အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှဂန္တဝင်နှုတ်ကပတ်တော်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၁။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ပတ်သက်သည့် ဂန္တဝင် နှုတ်ကပတ်တော်များ

(၁၁) ဘုရားသခင်နှင့် လူသား၏ဆက်ဆံရေးအကြောင်း နှုတ်ကပတ်တော်များ

၁၂၈။ ဘုရားသခင်၏စိတ်သဘောထားသည် လူတိုင်းအတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖုံးကွယ်ထားခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိကို လူများက သိရှိနိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း မရှိရမည်အကြောင်း မည်သည့်အခါမျှ တစ်စုံတစ်ဦးကို သိသိကြီးရှောင်ဖယ်ခြင်းမရှိသကဲ့သို့ မိမိကိုယ်ကို ဖုံးကွယ်ရန် မည်သည့်အခါမျှ သိသိကြီး မရှာကြံဖူးပေ။ ဘုရားသခင်၏စိတ်သဘောထားသည် အစဉ်အမြဲပွင့်လင်းပြီး လူသား တစ်ယောက်စီတိုင်းကို ပွင့်ပွင့်လင်းလင်း မျက်နှာမူလျက်နေသည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အတောအတွင်းတွင် ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်ပြီး လူသားတိုင်းကို မျက်နှာမူလျက်နေတော်မူ၏။ ထို့ပြင် သူ၏အမှုကို လူသားတိုင်းအပေါ်၌ လုပ်ဆောင်ခဲ့သည်။ ထိုအမှုကို သူလုပ်ဆောင်နေစဉ်တွင် သူ၏စိတ်သဘောထားကို အစဉ်မပြတ်ဖော်ပြနေပြီး အယောက်စီတိုင်းကို မစ၍ လမ်းပြဖို့ရန် သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို အစဉ်အမြဲအသုံးချလျက်နေတော်မူ၏။ ခေတ်တိုင်းနှင့် အဆင့်တိုင်းတွင် အခြေအနေများမှာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဘုရားသခင်၏စိတ်သဘောထားသည် တစ်ယောက်စီတိုင်းအတွက် အစဉ်အမြဲပွင့်လင်းမှုရှိပြီး သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည်လည်း အယောက်စီတိုင်းအတွက် အစဉ်အမြဲ ပွင့်လင်းမှုရှိတော်မူ၏။ ထိုနည်းတူစွာ ဘုရားသခင်၏အသက်သည်လည်း ရပ်တန့်ခြင်းအလျှင်းမရှိဘဲ လူသားတိုင်းကို ကြည့်ရှုစောင့်ရှောက်လျက် ကူညီဖေးမလျက်နေတော်မူ၏။ သို့သော်လည်း ဘုရားသခင်၏ စိတ်သဘောထားသည် လူတချို့အဖို့ ဖုံးကွယ်ခြင်းခံရသည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်၏အမှုတော်ထဲတွင် ရှင်သန်ပြီး ဘုရားသခင်နောက် လိုက်ကြသော်လည်း ဘုရားသခင်နှင့် သာ၍နီးစပ်ဖို့နေနေသာသာ ဘုရားသခင်ကို နားလည်သဘောပေါက်ရန် ကြိုးစားခြင်း သို့မဟုတ် ဘုရားသခင်ကိုသိရှိရန် လိုလားခြင်းတို့ မည်သည့်အခါမျှ မပြုခဲ့ကြပေ။ ထိုလူတို့အဖို့ ဘုရားသခင်၏စိတ်သဘောထားကို နားလည်ခြင်းသည် သူတို့၏အဆုံးသတ်ချိန်မှာ ရောက်လုနေပြီဖြစ်ကြောင်းကို ဆိုလိုသည်။ ထိုအရာက သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် တရားစီရင်ခံရမည့်ဆဲဆဲနှင့် စီရင်ချက်ချခံရမည့်ဆဲဆဲဖြစ်ကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ဤလူတို့သည် ဘုရားသခင်ကို နားလည်သဘောပေါက်ဖို့ သို့မဟုတ် သူ၏စိတ်သဘောထားကို နားလည်ဖို့ လိုလားသောစိတ် မည်သည့်အခါမျှ မရှိဖူးကြပေ။ ဘုရားသခင်၏အလိုတော်ကို သာ၍နက်ရှိုင်းစွာ သဘောပေါက်ရန် သို့မဟုတ် သိရှိရန် မည်သည့်အခါမျှ မတပ်မက်ကြပေ။ သူတို့သည် သတိရှိရှိ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်၏အလိုတော်ကို နားလည်ဖို့ မရည်ရွယ်ကြပေ။ သူတို့သည် အမြဲပျော်ရွှင်ပြီး သူတို့လုပ်ချင်သောအရာများကို လုပ်ဆောင်ရာတွင် မည်သည့်အခါမျှ မောပန်းခြင်းမရှိကြပေ။ သူတို့ယုံကြည်ချင်သော ဘုရားကို သူတို့ယုံကြည်ကြ၏။ သူတို့၏ စိတ်ကူးများ၌သာ တည်ရှိသည့် ဘုရား၊ သူတို့၏ အယူအဆများထဲ၌သာ တည်ရှိသည့် ဘုရားကို ယုံကြည်ကြပြီး သူတို့၏နေ့စဉ်အသက်တာထဲမှ ခွဲခြား၍မရသော ဘုရားကို ယုံကြည်ကြသည်။ စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်အတွက်ဆိုလျှင် သူတို့သည် လုံးဝအထင်အမြင်သေးပြီး သူ့ကိုနားလည်ဖို့ဆန္ဒမရှိ၊ သူ့ကိုဂရုမစိုက်၊ သူနှင့် သာ၍နီးစပ်လိုသော ရည်ရွယ်ချက် သာ၍မရှိကြပေ။ သူတို့သည် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကို ဂုဏ်တင်ဖို့နှင့် ပြရုပ်တင်ဖို့အတွက်သာ အသုံးပြုနေကြသည်။ သူတို့အတွက် ထိုသို့ပြုခြင်းသည် အောင်မြင်သောယုံကြည်သူများနှင့် သူတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်သောသူများ ဖြစ်စေပြီဟု ခံယူကြသည်။ သူတို့၏စိတ်နှလုံးထဲတွင် သူတို့သည် သူတို့၏စိတ်ကူးများ၊ သူတို့၏အယူအဆများနှင့် ဘုရားသခင်နှင့်စပ်လျဉ်း၍ သူတို့၏ကိုယ်ပိုင် ဖွင့်ဆိုချက်များဖြင့်ပင် လမ်းပြခြင်းခံရသည်။ သို့သော်ငြားလည်း စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ကမူ သူတို့နှင့် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိပေ။ အဘယ့်ကြောင့်ဆိုသော် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ကို သူတို့နားလည်ပြီး ဘုရားသခင်၏စိတ်သဘောထားအမှန်ကို နားလည်ကာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို နားလည်သည်နှင့် သူတို့၏လုပ်ဆောင်ချက်များ၊ သူတို့၏ယုံကြည်ခြင်းနှင့် သူတို့၏အားထုတ်မှုတို့သည် ရှုတ်ချခြင်းကိုခံရမည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့သည် ဘုရားသခင်၏အနှစ်သာရကို နားလည်ခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို သာ၍ ကောင်းမွန်စွာ နားလည်ဖို့ ဆုတောင်းခြင်းငှာလည်းကောင်း သို့မဟုတ် စိတ်အားထက်သန်စွာ ရှာဖွေခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏အလိုတော်ကို သာ၍ကောင်းမွန်စွာ သိရှိခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ကောင်းမွန်စွာ နားလည်ခြင်းငှာလည်းကောင်း မလိုလားခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို လုပ်ကြံဖန်တီးထားပြီး ဖော်ပြရန်ခက်ခဲကာ အနှစ်သာရမဲ့သော တစ်စုံတစ်ရာ ဖြစ်စေလိုကြသည်။ ဘုရားသခင်ကို သူတို့တွေးထင်ထားသည့်အတိုင်းနှင့် သူတို့ခေါ်တိုင်း သူတို့၏အလိုကျဆောင်ရွက် ပေးမည့်သူအဖြစ် ရှိစေလိုကြပြီး သူတို့အတွက် အမြဲမောပန်းနွမ်းနယ်ခြင်းမရှိဘဲ ဖြည့်ဆည်းပေးမည့်သူ ဖြစ်စေလိုကြသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို သူတို့ခံစားလိုသောအခါ ထိုကျေးဇူးတော်ဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သူတို့လိုချင်သောအခါ ထိုကောင်းချီးမင်္ဂလာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ အခက်အခဲကို ရင်ဆိုင်ကြသောအခါ သူတို့ကို ရဲဆေးတင်ပေးရန်နှင့် သူတို့ခြေချော်လက်ချော်ဖြစ်လျှင် ကယ်ပေးမည့်အားကိုးစရာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုတတ်ကြသည်။ ဤလူတို့၏ ဘုရားသခင်ကို သိရှိခြင်းသည် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာ ဘောင်အတွင်း၌သာ စွဲကပ်နေသည်။ ဘုရားသခင်အမှုတော်အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားအပေါ်၌လည်းကောင်း၊ ဘုရားသခင်အပေါ်၌လည်းကောင်း သူတို့၏ သဘောပေါက်နားလည်ခြင်းသည် သူတို့၏စိတ်ကူးများထဲတွင် ကန့်သတ်ထားခြင်းခံရပြီး စာလုံးများနှင့် အယူဝါဒမျှသာ ဖြစ်ပေသည်။ သို့ရာတွင် ဘုရားသခင်၏စိတ်သဘောထားကို နားလည်ဖို့ အလွန်စိတ်ထက်သန်သူများ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို အမှန်တကယ်တွေ့မြင်လိုသူများ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို စစ်မှန်စွာနားလည်လိုသော လူတချို့ရှိကြသည်။ ဤလူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ကယ်တင်ခြင်းတရား၏ စစ်မှန်မှုကို လိုက်လံစူးစမ်းပြီး ဘုရားသခင်၏သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို ရရှိရန် ရှာဖွေကြသည်။ ဤလူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုရန် သူတို့၏စိတ်နှလုံးကို အသုံးပြုပြီး သူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးသည့်အရာများ သို့မဟုတ် ဖြစ်ပျက်သမျှသောအရာများ၊ လူတိုင်းနှင့် အခြေအနေတိုင်းကို ကျေးဇူးတင်တတ်ရန် သူတို့၏စိတ်နှလုံးကို အသုံးပြုကြသည်။ ထို့ပြင် သူတို့သည် စိတ်ရင်းအမှန်နှင့် ဆုတောင်းလျက် ရှာဖွေစူးစမ်းကြသည်။ သူတို့အလိုချင်ဆုံးအရာမှာ ဘုရားသခင်၏အလိုတော်ကို သိရှိရန်နှင့် ဘုရားသခင်၏ စစ်မှန်သောစိတ်သဘောထား သို့မဟုတ် ဘုရားသခင်၏အနှစ်သာရကို သိရှိရန်ဖြစ်သည်။ ဤသို့ဖြင့် သူတို့သည် ဘုရားသခင်ကို နောက်ထပ်တစ်ခါ မပြစ်မှားတော့ဘဲ သူတို့၏အတွေ့အကြုံများအားဖြင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် သူ၏စစ်မှန်သည့်ဘက်ကို သာ၍မြင်တွေ့နိုင်ရန်ဖြစ်သည်။ စစ်မှန်သော ဘုရားသခင်သည် သူတို့၏စိတ်နှလုံးထဲတွင် တည်ရှိရန်နှင့် ဘုရားသခင်သည် သူတို့၏စိတ်နှလုံးထဲ၌ နေရာတစ်နေရာ ရှိရန်လည်းဖြစ်ပြီး သူတို့သည် နောက်ထပ်တစ်ခါ စိတ်ကူးများ၊ အယူအဆများ သို့မဟုတ် ဖော်ပြရန်ခက်ခဲမှုတို့ထဲတွင် မကျင်လည်ကြတော့ရန် ဖြစ်သည်။ ဤလူများအတွက် သူတို့၌ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အနှစ်သာရတို့ကို နားလည်ဖို့ရန်ဟူသည့် အပူတပြင်းဆန္ဒရှိကြခြင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် လူသားမျိုးနွယ်တို့၏ အတွေ့အကြုံများထဲ၌ အချိန်မရွေး လိုအပ်လာနိုင်သော အရာများဖြစ်ပြီး သူတို့၏ အသက်တာတစ်လျှောက်တွင် အသက်ကို ထောက်ပံ့ပေးနိုင်သော အရာများဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏စိတ်သဘောထားကို နားလည်သောအခါ ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ ရိုသေလေးမြတ်နိုင်ကြမည်ဖြစ်ပြီး ဘုရားသခင်၏အမှုတော်၌ သာ၍ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ကာ ဘုရားသခင်၏အလိုတော်ကို သာ၍အရေးထားနိုင်၍ သူတို့၏ တာဝန်ကို မိမိတို့အစွမ်းရှိသမျှ လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားအပေါ် သူတို့၏စိတ်နေသဘောထားနှင့်သက်ဆိုင်သည့် လူနှစ်မျိုးနှစ်စားဖြစ်သည်။ ပထမလူစားမှာ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန် မလိုလားပေ။ ဘုရားသခင်၏စိတ်သဘောထားကို သူတို့နားလည်လိုသည်၊ ဘုရားသခင်ကိုယ်တော်တိုင်ကို သူတို့သိရှိလိုသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို မြင်တွေ့လိုသည်၊ ဘုရားသခင်၏အလိုတော်ကို အမှန်တကယ်နားလည်လိုသည်ဟု သူတို့ပြောဆိုကြသော်လည်း အတွင်းထဲတွင်မူ ဘုရားသခင်မတည်ရှိစေရန် ပိုမိုလိုလားကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဤသို့သောလူမျိုးတို့သည် ဘုရားသခင်ကို အဆက်မပြတ် နာခံခြင်းမရှိဘဲ ပုန်ကန်သူများဖြစ်ကာ သူတို့၏စိတ်နှလုံးထဲမှ နေရာအတွက် ဘုရားသခင်ကို တိုက်ခိုက်ကြကာ ဘုရားသခင်၏တည်ရှိခြင်းကို မကြာခဏသံသယဝင်ခြင်း သို့မဟုတ် ငြင်းပင်ငြင်းပယ်ခြင်း တို့ကြောင့်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏စိတ်သဘောထား သို့မဟုတ် စစ်မှန်သည့် ဘုရားသခင် ကိုယ်တော်တိုင်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ နေရာယူရန် အခွင့်မပေးလိုကြပေ။ သူတို့သည် မိမိတို့၏ လိုအင်ဆန္ဒများ၊ စိတ်ကူးများနှင့် ရည်ရွယ်ချက်များကိုသာ ဖြည့်ဆည်းလိုကြသည်။ သို့ဖြစ်၍ ဤသို့သော လူတို့သည် ဘုရားကို ယုံကောင်းယုံမည်။ ဘုရားသခင်နောက် လိုက်ကောင်းလိုက်မည်။ ထို့ပြင် ဘုရားသခင်အတွက် သူတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်ကောင်းစွန့်လွှတ်လိမ့်မည်ဖြစ်သော်လည်း သူတို့၏ ဆိုးယုတ်သောလမ်းစဉ်ကို အဆုံးမသတ်လိုကြပေ။ အခြားသူများသည် မိမိတို့၏ရာထူးများကိုအသုံးပြုပြီး ထပ်တလဲလဲ သူတို့ကိုယ်သူတို့ သက်သေခံကာ မိမိတို့၏သြဇာအာဏာကို ချဲ့ကားပြီး လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်ကို ယှဉ်ပြိုင်နေစဉ်တွင် အချို့မှာ အလှူများကို ခိုးယူခြင်း သို့မဟုတ် ဖြုန်းတီးခြင်းပင်ပြုကြသည်၊ သို့တည်းမဟုတ် ဘုရားသခင်ကို တိတ်တဆိတ် ကျိန်ဆဲကြသည်။ သူတို့ကို လူများကိုးကွယ်လာစေရန် နည်းလမ်းအမျိုးမျိုးနှင့် စီမံချက်အမျိုးမျိုးကို အသုံးပြုကြသည်။ လူတို့ကို အစဉ်ဆက်မပြတ်သိမ်းသွင်းရန်နှင့် ထိန်းချူပ်ရန် အားထုတ်လျက်နေကြသည်။ လူအချို့သည် ဘုရားအဖြစ် ဆက်ဆံခြင်းခံရစိမ့်သောငှာ မိမိတို့မှာ ဘုရားဖြစ်သည်ဟု ထင်မှတ်ကြစေရန် လူတို့ကိုရည်ရွယ်ချက်ရှိရှိ လှည့်စားကြသည်။ သူတို့သည် ဖျက်ဆီးခြင်းခံခဲ့ရဖူးကြောင်း၊ သူတို့သည်လည်း ပျက်စီးယိုယွင်းပြီး မောက်မာသောသူများဖြစ်ကြောင်းကို မည်သည့်အခါမျှ ပြောမည်မဟုတ်ပေ၊ သူတို့ကို မကိုးကွယ်ဖို့လည်း ပြောမည်မဟုတ်သည့်အပြင် သူတို့မည်မျှကောင်းအောင်လုပ်သည်ဖြစ်စေ ယင်းတို့အားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်သည့်အပြင် သူတို့လုပ်ဆောင်သင့်သည့်အရာလည်း ဖြစ်သည်ဟု ပြောမည်မဟုတ်ပေ။ အဘယ့်ကြောင့် ထိုသူတို့သည် ထိုအရာများကို မပြောကြသနည်း။ အကြောင်းမှာ လူတို့၏စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို သူတို့ကြောက်ရွံ့စိုးရိမ်သောကြောင့်ဖြစ်သည်။ ဤအကြောင်းကြောင့် ထိုသို့သောလူတို့သည် ဘုရားသခင်ကို သဘောပေါက်နားလည်ရန် မည်သည့်အခါမျှ ကြိုးစားအားထုတ်မှုမရှိသည်နှင့်အညီ ဘုရားသခင်ကို မည်သည့်အခါမျှ မချီးမြှောက်၍ ဘုရားသခင်ကို မည်သည့်အခါမျှ သက်သေမခံခြင်းဖြစ်သည်။ ဘုရားသခင်ကို သဘောပေါက်နားလည်ခြင်းမရှိဘဲ သူတို့သည် ဘုရာသခင်ကို သိရှိနိုင်ကြမည်လော။ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် “ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်” ဟူသောစကားလုံးတို့သည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း ၎င်းတို့၏အနက်အဓိပ္ပာယ်ကား လူတိုင်းအတွက် ခြားနားနိုင်သည်။ ဘုရားသခင်ကို မကြာခဏမနာခံသောသူ၊ ဘုရားသခင်ကို ဆန့်ကျင်သောသူနှင့် ဘုရားသခင်အပေါ် ရန်လိုသောသူအဖို့ ၎င်းသည် ပြစ်တင်ရှုတ်ချခြင်းဟု ဆိုလိုသည်။ သမ္မာတရား၏ စစ်မှန်မှုကို လိုက်စားသောသူ၊ ဘုရားသခင်၏အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့တော်မှောက်သို့ မကြာခဏ လာသောသူအဖို့မူ ၎င်းသည် မုချပင် လွယ်ကူပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

၁၂၉။ ဘုရားသခင်က သူ့အိပ်ယာမှ ထလာသည့်အချိန်တွင် သူပထမဆုံး စဉ်းစားသောအရာက ဤသို့ဖြစ်သည်၊ သူနှင့်အတူနေထိုင်ရန်လူတစ်ယောက်၊ သူ၏ အမြဲတမ်းအဖော်ဖြစ်သော သက်ရှိလူစစ်မှန်သော သက်ရှိလူပုဂ္ဂိုလ်တစ်ယောက်ကို ဖန်ဆင်းရန်ဖြစ်သည်။ ဤလူသည် သူ့ကို နားထောင်နိုင်ပြီး ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချနိုင်ပြီး သူနှင့်စကား ပြောဆိုနိုင်သည်။ ထို့နောက်တွင် ပထမဆုံးအကြိမ် ဘုရားသခင်သည် မြေမှုန့်လက်တစ်ဆုပ်စာကိုယူပြီး သူစိတ်ကူးထားသည့်အတိုင်း ပထမဆုံးသော သက်ရှိလူသားတစ်ယောက်ကို ဖန်ဆင်းရန် အသုံးပြုလိုက်သည်၊ ထို့နောက်တွင် ဤသက်ရှိဖန်ဆင်းခံကို အာဒံဟူသော အမည်တစ်ခု ပေးလိုက်သည်။ အသက်ရှင်ပြီး အသက်ရှူသော ဤလူကို ဘုရားသခင်ရပြီးသည်နှင့် သူမည်သို့ ခံစားခဲ့ရသနည်း။ ပထမဆုံးအကြိမ် ချစ်ခင်သူတစ်ယောက်၊ အဖော်တစ်ယောက်ရှိခြင်း၏ ပျော်ရွှင်မှုကို သူခံစားခဲ့ရသည်။ ဖခင်ဖြစ်ရခြင်း၏ တာဝန်ဝတ္တရားနှင့် ၎င်းနှင့်အတူပါလာသော စိုးရိမ်မှုလည်း ခံစားခဲ့ရသည်။ အသက်ရှင်ပြီး အသက်ရှူသွင်းသော ဤလူသည် ဘုရားသခင်ကို ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်မှုကို ယူလာပေးခဲ့သည်၊ သူသည် ပထမဆုံးအကြိမ် စိတ်သက်သာရာရမှုကို ခံစားခဲ့ရသည်။ ဤသည်မှာ သူ၏အတွေးများ သို့မဟုတ် နှုတ်ကပတ်တော်များနှင့်ပင် ပြီးမြောက်စေခြင်းမဟုတ်ဘဲ သူ၏ကိုယ်ပိုင် လက်နှစ်ဘက်နှင့် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သော ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာဖြစ်သည်။ ဤသက်ရှိအမျိုးအစား၊ ကိုယ်ခန္ဓာပုံသဏ္ဌာန်နှင့်၊ အသွေးအသားနှင့်ပြုလုပ်ထားသော၊ ဘုရားသခင်နှင့် စကားပြောနိုင်သော အသက်ရှင်သော၊ အသက်ရှူသော လူတစ်ယောက်သည် ဘုရားသခင်ရှေ့၌ ရပ်သောအခါတွင် ဘုရားသခင်သည် သူယခင်က တစ်ခါမျှ မခံစားရဖူးသည့် ဝမ်းမြောက်မှုမျိုးကို တွေ့ကြုံခံစားခဲ့ရသည်။ သူ၏တာဝန်ဝတ္တရားတို့ကို အမှန်တကယ် ခံစားခဲ့ရပြီး ဤသက်ရှိသည် သူ၏နှလုံးသားကို ဆောင့်ဆွဲလိုက်ရုံမျှမကဘဲ သူ၏သေးငယ်သော လှုပ်ရှားမှုတိုင်းက သူ့ကို ထိတွေ့ခံစားစေပြီး သူ၏နှလုံးသားကို နွေးထွေးစေခဲ့သည်။ ထို့ကြောင့် ဤသက်ရှိသည် ဘုရားသခင်၏ရှေ့၌ ရပ်သောအခါတွင် ဤကဲ့သို့သောလူများ ထပ်မံရရှိအောင်လုပ်ရန် အတွေးကို ပထမဆုံးအကြိမ် သူရသွားသည်။ ဤသည်မှာ ဘုရားသခင်ဖြစ်ပေါ်ခဲ့သည့် ပထမဆုံးအတွေးနှင့် စတင်လာသည့် ဖြစ်ရပ်များပင်ဖြစ်သည်။ ဘုရားသခင်အတွက် ဤဖြစ်ရပ်အားလုံးသည် ပထမဆုံးအကြိမ်ဖြစ်ပေါ်ခြင်းပင်ဖြစ်သည်၊ သို့သော်လည်း ဤပထမဆုံးဖြစ်ရပ်များ၌ ထိုစဉ်က ဝမ်းမြောက်ခြင်း၊ တာဝန်ဝတ္တရား၊ စိုးရိမ်မှုများ စသဖြင့် သူမည်သို့ ခံစားနေခဲ့ရပါစေ၊ သူ့အတွက် ၎င်းတို့ကို ဝေမျှစရာ တစ်ယောက်မျှ မရှိခဲ့ချေ။ ထိုအချိန်မှစပြီး သူယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသော အထီးကျန်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို ဘုရားသခင်သည် အမှန်တကယ် ခံစားလိုက်ရသည်။ လူသားတို့သည် သူ၏ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်မှု၊ သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ရည်ရွယ်ချက်တို့ကို လက်မခံနိုင်၊ သို့မဟုတ် နားလည်သဘောမပေါက်နိုင်ဟု သူ ခံစားခဲ့ရသည်၊ ထို့ကြောင့် သူ့နှလုံးသားတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုကို ခံစားရဆဲပင်ဖြစ်သည်။ လူသားအတွက် ဤအရာများကို သူလုပ်ဆောင်ပေးခဲ့သော်လည်း လူသားသည် ၎င်းကို သတိမပြုမိဘဲ နားမလည်ခဲ့ချေ။ ပျော်ရွှင်ခြင်းကလွဲပြီး လူသားက သူ့ထံယူလာပေးသော ဝမ်းမြောက်မှုနှင့် စိတ်သက်သာရာရမှုသည် သူတို့နှင့်အတူ သူ၏ပထမဆုံးသော ဝမ်းနည်းခြင်းနှင့် အထီးကျန်ခြင်းခံစားမှုတို့ကို လျင်မြန်စွာ ယူလာသည်။ ၎င်းတို့သည် ယင်းအချိန်က ဘုရားသခင်၏ စိတ်ကူးများနှင့် ခံစားချက်များဖြစ်သည်။ ဘုရားသခင်က ဤအရာအားလုံးကို လုပ်ဆောင်နေခဲ့စဉ်တွင် သူ့နှလုံးသားဝယ် ဝမ်းမြောက်ခြင်းမှ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းမှ နာကျင်ခြင်းဆီသို့ ပြောင်းလဲသွားပြီး အားလုံးက စိုးရိမ်သောကများနှင့် ရောထွေးနေခဲ့သည်။ သူလုပ်လိုခဲ့သည်က ဤလူကို၊ ဤလူသားမျိုးနွယ်ကို သူ့နှလုံးသားထဲတွင် ရှိသည့်အရာကို သိစေရန်နှင့် သူ၏ရည်ရွယ်ချက်များကို သာ၍လျင်မြန်စွာ နားလည်ိစေရန် လျင်မြန်စွာလုပ်ဆောင်ရန်ပင် ဖြစ်သည်။ သို့ဆိုလျှင် ထိုသူတို့သည် သူ၏နောက်လိုက်များဖြစ်လာနိုင်ပြီး သူနှင့် လိုက်ဖက်ညီလာနိုင်သည်။ သူတို့သည် ဘုရားသခင်စကားပြောခြင်းကို နားထောင်ပြီး ဘာမှမပြောဘဲနှင့် နေမည် မဟုတ်တော့ချေ၊ ဘုရားသခင်ကို သူ၏အလုပ်တွင် မည်ကဲ့သို့ ပူးပေါင်းပါဝင်ရမည််ကို မသိခြင်း ဖြစ်မည် မဟုတ်တော့ချေ၊ ဤအချက်များ အားလုံးထက်ပို၍ပင် ဘုရားသခင်၏ သတ်မှတ်ချက်များကို စိတ်ဝင်စားမှုမရှိသောသူများ ဖြစ်မည် မဟုတ်တော့ချေ။ ဘုရားသခင် ပြီးဆုံးအောင်လုပ်ဆောင်ခဲ့သော ဤပထမဆုံးအရာများသည် အလွန်အဓိပ္ပာယ်ရှိပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ့်အတွက်နှင့် ယနေ့လူသားမျိုးနွယ်အတွက် ကြီးမားသော တန်ဖိုးရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၁၃၀။ ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

