အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

“လူ့ဇာတိခံယူခြင်း၏ နက်နဲရာ အချက်” နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းလေးပိုဒ်မှ လက်ရွေးစင်တစ်ခု

၁။ ကျေးဇူးတော်ခေတ်ကာလတွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းကြောင်း ခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ကို မလုပ်နိုင်ဘဲ လူသား၏ တာဝန်ကို ကျေပွန်ရုံမျှသာ ဆောင်ရွက်ခဲ့သည်။ ယောဟန်သည် သခင်၏ရှေ့ပြေး ဖြစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော လူသားတစ်ဦးသာ ဖြစ်သည်။ ယေရှုဗတ္တိဇံ ခံပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော့်အပေါ်သို့ ဆင်းသက်တော်မူသည်။ ထို့နောက် ယေရှုသည် သူ၏ လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်၊ ယင်းကား ခရစ်တော်၏ အမှုကို စတင်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် သူသည် ဘုရားသခင်မှ လာသောကြောင့် ဘုရားသခင်၏ သွင်ပြင်လက္ခဏာကို ယူခဲ့ခြင်း ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းမတိုင်မီ သူ၏ယုံကြည်ခြင်းသည် တစ်ခါတစ်ရံ အားနည်းကောင်း အားနည်းမည်၊ သို့မဟုတ် တစ်ခါတစ်ရံ ခိုင်မာကောင်း ခိုင်မာမည်—ဤမတိုင်မီ သူ၏ယုံကြည်ခြင်းသည် မည်ကဲ့သို့ပင် ဖြစ်နေခဲ့ပါစေ၊ ယင်းသည်ယေရှု သူ၏ အမှုကို မဆောင်ရွက်မီ သူ၏သာမန် လူသားအသက်တာ အားလုံးပင်ဖြစ်သည်။ သူ ဗတ္တိဇံ ခံပြီးနောက် (ဘိသိတ်ခံပြီးနောက်)၊ သူသည် ဘုရားသခင်၏ တန်ခိုးနှင့် ဘုန်းအသရေတို့ကို ချက်ချင်းရရှိ ပေသည်။ ထို့ကြောင့် သူ၏ အမှုကို စတင်ဆောင်ရွက်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုအရာများ၊ တန်ခိုးများကို လုပ်ဆောင်နိုင်သည်၊ သူသည် ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်စား တိုက်ရိုက် လုပ်ဆောင်သော ကြောင့် သူ့တွင် တန်ခိုးနှင့် လုပ်ပိုင်ခွင့်အာဏာရှိသည်။ ဝိညာဉ်တော်၏ အလုပ်ကို သူသည်ကိုယ်စား လုပ်ဆောင် ခဲ့ပြီး၊ ဝိညာဉ်တော်၏ အသံကို ဖော်ထုတ်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်ခဲ့သည်။ ဤကား ငြင်းဆန်၍မရသော အရာဖြစ်သည်။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဘဲ၊ သူ့အနေနှင့် ဘုရားသခင်ကို ကိုယ်စားပြုရန် မဖြစ်နိုင်ပေ။ သူသည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိခဲ့လျှင်၊ ဘုရားသခင် ကိုယ်တိုင် ပြီးမြောက်အောင်မြင်စေရန် ရည်ရွယ်ထားသည့် အမှုကို သူဆောင်ရွက်၍ မရနိုင်သည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အားလုပ်ကိုင်ရန် ခွင့်ပြုမည် မဟုတ်ပါ။ သူ့အထဲတွင် လူသား၏ဆန္ဒ များစွာရှိကောင်း ရှိလိမ့်မည်၊ သို့မဟုတ် သူ့အထဲတွင် တစ်စုံတစ်ရာ ကွဲလွဲနေလိမ့် မည်။ မည်သည့် အခြေအနေမျိုးမှာဘဲ ဖြစ်ဖြစ် သူသည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား မပြုနိုင်ပါ။ သူ၏ အမှားများနှင့် မမှန်ကန်မှုများက သူ့ကိုသာ ကိုယ်စားပြုနေသော်လည်း၊ သူ၏လုပ်ဆောင်မှုများကမူ သန့်ရှင်းသော ဝိညာဉ်တော်ကို ကိုယ်စားပြုနေခဲ့သည်။ သူ၏ အရာအားလုံးသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်မပြောနိုင်သေးပါ။ သူ၏လမ်းလွဲမှုနှင့် မမှန်ကန်မှုတို့ကလည်း ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သလော။ လူသားကို ကိုယ်စားပြုခြင်းတွင် မမှန်ကန်မှုက သာမန်သာဖြစ်သည်၊ သို့သော် ဘုရားသခင်ကို ကိုယ်စား ပြုခြင်းတွင် သူ၌ လမ်းလွဲမှုများရှိပါက၊ ယင်းသည် ဘုရားသခင်ကို အရှက်ရစေခြင်းပင် မဟုတ်ဘူးလား။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ဘူးလား။ အခြားသူများက လူသားအား ချီးမြှောက် သည့်တိုင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အား သူ့ဆန္ဒအလျောက် ဘုရားသခင်နေရာတွင် ရပ်တည်ရန် ခွင့်မပြုပါ။ သူသည် ဘုရားသခင် မဟုတ်ပါက၊ သူသည် အဆုံးတွင် ရပ်တည်နေနိုင်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို သူစိတ်ရှိသည့်အတိုင်း ဘုရားသခင်အား ကိုယ်စားပြုရန် ခွင့်မပြုပါ။ ဥပမာအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်က ယောဟန်ကို သက်သေခံပေးခဲ့ပြီး၊ သူ့အား ယေရှုကို လမ်းကြောင်းခင်းပေးသူ တစ်ဦးအနေဖြင့်လည်း ထုတ်ဖော်ခဲ့ပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထံတွင်လုပ်သော အလုပ်ကို ကောင်းစွာ တိုင်းတာထားသည်။ ယောဟန်ကို တောင်းဆိုခဲ့သည်များ အားလုံးက ယေရှုအတွက် လမ်းကြောင်းခင်းသူ၊ သူ့အတွက်လမ်းကြောင်း ပြင်ဆင်ပေးရန်ဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အား လမ်းကြောင်းခင်းသည့် လုပ်ဆောင်မှုကိုသာ ပံ့ပိုးပေးပြီး၊ ယင်းလုပ်ဆောင်မှုကိုသာ သူ့အားခွင့်ပြုခဲ့သည်၊ အခြားအလုပ် မပါရှိပါ။ ယောဟန်သည် ဧလိယကို ကိုယ်စားပြုခဲ့ပြီး သူသည် လမ်းကြောင်းခင်းပေးခဲ့သည့် ပရောဖက်တစ်ဦးကို ကိုယ်စားပြုခဲ့သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်က ပံ့ပိုးပေးခဲ့သည်။ သူ့လုပ်ဆောင်မှုက လမ်းကြောင်း ခင်းခြင်း ဖြစ်နေသ၍ သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို ထောက်ပံ့ပေးခဲ့သည်။ သို့သော်၊ သူသည် သူကိုယ်တိုင်က ဘုရားသခင်ဖြစ်ထိုက်ကြောင်း တောင်းဆိုပြီး ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်စေမည် ဆိုပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို ဆုံးမပဲ့ပြင် ရပါလိမ့်မည်။ ယောဟန်၏ လုပ်ဆောင်မှုသည် မည်မျှပင် ကြီးမြတ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုကို ရရှိစေကာမူ၊ သူ၏ လုပ်ဆောင်မှုသည် ဘောင်များအတွင်းတွင် ရှိနေခဲ့သည်။ သူ၏လုပ်ဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုကို ရရှိခဲ့သည်ဆိုမှာ တကယ့်ကို မှန်ကန်မှုရှိပါသည်။ သို့သော်လည်း၊ ထိုအချိန်တွင် သူ့ကိုပေးခဲ့သည့် တန်ခိုးမှာ လမ်းကြောင်းခင်းဖို့ အတွက်သာ ကန့်သတ်ထားသည်။ သူသည် လမ်းကြောင်းခင်းပေးသည့် ယောဟန်သာ ဖြစ်နေ၍၊ ယေရှုမဟုတ်သောကြောင့်၊ သူသည်အခြား မည်သည့်အလုပ် တစ်ခုကိုမျှ လုံးဝမလုပ်ဆောင်နိုင်ပါ။ ထို့အတွက်ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်မှာ အဓိကသော့ချက် ဖြစ်သော်လည်း၊ လူသား လုပ်ဆောင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်က ကန့်သတ်ပေးထားသည့် အလုပ်က ပို၍ပင် အရေးပါ ပါသည်။ ယောဟန်သည် ကြီးမြတ်သည့် သက်သေ မခံခဲ့ဘူးလား။ သူ၏ လုပ်ဆောင်ခဲ့ခြင်းကလည်း မကြီးမြတ် ဘူးလား။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသည့် လူသားတစ်ဦးထက် သာလွန်မှု မရှိသည့်အတွက် သူ၏ လုပ်ဆောင်မှုသည်လည်း ယေရှုထက် သာလွန်မှုမရှိ၊ ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား မပြုနိုင်ပါ။ ထို့အတွက်ကြောင့် သူလုပ်ဆောင် ခဲ့ရသည်မှာလည်း အကန့်အသတ် ရှိခဲ့သည်။ လမ်းကြောင်း ခင်းပေးသည့် လုပ်ဆောင်မှု ပြီးမြောက်ပြီးနောက်၊ မည်သည်ကမျှ သူ၏ သက်သေခံချက်ကို ဆက်လက် ထောက်ပံ့ပေးခြင်း မရှိ၊ သူ့ကို မည်သည့် အလုပ်သစ်ကမျှ နောက်ထပ် လိုက်မလာတော့ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က အလုပ်ကို စတင်ခဲ့သည့်အတွက် သူထွက်ခွာသွားခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၂။ အချို့သောလူတို့သည် နတ်ဆိုးများ၏ စိုးမိုးမှုကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသည်။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်စားပြုသည့်အရာ၌ မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို အလေးမထားပါ။ သင့်ကိုယ်သင် မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် စွဲစွဲမြဲမြဲ ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ဆဲဖြစ်ပြီး၊ စာတန်၏ ပိုင်ဆိုင်ခြင်းခံရသူ တစ်ဦးဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ချစ်ဖွယ်ကောင်းသော ဘုရားသခင်၏ သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပါ။ သို့သော် ငါလုပ်သည့်အလုပ်သည် ဘုရားသခင်၏ အလုပ်ဖြစ်သည်။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ရန် မလိုအပ်ပါ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို ဂုဏ်ဒြပ်များ နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ရာထူးဂုဏ်များ ပေးရန် မလိုအပ်ဘဲ၊ သူ့အလုပ်က သူ၏အမည်နာမနှင့် အဆင့်အတန်းကို ကိုယ်စားပြုရန် လုံလောက်ပါသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင်ပင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေပြုခြင်း ခံရပြီးမှ ဘုရားသခင်၏ တစ်ဦးတည်းသောသားတော် ဖြစ်လာသည်ဟု မပြောနိုင်သည်မှာ သေချာသည် မဟုတ်လော။ သူသည် မိမိ၏အလုပ်ကို မစတင်မီ လွန်လေပြီးသည့် အချိန်ကတည်းက ယေရှုဟု အမည်တွင်သည့် ယောက်ျားတစ်ဦး မရှိခဲ့လေသလော။ သင်သည် အသစ်သော လမ်းကြောင်းများကို မထုတ်ဆောင်နိုင်ပါ၊ သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပါ။ ဝိညာဉ်တော်၏ အလုပ်ကို၊ သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်ကို၊ သို့မဟုတ် ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် ဉာဏ်မမီနိုင်မှုများ၊ ထို့အပြင် ဘုရားသခင်က လူသားကို ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ စသည့်အရာအားလုံးမှာ သင်၏ ဖော်ပြနိုင်စွမ်းထက် ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုခြင်းက အချည်းနှီးပင် ဖြစ်လိမ့်မည်၊ သင့်တွင် နာမည်သာရှိပြီး အနှစ်သာရတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာခဲ့သော်လည်း မည်သူမျှ သူ့ကိုမမှတ်မိပါ၊ သို့ရာတွင် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်နေပြီး၊ ထိုသို့လုပ်ဆောင်ရာ၌ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင် သို့မဟုတ် ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပါ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော် အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် နာမည်ကို သူဂရုမစိုက်ပါ။ ထိုနာမည်က သူ့အလုပ်ကို အဆုံးအဖြတ် ပေးနိုင်သလော။ သင်သူ့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင်၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်က လူဇာတိကို ခံယူထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်၊ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းမဖောက်နိုင်၊ သို့မဟုတ် ခေတ်ဟောင်းကို အဆုံးမသတ်နိုင်သည့်အပြင်၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ သို့မဟုတ် အသစ်သော အလုပ်ကို မပြုလုပ်နိုင်ပါက သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၃။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားတစ်ဦးကပင် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စား မပြုနိုင်ပါ။ ဤလူသားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သည်သာမက၊ သူ၏ လုပ်ဆောင်မှု သည်လည်း ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ပါ။ ပြောရမည်ဆိုလျှင်၊ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင် တိုက်ရိုက် နေရာမယူနိုင် သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကိုလည်း တိုက်ရိုက် ကိုယ်စားမပြုနိုင်ပါ။ ဘုရားသခင် ကိုယ်တော်တိုင် ဆောင်ရွက်သော အလုပ်သည်၊ သူ၏ကိုယ်ပိုင် စီမံခန့်ခွဲမှု အစီအစဉ်ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး ကြီးမြတ်သည့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် အလုပ်ဖြစ်သည်။ လူသားက (သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသား) ဆောင်ရွက်သည့် အလုပ်၌ သူ၏ လူတစ်ဦးချင်းစီ အတွေ့အကြုံကို ထောက်ပံ့ပေးခြင်း ပါဝင်သည်။ သူ့ရှေ့တွင် လျှောက်ခဲ့ကြသူများ၏ အတွေ့အကြုံ လမ်းကြောင်းကို ကျော်လွန်၍ အသစ်သော အတွေ့အကြုံလမ်းကြောင်းကို ရှာတွေ့ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် သူ၏ညီအစ်ကိုများနှင့် ညီအစ်မများကို ဦးဆောင်ခြင်းတို့ ပါဝင်သည်။ ထိုသူများက ထောက်ပံ့ပေးသည့်အရာမှာ သူတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လူသားများ၏ ဝိညာဉ်ရေးရာ အရေးအသားများဖြစ်သည်။ ဤလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော်လည်း၊ ထိုသို့သော လူများ၏ အလုပ်သည် အနှစ်ခြောက်ထောင် အစီအစဉ်အတွင်းရှိ ကြီးမြတ်သည့် စီမံခန့်ခွဲမှု အလုပ်နှင့် မသက်ဆိုင်ပါ။ သူတို့လုပ်ဆောင်နိုင်သည့် လုပ်ငန်းများ ဆုံးခန်းတိုင်သွားသည်အထိ၊ သို့မဟုတ် သူတို့၏ အသက်တာများ ဆုံးခန်းတိုင်သွားသည်အထိ၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းရှိ လူများကို ဦးဆောင်ရန်အလို့ငှာ မတူညီသည့် ခေတ်ကာလများ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ပေါ်ထွန်းစေခြင်းကို ခံကြရသော လူသားများသက်သက်သာ ဖြစ်ကြသည်။ သူတို့လုပ်ဆောင်သည့် အလုပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်အတွက် သင့်တော်သည့် လမ်းကြောင်းကို ပြင်ဆင်ပေးရန်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ကိုယ်တော်တိုင်၏ စီမံခန့်ခွဲမှုဆိုင်ရာ ရှုထောင့်တစ်ခုကို ဆက်လက်လုပ်ကိုင်ရန်သာ ဖြစ်သည်။ ထိုသို့သော လူများသည် သူတို့ကိုယ်၌အားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်း သာ၍ကြီးမြတ်သည့် အလုပ်ကို မလုပ်နိုင်ကြပါ၊ ထို့ပြင် လမ်းသစ်များကိုလည်း မဖွင့်နိုင်ပါ၊ ယခင်ခေတ်ကာလမှ ဘုရားသခင်၏ အလုပ်အားလုံးကို အဆုံးသတ်ရန် သာ၍ပင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် သူတို့လုပ်သည့် အလုပ်သည် ဖန်ဆင်းခံ သတ္တဝါက မိမိ၏လုပ်ငန်းဆောင်တာကို လုပ်ကိုင်ခြင်းကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏အမှုတော်ကို လုပ်ဆောင်ခြင်းကို ကိုယ်စားမပြုနိုင်ပါ။ ဤသို့ဖြစ်ရခြင်းမှာ သူတို့လုပ်ဆောင်သော အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်သောအမှုနှင့် မတူညီသောကြောင့် ဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို ဖွင့်လှစ်ပေးသည့် အလုပ်သည် ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်နိုင်သော အလုပ်မျိုး မဟုတ်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ မပြုလုပ်နိုင်ပါ။ လူသားလုပ်ဆောင်သည့် အလုပ်အားလုံးသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က တို့ထိသည့်အခါ၊ သို့မဟုတ် ဉာဏ်အလင်းပေးသည့်အခါ လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့သော လူများက ထောက်ပံ့ပေးသည့် လမ်းညွှန်မှုမှာ နေ့စဉ်အသက်တာ၌ လက်တွေ့ကျင့်သုံးခြင်း လမ်းကြောင်းကို ပြသပေးခြင်းနှင့် လူသားများက ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူသင့်သည်တို့ကို ပြသပေးခြင်းသက်သက်သာဖြစ်သည်။ လူသား၏အလုပ်၌ ဘုရားသခင်၏ စီမံခန့်ခွဲမှု မပါဝင်သကဲ့သို့ ယင်းအလုပ်သည် ဝိညာဉ်တော်၏ အလုပ်ကိုလည်း ကိုယ်စားမပြုပါ။ ဥပမာတစ်ခုအားဖြင့်၊ မျက်မြင်သက်သေ လီ (Lee) နှင့် စောင့်ကြပ်ကြည့်ရှုသူ နီ (Nee) တို့၏အလုပ်မှာ လမ်းခရီးကို ဦးဆောင်ရန်ဖြစ်သည်။ အသစ်သောလမ်းဖြစ်ပါစေ၊ သို့မဟုတ် ဟောင်းနွမ်းသည့်လမ်းဖြစ်ပါစေ၊ အလုပ်ကို လုပ်ဆောင်ပုံသည် သမ္မာကျမ်းစာကို မကျော်လွန်မှု သဘောတရားအပေါ် အခြေခံသည်။ ဒေသခံအသင်းတော်ကို ပြန်လည်ပြုပြင်သည်ဖြစ်စေ၊ သို့မဟုတ် ဒေသခံအသင်းတော်ကို တည်ဆောက်သည်ဖြစ်စေ၊ သူတို့၏အလုပ်မှာ အသင်းတော်များကို တည်ထောင်ခြင်း ဖြစ်သည်။ သူတို့လုပ်ဆောင်သည့် အလုပ်မှာ ယေရှုနှင့် သူ၏တမန်တော်များက မပြီးပြတ်ခဲ့သည့်အလုပ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ဆက်လက်ဖွံ့ဖြိုးရန် မလုပ်ဆောင်ခဲ့သော အလုပ်ဖြစ်သည်။ သူတို့အလုပ်ထဲ၌ သူတို့လုပ်ဆောင်သည့်အရာမှာ ယေရှုက သူ၏နောက်ပိုင်းမျိုးဆက်များကို သူ၏ကနဦးအမှုတွင် တောင်းဆိုခဲ့သည့် ခေါင်းဖုံးခြင်း၊ ဗတ္တိဇံခံခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်း၊ သို့မဟုတ် စပျစ်ရည်သောက်ခြင်း စသည်တို့ကို ပြန်လည်ထိန်းသိမ်းထားရန် ဖြစ်သည်။ သူတို့၏အလုပ်က ကျမ်းစာကို လိုက်နာရန်နှင့် ကျမ်းစာအတွင်းမှ လမ်းများကို ရှာဖွေရန်မျှသာဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် အသစ်ဖြစ်သော မည်သည့်တိုးတက်မှုများကိုမျှ လုပ်ဆောင်ခြင်း မရှိပါ။ ထို့အတွက်ကြောင့် သူတို့၏အလုပ်ထဲတွင် ကျမ်းစာအတွင်းမှ လမ်းသစ်များနှင့် ပိုကောင်းပြီး ပိုလက်တွေ့ကျသည့် ကျင့်ကြံမှုများကို ရှာဖွေတွေ့ရှိခြင်းကိုသာ မြင်တွေ့နိုင်သည်။ သို့သော် သူတို့၏အလုပ်ထဲတွင် ဘုရားသခင်၏ လက်ရှိအလိုတော်ကို မမြင်တွေ့နိုင်ပါ၊ နောက်ဆုံးသောကာလတွင် ဘုရားသခင် လုပ်ဆောင်ရန် စီစဉ်ထားသည့် အလုပ်အသစ်ကို ပို၍ပင် ရှာမတွေ့နိုင်ပါ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့လျှောက်နေသည့်လမ်းသည် လမ်းဟောင်းတစ်ခုဖြစ်နေသောကြောင့်ဖြစ်သည်၊ အသစ်ပြုပြင်ခြင်းနှင့် တိုးတက်မှုတစ်ခုမျှ မရှိပေ။ သူတို့သည် ယေရှု၏ ကားတိုင်တွင် အသေခံခြင်းအချက်ကို ဆက်လက်စွဲကိုင်ထားကြသည်၊ လူများကို နောင်တရ၍ သူတို့၏ အပြစ်များကိုဝန်ခံရန် တောင်းဆိုသည့် ကျင့်ကြံမှုကို ဆက်လက်လိုက်နာကြသည်၊ အဆုံးတိုင်အောင် တည်ကြည်သော အကြင်သူသည် ကယ်တင်ခံရလိမ့်မည်ဟူသည့် ဆိုရိုးစကားများနှင့် ယောက်ျားသည် မိန်းမ၏ ဦးခေါင်းဖြစ်သည်၊ မိန်းမသည် မိမိခင်ပွန်းကို နာခံရမည်ဟူသည့် ဆိုရိုးစကားများ၊ ထို့အပြင် ရှေးရိုးစွဲ အမြင်ဖြစ်သည့် ညီအစ်မများသည် တရားမဟောရ၊ နာခံခြင်းသာ ပြုရမည်ဆိုသည့် ဆိုရိုးစကားများကို စောင့်ထိန်းကြသည်။ အကယ်၍ ဤကဲ့သို့သော ဦးဆောင်မှုပုံစံကို ဆက်လက်လိုက်နာမည်ဆိုလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်က အမှုသစ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည်မဟုတ်၊ လူသားများကို အယူဝါဒများထဲမှ လွတ်မြောက်စေနိုင်မည် မဟုတ်ပါ၊ သို့မဟုတ် လူသားကို လွတ်လပ်မှုနှင့် လှပမှု၏ နယ်ပယ်ထဲသို့ ဦးဆောင်လမ်းပြနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ခေတ်ကို ပြောင်းလဲသည့် အလုပ်၏ ဤအဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး ပြောဆိုရမည်ဖြစ်သည်၊ ထိုသို့မဟုတ်ပါက မည်သည့်လူသားကမျှ ဘုရားသခင်ကိုယ်စား မလုပ်ဆောင်နိုင်ပါ။ ထို့ကြောင့် ယခုအချိန်ထိ၊ ဤရေစီးကြောင်းပြင်ပမှ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားလုံးသည် လုံးဝဥဿုံရပ်တန့်သွားပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူများသည်လည်း ရပ်တည်ရာများ ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားများ၏ အလုပ်က ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့် အလုပ်နှင့် တူညီမှုမရှိသည့်အတွက်၊ သူတို့၏ သွင်ပြင်လက္ခဏာများနှင့် မည်သူ၏ကိုယ်စား သူတို့လုပ်ကိုင်သည်ဟူသည့် အကြောင်းအရာများသည်လည်း ကွဲပြားမှုရှိကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ရန် ရည်ရွယ်သောအမှုသည် ကွဲပြားသောကြောင့်ဖြစ်သည်၊ သို့ဖြစ်၍ တူညီသော လုပ်ဆောင်သူများသည် မတူညီသည့် သွင်ပြင်လက္ခဏာများနှင့် အဆင့်အတန်းများကို အပ်နှင်းခြင်းခံရသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူသားတို့သည် အသစ်သော အလုပ်အချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး၊ ယခင်ခေတ်က ပြီးမြောက်ခဲ့သော အလုပ်အချို့ကိုလည်း ဖယ်ထုတ်ကောင်း ဖယ်ထုတ်နိုင်ပေမည်၊ သို့သော် သူတို့လုပ်ဆောင်သည့်အရာသည် အသစ်သောခေတ်ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုတော်ကို ဖော်ပြနိုင်ခြင်း မရှိပါ။ ယခင်ခေတ်က အလုပ်ကို ဖယ်ထုတ်ရန်သာ သူတို့လုပ်ဆောင်ကြသည်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားနှင့် အလိုတော်ကို တိုက်ရိုက်ကိုယ်စားပြုရန် ရည်ရွယ်သည့် အသစ်သော အလုပ်ကို လုပ်ဆောင်ရန် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ခေတ်မမီတော့သည့် ကျင့်ကြံမှု မည်မျှကို ပယ်ဖျက်သည်ဖြစ်စေ၊ သို့မဟုတ် သူတို့သည် ကျင့်ကြံမှုအသစ် မည်မျှကို စတင်လုပ်ဆောင်သည်ဖြစ်စေ၊ သူတို့သည် လူသားနှင့် ဖန်ဆင်းခံသတ္တဝါများကိုသာ ကိုယ်စားပြုဆဲဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က အလုပ်လုပ်သည့်အခါတွင်မူ သူသည် ယခင်ခေတ်က ကျင့်ကြံမှုများအား ပယ်ဖျက်ခြင်းများကို ပွင့်လင်းစွာ မကြေညာပါ၊ သို့မဟုတ် ခေတ်သစ်တစ်ခု၏ စတင်မှုကို တိုက်ရိုက် မကြေညာပါ။ သူအလုပ်လုပ်ရာ၌ သူသည် တဲ့တိုးဖြစ်ပြီး ဖြောင့်မတ်သည်။ သူရည်ရွယ်သည့်အလုပ်ကို ဆောင်ရွက်ရာ၌ သူသည် ဘွင်းဘွင်းရှင်းရှင်းပင် လုပ်သည်။ ဆိုလိုသည်မှာ၊ သူ၏ဖြစ်ခြင်းနှင့် စိတ်သဘောထားကို ဖော်ပြလျက် သူယူဆောင်လာသည့် အလုပ်အကြောင်းကို တိုက်ရိုက်ပင် သူထုတ်ဖော်သည်၊ မူလက ရည်ရွယ်ထားသည့်အတိုင်း သူ့အလုပ်ကို တိုက်ရိုက်ပင် လုပ်ဆောင်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အလုပ်တို့သည် ယခင်ခေတ်အဆက်ဆက်နှင့် ကွာခြားသည်ဟု လူသားက မြင်သည်။ သို့သော်၊ ဘုရားသခင် ကိုယ်တော်တိုင်၏ ရှုထောင့်မှဆိုလျှင်၊ ဤကား သူ့အလုပ်ကို ဆက်လက်လုပ်ကိုင်မှုနှင့် သူ့အလုပ်၏ ဆက်လက်ဖွံ့ဖြိုးမှုမျှသာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့်အခါ၊ သူသည် သူ၏နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြီး၊ အသစ်သော အလုပ်ကို တိုက်ရိုက်ယူဆောင်လာသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ လူသားလုပ်ဆောင်သည့်အခါတွင်မူ၊ ယင်းသည် စဉ်းစားချင့်ချိန်မှုနှင့် လေ့လာမှုအားဖြင့် ဖြစ်သည်၊ သို့မဟုတ် ယင်းသည် အခြားသူများ၏ လုပ်ဆောင်မှုအပေါ် အခြေခံထားသည့် အသိပညာနှင့် ကျင့်ကြံမှုကို စနစ်ကျအောင် စီမံခြင်းတို့၏ အစိတ်အပိုင်းသာဖြစ်သည်။ ဆိုလိုသည်မှာ၊ လူသားက လုပ်ဆောင်သည့် အလုပ်၏အနှစ်သာရသည် ထုံးတမ်းစဉ်လာကို လိုက်လျှောက်ရန်ဖြစ်ပြီး “လမ်းဟောင်းများကို ဖိနပ်အသစ်များဖြင့် လျှောက်လမ်းရန်” ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသားများ လျှောက်သည့်လမ်းမှာ ဘုရားသခင်ကိုယ်တော်တိုင် ဖွင့်ပေးထားခဲ့သော လမ်းအပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသည်ဟု ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးစာရင်းချုပ်လိုက်လျှင် လူသားသည် လူသားသာဖြစ်ပြီး၊ ဘုရားသခင်က ဘုရားသခင်သာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၄။ ဣဇာက်သည် အာဗြဟံထံမှ မွေးဖွားလာသကဲ့သို့ ယောဟန်သည်လည်း ကတိတော်အားဖြင့် မွေးဖွား လာခဲ့သည်။ သူသည် ယေရှုအတွင် လမ်းခင်းပေးခဲ့ပြီး များစွာသော အလုပ်ကို လုပ်ခဲ့သည်၊ သို့သော် သူသည် ဘုရားသခင် မဟုတ်ပါ။ သူသည် ယေရှုအတွက်သာ လမ်းကြောင်းခင်းပေး ခဲ့သည့်အတွက် သူသည် ပရောဖက်ဖြစ်သည်ဟု မှတ်ယူခြင်းခံရသည်။ သူ၏လုပ်ဆောင်မှုကလည်း ကြီးမြတ်ခဲ့သည်၊ သူက လမ်းခင်း ထားပေးပြီးမှသာ ယေရှုက သူ၏ လုပ်ဆောင်မှုများကို တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်။ အနှစ်သာရအားဖြင့်၊ သူသည် ယေရှုကို ရိုးစင်းစွာ လုပ်ကိုင်ပေးခြင်းဖြစ်သည်၊ သူ၏အလုပ်သည် ယေရှု၏ အမှုကို ဆက်ကပ်ခြင်း ဖြစ်သည်။ သူလမ်းကြောင်း ခင်းပေးသည့် နောက်ပိုင်းတွင် ယေရှုက သူ၏အမှုကို စတင်ခဲ့သည်၊ ပိုမို သစ်လွင်သော လုပ်ဆောင်မှု၊ ပိုမိုတိကျသော၊ ပို၍အသေးစိတ်ကျသော လုပ်ဆောင်မှုဖြစ်သည်။ ယောဟန် သည် အမှု၏ အစပိုင်းကိုသာ လုပ်ဆောင်ခဲ့ပြီး၊ အသစ်သော အမှု၏ ပိုများသည့် အပိုင်းကို ယေရှုက လုပ်ဆောင်ခဲ့သည်။ ယောဟန်သည် အမှုသစ်ကို လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သူ မဟုတ်ခဲ့ပါ။ ယောဟန်သည် ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ့အမည်ကို ကောင်းကင်တမန်က ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က လူအချို့တို့သည် သူ့အား သူ့ဖခင်အမည် ဇာခရိ အဖြစ် အမည်ပေးလို သော်လည်း၊ သူ၏မိခင်က "ဤကလေးကို ထိုအမည် ခေါ်၍မရပါ။ သူ့ကို ယောဟန်ဟု ခေါ်ရမည်" ဟု ပြောကြားခဲ့သည်။ ဤအရာများ အားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ယောဟန်ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ ယေရှု၏ အမည်နာမကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်ကပင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ မွေးဖွား ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်အားဖြင့် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဘုရားသခင်၊ ခရစ်တော်နှင့် လူသား၏သား ဖြစ်ခဲ့သည်။ ယောဟန်၏ လုပ်ဆောင်မှုကလည်း ကြီးမြတ်ပါသော်လည်း သူ့ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ ယေရှုပြုခဲ့သည့် အလုပ်နှင့် ယောဟန် ပြုခဲ့သည့် အလုပ်နှစ်ခု အကြား မည်သည့်အရာများက တိကျစွာ ကွာခြားနေသနည်း။ ယောဟန်က ယေရှုအတွက် လမ်းကြောင်းခင်း ပေးခဲ့သူသည် တစ်ခုတည်းသော အကြောင်းပြချက်လား။ သို့မဟုတ် ဘုရားသခင်က ရှေးမဆွက ခွဲခန့် မှတ်သား ထား၍လော။ "နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" ဟု ယောဟန် ပြောခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် သတင်းကောင်းကို ဟောကြားခဲ့သော်လည်း၊ သူ၏ လုပ်ဆောင်မှုသည် နက်နဲမှုမရှိဘဲ၊ စတင်မှု၏ ပါဝင်ခြင်းတစ်ခုမျှသာ ဖြစ်သည်။ မတူညီချက်မှာ၊ ယေရှုက ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့ပြီး၊ အဟောင်းကို အဆုံးသတ်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ ဥပဒေသကိုလည်း ဖြည့်ဆည်း ပေးခဲ့သည်။ သူပြုခဲ့သည့် အမှုသည် ယောဟန်ထက် ပိုမိုကြီးမြတ်၍ သူသည် လူသားများအားလုံးကို ရွေးနှုတ်ရန် ကြွလာခြင်းဖြစ်သည်—သူသည် ထိုလုပ်ငန်းအဆင့်ကို လုပ်ဆောင်ခဲ့သည်။ ယောဟန်သည် ရိုးရှင်းစွာပင် လမ်းကြောင်းကို ပြင်ဆင်ပေးခဲ့သည်။ သူ၏ လုပ်ဆောင်မှုသည် ကြီးမြတ်သည်၊ သူသည် စကားလုံးများစွာ ပြောဆိုခဲ့ပြီး၊ သူ့နောက်သို့လိုက်သည့် တပည့်များစွာ ရှိပါသော်လည်း၊ သူ၏လုပ်ဆောင်မှုမှာ လူသားကို အသစ်သောစတင်ခြင်းသို့ ယူဆောင်လာခြင်းထက် ပိုမများပါ။ လူသားသည် သူ့ထံမှ အသက်၊ လမ်းခရီး သို့မဟုတ် ပိုနက်နဲသည့် သမ္မာတရားများကို ဘယ်သောအခါမျှ မရခဲ့သကဲ့သို့၊ သူ့အားဖြင့် ဘုရားသခင်၏ အလိုကို နားလည်နိုင်စွမ်းလည်း တစ်ခါမျှ မရရှိခဲ့ပါ။ ယောဟန်သည် ကြီးမြတ်သည့် ပရောဖက် (ဧလိယ) ဖြစ်သည်။ ယေရှု၏ အလုပ်အတွက် နေရာအသစ်ကို ရှေ့ပြေး ဆောင်ရွက်ပေးခဲ့သည်၊ ရွေးကောက်ခြင်း ခံရသည့်သူကို ပြင်ဆင်ပေးခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ ရှေ့ပြေးတစ်ဦး ဖြစ်ခဲ့သည်။ ဤသို့သော အကြောင်းအရာများကို သူတို့၏ ပုံမှန် လူသားမျက်နှာ ဟန်ပန်များကို လေ့လာရုံဖြင့် မသိမမြင်နိုင်ပါ။ အထူးသဖြင့်၊ ယောဟန်သည် အတော်အတန် ကြီးမြတ်သည့် အလုပ်ကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင်သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ၏လုပ်ဆောင်မှုများကို သန့်ရှင်းသော ဝိညာဉ်တော်က ထောက်ပံ့ပေးခဲ့သည်။ ထိုသို့သော အရာများကြောင့်၊ သူတို့နှစ်ဦးကြား သက်ဆိုင်ရာ သွင်ပြင်လက္ခဏာများသည် သူတို့၏လုပ်ဆောင်မှုအားဖြင့်သာ ခွဲခြားနိုင်သည်၊ လူသားတစ်ဦး၏ ပြင်ပသွင်ပြင်လက္ခဏာသည် သူ၏အနှစ်သာရကို မပြောနိုင်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်ကို လူသားအနေဖြင့် သေချာမလေ့လာ မစီစစ်နိုင်ပေ။ ယောဟန် လုပ်ဆောင် ခဲ့သည့် အလုပ်နှင့် ယေရှုပြုခဲ့သည့် အမှုတို့သည် တူညီမှုမရှိဘဲ သဘာဝခြင်းလည်း ခြားနားပါသည်။ ဤအရာကို ကြည့်ခြင်းအားဖြင့် သူသည် ဘုရားသခင် ဟုတ်လား၊ မဟုတ်လား ဆိုသည်ကို ဆုံးဖြတ်သင့် သည်။ ယေရှု၏ လုပ်ဆောင်မှုသည် စတင်ရန်၊ ဆက်သွားရန်၊ အဆုံးသတ်ရန်နှင့် ပြီးမြောက်အောင်မြင်ရန် ဖြစ်သည်။ ဤအဆင့် တစ်ဆင့်ချင်းစီကို ယေရှုက လုပ်ဆောင်ခဲ့သည်၊ တစ်နည်းဆိုရလျှင် ယောဟန်သည် အစပိုင်းထက်ပိုပြီး မလုပ်ဆောင်ခဲ့ပါ။ အစပိုင်းတွင် ယေရှုသည် ဧဝံဂေလိတရားကို ပြန့်ပွားစေပြီး နောင်တ တရား ရစေသည့် လမ်းခရီးကို ဟောပြောခဲ့သည်။ ထို့နောက် လူတွေကို ရေနှစ်ခြင်းပေးသည်၊ ဖျားနာမှုတွေကို ကုသပျောက်ကင်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ အဆုံးတွင်၊ လူသားများကို အပြစ်မှ ရွေးနှုတ်ခဲ့ပြီး ခေတ်တစ်ခုလုံးအတွက် သူ၏အမှုကို အပြီးသတ်ခဲ့သည်။ သူသည် လူသားကို တရားဒေသနာ ဟောကြားခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို နေရာအနှံ့အပြား၌ ပြန့်ပွားစေခဲ့သည်။ ဤအရာသည် ယောဟန်နှင့် အတူတူပင်ဖြစ်သည်၊ မတူညီသည့်အရာမှာ ယေရှုက ခေတ်သစ်ကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော် ခေတ်ကို လူသားများဆီသို့ ယူဆောင်လာပေးခဲ့သည်။ လူသားသည် အဘယ်အရာကို ကျင့်ကြံသင့်သည်နှင့် ကျေးဇူးတော်ခေတ်တွင် လူသားက လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ၏ နှုတ်မှ စကားလုံးကို ဖွင့်ဟခဲ့ပြီး၊ အဆုံးတွင် ရွေးနှုတ်ခြင်းအမှုကို သူအပြီးသတ်ခဲ့သည်။ ယောဟန်သည် ထိုကဲ့သို့သော အလုပ်ကို ဘယ်သောအခါမျှ မလုပ်ဆောင်နိုင်ခဲ့ပါ။ ထို့ကြောင့်၊ ယေရှုသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင်ဖြစ်ကာ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။ ကတိတော်အားဖြင့် မွေးဖွားခဲ့သူများ၊ ဝိညာဉ်တော်အားဖြင့် မွေးဖွားခဲ့သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုခံရသူများနှင့် လမ်းသစ်များ ဖွင့်ပေးသောသူများ အားလုံးတို့သည် ဘုရားသခင်ပင်ဖြစ်သည်ဟု လူသား၏ အယူအဆများအားဖြင့် ပြောဆိုကြသည်။ ဤသုံးသပ်ဆင်ခြင်မှုအရ၊ ယောဟန်သည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်၊ ထို့အတူ၊ မောရှေ၊ အာဗြဟံနှင့် ဒါဝိဒ်တို့သည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်။ ဤအရာသည် အကြီးစား ပြက်လုံးတစ်ခုပင် ဖြစ်မနေဘူးလား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၅။ လူ့ဇာတိ ခံယူသည့် ဘုရားသခင်သည် သာမန်လူသားတစ်ဦး နေထိုင်သကဲ့သို့ နေထိုင်လိမ့်မည် မဟုတ်ဟု လူများက ယုံကြည်ကြသည်။ သူသည် သန့်ရှင်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အတွက် သူသည် သန့်ရှင်းနေပြီး သူ၏ သွားကိုလည်း တိုက်စရာမလို သို့မဟုတ် သူ၏ မျက်နှာကိုလည်း သစ်စရာမလိုဟု သူတို့က ယုံကြည်ကြသည်။ ဤအရာများသည် လူသား၏ အတွေးအမြင်များ သက်သက် မဟုတ်ဘူးလား။ ယေရှု၏ အသက်တာကို လူသားတစ်ဦးအဖြစ် သမ္မာကျမ်းစာမှ မှတ်တမ်းတင်ထားခြင်း မရှိပါ၊ သူ၏ လုပ်ဆောင်မှုကိုသာ မှတ်တမ်း