။ ကွဲပြားသောအဆင့်များနှင့် ကွဲပြားသောနေရာများတွင် ဘီလစ်စာရေးကြီးများသည် ၎င်းတို့၏တာဝန်ကို တစ်သဝေမတိမ်းလိုက်နာကြကာ စည်းကမ်းများနှင့် စည်းမျဉ်းများကို လိုက်နာကြ၏။ အကြောင်းမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်ကို ၎င်းတို့သိကြ၏၊ ဘုရားသခင်သည် ဆိုးယုတ်သူကို မည်သို့အပြစ်ပေး၍ ကောင်းသူကို မည်သို့ ထောမနာပြုသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြသည့်အပြင်၊ အရာခပ်သိမ်းကို သူမည်သို့စီမံခန့်ခွဲသည်၊ အရာခပ်သိမ်းကို သူမည်သို့အုပ်ချုပ်သည်ကိုလည်း ရှင်းလင်းစွာသိကြသည်၊ ထို့အပြင် ဘုရားသခင်သည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ လုပ်ဆောင်သည်ကိုလည်း ၎င်းတို့ရှင်းလင်းစွာ မြင်သောကြောင့် ဖြစ်၏။… ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် အတူယှဉ်တွဲရပ်တည်လျက်ရှိကာ၊ တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာကို နာခံရသော်လည်း ဤလောကအပေါ် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာသည် ရုပ်ဝတ္ထုလောကထက် များစွာသာ၍ တင်းကျပ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၁၀" မှ

လူသားမျိုးနွယ်နှင့် စကြဝဠာ၏ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် နီးစပ်စွာ ရစ်ပတ်နေပြီး ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုမှ ခွဲထွက်မရအောင် ချည်နှောင်ထားသည်။ အဆုံးမှာ သူတို့သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာမှ ဆွဲခွာလို့မရပေ။ အရာအားလုံး၏ နိယာမများမှတစ်ဆင့် လူသားသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် သူ၏ အချုပ်အခြာအာဏာကို နားလည်လာသည်၊ ရှင်သန်ရပ်တည်နေရေး စည်းမျဉ်းများမှတစ်ဆင့် သူသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို သတိပြုမိသည်၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာမှနေ၍ သူ့အခွင့်အာဏာကို အသုံးချပြီး သူတို့ကို ထိန်းချုပ်သည့် နည်းလမ်းများနှင့် ပတ်သက်ပြီး သူကောက်ချက်ဆွဲသည်၊ ထို့အပြင် လူသားတို့နှင့် အရာအားလုံး၏ ဘဝစက်ဝန်းတွင် လူသားသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အရာအားလုံးနှင့် သက်ရှိအားလုံးတို့အတွက် အစီအစဉ်တို့ကို အမှန်တကယ် တွေ့ကြုံရပြီး၊ ထိုစီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်တို့သည် ကမ္ဘာမြေကြီးနှင့်ဆိုင်သည့် နိယာမများ အားလုံး၊ စည်းမျဉ်းများ၊ အလေ့အထများ၊ အ ခြားတန်ခိုးအစွမ်းများနှင့် စွမ်းအင်များ အားလုံးကို မည်သို့ အစားထိုးသည်ကို အမှန်တကယ် မျက်မြင်တွေ့ရှိရသည်။ ဤအချက်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာသည် အဘယ်ဖန်ဆင်းခံကူမျှ ချိုးဖောက်၍မရ၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ခဲ့သည့် အဖြစ်အပျက်နှင့် အကြောင်းအရာများကို အဘယ်စွမ်းအားကူမျှ ဝင်ရောက်နှောင့်ယှက်၍ မရဆိုသည်ကို လူသားမျိုးနွယ်ကို လက်ခံစေသည်။ လူသားနှင့် အရာအားလုံးသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ပြီး မျိုးပွား ခြင်းက ဤမြင့်မြတ်သည့် နိယာမများနှင့် စည်းမျဉ်းများ၏ အောက်တွင်ဖြစ်သည်။ ဤကား ဖန်ဆင်းရှင် အခွင့်အာဏာ၏ စစ်မှန်သည့် ပုံဆောင်ချက်တစ်ခုပင် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၃" မှ

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်၍ ရှိသမျှအားလုံးကို အုပ်စိုးကာ ရှိသမျှအားလုံးကို ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ဂုဏ်ဒြပ်ဖြစ်၍ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာအားလုံးအတွက် ဘုရားသခင်၏ပင်ကိုယ်လက္ခဏာမှာ ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်ချုပ်သူ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်ပိုင်ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်၍ သူသည် အရာခပ်သိမ်းတို့အကြားတွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်အကြားဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံသတ္တဝါမျှ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် ဂုဏ်ဒြပ်ကို အတုအယောင်ပြုလုပ်ရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အကြားတွင် ဤပင်ကိုယ်လက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် အရာခပ်သိမ်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ တစ်ဦးတည်းဖြစ်သော ငါတို့၏ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်သာ ရှိ၍ဖြစ်သည်။ သူသည်အရာခပ်သိမ်းအကြားတွင် နေထိုင်ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားတစ်ဦးဖြစ်လာခြင်း၊ အသွေးအသား ခန္ဓာဖြစ်သောသူတို့အကြား တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာ၍ ၎င်းတို့နှင့်အတူ ကောင်းခြင်းဆိုးခြင်းများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏။ တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်၍ ရှိသမျှအရာခပ်သိမ်း၏ ကံကြမ္မာနှင့် ရွေ့လျားရာကို ဆုံးဖြတ်၏။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် လူသားမျိုးနွယ်၏ ဦးတည်ချက်ကို လမ်းပြ၏။ ဤကဲ့သို့သောဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံး၏ ဝတ်ပြုကိုးကွယ်ခြင်း၊ နာခံခြင်းနှင့် သိခြင်းတို့ ခံရသင့်သည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်၏ မည်သည့်အုပ်စု၊ မည်သည့်အမျိုးအစားတို့နှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် ဘုရားသခင်၏ အစီအမံများကို လက်ခံခြင်းသည်သာ မည်သူမဆို၊ မည်သည့်သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ကာ လိုအပ်သော ရွေးချယ်စရာဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၁၀" မှ

ယခင်က:ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်ကဲ့သို့ ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သနည်း။

နောက်တစ်ခုသို့:သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူကစုစည်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