ဤကျမ်းပိုဒ်များမှ သင်တို့ မည်သည့်အရာကို ရလိုက်ကြသနည်း။ ကျမ်းစာ၏ ဤအပိုင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ “အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား” ကို မည်သည့်အတွက်ကြောင့် ကျမ်းစာထဲမှ ကောက်နုတ်ထားသနည်း။ ယခုတွင် သင်တို့တစ်ယောက်ချင်းစီသည် မိမိတို့၏စိတ်ထဲ၌ ဘုရားသခင်နှင့် အာဒံ၏ပုံစံကို မြင်သလော။ သင်တို့ ကြိုးစားစိတ်ကူးကြည့်နိုင်သည်။ သင်တို့သည် ထိုအဖြစ်အပျက်တွင် ပါဝင်နေပါက သင်တို့နှလုံးသားထဲမှ ဘုရားသခင်သည် မည်သည့်အရာနှင့် တူမည်နည်း။ ဤပုံသဏ္ဌာန်က သင်တို့ကို မည်သည့်စိတ်ခံစားမှုများကို ခံစားရစေမည်နည်း။ ဤသည်မှာ တို့ထိပြီး ကြည်နူးအားရဖွယ်ကောင်းသည့် ပုံတစ်ပုံဖြစ်သည်။ ထိုပုံတွင် ဘုရားသခင်နှင့် လူတို့သာ ပါရှိသော်လည်း၊ သူတို့အကြားမှ ရင်းနှီးကျွမ်းဝင်မှုသည် အလွန်မနာလိုစရာကောင်းသည်။ ဘုရားသခင်၏ များပြားလှသည့် ချစ်ခြင်းမေတ္တာကို လူသားကို အခမဲ့ပေးအပ်ပြီး ထိုလူသားကို ဝန်းရံစေသည်။ လူသားသည် နုံအပြီး အပြစ်ကင်းသည်။ တာဝန်ကင်းကာ ပူပင်ကြောင့်ကြမဲ့သည်။ ဘုရားသခင်၏မျက်မှောက်တော်အောက်တွင် အလွန်ပျော်ရွှင်စွာ နေထိုင်သည်။ လူသားသည် ဘုရားသခင်၏ကောင်းချီးနှင့် အကာအကွယ်အောက်တွင် နေထိုင်နေစဉ် ဘုရားသခင်သည် လူသားအတွက် ပူပန်ပေးသည်။ လူသားပြုလုပ်ပြောဆိုသည့် အရာတစ်ခုစီတိုင်းသည် ဘုရားသခင်နှင့်နီးကပ်စွာ ဆက်စပ်နေပြီး ဘုရားသခင်နှင့် ခွဲခြား၍မရပေ။

ဤသည်မှာ အာဒံကိုဖန်ဆင်းပြီးကတည်းက သူ့ကို ဘုရားသခင်ပထမဆုံးချမှတ်ခဲ့သည့် ပညတ်တရားဟု သင်တို့ ဆိုနိုင်သည်။ ဤပညတ်တရားတွင် မည်သည့်အချက်များ ပါဝင်သနည်း။ ထိုအထဲတွင် ဘုရားသခင်၏ အလိုတော် ပါဝင်သည်။ သို့ရာတွင် လူသားမျိုးနွယ်အပေါ်ထားရှိသည့် ဘုရားသခင်၏ စိုးရိမ်ပူပန်မှုများလည်း ပါဝင်နေသည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဆုံးပညတ်တရားဖြစ်ပြီး လူသားအတွက် ဘုရားသခင်၏ ပထမဆုံး စိုးရိမ်ပူပန်ခြင်းလည်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားကိုဖန်ဆင်းလိုက်သည့် အချိန်မှစပြီး သူ့ထံတွင် လူသားနှင့်ပတ်သက်သည့် တာဝန်တစ်ခုရှိလာခဲ့သည်။ သူ၏ထိုတာဝန်က အဘယ်အရာနည်း။ လူသားကို သူကာကွယ်ရမည်၊ လူသားကို သူကြည့်ရှုစောင့်ရှောက်ရမည်။ လူသားအနေဖြင့် သူ၏နှုတ်ကပတ်တော်များကို ယုံကြည်ပြီး နာခံဖို့ ဘုရားသခင်မျှော်လင့်သည်။ ဤသည်မှာ လူသားအပေါ်တွင် ဘုရား၏ ပထမဆုံးသော မျှော်လင့်ချက်လည်းဖြစ်သည်။ ဤမျှော်လင့်ချက်နှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင်ဆိုခဲ့ခြင်းဖြစ်သည်။ “ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ဤရိုးရှင်းသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏နှလုံးသားသည် လူသားအတွက် စတင်စိုးရိမ်ပူပန်လာခဲ့ပြီဖြစ်သည်ကိုလည်း ဖော်ပြသည်။ အားလုံးသောအရာများထဲတွင် အာဒံတစ်ဦးတည်းကိုသာ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းဖြစ်သည်။ အာဒံသည် ဘုရားသခင်၏ ဇီဝအသက်ကိုရထားသည့် တစ်ဦးတည်းသော သက်ရှိဖြစ်သည်။ သူသည် ဘုရားသခင်နှင့်အတူ လမ်းလျှောက်နိုင်သည်။ စကားစမြည်ပြောဆိုနိုင်သည်။ ထို့ကြောင့် ထိုသို့သော ပညတ်တော်ကို အာဒံအတွက် ဘုရားသခင်က ချမှတ်တော်မူခဲ့ခြင်းဖြစ်သည်။ ဤပညတ်တွင် လူသားလုပ်ဆောင်နိုင်သည့်အရာအပါအဝင် မလုပ်ဆောင်နိုင်သည့် အရာကိုလည်း ဘုရားသခင်က ရှင်းလင်းစွာ ဖော်ပြထားသည်။

ဤရိုးရှင်းသည့် နှုတ်ကပတ်တော်အနည်းငယ်ထဲတွင် ဘုရားသခင်၏နှလုံးသားကို ငါတို့ မြင်တွေ့ရသည်။ သို့ရာတွင် မည်သို့သောနှလုံးသားမျိုးကို ငါတို့မြင်တွေ့ရသနည်း။ ဘုရားသခင်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ ရှိသလော။ ထိုအထဲတွင် စိုးရိမ်ပူပန်မှု ရှိသလော။ ဤကျမ်းပိုဒ်များထဲတွင်ရှိသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ကို လူသားများက နားလည်နိုင်ရုံတင်မကဘဲ အမှန်တကယ် ကောင်းစွာ ခံစားရနိုင်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ ဤအရာများကို ငါပြောပြီးနောက် ၎င်းတို့မှာ ရိုးရှင်းသည့် နှုတ်ကပတ်တော်အချို့သာ ဖြစ်သည်ဟု သင်တို့ထင်သေးသလော။ ထိုမျှလောက် မရိုးရှင်းပေ၊ မှန်သလော။ ယခင်က ထိုအချက်ကို သင်တို့မြင်နိုင်ခဲ့သလော။ ဘုရားသခင်ကိုယ်တိုင်က သင့်ကို ဤနှုတ်ကပတ်တော်များကို ပြောဆိုလာခဲ့လျှင် သင့်စိတ်ထဲတွင် မည်သို့ခံစားရမည်နည်း။ သင်သည် အကြင်နာတရားရှိသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါက၊ သင့်နှလုံးသားသည် အေးစက်မာကျောနေပါက သင်သည် မည်သည့်အရာကိုမျှ ခံစားရမည် မဟုတ်ပေ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်အသိအမှတ်ပြုမည်မဟုတ်ပေ။ ထို့ပြင် ဘုရားသခင်၏နှလုံးသားကို နားလည်ဖို့ ကြိုးစားမည်မဟုတ်ပေ။ သို့ရာတွင် သင်သည် အသိစိတ်ရှိသည့် စာနာတတ်သည့် လူတစ်ယောက်ဆိုလျှင် သင့်အနေဖြင့် ကွဲပြားစွာ ခံစားရလိမ့်မည်။ သင်သည် နွေးထွေးမှုကိုခံစားရမည်။ သင်သည် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ခံစားရမည်။ ထို့ပြင် သင်သည် ပျော်ရွှင်မှုကို ခံစားရပေမည်။ မှန်သည် မဟုတ်လော။ ဤအရာများကို သင်ခံစားရသည့်အခါ ဘုရားသခင်ကို သင်မည်သို့ပြုမူမည်နည်း။ ဘုရားသခင်ကို သံယောဇဉ်တွယ်သွားမည်လော။ သင့်ရင်ထဲမှ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချစ်ပြီး ရိုသေလေးစားမည်လော။ သင့်နှလုံးသားက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်မည်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားအတွက် မည်မျှအရေးကြီးကြောင်းကို ဤအချက်မှ သင်မြင်တွေ့နိုင်သည်။ သို့ရာတွင် ပိုပြီးအရေးကြီးသည်မှာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအပေါ်တွင် လူသား၏အသိအမှတ်ပြုမှုနှင့် သိရှိနားလည်မှုပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

၁၃၁။ “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဟူသည့် ဤရုပ်လွှာတွင် အာဒံနှင့်ဧဝတို့နှင့်အတူရှိနေစဉ်၌ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုးမှာ ပါဝင်လှုပ်ရှားသနည်း။ လူနှစ်ယောက်သာရှိသည့် ကမ္ဘာတွင် ဘုရားသခင်က မည်သို့အခန်းကဏ္ဍတွင် ပေါ်ထွန်းလာသနည်း။ ဘုရားသခင်၏ နေရာအနေနှင့်။...သင်တို့ထဲမှ အချို့က ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိသားစုဝင်အဖြစ် ပေါ်ထွန်းသည်ဟုထင်ပြီး အချို့က ဘုရားသခင်သည် မိသားစု၏ ဦးစီးအနေနှင့် ပေါ်ထွန်းသည်ဟု ဆိုကြကာ အချို့က မိဘအနေနှင့်ဟု ပြောသည်။ ဤအချက်အားလုံးသည် အင်မတန်မှ ဆီလျော်လှသည်။ သို့ရာတွင် ငါဆိုလိုချင်သည်မှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ့၏အဖော်များအနေနှင့် ဆက်ဆံခဲ့သည်။ သူတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် သူတို့ရှင်သန်နေထိုင်နိုင်ဖို့အတွက် ကြည့်ရှုစောင့်ရှောက်ပြီး သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ ဤနေရာတွင် ဘုရားသခင်က အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဘုရားသခင်က ဤသို့ပြုနေသည့်အခါတွင် ဘုရားသခင်သည် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု သူ၏လျှို့ဝှက်နက်နဲမှု အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏သောကနှင့် လူသားအပေါ် သူ၏တာဝန်နှင့် ဂရုစိုက်မှုတို့ကိုသာ လူက မြင်သည်။ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဆက်ဆံသည့်နည်းလမ်းနှင့် သဘောထားသည် လူသားမိဘများက သူတို့သားသမီးအပေါ် အလေးထားမှုနှင့် ဆင်တူသည်။ ဤသည်မှာ လူသားမိဘများသည် သူတို့၏ကိုယ်ပိုင် သားများနှင့် သမီးများကို ချစ်သည့်၊ ကြည့်ရှုစောင့်ရှောက်သည့်၊ ဂရုစိုက်သည့်ပုံစံနှင့်လည်း ဆင်တူသည်။ စစ်မှန်၍ မြင်နိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်၏။ သူ့ကိုယ်သူ မြင့်မားပြီးအစွမ်းထက်သည့် နေရာတွင်ထားမည့်အစား ဘုရားသခင်သည် လူသားအတွက် အဝတ်ပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားရေဝတ်လုံက သူတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ သူတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အတိုပြောရလျှင် လူ့ကိုယ်ခန္ဓာကို ပတ်ခြုံဖို့အသုံးပြုသည့် ဤအဝတ်အစားသည် ဘုရားသခင် ကိုယ်တိုင် သူ၏လက်နှင့်လုပ်ထားခြင်းဖြစ်သည်။ လူများ စိတ်ကူးထင်မြင်သကဲ့သို့ အတွေးနှင့် သို့မဟုတ် ထူးဆန်းသည့် နည်းလမ်းများနှင့် ဖန်ဆင်းလိုက်ခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် မလုပ်နိုင်သည့်အရာ၊ မလုပ်သင့်သည့်အရာဟု ထင်ထားသည့်အရာတစ်ခုကို အမှန်တကယ် လုပ်ခဲ့သည်။ ဤသည်မှာ ပြောရန်ပင် မထိုက်တန်ဟု အချို့က ထင်ကောင်းထင်နိုင်သည့် ရိုးရှင်းသောအရာ ဖြစ်နိုင်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်နောက်လိုက်သော်လည်း ယခင်က ဘုရားသခင်နှင့်ပတ်သက်ပြီး မပြတ်သားသည့် အယူအဆရှိနေသူများအားလုံးကို သူ၏စစ်မှန်ခြင်းနှင့် ချစ်ခြင်းနှင့်ပတ်သက်၍ ထိုးထွင်းအမြင် ရစေရန်၊ သူ၏ သစ္စာရှိပြီး နှိမ့်ချသောသဘောကို တွေ့မြင်စေရန်ဖြစ်သည်။ မိမိတို့ကိုယ်မိမိ မြင့်မားပြီး အစွမ်းရှိသည်ဟု ထင်နေကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့်လူများကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့၌ အရှက်ရလျက် သူတို့၏ထောင်လွှားသော ခေါင်းများကို ကိုင်းညွှတ်စေသည်။ ဘုရားသခင်သည် မည်မျှချစ်ဖွယ်ဖြစ်သည်ကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းက လူတို့ကို ပိုပြီး မြင်လာစေသည်။ ဆန့်ကျင်ဖက်အနေနှင့် လူသားများ၏နှလုံးသားထဲတွင်ရှိသည့် အလွန့်အလွန် ကြီးမားသည့် ဘုရားသခင်၊ ချစ်ဖွယ်ကောင်းသည့် ဘုရားသခင်နှင့် အတိုင်းအဆမဲ့ တန်ခိုးကြီးသည့် ဘုရားသခင်သည် အလွန်သေးငယ်ကာ စိတ်ဝင်စားစရာမကောင်းဖြစ်ပြီး ထိုးနှက်မှု တစ်ချက်ကိုပင် မခံရပ်နိုင်ပေ။ သင့်အနေဖြင့် ဤကျမ်းပိုဒ်ကို မြင်ပြီး ဤအဖြစ်အပျက်ကို ကြားသည့်အခါ ဘုရားသခင်သည် ဤအရာမျိုးကိုလုပ်သည့်အတွက် သူ့ကို အထင်သေးသလော။ အချို့လူများက ဤသို့ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် အခြားလူများအတွက်မူ လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။ ဘုရားသခင်သည် စစ်မှန်ပြီး ချစ်ဖွယ်ဖြစ်သည်ဟု သူတို့ထင်မြင်ကြလိမ့်မည်။ သူတို့ကို တို့ထိသည်မှာ ဘုရားသခင်၏စစ်မှန်မှုနှင့် ချစ်ဖွယ်ကောင်းမှုပင် အတိအကျဖြစ်သည်။ ဘုရားသခင်၏ တကယ့်ပုံစံကို သူတို့မြင်လေလေ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အမှန်တကယ်တည်ရှိမှု၊ သူတို့နှလုံးသားထဲတွင် ဘုရားသခင်၏အရေးကြီးမှုနှင့် အချိန်တိုင်း၌ ဘုရားသခင်သည် သူတို့အနားမှာ ရှိနေပုံတို့ကို သူတို့ နားလည်လာလေလေဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

၁၃၂။ ကနဦးအချိန်မှ ယနေ့တိုင်အောင် လူသာလျှင် ဘုရားသခင်နှင့် စကားပြောဆိုနိုင်စွမ်း ရှိခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ သက်ရှိအရာများနှင့် သတ္တဝါ အားလုံးအကြားတွင် လူသာလျှင် ဘုရားသခင်နှင့် စကားပြောနိုင်စွမ်း ရှိခဲ့သည်။ လူ၌ သူ့ကို ကြားစေနိုင်သော နားများရှိပြီး သူ့ကို မြင်စေသော မျက်လုံးများ ရှိသည်၊ သူ၌ ဘာသာစကားရှိပြီး သူ၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် လွတ်လပ်သော စိတ်သဘောရှိသည်။ သူသည် ဘုရားသခင်စကားပြောခြင်းကိုကြားရန်၊ ဘုရားသခင်၏အလိုကို နားလည်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်အတွက် လိုအပ်သမျှကို ပိုင်ဆိုင်သဖြင့် ဘုရားသခင်သည် သူ၏အလိုအားလုံးကို လူအပေါ် ပေးအပ်၍ လူကို သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီး သူနှင့် လျှောက်လှမ်းနိုင်သော အဖော်တစ်ဦး ဖြစ်စေလိုသည်။ ဘုရားသခင်သည် စီမံခန့်ခွဲရန် စတင်ခဲ့ခြင်းကြောင့် လူသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေး၍ သန့်စင်စေပြီး ပြည့်စုံစေဖို့ အခွင့်ပေးရန်၊ ဘုရားသခင် ကျေနပ်စေသောသူနှင့် ဘုရားသခင် ချစ်သောသူ ဖြစ်စေရန်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ ဖြစ်စေရန်နှင့် ဒုစရိုက်ကိုရှောင်ရန် ဘုရားသခင် စောင့်ဆိုင်လျက်နေခဲ့သည်။ ဘုရားသခင်သည် ဤရလဒ်ကို အစဉ် မျှော်လင့်ကာ စောင့်ဆိုင်းနေခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

