၁၄၀ မကြာခင် အတူတူ ရှိဖို့ ကျွန်ုပ် မျှော်လင့်စောင့်စားသည်
၁ စာတစ်စောင်၊ အချိန်ကာလတစ်ခု ကုန်လွန်၊ ကျွန်ုပ်မျက်လုံးများ မျက်ရည်များဖြင့် စိုသည်။ အရင်တုန်းက ကျွန်ုပ်တို့၏တာဝန်ကို အတူ ဆောင်ရွက်ခဲ့ကြပြီး၊ နေ့နေ့ ညည အတူရှိခဲ့ကြသည်။ အခြားသူများအပေါ် ကျွန်ုပ် လွှမ်းမိုးချင်ခဲ့သောကြောင့်၊ ကျွန်ုပ် စကားပြောသည့်အခါ အမြဲပဲ ကြွားဝါခဲ့သည်။ သင်၏ ခံစားချက်များကို ကျွန်ုပ် အလေးမထားခဲ့ဘဲ၊ သင်၏ အကြံပြုချက်များကို ကျွန်ုပ် လက်ခံရန် ငြင်းပယ်ခဲ့သည်။ မကြာခဏဆိုသလို ကျွန်ုပ်သည် ယုတ္တယုတ္တိမတန်ခဲ့ဘဲ၊ ထင်ရာစိုင်းခဲ့၊ အပြစ်များစွာ ကျွန်ုပ် ကျူးလွန်ခဲ့သည်၊ ကျွန်ုပ် ညီအစ်ကို မောင်နှမများကို ကျွန်ုပ် နာကျင်စေခဲ့ပြီး၊ ကျွန်ုပ်တို့၏ တာဝန်များကို အတားအဆီးများ ဖြစ်စေခဲ့သည်။ ကျွန်ုပ် ခုတစ်လော အခြေအနေ ဘယ်လိုရှိလဲဟု မေးသည့် သင်၏ စာကို ယနေ့ ရရှိရာတွင်၊ ဘုရားသခင်ကို ကျွန်ုပ် ပို၍ပင် အကြွေးတင်ရှိသည်ဟု ခံစားရပြီး၊ လူသားတစ်ဦးကဲ့သို့ ကျွန်ုပ် အသက်မရှင်ခဲ့သည်ကို ကျွန်ုပ် မုန်းမိသည်။
၂ ဘုရားသခင်၏ အိမ်တော်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားတို့က ကျွန်ုပ်တို့ကို ရေလောင်းပြီး၊ ထောက်ပံ့ပေးသည်။ ကျွန်ုပ်တို့သည် မလိုမုန်းထားမှုများနှင့် နားလည်မှုလွဲခြင်းများ ရှိတတ်ကြသည်၊ ယခုတွင် ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် လွင့်ပြယ်သွားသည်။ ကျွန်ုပ်၏ လတ်တလော အတွေ့အကြုံများအပေါ် ပြန်စဉ်းစားကြည့်ရင်းဖြင့်၊ အကျိုးကျေးဇူးအချို့ကို ကျွန်ုပ် ရရှိပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ကြုံခြင်းအားဖြင့်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရသည်။ ကျွန်ုပ်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် ဘုရားသခင်ကို ကျွန်ုပ်တို့ ဆန့်ကျင်ခြင်းကြောင့် ဖြစ်သည့် ဆိုးကျိုးဖြစ်သည်ကို ကျွန်ုပ် နားလည်ရသည်။ သူ့နှုတ်ကပတ်တော်များမှ၊ ဘုရားသခင်သည် နှိမ့်ချပြီး ကွယ်ဝှက်ကာ၊ အလွန်ချစ်စရာကောင်းသည်ကို ကျွန်ုပ် မြင်ရသည်။ ဘုရားသခင်၏ စိတ်သဘောထား လှပပြီး ကောင်းမြတ်သည်ကို ကျွန်ုပ် သိသောအခါမှသာ၊ သမ္မာတရားကို ကျွန်ုပ် စတင်လက်တွေ့လုပ်ဆောင်သည်၊ ကျွန်ုပ်၏ လူသားသဘာဝနှင့် ဆင်ခြင်တုံတရား အသိသည် ပုံမှန်ပြန်ဖြစ်လာပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ကျွန်ုပ် ပို၍ပင် ကျေးဇူးတင်မိသည်။
၃ စီစီပီသည် ရက်စက်သော ဖိနှိပ်ခြင်းနှင့် နှိပ်စက်ညှင်းပန်းခြင်းတွင် ပါဝင်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသည့် လူတို့ကို ကသုတ်ကရက် ဖမ်းဆီးသည်။ ခုတစ်လော သင် အခြေအနေဘယ်လိုလဲ၊ ပြီးတော့ ယခု သင် အန္တရာယ်ကင်းပါသလား။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရန်နှင့် သမ္မာတရားကို ရရှိဖို့ အခွင့်အရေး ဖြစ်သည့်အတွက် သင်၏ တာဝန်ကို ဆောင်ရွက်သည့်အခါ အမြဲ ဂရုစိုက်ပြီး၊ ဘုရားသခင်ကို အားကိုးကာ ဘုရားသခင်ထံ ပို၍ ဆုတောင်းပါ။ ဘုရားသခင် စီစဉ်သမျှသည် ကောင်းမြတ်သည်၊ ဘုရားသခင်ကို ကျေးဇူးတင်ရှိပြီး ချီးမွမ်းကြပါစို့။ အောင်မြင်သောသူ အုပ်စုတစ်စုကို ဘုရားသခင် ဖန်တီးခဲ့ပြီး၊ သူ၏ ကြီးမြတ်သော အမှု ပြီးစီးလေပြီ။ ဤအရေးကြီးသည့် အချိန်ကာလတွင်၊ နိုင်ငံတော် ဧဝံဂေလိတရားအဖို့ ကျွန်ုပ်တို့ မိမိကိုယ်ကိုယ် ဆက်ကပ်အပ်နှံသင့်ပြီး၊ ကျွန်ုပ်တို့ အတူတကွ ရှိကြသည့်နေ့ရက်၊ ဘုရားသခင် ဘုန်းကျက်သရေ ရရှိသည့်နေ့ရက်၊ ကျွန်ုပ်တို့၏ အတွေ့အကြုံများနှင့် သက်သေခံချက်များကို အသီးသီး ဝေမျှနိုင်သည့်အချိန်ကို မျှော်လင့်စောင့်စား သင့်ကြသည်။