တင်ခဲ့သည်။ သို့ရာတွင် ယင်းသည် သူက ပုံမှန်လူ့သဘောသဘာဝ မရှိခဲ့၊ သို့မဟုတ် အသက် သုံးဆယ် မတိုင်မှီတွင် သူသည် လူသား၏ သာမန်အသက်တာ မရှိခဲ့ဆိုသည်ကို သက်သေမပြပါ။ သူသည် အသက် ၂၉ နှစ်တွင် သူ၏လုပ်ငန်းများကို တရားဝင် စတင်ဆောင်ရွက်ခဲ့သော်လည်း၊ ထိုအသက်အရွယ် မတိုင်မီ သူ၏ လူသားတစ်ဦးအဖြစ် နေခဲ့သောအသက်တာ တစ်ခုလုံးကို သင်မငြင်းပယ်နိုင်ပါ။ ထိုအဆင့်၏ မှတ်တမ်းကို သမ္မာကျမ်းစာက ချန်လှပ်ထားမျှရုံသာ ဖြစ်သည်၊ ယင်းသည် သူ၏ သာမန်လူသားဘဝသာဖြစ်ပြီး သူ၏ ဘုရားသဘာနှင့်ဆိုင်သော လုပ်ဆောင်မှု အဆင့်မဟုတ်သောကြောင့်၊ ၄င်းတို့ကို ရေးချထားရန် မလိုအပ်ပါ။ ယေရှု ဗတ္တိဇံမခံမီတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ လုပ်ငန်းကို ချက်ချင်း မလုပ်ဆောင်ခဲ့ပါ။ သို့ရာတွင် သူ၏အမှုကို ထမ်းဆောင်ရန် အချိန်စေ့သည့် နေ့ရက်အထိ ယေရှု၏ အသက်တာကို သာမန်လူသား တစ်ဦးအဖြစ် ထိန်းသိမ်းမျှရုံသာဖြစ်သည်။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် ဖြစ်သော်လည်း၊ ရင့်ကျက်လာစေသည့် လုပ်ငန်းစဉ်ကို သာမန်လူသားတစ်ဦးကဲ့သို့ ကြုံဆုံလျှောက်လှမ်းရသည်။ ဤလုပ်ငန်းစဉ်သည် သမ္မာကျမ်းစာထဲတွင် ချန်လှပ်ထားသည်။ ယင်းသည် လူသားအသက်တာ ဖွံ့ဖြိုးမှု အတွက် ကြီးမြတ်သည့် အထောက်အပံ့ မပေးနိုင်သောကြောင့် ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဗတ္တိဇံ ခံယူခြင်း မတိုင်မီသည် သူသည် ထုတ်ဖော်ခြင်း မခံရသေးသည့် အဆင့်ဖြစ်ပြီး၊ သူသည် အံ့သြဖွယ်များနှင့် နိမိတ်လက္ခဏာများကိုလည်း မလုပ်ဆောင်သေးပါ။ ယေရှုသည် ဗတ္တိဇံခံယူပြီးမှသာ လူသားကို ရွေးနှုတ်သည့် လုပ်ဆောင်မှုအားလုံးကို စတင်ခဲ့ပြီး၊ ယင်းသည် ကရုဏာ၊ သမ္မာတရား၊ ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာမှု များစွာ ပါဝင်သည့် လုပ်ဆောင်မှုဖြစ်သည်။ ဤလုပ်ဆောင်မှု၏ အစပိုင်းသည် ကျေးဇူးတော်ခေတ်၏ အစပိုင်းလည်းဖြစ်သည်။ ထို့အတွက်ကြောင့်၊ ယင်းကို မှတ်တမ်းတင်ထားပြီး မျက်မှောက်ကာလသို့ လက်ဆင့်ကမ်းခဲ့သည်။ ယင်းသည် ထွက်လမ်းတစ်ခုကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ လူများအား ထိုခေတ်မှလမ်းကို လျှောက်လှမ်းရန်နှင့် လက်ဝါးကပ်တိုင် လမ်းကို လျှောက်လှမ်းရန်အတွက် အောင်မြင်မှု များအားလုံးကို ဆောင်ကြဉ်းပေးခဲ့သည်။ ထိုကဲ့သို့သော မှတ်တမ်းများကို လူသားက ရေးသားခဲ့သော်လည်း၊ အားလုံးမှာ ဖြစ်ရပ်မှန် သရုပ်ဖော်ပြမှုများဖြစ်ပြီး၊ အချို့ဖြစ်ရပ်များတွင် သေးမွှားသည့် အမှားများသာ ပါရှိသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤဖြစ်ရပ်များ၏ မှန်ကန်မှုကို တစ်ဦးတစ်ယောက်က မငြင်းပယ်နိုင်ပါ။ ယင်းတို့ကို လူသားက ရေးသားခဲ့သည့်အတွက် အမှားများ ပေါ်လာပါသော်လည်း၊ ယင်းတို့အားလုံးသည် အဖြစ်မှန်ဖြစ်သည်။ ယေရှုသည် ပုံမှန်နှင့် သာမန်လူ့ဘဝရှိသူတစ်ဦး ဖြစ်ခဲ့သည်ဆိုပါက သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မည်ကဲ့သို့ လုပ်နိုင်ခဲ့မည်နည်းဟု ပြောမည့်သူအချို့ရှိကြသည်။ ယေရှုကြုံခဲ့ရသည့် ရက်လေးဆယ် စုံစမ်းသွေးဆောင်ခြင်းသည် အံ့သြဖွယ်ကောင်းသည့် နိမိတ်လက္ခဏာ တစ်ခုဖြစ်သည်၊ လူသာမန်တစ်ဦးက ယင်းကို အောင်မြင်နိုင်လိ်မ့်မည် မဟုတ်ပါ။ သူ၏ ရက်လေးဆယ် စုံစမ်းသွေးဆောင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ၏ အတွင်း၌ တန်ခိုးစိုးစဥ်းမျှ မရှိဟု တစ်စုံတစ်ယောက်က အဘယ်သို့ ပြောနိုင်မည်နည်း။ သူ၏ နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို လုပ်ဆောင်ခြင်းက သူ့အား သာမန်လူတစ်ဦးဘဲ သာမန်လူ မမီနိုင်သည့် လူသားတစ်ဦးဖြစ်ကြောင်း ပြသနေခြင်း မဟုတ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်က သူကဲ့သို့သော သာမန်လူတစ်ဦးအတွင်း၌ လုပ်ဆောင်ခြင်းမျှသာဖြစ်ပြီး၊ ထို့အတွက်ကြောင့် သူသည် အံ့ဖွယ်ဖြစ်ရပ်များနှင့် ကြီးမြတ်သည့် လုပ်ဆောင်မှုကို လုပ်ဆောင်ရန် ဖြစ်နိုင်ခြင်းဖြစ်သည်။ ယေရှုသည် သူ၏အမှုကို မဆောင်ရွက်မီ၊ သို့မဟုတ် သမ္မာကျမ်းစာထဲတွင် ပြောသည့်အတိုင်း၊ သူ့အပေါ်သို့ ဝိညာဉ်တော် မဆင်းသက်မီ၊ ယေရှုသည် သာမန်လူတစ်ဦးဖြစ်ခဲ့ပြီး တန်ခိုးစိုးစဥ်းမျှ လက်ဝယ်မရှိခဲ့ချေ။ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ပြီးမှသာ၊ ဆိုလိုသည်မှာ သူသည် သူ၏ အမှုကို စတင်ဆောင်ရွက်သည့် အချိန်မှသာ၊ သူသည် တန်ခိုးနှင့် ပြည့်ဝလာသည်။ ထိုကဲ့သို့ပင်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၌ သာမန်လူ့သဘာဝ မရှိဟူသည့် ယုံကြည်မှုကို လူသားက စွဲကိုင်ထားသည့်အပြင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းတွင် လူ့သဘောသဘာဝ ပါဝင်မှုမရှိခဲ့ပါဟု မှားယွင်းစွာထင်ကြသည်။ သေချာသည်မှာ အလုပ်နှင့် ဘုရားသခင်ကို လူသားက မြင်တွေ့သမျှ အလုံးစုံတို့သည် သဘာဝလွန်ဖြစ်ရပ် ဖြစ်သည်။ သင်၏ မျက်လုံးများနှင့် မြင်သည်များနှင့် သင်၏နားများနှင့် ကြားရသည်များ အားလုံးမှ သဘာဝလွန်ဖြစ်ရပ်များ ဖြစ်သည်၊ သူ၏ လုပ်ဆောင်မှုနှင့် သူ၏ နှုတ်ကပတ်တော် များကို လူသားအနေဖြင့် နားမလည်နိုင်ဘဲ လူသားမှ မရရှိနိုင်သည့်အတွက် ဖြစ်သည်။ ကောင်းကင်မှ တစ်ခုခုကို မြေကြီးပေါ်သို့ ယူလာပါက၊ ယင်းမှာ သဘာဝလွန်ဖြစ်ရပ်မဟုတ်ဘဲနှင့် မည်သည့်အရာများ ဖြစ်နိုင်မည်နည်း။ လူသားက နားမလည်၊ ဉာဏ်မမီနိုင်ဘဲ အလွန်တရာမှ အံ့သြဖွယ်ဖြစ်လျက် အမြောအမြင်ကြီးလှသော ကောင်းကင်နိုင်ငံတော်၏ နက်နဲရာများကို ကမ္ဘာမြေကြီးသို့ ဆောင်ယူလာသောအခါ ၎င်းတို့သည် သဘာဝလွန်အရာများ လုံးလုံးလျားလျား မဟုတ်ပေသလော။ သို့သော်လည်း ၎င်းသည် မည်မျှပင် သဘာဝလွန်ဖြစ်နေပါစေ အရာခပ်သိမ်းကို သူ၏ သာမန်လူ့သဘာဝအတွင်းမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို သင်သိသင့်သည်။ ဘုရားသခင်၏ ခံယူတော်မူသော လူ့ဇာတိခန္ဓာသည် လူ့သဘာဝနှင့် ပြည့်ဝနေသည်၊ သို့မဟုတ်ပါက၊ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် ဖြစ်မည်မဟုတ်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၆။ လူ့ဇာတိထဲရှိ ဘုရားသခင် ဝိညာဉ်တော်၏ အလုပ်သည်လည်း ၎င်း၏ ကိုယ်ပိုင် နည်းဥပဒေသများဖြင့် ထိန်းချုပ်ခြင်းခံရသည်။ သူသည် သာမန်လူ့သဘာဝနှင့် ပြည့်စုံသောအခါမှသာလျှင် သူသည် အလုပ်ကို လက်ခံဆောင်ရွက်နိုင်ပြီး ခမည်းတော်၏ အလုပ်တာဝန်ကို တာဝန်ယူနိုင်ပေမည်။ သို့မှသာ ကိုယ်တော်သည် သူ၏လုပ်ငန်းကို စတင်နိုင်ပါလိမ့်မည်။ ယေရှုသည် သူ၏ကလေးဘဝတွင် ရှေးယခင်အချိန်က ဖြစ်ပျက်ခဲ့သည့်အရာများ ဘာတစ်ခုကိုမျှ တကယ့်ကိုနားမလည်နိုင်ခဲ့ပါ။ တရားဇရပ်တွင် သွန်သင်သူများအား မေးမြန်းခြင်းအားဖြင့်သာ သူနားလည်လာခဲ့သည်။ စကားပြောခြင်းကို ပထမဆုံးသင်ယူပြီးသည် နှင့် သူသည် သူ၏လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့မည်ဆိုလျှင်၊ အမှားများတစ်ခုမျှ မလုပ်မိဖို့ မည်ကဲ့သို့လျှင် ဖြစ်နိုင်မည်နည်း။ ဘုရားသခင်က ခြေလှမ်းဘယ်လို မှားနိုင်မှာလဲ။ ထို့ကြောင့်သာ၊ သူသည် သူတတ်နိုင်သည့် အချိန်မှသာ သူ၏အလုပ်ကို စတင်ခဲ့သည်။ ယင်းတို့ကို ပြည့်စုံစွာ တာဝန်မယူနိုင်သရွေ့ မည်သည့်လုပ်ငန်း ကိုမျှ သူမစတင်ခဲ့ပါ။ ယေရှုသည် သက် ၂၉ နှစ်အရွယ်တွင် အတော်ရင့်ကျက်နေပြီဖြစ်ပြီး သူ၏လူ့သဘော သဘာဝသည် သူလုပ်သင့်သည့် လုပ်ငန်းကို တာဝန်ယူရန် ပြည့်စုံနေပြီဖြစ်သည်။ ထိုအခါမှသာလျှင် အနှစ်သုံးဆယ် ပုန်းအောင်း ကွယ်ပျောက်နေသည့် သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိကိုယ်ကိုယ် စတင် ထုတ်ဖော်ပြီး သူ၏အတွင်းတွင် ဘုရားသခင်၏ ဝိညာဉ်တော်က တရားဝင်လုပ်ဆောင်မှုကို စတင်ခဲ့သည်။ ထိုအချိန်တွင် ယောဟန်သည် သူ့အတွက် လမ်းဖွင့်ပေးရန် ခုနှစ်နှစ်မျှ ပြင်ဆင်ခဲ့သည်။ ယောဟန်သည် သူ၏လုပ်ငန်းကို အပြီးသတ်ပြီးနောက် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် ယေရှုထံသို့ ဝန်ထုပ်ဝန်ပိုး တစ်ခုလုံးကျလာခဲ့သည်။ အကယ်၍ သူသည် အသက် ၂၁ သို့မဟုတ် ၂၂ ကတည်းက ဤအလုပ်ကို တာဝန်ယူခဲ့ပါက၊ သူသည် လူ့သဘောသဘာဝ အလွန်နည်းနေသေးပြီး လူငယ်ဘဝသို့ ချဉ်းနင်း ဝင်ရောက်လာခါစပင် ရှိပါသေးသည်။ များစွာသောအရာကို နားလည်မှု နည်းနေသေး၍ ထိန်းချုပ်ကွပ်ကဲမှုကို တတ်နိုင်ဦးမည် မဟုတ်ပေ။ ထိုအချိန်တွင် ယေရှုသည် သူ၏သတ်လတ်ပိုင်း၌ အလုပ်ကိုမစတင်မှီ၊ ယောဟန်မှ သူ၏အလုပ်များကို အချိန်ခဏကြာမျှ စတင်ပြီးဖြစ်သည်။ ထိုအသက်အရွယ်တွင် သူ၏ သာမန် လူ့သဘောသဘာဝက သူလုပ်ဆောင်သင့်သည့် အလုပ်ကို တာဝန်ယူရန် ပြည့်စုံနေပြီဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၇။ ဇာတိပကတိထဲသို့ ခံယူသည့် ဘုရားသခင်၏ အလုပ်တွင် နည်းဥပဒေသများစွာရှိသည်။ လူသားအနေဖြင့် ရိုးရှင်းစွာ နားမလည်နိုင်သည်မှာ များ၍၊ လူသားသည် သူ၏ကိုယ်ပိုင် အယူအဆများကို အစဉ်တစိုက် အသုံးပြုပြီး ယင်းကို တိုင်းတာမှုပြုသည် သို့မဟုတ် ဘုရားသခင်ထံမှ ပိုကဲသည့် တောင်းဆိုမှုများ ပြုသည်။ ယနေ့တွင် လူများစွာတို့သည် သူတို့၏ အသိပညာက ဘာမှမပါရှိဘဲ သူတို့၏ ကိုယ်ပိုင် အယူအဆများသာ ဖြစ်နေသည်ကို မသိကြပေ။ ဘုရားသခင် လူ့ဇာတိခံယူခြင်းက မည်သည့်ခေတ် သိုမဟုတ် မည်သည့် နေရာတွင်ဖြစ်နေပါစေ၊ ဇာတိပကတိထဲရှိ သူ၏လုပ်ငန်းအတွက် နည်းဥပဒေသများကတော့ ပြောင်းလဲမှုမရှိဘဲ တည်မြဲနေပါသည်။ ဇာတိပကတိကို ကျော်လွန်၍ အလုပ်လုပ်ပြီး သူသည်လူ့ဇာတိ ခံယူ၍ မရပါ။ ထို့ထက်ပိုပြီး၊ သူသည် ပုံမှန်လူ့သဘော သဘာဝ၏ ဇာတိပကတိ အတွင်းတွင်လည်း အလုပ်မလုပ်ဘဲ လူ့ဇာတိခံယူ၍ မရနိုင်ပါ။ သို့မဟုတ်ပါက ဘုရားသခင် လူ့ဇာတိခံယူသည့် အဓိပ္ပာယ်က အလဟဿ ဖြစ်သွားလိမ့်မည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူခြင်း အလုံးစုံသည်လည်း အဓိပ္ပာယ် မဲ့သွားလိမ့်မည်။ ထို့ပြင်၊ ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်(ဝိညာဉ်တော်)သာလျှင် ဘုရားသခင် လူ့ဇာတိခံယူခြင်းကို သိရှိသည်။ အခြားဘယ်သူမျှ၊ လူ့ဇာတိခံယူသူ ကိုယ်တိုင်ပင် သို့မဟုတ် ကောင်းကင်မှ ကောင်းကင်တမန်များပင် မသိရှိပါ။ ထိုကဲ့သို့ပင်၊ ဇာတိပကတိမှ ဘုရားသခင်၏ လုပ်ဆောင်မှုသည် ပိုပြီးသာမန်ဖြစ်ကာ နှုတ်ကပတ်တော်က လူ့ဇာတိ ခံယူခြင်းကို အမှန်တကယ် ပိုပြီးထင်ရှားစေနိုင်သည်။ ဇာတိပကတိ၏ အဓိပ္ပာယ်မှာ ပုံမှန်ဖြစ်သော