၁၃၃။ ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်ရပ်၊ လူသားတို့ကို ကယ်တင်ခြင်းဖြစ်ရပ်ကို အရာအားလုံးထက် ပို၍အရေးကြီးသကဲ့သို့ ရှုမြင်သည်။ ဤအရာတို့ကို သူ၏စိတ်နှင့် လုပ်ဆောင်ရုံတင် မဟုတ်ဘဲ သူ၏နှုတ်ကပတ်တော်များနှင့်သာ လုပ်ဆောင်ခြင်းလည်း မဟုတ်ချေ၊ သူသည် ၎င်းတို့ကို အထူးသဖြင့် ပေါ့ပေါ့တန်တန် လုပ်ခြင်းမဟုတ်ပေ၊ ဤအရာအားလုံးကို အစီအစဉ်၊ ပန်းတိုင်၊ စံသတ်မှတ်ချက်များ၊ သူ၏အလိုတော် စသည့်အရာတို့နှင့် လုပ်ဆောင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဤအလုပ်သည် ဘုရားသခင်နှင့် လူသားနှစ်ဦးစလုံးတို့အတွက် အလွန်တရာ အရေးပါသည်ဆိုသည်မှာ ရှင်းလင်းသည်။ အလုပ်က မည်မျှပင် ခက်ခဲပါစေ၊ အတားအဆီးတို့က မည်မျှပင်မည်မျှကြီးမားပါစေ၊ လူသားတို့က မည်မျှပင်အားနည်းပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းက မည်မျှပင် နက်ရှိုင်းပါစေ၊ ဤအရာများထဲက မည်သည့်အရာမျှ ဘုရားသခင်အတွက် မခက်ခဲချေ။ ဘုရားသခင်သည် သူ၏ ပင်ပန်းတကြီးလုပ်ရသော အားထုတ်မှုကို အသုံးချရင်း၊ သူကိုယ်တိုင် ဆောင်ရွက်လိုသော အလုပ်တို့ကို စီမံခန့်ခွဲရင်းနှင့် အလုပ်ရှုပ်နေသည်။ သူသည် အရာအားလုံးကိုလည်း စီစဉ်နေပြီး သူပြီးဆုံးအောင်လုပ်လိုသော အလုပ်တို့နှင့် လူသားအားလုံးကို အုပ်ချုပ်နေသည်၊ ဤအရာများထဲက မည်သည့်အရာမျှ ယခင်က မလုပ်ခဲ့ဖူးချေ။ ဘုရားသခင်က ဤနည်းလမ်းတို့ကို အသုံးပြုလျက် ကြီးမားသော စီမံခန့်ခွဲမှုအစီအစဉ်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ခဲ့ခြင်းက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ဘုရားသခင်က ဤအလုပ်တို့ကို ဆောင်ရွက်နေခိုက်တွင် သူသည် ထိန်ချန်ထားခြင်းမရှိဘဲ အနည်းငယ်ချင်းစီ သူ၏ အလုပ်ကြိုးစားအားထုတ်မှု၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ အသိဉာဏ်ပညာနှင့် အနန္တတန်ခိုး၊ သူ့စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တိုင်းကို လူသားတို့အား ဖော်ပြနေသည်။ ယခင်က တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသည့်အတိုင်း သူသည် ဤအရာအားလုံးကို လူသားမျိုးနွယ်အား ထိန်ချန်ခြင်းမရှိဘဲ နည်းနည်းချင်း ဖော်ပြရင်း၊ ထုတ်ဖော်ရင်းနှင့် ဖွင့်ပြသည်။ ထို့ကြောင့် စကြဝဠာတစ်ခုလုံးတွင် ဘုရားသခင်က စီမံရန်နှင့် ကယ်တင်ရန် ရည်ရွယ်ထားသော လူတို့မှလွဲပြီး သူနှင့် ဤကဲ့သို့ ရင်းနှီးသည့်ဆက်ဆံရေးရှိသော၊ ဘုရားသခင်နှင့် အလွန်နီးကပ်သော ဖန်ဆင်းခံ တစ်ခုမျှ မရှိခဲ့ချေ။ သူ့နှလုံးသားထဲတွင် သူစီမံခန့်ခွဲပြီး ကယ်တင်လိုသော လူသားမျိုးနွယ်သည် အရေးကြီးဆုံးဖြစ်ပြီး၊ သူသည် ဤလူသားမျိုးနွယ်ကို အရာအားလုံးထက် တန်ဖိုးထားသည်၊ သူတို့အတွက် ကြီးမားသောအဖိုးအခကို ပေးဆပ်ခဲ့သော်လည်း၊ သူတို့ကြောင့် သူသည် အဆက်မပြတ်နာကျင်ရပြီး မနာခံခြင်းတို့ကို ခံရသော်လည်း၊ သူတို့ကို လုံးဝ မစွန့်လွှတ်ဘဲ၊ ညည်းတွားခြင်း သို့မဟုတ် နောင်တရခြင်းအလျဉ်းမရှိဘဲ သူ၏အလုပ်ကိုသာ မမောမပန်းဘဲ ဆက်လက်လုပ်ဆောင်သည်။ ယင်းသည် အနှေးနှင့်အမြန် လူသားတို့သည် တစ်နေ့၌ သူ၏ခေါ်ဆောင်ခြင်းတွင် နိုးထလာပြီး သူ၏နှုတ်ကပတ်တော်တို့အားဖြင့် တို့ထိခံစားရမည်၊ သူသည် ဖန်ဆင်းခြင်း၏ အရှင်သခင် ဖြစ်ကြောင်းကို သိမြင်ပြီး သူ့ထံပါးသို့ ပြန်လာမည်ဆိုသည်ကို သိခြင်းကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၁၃၄။ သမ္မာကျမ်းစာကိုဖတ်ပြီးသူတိုင်း သခင်ယေရှုမွေးဖွားသောအခါ၌ အကြောင်းအရာများပြားစွာဖြစ်ခဲ့သည်ဆိုခြင်းကို သိသည်။ ထိုအကြောင်းအရာတို့ထဲတွင် အကြီးမားဆုံးက မာရ်နတ်တို့၏ ရှင်ဘုရင်၏ လိုက်လံဖမ်းဆီးခြင်းကိုခံရခြင်းပင်ဖြစ်သည်။ နှစ်နှစ်နှင့် နှစ်နှစ်အောက်ကလေးများအားလုံး အသတ်ဖြတ်ခံရသောအထိပင်ဖြစ်ခဲ့သည်။ လူသားတို့ကြားတွင် လူ့ဇာတိခံယူခဲ့ခြင်းကြောင့် ရရှိလာမည့် ကြီးမားသော ဘေးအန္တရာယ်ကို ဘုရားသခင် ခံယူခဲ့သည်ဆိုသည်မှာ ထင်ရှားမြင်သာပါသည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သော သူ၏စီမံခန့်ခွဲမှု ပြီးမြောက်ခြင်းအတွက် သူပေးဆပ်လိုက်ရသော ကြီးမားသည့် အဖိုးအခသည်လည်း ထင်ရှားမြင်သာပါသည်။ ဘုရားသခင်သည် လူ့ဇာတိအနေနှင့် လူသားမျိုးနွယ်ကြားထဲတွင် သူ့အလုပ်အတွက် သူကိုင်ဆောင်ထားသည့် ကြီးမားသော မျှော်လင့်ချက်သည်လည်း ထင်ရှားမြင်သာပါသည်။ ဘုရားသခင်၏ လူ့ဇာတိသည် လူသားမျိုးနွယ်ကြားထဲတွင် အလုပ်လုပ်ဆောင်နိုင်သောအခါ သူမည်ကဲ့သို့ခံစားနေခဲ့ရမည်နည်း။ လူတို့ ဤသည်ကို အနည်းငယ်မျှနားလည်သင့်သည်မဟုတ်လော။ အနည်းဆုံး ဘုရားသခင်သည် ပျော်ရွှင်ခဲ့သည်။ အကြောင်းမှာ လူသားမျိုးနွယ်ကြားထဲ၌ သူ၏လုပ်ဆောင်မှုအသစ်ကို စတည်တည်ဆောက်နိုင်ခဲ့၍ဖြစ်ပါသည်။ သခင်ယေရှုသည် နှစ်ခြင်းခံပြီး သူ၏အမှုတော်ကို ပြည့်စုံစေရန် သူ၏အလုပ်ကို အမှန်တကယ်စတင်ခဲ့သောအခါတွင် ဘုရားသခင်၏ နှလုံးသားသည် ဝမ်းမြောက်မှုတို့နှင့် ပြည့်လျှံနေခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော်နှစ်ပေါင်းများစွာစောင့်ပြီး ပြင်ဆင်ပြီးနောက်တွင် သာမန်လူသားတစ်ယောက်၏ ဇာတိခန္ဓာကို နောက်ဆုံးတွင် သူဝတ်ဆင်နိုင်ပြီး လူတို့မြင်နိုင် ထိနိုင်သော အသွေးအသားနှင့်လူတစ်ယောက်၏ အသွင်ဖြင့် သူ၏အလုပ်အသစ်ကို စတင်နိုင်ပြီဖြစ်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ ဘုရားသခင်သည် နောက်ဆုံးတွင်မူ လူသားတစ်ယောက်၏ ဝိသေသလက္ခဏာမှတစ်ဆင့် လူတို့နှင့် မျက်နှာချင်းဆိုင်၊ နှလုံးသားချင်း စကားပြောနိုင်ပြီ။ နောက်ဆုံးတွင်မူ ဘုရားသခင်သည် လူသား၏ဘာသာစကားနှင့် လူသား၏နည်းလမ်းနှင့် လူသားမျိုးနွယ်ကို မျက်နှာချင်းဆိုင်နိုင်ပြီ။ သူသည် လူသားမျိုးနွယ်ကို ထောက်ပံ့နိုင်သည်။ ဉာဏ်အလင်းဖွင့်ပေးနိုင်သည်။ လူသား၏ ဘာသာစကားကို အသုံးပြုပြီး သူတို့ကို ကူညီနိုင်သည်။ လူသားတို့နှင့် လက်ရည်တပြင်တည်း စားသောက်ပြီး တစ်နေရာတည်း၌ နေထိုင်နိုင်သည်။ သူသည် လူသားတို့လိုပင် လူတို့ကိုလည်း မြင်နိုင်သည်၊ အရာဝတ္ထုတို့ကို မြင်နိုင်သည်၊ အရာအားလုံးကို မြင်နိုင်ပြီး သူတို့၏ကိုယ်ပိုင်မျက်လုံးတို့မှ တစ်ဆင့်တောင် မြင်နိုင်သည်။ ဘုရားသခင်အတွက် ဤအရာသည် လူ့ဇာတိ၌ သူ့အလုပ်၏ ပထမဆုံး အောင်နိုင်ခြင်းဖြစ်နေနှင့်ပါပြီ။ ကြီးမြတ်သောလုပ်ဆောင်မှုတစ်ခု ပြီးမြောက်ခြင်းဟုလည်း ဆိုနိုင်ပါသည်။ ဤအရာက ဘုရားသခင် အပျော်ရွှင်ဆုံးဖြစ်သောအရာပင်ဖြစ်သည်။ ထိုအချိန်ကစပြီး လူသားမျိုးနွယ်ကြားက သူ၏လုပ်ဆောင်မှုမှာ စိတ်သက်သာရာရသကဲ့သို့မျိုး ဘုရားသခင်ခံစားရခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤဖြစ်ရပ်တို့အားလုံးသည် အလွန် လက်တွေ့ကျပြီး အလွန်ပင် သဘာဝဆန်ပါသည်။ ဘုရားသခင်ခံစားရသော စိတ်သက်သာရာရမှုသည် အလွန်ပင် စစ်မှန်ပါသည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏လုပ်ဆောင်မှု အဆင့်သစ်တစ်ခု ပြီးဆုံးသောအချိန်တိုင်းမှာ၊ ဘုရားသခင်က ကျေနပ်အားရမှုကို ခံစားရသော အချိန်တိုင်းက လူသားမျိုးနွယ်သည် ဘုရားသခင်နှင့်ပိုပြီး နီးစပ်လာသောအချိန်ဖြစ်ပါသည်။ လူတို့သည် ကယ်တင်ခြင်းဆီသို့ ပို၍ နီးစပ်လာနိုင်သောအချိန်ဖြစ်ပါသည်။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ် နောက်တစ်ဆင့် တက်လှမ်းသောအခါမှာ၊ ထို့နောက် သူ၏အလိုတော်သည် ပြီးပြည့်စုံသော ပြီးမြောက်မှုတစ်ခုဆီသို့ ချဉ်းကပ်လာသောအခါမှာ၊ ဘုရားသခင်အတွက် ဤအရာသည် သူ့အလုပ်သစ် စတင်ခြင်းလည်းဖြစ်ပါသည်။ လူသားမျိုးနွယ်အတွက် ဤကဲ့သို့အခွင့်အရေးရောက်လာခြင်းက ကံကောင်းခြင်းဖြစ်ပြီး အလွန်ပင်ကောင်းမွန်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို စောင့်သောသူတိုင်းအတွက် အလွန်အရေးပါသော သတင်းဖြစ်သည်။ ဘုရားသခင်က အလုပ်အသစ်တစ်ခု စတင်လုပ်ဆောင်သောအခါတွင် သူ့မှာ အသစ်စတင်ခြင်းတစ်ခုရှိပါသည်။ ဤအလုပ်အသစ်နှင့် အသစ်စတင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် စတင်ပြုလုပ်ပြီး နိဒါန်းပျိုးလာသောအခါတွင် ဤအလုပ်အဆင့်၏ ရလဒ်က သတ်မှတ်ပြီးသော အချိန်တွင်ဖြစ်ပါသည်။ ဤအလုပ်အသစ်သည် ပြည့်စုံပြီးဖြစ်ပြီး ဘုရားသခင်က သူ၏ နောက်ဆုံး အကျိုးသက်ရောက်မှုတို့နှင့် အသီးအပွင့်တို့ကို မြင်ပြီးနှင့်ပါပြီ။ ဤအကျိုးသက်ရောက်မှုတို့က ဘုရားသခင်ကို ကျေနပ်စေသောအခါတွင် သူ့နှလုံးသားသည်လည်း ပျော်ရွှင်နေပေသည်။ အဘယ့်ကြောင့်ဆိုသော်ဘုရားသခင်၏အမြင်၌ သူရှာဖွေနေသော လူတို့ကို မြင်ပြီး သတ်မှတ်နှင့်ပြီးဖြစ်ပါသည်။ တဖန်သူ့အလုပ်ကို အောင်မြင်စေပြီး သူ့ကို ကျေနပ်မှုတို့ သယ်ဆောင်ပေးနိုင်သော အုပ်စုဖြစ်သော ဤအုပ်စုကို ရရှိပြီးဖြစ်ပါသည်။ ဘုရားသခင်သည် စိတ်အေးချမ်းမှုကို ခံစားရသည်။ သူ၏စိုးရိမ်မှုတို့ကို ဘေးဖယ်ပြီး သူပျော်ရွှင်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ လူ့ဇာတိက လူသားတို့အကြား အလုပ်အသစ်ကို စတင်လုပ်ဆောင်နိုင်သောအခါတွင် သူလုပ်ရမည့်အလုပ်ကို အတားအဆီးမရှိ လုပ်ဆောင်ရန် သူစတင်ပါသည်။ အားလုံးက ပြီးမြောက်သွားပြီဟု သူခံစားရသောအခါတွင် သူသည် အဆုံးကို မြင်ပြီးနှင့်ပါပြီ။ ဤအဆုံးကြောင့်ပင် သူသည် ကျေနပ်ပြီး ပျော်ရွှင်သော နှလုံးသားရှိပါသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုကို မည်ကဲ့သို့ ဖော်ပြသနည်း။ သင်တို့ စဉ်းစားကြည့်နိုင်ပါသလော။ ဘုရားသခင်က ငိုမည်လော။ ဘုရားသခင်က ငိုနိုင်သလော။ ဘုရားသခင်က သူ့လက်နှင့် လက်ခုပ်တီးနိုင်သလော။ ဘုရားသခင်က ကနိုင်သလော။ ဘုရားသခင်က သီချင်းဆိုနိုင်သလော။ ဘာသီချင်းများဖြစ်မည်နည်း။ မှန်ပေသည်။ ဘုရားသခင်က လှပပြီး ခံစားရသော သီချင်းကို ဆိုနိုင်ပါသည်။ သူ့နှလုံးသားတွင်ရှိသော ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ဖော်ပြနိုင်သော သီချင်းတစ်ပုဒ်ပင်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူသီဆိုနိုင်သည်။ သူ့အတွက်သူ သီဆိုနိုင်သည်။ ထို့နောက် အရာအားလုံးအတွက် သီဆိုနိုင်သည်။ ဘုရားသခင်၏ ပျော်ရွှင်ခြင်းက မည်သည့်နည်းလမ်းနှင့်မဆို ဖော်ပြနိုင်သည်။ ဤအရာအားလုံးက သာမန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ထံ၌ ဝမ်းမြောက်ခြင်းရော၊ ဝမ်းနည်းခြင်းပါ ရှိပြီး သူ၏ခံစားချက်အမျိုးမျိုးကို နည်းအမျိုးမျိုးနှင့် ဖော်ပြနိုင်၍ဖြစ်သည်။ ၎င်းက သူ၏အခွင့်အရေးဖြစ်ပြီး သာမန်အဖြစ်ဆုံး အရာတစ်ခုဖြစ်သည်။ တစ်ခြားအရာတို့ကို သင်မစဉ်းစားသင့်ပေ။ သူ၏ပျော်ရွှင်ခြင်းကို ကန့်သတ်ရန် သို့မဟုတ် သူ့၌ရှိသော ခံစားချက်ကို ကန့်သတ်ရန် သူ့ကို ဟိုဟာ၊ ဒီဟာ မလုပ်သင့်၊ သူ ဒီလို၊ ဟိုလို မပြုမူသင့်ဟုပြောရင်းနှင့် သင့်၏ ကိုယ်ပိုင် ကန့်သတ်ချက်ကို ဘုရားသခင်ထံသို့ ထိုးမပေးသင့်ပေ။ လူတို့၏ နှလုံးသား၌ ဘုရားသခင်က ပျော်ရွှင်၍မရပေ။ သူသည် မျက်ရည်ကျ၍မရပေ။ သူငို၍မရပေ။ မည်သည့်စိတ်ခံစားမှုမျှ ဖော်ပြ၍မရပေ။ ဤအရာတို့ကို ငါတို့ နှစ်ကြိမ်ဆွေးနွေးပြောဆိုမှုမှတစ်ဆင့် ဘုရားသခင်ကို သင်တို့ ဤကဲ့သို့မြင်မှာမဟုတ်တော့ဘဲ ဘုရားသခင်ကို လွတ်လပ်မှုနှင့် ဖြေလျှော့ပေးမှုကို ရရှိရန် အခွင့်ကိုပေးလိမ့်မည်ဟု ငါယုံကြည်သည်။ ၎င်းက အလွန်ကောင်းမွန်သောအရာဖြစ်သည်။ အနာဂတ်၌ သူဝမ်းနည်းနေသည်ဟု သင်ကြားသောအခါတွင် သင်သည် ဘုရားသခင်၏ ဝမ်းနည်းခြင်းကို အမှန်တကယ် ခံစားနိုင်လျှင်၊ သူပျော်ရွှင်နေသည်ဟု သင်ကြားရသောအခါတွင် သင်သည် သူ၏ပျော်ရွှင်ခြင်းကို အမှန်တကယ် ခံစားနိုင်လျှင်၊ အနည်းဆုံး သင်သည် ဘုရားသခင်ကို ဘယ်အရာကပျော်ရွှင်စေပြီး ဘယ်အရာက ဝမ်းနည်းစေသည်ဆိုသည်ကို သင်ရှင်းရှင်းလင်းလင်းသိပါလိမ့်မည်။ ဘုရားသခင်က ဝမ်းနည်းသောကြောင့် သင်က ဝမ်းနည်းခြင်းကို ခံစားရနိုင်ပြီး ဘုရားသခင်က ပျော်ရွှင်သောကြောင့် သင်ပျော်ရွှင်လျှင် သူသည် သင့်နှလုံးသားကို အပြည့်အဝရရှိမှာဖြစ်ပြီး သူနှင့် မည်သည့်အတားဆီးမျှ ရှိမှာမဟုတ်တော့ပေ။ သင်သည် လူသား၏ စိတ်ကူးထင်မြင်ခြင်း၊ အယူအဆတို့နှင့် အသိပညာတို့ဖြင့် ဘုရားသခင်ကို ကန့်သတ်ရန် ကြိုးစားမည်မဟုတ်တော့ချေ။ ထိုအချိန်တွင် ဘုရားသခင်သည် သင့်နှလုံးသားထဲ၌ ရှင်သန်ပြီး နိုးကြားနေပါလိမ့်မည်။ သူသည် သင့်ဘဝ၏ ဘုရားသခင်ဖြစ်ပြီး သင်၏ အရာရာတိုင်း၏ အရှင်သခင်ဖြစ်ပါလိမ့်မည်။ သင့်တွင် ဤကဲ့သို့ရည်မှန်းချက်ရှိပါသလော။ သင်တို့ ဤသည်ကို ရယူနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၁၃၅။ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီး လူသားမျိုးနွယ်နှင့်အတူ အချိန်အတော်ကြာအောင် အသက်ရှင်နေထိုင်သောအခါတွင် လူတို့၏ ဘဝနေမှုပုံစံအမျိုးမျိုးကို သူကြုံတွေ့ပြီး၊ မျက်မြင် မြင်တွေ့ပြီးနောက်တွင် ဤအတွေ့အကြုံတို့သည် သူ၏ ဘုရားဘာသာစကားမှ လူသားဘာသာစကားသို့ ကူးပြောင်းရန်အတွက် သူ၏ လက်သုံးစာအုပ်ဖြစ်လာပါသည်။ ဟုတ်ပါသည်။ ဘဝမှာ သူမြင်ပြီး ကြားရသော ဤအရာတို့သည် လူသား၏လူသားအတွေ့အကြုံကိုလည်း တိုးတက်စေပါသည်။ သမ္မာတရားတစ်ချို့ကို လူတို့အား သူ နားလည်စေလိုသောအခါတွင် ဘုရားသခင်၏ အလိုတော်တစ်ချို့ကို နားလည်စေလိုသောအခါတွင်၊ ဘုရားသခင်၏အလိုတော်နှင့် လူသားမျိုးနွယ်အတွက် သူ၏လိုအပ်ချက်တို့နှင့်ပတ်သက်ပြီး လူတို့ကိုပြောပြရန် အပေါ်မှာပါသော အရာတို့နှင့် ဆင်တူသော ပုံဥပမာတို့ကို သူအသုံးပြုနိုင်ပါသည်။ ဤပုံဥပမာတို့အားလုံးက လူသားတို့၏ ဘဝတို့နှင့် ဆက်စပ်နေသည်။ လူသား၏ဘဝနှင့် မသက်ဆိုင်သော အရာတစ်ခုမျှ မပါပေ။ သခင်ယေရှုက လူသားမျိုးနွယ်နှင့်အတူ နေထိုင်သောအခါ၌ လယ်သမားတို့က သူတို့၏လယ်ကွင်းကို ပျိုးထောင်နေသည်ကို သူမြင်ရသည်။ တောပင်တို့က ဘာဆိုသည်၊ တဆေးက ဘာဆိုသည်ကို သူသိသည်။ လူသားတို့က ဘဏ္ဍာများကို ကြိုက်နှစ်သက်သည်ဆိုသည်ကိုလည်း သူသိသည်။ ထို့ကြောင့် ဘဏ္ဍာနှင့် ပုလဲနှစ်ခုလုံးကို တင်စားပြီး အသုံးပြုခဲ့သည်။ ငါးဖမ်းသမားတို့က သူတို့ပိုက်ကွန်များကို ပစ်နေကြခြင်းကို သူမကြာခဏတွေ့ရသည် စသဖြင့်ဖြစ်သည်။ သခင်ယေရှုသည် လူသားမျိုးနွယ်၏ ဘဝတို့မှာ ဤလှုပ်ရှားမှုတို့ကို မြင်တွေ့ရသည်။ ဤကဲ့သို့ဘဝမျိုးကို သူလည်း ကြုံတွေ့ခဲ့ရသည်။ သူသည် အခြား သာမန်လူတို့လိုပင် အတူတူပင်ဖြစ်သည်။ လူသားတို့၏ တစ်ရက်သုံးနပ်နှင့် နေ့စဉ်လုပ်ငန်းတို့ကို ကြုံတွေ့ရသည်။ သာမန်လူတစ်ယောက်၏ ဘဝကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။ အခြားလူတို့၏ဘဝတို့ကို သူမျက်မြင်တွေ့ကြုံခဲ့ရသည်။ ဤအရာအားလုံးကို သူမျက်မြင်ကြုံတွေ့ပြီး ကိုယ်တိုင်တွေ့ကြုံရသောအခါမှာ သူစဉ်းစားသည်က ကောင်းမွန်သောဘဝကို ရအောင် မည်ကဲ့သို့လုပ်ရမည်နည်း၊ သို့မဟုတ် ပိုပြီးလွတ်လပ်စွာ၊ သက်တောင့်သက်သာရှိစွာနှင့် မည်ကဲ့သို့နေထိုင်နိုင်မည်နည်းဆိုခြင်းတို့ မဟုတ်ပေ။ စစ်မှန်သော လူသားဘဝကို သူကြုံတွေ့ရသောအခါမှာ သခင်ယေရှုသည် လူတို့၏ဘဝများ၌ရှိသော အခက်အခဲတို့ကို သူမြင်ခဲ့သည်။ စာတန်၏ အုပ်စိုးမှုအောက်မှာ အသက်ရှင်နေထိုင်ရင်း၊ အပြစ်တရားထဲ၌ နေထိုင်ရင်း စိတ်ဆင်းရဲမှုများ၊ စာတန်၏ အကျင့်ဖျက်ဆီးခြင်းအောက်၌ လူတို့၏ ဝမ်းနည်းခြင်းတို့ဖြစ်သော အခက်အခဲများကို သူမြင်ခဲ့သည်။ သူသည် လူသားဘဝကို ကိုယ်တိုင် ကြုံတွေ့နေစဉ်မှာ အကျင့်ပျက်စီးခြင်း၌ နေထိုင်နေကြသော လူတို့ မည်မျှ အကူအညီမဲ့နေသည်ဆိုသည်ကိုလည်း ကြုံတွေ့ခဲ့သည်။ အပြစ်တရား၌ အသက်ရှင်နေထိုင်သောသူတို့၏ ဝေဒနာများ၊ စာတန်၏၊ မကောင်းမှု၏ နှိပ်စက်ခြင်းထဲမှာ ပျောက်ဆုံးနေသူတို့ကိုလည်း သူကြုံတွေ့ခဲ့ပါသည်။ သခင်ယေရှုက ၎င်းတို့ကိုမြင်သောအခါမှာ ဤအရာတို့ကို သူ၏ ဘုရားသဘောသဘာဝနှင့် မြင်ခြင်းလော၊ သူ၏ လူ့သဘာဝနှင့် မြင်ခြင်းလော။ သူ၏ လူ့သဘာဝက အမှန်တကယ်ပင် ဖြစ်တည်ခဲ့သည်။ အတော်ပင် အသက်ရှင်နေပါသည်။ သူသည် ဤအရာအားလုံးကို ကြုံတွေ့ပြီး မြင်တွေ့နိုင်သည်။ သူ၏ အနှစ်သာရ၊ သူ၏ ဘုရားသဘောသဘာဝထဲမှာလည်း သူမြင်ခဲ့သည်။ ၎င်းကခရစ်တော်ကိုယ်တိုင်ဖြစ်သော သခင်ယေရှု၊ လူသားက ဤသည်ကိုမြင်ခဲ့သည်။ သူမြင်သောအရာတိုင်းက သူ့ကို ဤအချိန်မှာ လူ့ဇာတိ၌ သူလုပ်ခဲ့သော အလုပ်၏ အရေးကြီးမှုနှင့် လိုအပ်မှုကို ခံစားရစေသည်။ လူ့ဇာတိမှာ သူယူဆောင်ရမည့် တာဝန်ဝတ္တရားက အလွန်ကြီးမားသည်ဆိုသည်၊ သူရင်ဆိုင်ရမည့် နာကျင်မှုက မည်မျှ ရက်စက်မည်နည်းဆိုသည်တို့ကို သူကိုယ်တိုင်သိခဲ့သော်လည်း လူသားမျိုးနွယ်က အပြစ်တရား၌ အကူအညီမဲ့ဖြစ်နေခြင်းကို သူမြင်ရသောအခါတွင်၊ သူက သူတို့ဘဝ၏ စိတ်ဆင်းရဲမှုနှင့် ပညတ်တော်အောက်၌ သူတို့၏ အားနည်းသော ရုန်းကန်မှုကို သူမြင်ရသောအခါမှာ ပိုပြီး ဝမ်းနည်းခြင်းကို ခံစားရပြီး လူသားမျိုးနွယ်ကို အပြစ်တရားမှကယ်တင်ရန် ပိုပြီး အလောကြီးလာပါသည်။ မည်ကဲ့သို့ အခက်အခဲတို့ကို သူကြုံရပါစေ၊ သို့မဟုတ် မည်ကဲ့သို့ နာကျင်မှုမျိုးကို သူခံစားရပါစေ၊ သူသည် အပြစ်တရား၌ အသက်ရှင်နေထိုင်နေသော လူသားမျိုးနွယ်ကို ပြန်လည်ရွေးနုတ်ရန် ပို၍ပို၍ဆုံးဖြတ်လာပါသည်။ ဤဖြစ်စဉ်အတောအတွင်းမှာ သခင်ယေရှုသည် သူလုပ်ရမည့်အလုပ်တို့နှင့် သူ့ကို တာဝန်ပေးစေခိုင်းထားသောအရာအတွက် ပို၍ပို၍ ရှင်းရှင်းလင်းလင်း စတင်နားလည်လာပါပြီ။ သူယူဆောင်ခဲ့သော အလုပ်ကို ပြီးမြောက်စေရန်၊ သူသည် ပို၍ပင် ဆန္ဒပြင်းပြလာသည်။ လူသားမျိုးနွယ်အားလုံး၏ အပြစ်တို့ကို ဆောင်ယူရန်၊ အပြစ်မှာ သူတို့မနေရတော့ရန်အတွက် လူသားမျိုးနွယ်ကို သူ၏ကယ်တင်ခြင်းအလုပ်ကို ပိုပြီး ရှေ့တိုးစေရင်း အပြစ်ဖြေရာယဇ်အတွက်ကြောင့် ဘုရားသခင်သည် လူသား၏ အပြစ်တို့ကို ခွင့်လွှတ်နိုင်ပါလိမ့်မည်။ သခင်ယေရှု၏ နှလုံးသားထဲမှာ သူသည် လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ ပေးဆပ်ရန်၊ သူ့ကိုယ်သူ ယဇ်ပူဖော်ရန် ဆန္ဒရှိနေသည်ဟု ပြော၍ရပါသည်။ အပြစ်ဖြေရာယဇ်အဖြစ် ပြုမူရန်၊ လက်ဝါးကပ်တိုင်မှာ သံနှင့်အရိုက်ခံရန်အတွက်လည်း သူဆန္ဒရှိနေခဲ့သည်။ သူက ဤအလုပ်ကို မြန်မြန်ပြီးလိုခဲ့သည်။ လူသားတို့၏ ဘဝများ၊ စိတ်ဆင်းရဲရသော အခြေအနေများကို သူမြင်ရသောအခါမှာ တစ်မိနစ် တစ်စက္ကန့်မျှ မနှောင့်နှေးဘဲ သူ၏ အလုပ်တာဝန်ကို တတ်နိုင်သမျှ အမြန်ဆုံးပြီးရန် ပို၍ပင်ဖြည့်ဆည်းလိုလာသည်။ သူ့မှာ ဤကဲ့သို့ အလောတကြီး ခံစားမှုမျိုးကို ခံစားရသောအခါတွင် သူ၏ ကိုယ်ပိုင်နာကျင်မှုက မည်မျှများမည်နည်းဆိုသည်ကို သူမစဉ်းစားခဲ့သကဲ့သို့ သူတောင့်ခံရမည့် အရှက်ရခြင်းတို့ မည်မျှများမည်နည်းဆိုသည်ကိုလည်း မစဉ်းစားတော့ပေ။ သူ့နှလုံးသားမှာ ထင်မြင်ယူဆချက် တစ်ခုတည်းပင် ကိုင်စွဲထားသည်။ သူ့ကိုယ်သူပေးဆပ်သရွေ့၊ အပြစ်ဖြေရာယဇ်အနေနှင့် သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့် အရိုက်ခံရသရွေ့ ဘုရားသခင်၏အလိုတော်က ဆောင်ရွက်မှာဖြစ်ပြီး သူက အလုပ်အသစ်ကို စတင်နိုင်ပါလိမ့်မည်။ အပြစ်ထဲမှာရှိသော လူသားမျိုးနွယ်၏ဘဝ၊ အပြစ်တရား၌ သူတို့၏ ဖြစ်တည်မှုအခြေအနေသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ၏ ထင်မြင်ယူဆချက်နှင့် သူပြုလုပ်ရန် ဆုံးဖြတ်ထားသောအရာတို့သည် လူသားကို ကယ်တင်ခြင်းနှင့် ဆက်စပ်နေသည်။ သူ့မှာ ရည်ရွယ်ချက်တစ်ခုပင်ရှိသည်။ သူ့အလုပ် နောက်တစ်ဆင့်ကို သူသည် အောင်အောင်မြင်မြင်နှင့် စတင်နိုင်ရန်အတွက် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန်ဖြစ်သည်။ ၎င်းသည် ထိုအချိန်၌ သခင်ယေရှု၏ စိတ်ထဲမှာ ဘာရှိသည်ဆိုခြင်းပင်ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၁၃၆။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါ၌၊ လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်ရင်းနှင့် လူတို့နှင့် ဘေးချင်းယှဉ်ပြီး သာမန်၊ ပုံမှန်လူသားတစ်ယောက်ဖြစ်လာသောအခါတွင် လူတို့၏ စားဝတ်နေရေးအတွက် နည်းလမ်းများ၊ ဥပဒေများ၊ အတွေးအခေါ်များကို သူ မမြင်ရ၊ မခံစားရသလော။ ဤစားဝတ်နေရေးအတွက် နည်းလမ်းများနှင့် ဥပဒေများက သူ့ကို မည်ကဲ့သို့ခံစားရစေသနည်း။ သူ့နှလုံးသားမှာ စက်ဆုပ်ရွံရှာခြင်းကို ခံစားရသလော။ သူက အဘယ်ကြောင့် စက်ဆုပ်ရွံရှာခြင်းကို ခံစားရမည်နည်း။ စားဝတ်နေရေးအတွက် လူသားမျိုးနွယ်၏ နည်းလမ်းများနှင့် ဥပဒေများက မည်သည်တို့ဖြစ်သနည်း။ မည်သည့်စည်းမျဉ်းစည်းကမ်းတို့အပေါ်မှာ သူတို့ အခြေခံထားသနည်း။ မည်သည့်အရာအပေါ်မှာ သူတို့အခြေခံသနည်း။ လူသားမျိုးနွယ်၏ စားဝတ်နေရေးအတွက် နည်းလမ်းများ၊ ဥပဒေများစသဖြင့်၊ ၎င်းတို့အားလုံးသည် စာတန်၏ စဉ်းစားပုံ၊ အသိပညာနှင့် အတွေးအခေါ်တို့ကို အခြေခံထားပြီး ဖန်တီးခဲ့သည်။ ဤဥပဒေတို့အောက်တွင် အသက်ရှင်နေထိုင်သော လူသားတို့သည် လူ့သဘာဝမရှိပေ။ သမ္မာတရားမရှိပေ။ သူတို့အားလုံးက သမ္မတရားကို ဖီဆန်သည်။ ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အနှစ်သာရကို ကြည့်ကြည့်လျှင် သူ၏အနှစ်သာရသည် စာတန်၏ စဉ်းစားပုံ၊ အသိပညာနှင့် အတွေးအခေါ်တို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရသည်။ သူ့အနှစ်သာရသည် ဖြောင့်မတ်ခြင်း၊ သမ္မာတရား၊ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် အပြုသဘောဆောင်သောအရာတို့အားလုံး၏ တကယ့်အစစ်အမှန်တို့နှင့် ပြည့်နေသည်။ ဤအနှစ်သာရကို ပိုင်ဆိုင်ပြီး ဤကဲ့သို့ လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်နေသော ဘုရားသခင်သည် သူ့နှလုံးသားမှာ သူ မည်ကဲ့သို့ခံစားရမည်နည်း။ နာကျင်မှုတို့နှင့် ပြည့်နေသလော။ သူ့နှလုံးသားက နာကျင်နေပြီး ဤနာကျင်မှုက မည်သူကမျှနားလည်နိုင် သို့မဟုတ် သိမြင်နိုင်သော အရာတစ်ခုမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူရင်ဆိုင်ရသော၊ ကြုံတွေ့ရသော၊ ကြားရ၊ မြင်ရသောအရာရာတိုင်းက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်ခြင်း၊ သမ္မာတရားအပေါ် သူတို့၏ ပုန်ကန်ခြင်း၊ ခုခံခြင်းတို့ပင် ဖြစ်သောကြောင့်ဖြစ်သည်။ လူသားဆီမှ လာသောအရာအားလုံးက သူ၏ ဒုက္ခခံစားရခြင်း အရင်းအမြစ်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ အနှစ်သာရက ဖောက်ပြန်ပျက်စီးသော လူသားတို့နှင့် မတူညီသည့်အတွက်ကြောင့် ဖောက်ပြန်ပျက်စီးသောလူသားတို့သည် သူ၏ကြီးမားသော ဒုက္ခခံစားရခြင်း၏ အရင်းအမြစ်ဖြစ်လာပါသည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါမှာ သူနှင့် ဘာသာစကားတူညီသော လူတစ်ယောက်ကို သူရှာတွေ့နိုင်ပါသလော။ လူသားမျိုးနွယ်ကြားမှာ သူရှာ၍မရနိုင်ပေ။ ဘုရားသခင်နှင့် ဆက်သွယ်ပြောဆိုနိုင်သော၊ ဘုရားသခင်နှင့် ခွန်းတုံ့ဖလှယ်နိုင်သောသူ တစ်ယောက်မျှ မတွေ့ပေ။ ဘုရားသခင်မှာ မည်ကဲ့သို့ခံစားချက်မျိုးရှိမည်ဟု သင်ဆိုမည်နည်း။ လူတို့ ဆွေးနွေးသော အကြောင်းအရာများ၊ သူတို့ချစ်သောအရာများ၊ သူတို့ အားထုတ်ကြိုးပမ်းသောအရာတို့နှင့် တောင့်တမှုတို့အားလုံးက အပြစ်နှင့် မကောင်းမှုဘက်ကို ယိုင်နေသောအရာတို့နှင့်ပင် ပတ်သက်နေပါသည်။ ဘုရားသခင်က ၎င်းတို့အားလုံးကို ရင်ဆိုင်ရသောအခါ၌ သူ့နှလုံးသားကို ဓါးတစ်ချောင်းထိုးထားသကဲ့သို့မဖြစ်ဘူးလော။ ဤအရာတို့ကို ရင်ဆိုင်ပြီးသောနောက် သူ့နှလုံးသားမှာ ဝမ်းမြောက်ခြင်း ရှိနိုင်ပါမည်လား။ ဖြေသိမ့်စရာကို သူရှာနိုင်ပါမည်လား။ သူနှင့် နေထိုင်နေသောသူတို့သည် ပုန်ကန်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်နေပါသည်။ သူ့နှလုံးသားက မည်ကဲ့သို့ ဒုက္ခမခံစားဘဲ နေနိုင်မည်နည်း။ ဤဒုက္ခခံစားခြင်းက အမှန်တကယ် မည်မျှကြီးမားသနည်း။ တဖန် ဤသည်ကို မည်သူက ဂရုစိုက်သနည်း။ မည်သူက အလေးထားသနည်း။ မည်သူက အသိအမှတ်ပြုနိုင်မည်နည်း။ လူတို့က ဘုရားသခင်၏ နှလုံးသားကို နားလည်ရန် မဖြစ်နိုင်ပေ။ သူ၏ ဒုက္ခခံစားရခြင်းသည် လူတို့က သေချာစွာ အသိအမှတ်မပြုနိုင်သောအရာဖြစ်ပြီး လူသားမျိုးနွယ်၏ အေးစက်ခြင်းနှင့် ထုံထိုင်းခြင်းက ဘုရားသခင်၏ ဒုက္ခခံစားရခြင်းကို ပို၍ နက်ရှိုင်းစေသည်။

