အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း

ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ အဓိကအမှုတော်ကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့်အမှုကိုလုပ်ရန် ကမ္ဘာမြေကြီးသို့ ရောက်လာသနည်းဟူသည့် အချက်တို့ကို သိဖို့ပင်ဖြစ်သည်။ (နောက်ဆုံးသော ကာလ၌) ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာသည်မှာ လောကမှ မထွက်ခွာမီ စံနမူနာကောင်းပြရန် ဖြစ်ကြောင်းကို ငါ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က စံနမူနာကောင်း မည်သို့ပြသနည်း။ နှုတ်ကပတ်တော်များပြောခြင်း၊ အမှုပြုခြင်း၊ နေရာအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ပြသည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုဖြစ်သည်၊ ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်နေသော လောကကြီးဖြစ်လာစေရန်၊ လူတိုင်းကို ဖြည့်ဆည်းပေးရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဉာဏ်အလင်းရစေရန်နှင့် လူ၏ဝိညာဉ် နိုးထပြီး ရူပါရုံများကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက် ဘုရားသခင်သည် ပြောဆိုခြင်းသာပြုသည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ လာသည်မှာ အဓိကအားဖြင့် နှုတ်ကပတ်တော်များပြောဆိုရန် လာခြင်းဖြစ်သည်။ ယေရှုလောကသို့လာသောအခါ၌ သူသည် ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေပြီး လက်ဝါးကပ်တိုင်ပေါ်၌ အသေခံသည့် ရွေးနုတ်ခြင်းအမှုကို ပြုခဲ့ပြီးဖြစ်သည်။ ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး အဟောင်းများအားလုံးကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ယေရှု၏ ရောက်ရှိလာခြင်းသည် ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ရောက်စေခဲ့သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို စုံလင်အောင်ပြုရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် အမှုအဆင့် မဟုတ်ပါ။ ယေရှုကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများကို များစွာပြုခဲ့သည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနုတ်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှုကြွလာခဲ့သောအခါက သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏အတွေးများထဲ၌ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ပုံရိပ် မရှိတော့စေရန် ထိုသို့လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အစစ်များနှင့် အမှုအစစ်အားဖြင့်၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအမှုသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အမှုဖြစ်သည်။

သင်တို့သိရမည်မှာ-

၁။ ဘုရားသခင်၏ အမှုသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်၊ သင်တို့၌ ယင်းနှင့် ပတ်သက်သော အယူအဆများ မရှိသင့်။

၂။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယခုအကြိမ်၌ ကြွဆင်းလာ၍ လုပ်ဆောင်သည့် အဓိကအမှုကို သင်တို့နားလည်ရမည်။