သာမန် လူသားကို ဆိုလိုပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၈။ ခေတ်ကာလကို ဘုရားသခင် ကိုယ်တိုင်က အဘယ်ကြောင့် ဖွင့်ပေးရလဲဟု အချို့က စဉ်းစားကောင်း စဉ်းစားမည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသူတစ်ဦးက မဖွင့်ပေးနိုင်ဘူးလား။ ဘုရားသခင်သည် ခေတ်သစ်ကို ဖွင့်ပေးရန်အတွက် လူ့ဇာတိကို အတိအလင်း ခံယူခဲ့ကြောင်းကို သင်တို့အားလုံး သတိထားမိ ကြမည့်အပြင်၊ သူတကယ်ဘဲ ခေတ်သစ်ကို ဖွင့်ပေးခဲ့သည်၊ သူသည် တစ်ချိန်တည်းမှာဘဲ ခေတ်ဟောင်းကို အဆုံးသတ်ခဲ့သည်။ ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။ ဘုရားသခင်၏ လုပ်ငန်း လှုပ်ရှားမှုကို ချမှတ်ခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်သည့်အတွက် အရင်ခေတ်ကို အဆုံးသတ်မည့်သူမှာလည်း သူကိုယ်တိုင်ပင် ဖြစ်ရမည်။ ယင်းသည် သူစာတန်ကို အောင်နိုင်ခဲ့ပြီး ကမ္ဘာမြေကြီးကို စိုးမိုးနိုင်သည့် သက်သေဖြစ်သည်။ သူကိုယ်တိုင် လူသားအကြား လုပ်ဆောင်သည့် အချိန်တစ်ခုစီသည်၊ စစ်ပွဲသစ်တစ်ခု၏ အစပင်ဖြစ်သည်။ အသစ်သော အလုပ်၏ စတင်ခြင်းမရှိလျှင်၊ အလိုအလျောက်ပင် အဟောင်း၏ အဆုံးသတ်သည် ရှိလာမည် မဟုတ်ပေ။ အဟောင်း၏ အဆုံးသတ်မရှိလျှင် စာတန်နှင့် တိုက်ပွဲဝင်ခြင်းက အဆုံးသတ်ဖို့ နီးလာပြီဟူသော သက်သေမရှိပေ။ ဘုရားသခင် ကိုယ်တိုင်လာပြီး လူသားကြားတွင် လုပ်ဆောင်မှုအသစ်များကို ဆောင်ရွက်မှ သာလျှင်၊ လူသားသည် စာတန်၏အုပ်စိုးမှုကို အပြည့်အဝချိုးဖောက်ပြီး အသက်တာအသစ်နှင့် စတင်မှု အသစ်ကို ရရှိနိုင်မည်။ သို့မဟုတ်လျှင်၊ လူသားသည် ခေတ်ဟောင်းတွင် တစ်သက်လုံး နေထိုင်နေပြီး စာတန်၏ လွှမ်းမိုးမှုအဟောင်း အောက်၌သာ တစ်သက်လုံး နေရလိမ့်မည်။ ဘုရားသခင် ဦးဆောင်ခဲ့သည့် ခေတ်တစ်ခုစီတိုင်းတွင်၊ လူသားအချို့က လွတ်မြောက်မှုကို ရရှိခဲ့ပြီး၊ ထို့အတွက်ကြောင့် လူသားသည် ခေတ်သစ်ဆီသို့ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့်အတူ ချီတက်လာခဲ့သည်။ ဘုရားသခင်၏ အောင်မြင်မှုသည် သူ့နောက် လိုက်လျှောက်သည့် သူများအားလုံး၏ အောင်မြင်မှုပင်ဖြစ်သည်။ ခေတ်ကာလကို အဆုံးသတ်ခြင်း ကို ဖန်ဆင်းခံလူသားများအား တာဝန်ပေးမည်ဆိုလျှင်၊ ယင်းသည် လူသား သို့မဟုတ် စာတန်၏ အမြင်မှပင် ဖြစ်စေ၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် သို့မဟုတ် သစ္စာဖောက်သည့် လုပ်ရပ်တစ်ခုထက်မပိုပါ၊ ဘုရားသခင်ကို နာခံခြင်းတစ်ခု မဟုတ်ပါ၊ ထို့နောက် လူသား၏ လုပ်ဆောင်မှုသည် စာတန်အတွက် တန်ဆာပလာတစ်ခု ဖြစ်လာပေလိမ့်မည်။ လူသားသည် နာခံမှုရှိပြီး ဘုရားသခင် ဖွင့်ပေးခဲ့သည့် ခေတ်တစ်ခုနောက်သို့ လိုက်မှသာလျှင်၊ စာတန်က အပြည့်အဝ ယုံကြည်ပေလိမ့်မည်။ ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ပင် ဖြစ်သည်။ ထို့ကြောင့် ငါပြောလိုသည်မှာ သင်တို့လိုအပ်သည်ကား လိုက်လျှောက်ရန်နှင့် နာခံရန်သာဖြစ်သည်၊ သင်တို့ထံမှ နောက်ထပ်မတောင်းဆိုပါ။ ယင်းသည် တစ်ဦးတစ်ယောက်စီက သူ၏တာဝန်ကို ထိန်းသိမ်း ထားပြီး သူ၏ လုပ်ငန်းဆောင်တာကို လုပ်ကိုင်ခြင်းအား ဆိုလိုပါသည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် အလုပ်ကို သူလုပ်ပြီး၊ လူသားက သူ့ကိုယ်စား လုပ်ပေးရန် မလိုအပ်ပေ၊ သို့မဟုတ် သူသည် ဖန်ဆင်းခံများ၏ အလုပ်ကိုလည်း ပါဝင်ပတ်သက်ခြင်း မရှိပေ။ လူသားသည် သူ၏ကိုယ်ပိုင်တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အလုပ်ကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ယင်းသည် စစ်မှန်သည့် နာခံခြင်းဖြစ်ပြီး စာတန်ကို အနိုင်ယူနိုင်သည့် သက်သေဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က ခေတ်သစ်ဆီသို့ လမ်းဖွင့် ပေးပြီးနောက်၊ သူကိုယ်တိုင်သည် လူသားများအကြားတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေ။ ထို့နောက် မှသာ လူသားသည် သူ၏တာဝန်ကို လုပ်ဆောင်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏အမှုကို ထမ်းရွက်ရန် ခေတ်သစ်ဆီသို့ တရားဝင် လှမ်းလာခဲ့သည်။ ယင်းတို့သည် မည်သူမျှ ဖောက်ဖျက်၍ မရသည့် လုပ်ဆောင်မှု ဥပဒေသများဖြစ်သည်။ ဤနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည်သာလျှင် သင့်တင့်လျောက်ပတ်မှုရှိပြီး ယုတ္တိရှိသည်။ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်သည်။ သူ၏အလုပ်ကို စတင်လည်ပတ်စေသည်မှာ သူသာလျှင်ဖြစ်ပြီး၊ သူကပင် ယင်းကို အဆုံးသတ်သည်။ အလုပ်ကို စီစဥ်သည်မှာ သူသာလျှင် ဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသည်မှာလည်း သူသာလျှင် ဖြစ်သည်၊ ထို့ထက်မက အလုပ်ကို အောင်မြင် ပြည့်စုံစေသူမှာလည်း သူသာလျှင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည့်အတိုင်း၊ "ငါသည်အစနှင့် အဆုံးဖြစ်သည်"၊ "ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်" ဟူ၍ဖြစ်သည်။ ယင်းတို့အားလုံးသည် သူကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် သူ၏ အလုပ်မှ စီမံခန့်ခွဲမှုနှင့် ဆက်နွယ်နေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အုပ်ချုပ်သူဖြစ်သည်။ သူသည် အရာအားလုံးကို ထိန်းချုပ်ထားသူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ့အလုပ်ကို မလုပ်နိုင်ပါ သို့မဟုတ် သူ့လုပ်ငန်းများကို အဆုံးသတ်စေရန် မပြုလုပ်နိုင်ပါ။ သူသည် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့်အတွက်၊ ကမ္ဘာတစ်ခုလုံးကို သူ၏အလင်းရောင်ထဲတွင်နေရန် ဦးဆောင်မည်ဖြစ်ပြီး၊ သူ၏ အစီအစဉ်အားလုံးကို အကောင်အထည် ဖော်ရန်အတွက် ခေတ်တစ်ခုလုံးကို အဆုံးသတ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၉။ ယုဒပြည်၌ ယေရှုအမှုထမ်းခဲ့ချိန်တွင် ပွင့်လင်းစွာ သူပြုခဲ့သည်၊ သို့သော် ယခုမူ ငါသည် သင်တို့ကြားထဲတွင် လျှို့ဝှက်စွာ အလုပ်လုပ်၍ စကားပြောသည်။ မယုံကြည်သူများသည် ၎င်းကို လုံးလုံးသတိမထားမိပါ။ သင်တို့ကြားထဲတွင် ငါလုပ်သောအလုပ်သည် အပြင်ဘက်၌ရှိသောသူများအတွက် ပိတ်ထားလျက်ရှိသည်။ ဤနှုတ်ကပတ်တော်များ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်မှုများကို သင်တို့ကသာ သိကြပြီး အခြားသောသူများက မသိကြပါ။ ဤအမှုအလုံးစုံတို့ကို သင်တို့အလယ်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး သင်တို့အတွက်သာ ဖွင့်ထားလျက်ရှိသည်၊ အချိန်မကျသေးသောကြောင့် ၎င်းကို မယုံကြည်သူမည်သူမျှ မသိကြ။ ဤနေရာ၌ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းများကို ခံပြီးနောက် စုံလင်စေခြင်းခံရရန် နီးစပ်သည်၊ သို့သော် ၎င်းကို အပြင်လူများက မသိပါ။ ဤအမှုသည် အလွန်လျှို့ဝှက်သည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူ၏ဟူသည်မှာ သူတို့အတွက် ဖုံးကွယ်ထားလျက်ရှိသည်၊ သို့သော် ဤရေစီးကြောင်းအတွင်း၌ရှိသောသူများအတွက်မူ သူသည်ဖွင့်ထားလျက်ရှိသည်ဟု ပြော၍ရသည်။ ဘုရားသခင်၌ အရာအားလုံးသည် ဖွင့်ထားလျက်၊ ထုတ်ဖော်ထားလျက်၊ လွတ်လပ်လျက် ရှိကြသော်လည်း၊ သူ့ကိုယုံကြည်သောသူများအတွက်သာ ဤအရာမှန်ကန်သည်၊ ကျန်သောသူများဖြစ်သည့် မယုံကြည်သူများနှင့် ပတ်သက်၍ မည်သည့်အရာမျှ သိစေခြင်းမရှိပါ။ ဤနေရာတွင် ယခုလုပ်ဆောင်နေသောအလုပ်သည် သူတို့မသိနိုင်အောင် တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ဤအလုပ်ကို သူတို့သတိထားမိခဲ့ပါလျှင်လည်း ၎င်းကို ပြစ်တင်ရှုတ်ချခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းအောက် အပ်နှံခြင်းကိုသာ သူတို့ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းကို သူတို့ယုံကြည်ကြမည် မဟုတ်ပါ။ ခေတ်နောက်ပြန်ဆုံးနေရာဖြစ်သော အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်မှာ လွယ်ကူသည့်အရာ မဟုတ်ပေ။ ဤအလုပ်ကို လူမြင်ကွင်းတွင် ထားမည်ဆိုပါက ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ဤအလုပ်အဆင့်ကို ဤနေရာတွင် အကယ်ပင် လုပ်ဆောင်၍မရပေ။ ဤအလုပ်ကို လူမြင်ကွင်းတွင် လုပ်ဆောင်မည်ဆိုပါက ၎င်းကို ရှေ့ဆက်လုပ်ဆောင်ရန် သူတို့မည်သို့ခွင့်ပြုနိုင်မည်နည်း။ ဤအလုပ်ကို ပိုကြီးမားသည့်အန္တရာယ်အောက်သို့ ပို့မည်မဟုတ်လော။ ဤအလုပ်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ မကျန်းမာသူများကို ခမ်းနားကြီးကျယ်စွာ ကျန်းမာစေပြီး နတ်ဆိုးများကိုလည်း နှင်ထုတ်ခဲ့သည့် ယေရှု၏ခေတ်ကာလကဲ့သို့ လုပ်ဆောင်မည်ဆိုလျှင် ဤအလုပ်သည် နတ်ဆိုးများ၏ "အကျဉ်းသား" ဖြစ်ခဲ့သည်မှာ ကြာညောင်းခဲ့ပြီး ဖြစ်လိမ့်မည်မဟုတ်လော။ ဘုရားသခင်၏တည်ရှိမှုကို သူတို့သည်းခံနိုင်ပါမည်လော။ ယခုတွင် တရားဟောရန်နှင့် သွန်သင်ပြသရန် ခန်းမကြီးထဲသို့ ငါဝင်ခဲ့ပါက ငါသည် အစိတ်စိတ်အမြွှာအမြွှာဖြစ်ခဲ့မည်မှာ ကြာညောင်းခဲ့ပြီး ဖြစ်လိမ့်မည်မဟုတ်လော။ ဤကဲ့သို့ဖြစ်ခဲ့ပါက ငါ့အလုပ်ကို မည်သို့ ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပွင့်လင်းစွာ မပေါ်လွင်စေရခြင်းမှာ ဖုံးကွယ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့်၊ မယုံကြည်သူများအတွက် ငါ့အလုပ်သည် မြင်၍မရ၊ သိ၍မရ၊ ရှာဖွေတွေ့ရှိ၍လည်း မရပေ။ ဤအလုပ်အဆင့်ကို ကျေးဇူးတော်ခေတ်တွင် ယေရှုလုပ်ခဲ့သည်နည်းတူ လုပ်မည်ဆိုပါလျှင် ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်၊ ဤကဲ့သို့လျှို့ဝှက်စွာ အလုပ်လုပ်ခြင်းသည် သင်တို့အကျိုးအတွက်နှင့် ယေဘုယျအားဖြင့် အလုပ်အကျိုးအတွက်လည်း ဖြစ်သည်။ လောကတွင် ဘုရားသခင်၏အလုပ် အဆုံးသတ်သည့်အခါ၊ တစ်နည်းအားဖြင့် ဤလျှိုဝှက်သောအလုပ် နိဂုံးချုပ်သည့် အချိန်တွင်၊ ဤအလုပ်သည် လူမြင်ကွင်းသို့ ပွင့်ထွက်သွားမည် ဖြစ်သည်။ တရုတ်ပြည်တွင် အောင်မြင်သူလူတစ်စုရှိကြောင်းကို အားလုံးသိကြမည် ဖြစ်သည်၊ ဘုရားသခင်သည် တရုတ်ပြည်တွင် လူ့ဇာတိခံယူကြောင်းကို အားလုံးက သိကြမည်ဖြစ်ပြီး သူ၏အလုပ်သည် ဆုံးခန်းတိုင်သို့ ရောက်ကြောင်းကိုလည်း သိကြမည် ဖြစ်သည်။ ထိုအခါမှသာ တရုတ်ပြည်က အဘယ်ကြောင့် ကျဆုံးခြင်း၊ သို့မဟုတ် ပြိုလဲခြင်း မရှိသေးသည့်အကြောင်းကို လူသားတို့ သဘောပေါက်လာမည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို တရုတ်ပြည်တွင် ကိုယ်တိုင်လုပ်ဆောင်လျက်ရှိနေပြီး လူတစ်စုကို အောင်မြင်သူများအဖြစ် စုံလင်စေခဲ့ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” မှ

