အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၃၆ သူ၏ တရားစီရင်ခြင်း ကြုံရပြီးနောက်တွင် ဘုရားသခင်ကို ကျွန်ုပ် ပို၍ ချစ်သည်

၁ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များတစ်လျှောက်တွင် သမ္မာကျမ်းစာကို ကျွန်ုပ် မကြာခဏ ဖတ်ရှုသော်လည်း သမ္မာတရားကို ဘယ်သောအခါမျှ ကျွန်ုပ် နားမလည်ခဲ့။ အရာရာကို စွန့်ကာ အလုပ်ကြိုးစားလုပ်ဆောင်ခြင်းမှာ လူတစ်ဦးက ဘုရားသခင်ကို ချစ်ခြင်းဖြစ်သည်ဟု ကျွန်ုပ် တွေးထင်ခဲ့။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းမှတဆင့် ကျွန်ုပ်၏ ကိုယ်ပိုင် သူတော်ကောင်း ယောင်ဆောင်ခြင်းကို ကျွန်ုပ် နောက်ဆုံးတွင် တွေ့ခဲ့ရ။ ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရသည့် ကောင်းချီးမင်္ဂလာကို ရရှိဖို့သာ ကျွန်ုပ် အလုပ်လုပ်ကာ ဟောပြောခဲ့ပေ။ ကျွန်ုပ် မိမိကိုယ်ကိုယ် အပေါ်ယံ ဒုက္ခခံကာ အသုံးခံခဲ့သော်လည်း၊ ကျွန်ုပ်၏ ဆုလာဘ်များကို တိတ်တဆိတ် ကျွန်ုပ် ရေတွက်နေခဲ့။ စမ်းသပ်မှုများတစ်လျှောက် ညည်းညူခြင်းက ကျွန်ုပ်ကို တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်စရာအဖြစ် ဖော်ထုတ်ခဲ့ပေ။ ကျွန်ုပ် အလွန် ဖောက်ပြန်ပျက်စီးခဲ့သော်လည်း ဘုရားသခင်ကို ကျွန်ုပ် ချစ်သည်ဟု ယုံကြည်ခဲ့ကာ အရှက်မရှိခဲ့။ ရည်ရွယ်ချက်များနှင့် စိတ်ဆန္ဒများစွာဖြင့်၊ ဘုရားသခင်၏လက်ခံမှုကို ကျွန်ုပ် အဘယ်သို့ရနိုင်မည်နည်း။ သခင့်ကို ကျွန်ုပ် ယုံကြည်ခဲ့သည့် နှစ်များတစ်လျှောက်တွင် ဘုရားသခင်ကို ဘယ်သောအခါမျှ နည်းနည်းမျှ မသိခဲ့သည်ကို ကျွန်ုပ် နောက်ဆုံးတွင် မြင်ခဲ့ရ။ မိမိကိုယ်ကိုယ် ပျပ်ဝပ်ကာ အပြည့်အဝ ကျွန်ုပ် နောင်တရမိ၊ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းကို လက်ခံဖို့ ကျွန်ုပ် ဆန္ဒရှိပေ။

၂ ဘုရားသခင်၏ တရားစီရင်ခြင်းကို ကြုံရင်း၊ ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ကာ ပြစ်မှားမှု သည်းမခံသည်ကို ကျွန်ုပ် တွေ့ရပြီ။ အမြဲ အပြစ်ပြုကာ ဝန်ချရင်း၊ အပြစ်ထဲတွင် အသက်ရှင်နေဆဲ၊ ဘုရားသခင်၏ မျက်နှာတော်ကို ဖူးတွေ့ခြင်းငှာ ကျွန်ုပ် အဘယ်သို့ ထိုက်တန်မည်နည်း။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့က ကျွန်ုပ် ၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပေ၊ လူ့သဘာဝ အနည်းငယ် ကျွန်ုပ် ပိုင်ဆိုင်။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြင့် ကျွန်ုပ် ပြည့်ဝ၊ စစ်မှန်သော နောင်တမရှိဘဲ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ကျွန်ုပ် အိပ်မက်နေဆဲ။ ပြုပြင်ခံရကာ ကိုင်တွယ်ဖြေရှင်းခံရလျက်၊ ညှင်းဆဲမှု၊ အရှက်နှင့် အပြစ်ရှိခြင်းတို့ဖြင့် ကျွန်ုပ် ပြည့်လေ။ လွန်ကဲသော ဆန္ဒများကို လက်လွတ်ဖို့၊ သမ္မာတရားကို လိုက်စားကာ မိမိကိုယ်ကိုယ် အသစ်ဖြစ်စေဖို့ ကျွန်ုပ် စိတ်ဆန္ဒရှိ။ ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားရန်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ မည်သည့်နာကျင်မှုကိုမဆို ခံစားရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။ အဆင့်အတန်း သို့မဟုတ် ဆုလာဘ်များကို ကျွန်ုပ် မလိုချင်၊ ကျွန်ုပ်၏ စိတ်နှလုံး အနားယူနိုင်ရန် ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းဖို့သာ ကျွန်ုပ် တောင်းလျှောက်ပေ။ ဆင်းရဲဒုက္ခများ မည်မျှ ကြီးမားပါစေ၊ ကျွန်ုပ်၏ အသက်ကို ဆက်ကပ်ဖို့ပင် ဖြစ်ပါစေ၊ တကယ့်အဆုံးထိ ကျွန်ုပ် သစ္စာရှိမည်။ တရားစီရင်ခြင်းမှတဆင့်၊ ကျွန်ုပ် သန့်စင်ခံရ၊ ဘုရားသခင်ကို သာ၍ပင် ကျွန်ုပ် ချစ်မိပေ။

ယခင်က:သမ္မာတရား မည်မျှ အဖိုးတန်သည်ကို ကျွန်ုပ် မြင်ပြီ

နောက်တစ်ခုသို့:ယခု ကျွန်ုပ် နိုးထပြီ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