အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်ကို ယုံကြည်သော သင်သည် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

လူသားအားလုံး၌ တည်ရှိနေသော ဘုံပြဿနာသည် သမ္မာတရားကို သဘောပေါက် နားလည် ပါလျက်နှင့် လက်တွေ့ပိုင်း အသက်တာတွင် မကျင့်သုံးနိုင်ခြင်း ဖြစ်သည်။ အကြောင်းရင်း တစ်ခုမှာ လူသည် အဖိုးအခပေးရန် ဆန္ဒမရှိခြင်းဖြစ်၍ အခြားအကြောင်းရင်းမှာ လူ့အမြော်အမြင်သည် အလွန်ပင် မလုံ မလောက် ဖြစ်နေသောကြောင့် ဖြစ်၏၊ လူသည် လက်တွေ့ဘဝတွင် ရှိနေသည့် အခက်အခဲများစွာကို ကျော်လွန်၍ မြင်နိုင်စွမ်းမရှိ ဆီလျော်အောင် အဘယ်သို့ ကျင့်သုံးအသက်ရှင် ရမည်ကိုလည်း မသိချေ။ လူတွင် အတွေ့အကြုံ အလွန်နည်းခြင်း၊ နည်းပါးသည့် အရည်အချင်းနှင့် သမ္မာတရားအား နားလည်နိုင်စွမ်း အကန့်အသတ်ရှိသဖြင့် ဘဝမှာရင်ဆိုင်ရသည့် အခက်အခဲများကို ဖြေရှင်းရန် မတတ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအရာမှာ နှုတ်ဖျား အပြောမျှသာဖြစ်ပြီး မိမိ၏ နေ့စဉ်အသက်တာတွင်မူ ဘုရားသခင်အား ဖိတ်ခေါ်ခြင်း မပြုနိုင်ချေ။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်က ဘုရားသခင်ဖြစ်ပြီး၊ ဘဝက ဘဝဖြစ်ကာ၊ ကိုယ့်အသက်တာတွင် ဘုရားသခင်နှင့် ပတ်သက် ဆက်နွယ်မှုမရှိသော အရာမျိုးဖြစ်သည်။ ထိုအရာသည် လူသားအားလုံး ယုံကြည်နေကြသည့် အရာဖြစ်၏။ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းမျိုးသည် လူကို လက်တွေ့ဘဝတွင် သူ့အားဖြင့် အဘယ်အကျိုးမျှ ရှိစေမည်မဟုတ်၊ စုံလင်စေမည်လည်း မဟုတ်ပေ။ အမှန်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မပြည့်စုံသောကြောင့် မဟုတ်ဘဲ၊ သူ၏နှုတ်ကပတ်တော်ကို ခံယူဖို့ရန် လူ၏ စွမ်းဆောင်နိုင်မှုသည် သာမန်ရိုးရိုးအားဖြင့် မလုံလောက်သောကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း အဘယ်သူမျှနီးပါး မလုပ်နိုင်ဟုဆိုနိုင်၏။ မှန်ပေသည်၊ သူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့၏ ရည်ရွယ်ချက်များ၊ ဘာသာရေး ထင်မြင်ယူဆချက်များ၊ ဓလေ့ထုံးစံများနှင့်အညီ တည်ဆောက်သည်။ လူအနည်းငယ်ကသာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ခံယူခြင်းနှင့် သူ့အလိုနှင့်အညီ စတင်အသက်ရှင်ခြင်း တည်းဟူသော ပြောင်းလဲခြင်းသို့ လျှောက်လှမ်းသည်။ အမှန်ဆိုလျှင် သူတို့သည် မိမိတို့ ယုံကြည်ခြင်း အမှားများကို မရမနေစွဲကိုင်ကြ၏။ လူသည် ဘုရားသခင်ကို ယုံကြည်လာသည့် အချိန်တွင် ဘာသာရေးဓလေ့ ထုံးတမ်းစဉ်လာ စည်းမျဉ်း စည်းကမ်းများကို အခြေခံပြီး သူ၏ ကိုယ်ပိုင် ဘဝဒဿနများ အပေါ် လုံးလုံးလျားလျား အခြေခံကာ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံနေထိုင်သည်။ ဤသည်မှာ လူဆယ်ဦးတွင် ကိုးဦး၌ ဖြစ်လေ့ရှိသော အရာပင်ဖြစ်သည်။ လူအနည်းငယ်သာလျှင် ဘုရားသခင်ကို ယုံကြည်ပြီးခါစ နောက်ပိုင်းတွင် အခြားသော အကြံအစည်ကို ဖန်တီးပြီး ပုံစံအသစ်သို့ ကူးပြောင်းကြသည်။ မည်သူကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်အား သမ္မာတရား အဖြစ် မထင်မမှတ်၊ လက်တွေ့မကျင့်သုံးကြပါ။

ယေရှု၌ ယုံကြည်ခြင်းအား ပုံဥပမာအနေနှင့် ယူကြည့်ပါ။ လူတစ်ဦးသည် ယုံကြည်ခြင်း၌ နုနယ်သည် ဖြစ်စေ၊ သို့မဟုတ်၊ ယုံကြည်သည့်ကာလ ကြာမြင့်ပြီးဖြစ်စေ မိမိတို့မှာရှိသည့် ပါရမီများကို အသုံးချသည့် အပြင် မိမိတို့ပိုင်ဆိုင်သည့် ပင်ကိုယ်ကျွမ်းကျင်မှု ရှိသမျှကို ထင်ရှားစေပါသည်။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည့် စကားလုံးသုံးလုံးအား ၎င်းတို့၏ ပုံမှန်အသက်တာထဲတွင် အသုံးပြုတတ်ကြ သော်လည်း မိမိတို့ပင်ကိုယ်စရိုက် ပြောင်းလဲခြင်းမရှိ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌လည်း အနည်းငယ်မျှပင် မကြီးထွားကြ။ လူ့ကြိုးစားအားထုတ်မှုသည် အပူမဟုတ်၊ အအေးမဟုတ်။ သူသည် မယုံကြည်ဘူးဟု မပြောသော်လည်း၊ ဘုရားသခင်အား လုံးလုံးလျားလျား ဆက်ကပ်ခြင်းလည်း မပြုပေ။ ဘယ်သောအခါမျှ ဘုရားသခင်အား အမှန်တကယ်မချစ်၊ နာခံမှုလည်း လုံးဝမရှိပါ။ သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အစစ်အမှန်ဖြစ်သလို ဟန်ဆောင်မှုလည်းဖြစ်သေးကာ၊ အကန်းမျက်စိဖွင့်ပြီး ယုံကြည်မှုကို လက်တွေ့ ကျင့်သုံးခြင်း၌ ဇွဲလုံ့လဝီရိယ မရှိချေ။ ထိုသို့သော မသဲမကွဲသည့် အခြေအနေနှင့်သာ ဘဝကိုအစပြုလျက် ၎င်းသေဆုံးချိန်ထိ ဆက်နေသည်။ ဤကဲ့သို့အရာတွင် မည်သည့်အဓိပ္ပါယ် ရှိမည်နည်း။ ယနေ့မှာဘဲ၊ လက်တွေ့ကျသော ဘုရားသခင်ကို သင်သည် ယုံကြည်သောကြောင့် လမ်းကြောင်းမှန်ကို ခင်းရမည်။ ဘုရားသခင်ကို ယုံကြည်သည်နှင့်အညီ ကောင်းချီးမင်္ဂလာများသာ မရှာသင့်၊ ဘုရားသခင်ကို ချစ်ခြင်းနှင့် သိကျွမ်းခြင်းကိုသာ သင်သည် ရှာဖွေသင့်သည်။ ဘုရားသခင်၏ ဖွင့်ပြခြင်းနှင့်အတူ သင်၏ ကြိုးစား အားထုတ်မှုဖြင့် နှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး စစ်မှန်သော ဘုရားသခင်ကို နားလည်ခြင်း၌ ကြီးထွားမည်ဖြစ်၍ သင့်နှလုံးထဲမှလာသော ဘုရားသခင်ကို ချစ်ခြင်းအစစ်အမှန်လည်း ရှိလာမည်။ တစ်နည်း ဆိုလျှင်၊ ဘုရားသခင်ကို ချစ်ခြင်းအရာတွင် အဘယ်သူမျှ မဖျက်ဆီးနိုင်၊ မတားဆီးနိုင်သည့် စစ်မှန်သော ချစ်ခြင်းမျိုး ဖြစ်သည်။ သို့ပြုလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းတည်းဟူသော လမ်းမှန်၌ ရပ်တည်နေသည်။ ထိုအရာက သင့်ကို ဘုရားသခင် ပိုင်ဆိုင်သောသူဖြစ်ကြောင်း သက်သေပြသည်။ ဘုရားသခင်က သင့်နှလုံးကို နေရာယူပြီး ဖြစ်သည့်အတွက် အခြားသောအရာများက သင့်ကို မပိုင်ဆိုင်နိုင် သောကြောင့်ဖြစ်သည်။ သင်၏ အတွေ့အကြုံကြောင့်၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခနှင့် ဘုရားသခင်၏ လုပ်ဆောင်ပေးမှုကြောင့် ဘုရားသခင်အား အလိုအလျောက် ချစ်ခြင်းအရာကို ကြီးထွားအောင် လုပ်ဆောင် လာနိုင်သည်။ သို့ဖြစ်၍ သင်သည် စာတန်၏ လွမ်းမိုးမှုနှင့် ကင်းလွတ်လျက် ဘုရားသခင် နှုတ်ကပတ်တော် အလင်းထဲ၌ အသက်ရှင်လာသည်။ အမှောင်လွမ်းမိုးမှုမှ ချိုးဖောက် လွတ်မြောက်ပြီးမှ သာလျှင် ဘုရားသခင် ၏ နှုတ်ကပတ်တော်ထဲ၌ သက်ရှင်သွားလာသူအဖြစ် ယူဆနိုင်ပေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ထိုအရာကို သင်ရှာဖွေသည့် ပန်းတိုင်ဖြစ်ရမည်။ ဤအရာသည် သင်တို့အသီးသီး၏ တာဝန်ဝတ္တရား ဖြစ်၏။ မိမိဘာသာ အားရကျေနပ်သောသူ တစ်ဦးမျှ မဖြစ်သင့်ပေ။ ဘုရားသခင်၏ အမှုတွင် စိတ်နှစ်ခွရှိခြင်း သို့မဟုတ် ပေါ့ပေါ့တန်တန် ခံယူခြင်းကို သင်တို့မစဉ်းစားသင့်ပါ။ ရိုသေလေးစားမှု အပြည့်နှင့် အချိန်တိုင်း၌ ဘုရားသခင်ကို အမှုထား၍ သူ၏နာမအတွက် အရာရာအားလုံးကို သင်တို့ လုပ်ဆောင်သင့်သည်။ ဘုရားသခင်၏ အိမ်တော်အကျိုးကို ထောက်၍ စကားပြောခြင်း၊ အရာရာလုပ်ဆောင်ခြင်းများကို သင်တို့ ပြုသင့်ပါသည်။ ဤအရာသာလျှင် ဘုရားသခင်၏ အလိုနှင့် ညီပါသည်။

ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လူ၏ အကြီးဆုံးသော အမှားအယွင်းမှာ စကားအားဖြင့်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ တကယ့် လက်တွေ့အသက်တာတွင် ဘုရားသခင် လုံးဝမပါရှိခြင်း ဖြစ်သည်။ အကယ်စင်စစ်၊ ဘုရားသခင် တည်ရှိကြောင်းကို လူသားအားလုံးက ယုံကြည်သော်လည်း သူတို့၏ နေ့စဉ် အသက်တာတွင်မူ ဘုရားသခင်လုံးဝမရှိ။ ဘုရားသခင်ထံ တောင်းလျှောက်သည့် ဆုတောင်းချက် အမြောက် အများမှာ လူ့နှုတ်ဖျားက ထွက်လာခြင်း ဖြစ်သော်လည်း သူတို့စိတ်နှလုံး အထဲတွင် ဘုရားသခင်အတွက် နေရာအနည်းငယ်သာ ရှိသဖြင့် ဘုရားသခင်သည်လည်း လူကို ထပ်ခါထပ်ခါ စုံစမ်းနေရသည်။ လူသည် မစင်ကြယ်သည်နှင့်အမျှ၊ သူ့ကိုစုံစမ်းခြင်းမှလွဲ၍ အခြားနည်းလမ်း ဘုရားသခင်မှာမရှိ၊ သို့ဖြစ်မှသာ လူသည် ဘုရားသခင်၏ စမ်းသပ်ခြင်းအားဖြင့် မိမိကိုယ်ကို အရှက်ရပြီး၊ အသိတရား ရရှိလာကာ ဘုရားသခင်ထံ ချဉ်းကပ်လာမည် ဖြစ်သည်။ သို့မဟုတ်လျှင်၊ လူသည် ကောင်းကင်တမန်မင်း၏ သားသမီးများဖြစ်လာလျက် ပို၍ပို၍ အကျင့်ပျက်ဆီးယိုယွင်း လာပါလိမ့်မည်။ လူသည် ဘုရားသခင်ကို ယုံကြည်သည့်အချိန်တွင် အဆက် မပြတ် ဘုရားသခင်အားဖြင့် ဆေးကြောခြင်း ခံသည်နည်းတူ မိမိစိတ်ခံယူချက်များ၊ ရည်ရွယ်ချက်များကို အကုန် စွန့်ပစ်ထားရပါသည်။ သို့မဟုတ်လျှင် ဘုရားသခင် အသုံးပြုနိုင်သူ အဘယ်သူမျှမရှိဘဲ၊ လူ၌ ဘုရားသခင် ပြုသင့်သည့်အရာကို ဘုရားသခင်က မပြုနိုင်ဘဲ ဖြစ်သွားပါမည်။ ဘုရားသခင်က လူကို ရှေ့ဦးစွာ ဆေးကြောပေးသည်။ ဤဆေးကြောခြင်း လမ်းစဉ်တွင် လူသည်မိမိကိုယ်ကို အသိတရားရရှိလာပြီး သူ့ကို ဘုရားသခင်က ပြောင်းလဲပေးပါလိမ့်မည်။ ဤအမှုပြီးစီးမှ လူအထဲတွင် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်ခြင်း ပြုလာပြီး ထိုနည်းလမ်းအားဖြင့်သာလျှင် လူ၏နှလုံးသည်လည်း သခင်ဘုရားသခင်ထံသို့ လုံးလုံးလျားလျား ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အား ယုံကြည်ခြင်း ဆိုသည်မှာ လူများ ပြောကြသလောက် ရိုးရှင်းပြီး လွယ်ကူသည် မဟုတ်ပါ။ ဘုရားသခင်၏ အမြင်အတိုင်းဆိုလျှင် သင်၌ ပညာအသိတရားသာရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်သဖွယ်မရရှိ၊ သမ္မာတရားကို လက်တွေ့မကျင့်သုံးဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်၊ မိမိအသိတရား အကန့် အသတ် ဘောင်ထဲ၌သာ နေပါက၊ ၎င်းသည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနှလုံးသား သင်၌ မရှိသေးကြောင်းကို သက်သေပြနေဆဲဖြစ်ပြီး သင့်နှလုံးသားသည် ဘုရားသခင် မပိုင်ဆိုင်ကြောင်းကို လည်း ထင်ရှားစေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကိုသိကျွမ်းခြင်းသည် လူသား ရှာဖွေရမည့် နောက်ဆုံးပန်းတိုင်ဖြစ်သည်။ ဘုရားသခင်၏ စကားများအတိုင်း အသက်ရှင်ရေးအလို့ငှါ ဆက်ကပ် ကြိုးစား ရမည်ဖြစ်ပြီး သို့မှသာလျှင် သင့်အသက်တာတွင် ဘုရားသခင်၏ စကားများ ထင်ရှားလာပါမည်။ သြဝါဒ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် ဗလာနတ္တိ ဖြစ်သွားလိမ့်မည်။ သူ၏ စကားများကို လက်တွေ့ကျင့်သုံးမှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ အလိုနှင့်ညီသော ယုံကြည်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။ ဤအချက်တွင် လူများစွာက အသိပညာ ဗဟုသုတဆိုင်ရာ စကားများစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့ သေသည့်အချိန် ရောက်သောအခါ အရွယ်အိုသည်ထိ အလဟာသ အချိန်ဖြုန်းခဲ့သည့် မိမိတို့၏ အသက်တာကြောင့် မျက်ရည်မျက်ခွက် အပြည့်နှင့် ယူကျုံးမရ၊ ကိုယ့်ကိုကိုယ် မုန်းနေစမြဲပင် ဖြစ်သည်။ သူတို့သည် သဘောပေါက်မှုသာရှိခဲ့ပြီး ဘုရားသခင် ဘုန်းထင်ရှားဖို့ အခွင့်အရေး မရှိခဲ့ကြပေ။ သူတို့သည် ရေကုန်ရေခန်း ဘဝတိုက်ပွဲဝင်သူများ၊ ခေါက်တုံ့ခေါက်ပြန် ဘဝခရီး နှင်သူများ ဖြစ်ကြသည်။ သို့သော် သူတို့၏ နောက်ဆုံးသေသည့်အချိန် ရောက်လျှင် နှလုံးသားထဲက ဝမ်းနည်းခြင်း ရှိကြသည်။ သေအံ့ဆဲဆဲအချိန်တွင် မိမိတို့အသိတရားထဲ၌ ဘဝ၏အဓိပ္ပါယ် သိရှိ နားလည်မှု ရှိလာသည်။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်ပါလား။ အချိန်ကောင်းကို လက်မလွှတ်တမ်း အသုံးမချဘဲ သင်ချစ်မြတ်နိုးသော သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေဘဲနေသနည်း။ မနက်ဖြန်ကို အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရား အတွက် အနစ်နာမခံရလျှင် သို့မဟုတ် သမ္မာတရား အကျိုးအမြတ်ကို မရှာဖွေလျှင်၊ သေခါနီး အချိန်တွင် နောင်တစိတ်နှင့် ကင်းလွတ် လိမ့်မည်ဟု ထင်ပါသလား။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။ အကယ် စင်စစ်၊ လူက အနည်းငယ် အားစိုက်၍ ဆက်ကပ်မှု ရှိလျှင် ဘုရားသခင်ကို ကျေနပ်စေနိုင်သည့်အရာ၊ သမ္မာတရားအား လက်တွေ့ကျင့်သုံးနိုင်သည့် အရာများ ရှိပေ၏။ လူ့စိတ်နှလုံးသည် အစဉ်မပြတ် နတ်ဆိုးများ ဖိစီးနှိပ်စက် နေသောကြောင့် ဘုရားသခင်အတွက် လူသည် မလုပ်မဆောင်နိုင်ခြင်း ဖြစ်သည်။ နောက်ဆုံး အကျိုးအမြတ် ဘာမျှ မဖြစ်စေသော ဇာတိပကတိအတွက် မနားမနေ ခရီးနှင်တော့သည်။ ဤအကြောင်းများ ကြောင့် လူ၌ ဒုက္ခများ၊ ဝေဒနာများနှင့် အမြဲတွေ့ကြုံနေရခြင်း ဖြစ်၏။ ၎င်းသည် စာတန်၏ ညှဉ်းဆဲခြင်းပင် မဟုတ်ပေလော။ ဇာတိပကတိ၏ ယိုယွင်းပျက်စီးခြင်းလည်း မဟုတ်ပေလော။ ဘုရားသခင်အား နှုတ်ခမ်း အပြောသက်သက်နှင့် အစေခံခြင်းဖြင့် အပြောင်အပြက် မလုပ်သင့်ပါ။ လက်ဆုပ်လက်ကိုင် ပြနိုင်သော လုပ်ဆောင်မှုကို သင်သည်လုပ်ရမည်။ မိမိကိုယ်ကို မလှည့်စားပါနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏ ဇာတိပကတိအတွက် အသက်ရှင်ခြင်း၌လည်းကောင်း၊ ကျော်ကြားမှုနှင့် အခွင့်လမ်း ကောင်းအတွက်လည်းကောင်း ပင်ပင်ပန်းပန်း ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် သင်သည် အဘယ်မည်သော အကျိုးအမြတ် ရရှိနိုင်သနည်း။

ယခင်က:လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းပါသလား

နောက်တစ်ခုသို့:ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြာဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်

သင်နှစ်သက်နိုင်သည့် အရာများ