သမ္မာကျမ်းစာထဲမှာ ဤကဲ့သို့ပြောထားသော ကျမ်းတစ်ပိုဒ်ကြောင့် ခရစ်တော်၏ ဒုက္ခကို မကြာခဏသနားကြသော လူတစ်ချို့ရှိကြသည်။ “ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။” လူတို့က ဤသည်ကို ကြားသောအခါ လေးလေးနက်နက်ခံယူပြီး ၎င်းသည် ဘုရားသခင်ခံယူရသော အကြီးမားဆုံး ဒုက္ခခံစားရခြင်းပင်၊ ခရစ်တော်ခံယူရသော အကြီးဆုံး ဒုက္ခခံရခြင်းပင်ဟု ယုံကြည်ကြသည်။ ယခု အမှန်တရား၏ ရှုထောင့်မှ ကြည့်သောအခါ ဤကဲ့သို့ဟုတ်ပါသလော။ ဤအခက်အခဲတို့က ဒုက္ခခံစားရခြင်းပင်ဟု ဘုရားသခင်က မမြင်ပေ။ လူ့ဇာတိ၏ အခက်အခဲတို့အတွက် တရားမမျှတမှုအတွက် ဘယ်သောအခါမျှ ငိုယိုအော်ဟစ်ခြင်းမရှိပေ။ တဖန် သူသည် လူသားတို့ကို ပြန်လည်ပေးဆပ်ရန် သို့မဟုတ် သူ့ကို တစ်ခုခုနှင့် ဆုချရန် တစ်ခါမျှ မလုပ်ဖူးချေ။ သို့သော်လည်း ဖောက်ပြန်ပျက်စီးသော ဘဝတို့နှင့် အကျင့်ပျက်စီးသော လူသားတို့၏ ဆိုးယုတ်ခြင်းဖြစ်သော လူသားမျိုးနွယ်၏ အရာရာတိုင်းကို သူမျက်မြင် ကြုံတွေ့ရသောအခါ၊ လူသားမျိုးနွယ်သည် စာတန်၏ လက်ထဲ၌ရှိပြီး စာတန်၏ အကျဉ်းချခြင်းကို ခံထားရပြီး မလွတ်မြောက်နိုင်ဘူးဆိုသည်ကို မျက်မြင်ကြုံတွေ့ရသောအခါ၊ အပြစ်တရား၌ နေထိုင်နေသော လူတို့သည် သမ္မာတရားက အဘယ်နည်းဆိုသည်ကို မသိဘူးဆိုခြင်းကို မျက်မြင်ကြုံတွေ့ရသောအခါ ဤအပြစ်တရားတို့အားလုံးကို သူသည်းညည်းမခံနိုင်တော့ပေ။ လူသားတို့အပေါ် သူ၏ စက်ဆုပ်ရွံရှာခြင်းက တစ်နေ့တခြား တိုးပွားလာနေသည်။ သို့သော်လည်း ဤအရာအားလုံးကို သူတောင့်ခံရသည်။ ၎င်းက ဘုရားသခင်၏ ကြီးမားသော ဒုက္ခခံစားခြင်းပင်။ ဘုရားသခင်သည် သူ့နောက်လိုက်တို့ကြားမှာ သူ့နှလုံးသား သို့မဟုတ် သူ့ခံစားချက်တို့၏ အသံကိုပင်တောင်မှ အပြည့်အဝ မဖော်ပြနိုင်ပေ။ တဖန် သူ၏ ဒုက္ခခံစားရခြင်းကို သူ၏နောက်လိုက်တို့ထဲက ဘယ်သူကမျှ အမှန်တကယ် နားမလည်နိုင်ပေ။ မည်သူကမျှသူ့နှလုံးသားကို နှစ်သိမ့်မှုပေးရန် သို့မဟုတ် နားလည်ရန်ပင် မကြိုးစားကြပေ။ သူ့နှလုံးသားသည် ဤဒုက္ခခံစားရခြင်းတို့ကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ခါပြီးနောက်တစ်ခါ ခံစားရပါသည်။ ဤအရာအားလုံးထဲ၌ သင်တို့ ဘာကိုမြင်ပါသနည်း။ ဘုရားသခင်က သူပေးခဲ့သောအရာအတွက် လူသားတို့ဆီမှ အပြန်အလှန်အနေနှင့် ဘာကိုမျှ မလိုအပ်ခဲ့ပေ။ သို့သော်လည်း ဘုရားသခင်၏ အနှစ်သာရကြောင့် လူသား၏ ဆိုးယုတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အပြစ်တရားကို လုံးဝ သည်းမခံနိုင်ဘဲ စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုကို အတော်ကလေးခံစားရပြီး ဘုရားသခင်၏ နှလုံးသားနှင့် သူ၏လူ့ဇာတိသည် အဆုံးမရှိသော ဒုက္ခခံစားရခြင်းတို့ကို တောင့်ခံရခြင်းကို ဖြစ်စေပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၁၃၇။ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းမှာ သူပြောခဲ့၊ လုပ်ခဲ့သောအရာတို့က ဂရုတစိုက်ထည့်သွင်းစဉ်းစားခြင်းရှိပြီး ကြင်နာတတ်သော ရည်ရွယ်ချက်နှင့် လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဤအရာတို့သည် လူသားအပေါ် ဘုရားသခင်ထားခဲ့သော ကြင်နာခြင်းနှင့် ချစ်ခင်ခြင်းတို့နှင့် ပြည့်နေပြီး သူ၏လူ့ဇာတိခံယူချိန်မှာ လူသားမျိုးနွယ်နှင့် သူတည်ဆောက်ခဲ့သည့် ရင်းနှီးသော ဆက်ဆံရေးအတွက် သူထားရှိခဲ့သော အသိအမှတ်ပြုတန်ဖိုးထားခြင်းနှင့် တိကျစေ့စပ်မှုတို့နှင့် ပြည့်နေပါသည်။ ထို့အပြင်သူ၏ လူ့ဇာတိခံယူချိန်မှာ သူ့နောက်လိုက်တို့နှင့် စားသောက်ခဲ့သော အသက်တာအတွက် သူထားရှိခဲ့သော မျှော်လင့်ချက်တို့နှင့် အတိတ်ကို လွမ်းဆွတ်တမ်းတမှုတို့နှင့် ပြည့်နေပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားနှင့် ဘုရားသခင်အကြား ဝေးကွာခြင်းကို လူတို့ခံစားရရန် အလိုမရှိသကဲ့သို့ လူသားမျိုးနွယ်ကိုလည်း သူတို့ကိုယ်သူတို့ ဘုရားနှင့် ဝေးကွာအောင်ပြုလုပ်ရန် အလိုမရှိပေ။ ထို့အပြင်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း သခင်ယေရှုသည် လူတို့နှင့် အလွန်ရင်းနှီးခဲ့သော သခင်မဟုတ်တော့ကြောင်း၊ သူသည် ဝိညာဉ်လောကကို ပြန်သွားသောကြောင့်၊ လူတို့ လုံးဝ မမြင်နိုင်၊ လက်လှမ်းမမီနိုင်သော ခမည်းတော်ဆီသို့ ပြန်သွားသောကြောင့် လူသားမျိုးနွယ်နှင့် အတူမရှိတော့ဟုဆိုခြင်းမျိုးကို လူသားမျိုးနွယ်ကို သူမခံစားစေလိုပေ။ သူနှင့် လူသားမျိုးနွယ်ကြားမှာ အနေအထားမတူညီမှုတို့ရှိသည်ဟု လူတို့ကို မခံစားစေလိုခဲ့ပေ။ သူ့နောက်ကိုလိုက်လိုသော်လည်း သူနှင့် ခပ်ခွာခွာနေသော လူတို့ကို ဘုရားသခင် မြင်သောအခါမှာ သူတို့၏နှလုံးသားသည် သူနှင့် အလွန်ဝေးကွာနေသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့်၊ သူတို့၏နှလုံးသားကို ရရှိရန် သူ့အတွက် အလွန်ခက်ခဲသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့် သူ့နှလုံးသားသည် နာကျင်ရပါသည်။ ထို့ကြောင့် သူသည် လူတို့ မမြင်နိုင်၊ ထိတွေ့၍မရနိုင်သော ဝိညာဉ်ခန္ဓာနှင့် သူတို့ရှေ့၌ ကိုယ်ထင်ပြလျှင် ၎င်းက လူသားကို ဘုရားသခင်ဆီမှ နောက်တစ်ကြိမ်ထပ်ပြီး ဝေးကွာစေပါလိမ့်မည်။ တဖန် ၎င်းသည် ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် လူသားမျိုးနွယ်က သူ့ကို အလွန်မြင့်မြတ်သွားသောအနေနှင့်၊ လူသားတို့နှင့် မတူညီသော ပုံစံအဖြစ်နှင့်၊ လူသားတို့သည် အပြစ်ရှိသောကြောင့်၊ ညစ်ညမ်းပြီး ဘုရားသခင်နှင့် လုံးဝမနီးစပ်နိုင်ခြင်းကြောင့် လူသားနှင့်အတူ စားပွဲတစ်ခုထဲ မထိုင်နိုင်တော့သောသူတစ်ယောက်အဖြစ်နှင့် မှားယွင်းစွာ မြင်စေပါလိမ့်မည်။ လူသားမျိုးနွယ်၏ ဤအထင်လွဲခြင်းတို့ကို ဖယ်ရှားရန်အတွက် သခင်ယေရှုသည် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အတိုင်း သူလူ့ဇာတိမှာရှိစဉ်က လုပ်ခဲ့သော အရာတစ်ချို့ကို လုပ်ဆောင်ခဲ့ပါသည်။ “မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်”။ သူလုပ်လေ့ရှိသကဲ့သို့ပင် သူတို့အား ကျမ်းစာကိုလည်း ရှင်းပြခဲ့သည်။ သခင်ယေရှုလုပ်ခဲ့သော ဤအရာအားလုံးသည် သခင်သည် ပြောင်းလဲမသွားကြောင်း၊ သူသည် ယခင်က သခင်ယေရှုပင်ဖြစ်သည်ဆိုကြောင်းကို သူ့ကိုမြင်သောလူတိုင်းကို ခံစားသိရှိစေခဲ့သည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီး ရှင်ပြန်ထမြောက်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်ကို ထားမသွားပေ။ သူသည် လူသားတို့ကြားထဲသို့ ပြန်လာပြီး သူ၏ အရာရာတိုင်းသည် ပြောင်းလဲမသွားပေ။ လူတို့ရှေ့မှာရပ်နေသော လူသားသည် ယခင်က သခင်ယေရှုပင်ဖြစ်သည်။ သူ၏အပြုအမူနှင့် သူ၏ လူတို့နှင့် စကားပြောခြင်းတို့က အလွန်ရင်းနှီးသကဲ့သို့ ခံစားရသည်။ သူသည် ချစ်ခင်ကြင်နာခြင်းများ၊ ကျေးဇူးတော်နှင့် သည်းခံခြင်းများနှင့် ပြည့်နေတုန်းပင်ဖြစ်သည်။ သူသည် သူ့ကိုယ်သူချစ်သကဲ့သို့ သူတပါးကိုချစ်သော၊ လူသားမျိုးနွယ်ကို ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်နိုင်သော ထိုသခင်ယေရှုပင်ဖြစ်သည်။ ခါတိုင်းလိုပင်၊ လူတို့နှင့်အတူ သူစားသည်။ သူတို့နှင့် ကျမ်းစာ ဆွေးနွေးသည်။ ပိုအရေးကြီးသည်မှာ ယခင်ကလိုပင် သူသည် အသွေးအသားနှင့်ပြုလုပ်ထားပြီး ထိတွေ့နိုင်၊ မြင်နိုင်ပါသည်။ ဤပုံစံနှင့်လူသားသည် ဤရင်းနှီးမှုကို လူတို့အား ခံစားရစေသည်။ စိတ်သက်သာရာရစေသည်။ ပျောက်ဆုံးသွားသော အရာတစ်ခုကို ပြန်လည်ရရှိသော ဝမ်းမြောက်မှုကို ခံစားရစေသည်။ သူတို့သည်လည်း လူသားမျိုးနွယ်၏အပြစ်တို့ကို ခွင့်လွှတ်နိုင်သော ဤလူသားကို ရဲရင့်စွာ၊ ယုံကြည်မှုရှိစွာနှင့် အမှီပြု အားထားရန် လုံလောက်စွာ စိတ်သက်သာရာရခြင်းကို ခံစားကြရပါသည်။ သူတို့သည်လည်း နှောင့်နှေးမနေဘဲ သခင်ယေရှု၏ အမည်နာမ၌ကို ဆုတောင်းရန်၊ သူ၏ ကျေးဇူးတော်၊ သူ၏ကောင်းချီးကို လက်ခံရရှိစေရန်၊ သူ့ဆီမှ ငြိမ်ချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို လက်ခံရရှိရန်အတွက် ဆုတောင်းရန်၊ သူ့ဆီမှ ဂရုစိုက်မှုနှင့် ကာကွယ်မှုကို ရရှိရန်အတွက် ဆုတောင်းရန် စတင်ပြုလုပ်လာကြပြီး သခင်ယေရှု၏နာမတော်ဖြင့် ဆေးကုသခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းတို့ကို အစပြုလုပ်ဆောင်လာကြပါသည်။

သခင်ယေရှုသည် လူ့ဇာတိ၌အလုပ်လုပ်နေသောအချိန်ကာလအတွင်းမှာ သူ၏ နောက်လိုက်အများစုက သူ၏ ဝိသေသလက္ခဏာနှင့် သူပြောခဲ့သော အရာတို့ကို အပြည့်အဝ အတည်မပြုနိုင်ခဲ့ပေ။ သူလက်ဝါးကပ်တိုင်ပေါ်ရောက်သောအခါမှာ သူ့နောက်လိုက်တို့၏ သဘောထားသည် မျှော်လင့်ထားသောအတိုင်းပင်ဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်အရိုက်ခံရပြီး ဂူထဲ သွင်းခံရသောအချိန်အထိ တစ်လျှောက်လုံးမှာ သူ့အပေါ် လူတို့၏ သဘောထားသည် စိတ်ပျက်ခြင်းပင်ဖြစ်သည်။ ဤအချိန်ကာလအတွင်းမှာ လူတို့သည် သခင်ယေရှု လူ့ဇာတိခံသော အချိန်၌ ပြောခဲ့သောအရာတို့ကို သံသယဖြစ်နေရာမှ ငြင်းပယ်ခြင်းအထိ သူတို့နှလုံးသားထဲမှာ ရွေ့သွားနေပါပြီ။ ဂူထဲမှ သူပြန်ထွက်လာပြီး လူတို့ရှေ့ တစ်ယောက်ချင်းစီရှေ့ ပေါ်ထွက်လာသောအခါ သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်သောသူအများစု၊ သို့မဟုတ် သူ၏ ရှင်ပြန်ထမြောက်ခြင်းသတင်းကို ကြားသောသူအများစုသည် ငြင်းပယ်ခြင်းမှ သံသယဝင်ခြင်းကို တဖြည်းဖြည်းကူးပြောင်းသွားသည်။ သခင်ယေရှုက သောမအား သူ့လက်ကို သူ၏ဘေးဖက်ကို ထိစေသောအချိန်မှာ၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုသည် ပေါင်မုန့်ကိုဖဲ့ပြီး လူအုပ်ရှေ့၌ စားသောအချိန်မှာ၊ နောက်ပိုင်း သူတို့ရှေ့၌ ငါးကင်ကို စားသောအခါမှာ၊ ထိုအချိန်ကျမှသာ သခင်ယေရှုသည် လူ့ဇာတိနှင့် ခရစ်တော်ဖြစ်သည် ဆိုသောအချက်ကို အမှန်တကယ်လက်ခံခဲ့ကြသည်။ ထိုအချိန်၌ ဤလူတို့ရှေ့မှာ အသွေးအသားနှင့် ရပ်နေသော ဤဝိညာဉ်ခန္ဓာသည် သူတို့တစ်ယောက်ချင်းစီတိုင်းကို အိပ်မက်မှ နိုးထစေခြင်းမျိုးပင်ဖြစ်သည်ဟု သင်ဆိုနိုင်ပါသည်။ သူတို့ရှေ့မှာ ရပ်နေသော လူသားသည် ရှေးအတီတေကတည်းက တည်ရှိခဲ့သောသူတစ်ယောက်ဖြစ်သည်။ သူ့မှာ ပုံသဏ္ဌာန်၊ အသွေးနှင့်အသားရှိခဲ့ပြီး သူသည် လူသားမျိုးနွယ်နှင့်အတူ အချိန်အကြာကြီး အသက်ရှင်၍ စားသောက်ခဲ့ပြီးပါပြီ။ ဤအချိန်မှာ သူ၏ တည်ရှိမှုသည် အလွန်ကိုစစ်မှန်သည်၊ အလွန်အံ့သြစရာကောင်းသည်ဟု လူတို့ခံစားကြရသည်။ သူတို့သည်လည်း ဝမ်းမြောက်ပြီး ပျော်ရွှင်နေကြသည်။ တစ်ချိန်တည်းမှာပင် စိတ်ခံစားမှုတို့နှင့် ပြည့်နေသည်။ သူ၏ ပြန်လည်ပေါ်ထွက်လာခြင်းက လူတို့ကို သူ၏ နှိမ့်ချမှုကို အမှန်တကယ်မြင်စေရန်၊ သူ၏နီးစပ်ခြင်းကို ခံစားစေရန်၊ လူသားမျိုးနွယ်အတွက် သူ၏ တောင့်တမှု၊ သူ၏ တွယ်တာမှုကို ခံစားစေရန် အခွင့်ကို လူတို့ကို ပေးပါသည်။ ဤအကျဉ်းချုံး ပြန်လည်တွေ့ဆုံခြင်းက သခင်ယေရှုကို မြင်ခဲ့သော လူတို့ကို အချိန်တစ်သက်တာကုန်ဆုံးသွားပြီးသကဲ့သို့ ခံစားရအောင် ပြုလုပ်ခဲ့ပါသည်။ သူတို့၏ ပျောက်ဆုံးနေသော၊ ရှုပ်ထွေးနေသော၊ ကြောက်ရွံ့နေသော၊ စိုးရိမ်ပူပန်နေသော၊ တောင့်တနေသော၊ ထုံထိုင်းနေသော နှလုံးသားတို့ကို သက်သာစေသည်။ သူတို့သည် သံသယမရှိတော့ပေ၊ သို့မဟုတ် စိတ်မပျက်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုမျှော်လင့်ချက်နှင့် အမှီပြုစရာရှိပြီဟု ခံစားရခြင်းကြောင့်ပင်ဖြစ်သည်။ သူတို့ရှေ့မှာရပ်နေသော လူသားသည် သူတို့နောက်မှာ ထာဝရရှိနေပါလိမ့်မည်။ သူသည် အချိန်ပြည့် သူတို့၏ မျှော်စင်၊ သူတို့၏ ခိုလှုံရာဖြစ်နေပါလိမ့်မည်။

သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော်လည်း သူ့နှလုံးသားနှင့် သူ၏လုပ်ဆောင်မှုသည် လူသားမျိုးနွယ်ဆီမှ ထွက်ခွာမသွားပေ။ သူသည် မည်ကဲ့သို့သောပုံစံနှင့် တည်ရှိနေပါစေ၊ သူသည် လူတို့ကို အဖော်ပြုမည်။ သူတို့နှင့်အတူ လျှောက်လှမ်းမည်။ အချိန်တိုင်း၊ နေရာတိုင်းမှာ သူတို့နှင့်အတူရှိမည်ဟု သူ့ကိုယ်ထင်ပြခြင်းနှင့်အတူ လူတို့ကို ပြောခဲ့သည်။ တဖန် အချိန်တိုင်း၊ နေရာတိုင်းမှာ သူသည် လူသားမျိုးနွယ်ကို ပံ့ပိုးပြီး သူတို့ကို ဦးဆောင်လမ်းပြမည်။ သူ့ကို ကြည့်ပြီး ထိတွေ့ရန် သူတို့ကို ခွင့်ပြုမည်။ သူတို့သည် နောက်တစ်ကြိမ် အကူအညီမဲ့သကဲ့သို့ မခံစားရအောင် သေချာစေလိမ့်မည်။ သခင်ယေရှုသည် လူတို့ကို ၎င်းကိုလည်း သိစေလိုခဲ့သည်။ ဤကမ္ဘာမှာ သူတို့အသက်တာသည် တစ်ဦးတစ်ယောက်တည်းမဟုတ်ပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စောင့်ရှောက်မှုကို ရရှိသည်။ ဘုရားသခင်သည် သူတို့နှင့်အတူရှိသည်။ လူတို့သည် ဘုရားသခင်ကို အမြဲတစေ အမှီပြုနိုင်သည်။ သူသည် သူ့နောက်လိုက်သူ တစ်ယောက်ချင်းစီတိုင်း၏ မိသားစုဖြစ်သည်။ ဘုရားသခင်ကို အမှီပြုပြီး လူသားမျိုးနွယ်သည် အထီးကျန်မှာမဟုတ်တော့ပေ၊ သို့မဟုတ် အကူအညီမဲ့မှာ မဟုတ်တော့ပေ။ တဖန် သူ့ကို သူတို့၏အပြစ်ဖြေရာယဇ်အဖြစ် လက်ခံသူတို့သည် အပြစ်တရား၌ ချည်နှောင်ခြင်းမခံရတော့ပေ။ လူသား၏အမြင်မှာ သခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက် သူလုပ်ဆောင်ခဲ့သော သူ့အလုပ်၏ ဤအပိုင်းတို့သည် အလွန်သေးငယ်သောအရာတို့ ဖြစ်သည်။ သို့သော်လည်း ငါမြင်သော ပုံစံမှာမူ အကြောင်းအရာတစ်ခုချင်းစီတိုင်းက အလွန်အဓိပ္ပာယ်ရှိသည်။ အလွန်တန်ဖိုးရှိသည်။ သူတို့အားလုံးသည် အလွန်အရေးကြီးပြီး လေးနက်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၁၃၈။ လူသားသည် ဘုရားသခင်နှင့် ရန်သူကဲ့သို့ဖြစ်ခဲ့သည့်အတွက် ဘုရားသခင်သည် လူသားကို ရွံရှာခဲ့သည်။ သို့ရာတွင် သူ့နှလုံးသားထဲတွင်မူ လူသားမျိုးနွယ်အတွက် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် သနားညှာတာမှုတို့သည် မပြောင်းမလဲတည်ရှိခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့သည့်အခါပင်လျှင် သူ့နှလုံးသားသည် မပြောင်းမလဲ တည်ရှိခဲ့သည်။ လူသားတို့သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ပြီး ဘုရားသခင်ကို အတိုင်းအတာတစ်ခုအထိ မနာခံသည့်အခါ သူ၏စိတ်သဘောထားနှင့် အနှစ်သာရကြောင့် သူ၏စည်းမျဉ်းများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏အနှစ်သာရကြောင့် သူသည် လူသားမျိုးနွယ်ကို သနားကြင်နာဆဲဖြစ်ပြီး သူတို့ဆက်လက်ရှင်သန်နိုင်ရန်အတွက် လူသားမျိုးနွယ်ကိုရွေးနုတ်ရန် နည်းအမျိုးမျိုးပင် အသုံးပြုခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို မနာခံမှုတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို မည်သို့ပင် ခေါ်သည်ဖြစ်စေ၊ သတိပေးသည်ဖြစ်စေ၊ ပံ့ပိုးပေးသည်ဖြစ်စေ၊ ကူညီပေးသည်ဖြစ်စေ သို့မဟုတ် သူတို့ကို သည်းခံသည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ပေ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုအလယ်တွင် လူသားတို့ နောက်ပြန်လှည့်လာရန် စောင့်စားရင်း သူ၏သည်းခံမှုကို အဆုံးစွန်ထိပေးဖို့ကို ဘုရားသခင်သည် မမေ့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်သွားသည့်အခါတွင်မူ တွန့်ဆုတ်နှောင့်နှေးနေခြင်းမရှိဘဲ သူလုပ်စရာရှိတာကို လုပ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားကို ဖျက်ဆီးခြင်းအမှုမှာ ဘုရားသခင်သည် လူသားကိုဖျက်ဆီးဖို့ စပြီးစီစဉ်သည့်အချိန်မှ သူ့အမှုကို အမှန်တကယ် အစပြုခြင်းကာလအထိ တိကျသည့် အချိန်အပိုင်းအခြားနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ ဤဖြစ်စဉ်သည် လူသားကို နောက်ပြန်လှည့်စေဖို့ဟူသည့် ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီ ဤအချိန်ကာလ၌ ဘုရားသခင်က မည်သည့်အရာကိုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်းတို့ကို များစွာပြုလုပ်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားမှာ မည်မျှပင် နာကျင်မှု၊ ဝမ်းနည်းမှုများ ရှိနေပါစေ လူသားမျိုးနွယ်အပေါ်တွင် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် များပြားလှသည့် သနားကြင်နာမှုများကို ဆက်လက်ထားရှိခဲ့သည်။ ဤအချက်မှ ငါတို့ အဘယ်အရာကို တွေ့ရသနည်း။ လူသားတို့အတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး အပြောသက်သက်မဟုတ်ခြင်းကို သံသယဖြစ်နေစရာမလိုဘဲ မြင်တွေ့ရသည်။ ဤသည်မှာ စစ်မှန်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်ကာ သိသာသည်။ အတုမဟုတ်ပေ၊ မသန့်ရှင်းခြင်း၊ လှည့်စားခြင်း သို့မဟုတ် အယောင်ဆောင်ခြင်းတို့ မရှိပေ။ လူများက သူ့ကိုချစ်ခင်ဖွယ်ကောင်းသူအဖြစ် မြင်စေရန် ပရိယာယ် သို့မဟုတ် ပုံရိပ်အတုအယောင်များ ဖန်တီးခြင်းတို့ကို ဘုရားသခင်သည် မည်သည့်အခါမျှ အသုံးမပြုပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို လူများမြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားဝါဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်သည့် ဤသွင်ပြင်လက္ခဏာများက လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ရန် မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ဖို့ရန် မထိုက်တန်သလော။ ဤနေရာတွင် ငါသင်တို့ကို မေးလိုသည်။ ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက် ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်မှ စကားလုံးများသက်သက်မျှသာဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာဖြစ်သလော။ မဟုတ်ပေ။ လုံးဝ မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း အစရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများ အားလုံးသည် သူအမှုပြုသည့်အခါတိုင်း အသုံးပြုခြင်းခံရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလိုတော်၌ သရုပ်ထင်ကာ လူတစ်ယောက်ချင်းစီအပေါ်တွင် ထင်ဟပ်၍ ဖြည့်ဆည်းထားသည်။ သင်သည် ယခင်က ဤအချက်ကို ခံစားဖူးခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ ဝိညာဉ်ကို နှိုးထစေရန် သူ၏ ရိုးသားသည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုလျက် လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ဂရုစိုက်နေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ခုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

၁၃၉။ ဘုရားသခင်သည် လူသားကိုဖန်ဆင်းခဲ့သည်။ သူတို့သည် ဖျက်ဆီးခြင်း ခံရပြီးသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်နောက်ကို လိုက်လျောက်ကြသည်ဖြစ်စေ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ သူချစ်ရသည့်သူများအဖြစ်၊ သို့မဟုတ် လူသားများပြောသကဲ့သို့ သူ၏အချစ်မြတ်နိုးရဆုံးသော လူများအဖြစ် ဆက်ဆံသည်။ ဘုရားသခင်က သူသည်ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟုပြောသော်လည်း ထိုစကားတွင် အဆင့်အတန်းကွာခြားမှု အနည်းငယ်ရှိမည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း စင်စစ်အားဖြင့် ဘုရားသခင်က လူသားများအတွက်လုပ်ပေးခဲ့ပြီးသည့် အရာရာတိုင်းသည် ဤဆက်နွှယ်မှုသဘာဝကို များစွာကျော်လွန်နေသည်။ ဘုရားသခင်သည် လူများကိုချစ်၏၊ ဂရုစိုက်၏၊ လူသားများကို သူအရေးထားသည့်အပြင် စဉ်ဆက်မပြတ် ရပ်တန့်ခြင်းမရှိဘဲ လူသားတို့ကို ထောက်ပံ့ပေးသည်။ ဤကဲ့သို့လုပ်ရခြင်းမှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာရထိုက်သည့်အရာဖြစ်သည်ဟု သူ့နှလုံးသားထဲ၌ ဘုရားသခင်သည် မည်သည့်အခါကမျှ မခံစားရပေ။ ထို့အပြင် လူသားများကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာပေးအပ်ခြင်းသည် လူသားများကို ကြီးစွာကူညီပေးနေခြင်းဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည်လူသားများကို သူ၏နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှ တစ်ဆင့် တိတ်ဆိတ်ငြိမ်သက်စွာ ထောက်ပံ့နေခြင်းဖြစ်သည်။ လူသားများသည် သူ့ထံမှ မည်မျှထိ ထောက်ပံ့မှုနှင့် အကူအညီတို့ ရရှိနေသည်ဖြစ်စေ ဘုရားသခင်သည် နာမည်ကောင်းရဖို့ တွေးတောခြင်း သို့မဟုတ် ကြိုးစားခြင်း မည်သည့်အခါမျှ မရှိပေ။ ဤအချက်ကို ဘုရားသခင်၏အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင့် စိတ်သဘောထား၏ စစ်မှန်သည့်ဖော်ပြမှု အတိအကျပင်ဖြစ်သည်။ ထို့ကြောင့်လည်း သမ္မာကျမ်းစာထဲတွင် သို့မဟုတ် အခြားမည်သည့်စာအုပ်ထဲတွင်ပင်ဖြစ်စေ ဘုရားသခင်အနေဖြင့် သူ၏အတွေးများကို ဖော်ပြထားခြင်းကို ငါတို့ မည်သည့်အခါမျှ မတွေ့ရခြင်းဖြစ်ပြီး လူသားများ သူ့ကိုကျေးဇူးတင်စိမ့်သောငှာ သို့မဟုတ် သူ့ကိုချီးမွမ်းစိမ့်သောငှာ သူသည် ဤအရာများကိုလုပ်ရခြင်းအကြောင်း သို့မဟုတ် လူသားများကို အင်မတန် ဂရုစိုက်ရခြင်းအကြောင်း ဖော်ပြထားခြင်း သို့မဟုတ် တရားဝင်ကြေညာထားခြင်းကို မည်သည့်အခါမျှ မတွေ့ရခြင်း ဖြစ်သည်။ သူစိတ်ထိခိုက်နေရလျှင်ပင်၊ သူ့နှလုံးသားသည် အပြင်းအထန် နာကျင်နေရလျှင်ပင်၊ လူသားများအပေါ် ထားရှိသည့် သူ၏ဝတ္တရား သို့မဟုတ် စိုးရိမ်စိတ်ကို မည်သည့်အခါမျှ မမေ့ဘဲ သူသည် ဤနာကျင်မှုများကို တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ခံစားနေခြင်းဖြစ်သည်။ အခြားတစ်ဖက်မှာ ဘုရားသခင်သည် သူလုပ်နေကျအတိုင်း လူသားများကို ဆက်လက်ထောက်ပံ့သည်။ လူသားများသည် တစ်ခါတစ်ရံ သူ့ကိုချီးမွမ်းပြီး သက်သေခံလျှင်ပင် ဤအပြုအမူသည် ဘုရားသခင်တောင်းဆိုသည့် အရာများမဟုတ်ပေ။ ဤသို့ရဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားများအတွက် သူလုပ်ပေးခဲ့သည့် ကောင်းသောအရာများအတွက် ကျေးဇူးတင်မှုနှင့် အလဲအလှယ်ပြုရန် သို့မဟုတ် ထိုအရာအတွက် ပြန်လည်ပေးဆပ်စေရန် မည်သည့်အခါမျှ မရည်ရွယ်ခဲ့ပေ။ တစ်ဖက်မှာလည်း ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရှားသူများ၊ ဘုရားသခင်နောက် အမှန်လိုက်လျှောက်ကာ သူ့စကားကိုနားထောင်ကာ သူ့အပေါ် သစ္စာစောင့်သိသူများနှင့် နာခံသူများဖြစ်သည့် ဤသို့သောလူများသည် ဘုရားသခင်၏ကောင်းချီးများကို မကြာခဏရရှိမည့်သူများဖြစ်ပြီး ဘုရားသခင်သည် ထိုသို့သော ကောင်းချီးများကို မခြွင်းမချန် ချပေးသနားလိမ့်မည်။ ထို့အပြင် ဘုရားသခင်ထံမှ လူသားများရရှိသည့် ကောင်းချီးများသည် မကြာခဏပင် သူတို့၏စိတ်ကူးများထက်သာလွန်ကာ လူသားများပြလုပ်ခဲ့သည့်အရာ သို့မဟုတ် အဖိုးအခပေးကာ လဲလှယ်၍ရသည့်အရာများထက်လည်း သာလွန်နေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

၁၄၀။ လူ၏ ကံကြမ္မာသည် ဘုရားသခင်အပေါ်၌ရှိသော သူ၏ သဘောထားအားဖြင့် ဆုံးဖြတ်ခံရခြင်း ဖြစ်သည်

ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်တစ်ဆူ ဖြစ်ပြီး လူတို့သည် မတူညီသော အခြေအနေများတွင် မတူညီစွာ လုပ်ဆောင်ကြသကဲ့သို့ ဘုရားသခင်သည် ရုပ်သေးရုပ် တစ်ရုပ် မဟုတ်သလို ဗလာနတ္တိဖြစ်သော လေ မဟုတ်ခြင်းကြောင့် ဤလုပ်ဆောင်ချက်များအပေါ် ဘုရားသခင်၏ သဘောထားမှာ ကွဲပြားပေသည်။ ဘုရားသခင်၏ သဘောထားကို သိရခြင်းမှာ လူသားမျိုးနွယ်အတွက် အဖိုးထိုက်သော လေ့လာလိုက်စားမှုတစ်ခုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သဘောထားကို သိခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မည်ကဲ့သို့သိနိုင်မည့်အကြောင်း နှင့် သူ၏ စိတ်နှလုံးကို တစ်ဖြည်းဖြည်းချင်း နားလည်ရန် လေ့လာသင်ယူသင့်သည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို တစ်ဖြည်းဖြည်းချင်း နားလည်လာသောအခါ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်းမှာ လုပ်ဆောင်ပြီးမြောက်ရန် ခက်ခဲသောအရာတစ်ခု ဖြစ်သည်ဟု သင် ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သင်သည် ဘုရားသခင်ကို နားလည်သည့်အခါ သင်သည် သူ နှင့်ပတ်သက်၍ ကောက်ချက်များကို ချရန် အလားအလာ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင် အကြောင်း သင် ကောက်ချက်များချခြင်းကို ရပ်သည့်အခါ သင်သည် ဘုရားသခင်ကို ပြစ်မှားရန် အလားအလာရှိမည် မဟုတ်ဘဲ ဘုရားသခင်သည် သင့်အား သူ၏အကြောင်း အသိတစ်ခုရှိစေရန် အမှတ်တမဲ့ ဦးဆောင်သွားမည်ဖြစ်သဖြင့် သင်သည် သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့လိမ့်မည် ဖြစ်သည်။ သင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သော သြဝါဒများ၊ စာများ နှင့် အယူအဆများကို အသုံးပြု၍ ဘုရားသခင်အား အဓိပ္ပာယ်ဖွင့်ခြင်းကို သင် ရပ်တံ့လိမ့်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အရာခပ်သိမ်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမြဲ ရှာဖွေခြင်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သော လူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေမည်။

ဘုရားသခင်၏ အမှုကို လူသားမျိုးနွယ်တို့ မြင်နိုင်ခြင်း ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း ဘုရားသခင်နှင့် ပတ်သက်သရွေ့၊ သူ့အပေါ် လူ တစ်ယောက်ချင်းစီ နှင့် အယောက်တိုင်း၏ သဘောထား နှင့်အတူ ပြုမူပုံများမှာ ဘုရားသခင်အတွက် သိသာထင်ရှားသည်သာမက မြင်လည်း မြင်နိုင်ပေသည်။ ဤအရာမှာ အယောက်တိုင်း သဘောပေါက်သင့်ပြီး ရှင်းရှင်းလင်းလင်း သိသင့်သော တစ်စုံတစ်ရာဖြစ်သည်။ သင်သည် သင့်ကိုယ်သင် “ဤနေရာတွင် ကျွန်ုပ် လုပ်နေသော အရာကို ဘုရားသခင် သိသလော။ ယခု ကျွန်ုပ်တွေးနေသော အရာကို ဘုရားသခင် သိသလော။ သူ သိကောင်းသိနိုင်သည်၊ မသိကောင်းလည်း မသိနိုင်” ဟု အမြဲတစေ မေးနေနိုင်သည်။ အကယ်၍ သင်သည် ဤသို့သော ရှုထောင့်ကို ခံယူလျက် ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်သော်လည်း သူ၏ အမှု နှင့် သူ၏ တည်ရှိခြင်းကို သံသယရှိပါက သင်သည် အန္တရာယ်ရှိသော ချောက်ကမ်းပါး တစ်ခု၏ အစပ်တွင် ယိုင်တီးယိုင်တိုင် လျှောက်နေနှင့်ပြီ ဖြစ်သောကြောင့် သင်သည် သူ့ကို ဒေါသထွက်စေသောနေ့ရက်တစ်ခု အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသောလူများကို ကျွန်ုပ် မြင်ဖူးသော်လည်း ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုကို မရသေးပေ၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကိုပင် နားမလည်ကြချေ။ ၎င်းတို့၏ ဘဝ ဝိညာဉ်အသက်တာသည် တိုးတက်မှု တစ်စုံတစ်ရာ မရှိဘဲ အပေါ့တန်ဆုံးသော သြဝါဒကိုသာ လိုက်နာစောင့်ထိန်းလျက်ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင်အသက်အဖြစ် မည်သည့်အခါမျှ သဘောထားခြင်းမရှိသောကြောင့် ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မည်သည့်အခါမျှ ရင်ဆိုင်ခြင်း နှင့် လက်ခံခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယင်းကဲ့သို့ လူများကို ကြည့်ကာ ပျော်ရွှင်မှုဖြင့် ပြည့်နေမည်ဟု သင် ထင်ပါသလား။ ၎င်းတို့သည် သူ့ကို နှစ်သိမ့်ကြသလော။ ထိုအခြေအနေတွင် ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုနည်းလမ်းသည် ၎င်းတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မည်ကဲ့သို့ ရှာဖွေသည် သို့မဟုတ် ဘုရားသခင်ကို သင်မည်ကဲ့သို့ ဆက်ဆံသည်ဟူသော မေးခွန်းဖြစ်ပါစေ အရေးအကြီးဆုံး အရာမှာ သင်၏ သဘောထားပင် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ ဦးခေါင်းအနောက်မှ ဗလာနတ္တိဖြစ်သောလေကဲ့သို့ သူ့အား လျစ်လျူမရှုနှင့်။ သင်၏ ယုံကြည်သော ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင် တစ်ဆူ၊ စစ်မှန်သော ဘုရားသခင် တစ်ဆူ ဖြစ်ကြောင်းကို အမြဲ ဆင်ခြင်လော့။ သူသည် အဘယ်အမှုအရာမျှ လုပ်ဆောင်စရာမရှိသော တတိယကောင်းကင်ဘုံ၌ မရှိပါ။ ထိုသို့မဟုတ်ဘဲ သူသည် အယောက်တိုင်းစီ၏ စိတ်နှလုံးအတွင်း အစဉ်မပြတ် ကြည့်လျက်ရှိသည်၊ သင် လုပ်ဆောင်သောအရာကို ကြည့်လျက်ရှိသည်၊ အသေးငယ်ဆုံးသော စကားလုံး တစ်လုံးချင်းစီ နှင့် အသေးဆုံး လုပ်ဆောင်မှု တစ်ခုချင်းစီကို ကြည့်လျက်ရှိသည်၊ သင် မည်ကဲ့သို့ ပြုမူပုံ နှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်သို့ ရှိကြောင်းကို ကြည့်လျက်ရှိသည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ပေးလိုသည်ဖြစ်စေ မပေးလိုသည်ဖြစ်စေ၊ သင်၏အပြုအမူ နှင့် သင်၏ အတွင်းဆုံးမှ အတွေးများနှင့် စိတ်ကူးများ အားလုံးသည် ဘုရားသခင်ရှေ့၌ ရှိပြီး သူ၏စောင့်ကြည့်ခြင်းကို ခံကြရသည်။ သင်၏ အပြုအမူ၊ သင်၏ လုပ်ဆောင်ချက်များ နှင့် ဘုရားသခင်အပေါ် သင်၏ သဘောထား နှင့်အညီ သင့်အပေါ် သူ၏ ခံယူချက် နှင့် သင့်အပေါ် သူ၏ သဘောထားသည် အဆက်မပြတ် ပြောင်းလဲနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်အပေါ် အလွန် ချစ်သင့်သကဲ့သို့၊ သင့်ကို သူသည် ဘယ်သောအခါမျှ စွန့်ခွာနိုင်မည် မဟုတ်ဘိသကဲ့သို့၊ သင့်အပေါ် သူ၏ သဘောထားမှာ တစ်သတ်မတ်တည်းဖြစ်၍ ဘယ်သောအခါမျှ ပြောင်းလဲနိုင်မည် မဟုတ်ဘိသကဲ့သို့၊ဘုရားသခင်၏ လက်ထဲတွင် မွေးကင်းစကလေးငယ် တစ်ဦးကဲ့သို့ မိမိတို့ ကိုယ်ကို ထားကြမည့် သူများကို အကြံဉာဏ်အချို့ ငါ ပေးလိုသည်၊ အိပ်မက်မက်နေခြင်းကို ရပ်ကြလော့။ ဘုရားသခင်သည် လူ အယောက်စီတိုင်းအပေါ် သူ၏ ဆက်ဆံမှု၌ ဖြောင့်မတ်ပေသည်။ လူသားမျိုးနွယ်အပေါ် သိမ်းပိုက်ခြင်း နှင့် ကယ်တင်ခြင်းအမှုတို့ကို သူသည် အလွန်လေးနက်စွာ ကိုင်တွယ်ဖြေရှင်းသည်။ ၎င်းမှာ သူ၏ စီမံခန့်ခွဲမှု ဖြစ်သည်။ သူသည် လူ တစ်ဦးချင်းစီကို နောက်ပြောင်ကျီစယ်စရာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ အလေးအနက်ထား၍ ဆက်ဆံသည်။ လူအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်ပေ၊ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာ နှင့် သည်းခံခြင်းမှာ အလိုလိုက်ခြင်း သို့မဟုတ် ဂရုမပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်း နှင့် ဘဝကို အလေးထားခြင်း ဖြစ်သည်၊ သူ၏ သနားခြင်းကရုဏာ နှင့် သည်းခံခြင်းသည် လူအပေါ် သူ၏ မျှော်မှန်းချက်များကို သိရှိစေသည်၊ သူ၏ သနားခြင်းကရုဏာ နှင့် သည်းခံခြင်းသည် လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သော အရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏ သဘောထားမှာ စည်းစနစ်ကျပြီး တစ်ယူသန် အုပ်စိုးမှု လုံးဝ မဟုတ်ဘဲ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ အလိုသည် အချိန်အလိုက်၊ အခြေအနေအလိုက် နှင့် လူ အယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက်နေ၏။ ထို့ကြောင့် သင်တို့သည် ဤအရာအပေါ် ရှင်းလင်းပြတ်သားသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ပြောင်းလဲခြင်း မရှိကြောင်း နှင့် သူ၏ စိတ်သဘောထားသည် မတူညီသော အချိန်များ နှင့် မတူညီသော အခြေအနေများတွင် ထွက်ပေါ်လာမည် ဖြစ်သည်ကို နားလည်ထားသင့်သည်။ ဤအရာမှာ လေးနက်သော ကိစ္စတစ်ခု ဖြစ်သည်ဟု သင် ထင်ကောင်းထင်နိုင်မည် မဟုတ်သည့်အပြင် ဘုရားသခင်က အမှုအရာတို့ကို မည်ကဲ့သို့ ပြုသင့်ကြောင်း စိတ်ကူးရန် သင်၏ ကိုယ်ပိုင် အယူအဆများကို သင် အသုံးပြုသည်။ သို့သော်လည်း သင်၏ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သော ရှုထောင့်မှာ မှန်သောအချိန်များရှိပြီး ဘုရားသခင်ကို ကြိုးစား၍ တွက်ချက်ရန် သင်၏ ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်းဖြင့် သင်သည် သူ့ကို ဒေါသထွက်စေနှင့်ပြီ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ ပြုသည်ဟု သင် ထင်သည့်အတိုင်း စီမံခန့်ခွဲခြင်း မဟုတ်သည့်အပြင် ဤ အကြောင်းအရာကို သူပြုမည်ဟု သင် ပြောသည့်အတိုင်း သဘောမထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ပတ်လည်၌ ရှိသော အရာမှန်သမျှအပေါ် သင် ကိုင်တွယ်ဖြေရှင်းရာတွင် သတိထားရန် နှင့် မြော်မြင်ချင့်ချိန်ရန် သာမက အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းသည့် နိယာမကို မည်ကဲ့သို့ လိုက်လျှောက်ရမည်ကို သင်ယူလေ့လာရန် သင့်အား ငါ သတိပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလို နှင့် ဘုရားသခင်၏ သဘောထား နှင့်သက်ဆိုင်သော အကြောင်းအရာများအပေါ် ခိုင်ခံ့သော အသိတစ်ခု တိုးပွားလာရန် လိုအပ်သည်၊ ၎င်းကို မိတ်သဟာယဖွဲ့ပေးရန် နှင့် အလွန် လေးလေးနက်နက်ရှာရန် ဉာဏ်အလင်းဖွင့်ပြခြင်း ခံရသောလူများကို ရှာလော့။ သင့် ယုံကြည်မှု၏ ဘုရားသခင်ကို စိတ်ထင်ရာ တရားစီရင်ခြင်း၊ စိတ်ထင်ရာ ကောက်ချက်ချခြင်းများ၊ ဘုရားသခင် နှင့်ထိုက်တန်သော ရိုသေလေးစားမှုဖြင့် ဘုရားသခင်အား မဆက်ဆံခြင်းဖြစ်သည့် ရုပ်သေးရုပ်တစ်ရုပ်အဖြစ် မမြင်နှင့်။ ဘုရားသခင်၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ထဲတွင် သူသည် သင်၏ အဆုံးသတ်ကို သတ်မှတ်သောအခါ၊ အကယ်၍ သူသည် သင့်အား သနားခြင်းကရုဏာ သို့မဟုတ် သည်းခံခြင်းကို ပေးသည် ဖြစ်စေ၊ သို့မဟုတ် တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို ပေးသည်ဖြစ်စေ သင့်အပေါ် သူ၏ သဘောထားမှာ ပုံသေမဟုတ်ပေ။ ၎င်းမှာ ဘုရားသခင်အပေါ် သင်၏ သဘောထား နှင့် ဘုရားသခင်အပေါ် သင်၏ သိခြင်းအပေါ် မူတည်သည်။ ဘုရားသခင်အပေါ် တစ်ခဏမျှသာ ဖြစ်သော သင်၏ အသိဉာဏ် သို့မဟုတ် နားလည်မှု ရှုထောင့် တစ်ခုဖြင့် သူ့အား ရာသက်ပန် အဓိပ္ပာယ်ဖွင့်ခြင်း မဖြစ်စေနှင့်။ အသက်မရှိသော ဘုရားသခင်ကို မယုံကြနှင့်၊ အသက်ရှင်သော ဘုရားသခင် ကို ယုံကြည်ကြလော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ” မှ

