အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၂။ ကျွန်မ၏ ဘဝစည်းမျဉ်းများက ကျွန်မကို အလွန်ထိခိုက်ပျက်စီးလျက် ကျန်ရစ်စေခဲ့သည်

ချန်ကိုင်း၊လောင်နင် ပြည်နယ်

“လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏”ဟူသည့် စကားရပ်သည် ကျွန်မ ကိုယ်တိုင်ကိုယ်ကျ အလွန်ရင်းနှီးသော စကားရပ်တစ်ခု ဖြစ်သည်။ ကျွန်မ ယောက်ျားနှင့် ကျွန်မသည် အထူးသဖြင့် ရိုးသားဖြောင့်မတ်သောသူများ ဖြစ်ကြပါသည်။ ကျွန်မတို့၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ဒါမှမဟုတ် ထိခိုက်နစ်နာမှုများ ပါဝင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ ကျွန်မတို့က တစ်ခြားသူများနှင့် အထွန့်တက်မည့်သူ သို့မဟုတ် ဇီဇာကြောင်မည့်သူမျိုး မဟုတ်ကြပါ။ စိတ်ရှည်သည်းခံ၍ ရသည့်နေရာတွင် ကျွန်မတို့ စိတ်ရှည်သည်းခံကြသည်။ လိုက်လျော၍ရနိုင်မည့် နေရာများတွင် ကျွန်မတို့ လိုက်လျောဖို့ အတွက် အကောင်းဆုံး လုပ်ကြပါသည်။ အကျိုးဆက်အားဖြင့်၊ ကျွန်မတို့သည် အခြားသူများ၏ အနိင်ကျင့်ခြင်းကို မကြာခဏ ခံရသည်ကို တွေ့ရသည်။ ထို့ကြောင့် “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏” ဟူသည့် ဆိုရိုးစကားက လုံးဝအမှန်ဖြစ်သည်ဟု ကျွန်မ တကယ်ကို ယုံကြည်ခဲ့ပါသည်။ သင့်နှလုံးသားက သိပ်ကြင်နာတတ်လျှင်၊ သင်၏ အရေးကိစ္စများတွင် လိုက်လျောမှုနှင့် နှိမ့်ချမှုတို့ အလွန်များနေလျှင်၊ အနိုင်ကျင့်ခံရဖို့ အတော်များနေပါသည်။ ဤအရာကို စိတ်ထဲတွင်ရှိရင်းဖြင့်၊ ထို အနိုင်ကျင့်မှုအားလုံးကို ကိုယ့်ကိုယ်ကိုယ် မခံတော့ဖို့ရန်နှင့် စိတ်ပျက်ခြင်း၌ အသက်မရှင်တော့ရန် ကျွန်မဆုံးဖြတ်ခဲ့သည်။ နောင်အရေးကိစ္စများနှင့် တစ်ခြားသူများနှင့် ဆက်ဆံမှုများတွင် အလွန်မလိုက်လျောမိစေဖို့ ကျွန်မ အဓိဋ္ဌာန်ပြုခဲ့ပါသည်။

ဘုရားသခင်ကို ကျွန်မ ယုံကြည်သည့်နောက်၊ ကျွန်မ၏ တာဝန်များကို ဖြည့်ဆည်းရာတွင် ညီအစ်မတစ်ဦးနှင့်အတူ ကျွန်မ အလုပ်လုပ်နေခဲ့သည်။ ဤညီအစ်မက ကျွန်မ၏ ချွတ်ယွင်းချက်များနှင့် အားနည်းချက်များကို မကြာခဏ ထောက်ပြခဲ့သည်။ သူ ကျွန်မကို ရှိသမျှနည်းလမ်းဖြင့် ချုပ်ချယ်နေသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ပထမတွင် စိတ်ရှည်သည်းခံခြင်းကို ကျွန်မ ကျင့်သုံးနိုင်ခဲ့ပြီး သူမနှင့် ပြဿနာ မဖြစ်ခဲ့ပါ။သို့သော် နောက်ပိုင်းတွင်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းကို ထောက်ပြရာတွင် ဤညီအစ်မက မရပ်မနားဖြစ်နေသည်ကို ကြုံလာတော့၊ “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏” ဟူသည့် စကားရပ်ကို ကျွန်မ နောက်ဆုံးတွင် ပြန်တွေးမိခဲ့သည်။ ကျွန်မ အလွန် နှစ်လိုဖွယ်ရှိသောကြောင့် လွယ်ကူသည့် ပစ်မှတ်တစ်ခုဟု ညီအစ်မက သတိပြုမိခဲ့ပြီး၊ သိပ်ပြီး အရေးမကြီးသည့် ကိစ္စရပ်များအပေါ် ကျွန်မကို ရှာကြံအပြစ်ဖို့ခြင်းဖြင့် ကျွန်မကို စိတ်ထိခိုက်စေသည်ဟု ကျွန်မ မြင်သည်။ ကျွန်မ သည်းခံပြီး မလိုက်လျောတော့ဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူ့ကို ကျွန်မတကယ် ဒေါသထွက်မိခဲ့ပြီး သူ့ကို ကျွန်မစိတ်၏ တစ်စိတ်တစ်ဒေသကို သိခွင့်ပေးရင်း ကျွန်မ၏ မကျေနပ်မှုများနှင့် မကျေမချမ်းမှုအားလုံးကို လွှတ်ပေးလိုက်သည်။ နောက်ပိုင်းတွင်၊ ညီအစ်မက သူနှင့် မိတ်သဟာယပြုဖို့ ကျွန်မကို တောင်းဆိုခဲ့ပြီး၊ ကျွန်မ၏ ချွတ်ယွင်းချက်များကို ထောက်ပြခြင်းဖြင့် ကျွန်မကို သူ ကူညီဖို့ ကြိုးစားနေခဲ့ခြင်းဖြစ်ပြီး၊ ယင်းက ကျွန်မကို နာကျင်စေလိမ့်မည်ကို လုံးဝ စိတ်မကူးမိခဲ့ဟု ဆိုရင်း ကျွန်မကို သူ တောင်းပန်ခဲ့သည်။ ဤအရာ သူပြောသည်ကို ကြားရသည့်အခါ၊ ကျွန်မ စစ်ပွဲတွင် အောင်နိုင်သကဲ့သို့ အလွန်အမင်း ဘဝင်ခိုက်မိခဲ့သည်။ ထို့အပြင်၊ “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏” ဆိုသည့် စကားရပ်တွင် ကောင်းကျိုးအများကြီး ရှိသည်ဟု ထပ်၍ပင် ယုံကြည်လက်ခံခဲ့ရသည်။

နောက်ပိုင်းတွင်၊ အသင်းတော်က ထုတ်သည့် “ဖောက်ပြန်ပျက်စီးသော လူသားများ ရှင်သန်ရပ်တည်ဖို့ မှီခိုကြသည့် စာတန်၏ နဂိုမှန်အဆို ၁၀၀ ခု”ကို ဖတ်နေစဉ်တွင်၊ “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏” ဟူသည့် စာတစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့ရသည်။ လူသားမျိုးနွယ်သည် စာတန်အားဖြင့် နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခံခဲ့ရပြီး လူတို့ကို လှည့်ဖြားရန် စာတန် အသုံးပြုသည့် မရေမတွက်နိုင်သော အတွေးမှားများ ရှိပါသည်။ လူသားများက ဘဝတလျှောက် သူတို့ကို လမ်းပြရန်အတွက် အဖိုးတန်သော နဂိုမှန်အဆိုများအဖြစ် အထူးတန်ဖိုးထားနေသည့် အတွေးမှား ၁ဝဝကို ဤနေရာတွင် ကျွန်တော်တို့ အကျဉ်းချုပ်ထားပါသည်။ ဤအတွေးမှားများသည် လူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် အမြစ်တွယ်နှင့်ပြီဖြစ်သည်။ သမ္မာတရားနှင့် ပြင်ဆင်မထားလျှင်၊ လူသားများသည် ဤအတွေးမှားများ၏ စစ်မှန်သော သဘာဝကို ဖော်ထုတ်ဖို့အတွက် အလွန်ပင် စွမ်းဆောင်နိုင်မည် မဟုတ်ပါ။ လူသားများသည် စာတန်၏ အတွေးမှားများကို အသက်ရှင်ရေးအတွက် ဆိုရိုးစကားများနှင့် စည်းမျဉ်းများအဖြစ် ဆက်လက် ကိုင်စွဲထားလျှင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို ဘယ်သောအခါမျှ ရရှိမည် မဟုတ်ပါ”။ဤမိတ်သဟာယမှ ဤစာပိုဒ်ကို ဖတ်ပြီးတဲ့နောက်တွင် ကျွန်မ အိပ်မက်ရှည်ကြီးတစ်ခုမှ နိုးထသွားရသကဲ့သို့ ကျွန်မ ရုတ်တရက် နားလည်လိုက်သည်။ “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏”ဟူသည်မှာ လူသားမျိုးနွယ်ကို လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေရန် စာတန် ဖန်တီးထားသည့် အတွေးမှားတစ်ခု ဖြစ်ပါသည်။ အခြားသူများနှင့် ကျွန်မတို့၏ ဆက်ဆံမှုများတွင် ကြည်ဖြူသင့်သည်၊ သည်းခံသင့်သည်၊ စိတ်ရှည်ပြီး ခွင့်လွှတ်သင့်သည်ဟု ဘုရားသခင် တောင်းဆိုခဲ့ပါသည်။ ကျွန်မတို့က အခြားသူများအပေါ် စဉ်းစဉ်းစားစားလုပ်ပြီး လေးစားရိုသေကာ ချစ်ခင်မှု ရှိသင့်ကြသည်။ ဆန့်ကျင်ဘက် အနေဖြင့်၊ “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏”ဟူသည့် စာတန်၏ ဘဝစည်းမျဉ်းသည် ကောင်းမြတ်ခြင်းနှင့် ကျွန်မတို့ကို မသိမသာဝေးသွားအောင်နှင့် မကောင်းမှုဆီသို့ မသိမသာ လမ်းပြနေပါသည်။ အခြားသူများနှင့် ကျွန်မတို့၏ ဆက်ဆံမှုများတွင် အလွန်မကြင်နာတတ်ဖို့၊ မလိုက်လျောဖို့ သင်ပြပေးသည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်၊ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း” ဆိုသည်ကို ကျွန်မတို့ ကျင့်သုံးရမည်။ ခံနိုင်ရည်ရှိဖို့၊ ရိုင်းစိုင်းကြမ်းတမ်းဖို့နှင့် ဆိုးယုတ်ဖို့ ကျွန်မတို့ သင်ယူရမည်။ “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏”ဆိုသည့်အရာက သမ္မာတရားနှင့် လုံးဝကို ဆန့်ကျင်နေသည့် အတွေးမှားတစ်ခုကို ကိုယ်စားပြုနေသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ယင်းမှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်တစ်ခု ဖြစ်သည်။ ယင်းသည် စာတန်၏ အပျက်သဘောဆောင်သော အရာဖြစ်ပြီး စာတန်၏ အဆိပ်တစ်ခု ဖြစ်သည်။ လူသားတို့၏ အတွင်းစိတ်တွင် လူသားသဘာဝမရှိတော့သည်အထိ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိဘဲလျက်၊ အလျှော့မပေးဘဲ မပြီးဆုံးတဲ့ယှဉ်ပြိုင်မှုထဲ ပါဝင်ပတ်သက်ရင်းဖြင့် လူတွေအချင်းချင်း မကောင်းကြံစည်ခြင်း၊ သွေးအေးအေးနှင့် သတ်ဖြတ်ခြင်းအဖြစ်သို့ လူသားများကို လှည့်ဖြားဖို့ရန် ဤမှန်သယောင်ယောင် ရှိသော်လည်း စင်စစ်မှားနေသော သီအိုရီများမှတဆင့် စာတန်က အလုပ်လုပ်ပါသည်။ ဤနည်းဖြင့် လူသားမျိုးနွယ်သည် စာတန်ကဲ့သို့ပင် ဖောက်ပြန်ပျက်စီးလာပြီး ယင်းနှင့်အတူ မြုပ်နှံပစ်ဖို့အတွက် ယဇ်ပူဇော်ပစ္စည်းများ ဖြစ်လာကြသည်။ ထို့နောက်တွင် လူသားမျိုးနွယ်အားလုံးကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့် ဝါးမြိုခြင်းဖြစ်သော သူ၏ပန်းတိုင်ကို စာတန် စွမ်းဆောင်ရရှိလေသည်။ ကျွန်မ ဤလှည့်စားမှုကို ထွင်းဖောက်မမြင်နိုင်ခဲ့ဘဲ “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏” ဆိုသည်ကို လက်ခံပြီး လေးစားရမည့် အမှန်တရားအဖြစ် ယူမိခဲ့သည်။ ကျွန်အနေဖြင့် အလွန် မကြင်နာသင့် သို့မဟုတ် မလိုက်လျောသင့်၊ ပြီးလျှင် အခြားသူများနှင့် ဆက်ဆံရာတွင် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့သည် မိုက်မဲပြီး မသိနားမလည်သောသူများ၏ နည်းလမ်းဖြစ်ကာ ကျွန်မတို့ကို အနိုင်ကျင့်ခံရဖို့သာ ဖြစ်လာစေသည်ဟု ကျွန်မ ထင်ခဲ့သည်။ ထို့ကြောင့်၊ ကျွန်မ၏ ချွတ်ယွင်းချက်များကို ကျွန်မ သတိပြုမိပြီး ပိုကောင်းဖို့အတွက် ပြောင်းလဲဖို့ ကူညီဖို့ ဤညီအစ်မက ကျွန်မ၏ ချွတ်ယွင်းချက်များကို ထောက်ပြသည့်အခါ၊သူ၏ မှတ်ချက်များကို ကျွန်မ လက်မခံခဲ့ရုံသာမက၊ သူ ကျွန်မကို အနိုင်ကျင့်နေပြီး အရေးမပါသည့် အသေးစိတ်အရာများကို အပြစ်ရှာနေခဲ့သည်ဟု ကျွန်မ တကယ်ကို ထင်ခဲ့မိသည်။ အကျိုးဆက်အနေဖြင့်၊ ဤညီအစ်မနှင့် ပတ်သက်၍ ကျွန်မ ဒေါသထွက်ခဲ့ပြီး၊ ထိုသို့ဖြင့် သူ့ကို ဖိနှိပ်နေမိခဲ့သည်။ညီအစ်မက သူ့ကိုယ်သူနှိမ့်ချပြီး ကျွန်မကို တောင်းပန်သည့်အခါတွင်ပင်၊ ကျွန်မကိုယ့်ကိုယ်ကိုယ် မသိမြင်ခဲ့သလို အရှက်ရတာတွေ မဖြစ်ဘဲ၊ ယင်းထက် ကျွန်မ အနိုင်ရပြီဟု တွေးရင်း အလွန့်အလွန်ကျေနပ်လျက် ထိုနေရာတွင် ထိုင်နေခဲ့သည်။ ထိုသို့ဖြင့် ကျွန်မက “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏” ဆိုသည့် ဆိုးယုတ်သော နိယာမကို နောက်ထပ် ဖော်ထုတ်ပြီး ကိုင်မြောက်ထားခဲ့သည်။ ကျွန်မ မည်မျှ အဓိပ္ပါယ်မရှိသလို မည်မျှ ကြီးကျယ်လှပါသနည်း။ ကိစ္စများအားလုံးကို ပြောင်းပြန်ဖြစ်စေရင်းဖြင့် အမှားကို အမှန်အဖြစ် မှားယွင်းစွာ ကျွန်မ ယူမိခဲ့သည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်မှာ စာတန်၏ အဆိပ်များကို လူသားမျိုးနွယ်မှ ဆေးကြောပစ်ဖို့ဖြစ်ပြီး သူတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ပြောင်းလဲဖို့ သမ္မာတရားကို အသုံးပြုရန်ဖြစ်သည်။ သို့သော် ကျွန်မ၏ ကိုယ်ပိုင် ကိစ္စရပ်တွင်၊ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ပါ သို့မဟုတ် ကျွန်မ အတွင်းတွင် တည်ရှိနေသော စာတန်၏အဆိပ်များကို အသေးစိတ်ဆန်းစစ်ပြီး သတိပြုမိဖို့ မကြိုးပမ်းခဲ့သလို ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်ဆောင်ခဲ့ပါ။ ယင်းအစား စာတန်၏ အတွေးမှားများကို ကျွန်မ ဆက်ကိုင်စွဲခဲ့ပြီး သမ္မာတရားကို ငြင်းပယ်ခဲ့သည်။ ကျွန်မ ဤသို့ဆက်သွားနေလျှင်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ စတင်နားလည်လိမ့်မည်မဟုတ်ပါ။ ကျွန်မ၏ စိတ်သဘောထားတွင် ပြောင်းလဲမှု ဘယ်တော့မှ ရရှိလိမ့်မည်မဟုတ်သလို သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်ပါ။ အဆုံးတွင် စာတန်၏ ကံကြမ္မာကဲ့သို့ ကျွန်မသည် ဘုရားသခင်၏ အမြစ်ဖြတ်ချေမှုန်းခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

“လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏” ဆိုသည်မှာ စာတန်၏ နဂိုမှန်အဆိုဖြစ်ပြီး လူသားမျိုးနွယ်ကို လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော အတွေးမှားတစ်ခုကလွဲ၍ ဘာမျှမဟုတ်သည်ကို နားလည်ခွင့်ပေးသည့် ကိုယ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤစကားရပ်သည် သမ္မာတရားနှင့် တိုက်ရိုက်ဆန့်ကျင်နေကာ လူသားမျိုးနွယ်ကို ဖောက်ပြန်စေပြီး ပျက်စီးစေရုံသာ တတ်နိုင်သည်။ လူသည် စာတန်၏ အဆိပ်မှ မိမိ၏ အဟာရကို ရရှိသည်ဆိုလျှင်၊ စာတန်၏ နဂိုမှန်အဆိုများအတိုင်း သူ ပြုမူလျှင်၊ ပိုမို ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်လာဖို့သာ ရှိပါသည်။ သူသည် လူသားဆန်မှု နည်းသထက် နည်းလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် ပိုပိုပြီး ဆန့်ကျင်လာကာ ဘုရားသခင်ထံမှ ဖယ်ရှားခံရမည်ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ သူ ရရှိလိမ့်မည်မဟုတ်ပါ။ ကျွန်မအတွင်းရှိ စာတန်၏ အမျိုးမျိုးသော အဆိပ်များစွာကို ကျွန်မ သတိုပြုမိလာနိုင်ဖို့၊ စာတန်၏ အတွေးမှားများကို လုံးလုံးလျားလျား စွန့်လွှတ်ပြီး စာတန်၏ နဂိုမှန်အဆိုများအတိုင်း နောက်ထပ် မပြုမူတော့ဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲနှင့် သမ္မာတရားကို ကျွန်မ ရှာဖွေလိုက်စားရာတွင် ကျွန်မ၏ ကိုယ်စွမ်းဉာဏ်စွမ်းအားလုံးကို ထားရှိဖို့ ကျွန်မ ကတိသစ္စာပြုပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် လုံးဝ အသက်ရှင်သူတစ်ဦးဖြစ်ဖို့ရန်အလို့ငှာ ကျွန်မ၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်က နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး အမှုအရာများကို လုပ်ဆောင်ရာတွင် ကျွန်မ အသုံးပြုသည့် နဂိုမှန်အဆိုများဖြစ်လာကာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တိုင်းတာသည့် စံနှုန်းများ ဖြစ်လာစေဖို့ ကိစ္စရပ်များအားလုံးတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး သူ၏နောက်တော်သို့လိုက်ရန် ကျွန်မ ကတိသစ္စာပြုပါသည်။

ယခင်က:ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ မှားယွင်းသော စိတ်ကူးနှင့် ရှုထောင့်အမြင်များကို ပြောင်းလဲစေသည်

နောက်တစ်ခုသို့:ကျွန်မသည် အမှန်ပင် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပါသည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