၁၀။ မိမိ၏အလုပ်ကို မိမိကိုယ်တိုင်လုပ်ဆောင်နေချိန် ဤကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့နောက်ကို လိုက်သောသူများအဖွဲ့ထံသို့သာ မိမိကိုယ်မိမိ ထင်ရှားစေပြီး ဖန်ဆင်းခံ သတ္တဝါအားလုံးထံသို့ ထင်ရှားစေမည် မဟုတ်ပါ။ သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို စုံလင်စေရန်သာ သူသည် လူ့ဇာတိကိုခံယူခဲ့ခြင်းဖြစ်ပြီး မိမိ၏ပုံသဏ္ဌာန်ကို လူသားထံပြရန် မဟုတ်ပါ။ သို့သော်လည်း၊ သူ၏အလုပ်ကို သူကိုယ်တိုင် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ဇာတိခန္ဓာဖြင့် ပြုလုပ်ရန် လိုအပ်သည်။ ဤအလုပ်အဆုံးသတ်သည့်အခါ လူ့လောကမှ သူထွက်ခွာသွားမည်ဖြစ်သည်၊ နောင်လာမည့်အလုပ်ကို အတားအဆီးဖြစ်မည်စိုးသောကြောင့် သူသည် လူသားကြားထဲတွင် ရေရှည်ကျန်နေခဲ့၍ မရပါ။ လူအစုအဝေးထံ သူပေါ်လွင်စေခဲ့သည့်အရာသည် သူ၏ဖြောင့်မတ်သောစိတ်နေသဘောထားနှင့် သူ၏လုပ်ဆောင်မှုများသာဖြစ်ပြီး၊ လူ့ဇာတိနှစ်ကြိမ်ခံယူစဉ်က သူ့ခန္ဓာကိုယ်၏ပုံသဏ္ဌာန်မဟုတ်ပေ၊ အကြောင်းမှာ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို သူ၏စိတ်နေသဘောထားဖြင့်သာ ပေါ်လွင်စေနိုင်ပြီး လူ့ဇာတိခံယူထားသည့် သူ့ဇာတိခန္ဓာ၏ ပုံသဏ္ဌာန်က အစားထိုး၍ မရနိုင်သောကြောင့်ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ပုံသဏ္ဌာန်သည် ကန့်သတ်ထားသည့်လူအချို့ဖြစ်သော လူ့ဇာတိ၌သူအလုပ်လုပ်နေစဉ် သူ့နောက်ကိုလိုက်သော သူများထံသို့သာ ပြခဲ့သည်။ ယခုလုပ်နေသောအလုပ်ကို လျှို့ဝှက်စွာလုပ်နေရခြင်းမှာ ဤအရာကြောင့် ဖြစ်သည်။ ထိုနည်းတူ ယေရှုသည်လည်း သူ၏အလုပ်ကို လုပ်ခဲ့သည့်အခါ အခြားလူမျိုးများထံသို့ မိမိကိုယ်မိမိ လူသိရှင်ကြား လုံးဝမပြဘဲ ဂျူးလူမျိုးများထံသို့သာ ပြခဲ့သည်။ ထို့ကြောင့်၊ သူ၏အလုပ်ကို ပြီးမြောက်သည့်အခါ လူ့ထံမှ ချက်ချင်းထွက်ခွာပြီး ကျန်ရှိမနေခဲ့ပါ။ ထို့နောက်မှ၊ လူသားထံ မိမိကိုယ်မိမိ ပြခဲ့သူမှာ လူ့ပုံသဏ္ဌာန်ဖြစ်သောသူမဟုတ်တော့ဘဲ အလုပ်ကို တိုက်ရိုက်လုပ်ဆောင်ခဲ့သော သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။ လူ့ဇာတိခံယူသောဘုရားသခင်၏အလုပ်သည် လုံးလုံးပြီးဆုံးသည်နှင့်တစ်ပြိုင်နက် သေမျိုးဖြစ်သောကမ္ဘာမှ သူထွက်ခွာပြီး လူ့ဇာတိ၌ရှိစဉ် လုပ်ခဲ့သည့်အရာနှင့်တူညီသည့် အလုပ်ကို မလုပ်တော့ပါ။ ဤအရာပြီးနောက်၊ အလုပ်အားလုံးကို သန့်ရှင်းသောဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်သည်။ ဤကာလတွင် လူသားသည် သူ့အသွေးအသား ခန္ဓာကိုယ်၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ပါ။ သူသည် လူသားထံသို့ မိမိကိုယ်မိမိ လုံးဝမပြဘဲ ထာဝရလျှို့ဝှက်လျက်ရှိသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်အတွက် အချိန်သည် အကန့်အသတ်ရှိသည်။ ထိုအလုပ်ကို တိကျသောခေတ်၊ ကာလ၊ တိုင်းနိုင်ငံနှင့် တိကျသောလူများကြားထဲတွင် လုပ်ဆောင်ခဲ့သည်။ ဤအလုပ်သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကာလအတောအတွင်းရှိ အလုပ်ကိုသာ ကိုယ်စားပြုပြီး ထိုခေတ်အတွက် ထူးခြားသည်။ ၎င်းက သီးခြားသောခေတ်တစ်ခုရှိ ဘုရားသခင်၏ ဝိညာဉ်တော်၏အလုပ်ကို ကိုယ်စားပြုပြီး သူ၏အလုပ်အလုံးစုံကို ကိုယ်စားမပြုပါ။ ထို့ကြောင့်၊ လူ့ဇာတိခံယူသောဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူသားအားလုံးထံ ဖော်ပြမည် မဟုတ်ပါ။ လူအစုအဝေးထံသို့ ဖော်ပြသည့်အရာမှာ လူ့ဇာတိနှစ်ကြိမ် ခံယူစဉ်က သူ၏ပုံသဏ္ဌာန် မဟုတ်ဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် သူ၏ စိတ်နေသဘောထားအလုံးစုံဖြစ်သည်။ လူ့ထံသို့ဖော်ပြသည့်အရာမှာ ပုံသဏ္ဌာန်တစ်ခုမဟုတ်သကဲ့သို့ နှစ်ခုလုံးပေါင်းစည်းသည့် ပုံသဏ္ဌာန်များလည်း မဟုတ်။ ထို့ကြောင့်၊ ဘုရားသခင်သည် လူများထံသို့ မိမိ၏ပုံသဏ္ဌာန်ကိုပြရန် ဆင်းသက်လာခြင်း မဟုတ်ဘဲ မိမိလုပ်ရမည့်အလုပ်ကိုလုပ်ရန် ဆင်းသက်လာခြင်းဖြစ်သောကြောင့် ဘုရားသခင်၏လူ့ဇာတိခံယူသော ဇာတိခန္ဓာသည် မိမိလုပ်ရမည့်အလုပ်ကို ပြီးဆုံးသည့်အချိန်တွင် ကမ္ဘာပေါ်မှ ထွက်ခွာရမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကိုနှစ်ကြိမ်ခံယူခြင်းဖြင့် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေပြီးဖြစ်သော်လည်း သူ့ကိုမမြင်ဖူးသောလူမျိုးထံသို့ မိမိကိုယ်မိမိ ပွင့်လင်းစွာ ပေါ်လွင်စေဦးမည် မဟုတ်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” မှ

၁၁။ လူ့ဇာတိနှစ်ကြိမ်ခံယူသည့် ဘုရားသခင်၏အလုပ် ဆုံးခန်းရောက်သည့်အခါ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံးထံသို့ သူ၏ဖြောင့်မတ်သောစိတ်နေသဘောထားကို စတင်ဖော်ပြမည်ဖြစ်ပြီး၊ သူ၏ပုံသဏ္ဌာန်ကို လူအမြောက်အမြားအား မြင်ခွင့်ပေးမည် ဖြစ်သည်။ သူ၏စိတ်နေသဘောထားကို ပေါ်လွင်ထင်ရှားစေပြီး ဤနည်းလမ်းဖြင့် လူသား၏ မတူညီသောအမျိုးအစားများ၏အဆုံးကို ရှင်းလင်းစေပြီး၊ ထိုသို့ဖြင့် ခေတ်ဟောင်းကို လုံးလုံးအဆုံးသတ်စေမည် ဖြစ်သည်။ လူ့ဇာတိရှိ သူ၏အလုပ်ကို ပို၍ကျယ်ပြန့်အောင် (ယေရှုသည် ယုဒပြည်၌သာ အလုပ်လုပ်ခဲ့သကဲ့သို့၊ ယနေ့တွင် ငါသည်လည်း သင်တို့ကြားထဲ၌သာ အလုပ်လုပ်သည်) မတိုးချဲ့ရခြင်းအကြောင်းအရင်းမှာ လူ့ဇာတိ၌သူ၏အလုပ်တွင် နယ်နိမိတ်များနှင့် အကန့်အသတ်များ ရှိသောကြောင့်ဖြစ်သည်။ သူသည် ရိုးရိုးသာမန်လူ့ဇာတိပုံသဏ္ဌာန်ဖြင့် တိုတောင်းသောအလုပ်ကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။ သူသည် ထာဝရအလုပ်၊ သို့မဟုတ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံသို့ ပေါ်ထွန်းခြင်းအလုပ်ကိုလုပ်ရန် လူ့ဇာတိခံယူသော ဤဇာတိခန္ဓာကို အသုံးပြုနေခြင်းမဟုတ်ပါ။ လူ့ဇာတိဖြင့်လုပ်သောအလုပ်သည် နယ်ပယ်အတိုင်းအတာဖြင့်သာ ကန့်သတ်ထားနိုင်ပြီး (ဥပမာ ယုဒပြည်၌သာ လုပ်ဆောင်ခြင်း၊ သို့မဟုတ် သင်တို့ကြားထဲ၌သာ လုပ်ဆောင်ခြင်း) ဤနယ်နိမိတ်အတိုင်းအတာများအတွင်း၌ လုပ်ဆောင်သောအလုပ်အားဖြင့် ၎င်း၏နယ်ပယ်ကို တိုးချဲ့၍ရသည်။ တိုးချဲ့ခြင်းအလုပ်ကို သူ၏ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုအခါတွင် လူ့ဇာတိခံယူသော သူ့ဇာတိခန္ဓာ၏ အလုပ်မဟုတ်တော့မည်မှာ မှန်ပါသည်။ အကြောင်းမှာ လူ့ဇာတိဖြင့်လုပ်သောအလုပ်သည် နယ်နိမိတ်များရှိပြီး စကြဝဠာတစ်ခုလုံး၏ အရပ်မျက်နှာတိုင်းသို့ တိုးချဲ့၍ မရသောကြောင့်ဖြစ်သည်။ ၎င်းကို ပြီးမြောက်အောင်လုပ်၍ မရပါ။ လူ့ဇာတိဖြင့်လုပ်သောအလုပ်အားဖြင့် နောက်လာမည့်အလုပ်ကို သူ၏ဝိညာဉ်တော်က ဆက်လက်လုပ်ဆောင်သည်။ ထို့ကြောင့်၊ လူ့ဇာတိဖြင့်လုပ်သောအလုပ်သည် နယ်နိမိတ်များကြားထဲတွင် လုပ်ဆောင်ရသော အလုပ်ဖြစ်ပြီး ၎င်းက အစပြုသည့်သဘောဆောင်သည်။ ထို့နောက်၊ သူ၏ဝိညာဉ်တော်က ဤအလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ၎င်းကို ကျယ်ပြန့်သောအတိုင်းအတာဖြင့် လုပ်ဆောင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” မှ

၁၂။ ဤကမ္ဘာပေါ် ဆင်းသက်ပြီး ဘုရားသခင်လုပ်ဆောင်သည့်အလုပ်သည် ခေတ်ကို လမ်းပြရန်သာဖြစ်ပြီး ခေတ်သစ်ကို ဖွင့်ကာ ခေတ်ဟောင်းကို အဆုံးသတ်ရန် ဖြစ်သည်။ ဤကမ္ဘာတွင် လူ့ဘဝ၏သက်တမ်းတစ်ခုလုံးကို အသက်ရှင်နေထိုင်ရန်၊ လူတစ်ယောက်အဖြစ် ဘဝ၏ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကို သူကိုယ်တိုင်တွေ့ကြုံခံစားရန်၊ သို့မဟုတ် သူ၏လက်တော်ဖြင့် ပုဂ္ဂိုလ်တစ်ပါးပါးကို စုံလင်စေရန်၊ သို့မဟုတ် လူတစ်ယောက်၏ကြီးထွားခြင်းကို စောင့်ကြည့်ရန် ဆင်းသက်လာခြင်း မဟုတ်ပါ။ ၎င်းသည် သူ၏အလုပ်မဟုတ်ပါ။ သူ၏အလုပ်မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပြီး ခေတ်ဟောင်းကို အဆုံးသတ်ရန်သာ ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူကိုယ်တိုင် ခေတ်တစ်ခုကို ဖွင့်လှစ်ကာ သူကိုယ်တိုင်အခြားသောခေတ်ကို အဆုံးသတ်ပြီး သူကိုယ်တိုင် သူ၏အလုပ်ကို လုပ်ခြင်းဖြင့် စာတန်ကို အနိုင်ယူမည်ဖြစ်သည်။ သူကိုယ်တိုင် သူ၏အလုပ်ကို လုပ်သည့်အချိန်တိုင်း စစ်မြေပြင်တွင် ခြေချသကဲ့သို့ ဖြစ်သည်။ ပထမတွင်၊ သူသည် လောကကိုနှိမ်နှင်းပြီး လူ့ဇာတိဖြင့် စာတန်ကို အနိုင်ယူသည်။ ဘုန်းတော်အားလုံးကို သူပိုင်ဆိုင်ပြီး နှစ်ပေါင်းနှစ်ထောင်အလုပ်အားလုံးအပေါ် ကန့်လန့်ကာကို မတင်သည်။ ထိုသို့အားဖြင့် ကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံး လျှောက်နင်းရန် မှန်ကန်သောလမ်းနှင့် ငြိမ်သက်သောဘဝနှင့် အသက်ရှင်ခြင်း ပျော်ရွှင်မှုကို ရရှိစေနိုင်ရန် ဖြစ်သည်။ သို့သော်၊ ဘုရားသခင်သည် ကမ္ဘာပေါ်တွင် လူသားနှင့် ကြာမြင့်စွာ နေ၍မရပါ။ အကြောင်းမှာ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍ လူသားကဲ့သို့ မဟုတ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သာမန်လူ၏သက်တမ်းအတိုင်း အသက်ရှင်၍ မရပါ။ ဆိုလိုသည်မှာ၊ သာမန်မဟုတ်သောလူကဲ့သို့ ကမ္ဘာပေါ်တွင် မနေထိုင်နိုင်ပါ။ အကြောင်းမှာ၊ သူ၏လူ့ဘဝကို အားဖြည့်ရန် ပုံမှန်ပုဂ္ဂိုလ်၌ရှိသော သာမန်လူ့သဘာဝ၏ အနည်းငယ်သောအပိုင်းသာ သူ့တွင် ရှိသောကြာင့် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော်၊ ဘုရားသခင်သည် ကမ္ဘာပေါ်တွင် မိသားစုတစ်ခု၊ လုပ်ငန်းတစ်ခုနှင့် ကလေးများပြုစုပျိုးထောင်ခြင်းကို မည်သို့လုပ်ဆောင်နိုင်မည်နည်း။ ၎င်းသည် သူ့အတွက် ရှက်ဖွယ်ဖြစ်မည်မဟုတ်လော။ သူ့အနေဖြင့် သာမန်လူ့သဘာဝ အပ်နှင်းခံထားရခြင်းသည် သာမန်နည်းဖြင့် အလုပ်ကို လုပ်ဆောင်ရန်အတွက်သာဖြစ်ပြီး ပုံမှန်ပုဂ္ဂိုလ်ကဲ့သို့ မိသားစုတည်ထောင်ကာ လုပ်ငန်းတစ်ခုရှိရန် မဟုတ်ပေ။ သူ၏ ပုံမှန်အသိစိတ်၊ ပုံမှန်စိတ်နှင့် သူ့ဇာတိခန္ဓာ၏ ပုံမှန်အစာ၊ အဝတ်အစားတို့သည် သူ့တွင် သာမန်လူ့သဘာဝရှိကြောင်းကို သက်သေပြရန် လုံလောက်သည်။ သူ့တွင်သာမန်လူ့သဘာဝရှိကြောင်းကို သက်သေပြရန် မိသားစုတစ်ခုရှိဖို့၊ လုပ်ငန်းတစ်ခုရဖို့ မလိုအပ်ပါ။ ၎င်းသည် လုံးဝမလိုအပ်သည့်အရာ ဖြစ်သည်။ ကမ္ဘာပေါ်သို့ ဘုရားသခင်ဆင်းသက်လာခြင်းသည် နှုတ်ကပတ်တော် လူ့ဇာတိကို ခံယူခြင်းဖြစ်သည်။ သူ၏နှုတ်ကပတ်တော်ကို နားလည်ရန်နှင့် မြင်ရန် လူသားကို သူခွင့်ပြုနေခြင်းသာဖြစ်သည်။ ဆိုလိုသည်မှာ၊ လူ့ဇာတိလုပ်ဆောင်သည့်အလုပ်ကို လူသားအား တွေ့မြင်ခွင့်ပေးခြင်းဖြစ်သည်။ သူ၏လူ့ဇာတိကို လူများအနေဖြင့် တစ်မူထူးခြားစွာဆက်ဆံရန်မှာ သူ၏ရည်ရွယ်ချက် မဟုတ်ဘဲ နောက်ဆုံးအချိန်ထိ လူများနာခံသောသူဖြစ်ရန် ဖြစ်သည်။ သူ၏နှုတ်မှ ထွက်လာသည့် နှုတ်ကပတ်တော်အားလုံးကို နာခံရန်နှင့် သူလုပ်ဆောင်သည့်အလုပ်အားလုံးကို နာခံရန် ဖြစ်သည်။ သူသည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေခြင်းသာဖြစ်သည်၊ သူ့ဇာတိခန္ဓာ၏ကြီးမြတ်မှုနှင့် သန့်ရှင်းမှုတို့ကို ချီးမြှောက်ရန် လူသားကို တမင်တကာ တောင်းဆိုနေခြင်း မဟုတ်ဘဲ သူ့အလုပ်၏ဉာဏ်ပညာနှင့် သူစွဲကိုင်သည့် အာဏာအားလုံးကို လူသားထံ ပြသခြင်းသာ ဖြစ်သည်။ ထို့ကြောင့်၊ သူ့တွင် ထူးချွန်ပြောင်မြောက်သော လူ့သဘာဝရှိသော်လည်း သူသည် ကြေငြာခြင်းများ မလုပ်ဘဲ သူလုပ်သင့်သည့်အလုပ်အပေါ်သာ အာရုံစိုက်သည်။ ဘုရားသခင်သည် လူ့ဇာတိကိုခံယူပြီး သူ၏သာမန်လူ့သဘာဝကို မကြေငြာသက်သေမခံဘဲနေ၍ သူလုပ်လိုသည့်အလုပ်ကိုသာ လုပ်ဆောင်ခဲ့သည့်အကြောင်းအရင်းကို သင်တို့သိသင့်ပါသည်။ ထို့ကြောင့်၊ လူ့ဇာတိခံယူသောဘုရားသခင်မှ သင်တို့တွေ့မြင်သော အရာအားလုံးသည် သူ၏ဘုရားသဘောသဘာဝဖြစ်ခြင်းဖြစ်သည်၊ အကြောင်းမှာ သူ၏လူ့သဘာဝဖြစ်ခြင်းကို လူများအတုယူရန် မည်သည့်အခါမျှ သူထုတ်ဖော်မပြောသောကြောင့် ဖြစ်သည်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို ဦးဆောင်သည့်အခါမှသာ သူ၏လူ့သဘာဝဖြစ်ခြင်းကို ပြောတတ်သည်။ သူတို့၏လေးစားခြင်းနှင့် အပ်နှံခြင်းကို ပို၍ရရှိခြင်းဖြင့် သူတစ်ပါး၏ခေါင်းဆောင်မှုကို ရရှိသည်။ သို့သော်၊ ဘုရားသခင်သည် သူ၏အလုပ်တစ်ခုဖြင့်သာ (လူနားမလည်နိုင်သောအလုပ်) လူကိုသိမ်းပိုက်သည်။ သူ၏ဖြစ်ခြင်းအား လူက လေးစားခြင်း၊ သို့မဟုတ် သူ့ကိုမြတ်နိုးကြည်ညိုစေခြင်းနှင့် ပတ်သက်၍ မေးခွန်းမရှိပါ။ သူလုပ်သည့်အရာမှာ သူ့အပေါ် ရိုသေလေးမြတ်သည့်ခံစားချက်၊ သို့မဟုတ် သူ၏ဉာဏ်မမီနိုင်ခြင်းသဘောကို လူ့အထဲ၌ သွတ်သွင်းခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် လူကို အထင်ကြီးစေရန် မလိုပါ။ သူ၏စိတ်နေသဘောထားကို သင်တို့သက်သေခံပြီးသည့်အခါ သူ့ကို ရိုသေလေးမြတ်ရန်ကိုသာ သူလိုအပ်သည်။ ဘုရားသခင်လုပ်သည့်အလုပ်သည် သူ၏ကိုယ်ပိုင်ဖြစ်သည်။ သူ၏နေရာတွင် လူသားကဝင်လုပ်၍မရပါ။ လူသား ကြိုးစားလုပ်၍လည်း မရနိုင်ပါ။ သူ၏အလုပ်ကို ဘုရားသခင်ကိုယ်တော်တိုင်ကသာ လုပ်ဆောင်နိုင်ပြီး၊ ဘဝသစ်များဆီသို့ လူကိုဦးဆောင်သွားရန် ခေတ်သစ်ကို ဖွင့်လှစ်ပေးသည်။ သူလုပ်ဆောင်သည့်အလုပ်သည် လူသားက ဘဝအသစ်ကိုပိုင်ဆိုင်ပြီး ခေတ်သစ်သို့ ဝင်ရောက်ရန်ဖြစ်သည်။ ကျန်သောအလုပ်များကို သာမန်လူ့သဘာဝရှိပြီး သူတစ်ပါး၏လေးစားခြင်းကို ခံရသောသူများထံ လွှဲပြောင်းပေးခဲ့သည်။ ထို့ကြောင့်၊ ကျေးဇူးတော်ခေတ်တွင် နှစ်ပေါင်းနှစ်ထောင် ကြာရမည့်အလုပ်ကို လူ့ဇာတိဖြင့် နှစ်ပေါင်း ၃၃ နှစ်ထဲမှ သုံးနှစ်ခွဲအတွင်း ပြီးဆုံးဆောင်ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် သူ၏အလုပ်ကိုလုပ်ဆောင်ရန် ကမ္ဘာပေါ်သို့ ဆင်းကြွသည့်အခါ နှစ်ပေါင်းနှစ်ထောင် သို့မဟုတ် ခေတ်တစ်ခေတ်လုံး ကြာရမည့်အလုပ်ကို နှစ်အနည်းငယ်အတွင်း ပြီးဆုံးအောင် အမြဲပြုလုပ်သည်။ သူသည် အချိန်ကို မဖြုန်းပါ။ နှောင့်နှေးသည်လည်း မရှိပါ။ နှစ်ပေါင်းများစွာ လုပ်ရမည့်အလုပ်ကို တိုတောင်းသောနှစ်အနည်းငယ်အတွင်း ပြီးဆုံးနိုင်အောင် ထိုအလုပ်ကို သူအကျဉ်းချုံးသည်။ အကြောင်းမူကား သူကိုယ်တိုင်လုပ်ဆောင်သည့်အလုပ်သည် ထွက်မြောက်ရာလမ်းအသစ်ကို ဖွင့်ရန်နှင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးရန်အတွက်သာ ဖြစ်သောကြောင့်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” မှ

၁၃။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူတို့၏အမှုနှင့် မတူညီပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏အမှုကို လုပ်ဆောင်ရန်ကြွလာသည့်အခါ၊ သူ၏အမှုတော် ကျေပွန်စေရန်အတွက်သာ သူအလေးထား၏။ သူ၏အမှုတော်နှင့်မသက်ဆိုင်သည့် အခြားသောကိစ္စအားလုံးတို့၌ သူသည် ပါဝင်ပတ်သက်ခြင်း မရှိသလောက်ပင်ဖြစ်ကာ၊ မသိကျိုးကျွန် ပြုသည်အထိဖြစ်၏။ သူသည် သူပြုသင့်သောအမှုကို လုပ်ဆောင်ရုံမျှသာဖြစ်ပြီး၊ လူတို့ပြုသင့်သောအမှုနှင့်ပတ်သက်၍ သူသည် ပူပန်မှုမရှိဆုံးဖြစ်၏။ သူပြုသောအမှုသည် သူရှိနေသော ခေတ်ကာလ၊ သူကျေပွန်အောင်လုပ်ဆောင်သင့်သော အမှုတော်နှင့်သာ လုံးလုံးသက်ဆိုင်ပြီး၊ အခြားသောကိစ္စမှန်သမျှမှာ သူ၏အာဏာစက်ပြင်ပ၌ ရှိသကဲ့သို့ဖြစ်သည်။ သူသည် လူသားတစ်ဦးအဖြစ် အသက်ရှင်ရာ၌ ပို၍အခြေခံကျသော အသိဖြင့် မိမိကိုယ်ကို ဖြည့်ဆည်းခြင်းမရှိသကဲ့သို့၊ နောက်ထပ်လူမှုရေးရာကျွမ်းကျင်မှုများကို သင်ယူခြင်းသော်လည်းကောင်း၊ လူတို့နားလည်သော အခြားအရာတစ်စုံတစ်ခုဖြင့် မိမိကိုယ်ကို ပြည့်စုံစေခြင်းသော်လည်းကောင်း သူမပြုချေ။ လူသားတို့ ပိုင်ဆိုင်သင့်သောအရာမှန်သမျှကို စိတ်ဝင်စားခြင်း လုံးဝမရှိဘဲ၊ သူသည် သူ၏တာဝန်ဖြစ်သောအမှုကို ပြုရုံမျှသာဖြစ်သည်။ ထို့ကြောင် လူ့ဇာတိခံယူသောဘုရားသခင်သည် အကြောင်းခြင်းရာအများအပြား၌ မပြည့်စုံလွန်းသည့်အတွက် သူသည် လူတို့၌ရှိသင့်သော အရာများစွာကိုပင် အလေးဂရုမပြုသည်သာမက ယင်းသို့သောအရာများအပေါ် နားလည်မှုဟူသည်လည်း မရှိဟု လူတို့က မြင်ကြလေသည်။ တစ်ကိုယ်ရေအပြုအမူနှင့် အခြားသူများနှင့် တုံ့လှယ်မှုအပေါ် ထိန်းချုပ်သော စည်းမျဉ်းများအပြင်၊ ဘဝနှင့်သက်ဆိုင်သည့် ဘုံအသိကဲ့သို့သော အကြောင်းအရာများသည် သူနှင့်သက်ဆိုင်မှုမရှိဟု ထင်ရ၏။ သို့သော်လည်း သင်သည် လူ့ဇာတိခံယူသောဘုရားသခင်ထံမှ ပုံမှန်မဟုတ်ခြင်း၏ အရိပ်အမြွက်အနည်းငယ်ကိုမျှ သတိပြုမိနိုင်မည်မဟုတ်ပေ။ တစ်နည်းဆိုသော် သူ၏လူ့သဘာဝသည် သာမန်လူသားတစ်ဦးဖြစ်သော သူ၏အသက်တာနှင့် သာမန်တွေးခေါ်ဆင်ခြင်မှုရှိသော သူ၏ဦးနှောက်ကို ထိန်းသိမ်းခြင်းသာဖြစ်ပြီး၊ သူ့အား အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်းပေးလေသည်။ သို့သော်လည်း သူသည် လူတို့ (ဖန်ဆင်းခံသတ္တဝါများ) သာ ပိုင်ဆိုင်သင့်သော အရာများဖြစ်သည့် အခြားသောအရာအားလုံးဖြင့် ဖြည့်ဆည်းထားခြင်းကား မရှိပေ။ ဘုရားသခင်သည် သူ၏အမှုတော်ကို ကျေပွန်အောင်လုပ်ဆောင်ရန်သာ လူ့ဇာတိခံယူခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်ကာလတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏၊ လူတစ်ဦးတစ်ယောက် သို့မဟုတ် နေရာတစ်ခုမျှကိုသာ မဟုတ်ဘဲ၊ စကြဝဠာတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏။ ဤသည်မှာ သူ၏အမှုတော် ရည်မှန်းချက်ဖြစ်ပြီး၊ သူအမှုပြုသော အခြေခံသဘောတရားဖြစ်သည်။ ဤအရာကို မည်သူမျှ ပြောင်းလဲ၍မရသည့်အပြင်၊ လူသားသည် ယင်းအရာ၌ ပါဝင်ပတ်သက်လာရန်အကြောင်းလည်း မရှိပေ။ ဘုရားသခင် လူ့ဇာတိခံယူသည့်အကြိမ်တိုင်းတွင် ထိုခေတ်ကာလ၏အမှုကို သူနှင့်အတူ ဆောင်ယူလာ၏၊ ထို့ပြင် လူသားသည် သူ့အား ပို၍နားလည်ကာ ထိုးထွင်းသိမြင်နိုင်စေရန်အလို့ငှာ လူတို့နှင့်အတူ အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် သို့မဟုတ် အနှစ်ခုနစ်ဆယ်၊ ရှစ်ဆယ်မျှပင် နေထိုင်မည်ဟူသော ရည်ရွယ်ချက် သူ့မှာမရှိပေ။ ထိုအရာသည် မလိုအပ်ချေ။ ထိုသို့ပြုခြင်းဖြင့် ဘုရားသခင်၏ ပင်ကိုစိတ်နေသဘောထားအပေါ် လူသား၏အသိကို မည်သို့မျှ နက်ရှိုင်းစေလိမ့်မည် မဟုတ်၊ ယင်းအစား လူသား၏အယူအဆများကိုသာ တိုးလာစေမည်ဖြစ်ပြီး၊ လူသား၏အယူအဆများနှင့် အတွေးများကို ခိုင်မြဲလာစေရန်သာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် သင်တို့အားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုမှာ အဘယ်အရာဖြစ်သည်ကို အတိအကျနားလည်အပ်ပေသည်။ “ငါလာခဲ့သည်မှာ သာမန်လူသားတစ်ဦး၏ အသက်တာကို တွေ့ကြုံရန်အတွက်မဟုတ်” ဟူ၍ သင်တို့အား ငါပြောခဲ့ပြီးသော နှုတ်ကပတ်တော်များကို၊ သင်တို့အနေဖြင့် နားမလည်ထား၍ မရပေ။ “ဘုရားသခင်သည် ကမ္ဘာလောကသို့ ကြွလာခြင်းမှာ သာမန်လူသားတစ်ဦး၏အသက်တာဖြင့် နေထိုင်ရန်မဟုတ်” ဟူသော နှုတ်ကပတ်တော်တို့ကို သင်တို့မေ့လျော့ကြပြီလော။ လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ရည်ရွယ်ချက်ကို သင်တို့နားမလည်ကြသည့်အပြင်၊ “ဘုရားသခင်သည် ဖန်ဆင်းခံလူသားတစ်ဦး၏ဘဝကို တွေ့ကြုံခံစားရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ အဘယ်ကြောင့် ကြွလာခဲ့မည်နည်း” ဟူသော အဓိပ္ပာယ်ကိုလည်း သင်တို့မသိကြပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းမှာ သူ၏အမှုကို အပြီးသတ်ရန်အတွက်သာဖြစ်သဖြင့်၊ ကမ္ဘာမြေကြီးပေါ်မှ သူ၏အမှုသည် သက်တမ်းတိုခြင်းဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်အနေဖြင့် သူ၏လူ့ဇာတိခန္ဓာကိုယ်အား အသင်းတော်ကို ဦးဆောင်မည့် ကြီးမြတ်သောလူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းမဟုတ်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာသာအခါ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူခြင်းဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူ၏အမှုကို မသိကြဘဲ၊ အကြောင်းအရာများကို သူနှင့် အတင်းအကျပ် ပတ်သက်စပ်ဆိုင်စေကြ၏။ သို့သော် ဘုရားသခင်သည် “လူ့ဇာတိခံယူသော နှုတ်ကပတ်တော်” ဖြစ်၍၊ ဘုရားသခင်၏အခန်းကဏ္ဍကို ယာယီအားဖြင့် တာဝန်ယူရန်အလို့ငှာ ဘုရားသခင်ဝိညာဉ်တော်၏ ပျိုးထောင်ခြင်းခံထားရသော လူ့ဇာတိခန္ဓာကိုယ်တစ်ခု မဟုတ်ကြောင်းကို သင်တို့အားလုံး သဘောပေါက်သင့်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ပျိုးထောင်ခြင်း၏ ရလဒ်မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်သာဖြစ်ပြီး၊ ယနေ့ သင်တို့အားလုံးအလယ်၌ သူ၏အမှုကို သူတရားဝင်လုပ်ဆောင်နေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)” မှ