၁၄၁။ ကံကြမ္မာကို ယုံကြည်ခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိမြင်မှုအတွက် အစားထိုး မဟုတ်ပါ

နှစ်ပေါင်းများစွာကြာသည်အထိ ဘုရားသခင်၏ နောက်လိုက်ဖြစ်ခဲ့ပြီးသည့်နောက် ကံတရားအပေါ် သင်တို့ သိမြင်မှုနှင့် လောကနှင့်ဆိုင်သည့် သူတို့၏ သိမြင်မှုကြားတွင် သိသာသည့် ကွာခြားချက်ရှိပါသလော။ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကို အမှန်တကယ်နားလည်ပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သင်တို့ အမှန်တကယ် သိမြင်လာပါသလော။ တစ်ချို့လူတွေက “ကံပဲ” ဆိုသည့် စကားစုအပေါ် သိပ်ကောင်းမွန်ပြီး လေးနက်သည့် နားလည်မှုမျိုး ရှိကြသည်။ သို့သော်လည်း သူတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အနည်းငယ်မျှ မယုံကြပါ။ လူသား၏ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ပြီး ကိုင်တွယ်ညွှန်ကြားသည် ဆိုတာကို မယုံပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့ ဆန္ဒမရှိကြပါ။ ဤလိုလူများက ပင်လယ်ထဲမှာမျောနေပြီး ရေစီးကြောင်းနှင့်အတူမျောပါရင်း လှိုင်းများ၏ ရိုက်ပုတ်ခြင်းကို ခံရရင်းနှင့် မတုန်မလှုပ်နှင့် စောင့်နေပြီး သူတို့ကိုယ်သူတို့ ကံအပေါ်မှာ ပုံအပ်ထားဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိပါ။ သို့သော်လည်းလည်း ဘုရားသခင်၏ အချုပ်အခြာအာဏာက လူသား၏ ကံကြမ္မာအပေါ် သက်ရောက်မှုရှိတာကို သူတို့ မသိမြင်ကြပါ။ သူတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိမလာနိုင်ပါ။ ထို့အတွက်ကြောင့် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို သိမြင်မှုကို ရရှိခြင်း၊ ဘုရားသခင်၏ ကိုင်တွယ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို လိုက်လျှောက်ခြင်း၊ ကံကြမ္မာကို ခုခံနေတာကို ရပ်ခြင်း၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုနှင့် လမ်းညွှန်မှုအောက်မှာ နေထိုင်ခြင်းတို့ ဖြစ်မလာနိုင်ပါ။ တစ်နည်းအားဖြင့်ဆိုလျှင် ကံကြမ္မာကိုလက်ခံခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ခြင်းနှင့် မတူပါ။ ကံကြမ္မာကို ယုံကြည်မှုက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ မြင်တွေ့ခြင်း၊ သိရှိလာခြင်းတို့ကို မဆိုလိုပါ။ ကံကြမ္မာကို ယုံကြည်ခြင်းက ဤအချက်အလက်နှင့် ဤပြင်ပ ဖြစ်ရပ်များကို သတိပြုမိခြင်းသာဖြစ်ပြီး ဖန်ဆင်းရှင်က လူသားမျိုးနွယ်၏ ကံကြမ္မာကို မည်သို့အုပ်စိုးသည် ဆိုတာကို သိခြင်း၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာအပေါ် အုပ်စိုးခြင်း အရင်းအဖြစ် ဖြစ်သည်ဆိုတာကို သိမြင်ခြင်းတို့ နှင့် ကွဲပြားပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ဖန်ဆင်းရှင်၏ ကိုင်တွယ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုအပေါ် လိုက်လျှောက်ခြင်းနှင့်ဆိုလျှင် ပို၍ပင် ကွဲပြားပါသည်။ လူတစ်ယောက်က ကံကြမ္မာကိုပဲ ယုံကြည်လျှင်၊ လေးလေးနက်နက် ခံစားသည်ဆိုလျှင်ပင် ဤအချက်ကြောင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း၊ သတိပြုမိခြင်း၊ လိုက်လျှောက်ခြင်း၊ လက်ခံခြင်းတို့ ဖြစ်မလာနိုင်ပါ။ ထိုသို့ဆိုလျှင် မည်သို့ပဲဖြစ်ပါစေ သူသို့မဟုတ် သူမ၏ ဘဝသည် ကံဆိုးမိုးမှောင် ကျပါလိမ့်မည်။ အလဟဿရှင်သန်သည့် ဘဝတစ်ခု၊ ဗလာတစ်ခု ဖြစ်ပါလိမ့်မည်။ သူ သို့မဟုတ် သူမသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှု သက်ရောက်မှုရှိဖို့၊ ဖန်ဆင်းခံလူသားဆိုသည့် စကားစု၏ အမှန်ကန်ဆုံး သဘောတရားထဲက အတိုင်းဖြစ်ဖို့၊ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုမှုကို ခံစားရဖို့ မတတ်နိုင်သေးပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရသည့် လူတစ်ယောက်သည် တက်ကြွနေရမှာဖြစ်ပြီး မတုန်မလှုပ်ဖြစ်ခြင်း သို့မဟုတ် အကူအညီမဲ့နေခြင်း အခြေအနေ မဖြစ်ရပါ။ တစ်ချိန်တည်းမှာပဲ အရာအားလုံးကို ကံက သတ်မှတ်ထားသည်ဆိုတာကို လက်ခံရင်း သူသို့မဟုတ် သူမသည် သက်ရှိတိုင်းအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ သက်ရောက်မှုရှိသည်ဆိုသည့် ဘဝနှင့် ကံကြမ္မာ၏ တိကျသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပိုင်ဆိုင်ရပါမည်။ သူလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ သူ့ခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည် စုဆောင်းသည့်အခါ သူ၏လမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ့လမ်းကို ညွှန်ကြားပြသရင်း စီစဉ်နေသည်ဆိုတာကို မြင်ရပါသည်။ ဤကား သူကိုယ်တိုင်မသိဘဲလျှက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ပါသည်။ ဖန်ဆင်းရှင်၏ အခွင့်အာဏာကို လက်ခံနိုင်စွမ်းရှိဖို့၊ သူ၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကောင်းမွန်သည့် ကံဖြစ်သနည်း။ ကံကြမ္မာအပေါ် လူတစ်ယောက်၏ သဘောထားသည် မတုန်မလှုပ်ဖြစ်နေလျှင် ဤအချက်က သူ သို့မဟုတ် သူမသည် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ခုခံနေသည်၊ သူ သို့မဟုတ် သူမသည် နာခံသည့် စိတ်သဘော မရှိဘူးဆိုတာကို သက်သေပြပါသည်။ လူသား၏ ကံကြမ္မာအပေါ်က ဘုရားသခင်၏ အချုပ်အခြာ အာဏာကို လူတစ်ယောက်၏သဘောထားက စိတ်တက်ကြွနေလျှင် သူ့ခရီးကို ပြန်ကြည့်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် ဖမ်းယူဆုပ်ကိုင်လာသည့်အခါ၊ သူသည် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို လိုက်လျှောက်ဖို့ ပိုမိုရိုးသားလေးနက်သည့် ဆန္ဒရှိလာမည်။ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ခြင်းကို ရပ်ဖို့၊ သူ့ကံကြမ္မာကို ဘုရားသခင်ကို ကိုင်တွယ်ညွှန်ကြားစေဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှုတွေ ပိုပြီးရှိလာမည်။ လူတစ်ယောက်က ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိသည့်အခါ၊ မြူတွေကို ဖြတ်သွားရင်း ဒယိမ်းဒယိုင်နှင့် ကိုယ့်သဘောနှင့် စမ်းတဝါးဝါးသွားသည့်အခါ ခရီးက အလွန်ခက်ခဲသည်။ အလွန်စိတ်ဖိစီးစရာ ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါမှာ ပါးနပ်သူများက သူတို့၏ ကိုယ်ပိုင်နည်းများနှင့် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ဖို့နှင့် သူတို့၏ ဘဝပန်းတိုင်ဟု သူတို့ခေါ်သည့် အရာများနောက်လိုက်ဖို့ ဆက်လက်ပြုလုပ်နေမည့်အစား ဤအချက်ကို သိဖို့၊ လက်ခံဖို့၊ သူတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားသည့်အချိန်တွင် နာကျင်ရသည့် နေ့ရက်များကို နှုတ်ဆက်လိုက်ဖို့ ရွေးချယ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း မသိသည့်အခါနေ့တိုင်းက အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်ပါသည်။ လူသည် မည်သည့်နေရာမှာရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ သူ၏အသက်ရှင်မှုနည်းလမ်းနှင့် သူ၏ ပန်းတိုင်နောက်လိုက်ခြင်းက သူ့အား အဆုံးမရှိသည့် ဝမ်းနည်းကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးပြီး ကိုယ်တိုင်ပြန်လည်ကြည့်ရှုဖို့ ခံနိုင်ရည်မရှိသည့် အရာမျိုးပင်ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အဓိပ္ပာယ်မဲ့ခြင်းဟူသမျှကို ခါချပြီး ဝမ်းနည်းကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

၁၄၂။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်သူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည်

လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက် ပုန်ကန်သည့် စိတ်သဘောနှင့် သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုလျှက် ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေ များကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အလဟဿ မျှော်လင့်လျှက် ကံကြမ္မာက စီမံသည့်အရာနှင့် ဘုရားသခင်၏ အခွင့်အာဏာနှင့် အချုပ်အခြာ အာဏာတို့ကို ဖယ်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်ပါ။ သူတို့၏လှုပ်ရှားမှုတိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ်အတွင်း နက်ရှိုင်းရာမှာဖြစ်သည့် ဤရုန်းကန်လှုပ်ရှားမှုက နာကျင်စရာကောင်းပါသည်။ နာကျင်မှုက မမေ့နိုင်ပါ။ အချိန်တိုင်း သူ၏ ဘဝကို ဖြုန်းတီးပစ်နေသည်။ ဤ နာကျင်မှုကို မည်သည်က ဖြစ်ပွားစေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော။ သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသလော။ သိသာစွာနှင့်ပင် တစ်ခုမှ မမှန်ကန်ပါ။ တကယ့်အကြောင်းရင်းက လူတွေ ယူဆောင်သည့်လမ်း၊ သူတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတွေ ရွေးချယ်သည့် နည်းလမ်း များ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာတွေကို သတိမပြုနိုင်ပါ။ သို့သော်လည်း သင်တကယ် သိမြင်လာသည့်အခါ၊ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိလာသည့်အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက အလွန်ကောင်းသည့် အကျိုးအမြတ် များ၊ အလွန်ကောင်းသည့် ကာကွယ်မှု များ ဆိုတာကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက တဖြည်းဖြည်း ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်သွားသလို သင်ခံစားရမည်။ လူအများစု၏ ဖော်ပြချက်တွေကနေ အကဲဖြတ်လျှင် သူတို့သည် ကိုယ်ပိုင်အမြင်တွေအရ သူတို့ ယခင်က အသက်ရှင်နေထိုင်သလို ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ သူတို့၏နာကျင်မှုကို သက်သာချင်သော်လည်း အရှိအတိုင်းဆိုလျှင် သူတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး မလိုက်လျှောက်နိုင်ပါ။ ဖန်ဆင်းရှင်၏ ကိုင်တွယ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို ရှာဖွေပြီး လက်ခံဖို့ ပိုပြီး မဖြစ်နိုင်ပါ။ ထိုကဲ့သို့ လူတို့သည်လူသား၏ အရာအားလုံးနှင့် လူသား၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိဆိုလျှင်၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် မလိုက်လျှောက်နိုင်လျှင် သူတို့အတွက် “လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်” ဆိုသည့် အယူအဆအားဖြင့် မကန့်သတ်ထားစေဖို့၊ တွန်းအားမဖြစ်စေဖို့ ခက်ခဲပါလိမ့်မည်။ ဖန်ဆင်းရှင်၏ အခွင့်အာဏာနှင့် ကံကြမ္မာကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုတွေကို ဖယ်ထုတ်ဖို့ ခက်ခဲပါလိမ့်မည်။ ပြောစရာမလိုပါ။ သူတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတွေ ဖြစ်လာဖို့ ခက်ခဲပါလိမ့်မည်။ ဤအခြေအနေမှ လွတ်မြောက်ဖို့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခု ရှိပါသည်။ ယခင်က အသက်ရှင်နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်ကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ အားထုတ်ချက်များ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ဖြစ်သည်၊ ထို့နောက်တွင် ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်နှင့် လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်နှင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။ လူတို့ကြိုးစားအားထုတ်သည့် ဘဝပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော ဘဝနေထိုင်မှုပုံစံအမျိုးမျိုးကို သင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူရင်း ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ဤအရာအားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ်သက်ဆင်းသည့် ငရဲကိုရောက်သော ကျင်းများဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက်အမျိုးမျိုးကို ဝေးဝေးရှောင်ကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းညွှန်မှုကိုသာ နာခံလျက် ရွေးချယ်စရာမရှိဘဲ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ဖြစ်သည်။ လွယ်ကူသည်ဟုထင်ရပါသည်။ သို့သော်လည်း လုပ်ဖို့ ခက်ခဲသည့်အရာပါ။ လူအချို့တို့က ဤအရာ၏ နာကျင်မှုကို ခံနိုင်သည်။ တစ်ချို့က မခံနိုင်ပါ။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိသည်။ တစ်ချို့က မရှိပါ။ ဆန္ဒမရှိသည့်သူများက ဤကဲ့သို့လုပ်ဖို့ အလိုဆန္ဒနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်မရှိပါ။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြုမိသည်။ လူသားကံကြမ္မာကို သေချာစီစဉ်သူသည် ဘုရားသခင်ဆိုသည်ကို ကောင်းစွာသိသည်။ သို့သော်လည်း သူတို့သည် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ လက်ထဲတွင် သူတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့ လက်မခံသေးသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်တို့ကို သူတို့ မကျေနပ်ပါ။ ထို့ကြောင့် သူတို့ဘယ်အရာ တတ်စွမ်းသည်ဆိုတာကို သူတို့ကိုယ်သူတို့ ကြည့်ချင်သည့် လူတစ်ချို့ အမြဲရှိနေပါလိမ့်မည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် သူတို့၏ ကံကြမ္မာကို ပြောင်းလဲချင်ကြသည်။ သို့မဟုတ် သူတို့၏ ကိုယ်ပိုင်အစွမ်းနှင့် ပျော်ရွှင်မှုကို ရယူချင်သည်၊ ဘုရားသခင် အခွင့်အာဏာ၏ နယ်နိမိတ်စည်းများကို ကျော်ပြီး ဘုရားသခင် အချုပ်အခြာအာဏာ၏ အထက်တွင် မြှင့်တက်နိုင်သလောက်ကို ကြည့် လိုကြသည်။ လူသား၏ ဝမ်းနည်းစရာအချက်က လူသားက ပျော်ရွှင်သည့်ဘဝကို ရှာခြင်းမဟုတ်ပါ။ ကျော်ကြားမှု၊ စည်းစိမ် သို့မဟုတ် မြူများကိုဖြတ်ရင်း သူ့ကိုယ်ပိုင် ကံကြမ္မာနှင့် တိုက်ခိုက်ခြင်း မဟုတ်ပါ။ သူသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့် အချက်ကို သိရှိလာပြီးနောက် သူ့ နည်းလမ်းများကို မပြောင်းနည်းနိုင်သေးဘဲ၊ သူ့ခြေထောက်များကို ရွှံ့ညွှန်ထဲမှ ဆွဲမထုတ်နိုင်ဘဲ သူ့၏နှလုံးသားကို မာကျောစေပြီး သူ့အမှားများကို ဆက်လက်ပြုလုပ်ခြင်း ဖြစ်ပါသည်။ သူသည် နောင်တအနည်းငယ်မှ မရဘဲ အဆုံးအထိ ခုခံရင်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွံ့ထဲမှာပင် ဆက်ပြီး ယက်ကန်ယက်ကန် ဖြစ်နေဖို့ပြုလုပ်သည်။ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှာသာ နောက်ဆုံးမှာ အရှုံးပေးပြီး နောက်ပြန်လှည့်ပါသည်။ ၄င်းသည် စစ်မှန်သည့် လူသား၏ ဝမ်းနည်းမှုပါ။ သို့အတွက်ကြောင့် လိုက်လျှောက်ဖို့ ရွေးချယ်သည့်သူများက အသိပညာရှိပြီး လွတ်မြောက်ဖို့ ကြိုးစားသူတို့က ခေါင်းမာသူများဖြစ်သည်လို့ ငါဆိုခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

၁၄၃။ အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရှာဖွေရင်းနှင့် ကုန်ဆုံးသည့်ဘဝသည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဆုံးရှုံးရလိမ့်မည်

