၈၄၁ လူသားကို ဘုရားပေးသော နောက်ဆုံးအခွင့်အရေးကျူး
၁ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားကို ဖျက်ဆီးခြင်းအမှုမှာ ဘုရားသခင်သည် လူသားကိုဖျက်ဆီးဖို့ စပြီးစီစဉ်သည့်အချိန်မှ သူ့အမှုကို အမှန်တကယ် အစပြုခြင်းကာလအထိ တိကျသည့် အချိန်အပိုင်းအခြားနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ ဤဖြစ်စဉ်သည် လူသားကို နောက်ပြန်လှည့်စေဖို့ဟူသည့် ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီ ဤအချိန်ကာလ၌ ဘုရားသခင်က မည်သည့်အရာကိုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်းတို့ကို များစွာပြုလုပ်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားမှာ မည်မျှပင် နာကျင်မှု၊ ဝမ်းနည်းမှုများ ရှိနေပါစေ လူသားမျိုးနွယ်အပေါ်တွင် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် များပြားလှသည့် သနားကြင်နာမှုများကို ဆက်လက်ထားရှိခဲ့သည်။ ဤအချက်မှ ငါတို့ အဘယ်အရာကို တွေ့ရသနည်း။ လူသားတို့အတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး အပြောသက်သက်မဟုတ်ခြင်းကို သံသယဖြစ်နေစရာမလိုဘဲ မြင်တွေ့ရသည်။ ဤသည်မှာ စစ်မှန်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်ကာ သိသာသည်။
၂ လူများက သူ့ကိုချစ်ခင်ဖွယ်ကောင်းသူအဖြစ် မြင်စေရန် ပရိယာယ် သို့မဟုတ် ပုံရိပ်အတုအယောင်များ ဖန်တီးခြင်းတို့ကို ဘုရားသခင်သည် မည်သည့်အခါမျှ အသုံးမပြုပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို လူများမြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားဝါဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်သည့် ဤသွင်ပြင်လက္ခဏာများက လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ရန် မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ဖို့ရန် မထိုက်တန်သလော။ ဤနေရာတွင် ငါသင်တို့ကို မေးလိုသည်။ ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက် ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်မှ စကားလုံးများသက်သက်မျှသာဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာဖြစ်သလော။
၃ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း အစရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများ အားလုံးသည် သူအမှုပြုသည့်အခါတိုင်း အသုံးပြုခြင်းခံရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလိုတော်၌ သရုပ်ထင်ကာ လူတစ်ယောက်ချင်းစီအပေါ်တွင် ထင်ဟပ်၍ ဖြည့်ဆည်းထားသည်။ သင်သည် ယခင်က ဤအချက်ကို ခံစားဖူးခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ ဝိညာဉ်ကို နှိုးထစေရန် သူ၏ ရိုးသားသည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုလျက် လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ဂရုစိုက်နေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။