အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၆၁ လက်များကို ထွန်ကိုင်းပေါ်ထားလျက် မျှော်လင့်စောင့်စားသည်

ပြတင်းအပြင်တွင် မိုးများက တပေါက်ပေါက်ကျနေပြီး မြေပြင်ပေါ် တဖွဲဖွဲရွာနေသည်။

မိုးပေါက်များ၏ အသံများနှင့်အတူ အိမ်နှင့်ဆိုင်သော ကျွန်ုပ်၏အတွေးများ စိတ်ထဲ ပေါ်လာသည်။

ဤနှစ်များတစ်လျှောက် ကျွန်ုပ် ပြေးလွှားနေခဲ့ရသည်၊ ကျွန်ုပ်၏ မိသားစု အဆင်ပြေကြပါသလား။

ကျွန်ုပ် မိခင်နှင့် ဖခင်တို့သည် ဆံပင်ဖြူ ပိုများ လာကြပြီလား။

ကျွန်ုပ်၏ ကလေး လိမ္မာပါသလား၊ သူ ယခု အရပ်မည်မျှ ရှည်ပြီနည်း။

ကျွန်ုပ် အလွန်ဖုန်းခေါ်ချင်ပြီး သူတို့နှင့် စကားပြောချင်မိသည်။

သို့သော် စီစီပီအစိုးရက ဖုန်းများကို ထောက်လှမ်းပြီး၊ အချိန်မရွေး ဖမ်းဆီးမှု ပြုနိုင်သည်။

သူတို့ကို ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် တွေးရုံသာ ကျွန်ုပ် တတ်နိုင်သည်။

ကျွန်ုပ်၏ နာကျင်မှုတွင် ဘုရားသခင်ထံ ကျွန်ုပ် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူသားမျိုးနွယ်အတွက် ဂရုစိုက်မှုကို ကျွန်ုပ် မြင်ရသည်။

လူသားမျိုးနွယ်ကို ကယ်တင်ဖို့၊ နှုတ်ကပတ်တော်များကို မိန့်မြွက်ဖို့ လူ့ဇာတိဖြစ်လာရန် မိမိကိုယ်ကိုယ် သူ နှိမ့်ချခဲ့သည်။

ကြီးမားသော အရှက်ရခြင်းများကို သူ သည်းခံခဲ့ပြီး၊ ကျွန်ုပ်တို့နှင့်အတူ ဆင်းရဲဒုက္ခများကို သူ ဖြတ်သန်းသည်။

ကျွန်ုပ်တို့၏ ပုန်ကန်မှုဖြစ်စေကာမူ၊ ကျွန်ုပ်တို့ကို ဝီရိယရှိရှိ သူ ကျွေးမွေးပြီး ရေလောင်းပေးသည်။

ကျွန်ုပ်တို့ အသက်တာများတွင် မကြာမီ ကြီးထွားရင့်ကျက် လာဖို့ သူ မျှော်လင့်သည်။

လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ဘုရားသခင်၏ အုပ်စိုးမှုနှင့် စီမံခန့်ခွဲမှုများသည် ယုံကြည်ကိုးစားထိုက်ပြီး၊ ဖြောင့်မတ်သည်။

အရာရာသည် ဘုရားသခင်၏ လက်တွင် ရှိသည်၊ လက်လွှတ်မရနိုင်သည့်အရာ ဘာမျှမရှိ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်၏ လက်များတွင် ကိုင်စွဲရင်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် တွေးမိသည်။

ကျွန်ုပ် လှမ်းသည့် ခြေလှမ်းတိုင်း ကျွန်ုပ်ကို ရှေ့သို့ ဦးဆောင်ရင်း ကျွန်ုပ်၏ လက်များကို ကိုယ်တော် ကိုင်စွဲသည်။

ကျွန်ုပ်၏ ဝိညာဉ်အသက်တာ နုနယ်ချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို နှစ်သိမ့်ပြီး ခွန်အားပေးသည်။

ကျွန်ုပ် အားနည်းသည့်အခါ ၎င်းတို့က ကျွန်ုပ်ကို ဉာဏ်အလင်းပေးခြင်းနှင့် သမ္မာတရား၏ အထောက်အပံ့ကို ပေးသည်။

ကျွန်ုပ် မာနထောင်လွှားနေချိန်တွင် ဘုရားသခင် ကျွန်ုပ်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသည်၊ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပြီး ရိုက်နှက်သည်။

စမ်းသပ်မှုများ ကျွန်ုပ်အပေါ် ကျရောက်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ဆက်လက်ကြံ့ကြံ့ခိုင်စေပြီး ခိုင်ခိုင်မာမာ ရပ်တည်ရန် ကူညီသည်။

အမှုအရာစီတိုင်း၊ အချိန်တိုင်း ကျွန်ုပ် ကြီးထွားသည်၊

နောက်ကွယ်တွင် ကွယ်ဝှက်သည်မှာ ကျွန်ုပ်အတွက် ဘုရားသခင် ပေးခဲ့သည့် ချစ်ခြင်းမေတ္တာနှင့် အဖိုးအခဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် တွေးဆရင်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်ုပ် တို့ထိခံရ။

လူ့နှလုံးသားများကို နိုးထစေဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တရားစီရင်ပြီး၊ ပြစ်တင်ဆုံးမသည်။

ကျွန်ုပ်တို၏ နောင်တရခြင်းနှင့် ပြောင်းလဲခြင်း တို့အတွက် စောင့်ဆိုင်းရင်း၊ ကျွန်ုပ်တို့ကို စိတ်ရှည်သည်းခံစွာ သူ ဆုံးမသည်။

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ကြင်နာသော အားထုတ်မှုကို မည်သည့်အချိန်တွင် ကျွန်ုပ်တို့ နားလည်မည်နည်း။

ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်။

သမ္မာတရားကို ရရှိဖို့ ဒုက္ခဆင်းရဲခံစားခြင်းက ထိုသို့သော ကြီးမြတ်သည့် အဓိပ္ပါယ်ရှိသည်။

ကျွန်ုပ်အတွက် ဘုရားသခင်ကို နောက်ထပ် မပူပန်စေချင်တော့ပါ။

ဇာတိပကတိ၏ အရှုပ်အယှက်များအားလုံးကို ကျွန်ုပ် လက်လွှတ်ပြီး ဘုရားသခင်ကို သက်သေခံမည်။

ဘုရားနိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ မိမိကိုယ်ကိုယ် ကျွန်ုပ် ဆက်ကပ်ပါမည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်ပေးဆပ်မည်၊ ကိုယ်တော် ပေးခဲ့သည့် တန်ဖိုးကြီးသည့် အဖိုးအခနှင့် လျော်ညီအောင် နေပါမည်။

ယခင်က:ကျွန်ုပ်နှလုံးသားထဲ ကိုယ်တော် ရှိသည်

နောက်တစ်ခုသို့:ခွဲခွာချိန်တစ်ခု

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