၃) မိမိကိုယ်ကိုယ်နှင့်ပတ်သက်သော စစ်မှန်သည့် အသိပညာသည် မည်သည့်အရာကို စွမ်းဆောင်ရရှိနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုယ်မိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုယ်သိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကိုယ် သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ထို့ကြောင့် လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

ပေတရု ကြိုးစားခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ အတွင်းမှတစ်ဆင့် သူ့ကိုယ်သူ သိရှိလာဖို့ရန်နှင့် သူ့အထဲတွင် ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည့်အရာကို မြင်လာဖို့ရန် ဖြစ်၏။ မိမိကိုယ်ကိုယ် အမှန်တကယ် သူ သိနားလည်လာခဲ့သည့် အချိန်တွင်၊ လူသားများက မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်နှင့် ၎င်းတို့ ဘုရားသခင်ကို အစေခံခြင်းငှာ မည်မျှ တန်ဖိုးမဲ့ပြီး မထိုက်တန်ပုံနှင့် သူ၏ရှေ့မှောက်တွင် အသက်ရှင်ရန် လူသားက မထိုက်တန်သည်ဆိုသည်တို့ကိုသာ ပေတရု နားလည်ခဲ့ရသည်။ ထို့နောက် ပေတရုသည် ဘုရားသခင်၏ ရှေ့တွင် လဲကျပျပ်ဝပ်ခဲ့သည်။ နောက်ဆုံးတွင် သူက၊ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်၏။ ဘုရားသခင်ကို မသိကျွမ်းမီ ငါသေခဲ့လျှင်၊ အင်မတန် ဝမ်းနည်းစရာ ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံး၊ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်ဟု ကျွန်ုပ် ခံစားရ၏။ လူသားသည် ဘုရားသခင်ကို မသိလျှင်၊ အသက်ရှင်ဖို့ မထိုက်သကဲ့သို့ အသက်မရှိပါ” ဟု တွေးခဲ့သည်။ ပေတရု၏ အတွေ့အကြုံ ဤအဆင့်သို့ ရောက်ရှိသည့် အချိန်တွင်၊ သူသည် မိမိ၏ ကိုယ်ပိုင် သဘာဝကို အတော်အတန် တိုး၍ နှံ့စပ်ခဲ့ပြီးဖြစ်ကာ ယင်းနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းမွန်သော သိနားလည်မှု ရရှိခဲ့ပြီးဖြစ်သည်။ လူတို့ ယနေ့ခေတ်တွင် စိတ်ကူးကြသည့်အရာနှင့် ကိုက်ညီမည့် ဝေါဟာရများဖြင့် သူသည် ယင်းကို စေ့စေ့စပ်စပ် ရှင်းပြနိုင်ခဲ့လိမ့်မည် မဟုတ်သော်လည်း၊ ပေတရုသည် ဤအခြေအနေသို့ ဧကန်အမှန် ူရောက်ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အသက်ကို လိုက်စားရှာဖွေခြင်းနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ကြိုးပမ်းရရှိခြင်း လမ်းကြောင်းတွင် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ မိမိ၏ ကိုယ်ပိုင်သဘာဝကို ပိုမိုနက်ရှိုင်းစွာ သိနားလည်ခြင်းကို ရရှိခြင်းအပြင် မိမိသဘာဝ၏ ရှုထောင့်များကို သဘောပေါက်ခြင်းနှင့် ယင်းကို စကားလုံးများဖြင့် တိတိကျကျ ဖော်ပြခြင်းတို့ ပါဝင်လေသည်။ ဆိုးယုတ်သည့် အိုဟောင်းသော သဘာဝနှင့်ဆိုင်သော အသက်တာဖြစ်သည့် မိမိ၏ ဟောင်းသော အသက်တာကို စေ့စေ့စပ်စပ် သိနားလည်ဖို့ဟူသည်မှာ ဘုရားသခင် တောင်းဆိုသော