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်သတ်မှတ်ခြင်းတို့ကြောင့် သူ့အမည်တွင် ဘာမှ မရှိခြင်းကနေ စတင်လာသည့် အထီးကျန်နေသည့် ဝိညာဉ်သည် မိဘနှင့် မိသားစုကို ရရှိလာသည်။ လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေး၊ လူသားဘဝကို ကြုံတွေ့ဖို့နှင့် ကမ္ဘာကိုကြည့်ဖို့ အခွင့်အရေးတွေကို ရရှိလာပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်အားဖြင့် ဖန်ဆင်းခြင်း၏ ထူးခြား ဆန်းပြားမှုတွေကို သိရှိဖို့၊ အားလုံးထဲမှာမှ ဖန်ဆင်းရှင်၏ အခွင့်အာဏာကို သိပြီး သက်ရောက်မှု ရှိလာစေဖို့ အခွင့်အရေးတွေကို ရရှိပါသည်။ သို့သော်လည်း လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် မဖမ်းဆုပ်ကြပါ။ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရင်း ဘဝတစ်ခုလုံးနှင့်တန်သည့် စွမ်းအင်များကို သုံးပစ်ကြသည်။ မိသားစုကို ကျွေးမွေးဖို့ ကြိုးစားရင်း လှုပ်ရှားရုန်းကန်ရင်း၊ ချမ်းသာခြင်းနှင့် အဆင့်အတန်း အကြားတွင် အပြန်အလှန် ကူးသန်းသွားလာရင်း အချိန်အားလုံး ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့ သည် မိသားစု၊ ပိုက်ဆံနှင့် ကျော်ကြားမှုများ ဖြစ်သည်။ ဤ အရာတို့ကို ဘဝမှာ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက သူတို့၏ကံကြမ္မာနှင့် ပတ်သက်ပြီး ညည်းညူကြသည်။ သို့သော်လည်း မေးခွန်းများကို သူတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်သည့်အတွက် ယင်းသည် ဆန်းစစ်နားလည်ဖို့ အလွန်အရေးကြီးလေသည်- လူသားက အဘယ်ကြောင့်အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ အသက်ရှင်ရခြင်း၏တန်ဖိုးနှင့် အဓိပ္ပါယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည်။ သူတို့၏ဘဝတစ်လျှောက်လုံး နှစ်တွေမည်မျှကြာပါစေ၊ သူတို့၏ ပျိုမျစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ သူတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည့်အထိ၊ ကျော်စောမှုနှင့် အခွင့်အလမ်းက ဇရာထောင်းခြင်းဘက်သို့ သူ၏ ရွေ့လျှောခြင်းကို မရပ်တန့်နိုင်ကြောင်း၊ ငွေက နှလုံးသား၏ လစ်ဟာနေခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်းကို သူတို့မြင်သည့်အထိ၊ မွေးဖွားခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ ဖျားနာခြင်းနှင့် သေခြင်းတို့၏ နိယာမမှ မည်သူမှ မကင်းလွတ်နိုင်ကြောင်း၊ ကံကြမ္မာက အဆင်သင့်ထားရှိသောအရာမှ မည်သူမှ မလွတ်မြောက်နိုင်ကြောင်းကို သူတို့နားလည်သည်အထိ သူတို့သည် ကျော်စောမှုနှင့် အခွင့်အလမ်းကို ကြိုးစားရှာဖွေ၍သာ ပြေးလွှားနေကြသည်။ သူတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ဖို့အချိန် ရောက်လာသည့်အခါမှသာ လူတစ်ယောက်က ပိုင်ဆိုင်မှုပစ္စည်း သန်းချီပြီး ပိုင်ဆိုင်နေသည့်တိုင်၊ အခွင့်ထူးခံဖြစ်ပြီး အဆင့်အတန်းမြင့်မားနေသည့်တိုင် မည်သူမှ သေခြင်းကနေ မလွတ်မြောက်နိုင်၊ လူတိုင်း သူ၏ သို့မဟုတ် သူမ၏ မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဥ်တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြသည်။ လူတစ်ယောက်က မိဘများ ရှိသည့်အခါ သူ့မိဘများက သူ့အတွက် ဘဝဖြစ်သည်။ လူတစ်ယောက်က ပိုင်ဆိုင်မှုများ ရှိသည့်အခါ ပိုက်ဆံသည် အဓိကအစိတ်အပိုင်းဖြစ်သည်၊ ဘဝတွင် တန်ဖိုးရှိသည့်ပစ္စည်းပဲလို့ ထင်မြင်ကြသည်။ လူတို့ သည် အဆင့်အတန်းရှိသည့်အခါ ထိုအရာအပေါ်မှာ စွဲမြဲစွာ တွယ်ကပ်နေပြီး ဤအရာများအတွက် သူတို့ဘဝကို စွန့်ကြသည်။ လူတို့က ဤကမ္ဘာကို စွန့်ခွာရတော့မည့် အချိန်မှသာ သူတို့ဘဝ၏ အချိန်များကို အသုံးချပြီး ကြိုးစားရှာဖွေခဲ့သည့် ဤ အရာများသည် တစ်ခဏပဲရှိသည့်တိမ်တွေလို၊ သူတို့စွဲကိုင်ထားနိုင်သည့် မည်သည့်အရာမှ မရှိကြောင်း၊ သူတို့နှင့်အတူ ယူသွားနိုင်သည့် မည်သည့်အရာမှမရှိကြောင်း၊ မည်သည့်အရာကမှ သူတို့ကို သေခြင်းကနေ ကင်းလွတ်အောင် မလုပ်နိုင်ကြောင်း၊ အထီးကျန်သည့် ဝိညာဉ်ကို သူ့အပြန်လမ်းမှာ မည်သူကမှ အဖော်လုပ်ပြီး နှစ်သိမ့်မပေးနိုင်ကြောင်း သိမြင်ပြီး၊ အဆိုးဆုံးက မည်သည့်အရာကမှ လူတစ်ယောက်ကို ကယ်တင်ခြင်းပေးပြီး သေခြင်းကို ကျော်လွန်နိုင်ဖို့ မလုပ်ပေးနိုင်ဘူးဆိုတာကို သိမြင်လိုက်ရသည်။ ဤရုပ်ဝတ္ထုလောကတွင် လူတစ်ယောက်ရသည့် အောင်မြင်မှုနှင့် စည်းစိမ်တို့သည် ယာယီစိတ်ကျေနပ်မှု၊ ခဏတာ သာယာမှု၊ အတုအယောင် စိတ်သက်သာစေမှုတို့ကိုပေးပြီး သူ့ကို လမ်းပျောက်စေပါသည်။ ထို့ကြောင့် လူတို့သည် ငြိမ်းချမ်းမှု၊ စိတ်သက်သာရာရမှု၊ နှလုံးငြိမ်းချမ်းမှုတို့ကို လိုလားတောင့်တရင်း လူသားမျိုးနွယ်၏ ကျယ်ပြန့်သည့် ပင်လယ်ကြီးထဲ ယက်ကန်ယက်ကန်ဖြစ်နေရင်း လှိုင်းလုံးများအောက်တွင် ကြိမ်ဖန်များစွာ နစ်မြုပ်ကြရသည်။ သူတို့ဘယ်ကလာသည်၊ အဘယ်ကြောင့်အသက်ရှင်နေသည်၊ ဘယ်ကိုသွားမည် စသည့် နားလည်ဖို့ အလွန်အရေးကြီးသည့် မေးခွန်းများကို လူတို့ အဖြေမထုတ်နိုင်ခင် သူတို့သည် အောင်မြင်မှုနှင့် စည်းစိမ်များအားဖြင့် ဆွဲဆောင်ခံရပြီး၊ လှည့်စားခံရပြီး၊ ဤအရာများနှင့် ထိန်းချုပ်ခံရပြီး ပြောင်းလဲလို့မရဘဲ ဆုံးရှုံးကြရသည်။ အချိန်က ကုန်မြန်လွန်းသည်။ မျက်စိတစ်မှိတ် အတွင်း နှစ်တွေကုန်ဆုံးသွားသည်။ သတိမပြုလိုက်မိခင်မှာ သူ့ဘဝ၏ အကောင်းဆုံး နှစ်များကို နှုတ်ဆက်လိုက်ရသည်။ လူတစ်ယောက်သည် မကြာခင် လောကကြီးမှ ထွက်ခွာရတော့မည့်အချိန်တွင်၊ လောကကြီးတွင်ရှိသည့် အရာအားလုံးသည် အဝေးကို ရွေ့သွားနေသည်ကို တဖြည်းဖြည်း သတိပြုမိသည့်အချိန် ရောက်လာသည့်အခါ၊ သူပိုင်ဆိုင်ခဲ့သည့် အရာ များကို ထပ်ပြီး ကိုင်စွဲမထားနိုင် တော့သည့်အခါ၊ လောကထဲမှာ အခုလေးတင် ထွက်ပေါ်လာသည့် အော်ဟစ်ငိုယိုနေသည့် မွေးကင်းစကလေး တစ်ယောက်ကဲ့သို့ အဘယ်အရာမှ မပိုင်ဆိုင်သေးဘူးဆိုတာကို အမှန်တကယ် ခံစားလိုက်ရသည်။ ဤအချိန်တွင် သူသည် ဘဝမှာ ဘာတွေလုပ်ခဲ့သနည်း၊ အသက်ရှင်ရတာ မည်သို့တန်ဖိုးရှိသနည်း၊ ဘဝက မည်သည့်အဓိပ္ပါယ်လဲ၊ လောကထဲကို အဘယ်ကြောင့် ရောက်လာသနည်းဆိုတာတွေကို ဆင်ခြင်သုံးသပ်ဖို့ ဖြစ်လာရသည်။ ဤအချိန်တွင် နောင်ဘဝ တကယ်ရှိသလော၊ ကောင်းကင်ဘုံက တကယ်ပဲ တည်ရှိသလော၊ အပြစ်ဒဏ်ခံရခြင်း တကယ်ရှိသလော ဆိုတာတွေကို ပိုပြီးသိချင်လာသည်။ သေခြင်းနှင့် နီးကပ်လာလေ၊ ဘဝဆိုတာ တကယ်တော့ အဘယ်သို့နည်းဆိုတာကို ပိုပြီး နားလည်ချင်လာလေ၊ သေခြင်းနှင့် နီးကပ်လာလေ၊ နှလုံးသားက ဘာမှမရှိသလို ဖြစ်လာလေ၊ သေခြင်းနှင့် နီးကပ်လာလေ၊ အကူအညီမဲ့သလို ပိုပြီး ခံစားရလေ ဖြစ်လာသည်။ ဤကဲ့သို့သေခြင်းကို ကြောက်ရွံ့မှုသည် တဖြည်းဖြည်း ပုံမှန်ကြီးထွားလာသည်။ လူတို့က သေခြင်းနှင့် နီးကပ်လာသည့်အခါ အဘယ်ကြောင့် ဤကဲ့သို့ပြုမူကြသနည်းဆိုသည့် အကြောင်းရင်းနှစ်ချက်ရှိသည်။ ပထမအချက်က သူတို့သည် သူတို့ဘဝမှာ အမှီပြုခဲ့သည့် ကျော်ကြားခြင်းနှင့် ချမ်းသာခြင်းတို့ကို ဆုံးရှုံးရတော့မည်။ လောကမှာ မြင်နိုင်သည့် အရာများအားလုံးကို ထားခဲ့ရတော့မည်။ ဒုတိယအချက်က သူတို့ ကြောက်ရွံ့သည့် သူတို့ရောက်လာမည့်နေရာ၊ ချစ်ခင်ရသည့်သူများနှင့် ကူညီထောက်ပံ့ပေးမည့်သူများ မရှိသည့်နေရာဖြစ်သည့် သူတို့နှင့် မရင်းနှီးသည့်ကမ္ဘာ၊ ဆန်းကြယ်ပြီး မသိမြင်နိုင်သည့် နယ်ပယ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည်။ ဤအကြောင်းရင်း နှစ်ချက်ကြောင့် သေခြင်းကို ရင်ဆိုင်ရသည့်သူတိုင်းသည် စိတ်မသက်သာမှုကို ခံစားရသည်။ ယခင်က တစ်ခါမှ မကြုံခဲ့ဖူးသည့် ထိတ်လန့်မှုနှင့် အကူအညီမဲ့သည့် ခံစားမှုကို ကြုံတွေ့ကြရသည်။ လူတို့က ဤ နေရာကို အမှန်တကယ် ရောက်လာသည့် အခါမှသာ လူတစ်ယောက် ကမ္ဘာမြေကြီးပေါ်မှာ အခြေချသည့်အခါ သူနားလည်ရမည့် ပထမဆုံးအရာက လူသားက မည်သည့်အရပ်ကနေလာသနည်း၊ လူတွေ အဘယ်ကြောင့် အသက်ရှင်နေသနည်း၊ လူသားကံကြမ္မာကို မည်သူ အုပ်ချုပ်သနည်း၊ လူသားတို့ ဖြစ်တည်မှုအပေါ် မည်သူက အချုပ်အခြာအာဏာရှိပြီး ပံ့ပိုးပေးသနည်း ဆိုတာတွေဖြစ်သည်ကို သိမြင်လာသည်။ လူသား ရှင်သန်ရပ်တည်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံ အချက်အလက်များဖြစ်သည့် ဤအချက်များက ဘဝတွင် စစ်မှန်သည့် တန်ဖိုးရှိသည့် အရာများ ဖြစ်ပါသည်။ မိသားစုကို မည်သို့ထောက်ပံ့ရမည် သို့မဟုတ် ကျော်ကြားမှုနှင့် ချမ်းသာမှုကို မည်သို့ ရယူရမည် စသည်တို့ကို သင်ယူခြင်းမဟုတ်ပါ။ အားလုံးထက်သာအောင် မည်သို့လုပ်ရမည် သို့မဟုတ် ပိုပြီး ချမ်းသာသည့် ဘဝကို မည်သို့နေထိုင်ရမည် ဆိုတာတွေကို သင်ယူခြင်းမဟုတ်ပါ။ မည်သို့ထူးချွန်အောင်နှင့် တစ်ခြားလူတွေထက် အောင်မြင်စွာပြီးမြောက်အောင် မည်သို့လုပ်ရမည်ကို သင်ယူခြင်းက ပို၍ မဟုတ်ပါ။ လူတို့သည် သူတို့၏ ဘဝအချိန် များကို အသုံးချပြီး ကျွမ်းကျင်အောင် သင်ယူခဲ့သည့် ရှင်သန်ရပ်တည်ရေး ပညာအမျိုးမျိုးတို့က ရုပ်ဝတ္ထုဆိုင်ရာ စိတ်သက်သာရာရခြင်း အများကြီး ပေးအပ်နိုင်သော်လည်း နှလုံးသားအတွက် နှစ်သိမ့်မှုနှင့် စစ်မှန်သည့်ငြိမ်းချမ်းမှုတို့ကို ဘယ်သောအခါမှ သယ်ဆောင်မလာပါ။ ဤကဲ့သို့မဟုတ်ဘဲ လူတို့ကို သူတို့၏ ဦးတည်ချက်များ အမြဲတမ်း ဆုံးရှုံးစေသည်။ သူတို့ကိုယ်သူတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသည်။ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတိုင်းကို လွဲချော်စေသည်။ ထို့နောက် ဤအရာများက သေခြင်းကို မည်သို့ သင့်လျော်စွာ ရင်ဆိုင်ရမည်ဆိုတာ၏ အောက်မှာရှိသည့် ပြဿနာတွေကို ဖန်တီးသည်။ ဤနည်းလမ်းနှင့် လူတို့၏ ဘဝများ ပျက်စီးရသည်။ ဖန်ဆင်းရှင်က သူ၏ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့အတွက် လူတိုင်းကို တစ်ဘဝလုံးအတွက် ထိုက်တန်သည့် အခွင့်အလမ်းများ ပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံပါသည်။ သို့သော်လည်း သေခြင်းက နီးကပ်လာသည့် အခါမှသာ၊ သေခြင်း၏ ခြောက်လှန့်မှုက နီးကပ်လာသည့် အခါမှသာ အလင်းကို စတင်မြင်လာသည်။ ထို့နောက်မှာတော့ အလွန်နောက်ကျသွားပါပြီ။

လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း သူတို့၏ဘဝကို ကုန်ဆုံးစေကြသည်။ သူတို့သည် ထိုအရာတို့ ရှိနေခြင်းကြောင့် သူတို့ဆက်ပြီး ရှင်သန်နိုင်မည့်အလား၊ သေခြင်းမှ သူတို့ကိုယ်သူတို့ လွတ်ကင်းစေနိုင်မည့်အလား ဤအရာများက သူတို့၏ တစ်ခုတည်းသော အမှီသဟဲပြုရာ ဥစ္စာဓနများပင်ဖြစ်သည်ဟု တွေးထင်လျက် ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြခြင်းဖြစ်သည်။ သို့သော် သူတို့သည် သေခြင်းနှင့် နီးကပ်လာသည့်အခါမှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူတို့မည်မျှ အားနည်းသည်၊ သူတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ သူတို့ မည်မျှအထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက်ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုနှင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာကြွယ်ဝပါစေ၊ သူ သို့မဟုတ် သူမ၏ အဆင့်အတန်းက မည်မျှ မြင့်မြတ်ပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ညီတူညီမျှ ဆင်းရဲနိမ့်ကျပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို သူတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တောင့်တလေဖြစ်သည်။ လူတို့က ဤကဲ့သို့ လိုခံစားရလေ၊ သေခြင်းနီးကပ် လာတာကိုပိုပြီး စိုးရိမ်ပူပန်လေ ဖြစ်ကြသည်။ ဤအချိန်မှသာ သူတို့၏ဘဝကို သူတို့မပိုင်ဆိုင်ပါ၊ သူတို့မထိန်းချုပ်နိုင်ပါ၊ သေခြင်း၊ ရှင်ခြင်းနှင့်ပတ်သက်ပြီး ထိန်းချုပ်နိုင်စွမ်း မရှိပါ၊ ဤ အရာများ အားလုံးကို သူမထိန်းချုပ်နိုင်ခြင်းကို အမှန်တကယ် သိမြင်လာကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

၁၄၄။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ လာပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်ပါ

လူတစ်ယောက် မွေးဖွားသည့် အချိန်ခဏတွင် အထီးကျန်သည့် ဝိညာဉ်တစ်ခုသည် ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် သူ့အတွက် စီစဉ်ပေးထားသည့် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို ကြုံတွေ့ရမှုတို့ စတင်ပါသည်။ ပြောစရာမလိုပါ။ ၄င်းသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ရရှိဖို့၊ သူ့ အခွင့်အာဏာကို သိဖို့နှင့် ကိုယ်တိုင် တွေ့ကြုံရဖို့၊ ဤလူအတွက်၊ ဝိညာဉ်အတွက်၊ သိပ်ကောင်းသည့် အခွင့်အလမ်းဖြစ်ပါသည်။ လူတို့သည် ဖန်ဆင်းရှင်က သူတို့အတွက် ချမှတ်ပေးခဲ့သည့် ကံကြမ္မာ၏ နိယာမအောက်တွင် နေထိုင်ကြပြီး အသိစိတ်ရှိသည့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်သည့် သူများအတွက် ကမ္ဘာပေါ်မှာ သူတို့၏ ဆယ်စုနှစ်များစွာ၏ လမ်းကြောင်းများပေါ်တွင် ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုသိပြီး သူ့၏ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပါ။ ထို့ကြောင့် လူသား၏ ကံကြမ္မာအားလုံးသည် ကြိုတင်သတ်မှတ် ထားသည်၊ အသက်ရှင်ခြင်း၏ အဓိပ္ပါယ်ကို နားလည်ဖို့၊ ခြုံငုံသိမြင်နိုင်ဖို့ သူသို့မဟုတ် သူမ၏ ဆယ်စုနှစ်များစွာရှိသည့် ဘဝအတွေ့အကြုံများမှတစ်ဆင့် လူတိုင်းသိမြင်နိုင်ဖို့ အလွန်လွယ်ကူမည်။ တစ်ချိန်တည်းတွင် ဤ ဘဝသင်ခန်းစာများကို လက်ခံပြီး ဘဝက ဘယ်ကနေလာသည်၊ နှလုံးသားက အဘယ်အရာကို အမှန်တကယ် လိုအပ်သည်၊ ဘယ်အရာက မှန်ကန်သည့် ဘဝလမ်းကြောင်းကို လမ်းညွှန်ပေးမနည်း၊ လူသားဘဝ၏ တာဝန်နှင့် ပန်းတိုင်က အဘယ်အရာတွေဖြစ်ရမည်ဆိုတာကို တဖြည်းဖြည်း နားလည်လာပါ လိမ့်မည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်လျှင်၊ သူ့အုပ်စိုးမှုအောက်ကို မလာလျှင်၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည့် အခါ၊ သူ့နှလုံးသားသည် အကန့်အသတ်မရှိသည့် စိုးရိမ်မှုများ၊ စိတ်မသက်မသာမှုများ ပြည့်နေမည်ကို တဖြည်းဖြည်းနှင့် သိမြင်လာပါလိမ့်မည်။ လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ တည်ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုတာကို မသိသေးလျှင်၊ လူသားကံကြမ္မာက ဘယ်သူ့လက်ထဲမှာ ရှိသည်ဆိုတာကို သတိမပြုမိသေးလျှင်၊ သူသို့မဟုတ် သူမသည် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်မဆိုင်နိုင်ဖြစ်မှာ မဆန်းပါ။ ဘဝတွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းပြီးနောက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိမြင်မှုကို ရရှိခဲ့သည့် လူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအပေါ်မှာ မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် အမှန်တကယ် အတွေ့ကြုံရှိ၊ နားလည်မှုရှိပြီး ဘဝအပေါ် လေးနက်သည့်အသိပညာရှိသည့် လူတစ်ယောက် ဖြစ်ပါသည်။ ထို့နောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို လိုက်လျှောက်နိုင်သည့်သူ ဖြစ်ပါသည်။ ဤလိုလူမျိုးသည် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်နေ့တစ်နေ့မှာ သူ့ဆီကို ပြန်သွားလိမ့်မည်ဆိုတာကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာအာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ အခွင့်အာဏာအားဖြင့် ကြိုတင်သတ်မှတ် ထားသည်ကို နားလည်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဤ အရာများကို အမှန်တကယ် နားလည်သိမြင်လာသည့်အခါ သေခြင်းကို မျက်စိ စုံမှိတ်ပြီး စိုးရိမ်ပူပန်ပြီး ဆန့်ကျင်ရုန်းကန်နေမည့်အစား သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ ရုပ်ဝတ္ထုဆိုင်ရာ ပိုင်ဆိုင်မှုတွေကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်။ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာ နာခံနိုင်သည်။ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်သည်။ ဘဝသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံပြီး သူ့၏ အခွင့်အာဏာကို သိမြင်လာရဖို့ အခွင့်အလမ်းတစ်ရပ်လို့ ထင်မြင်လျှင်၊ ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် သူ့တာဝန်ကို လုပ်ဆောင်ပြီး သူ့၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်ရေးအနေနှင့် သူ့ဘဝကို မြင်လျှင် သူသည် ဘဝအပေါ်မှာ သေချာပေါက် မှန်ကန်သည့်အမြင် ရှိပါသည်။ ဖန်ဆင်းရှင်က ကောင်းကြီးပေးပြီး လမ်းညွှန်သည့် ဘဝကို နေထိုင်ပါလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲမှာ လျှောက်လှမ်းပါလိမ့်မည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိပြီး သူ့အုပ်စိုးမှုအောက်ကို လာလိမ့်မည်။ သူ့၏ ထူးခြားသည့်လုပ်ဆောင်မှုနှင့် သူ့၏ အခွင့်အာဏာအတွက် မျက်မြင်သက်သေ ဖြစ်လာပါမည်။ ပြောစရာမလိုပါ။ ဤလိုလူမျိုးကို ဖန်ဆင်းရှင်က သေချာပေါက် ချစ်ပြီး လက်ခံလိမ့်မည်။ ထို့နောက် ဤလိုလူမျိုးကသာ သေခြင်းနှင့်ပတ်သက်ပြီး တည်ငြိမ်သည့် စိတ်သဘောကို စွဲကိုင်ထားနိုင်မည်။ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ပျော်ရွှင်စွာနှင့် ကြိုဆိုနိုင်ပါမည်။ ယောဘက သေခြင်းနှင့်ပတ်သက်လို့ ဤကဲ့သို့သော သဘောထားမျိုးကို ကိုင်ဆောင်ခဲ့တာ သိသာပါသည်။ သူသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်ပါသည်။ သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ကို သယ်ဆောင်လာပြီးနောက်၊ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေခဲ့ပြီးနောက်မှာ ဖန်ဆင်းရှင်ဆီကို သူပြန်သွားခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

၁၄၅။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ဆီကို ပြန်လာနိုင်သည်

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏အစီအစဉ်ကို ရှင်းလင်းသည့် သိမြင်မှုနှင့် အတွေ့အကြုံမရှိသည့်အခါ ကံကြမ္မာနှင့် သေခြင်းအပေါ် သိမြင်မှုက သေချာပေါက် ရောထွေးနေပါလိမ့်မည်။ လူတွေသည် ဤအရာအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပါ။ သူတို့အပေါ်တွင် ဘုရားသခင်သည် အချုပ်အခြာအာဏာကို ကိုင်ဆောင်ပြီး ထိန်းချုပ်သည်ကို သတိမပြုမိကြပါ။ ဤလို အချုပ်အခြာ အာဏာကို ဖယ်ထုတ်ပစ်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ လူသားသည် မတတ်နိုင်ဆိုသည်ကို သတိမပြုမိကြပါ။ ထို့ကြောင့် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါမှာ သူတို့၏ နောက်ဆုံးစကားများ၊ စိုးရိမ်မှုများနှင့် နောင်တများသည် အဆုံးမရှိပါ။ သူတို့သည် အလွန်များသည့် ဝန်ထုပ်ဝန်ပိုးများ၊ အလိုမပြည့်မှုများ၊ ရှုပ်ထွေးမှုများနှင့် လေးလံနေ ပါသည်။ ဤ အရာအားလုံးက သူတို့အား သေခြင်းကို ကြောက်ရွံ့စေပါသည်။ ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်းအတွက် သူတို့၏ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပါ။ မည်သူမှ ဤအဖြစ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤကမ္ဘာကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင်၊ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို အလိုမပြည့်မှုများ၊ စိုးရိမ်မှုများ မပါဘဲနှင့် ရင်ဆိုင်နိုင်လိုသည်ဆိုလျှင် တစ်ခုတည်းသော နည်းလမ်းက နောင်တရခြင်းများ မဖြစ်ဖို့ပါ။ နောင်တများ မပါဝင်ဘဲ ထွက်ခွာဖို့ တစ်ခုတည်းသော နည်းလမ်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ့၏အခွင့်အာဏာကိုသိဖို့၊ ဤအရာများကို လိုက်လျှောက်ဖို့ ဖြစ်ပါသည်။ ဤနည်းနှင့်သာ လူသား၏ ပြဿနာများ၊ မကောင်းမှုများ၊ စာတန်၏ ချည်နှောင်မှုများ ကနေ အဝေးမှာ နေနိုင်ပါသည်။ ဤ နည်းနှင့်သာ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုနှင့် ကောင်းကြီးပေးမှုကို ခံရသည့် ယောဘ၏ဘဝလို အသက်ရှင်နိုင်ပါသည်။ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝ၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝ၊ ရိုးသားပြီး ပွင့်လင်းသည့်ဘဝအတိုင်း အသက်ရှင်နေထိုင်နိုင်ပါသည်။ ဤနည်းနှင့်သာ ဖန်ဆင်းရှင်၏ စမ်းသပ်ပိတ်ပင်မှုကိုခံရဖို့ ယောဘကဲ့သို့ လိုက်လျှောက်ပြီး ဖန်ဆင်းရှင်၏ ကိုင်တွယ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို လိုက်လျှောက်နိုင်ပါသည်။ ဤနည်းနှင့်သာ သူ့ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ချီးမြှောက်ခြင်းကို ရရှိနိုင်ပါသည်။ ယောဘကဲ့သို့ သူ့အသံကိုကြားပြီး သူပေါ်ထွက်လာတာကို မြင်ရမည်ဖြစ်သည်။ ဤနည်းနှင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ၊ နောင်တတမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံးနိုင်ပါသည်။ ဤနည်းနှင့်သာ ယောဘကဲ့သို့ အလင်းထဲတွင် အသက်ရှင် နေထိုင်နိုင်ပါသည်။ လူတိုင်း၏ ဘဝဆုံမှတ်များကို အလင်းထဲတွင် ဖြတ်သန်းနိုင်ပါသည်။ ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်ပါသည်။ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပါသည်။ ဖန်ဆင်းခံတစ်ယောက်အနေနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နှင့် သိမြင်လာဖို့ အသက်ရှင်နိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပါသည်။ ဖန်ဆင်းခံလူသား အနေနှင့် ဖန်ဆင်းရှင်၏နံဘေးတွင် အမြဲတမ်းရပ်တည်ပြီး သူ့၏ချီးမြှောက်ခြင်းကို ခံနိုင်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

