အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၂။ “အရာရာကို ချန်ထားခဲ့ပြီး ဘုရားသခင်နောက်လိုက်ပါ” ဟုဆိုခြင်းသည် မည်သည့်အရာကို ဆိုလိုပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် သင့်နှလုံးသား၊ ကိုယ်ခန္ဓာနှင့် သင်၏စစ်မှန်သော မေတ္တာအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်သည်၊ ထိုအရာများကို ဘုရားသခင်ရှေ့တွင် ချထားခြင်း၊ သူ့ကို အကြွင်းမဲ့နာခံခြင်းနှင့် သူ့အလိုတော်အား လုံးဝဆင်ခြင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင့်ကိုယ်ပိုင်ဆန္ဒများအတွက်လည်း မဟုတ်ဘဲ ဘုရားသခင့်အိမ်တော်၏ အကျိုးတို့အတွက် ဖြစ်သည်။ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားအဖြစ်သော်လည်းကောင်း၊ အခြေခံအုတ်မြစ်အဖြစ်သော်လည်းကောင်း သင်ခံယူနိုင်သည်။ ထိုနည်းအားဖြင့် သင့်ရည်ရွယ်ချက်များနှင့် သင့်အမြင်များအားလုံးတို့သည် နေရာမှန်တွင် ရှိမည်ဖြစ်ပြီး သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသောသူဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏လက်တွေ့ကျခြင်းကို အကြွင်းမဲ့နာခံနိုင်သောသူများသည် ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများဖြစ်သည်” မှ

သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို ပစ်ပယ်သင့် ပြီး၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာရမည် ဖြစ်ကာ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်လျက် နောက်ကိုလိုက်သော ကြောင့်၊ သင်သည် အရာခပ်သိမ်းကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များကို မလုပ်ဆောင်သင့်ပဲ၊ ဘုရားသခင်၏ လိုအင်အား ဖြည့်ဆည်းခြင်းကို သင်ပြီးမြောက် အောင်မြင်သင့် သည်။ သင်သည် ဖန်ဆင်းခြင်း ခံထားရသည့်အတွက်၊ သင့်အား ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့် သည်၊ အကြောင်းမှာ သင်သည် ပင်ကိုယ်အားဖြင့် မိမိအပေါ်မိမိ အုပ်စိုးခြင်း မရှိသောကြောင့် ဖြစ်ပြီး၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်ရန် တတ်စွမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်အား ယုံကြည် သော သူတစ်ယောက် ဖြစ်သည့်အတွက်၊ သင်သည် သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို သင်သည် စောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာအား ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို စည်းမကျော်ရပေ။ ဤသည်မှာ သင့်အား ကန့်သတ် ချုပ်ထိန်းရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ထားရန် မဟုတ်ပဲ၊ ဤသည် မှာ လမ်းကြောင်းဖြစ်ပြီး၊ ယင်းမှတစ်ဆင့် သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်ကာ၊ ဖြောင့်မတ်ခြင်းကို ပြုသော ထိုသူအားလုံးတို့မှ ပြီးမြောက် အောင်မြင်သင့်သည့်၊ ပြီးမြောက် အောင်မြင်နိုင်သည့် အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

၉။ သင်၏အတွေးတို့သည် အသင်းတော်၏အမှုအကြောင်းသာဖြစ်သင့်သည်။ သင်သည် အသွေးအသား၏ မျှော်လင့်ချက်များကို ဘေးဖယ်ကာ၊ မိသားစုကိစ္စများအပေါ်တွင် ပြတ်သား၍၊ ဘုရားသခင်၏ အမှုတွင် မိမိကိုယ်ကိုယ် လုံးဝဆက်ကပ်အပ်နှံရမည်။ ဘုရားသခင်၏အမှုကို ပထမဆုံးဦးစားပေး၍ သင်၏ဘဝကို ဒုတိယထားရမည်။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ သင့်တင့်လျောက်ပတ်သော အမှုဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ

သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားအတွက် သင့်ကိုယ်သင် ပေးဆပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲဖြစ်ခြင်းကို ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝတစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှုအတွက် သင့်ဘဝ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ လှပကောင်းမွန်သောအရာအားလုံးကို သင်လေ့လာလိုက်စားရမည်၊ ပိုမိုလေးနက်သော ဘဝလမ်းကြောင်းကို ရှာမှီးသင့်သည်။ ဤသို့သော ပေါ့တန်သည့်ဘဝတွင် သင်နေထိုင်ပြီး မည်သည့်ရည်ရွယ်ချက်နောက်ကိုမျှ မလိုက်လျှင် သင့်ဘဝကို အချည်းနှီးဖြစ်စေသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင်ရနိုင်မည်နည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့ဖွယ်ရာများ အားလုံးကို သင်ကျောခိုင်းသင့်ပြီး ပျော်ရွှင်မှုအနည်းငယ်အတွက် သမ္မာတရားအားလုံးကို မစွန့်ပယ်သင့်။ ဤကဲ့သို့သောသူများတွင် သမာဓိ၊ သို့မဟုတ် ဂုဏ်သိက္ခာ မရှိ၊ သူတို့၏ ဖြစ်တည်မှုသည် အဓိပ္ပာယ်အလျှင်းမရှိ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်သည် သူ့ကို ယုံကြည်သောသူတို့အား ဤအရာကို တောင်းဆိုသည်။ဘုရားသခင်နောက်လိုက်ဖို့ အရာရာကို စွန့်လွှတ်ပါ။ ကျေးဇူးတော်ခေတ်မှ နိုင်ငံတော်ခေတ်အထိ၊ ဘုရားသခင်နောက်လိုက်ဖို့ရန် အရာရာတိုင်းကို စွန့်လွှတ်ခဲ့ကြသည့် လူများစွာ ရှိခဲ့သည်။ ဤလူတို့သည်သာ သန့်ရှင်းသူများအဖြစ် ခေါ်ဆိုထိုက်သူများ၊ နိုင်ငံတော်ခတ်ထဲက ဘုရားသခင်၏ လူများ ဖြစ်ကြသည်။ အရာရာတိုင်းကို စွန့်ပြီး ဘုရားသခင်နောက်လိုက်ရန်မှာ မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးတစ်ခုလုံး၊ သင်၏ ဖြစ်တည်မှုအလုံးစုံကို ပူဇော်ရန်နှင့် မိမိကိုယ်ကိုယ် ဘုရားသခင်၏ အမှုတော်ထဲတွင် အပြည့်အဝ နှစ်မြှုပ်ရန်၊ သူ့အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံရန် ဖြစ်သည်။ ဤသည်မှာ အရာအရာကို စွန့်ပြီး ဘုရားသခင်နောက်လိုက်ခြင်း၏ အဓိပ္ပါယ် အစစ်အမှန်ဖြစ်သည်။ ၎င်းတို့ ကိုယ်ပိုင် မိသားစုကို အစမပြုကြသေးသူများနှင့် ပူပန်စရာ မရှိသောသူတို့သာ အရာရာကို စွန့်လွှတ်နိုင်ပြီး မိသားစုရှိကြသူများ၊ မိဘ သို့မဟုတ် ခင်ပွန်း သို့မဟုတ် သားသမီးရှိကြသူများကတော့ ထိုသို့မလုပ်ဆောင်နိုင်ကြဟု ယုံကြည်ကြသည့် လူများရှိကြသည်။ ဤရှုထောင့်အမြင်မှာ မမှန်ကန်ပါ။ ပထမ၊ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များသည် မျှတပြီး အကျိုးသင့်အကြောင်းသင့်ဖြစ်သည်ကို လူတို့ သိထားရမည်။ လူတို့အနေဖြင့် ၎င်းတို့၏ မိဘများ၊ ခင်ပွန်း သို့မဟုတ် သားသမီးများကို စွန့်လွှတ်ဖို့ သူမတောင်းဆိုပါ။ ယင်းထက်၊ လူတို့သည် မိမိတို့ စိတ်နှလုံးများကို ပူဇော်ပြီး မည်သည့် လူပုဂ္ဂိုလ်၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာအားဖြင့်မျှ ကန့်သတ်ချုပ်ချယ်ခြင်းမခံပဲ ၎င်းတို့၏ တာဝန်ကို အပြည်ဝဆုံးဆောင်ရွက်ရန် သူတောင်းဆိုပေသည်။ ဤသည်မှာ အရာရာကို စွန့်ပြီး ဘုရားသခင်နောက်လိုက်ခြင်းနှင့် သဘောတရားချင်းညီမျှပေသည်။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့ မလုပ်လိုသော အရာကို အတင်းအဓမ္မမလုပ်ဆောင်စေပါ။ လူတစ်ဦးအတွက် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သူ၏ အားထုတ်မှုအားလုံး အသုံးပြုခြင်းက လုံလောက်ပါသည်။ တစ်ဦးတစ်ယောက်သည် ဘေးဖယ်ထားသင့်သည့် အချို့အရာများကို ဘေးဖယ်ထားရမည်မှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ လက်ရှိအချိန်တွင် တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ရာကို မစွန့်လွှတ်နိုင်လျှင်၊ လိုအပ်သမျှအရာမှာ ယင်းအားဖြင့် ကန့်သတ်ချုပ်ချယ်ခြင်း မခံရဖို့ဖြစ်သည်။ အကယ်၍ သူ၏ စိတ်နှလုံးသည် အချုပ်အချယ်ခံရဆဲဖြစ်ပြီး သူ၏ တာဝန်ကို အပြည့်အဝ မဆောင်ရွက်နိုင်လျှင်၊ ဤသည်မှာ အရာရာကို စွန့်လွှတ်ခြင်းအဖြစ် မမှတ်ယူပါ။ ဘုရားသခင်ကို ဆက်ကပ်ခြင်း ကိစ္စရပ်မှာ အရာရာကို စွန့်လွှတ်ခြင်းအား လက်တွေ့လုပ်ဆောင်မှုအတွင်းတွင် တည်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် ဆက်ကပ်သောသူတစ်ဦးဖြစ်လျှင်၊ သင်၏ စိတ်နှလုံးအတွင်းတွင် သင်၏ မိသားစု၊ ခင်ပွန်း သို့မဟုတ် သားသမီးများအားဖြင့် ကန့်သတ်ချုပ်ချယ်ခံရခြင်းအဖြစ်ကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။ များစွာသော ညီအစ်ကို မောင်နှမတို့သည် မိသားစု နှောင်ကြိုးများ ရှိကြသည်၊ သို့သော် သူတို့၏ စိတ်နှလုံးများသည် သူတို့၏ မိသားစုများအားဖြင့် ကန့်သတ်ချုပ်ချယ်ခြင်း မခံရကြပါ၊ သူတို့၏ တာဝန်များကို သူတို့ အလွန်ကောင်းမွန်စွာ ဆောင်ရွက်ကြသည်။ သူတို့၏ မိသားစုများကို