ရလဒ်များရရှိဖို့ရန်ကို ဆိုလိုသည်။ သင်၏ အသိပညာသည် ဤအဆင့်သို့ မရောက်သေးသော်လည်း၊ သင်က မိမိကိုယ်ကိုယ် သိရှိပြီး၊ အသက်ရရှိပြီးဖြစ်သည်ဟု အခိုင်အမာဆိုလျှင်၊ သင် လေလုံးထွားနေခြင်း သက်သက်သာ မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သင် မည်သည့်အရာ ဖြစ်သည်၊ လူသား ဖြစ်ခြင်း၏ စံနှုန်းများကို သင် အမှန်တကယ် ပြည့်မီသည် မပြည့်မီသည် သို့မဟုတ် သင့်အတွင်းတွင် ဆိုးယုတ်သော အရိပ်လက္ခဏာများ မည်မျှ သင် ရှိသေးသည်ကိုလည်း သင် မသိပေ။ သင် မည်သူနှင့် သက်ဆိုင်သည်ကို မရှင်းလင်းသေးသကဲ့သို့၊ မိမိကိုယ်ကိုယ် သိရှိခြင်း တစ်ခုတလေမျှပင် သင် မရှိပေ၊ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် သင် မည်သို့ ဆင်ခြင်တုံတရား ပိုင်ဆိုင်နိုင်မည်နည်း။ ပေတရုက အသက်ကို ရှာဖွေလိုက်စားသည့် အချိန်တွင်၊ မိမိကိုယ်ကိုယ် သိနားလည်ခြင်းနှင့် သူ၏ စမ်းသပ်မှုများ ဖြစ်စဉ်တစ်လျှောက် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် သူ အာရုံစိုက်ခဲ့ပြီး၊ ဘုရားသခင်ကို သိရှိရန် သူကြိုးပမ်းခဲ့ကာ၊ နောက်ဆုံးတွင် သူက၊ “လူတို့သည် ဘဝတွင် ဘုရားသခင်ကို သိနားလည်မှု ရှာဖွေရမည်၊ ကိုယ်တော့်ကို သိရှိခြင်းသည် အရေးပါဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ် မသိလျှင်၊ ကျွန်ုပ်သေဆုံးသည့်အခါ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သူ့ကို သိရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က ကျွန်ုပ်ကို ထိုအချိန်တွင် သေစေလျှင်၊ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ် အဝမ်းမြောက်ဆုံး ခံစားရလိမ့်ဦးမည် ဖြစ်သည်၊ ကျွန်ုပ် စိုးစဉ်းမျှ ညည်းညူလိမ့်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကျေနပ်ရပါလိမ့်မည်” ဟု တွေးသည်။ ပေတရုသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ပြီးသည့်နောက်တွင် ချက်ချင်း ဤသိနားလည်မှု အဆင့်ကို ရရှိနိုင်ခဲ့သည်မဟုတ်ပါ သို့မဟုတ် ဤအခြေအနေကို ရောက်ရှိနိုင်ခဲ့သည် မဟုတ်ပါ၊ ဦးစွာပထမ ကြီးမားသော စမ်းသပ်မှုများစွာ သူ ကြုံခဲ့ရသည်။ သူ၏ အတွေ့အကြုံသည် သမိုင်းမှတ်တိုင် တစ်ခုခုသို့ ရောက်ခဲ့ရပြီး၊ ဘုရားသခင်ကို သိရှိခြင်း၏ တန်ဖိုးကို သူ မသိနိုင်မီ မိမိကိုယ်ကိုယ် လုံးဝ နားလည်ဖို့ရန် ဖြစ်ခဲ့သည်။ ထို့ကြောင့် ပေတရု လျှောက်ခဲ့သည့် လမ်းကြောင်းသည် အသက်ကို ရရှိခြင်းနှင့် စုံလင်ခံရခြင်း လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ တိကျသော လက်တွေ့လုပ်ဆောင်မှုကို အဓိက အာရုံစိုက်ခဲ့သည့် ရှုထောင့်တစ်ခု ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် လွယ်ကူသလော။ ဤသည်မှာ လူတစ်ဦး၏ သဘာဝ အနှစ်သာရ ပါဝင်၏။ လူတို့၌ ဤအနှစ်သာရ၊ ဤအရင်းအမြစ် ရှိကြပြီး ယင်းကို တစ်စချင်း ရှာဖွေရမည်။ ယင်းကို အခြေအနေတိုင်း၊ သင် ပြောသည့် စကားတိုင်း၏ နောက်ကွယ်က ကြံရွယ်ချက်များမှ ရှာဖွေရမည်။ ယင်းကို စိတ်ဖြာလေ့လာပြီး သင် ပြောသည့် စကားလုံးများမှ နားလည်ရမည် ဖြစ်သည်။ ထိုသို့သော အသိသည် ယခင်ထက် တိုး၍ ရှင်းလင်းလာပြီး သင်၏ စိတ်ဝိညာဉ်သည် ယခင်ထက် သာ၍ လိမ္မာပါးနပ်သည့်အခါ၊ သင်သည် ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းသည် ဂရုစိုက်မှုနှင့် လုံ့လဝီရိယ လိုအပ်၏။ သင်သည် အလွန်အာရုံစိုက်ရမည်ဖြစ်ပြီး သင်၏ ရည်ရွယ်ချက်များနှင့် အခြေအနေများကို နည်းနည်းချင်း ဆန်းစစ်ရမည်။ ဤအရာများကို စဉ်ဆက်မပြတ် သင် ဆန်းစစ်သည့်အခါ၊ သင် စကားပြောနေကျ နည်းလမ်းနှင့်ပတ်သက်၍ ရုတ်တရက် အသိတရား ဝင်လာသည့်နေ့ ရောက်ရှိလိမ့်မည်- “ဤသည်မှာ ဆိုးယုတ်မှုဖြစ်ပြီး၊ သာမန် လူ့သဘာဝ ဖော်ပြချက်တစ်ခု မဟုတ်ပါ။ ယင်းသည် သမ္မာတရားနှင့် သဘောကွဲလွဲပြီး ကျွန်ုပ် စကားပြောဆိုပုံကို ပြောင်းလဲရမည်။” ဤအသိကို သင် ပိုင်ဆိုင်သည့် နေ့မှစ၍၊ သင်သည် ဤဆိုးယုတ်သော စိတ်သဘောထား၏ ကြီးလေးသော ပြင်းထန်မှုကို ယခင်ထက် သာ၍ သိသိသာသာ ခံစားရလိမ့်မည်။ သို့ဆိုလျှင်၊ ၎င်းနောက် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင် စကားပြောဆိုသည့် အလားတူနည်းလမ်းတွင် တည်ရှိသည့် ရည်ရွယ်ချက်များကို မရပ်မနား ဆန်းစစ်လော့၊ ပြီးလျှင် သင်၏ မစဲသော ဖော်ထုတ်ခြင်းဖြစ်စဉ်မှတစ်ဆင့်၊ သင်သည် ဤအနှစ်သာရနှင့် စိတ်သဘောထားမျိုး ရှိသည်ကို မှန်ကန်တိကျစွာ ယခင်ထက် သာ၍ ဆုံးဖြတ်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဧကန်ရှိသည်ကို မိမိကိုယ်ကိုယ် သင် စစ်မှန်စွာ ဝန်ခံနိုင်သည့် နေ့ရက် ရောက်လာသည့်အခါ၊ နောက်ဆုံးတွင် သင်သည် ယင်းကို စက်ဆုပ်ကာ မုန်းတီးနိုင်လိမ့်မည်ဖြစ်သည်။ လူတစ်ဦးသည် ၎င်းကောင်းမြတ်သည်၊ ၎င်းဖြောင့်မတ်စွာနှင့် မျှမျှတတ ပြုမူသည်၊ ၎င်းတို့သည် တရားမျှတမှု အသိစိတ်တစ်ခု အပ်နှင်းခံရသည်၊ ၎င်းတို့သည် ရိုးသားပြီး မာယာကင်းမဲ့သည်ဟု ယုံကြည်ခြင်းမှ ၎င်းတို့၏ သဘာဝဗီဇ အနှစ်သာရအား မာနထောင်လွှားခြင်း၊ ခက်ထန်ခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ဆိုယုတ်ခြင်းနှင့် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိခြင်းတို့အဖြစ် သတိပြုမိခြင်းသို့ ပြောင်းလဲသည့်အခါ၊ ထိုအခါတွင်မှ ၎င်းသည် ၎င်း၏ နေရာကို တိကျမှန်ကန်စွာ သိနိုင်ကြလိမ့်မည်ဖြစ်ပြီး ၎င်း မည်သည့်အရာဖြစ်သည်ကို တိကျစွာ သိနိုင်လိမ့်မည်။ ၎င်းသည် ထိုသို့သော သရုပ်သကန်များနှင့် အခြေအနေများ ရှိသည်ကို အသိအမှတ်ပြုခြင်းမျှ သို့မဟုတ် ပေါ့စွာ သတိပြုခြင်းဖြင့်၊ ၎င်းသည် စစ်မှန်သော မုန်းတီးမှု ရှိနိုင်စွမ်း မရှိကြချေ။ ၎င်းအနေဖြင့် ဤစိတ်သဘောထားများနှင့် အနှစ်သာရတို့ ရှိသည်ကို ၎င်း၏ လုပ်ရပ်များတွင် သတိပြုပြီးသည်နှင့်တစ်ပြိုင်နက်မှသာ စစ်မှန်သော မုန်းတီးမှုကို ကြိုးပမ်းရရှိနိုင်ပေသည်။