ဘုရားသခင်သည် မကျန်းမာသူများကို ကျန်းမာစေဖို့၊ နတ်ဆိုးများကို နှင်ထုတ်ဖို့၊ အံ့သြဖွယ်အမှုများကို လုပ်ဆောင်ဖို့၊ နောင်တတရားနှင့်ဆိုင်သော သတင်းကောင်းကို ဖြန့်ဝေဖို့၊ လူသားကို ရွေးနုတ်ခြင်းပေးဖို့ ကြွလာခြင်းမဟုတ်ပါ။ အကြောင်းမှာ ထိုအမှုကို ယေရှုက လုပ်ဆောင်ပြီးဖြစ်သလို ဘုရားသခင်သည် ပြုပြီးသား အမှုကို ထပ်မပြုသောကြောင့် ဖြစ်သည်။ ယနေ့ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ဖို့၊ ကျေးဇူးတော်ခေတ်၌ လုပ်ဆောင်နေသော အလေ့အထများအားလုံးကို ဖယ်ရှားဖို့လာခြင်းဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင် ကြွလာသည်မှာ အဓိကအားဖြင့် သူသည် စစ်မှန်ကြောင်းကိုပြသဖို့ လာခြင်းဖြစ်သည်။ ယေရှုကြွလာခဲ့သောအခါက နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်၊ အဓိကအားဖြင့် တန်ခိုးများ ပြသခဲ့သည်၊ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို ပြသခဲ့သည်၊ မကျန်းမာသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ သူသည် ဘုရားသခင်စင်စစ်ဖြစ်ကြောင်း၊ တည်ငြိမ်ပြီး ဘက်မလိုက်သော ဘုရားသခင်ဖြစ်ကြောင်းကို လူများသိမြင်စေရန်အတွက် အနာဂတ္တိစကားများ ပြောကြားခဲ့သည်။ နောက်ဆုံးတွင် လက်ဝါးကပ်တိုင်၌ အသေခံသည့်အမှုကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ယနေ့ကာလ၏ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို မပြ၊ မကျန်းမာသူများကိုလည်း ကျန်းမာအောင်မလုပ်၊ နတ်ဆိုးများကိုလည်း မနှင်ထုတ်ပါ။ ယေရှုကြွလာခဲ့သောအခါက သူပြုခဲ့သောအမှုသည် ဘုရားသခင်၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုခဲ့သော်လည်း ဤတစ်ကြိမ်၌ ဘုရားသခင်သည် လုပ်ဆောင်ရန် အချိန်ကျပြီဖြစ်သော အဆင့်နောက်တစ်ဆင့်ကို လုပ်ဆောင်ရန် ကြွလာခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လုပ်ပြီးသား အလုပ်တစ်ခုကို ထပ်လုပ်လေ့ မရှိသောကြောင့် ဖြစ်သည်။ သူသည် အမြဲသစ်နေပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသော ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် ယနေ့ သင်မြင်သမျှ အရာအားလုံးသည် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏အမှုပင်ဖြစ်သည်။

နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောရန်၊ လူ့အသက်တာအတွက် လိုအပ်သမျှကို ရှင်းပြရန်၊ လူသည် မည်သည့်နေရာသို့ ဝင်ရောက်သင့်ကြောင်းကို ညွှန်ပြရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူသားအားပြရန်၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အလွန်ကောင်းမြတ်မှုတို့ကို လူသားအား ပြရန်အတွက် ကြွလာခြင်းဖြစ်သည်။ ဘုရားသခင်ပြောဆိုသည့် နည်းလမ်းများစွာမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ ကြီးစိုးမှု၊ ကြီးမြတ်မှုကိုသာမက ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်နေမှုတို့ကိုလည်း မြင်ရသည်။ အမြင့်မြတ်ဆုံးဖြစ်သော်လည်း ဘုရားသခင်သည် နှိမ့်ချကြောင်းနှင့် ကွယ်ဝှက်နေကြောင်းကို လူသားက မြင်သည့်အပြင် အားလုံးထက် အငယ်ဆုံးသောသူလည်း ဖြစ်နိုင်ကြောင်းမြင်သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်အချို့ကို ဝိညာဉ်တော်၏ရှုထောင့်မှ တိုက်ရိုက်ပြောသည်၊ အချို့ကိုမူ လူသား၏ရှုထောင့်မှ တိုက်ရိုက်ပြောပြီး၊ အချို့ကိုမူ ဘေးလူတစ်ယောက်၏ရှုထောင့်မှ ပြောသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ဘုရားသခင် အမှုပြုသည့် ပုံစံမျိုးစုံရှိပြီး ဘုရားသခင်သည် သူအမှုပြုပုံကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားကို မြင်ခွင့်ပေးကြောင်း သိနိုင်ပါသည်။ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏အမှုသည် သာမန်လည်း ဖြစ်သည့်အပြင် စစ်လည်းစစ်မှန်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ အသက်ရှင်သော လူစုသည် အကြီးမားဆုံးသော စမ်းသပ်စစ်ဆေးမှုနှင့် ကြုံရမည်ဖြစ်သည်။ ဘုရားသခင်၏ သာမန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့် လူသားအားလုံး ထိုသို့သော စမ်းသပ်မှုများနှင့် ကြုံကြရသည်။ လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုများအလယ်သို့ သက်ဆင်းရခြင်းမှာလည်း ဘုရားသခင်၏ သာမန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့် ဖြစ်သည်။ ယေရှု၏ခေတ်၌ အထက်တွင် ဖော်ပြခဲ့သော အယူအဆများနှင့် စမ်းသပ်မှုများ မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ယေရှုပြုခဲ့သည့် အမှုအများစုသည် လူသားများ၏ အယူအဆများနှင့် ကိုက်ညီ၍ဖြစ်ပြီး၊ လူများက သူ့နောက်လိုက်ခဲ့ကြကာ၊ သူနှင့်ပတ်သက်ပြီး အယူအဆများလည်း မရှိခဲ့ကြသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်၌ လူသားတို့ ရင်ဆိုင်ကြုံတွေ့နေရသော စမ်းသပ်မှုများသည် ရင်ဆိုင်ဖူးခဲ့သမျှတွင် အကြီးမားဆုံးသော စမ်းသပ်မှုဖြစ်သည်။ ဤလူတို့သည် အကြီးမားဆုံးသော စမ်းသပ်မှုကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသည်ဟု ဆိုသောအခါ၌ ဤစမ်းသပ်မှုကို ရည်ညွှန်း၍ ပြောခြင်းဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းကို လူတို့၌ ရှိစေရန် စကားပြောသည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် လူ့သဘာဝဗီဇအတိုင်း၊ လူသား၏ အကျင့်စရိုက်အတိုင်း၊ ယနေ့ခေတ်၌ လူသားတို့ ဝင်ရောက်သင့်သည့် အရာများအတိုင်းပြောသော နှုတ်ကပတ်တော်များ ဖြစ်သည်။ သူပြောဆိုသည့်က နည်းလမ်းသည် စစ်မှန်သည့်အပြင် ပုံမှန်လည်း ဖြစ်သည်။ ဘုရားသခင်သည် မနက်ဖြန်နေ့အကြောင်းကိုလည်း မပြော၊ လွန်ခဲ့သောနေ့ကိုလည်း ပြန်မလှည့်ကြည့်ပါ၊ လူသားက ဝင်ရောက်သင့်သည့်အရာ၊ လက်တွေ့လုပ်ဆောင်သင့်သည့်အရာနှင့် ယနေ့နားလည်သင့်သည့် အရာများအကြောင်းကိုသာ ပြောသည်။ မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် မကိုက်ညီသော အမှုဖြစ်သည်။ ဥပမာအားဖြင့် မေရှိယတစ်ဦး လောကသို့ ကြွလာမည့်အကြောင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ပြောထားသည်၊ ဖြစ်သွားသည်မှာက ယေရှုကြွလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားနေပေလိမ့်မည်။ ယေရှုသည် တစ်ကြိမ်ကြွဆင်းလာပြီးပြီ ဖြစ်သောကြောင့် ဤအကြိမ်၌ ယေရှုနောက်တစ်ကြိမ် ထပ်လာရန်မှာ မှားနေပေလိမ့်မည်။ ခေတ်တိုင်းအတွက် အမည်နာမတစ်ခုရှိပြီး အမည်နာမအသီးသီးကလည်း ခေတ်ကာလ၏ ထူးခြားသော သွင်ပြင်လက္ခဏာကို ဆောင်ပါသည်။ လူသား၏ အယူအဆများထဲ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို အမြဲပြရမည်၊ မကျန်းမာသောသူများကို အစဉ်ကျန်းမာစေရမည်၊ နတ်ဆိုးများကို အစဉ်နှင်ထုတ်ရမည်၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည်ဟု ယူဆကြသည်။ သို့သော်လည်း ဤတစ်ကြိမ်၌ ဘုရားသခင်သည် ထိုကဲ့သို့ လုံးဝမဟုတ်ပါ။ အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသောသူများကို ဆက်ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။ ယနေ့ ဘုရားသခင်ပြုသည့် အမှုသည် အဘယ်ကြောင့် ယေရှုလုပ်ခဲ့သည့် အမှုနှင့် မတူသနည်း။ ဘုရားသခင်သည် ယနေ့ခေတ်တွင် အဘယ်ကြောင့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို မပြသနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ အဘယ်ကြောင့် မကျန်းမာသောသူများကို ကျန်းမာအောင် မလုပ်ပေးသနည်း။ ယေရှုပြုခဲ့သည့် အမှုသည် ပညတ်တရားခေတ်၌ ဘုရားသခင်ပြုခဲ့သည့် အမှုနှင့် ထပ်တူထပ်မျှ တူနေလျှင် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သည်ဟု ပြောနိုင်ပါမည်လော။ သူသည် လက်ဝါးကပ်တိုင်၌ ရွေးနုတ်သည့်အမှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ပြောနိုင်ပါမည်လော။ ပညတ်တရားခေတ်တုန်းကကဲ့သို့ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်ပြီး ဥပုသ်နေ့ကို စောင့်ရှောက်ခဲ့လျှင် သူ့ကိုမည်သူကမျှ နှိပ်စက်ညှဉ်းပန်းမည် မဟုတ်၊ လူတိုင်းက သူ့ကို ကြိုဆိုလက်ခံကြမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခြင်းကို ခံရမည်ဟု သင်ထင်သလော။ သူသည် ရွေးနုတ်သည့်အမှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု သင်ထင်သလော။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှုပြုခဲ့သကဲ့သို့ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ပြနေလျှင် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် သူလုပ်ဆောင်မည့် အမှု၏ နောက်အဆင့်တစ်ခုကို လုပ်မှသာ၊ တစ်နည်းအားဖြင့် သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည့် နောက်ထပ်အဆင့်တစ်ခုကို လုပ်မှသာ လူသားသည် ဘုရားသခင်၏အကြောင်းကို ပိုသိလာမည်ဖြစ်သည်။ သို့မှသာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည်လည်း ပြည့်စုံမည် ဖြစ်သည်။

နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကိုပြောရန် ရောက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်၏ရှုထောင့်၊ လူသား၏ရှုထောင့်နှင့် ဘေးလူတစ်ယောက်၏ရှုထောင့်မှ ပြောသည်။ အချိန်ကာလတစ်ခုချင်းစီအတွက် နည်းလမ်းတစ်မျိုးစီကို အသုံးပြုပြီး ကွဲပြားခြားနားသော နည်းလမ်းများဖြင့် စကားပြောလေ့ရှိသည်။ ထို့အပြင် လူသား၏အယူအဆများကို ပြောင်းလဲရန်နှင့် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက်လည်း စကားပြောသော နည်းလမ်းများကို သူအသုံးပြုသည်။ ယင်းသည် ဘုရားသခင် လုပ်ဆောင်သည့် အဓိကအလုပ်ဖြစ်သည်။ ဘုရားသခင် လောကသို့ ကြွလာသည်မှာ မကျန်းမာသူများကို ကျန်းမာစေဖို့ဖြစ်သည်၊ နတ်ဆိုးများကို နှင်ထုတ်ဖို့ဖြစ်သည်၊ တန်ခိုးများကို ပြဖို့ဖြစ်သည်၊ ရုပ်ဝတ္ထုကောင်းချီးမင်္ဂလာများကို လူသားအား ပေးသနားဖို့ဖြစ်သည်ဟု လူသားက ယုံကြည်နေသောကြောင့် ဘုရားသခင်သည် ထိုသို့သောအရာများကို လူသား၏အယူအဆများထဲမှ ဖယ်ရှားရန်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သာမန်ဖြစ်မှုကို လူသားတို့သိစေရန်နှင့် လူ့နှလုံးသားထဲမှ ယေရှု၏ပုံရိပ်ကို ဖယ်ရှားပြီး ဘုရားသခင်၏ ပုံရိပ်အသစ်ဖြင့် အစားထိုးကောင်း ထိုးနိုင်စေရန်အတွက် ပြစ်တင်ဆုံးမသည့်အမှုနှင့် တရားစီရင်သည့်အမှုဖြစ်သည့် အမှု၏ဤအဆင့်ကို လုပ်ဆောင်လျက်ရှိသည်။ လူသား၏အထဲ၌ ဘုရားသခင်၏ ပုံရိပ်ဟောင်းလျှင်ဟောင်းခြင်း ထိုပုံရိပ်သည် ရုပ်တုဆင်းတုတစ်ခု ဖြစ်သွားသည်။ ယေရှုသည် ကြွဆင်းလာပြီး သူလုပ်ရမည့် အမှုအဆင့်ကို လုပ်ဆောင်သောအခါ၌ သူသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားမပြုခဲ့ပါ။ သူသည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်အချို့ကို ပြုခဲ့သည်၊ နှုတ်ကပတ်တော်အချို့လည်းပြောခဲ့ပြီး အဆုံးတွင် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်ဆိုင်သော အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့သော်လည်း ဘုရားသခင့်အမှု၏ အစိတ်အပိုင်းတစ်ခုကို လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် အလွန်ပင် ကြီးမြတ်သောကြောင့်၊ အလွန်ကောင်းမြတ်သောကြောင့်၊ မသိနိုင်အောင် နက်နဲသောကြောင့်နှင့် ခေတ်တိုင်းတွင် သူလုပ်ဆောင်သည့် အမှု၏ အဆင့်တစ်ဆင့်ကိုသာ လုပ်ဆောင်ခြင်းတို့ကြောင့်ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် သူ၏နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ့သဘာဝဗီဇ၏ အနှစ်သာရနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြခြင်း၊ ဘာသာရေးဆိုင်ရာ အယူအဆများ၊ မြေရှင်ပဒေသရာဇ်စနစ်နှင့်ဆိုင်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ထိုအရာများကို ပေါ်ပေါ်ထင်ထင်ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သန့်စင်ရမည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အသုံးမပြုပါ။ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ထိုသို့အားဖြင့် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်မှုကို မြင်လာစေရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်စေရန်အတွက် ဖြစ်သည်။ ပညတ်တော်ခေတ်၌ ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခဲ့သည်၊ ဣသရေလလူမျိုးများကို နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်။ ထိုအချိန်က ဘုရားသခင်သည် သူ၏လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သို့သော် ထိုအချိန်က လူသား၏အစွမ်းအစမှာ နည်းသေးသောကြောင့် လူသား၏အသိပညာ ပြည့်စုံအောင် မည်သို့မျှလုပ်၍မရသောကြောင့်၊ ဘုရားသခင်သည် ဆက်လက်ပြောဆိုလုပ်ကိုင်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားသည် ဘုရားသခင်၏ လုပ်ရပ်များထဲမှ နောက်ထပ် အဆင့်တစ်ဆင့်ကို ထပ်မံမြင်တွေ့ခဲ့သည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို ကျန်းမာစေနိုင်ခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့သည်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့်အမှုကို လုပ်နိုင်ခဲ့သည်၊ သုံးရက်လွန်လျှင် ရှင်ပြန်ထမြောက်ပြီး လူရှေ့၌ ကိုယ်ထင်ပြခဲ့သည်။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်လျှင် ဤအရာထက်ပိုမသိ။ လူသားသည် ဘုရားသခင် ဖော်ပြသလောက်သာ သိခဲ့သည်။ အကယ်၍ ဘုရားသခင်သည် လူသားကို အဘယ်အရာမျှထပ်မဖော်ပြခဲ့သော် လူသားသည် ယခင်က ဘုရားသခင်ဖော်ပြခဲ့သလောက်သာ သိမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဆက်လက်အလုပ်လုပ်နေသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် လူသား၏အသိပညာသည် ပိုနက်ရှိုင်းကောင်း နက်ရှိုင်းလာနိုင်စေဖို့၊ ဘုရားသခင်၏ အနှစ်သာရကို တဖြည်းဖြည်း နားလည်ကောင်း နားလည်လာနိုင်စေဖို့ ဖြစ်သည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြသည်၊ ဘုရားသခင်၏ စစ်မှန်မှုက သင်၏ဘာသာရေးဆိုင်ရာ အယူအဆများကို အစားထိုးသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွဆင်းလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဟူသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေရန်အတွက် ကြွလာခြင်းဖြစ်သည်။ ဤအချက်ကို သင်သေသေချာချာ နားမလည်လျှင် မြဲမြံစွာ ရပ်တည်နိုင်မည် မဟုတ်သေးပေ။ နောက်ဆုံးသောကာလ၌ အဓိကအားဖြင့် ဘုရားသခင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာမည့် အမှုအဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုသည့် ဆန္ဒရှိပြီး