အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၂၁ လူသည် သမ္မာကျမ်းစာကို ဘုရားသခင်ထက် ပိုမြင့်မြတ်သည်ဟု မြင်၏ကျူး

၁ လူများအနေဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုမှုသည် ယုံကြည်မှု ဆိုင်ရာ အစဉ်အလာနည်းလမ်း ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပါပြီ၊ သမ္မာကျမ်းစာကို စွန့်ပယ်မှုသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာကို စွန့်ပယ်မှုသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာ ကျမ်းစာအား ရှင်းလင်းဖေါ်ပြမှု ဖြစ်ရပါမည်။ ထိုအချက်ကို ထပ်ပြီးရှင်းပြ ရလျှင်၊ သင်က သခင်ကို ယုံကြည်ပါသည်ဟု ဆိုလျှင်၊ သင်သည် သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သင်သည် သမ္မာကျမ်းစာကို စားသုံး ရမည် ဖြစ်ပြီး သင်သည် သမ္မာကျမ်းစာ မဟုတ်လျှင် သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်အပ်ပါ။ သင်က ထိုသို့ ပြုလုပ်သည်ဆိုလျှင်၊ ဘုရားသခင်အား သစ္စာဖောက်မှု ဖြစ်ပါသည်။ သမ္မာကျမ်းစာ ရှိလာခဲ့သည့် ခေတ်ကာလမှ အစပြုလျက်၊ လူများ၏ သခင်အား ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့ပါသည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းပါမည်။ သူတို့သည် သမ္မာကျမ်းစာကို ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး သူတို့သည် သခင်ထံ ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာထံ ပြန်လာ ခဲ့ကြပြီဟု ပြောမည်ဆိုလျှင် ပိုကောင်းပါလိမ့်မည်။ ထိုကဲ့သို့သော နည်းဖြင့်၊ လူများ သည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ၎င်းကို ဆုံးရှုံး သွားလျှင် မိမိတို့၏ အသက်ကို ဆုံးရှုံးရမှုပင် ဖြစ်သည်ဟု ယူဆလျက် ကိုးကွယ်ကြပါသည်။

၂ လူအများအပြားတို့က သူတို့ မည်သည့်အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်ရမည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း၊ မသိရှိကြဘဲ သမ္မာကျမ်းစာ၏ ရေးသားချက်များကို အဓိပ္ပါယ် ဖွင့်ပေးနိုင်မည့် သဲလွန်စများကို မရမက ရှာကြံနေသည်မှ လွဲပြီး မည်သို့မှမလုပ်ကြပါ။ လူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လမ်းညွှန်ချက်ကို မည်သည့်အခါကမှ မလိုက်နာခဲ့ကြဘဲ၊ ထိုကာလ တစ်လျှောက်လုံးမှာ သူတို့ လုပ်ဆောင်ခဲ့ကြသည်က သမ္မာကျမ်းစာကို အရူးအမူး လေ့လာစူးစမ်းမှုမှလွဲပြီး မည်သို့မှ မရှိခဲ့ပါ၊ ထို့အပြင်၊ မည်သူမှာမှ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက် အသစ်ကို မည်သည့်အခါကမှ ရှာမတွေ့ခဲ့ပါ၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ခြင်း မလုပ်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ရဲခြင်းလည်း မရှိခဲ့ကြပါ။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု ခံယူထားကြပြီး၊ ၎င်းသည် ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု ယူဆသူများပင် ရှိကြပါသေးသည်။ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြသည့် တိုင်အောင်၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြပါသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာကို လက်လွတ်လိုက်ကြမည် သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းများနှင့်၊ နှုတ်ကပတ်များကို မေ့သွားကြပြီ ဆိုလျှင်မူ၊ သူတို့သည် သူတို့၏ အသက်များကို ဆုံးရှုံး လိုက်ရသည်နှင့် တူပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရား၏အမှုသစ်ကို လူတို့လက်ခံရာ၌ သမ္မာကျမ်းစာသည် အတားအဆီးတစ်ခု ဖြစ်လာလေပြီကျူး

နောက်တစ်ခုသို့:ဘုရားသခင်နှင့် သမ္မာကျမ်းစာ၊ အဘယ်အရာက ပိုကြီးမြတ်သနည်းကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