စောင့်ရှောက်ရန် ရံဖန်ရံခါ အဝေးသို့သွားကြသော်လည်း၊ ဤအရာက သူတို့ တာဝန်များကို ကြားဝင်နှောင့်ယှက်ဖို့ လုံးဝ အဖြစ်မခံကြပါ။ သူတို့သည် ဘုရားသခင်နောက်လိုက်ဖို့ အရာရာကို မစွန့်လွှတ်ခဲ့ကြပါဟု သင်ဆိုနိုင်ပါသလော။ မိသားစုတစ်စု ရှိခြင်းမှာ အမှန်တကယ် အခက်အခဲတစ်ခု ဖြစ်သည်။ ဤအရာကို အဘယ်သူမျှ မငြင်းနိုင်ချေ။ သို့သော်၊ ၎င်းတို့၏ စိတ်နှလုံးများက ဘုရားသခင်ကို သစ္စာရှိနိုင်လျှင်၊ မိသားစု အရှုပ်အယှက်များအားလုံးကို ၎င်းတို့ ခါချနိုင်လိမ့်မည်ဖြစ်သည်။ ဇာတိပကတိသည် ဆင်းရဲဒုက္ခအချို့ကို ကြုံရသော်လည်း၊ ၎င်းတို့ အသက်တာ၌ ကြီးထွားမှုအတွက် ဘုရားသခင်ထံမှ ကြီးမားသော ကောင်းကြီးမင်္ဂလာများ ရှိပေသည်။ ဇာတိပကတိ၏ ပျော်မွေ့မှုများကို ဖက်တွယ်ကြသော ထိုလူတို့သည် မည်သည့်အရာကို ရရှိကြသနည်း။ နောက်ဆုံးတွင် မည်သည့်အရာမျှ မရရှိကြချေ။ တစ်ဦးတစ်ယောက်သည် ဇာတိပကတိ၏ ဆင်းရဲဒုက္ခများကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ဇာတိပကတိဆိုင်ရာ ဆင်းရဲဒုက္ခပမာဏတိုင်းသည် ကောင်းမွန်သည့်အရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်သရွေ့၊ လူတစ်ဦး၏ စိတ်ဝိညာဉ် ဝမ်းမြောက်နိုင်သည်။ အားလုံးထဲမှ အကြီးမားဆုံးသော နာကျင်မှုမှာ ဇာတိပကတိ၏ ကာမဂုဏ်များကို ဖက်တွယ်ခြင်းကြောင့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားဖို့ရန်ဖြစ်ပေလိမ့်မည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် အရာရာကို စွန့်လွှတ်ကြသူအားလုံးသည် လူသားတစ်ဦးဖြစ်ခြင်း၏ တာဝန်ကို ၎င်းတို့ ကောင်းမွန်စွာ ဆောင်ရွက်ပြီး ဘုရားသခင်ကို ကျေနပ်စေခဲ့ကြသောကြောင့် အားရဝမ်းမြောက်ကြပါလိမ့်မည်။ ထို့အပြင်၊ ဘုရားသခင်သည် သူ့အတွက် မိမိတို့ကိုယ်ကိုယ် စိတ်ရင်းအတိုင်း အသုံးပြုခံသော သူအားလုံးကို ကြီးမားသည့် ကောင်းကြီးမင်္ဂလာများ ပေးတော်မူသောကြောင့် ဘုရားသခင်အားဖြင့် ၎င်းတို့ ချီးကျုးခံကြရလိမ့်မည်ဖြစ်သည်။မိသားစု နှင့် ဇာတိပကတိ၏ ပျော်မွေ့မှုများကို ဖက်တွယ်ထားပြီး ဘုရားသခင်နောက်လိုက်ဖို့ အရာရာကို မစွန့်လွှတ်နိုင်ကြသူအားလုံးသည် နတ်ဆိုး စာတန်ကို ဆက်ကပ်ကြသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အားဖြင့် သေချာပေါက် ကယ်တင်မခံရနိုင်သလို၊ အထူးသဖြင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ ရှိကြလိမ့်မည်မဟုတ်ပေ။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:တာဝန်ကို လုပ်ဆောင်ခြင်းနှင့် အစေခံမှုကို ပေးအပ်ခြင်းတို့ကြား ခြားနားချက်များမှာ အဘယ်နည်း။

နောက်တစ်ခုသို့:သမ္မာတရားကို နားလည်ခြင်းနှင့် အယူဝါဒကို နားလည်ခြင်းတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