၁၄၆။ ဒါကြောင့် လူသားဖြစ်တည်မှု၏ သာမန်နိယာမတွေအရ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း အကြောင်းကိစ္စကို ပထမဆုံး တွေ့ကြုံသည့်အချိန်ကနေ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ အချက်အလက်ကို သိမြင်လာနိုင်သည့် အချိန်အထိ၊ ဤ အချိန်ကနေ ဤ အရာအပေါ်မှာ လိုက်လျှောက်နိုင်သည့် အချိန်အထိသည် အလွန်ရှည်သည့် ဖြစ်စဉ် ဖြစ်သော်လည်း နှစ်များကို တကယ် ရေတွက်ကြည့်လျှင် ဤဆုလာဘ်များကိုရဖို့ သူ့တွင်ရှိသည့်အခွင့်အရေးက နှစ်သုံးဆယ် သို့မဟုတ် လေးဆယ်ထက် မပိုပါ။ ထို့နောက် လူတို့သည် ကောင်းချီးရဖို့ သူတို့၏ ဆန္ဒတွေနှင့် ရည်ရွယ်ချက်များနောက်ကို မကြာခဏ ပါသွားတတ်ကြသည်။ သူတို့သည် လူသားဘဝ၏ အနှစ်သာရက ဘယ်မှာ တည်ရှိသည်ဆိုတာ ပိုင်းခြားမသိမြင်နိုင်ကြပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း၏ အရေးကြီးမှုကို နားမလည်ကြပါ။ ဒါကြောင့် သူတို့သည် လူသားဘဝကို ကြုံတွေ့ရဖို့၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ရဖို့ လူသားကမ္ဘာထဲကို ဝင်ရဖို့ ဤ တန်ဖိုးရှိသည့် အခွင့်အလမ်းကို မမြတ်နိုးကြပါ။ ဖန်ဆင်းခံ တစ်ယောက်က ဖန်ဆင်းရှင်၏ သီးသန့်လမ်းညွှန်မှုကို ရရှိဖို့ မည်မျှ တန်ဖိုးမဖြတ်နိုင်သည့် အရာဖြစ်သနည်းဆိုတာ သတိမပြုမိကြပါ။ လူတို့က သူ့၏ ပုဂ္ဂိုလ်စစ်စစ်ကို ရုတ်တရက်မြင်နိုင်ပြီး မကြာခင် ကောင်းချီးရစေဖို့အတွက် ဘုရားသခင်၏လုပ်ဆောင်မှုကို အမြန်ပြီးစေချင်သည့်သူများ၊ လူသား၏အဆုံးကို ဘုရားသခင်က အမြန်ဆုံးစီစဉ်ဖို့ ဆန္ဒရှိသည့်သူများသည် အဆိုးဆုံး မနာခံခြင်းအမျိုးအစားနှင့် အလွန့်အလွန် မိုက်မဲမှုအတွက် အပြစ်များရှိသည်ဟု ပြောမည်။ သူတို့၏ကန့်သတ်ချိန်အတွင်း ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို သိဖို့ ဤ ထူးခြားသည့် အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ဆန္ဒရှိသည့်သူတို့သည် အသိဉာဏ်ရှိသည့်သူများ၊ တော်သည့်သူများဖြစ်ပါသည်။ ဤ မတူညီသည့် ဆန္ဒနှစ်ခုက သိပ်ကျယ်ပြန်သည့် နှစ်ခုဖြစ်သည့် မတူညီသည့် အမြင်များနှင့် ကြိုးစား အားထုတ်မှုများကို ဖွင့်ပြပါသည်။ ကောင်းချီးများကို ရှာဖွေသည့်သူများသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ပါသည်။ သူတို့သည် ဘုရားသခင်၏ အလိုကို ထည့်သွင်းစဉ်းစားခြင်းမရှိပါ။ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဘယ်သောအခါမှ မရှာဖွေပါ။ လိုက်လျှောက်ဖို့ ဘယ်သောအခါမှ ဆန္ဒမရှိဘဲ ရိုးရိုးပဲ သူတို့ကျေနပ်သလို အသက်ရှင် နေထိုင်ချင်ကြသည်။ သူတို့သည် တစ်ကိုယ်ကောင်းဆန်သည့် အကျင့်ပျက်သူများဖြစ်သည်။ သူတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားပဲဖြစ်ပါသည်။ ဘုရားသခင်ကို သိဖို့ ကြိုးစားရှာဖွေသူတို့သည် သူတို့၏ ဆန္ဒများကို ဘေးဖယ်ထားနိုင်ကြသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားသခင်၏ အစီအစဉ်များကို လိုက်လျှောက်ဖို့ ဆန္ဒရှိသူများဖြစ်ပါသည်။ ဘုရားသခင်၏ အခွင့်အာဏာကို လိုက်လျှောက်သည့်လူများဖြစ်ဖို့၊ ဘုရားသခင်၏ ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားကြသည်။ ဤ လူများသည် အလင်းထဲတွင် အသက်ရှင်သည်။ ဘုရားသခင်၏ ကောင်းချီးများထဲတွင် နေထိုင်သည်။ သူတို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို အမှန်တကယ် ခံစားကြရ မည်။ မည်သို့ပင်ဖြစ်ပါစေ လူသား၏ရွေးချယ်မှုက အသုံးမဝင်ပါ။ ဘုရားသခင်၏ အလုပ်သည် မည်မျှကြာမည်ဆိုသည့်အပေါ် လူသားက ပြောပိုင်ခွင့်မရှိပါ။ လူတို့အတွက် ဘုရားသခင်၏ ကရုဏာအပေါ် အပ်နှံဖို့၊ သူ့၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့က ပိုပြီးကောင်းပါသည်။ သင်က သူ့၏ ကရုဏာအပေါ်မှာ မအပ်နှံဘူးဆိုလျှင် သင်ဘာလုပ်နိုင်မည်နည်း။ ဘုရားသခင်က ဆုံးရှုံးရမည်လော။ သင်က သင့်ကိုယ်သင် သူ့၏ ကရုဏာမှာ မအပ်နှံဘူးဆိုလျှင်၊ သင်က ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားလျှင်၊ သင်သည် မိုက်မဲသည့် ရွေးချယ်မှုကို ပြုလုပ်နေခြင်းဖြစ်ပြီး အဆုံးမှာ ဆုံးရှုံးမှုကို ကြုံရမည့်သူက သင်ပဲဖြစ်ပါသည်။ လူတို့ကသာ ဘုရားသခင်နှင့် တတ်နိုင်သလောက် အမြန်ဆုံး လက်တွဲလုပ်ကိုင်လျှင်၊ သူ့၏ ကိုင်တွယ်ညွှန်ကြားမှုကို လက်ခံလျှင်၊ သူ့၏ အခွင့်အာဏာကိုသိလျှင်၊ သူတို့အတွက် သူလုပ်သည့်အရာအားလုံးကို နားလည်လျှင်၊ သူတို့သည် မျှော်လင့်ခြင်း ရှိလိမ့်မှာ ဖြစ်ပြီး၊ သူတို့၏ ဘဝတွေသည် အလဟဿမဖြစ်ဘဲ ကယ်တင်ခြင်းကို ရရှိမှာဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

၁၄၇။ ဘုရားသခင်ကို သင့်၏ အတုမရှိသည့် အရှင်သခင်အဖြစ်လက်ခံခြင်းက ကယ်တင်ခြင်းကို ရရှိဖို့ ပထမအဆင့် ဖြစ်သည်

ဘုရားသခင်၏ အခွင့်အာဏာနှင့်ပတ်သက်သည့် သမ္မာတရားများက လူတိုင်း လေးနက်စွာ မှတ်ယူရမည့်၊ သူတို့နှလုံးသားနှင့် ကြုံတွေ့ပြီး နားလည်ရမည့် သမ္မာတရားများဖြစ်ပါသည်။ ဤသမ္မာတရားများသည် လူတိုင်း၏ ဘဝမှာ၊ လူတိုင်း၏ အတိတ်၊ လက်ရှိနှင့် အနာဂတ်အပေါ်၊ လူတိုင်းဘဝတွင် ဖြတ်သန်းရမည့် သိပ်အရေးကြီးသည့် ဆုံမှတ်များ အပေါ်တွင်၊ ဘုရားသခင်၏ အခွင့်အာဏာနှင့်အတူ သူရင်ဆိုင်ရမည့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သဘောထားအပေါ် လူသား၏ သိမြင်မှုအပေါ်၊ သဘာဝအလျောက် လူတိုင်း၏ နောက်ဆုံးပန်းတိုင်အပေါ် ဆက်နွယ်မှုရှိနေသည့်အတွက်ဖြစ်သည်။ ထို့အတွက်ကြောင့် ဤအရာများကို သိပြီး နားလည်ဖို့အတွက် ဘဝတစ်ခုလုံးနှင့် ထိုက်တန်သည့် စွမ်းအင်များ လိုအပ်ပါသည်။ သင်က ဘုရားသခင်၏ အခွင့်အာဏာကို လေးနက်စွာခံယူသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါ၊ ဘုရားသခင်၏ အခွင့်အာဏာသည် အမှန်တကယ် တည်ရှိသည်ဆိုတာ သင်တဖြည်းဖြည်းနှင့် သိမြင်ပြီး နားလည်လာပါလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ အခွင့်အာဏာကို သင်လုံးဝ လက်မခံလျှင်၊ သူ့ အချုပ်အခြာအာဏာကို လုံးဝလက်မခံလျှင်၊ သင်နှစ်မည်မျှ အသက်ရှင်ခဲ့ပါစေ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အသိပညာကို အနည်းငယ်ပင် သင်ရရှိမှာမဟုတ်ပါ။ သင်သည် ဘုရားသခင်၏ အခွင့်အာဏာကို အမှန်တကယ်သိပြီး နားလည်ခြင်း မရှိလျှင် သင်လမ်းဆုံးကို ရောက်သည့်အခါ သင်က ဘုရားသခင်ကို ဆယ်စုနှစ်များစွာ ယုံကြည်ခဲ့သည့်တိုင် သင့်ဘဝအတွက် ဘာမှ ပြစရာရှိမှာမဟုတ်ပါ။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်သိမြင်မှုသည် မလွှဲမရှောင်သာနှင့် သုညပဲဖြစ်နေပါမည်။ ယင်းသည် အလွန်ဝမ်းနည်းစရာကောင်းသည့် အရာမဟုတ်သလော။ ထို့ကြောင့် ဘဝတွင် သင်မည်မျှဝေးဝေး လျှောက်လှမ်းခဲ့ပါစေ၊ သင်ယခု မည်မျှ အသက်ကြီးနေပါစေ၊ သင့်တွင် ကျန်ရှိသည့် ခရီးက မည်မျှပဲ ရှည်နေပါစေ၊ ပထမဆုံး ဘုရားသခင်၏ အခွင့်အာဏာကို သတိပြုမိပြီး လေးနက်စွာ ခံယူရမည်။ ဘုရားသခင်သည် သင့်၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည် ဆိုသည့်အချက်ကို လက်ခံရမည်။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် ဤအမှန်တရားများအပေါ် ရှင်းလင်းသည့်၊ တိကျသည့် သိမြင်မှုနှင့် နားလည်မှုကို ရယူခြင်းက လူတိုင်းအတွက် မဖြစ်မနေလိုအပ်သည့် သင်ခန်းစာများဖြစ်သည်။ လူသားဘဝနှင့် အမှန်တရားကို ရယူခြင်းကို သိရှိခြင်းအတွက် သော့ချက်ဖြစ်သည်။ နေ့စဉ်လူတိုင်း ရင်ဆိုင်ရသည့်၊ မည်သူမှ မရှောင်နိုင်သည့် ဘုရားသခင်ကို သိခြင်းဘဝနှင့် အခြေခံသင်ခန်းစာ ဖြစ်ပါသည်။ သင်တို့ထဲမှ တစ်ဦးက ဤပန်းတိုင်သို့ရောက်ဖို့ ဖြတ်လမ်းက သွားချင်သည်ဆိုလျှင် မဖြစ်နိုင်ပါဟု ငါပြောမည်။ သင်တို့က ဘုရားသခင်၏ အချုပ်အခြာအာဏာကို လွတ်မြောက်ချင်သည်ဆိုလျှင် ဤသည်မှာ ပို၍ပင်မဖြစ်နိုင်ပါ။ ဘုရားသခင်သည် လူသား၏ တစ်ဦးတည်းသော သခင်ဖြစ်သည်။ ဘုရားသခင်သည် လူသားကံကြမ္မာ၏ တစ်ဦးတည်းသော အရှင်သခင်ပါ။ ထို့အတွက်ကြောင့် လူသားအတွက် သူ့ကိုယ်ပိုင်ကံကြမ္မာကို အုပ်စိုးဖို့ မဖြစ်နိုင်ပါ။ ဤအရာကို ကျော်လွန်ဖို့ သူ့အတွက် မဖြစ်နိုင်ပါ။ လူတစ်ယောက်၏ အရည်အချင်းက မည်မျှပင် ကြီးမားပါစေ၊ တစ်ခြားလူတွေ၏ ကံကြမ္မာကို မလွှမ်းမိုးနိုင်ပါ၊ ကိုင်တွယ်ညွှန်ကြားဖို့ဆိုတာ ပိုပြီးမဖြစ်နိုင် ပါ။ မစီစဉ်နိုင်၊ မထိန်းချုပ်နိုင်ပါ။ သို့မဟုတ် မပြောင်းလဲနိုင်ပါ။ လူသားအတွက် အရာခပ်သိမ်းကို အတုမရှိသည့် ဘုရားသခင် ကိုယ်တိုင်သာ အုပ်စိုးပါသည်၊ လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို ကိုင်ဆောင်သည့် အတုမရှိသည့် အခွင့်အာဏာကို သူသာလျှင် ပိုင်ဆိုင်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်သာလျှင် လူသား၏ အတုမရှိသည့် အရှင်သခင်ဖြစ်ပါသည်။ ဘုရားသခင်၏ အခွင့်အာဏာသည် ဖန်ဆင်းခံ လူသားမျိုးနွယ်အပေါ်သာမကဘဲ မည်သည့်လူသားမှ မမြင်နိုင်သည့် ဖန်ဆင်းခံမဟုတ်သည့် အရာများအပေါ်၊ ကြယ်များအပေါ် စကြဝဠာအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားပါသည်။ ၄င်းသည် ငြင်းလို့မရသည့် အချက်တစ်ခုဖြစ်သည်။ မည်သည့်လူသားသို့မဟုတ် အရာဝတ္ထုမှ ပြောင်းလဲလို့မရသည့် အမှန်တကယ် တည်ရှိသည့် အချက်တစ်ခု ဖြစ်ပါသည်။ သင်တို့ထဲမှ တစ်ဦးက ထူးခြားသည့် ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းများရှိသည်ဟု ယုံရင်းနှင့်၊ သင်ကံကောင်းပြီး သင့်လက်ရှိ အခြေအနေများကို ပြောင်းလဲနိုင်သည် သို့မဟုတ် လွတ်မြောက်နိုင်သည် ဟု ထင်မြင်ရင်း အကြောင်းအရာများ ကို သူတို့ပုံစံအတိုင်း မကျေမနပ်ဖြစ်နေသေးလျှင်၊ သင်သည် လူသား၏ အားစိုက်ထုတ်မှုနှင့် သင့်၏ ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲပြီး ဤနည်းနှင့် တစ်ခြားလူများထက် သာလွန်ပြီး အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရရှိဖို့ ကြိုစားလျှင် သင်သည် ကိစ္စများကို သင့်အတွက် ခက်ခဲအောင်လုပ်နေသည်လို့ ငါပြောမည်။ သင်က ပြဿနာကိုပဲ ရှာနေခြင်းဖြစ်သည်။ ကိုယ့်သင်္ချိုင်းကိုယ် တူးနေခြင်းဖြစ်သည်။ တစ်နေ့မှာ အနှေးနှင့် အမြန်ဆိုသလို သင်သည် မှားယွင်းသည့် ရွေးချယ်မှု လုပ်ခဲ့သည်၊ သင့်၏ အားထုတ်မှုတွေကို ဖြုန်းတီးပစ်ခဲ့သည်ကို သင်တွေ့ရှိရလိမ့်မည်။ သင့် ရည်ရွယ်ချက်၊ ကံကိုဆန့်ကျင်ပြီး ရုန်းကန်လှုပ်ရှားဖို့ သင့် ဆန္ဒ၊ သင့်၏ ကိုယ်ပိုင် ပြောင်မြောက်လှသည့် လုပ်ဆောင်မှုများသည် ပြန်လမ်းမရှိသည့် လမ်းကို ပို့ဆောင်ပေးပါလိမ့်မည်။ ဤအတွက် သင်သည် ဆိုးဝါးသည့် ပေးဆပ်မှုတစ်ခု ပြုရပါလိမ့်မည်။ အခုအချိန်တွင် အကျိုးဆက် ပြင်းထန်မှုကို မမြင်သော်လည်း ဘုရားသခင်သည် လူသားကံကြမ္မာ၏ အရှင်သခင်ဖြစ်သည်ဆိုသည့် အမှန်တရားကို တွေ့ကြုံပြီး ပိုပြီး နက်ရှိုင်းစွာ အသိအမှတ် ပြုလာသည့်အခါ ငါ ဤနေ့ပြောနေသည့် အကြောင်းအရာနှင့် သူ့၏ သက်ရောက်မှုကို သင်တဖြည်းဖြည်း သိမြင်လာပါ လိမ့်မည်။ သင်က နှလုံးသားတစ်ခုနှင့် ဝိညာဉ်တစ်ခု ဧကန်ရှိ၊ မရှိ၊ သင်က သမ္မာတရားကို ချစ်သည့် လူဟုတ်၊ မဟုတ်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သမ္မာတရားအပေါ်မှာ မည်သို့ သဘောထားမျိုး ခံယူသည်ဆိုသည့် အပေါ်မှာ မူတည်ပါသည်။ ဤအချက်သည် သင်က ဘုရားသခင်၏ အခွင့်အာဏာကို အမှန်တကယ် သိပြီး နားလည်ခြင်း ရှိ၊ မရှိဆိုတာကို အလိုအလျောက် သတ်မှတ်ပါသည်။ သင်က သင့်ဘဝမှာ ဘုရားသခင်၏ အခွင့်အာဏာကို သိမြင်ပြီး လက်ခံဖို့ဆိုတာ ပိုဆိုးပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ အစီအစဉ်တွေကို တစ်ခါမှ မခံစားဖူးလျှင် သင်သည် လုံးဝ တန်ဖိုးမရှိသူ ဖြစ်သွားပါလိမ့်မည်။ သင်သည် ဘုရားသခင်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို အမှန်တကယ်ခံရသည့်သူ ဖြစ်ပါလိမ့်မည်။ သင်ခံယူခဲ့သည့် လမ်းကြောင်းနှင့် သင်ပြုလုပ်ခဲ့သည့် ရွေးချယ်မှုတို့၏ ရလဒ်ပါ။ သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်မှုမှာ သူ့ စမ်းသပ်မှုကို လက်ခံနိုင်သည့်၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံသည့်၊ သူ့၏ အခွင့်အာဏာကို လိုက်လျှောက်ပြီး သူ့နှုတ်ကပတ်တော်တွေကို တဖြည်းဖြည်းနှင့် အမှန်တကယ် တွေ့ကြုံရရှိသည့်သူသည် ဘုရားသခင်၏ အခွင့်အာဏာကို အမှန်တကယ် သိမြင်မှု၊ သူ့ အချုပ်အခြာအာဏာကို အမှန်တကယ် နားလည်မှုတို့ ရရှိမှာဖြစ်ပြီး ဖန်ဆင်းရှင်၏ လက်အောက်တွင် အမှန်တကယ် ရှိလာပါလိမ့်မည်။ ဤကဲ့သို့သောလူများသာ အမှန်တကယ် ကယ်တင်ခြင်းခံရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိသည့်အတွက်ကြောင့်၊ ၄င်းကို လက်ခံသည့်အတွက်ကြောင့်၊ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ အချက်အလက်ကို သူတို့ အသိအမှတ်ပြုခြင်းနှင့် လိုက်လျှောက်ခြင်းတို့သည် မှန်ကန်ပြီး တိကျပါသည်။ သူတို့သည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ယောဘလိုမျိုး ကိုယ်ပိုင်ရွေးချယ်မှု မပါဝင်ဘဲ၊ ကိုယ်ပိုင်ဆန္ဒမပါဝင်ဘဲ သေခြင်းကို မကြောက်ရွံ့သည့် စိတ်ရှိလာနိုင်မည်။ အရာအားလုံးထဲတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်တို့ကို လိုက်လျှောက်နိုင်လိမ့်မည်။ ဤကဲ့သို့သောလူမျိုးကသာ စစ်မှန်သည့် ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် ဖန်ဆင်းရှင်ဆီကို ပြန်လာနိုင်ပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

၁၄၈။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်ချုပ်၍ အရာခပ်သိမ်းကို ထောက်ပံ့၏။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်ပြီး၊ ဘုရားသခင် အရာခပ်သိမ်းကို ထောက်ပံ့ပေးစဉ် လူသားမျိုးနွယ်မှ ၎င်းတို့ကို မွေ့လျော်ခံစား၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင် ပေးသနားသော အသက်ကို လူသားလက်ခံသောအခါ အရာခပ်သိမ်းကို သူမွေ့လျော်ခံစားရသည်။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အကျိုးဆက်များကို လူသားမျိုးနွယ် မွေ့လျော်ခံစား၍၊ ဘုရားသခင်ကမူ သခင်ဖြစ်၏။ သို့ဖြစ်ပါက အရာခပ်သိမ်း၏ရှုထောင့်မှနေ၍ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖွံ့ဖြိုးကြီးထွားမှုပုံစံကို ထင်ရှားစွာ မြင်နိုင်ပြီး အရာခပ်သိမ်း၏ ဖွံ့ဖြိုးကြီးထွားမှုပုံစံကို ထိန်းချုပ်ကာ စိုးမိုးသည်။ ဆိုလိုသည်မှာ အရာခပ်သိမ်းသည် ဘုရားသခင်၏ အမြင်တွင်ရှိ၍ သူ၏ စစ်ဆေးမှုနယ်ပယ်အတွင်း၌ ရှိ၏၊ လူသားမျိုးနွယ်သည် အရာခပ်သိမ်းကို မြင်နိုင်ပါသလား။ လူသားမြင်နိုင်သည်မှာ နည်းပါး၏၊ ၎င်းတို့၏ မျက်လုံးများအရှေ့တွင် မြင်သည့်အရာသာ ဖြစ်၏။ သင်ဤတောင်ကိုတက်ပါက သင်မြင်သည့်အရာမှာ ဤတောင်ဖြစ်၏။ ဤတောင်၏အခြားတစ်ဘက်တွင် ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ သင်သည် ပင်လယ်ကမ်းခြေကို သွားပါက ပင်လယ်၏ ဤဘက်အခြမ်းကို သင်မြင်နိုင်၏၊ သို့သော် ပင်လယ်၏ အခြားတစ်ဘက်တွင် မည်သို့ရှိမည်ကို သင်မသိပေ။ သင်သည် ဤသစ်တောသို့ရောက်လျှင် သင့်မျက်လုံးများ ရှေ့နှင့် သင့်အနီးတဝိုက်ရှိ အပင်များကို သင်မြင်နိုင်၏၊ သို့သော် အရှေ့တွင် သာ၍ဝေးသောနေရာ၌ ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ လူတို့သည် သာ၍မြင့်ရာ၊ သာ၍ဝေးရာနှင့် သာ၍နက်ရှိုင်းရာ နေရာများကို မမြင်နိုင်ကြပေ။ ၎င်းတို့မြင်သည်မှာ ၎င်းတို့၏မျက်လုံးများရှေ့၌ ရှိသည့်အရာနှင့် ၎င်းတို့၏မြင်ကွင်း တည့်တည့်အတွင်းရှိ အရာကိုသာ မြင်နိုင်ကြ၏။ လူတို့သည် တစ်နှစ်တွင်ရှိသည့် လေးရာသီ၏ပုံစံနှင့် အရာခပ်သိမ်း၏ ကြီးထွားဖွံ့ဖြိုးမှုပုံစံကို သိသော်လည်း ၎င်းတို့သည် အရာခပ်သိမ်းကို စီမံခန့်ခွဲနိုင်ခြင်း သို့မဟုတ် စိုးမိုးနိုင်ခြင်း မရှိပေ။ အခြားတစ်ဘက်တွင်မူ အရာခပ်သိမ်းကို ဘုရားသခင်မြင်ပုံမှာ သူကိုယ်တိုင်ကိုယ်ကျ တည်ဆောင်ခဲ့သော စက်တစ်ခုကို မြင်ပုံကဲ့သို့ဖြစ်သည်။ သူသည် အစိတ်အပိုင်းတစ်ခုစီကို အလွန်ကောင်းစွာ သိလိမ့်မည်။ ၎င်း၏အခြေခံစည်းမျဉ်းများ၊ ၎င်း၏ပုံစံများနှင့် ၎င်း၏ရည်ရွယ်ချက်၊ ဤအရာအားလုံးကို ဘုရားသခင်သည် အလွယ်တကူ ရှင်းလင်းစွာ သိ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍၊ လူသားသည် လူသားဖြစ်နေခြင်း ဖြစ်၏။ လူသားသည် သိပ္ပံပညာနှင့် အရာခပ်သိမ်းတို့၏ နိယာမများကို သုတေသန ပြုပြီးရင်းပြုသော်လည်း ယင်းသည် အကန့်အသတ်ရှိသော အတိုင်းအတာအတွင်း၌သာ ဖြစ်၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်၏။ လူသားအတွက် ထိုအရာသည် အနန္တဖြစ်၏။ ဘုရားသခင်ပြုလုပ်ခဲ့သော အလွန်သေးငယ်သည့်အရာတစ်ခုကို လူသားမှ သုတေသနပြုပါက စစ်မှန်သည့် ရလဒ်များ မရဘဲ ၎င်းတို့၏ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်၏။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို လေ့လာရန် အသိဉာဏ်နှင့် သင်ယူမိခဲ့သည့်အရာကို အသုံးပြုပါက သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည် သို့မဟုတ် နားလည်နိုင်မည် မဟုတ်ပေ။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို သိပြီး ဘုရားသခင်ကို သိလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကို ကြည့်ပါက၊ တစ်နေ့တွင် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိသည်ဟု သင်ဝန်ခံပြီး၊ ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ဤကဲ့သို့သော အသိဉာဏ် သင်၌ရှိလေလေ၊ ဘုရားသခင်အား အရာခပ်သိမ်း၏သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို နားလည်လေလေ ဖြစ်မည်။ သင်အပါအဝင် အရာခပ်သိမ်းနှင့် အားလုံးသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ် ရရှိနေ၏။ သင်သည် ဤလောကနှင့် ဤလူသားမျိုးနွယ်အကြားတွင် ထိုအရာကို ရှင်းလင်းစွာလည်း ခံစားနိုင်လိမ့်မည်၊ ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် ထိုကဲ့သို့သော တန်ခိုးနှင့် ထိုကဲ့သို့သော အနှစ်သာရ ရှိနိုင်သူ မရှိပေ။ ဤကဲ့သို့သော နားလည်မှုတစ်ရပ်ကို သင်ရရှိနိုင်သည့်အခါ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်းကို သင်စစ်မှန်စွာ ဝန်ခံလိမ့်မည်။ သင်ဤအဆင့်ရောက်သောအခါ သင်သည် ဘုရားသခင်အား စစ်မှန်စွာလက်ခံခဲ့ပြီး သူ့အား သင်၏ဘုရားသခင်နှင့် သင်၏သခင်ဖြစ်စေပြီး ဖြစ်လိမ့်မည်။ ထိုကဲ့သို့သော နားလည်မှုတစ်ရပ် သင်၌ရှိပြီး သင်၏ဘဝသည် ထိုကဲ့သို့သောအဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ ဘုရားသခင်သည် သင့်ကို စမ်းသပ်မှုနှင့် တရားစီရင်မှု မပြုတော့ဘဲ၊ သင့်အပေါ် သတ်မှတ်ချက်များလည်း ပြုမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို နားလည်၍ သူ၏စိတ်နှလုံးကို သိကာ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကို စစ်မှန်စွာ လက်ခံခဲ့ပြီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စိုးမိုးမှုနှင့် စီမံခန့်ခွဲမှုအကြောင်း ဤအကြောင်းအရာများကို ပြောဆိုရခြင်းအတွက် အရေးကြီးသော အကြောင်းရင်းတစ်ရပ် ဖြစ်၏။ ယင်းမှာ လူတို့အား ဉာဏ်ပညာနှင့် နားလည်မှုတို့ သာ၍ပေးရန်ဖြစ်သည်၊ သင့်ကို ဝန်ခံစေရုံသာ မဟုတ်ဘဲ သင့်အား လက်တွေ့ကျသည့် ဉာဏ်ပညာနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုများအပေါ် နားလည်မှုတို့ သာ၍ပေးရန်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ယခင်က:(၁၀) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့:(၁၂) ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