ဤအရာသည် ဘုရားသခင့် စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သို့ဖြစ်၍ သင်တို့၏အသိသည် ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့လိုသည်။ ဘုရားသခင် မည်သို့အမှုပြုသည်ဖြစ်စေ လူသားက သူ့ကို ဘောင်ထဲထည့်ထားစေရန် ဘုရားသခင် မလိုလားပါ။ အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ဤအမှုကို မလုပ်လျှင် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည်လည်း ထပ်မံတိုးပွားနိုင်မည် မဟုတ်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်း ခံရနိုင်သည်၊ သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ယေရှုသည် သေခြင်းမှ ထမြောက်ပြီး ပေတရုကို ကိုယ်ထင်ပြနိုင်သည်ဟူသည့် အချက်များကိုသာ သင်သိပေလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်အပြင် လူသားကိုလည်း သိမ်းပိုက်နိုင်သည်ဟုလည်း သင်ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီးမှသာ သင်သည် ထိုသို့သောအသိပညာအကြောင်းကို ပြောနိုင်မည်ဖြစ်သည်၊ ကိုယ်တိုင်ကြုံတွေ့ခံစားဖူးသော ဘုရားသခင်၏အမှုမှာ သာ၍များလေလေ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာသည် ပိုပြီးနှံ့စပ်လေလေဖြစ်မည်။ ထိုအခါ၌သာ သင်သည် ဘုရားသခင်ကို သင်၏အယူအဆများအထဲ၌ ဘောင်ခတ်မထားမှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏အမှုကို ကိုယ်တိုင်ကြုံတွေ့ခံစားခြင်းအားဖြင့် ဘုရားသခင်ကို သိလာလေ့ရှိသည်။ ဘုရားသခင်ကိုသိဖို့ အခြားနည်းလမ်းအမှန် မရှိပါ။ ယနေ့ခေတ်၌ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများနှင့် ကပ်ဘေးကျသည့် အချိန်ကိုမြင်ဖို့ ဘာမျှမလုပ်ဘဲ ထိုင်စောင့်နေသူ များစွာရှိပါသည်။ သင်သည် ဘုရားသခင်ကို ယုံသည်လော။ ကပ်ဘေးကို ယုံသည်လော။ ကပ်ဘေးရောက်မည့် အချိန်ကို သင်စောင့်နေလျှင် အချိန်နှောင်းသွားမည် ဖြစ်သည်။ ကပ်ဘေးကို မစေလွှတ်လျှင် ဘုရားသခင်သည် ဘုရားမဟုတ်တော့ပြီလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို သင်ယုံသည်လော၊ ဘုရားသခင်ကို သင်ယုံသည်လော။ အခြားသူများက သူ့ကို အထင်သေးအမြင်သေး ဆက်ဆံသောအခါ၌ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြခဲ့၊ သို့ပြုလျှင် ယေရှုက ဘုရားသခင် မဟုတ်ပြီလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို သင်ယုံသည်လော၊ ဘုရားသခင်၏ အနှစ်သာရကို ယုံသည်လော။ ယုံကြည်ခြင်းနှင့်ဆိုင်သော လူသား၏အမြင်များသည် လွဲမှားနေသည်။ ပညတ်တော်ခေတ်၌ ယေဟောဝါသည် နှုတ်ကပတ်တော်များစွာကို ပြောခဲ့သည်။ သို့သော်လည်း သူပြောခဲ့သော နှုတ်ကပတ်တော်များထဲမှ အချို့နှုတ်ကပတ်တော်များသည် ယနေ့ထက်ထိတိုင် ပြည့်စုံရန် လိုသေးသည်။ ထို့ကြောင့် ယေဟောဝါသည် ဘုရားသခင်မဟုတ်ဟု သင်ပြောမည်လော။

ယနေ့တွင် သင်တို့အားလုံး ရှင်းရှင်းလင်းလင်း သိသင့်သောအချက်မှာ နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြီးမြောက်အောင် လုပ်ဆောင်သည့်အရာမှာ အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်” ဟူသည့် အချက်ဖြစ်သည်။ ကမ္ဘာမြေကြီး၌ သူအမှန်တကယ် လုပ်ဆောင်သော အလုပ်မှတစ်ဆင့် သူ့ကို လူသားက သိစေရန်၊ လူသားနှင့် ထိတွေ့ဆက်ဆံရန်နှင့် သူအမှန်တကယ်လုပ်ဆောင်သော အရာများကို လူသားတို့ တွေ့မြင်အောင် လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်ကြောင်း၊ ခေတ်အပေါ်မူတည်ပြီး ထိုသို့မလုပ်သော အချိန်များလည်း