လူတို့သည် စိတ်သဘောထားအမျိုးမျိုးက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုနိုင်သည့်အခါမှသာ ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခု စတင်လိမ့်မည်။ ဤအခြေအနေများကို လူတို့ သတိမပြုကြပါက၊ ယင်းတို့ကို ၎င်းတို့ လက်သင့်မခံနိုင်သကဲ့သို့ မိမိတို့ကိုယ်ကိုယ်အဖို့ အသုံးမပြုနိုင်ပါက၊ ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခု ရှိနိုင်သလော။ (မရှိနိုင်ပါ။) စိတ်သဘောထား၌ ပြောင်းလဲမှုသည် အမျိုးမျိုးသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုခြင်းမှ စတင်ပေသည်။ လူတစ်ဦးသည် ဤအရာကို စတင် သတိမပြုမိပါက၊ လူတစ်ဦးသည် လက်တွေ့အရှိတရား၏ ဤသွင်ပြင်လက္ခဏာထဲသို့ မဝင်ရောက်သေးပါက၊ မိမိ၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုဆိုသည်မှာ စဉ်းစားစရာ မလိုပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

ထို့ကြောင့် ယနေ့ သင်တို့ကို ထိုသို့ ငါ တရားစီရင်သည်နှင့်အမျှ၊ အဆုံးတွင် သင်တို့ မည်သည့် အတိုင်းအတာအထိ နားလည်မှု ရှိလိမ့်မည်နည်း။ သင်တို့၏ အဆင့်အတန်း မမြင့်သော်လည်း ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ဆိုကြလိမ့်မည်။ သင်တို့သည် နိမ့်ကျစွာ မွေးဖွား လာခဲ့သောကြောင့် သင်တို့၌ အဆင့်အတန်း မရှိပေ၊ သို့သော် ဘုရားသခင်သည် သင့်ကို မြှင့်တင်သော‌ကြောင့် သင် အဆင့်အတန်း ရရှိပေသည်- ယင်းမှာ ဘုရားသခင် သင်တို့အား ပေးသနားသောအရာဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင်၏ လေ့ကျင့်သင်ကြားပေးခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ တရားစီရင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း သာ၍ပင်ဖြစ်သည်။ သင်တို့သည် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ခေတ်ကာလများတစ်လျှောက်တွင် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို လက်ခံ ရရှိခဲ့သောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်ခြင်းခံရသည့် လူတစ်ဦးမျှ မရှိခဲ့ပေ။ ဘုရားသခင်သည် ယခု သင်တို့အား မျက်နှာချင်းဆိုင် စကားပြောနေသည်၊ သင်တို့အား သန့်စင်ပေးနေသည်၊ သင်တို့၏ ဆန့်ကျင်ပုန်ကန်လိုသော အတွင်းသဘောကို ထုတ်ဖော်ပြသ နေပေသည်- ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း အစစ်အမှန်ပင် ဖြစ်သည်။ လူတို့သည် မည်သည့် အရည်အချင်းများ ရှိကြသနည်း။ ၎င်းတို့သည် ဒါဝိဒ်၏မျိုးဆက် သို့မဟုတ် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ပါစေ အကျဉ်းချုပ်အားဖြင့်၊ လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း” မှ

အရှေ့သို့- မိမိကိုယ်ကိုယ်နှင့်ပတ်သက်သော စစ်မှန်သည့် အသိပညာမှာ အဘယ်နည်း။ ယင်းတွင် အဘယ်အရာ ပါဝင်သနည်း။

နောက်တစ်ခုသို့- စစ်မှန်သော မိမိကိုယ်ကိုယ် သိကျွမ်းခြင်းကို မည်သို့ အောင်မြင်ရရှိနိုင်သနည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်တို့ကြားရှိ ကွဲပြားခြားနားမှုများ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ပြီးလျှင် သူက၊ ကိုယ်တော်ကို အကျွန်ုပ် အသနားခံပါ၏၊ ကိုယ်တော်၏ ဘုန်းအသရေကို ကျွန်ုပ်အား ပြတော်မူပါဟု ဆို၏။...

ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို အဓိကအားဖြင့် ထုတ်ဖော်ပြသည့် ပုံပန်းသွင်ပြင်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

လူတစ်ဦး၏ ယုံကြည်မှုတွင် သမ္မာကျမ်းစာ ဆိုင်ရာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားကို မှီခိုအားထားခြင်း၏ အကျိုးဆက်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌...

ဘုရားသခင် အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်တို့ကြား ကွဲပြားခြားနားမှုများ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ယေရှုကလည်း၊...ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်