အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၄၈ အမေ့၏ မှေးမှိန်နေသည့် ပုံရိပ်

ထို့နေ့က နေသည် မိုးကုပ်စက်ဝိုင်းအောက် နိမ့်ဆင်းနေခဲ့သည်၊

လမ်းမပေါ်မှ လူအားလုံး အိမ်သို့ အပြေးအလွှားပြန်နေကြသည်။

ရုတ်တရက် ရင်းနှီးသော အသွင်သဏ္ဍာန်တစ်ခု မြင်ကွင်းထဲ ရောက်လာသည်၊

ကျွန်တော် ယမန်နှစ်များက ဝယ်ပေးခဲ့သည့် ဆွယ်တာတစ်ခုကို သူမ ဝတ်ဆက်လျက်၊

သူမ၏ မျက်နှာကို ပေါ့ပါးသည့် အပြာရောင် ခေါင်းစည်းပါဝါက ခြုံလွှမ်းထားသည်။

ယင်းမှာ ကျွန်တော့်အမေ ဖြစ်သည်၊ နှစ်နှစ်ကြာ ကွဲကွာခဲ့ပြီး ယခု ကျွန်တော်နှင့် အနီးနားလေးမှာပင်။

မျက်ရည်များက ကျွန်တော့်မြင်ကွင်းကို မဝေဝါးစေလိုသဖြင့် ကျွန်တော် မျက်တောင်ခတ်ပြီးရင်း ခတ်ခဲ့သည်။

ကျွန်တော် အဆင်ပြေသည်ကို ပြောဖို့ သူ့ထံ ကျွန်တော် အရမ်းပင် ပြေးလွှားဖက်လိုက်ချင်မိသည်။

မော့ကြည့်လိုက်သော် များပြားလှသော စောင့်ကြည့်ကင်မရာများက ကျွန်တော်တို့ မျက်နှာများကို ချိန်ရွယ်ထားကြသည်။

အရပ်ဝတ်အရာရှိများနှင့် သတင်းပေးများ မည်မျှ ပြွတ်သိပ်နေမည်ကို မည်သူသိမည်နည်း။

အမေရယ်၊ အမေ ကျွန်တော့်ကို တစ်ခဏလေးဖြစ်ဖြစ် အရမ်းပဲ တွေ့စေချင်လိုက်တာ။

မျက်ရည်များက ကျွန်တော့်မျက်လုံးများကို ဝေဝါးစေခဲ့သည်။

သူ့နောက်ကျောပုံရိပ်က ကျွန်တော့်နှလုံးသားထဲတွင် စွဲထင်ခဲ့သည်။

တရုတ်ပြည်အား နတ်ဆိုးများ အုပ်ချုပ်သည်ကို ကျွန်တော် တကယ်မုန်းမိသည်။

အမေသည် လက်တစ်ကမ်းလေးမှာရှိခဲ့သော်လည်း ကျွန်တော်တို့ အချင်းချင်း မတွေ့နိုင်ခဲ့ကြ။

အမေရယ်၊ ကျွန်တော့်ကို တစ်ချက်ပင် ဝေ့ဝိုက်မကြည့်ခဲ့ပါလား၊

သို့သော် အနည်းဆုံးတော့ အမေ ယခုလုံခြုံနေမှန်း ကျွန်တော်သိရသည်။

ကျွန်တော်တို့သည် အန္တရာယ်ထဲတွင် ရှိနေကြသော်လည်း

ဤဘဝတွင် သမ္မာတရားကို ဖြန့်ဝေဖို့အတွက် ဆင်းရဲဒုက္ခခံစားရန် ကျွန်တော်အသင့်ရှိသည်။

တစ်နေ့ နတ်ဆိုးများလက်သို့ ကျွန်တော်ကျရောက်ခဲ့လျှင် အမေ့ကို တစ်ဖန် ပြန်တွေ့ရနိုင်မည်မဟုတ်၊

သို့သော် ဘုရားသခင်ကို ယုံကြည်ဖို့ ကျွန်တော့်ရဲ့ ရွေးချယ်မှုကို ဘယ်သောအခါမျှ ကျွန်တော်နောင်တရမည် မဟုတ်သေးသလို၊

ဘုရားသခင်ရှေ့မှောက်သို့ ကျွန်တော့်ကို ခေါ်ဆောင်ခဲ့သူမှာ အမေဖြစ်သည်ကို ကျွန်တော်မေ့မည်မဟုတ်ပါ။

အရုဏ်တက်အလင်းအားဖြင့် မကြာခင် အမှောင် လွင့်ပြယ်လိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။

ကြီးမားသော ကပ်ဘေးနောက်တွင် ကျွန်တော်တို့ မျက်စိရှေ့၌ ဘုရားသခင်၏ ဖြောင့်မတ်သောနိုင်ငံတော် ပေါ်ထွန်းလိမ့်မည်။

ရှေ့လမ်းမက မည်မျှကြမ်းတမ်းပါစေ၊ ဘုရားသခင်အတွက် ကျွန်တော်တို့၏ ချစ်ခြင်းမေတ္တာ ယိမ်းယိုင်လိမ့်မည်မဟုတ်။

ကျွန်တော့်အမေ အဝေးသို့ လျှောက်သွားသည်ကို ကျွန်တော် ကြည်ခဲ့မိသည်တွင် မြင်ကွင်းက မျက်ရည်များဖြင့် ဝေဝါးသွားသည်၊ ကျွန်တော့်နှလုံးသားမှ နှုတ်ဆက်ငိုကြွေးရုံသာ တတ်နိုင်ခဲ့သည်။

ယခင်က:ထိုသို့သော လူတစ်စုရှိသည်

နောက်တစ်ခုသို့:လေနှင့် နှင်းကြား ကြီးပြင်းခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