ရှိကြောင်းကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း သိစေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြနိုင်ခြင်းမဟုတ်၊ ထိုအစား သူလုပ်နေသည့်အမှုနှင့် ခေတ်အပေါ်မူတည်ပြီး အလုပ်လုပ်သော ပုံစံပြောင်းကြောင်းကို သင်သိနိုင်သည်။ ယနေ့ခေတ်တွင် ဘုရားသခင်လုပ်ဆောင်လျက်ရှိသော အလုပ်အဆင့်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြပါ၊ ယေရှုခေတ်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်အမှုအချို့ကို ပြခဲ့သည်မှာ ထိုခေတ်၌လုပ်ဆောင်သော အမှုသည် ယနေ့ခေတ်၌ လုပ်ဆောင်သော အမှုနှင့် မတူသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည် ထိုအမှုကို မလုပ်ပါ။ ထို့ကြောင့် လူအချို့က ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်စွမ်းမရှိ၊ သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြလျှင် ဘုရားသခင်သည် ဘုရားသခင်မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည် အထင်အမြင်မှားခြင်းပင် မဟုတ်ပါလော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်စွမ်းရှိသည်။ သို့သော် သူသည် ကွဲပြားခြားနားသောခေတ်တွင် အလုပ်လုပ်လျက်ရှိသောကြောင့် ထိုကဲ့သို့သောအလုပ်ကို မလုပ်ဆောင်ခြင်းဖြစ်သည်။ ယနေ့ခေတ်သည် ယခင်ခေတ်နှင့် မတူသောကြောင့်၊ ယနေ့ခေတ်တွင် လုပ်ဆောင်လျက်ရှိသော အမှုအဆင့်သည် ယခင်က လုပ်ဆောင်ခဲ့သော အဆင့်နှင့် မတူသောကြောင့် ရှင်းရှင်းလင်းလင်း ဖော်ပြသော သူ၏လုပ်ရပ်သည်လည်း ယခင်ခေတ်နှင့် မတူခြင်းဖြစ်သည်။ ဘုရားသခင်အပေါ်၌ထားသော လူသား၏ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၌ ယုံခြင်းမဟုတ်၊ တန်ခိုး၌လည်း ယုံခြင်းမဟုတ်၊ အသစ်သောခေတ်၌ လုပ်ဆောင်သော ဘုရားသခင်၏ စစ်မှန်သော အမှုကို ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံအားဖြင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ထိုအသိစိတ်သည် လူ၏အထဲ၌ ယုံကြည်ခြင်း၊ တစ်နည်းအားဖြင့် ဘုရားသခင်၏အမှုနှင့် လုပ်ရပ်အပေါ်၌ ယုံကြည်သည့်စိတ်ကို ဖြစ်စေသည်။ အလုပ်၏ဤအဆင့်၌ ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောသည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မြင်ရဖို့ စောင့်မနေပါနှင့်။ ထိုအရာများကို သင်တွေ့ရမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော်ခေတ်အတွင်း၌ မွေးလာသူ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုခေတ်တွင် မွေးလာသူဖြစ်ပါက သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မြင်တွေ့နိုင်ခဲ့လိမ့်မည် ဖြစ်သည်။ သို့သော် သင်သည် နောက်ဆုံးသောကာလ၌ မွေးလာသူဖြစ်သောကြောင့် ဘုရားသခင်၏ စစ်မှန်မှုနှင့် သာမန်ဖြစ်မှုကိုသာ တွေ့နိုင်သည်။ နောက်ဆုံးသောကာလ၌ သဘာဝလွန်ယေရှုကို မြင်တွေ့ဖို့ မမျှော်လင့်ပါနှင့်။ သင်သည် လူ့ဇာတိခံယူသော လက်တွေ့ကျသည့် ဘုရားသခင်၊ သာမန်လူတစ်ဦးနှင့် ဘာမျှမခြားနားသော ဘုရားသခင်ကိုသာ မြင်နိုင်မည်။ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်သည် သူ၏လုပ်ရပ်အမျိုးမျိုးကို ရှင်းရှင်းလင်းလင်း ဖော်ပြလေ့ရှိသည်။ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်သည် သူ၏လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကို ရှင်းရှင်းလင်းလင်း ဖော်ပြလေ့ရှိပြီး၊ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုသည် ဘုရားသခင့် စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသကို ဖော်ပြသည်၊ သူ၏လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကိုလည်း ကိုယ်စားပြုဖော်ပြသည်။ ဘုရားသခင် ရှင်းရှင်းလင်းလင်း ဖော်ပြသော လုပ်ရပ်များသည် တစ်ခေတ်နှင့် တစ်ခေတ် မတူပေ။ သို့သော် ထိုအရာများအားလုံးက လူသားကို ဘုရားသခင်အား ပိုမိုနက်ရှိုင်းစွာ သိသောအသိကို ပေးသည်၊ ဟန်ဆောင်မှုကင်း၍ လက်တွေ့ကျသော၊ ပို၍စစ်မှန်သော ယုံကြည်ခြင်းကို ပေးသည်။ လူက ဘုရားသခင်ကို ယုံကြည်သည်မှာ ဘုရားသခင်၏ လုပ်ရပ်များအားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်ကောင်းမြတ်သောကြောင့်၊ အလွန်ကြီးမြတ်သောကြောင့်၊ အနန္တတန်ခိုးရှင် ဖြစ်သောကြောင့်၊ မသိနိုင်အောင် နက်နဲသောကြောင့် ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို သင်ယုံသည်မှာ ဘုရားသခင်က နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ပြနိုင်သောကြောင့်၊ မကျန်းမာသောသူများကို ကျန်းမာစေနိုင်သောကြောင့်၊ နတ်ဆိုးများကို နှင်ထုတ်နိုင်သောကြောင့်ဖြစ်လျှင် သင်၏အမြင်သည် မှားနေသည်။ လူအချို့က သင့်ကို “နတ်ဆိုးများသည်လည်း ထိုအရာများကို လုပ်နိုင်သည် မဟုတ်လော” ဟုမေးမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ပုံရိပ်ကို စာတန်၏ပုံရိပ်နှင့် ရောထွေးစေခြင်းပင် မဟုတ်လော။ ယနေ့တွင် လူသားက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လုပ်ရပ်များစွာကြောင့်၊ ဘုရားသခင် လုပ်ကိုင်ပြောဆိုသည့် ပုံစံအမျိုးမျိုးကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ဖို့အတွက်၊ လူသားကို စုံလင်စေဖို့အတွက် သူ၏မိန့်မြွက်ချက်များကို အသုံးပြုလေ့ရှိသည်။ လူသားက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လုပ်ရပ်များစွာကြောင့် ဖြစ်သည်။ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သောကြောင့် မဟုတ်ပါ။ လူသားက ဘုရားသခင်ကို နားလည်သည်မှာလည်း ဘုရားသခင်၏ လုပ်ရပ်များကို မြင်တွေ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လုပ်ရပ်အစစ်အမှန်များအကြောင်း၊ ဘုရားသခင် မည်သို့အလုပ်လုပ်ကြောင်း၊ ဉာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံသော မည်သည့်နည်းလမ်းများကို ဘုရားသခင် အသုံးပြုလေ့ရှိကြောင်း၊ ဘုရားသခင် မည်သို့စကားပြောလေ့ရှိကြောင်း၊ လူသားကို မည်သို့စုံလင်စေကြောင်း စသည့်အချက်များကို သိမှသာ မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူစက်ဆုပ်ရွံရှာသည်၊ လူ၌ သူမည်ကဲ့သို့အလုပ်လုပ်သည် စသည်တို့ကိုသိလျက် သင်သည် ဘုရားသခင်၏ စစ်မှန်မှုကိုသိပြီး ဘုရားသခင်၏ စိတ်သဘောထားကို နားလည်နိုင်မည်ဖြစ်သည်။ ဘုရားသခင်ကြိုက်သည့်အရာများ၊ မကြိုက်သည့်အရာများကို သိနားလည်လျှင် သင်သည် အပြုသဘောဆောင်သောအရာနှင့် အနုတ်သဘောဆောင်သောအရာကို ခွဲခြားနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာမှတစ်ဆင့် သင့်အသက်တာတွင် တိုးတက်မှုရှိမည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် သင်သည် ဘုရားသခင်၏ အမှုအကြောင်းကို သိရမည်၊ ယုံကြည်ခြင်းနှင့်ပတ်သက်သော သင်၏အမြင်ကို မှန်ကန်အောင် လုပ်ရမည်ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာ၌ “ထိုအရာသည်” ဟုရေးသားထားသည်။

ယခင်က:သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

နောက်တစ်ခုသို့:လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