၁၄။ ဘုရားသခင် လူ့ဇာတိခံယူခြင်းမှာ ခေတ်ကာလကို ဦးဆောင်ရန်နှင့် အမှုသစ်ကို စတင်လှုပ်ရှားစေရန်သာဖြစ်သည်။ ဤအချက်ကို သင်တို့အနေဖြင့် နားလည်ရန် လိုအပ်သည်။ ဤအရာသည် လူသား၏အလုပ်နှင့် များစွာကွာခြားပြီး၊ ထိုနှစ်ခုကို တစ်ချိန်တည်းတွင်ဖော်ပြရန် မဖြစ်နိုင်ချေ။ လူသားအား အမှုတော်ကို လုပ်ဆောင်စေရန်အတွက် အသုံးမပြုနိုင်သေးခင်တွင်၊ သူ့အား အချိန်ကာလကြာမြင့်စွာ ပျိုးထောင်ရန်နှင့် စုံလင်အောင်ပြုလုပ်ပေးရန် လိုအပ်ပြီး၊ အလိုရှိသော လူ့သဘာဝမှာလည်း အထူးသဖြင့် အဆင့်အတန်းမြင့်သည်မျိုးဖြစ်၏။ လူသားသည် သူ၏သာမန် လူသားစွမ်းရည်ဖြစ်သော ဆင်ခြင်ခြင်းကို ထိန်းသိမ်းနိုင်စွမ်း ရှိရမည်သာမက၊ အခြားသူများနှင့်ပတ်သက်သော သူ၏အပြုအမူအား ထိန်းချုပ်သည့် စည်းမျဉ်းစည်းကမ်းများစွာကိုလည်း ထပ်မံ၍ နားလည်ရမည်ဖြစ်သည်၊ ထို့အပြင် သူသည် ဉာဏ်ပညာနှင့် လူသား၏ကျင့်ဝတ်ဆိုင်ရာအသိ အကြောင်းကို ပို၍ပင် လေ့လာသင်ယူရန် စိတ်ပိုင်းဖြတ်ရမည်ဖြစ်သည်။ ဤသည်မှာ လူသားအနေဖြင့် ဖြည့်ဆည်းသင့်သော အရာများဖြစ်၏။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ ဤသို့မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့ လူသား၏အမှုလည်း မဟုတ်ချေ။ ယင်းသည် သူ၏ဖြစ်ခြင်းကို တိုက်ရိုက်ဖော်ပြချက်တစ်ခုဖြစ်ပြီး၊ သူပြုသင့်သောအမှုကို တိုက်ရိုက်အကောင်အထည်ဖော်မှုတစ်ခုသာ ဖြစ်သည်။ (သဘာဝအားဖြင့် သူ၏အမှုသည် သင့်လျော်သောအချိန်တွင် လုပ်ဆောင်ခြင်းဖြစ်၍၊ သာမန်ကာလျှံကာနှင့် ကြုံရာကျပန်း မဟုတ်သည့်အပြင်၊ သူ၏အမှုတော်ကို ဖြည့်စွမ်းရန် အချိန်ရောက်မှသာ အစပြုခြင်းဖြစ်၏။) သူသည် လူသား၏အသက်တာ သို့တည်းမဟုတ် လူသား၏အလုပ်တွင် ပါဝင်ပတ်သက်ခြင်းမရှိ၊ တစ်နည်းဆိုသော် သူ၏လူ့သဘာဝသည် ဤအရာတစ်စုံတစ်ခုဖြင့် ဖြည့်ဆည်းထားခြင်းမရှိပေ (သို့သော်လည်း ဤသည်မှာ သူ၏အမှုကို ထိခိုက်စေခြင်းမရှိချေ)။ သူသည် သူ၏အမှုတော်ကို ပြုရန်အချိန်ကျသည့်အခါ၊ ယင်းအား ဖြည့်စွမ်းခြင်းသာ ဖြစ်သည်။ သူ၏အဆင့်အတန်း မည်သို့ရှိသည်ဖြစ်စေ၊ သူသည် သူပြုသင့်သောအမှုဖြင့် ရှေ့သို့သာ ဆက်တိုး၏။ လူသားသည် သူ့အပေါ် မည်သို့သိသည်ဖြစ်စေ၊ သူ့အပေါ် မည်သို့ထင်မြင်ယူဆသည်ဖြစ်စေ၊ သူ၏အမှုမှာ အလျှင်းထိခိုက်ခြင်းမရှိပေ။ ဥပမာအားဖြင့် ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ခဲ့သည့်အချိန်၌ သူသည် မည်သူဖြစ်ကြောင်းကို အဘယ်သူမျှ တိတိကျကျ သိခဲ့ခြင်းမရှိသော်လည်း၊ သူသည် သူ၏အမှုဖြင့် ရှေ့သို့သာ ဆက်တိုးခဲ့၏။ ဤအရာတို့သည် သူပြုသင့်သောအမှုကို လုပ်ဆောင်ရာ၌ အဟန့်အတား မဖြစ်ခဲ့ပေ။ ထို့ကြောင့် သူသည် သူမည်သူမည်ဝါဖြစ်ကြောင်းကို ကနဦးတွင် ဝန်ခံခြင်း သို့မဟုတ် ကြေညာခြင်း မရှိခဲ့ဘဲ၊ လူတို့အား သူ၏နောက်သို့သာ လိုက်စေခဲ့၏။ ပင်ကိုအားဖြင့် ဤသည်မှာ ဘုရားသခင်၏နှိမ့်ချမှု ဖြစ်ခဲ့ရုံမကဘဲ၊ ယင်းသည် ဘုရားသခင်အနေဖြင့် လူ့ဇာတိ၌ အမှုပြုခဲ့သော နည်းလမ်းလည်း ဖြစ်ခဲ့၏။ သူသည် ဤနည်းဖြင့်သာ အမှုကို ပြုနိုင်ခဲ့၏၊ အကြောင်းမှာ လူသားသည် သာမန်မျက်စိဖြင့် သူ့အား မှတ်မိသိရှိနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် အကယ်၍ လူသားသည် သူ့အား မှတ်မိသိရှိခဲ့လျှင်ပင်၊ သူ၏အမှုအတွက် လူသားသည် ကူညီနိုင်စွမ်း ရှိခဲ့လိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူသည် လူတို့အနေဖြင့် သူ၏လူ့ဇာတိကို သိလာစေရန်အလို့ငှာ လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ၊ သူ၏အမှုတော်ကို ဆောင်ရွက်ကာ ဖြည့်စွမ်းရန်ပင်ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် သူမည်သူမည်ဝါဖြစ်ကြောင်းကို လူအများသိခြင်းငှာ ပြုလုပ်ခြင်းကို သူအလေးမပေးခဲ့ခြင်းဖြစ်သည်။ သူပြုသင့်သောအမှုအားလုံးကို ပြီးစီးခဲ့သည့်အချိန်၌မူ၊ သူမည်သူမည်ဝါဖြစ်ကြောင်းနှင့် သူ၏ဂုဏ်ဒြပ်တို့သည် လူသားတို့အတွက် အလိုလိုပင် ရှင်းလင်းသွားခဲ့၏။ လူ့ဇာတိခံယူသော ဘုရားသခင်သည် နှုတ်ဆိတ်လျက်နေပြီး၊ ထုတ်ဖော်ချက်တစ်စုံတစ်ရာကို မည်သည့်အခါမျှ မပြုပေ။ သူသည် လူသားကိုသော်လည်းကောင်း၊ လူသားအနေဖြင့် သူ၏နောက်သို့လိုက်ရာတွင် မည်သို့ရှိသည်ကိုသော်လည်းကောင်း အရေးစိုက်ခြင်းမရှိဘဲ၊ သူ၏အမှုတော်ကို ဖြည့်စွမ်းရင်း၊ သူပြုသင့်သော အမှုကို လုပ်ဆောင်ရင်းဖြင့် ရှေ့သို့သာ ဆက်တိုး၏။ သူ၏အမှုတော်လမ်းကြောင်း၌ မည်သူမျှ ပိတ်ဆို့နိုင်စွမ်းမရှိပေ။ သူ၏အမှုကို နိဂုံးချုပ်ရန် အချိန်ကျရောက်သည့်အခါ၊ ယင်းအမှုသည် သေချာပေါက် နိဂုံးချုပ်၍ အဆုံးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ မည်သူကမျှ အခြားသောတစ်နည်းဖြင့် ဆုံးဖြတ်ပေးနိုင်မည်မဟုတ်ချေ။ သူ၏အမှုပြီးဆုံး၍ လူသားထံမှ သူထွက်ခွာသွားပြီးမှသာ လူသားသည် အပြည့်အဝ မရှင်းလင်းသေးသော်လည်း၊ သူပြုသောအမှုကို နားလည်လာမည်ဖြစ်သည်။ ထို့အပြင် လူသားအနေဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်က သူ၏အမှုကို စတင်ကာ လုပ်ဆောင်ခဲ့သည့် ရည်ရွယ်ချက်ကို အပြည့်အဝနားလည်ဖို့ရန် အချိန်ကြာမြင့်ပေလိမ့်မည်။ တစ်နည်းဆိုသော် လူ့ဇာတိခံယူသော ဘုရားသခင်၏ ခေတ်ကာလအမှုကို နှစ်ပိုင်းခွဲခြားထား၏။ တစ်ပိုင်းတွင် လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင် ပြုသည့်အမှုနှင့် လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင် မိန့်ဆိုသည့် နှုတ်ကပတ်တော်များ ပါဝင်၏။ သူ့လူ့ဇာတိ၏ အမှုတော် လုံးလုံးပြီးမြောက်သည့်အခါ၊ အမှု၏ကျန်အပိုင်းကို သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသောသူများအားဖြင့် လုပ်ဆောင်ရန် ကျန်ရှိသေး၏။ လူသားအနေဖြင့် သူ၏အလုပ်ကို ကျေပွန်အောင်လုပ်ဆောင်သင့်သည်မှာ ဤအချိန်ပင်ဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လမ်းဖွင့်ပေးနှင့်ပြီဖြစ်ပြီး၊ ယင်းအား လူသားကိုယ်တိုင် လျှောက်လှမ်းရန်သာ လိုအပ်တော့သည်။ တစ်နည်းဆိုရသော် လူ့ဇာတိခံယူသော ဘုရားသခင်သည် အမှု၏ကနဦးအပိုင်းကို လုပ်ဆောင်ပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော် သာမက သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသူများသည် ဤအမှုကို ဆက်ခံကြမည်ဖြစ်၏။ ထို့ကြောင့် လူသားသည် ဤအဆင့်၌ လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ဆောင်သည့် အရင်းခံအမှုအကြောင်းကို သိသင့်သည်။ ထို့ပြင် လူသားအပေါ်ပြုထားသော တောင်းဆိုချက်များနှင့်အညီ ဘုရားသခင်ထံ တောင်းဆိုနေမည့်အစား၊ ဘုရားသခင်လူ့ဇာတိခံခြင်း၏ အဓိပ္ပာယ်မှာ မည်သို့ဖြစ်ကြောင်းနှင့် သူပြုသင့်သာအမှုမှာ အဘယ်အရာဖြစ်သည်တို့ကို အတိအကျ နားလည်ရပေမည်။ ဤနေရာတွင် လူသား၏အမှား၊ သူ၏အယူအဆနှင့် ထိုမျှမက သူ၏မနာခံခြင်းတို့ ရှိနေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)” မှ

၁၅။ ဘုရားသခင်၏လူ့ဇာတိကို လူတို့သိစေရန် သို့တည်းမဟုတ် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့် လူသား၏ ဇာတိပကတိကြားမှ ကွဲပြားခြားနားချက်များကို လူတို့ခွဲခြားတတ်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း မဟုတ်ပေ။ ဘုရားသခင်သည် လူသား၏ ချင့်ချိန်နိုင်စွမ်းကို လေ့ကျင့်ပေးရန် လူ့ဇာတိခံယူခြင်းလည်းမဟုတ်၊ ထို့အပြင် ကြီးစွာသော ဘုန်းထင်ရှားခြင်း ဖြစ်စေရန်အလို့ငှာ၊ လူတို့အား လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်စေခြင်း ရည်ရွယ်ချက်ဖြင့်လည်း ထိုကဲ့သို့ ပြုသည်မဟုတ်ချေ။ ဤအရာတို့သည် လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချရန်သော်လည်းကောင်း၊ လူသားကို တမင်ရည်ရွယ်ကာ ထုတ်ဖော်ရန်သော်လည်းကောင်း၊ လူသားကို အခက်ကြုံစေရန်သော်လည်းကောင်း လူ့ဇာတိခံယူခြင်း မဟုတ်ပေ။ ဤအရာတို့သည် ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ကြချေ။ ဘုရားသခင် လူ့ဇာတိခံသည့်အကြိမ်တိုင်းသည် ရှောင်လွှဲ၍မရသော အမှုပုံစံတစ်မျိုးသာ ဖြစ်သည်။ သူ၏ သာ၍ကြီးမားသော အမှုနှင့် သာ၍ကြီးမားသော စီမံခန့်ခွဲမှုအတွက် သူပြုသည့်အတိုင်း သူလုပ်ဆောင်ခြင်းဖြစ်၏၊ လူသားစိတ်ကူးသော အကြောင်းပြချက်များအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သူ့အမှုတော် တောင်းဆိုသည့်အခါမှသာ ကမ္ဘာမြေကြီးပေါ်သို့ လာခြင်းဖြစ်ပြီး၊ လိုအပ်မှသာ လာခြင်းဖြစ်သည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လှည့်လည်သွားလာရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကြွလာခြင်းမဟုတ်၊ သူပြုသင့်သောအမှုကို လုပ်ဆောင်ရန်အတွက်သာဖြစ်သည်။ သို့မဟုတ်လျှင် သူသည် ဤအမှုကို လုပ်ဆောင်ရန်အတွက် ထိုမျှလေးလံသောဝန်တစ်ခုကို အဘယ်ကြောင့် လက်ခံ၍၊ အဘယ်ကြောင့် ထိုမျှကြီးမားစွာ အရဲစွန့်မည်နည်း။ ဘုရားသခင်သည် မဖြစ်မနေ ပြုရမည့်အချိန်တွင်သာ လူ့ဇာတိခံယူခြင်းဖြစ်ပြီး၊ ထူးခြားသော အဓိပ္ပာယ်သည် အမြဲတွဲလျက်ပါ၏။ အကယ်၍ လူတို့အနေဖြင့် သူ့အားမြင်စေရန်၊ ၎င်းတို့၏အမြင်များကို ဖွင့်လှစ်ပေးရန်အတွက်သာ ဖြစ်ခဲ့ပါမူ၊ သူသည် လူတို့ကြားသို့ မည်သည့်အခါမျှ အလွန်ပေါ့တန်စွာဖြင့် ကြွလာမည်မဟုတ်သည်မှာ မုချသေချာလှသည်။ သူသည် သူ၏စီမံခန့်ခွဲမှုနှင့် ပို၍ကြီးမားသော သူ၏အမှုအတွက် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းဖြစ်ကာ၊ ပို၍များသောလူတို့ကို ရရှိနိုင်ရန်အတွက်လည်း ဖြစ်သည်။ သူသည် ခေတ်ကာလကို ကိုယ်စားပြုရန် လာ၏၊ စာတန်ကို အနိုင်ယူရန် လာ၏၊ စာတန်ကို အနိုင်ယူရန်အလို့ငှာ သူသည် လူ့ဇာတိဖြင့်လွှမ်းခြုံ၏။ ထိုမျှမက သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ၎င်းတို့၏အသက်တာများအား ရှင်သန်ရာ၌ လမ်းပြရန်အလို့ငှာ ကြွလာခြင်းဖြစ်သည်။ ဤအရာအားလုံးသည် သူ၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်ပြီး၊ ယင်းသည်လည်း စကြဝဠာတစ်ခုလုံး၏အမှုနှင့် သက်ဆိုင်၏။ အကယ်၍ ဘုရားသခင်သည် သူ၏လူ့ဇာတိကို လူတို့မြင်စေရန်နှင့် ၎င်းတို့၏မျက်လုံးများကို ဖွင့်ပေးရုံအတွက်မျှသာ လူ့ဇာတိခံယူခဲ့သည်ဆိုလျှင်၊ သူသည် အဘယ်ကြောင့် တိုင်းနိုင်ငံအားလုံးသို့ မလှည့်လည်ဘဲနေမည်နည်း။ ဤသည်မှာ အလွန့်အလွန် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်သလော။ သို့သော်လည်း သူသည် ထိုကဲ့သို့ မပြုခဲ့ပေ၊ ယင်းအစား အခြေချရန်နှင့် သူပြုသင့်သောအမှုကို စတင်ရန်အတွက် သင့်လျော်သောနေရာတစ်ခုကို ရွေးချယ်ခဲ့၏။ ဤလူ့ဇာတိတစ်ခုတည်းပင်လျှင် လွန်စွာအရေးပါလှ၏။ သူသည် ခေတ်ကာလတစ်ခုလုံးကို ကိုယ်စားပြုသကဲ့သို့၊ ခေတ်ကာလတစ်ခုလုံး၏ အမှုကိုလည်း လုပ်ဆောင်လေသည်။ သူသည် ယခင်ခေတ်ကာလကို အဆုံးသတ်စေသကဲ့သို့၊ ခေတ်ကာလအသစ်ကိုလည်း ဖွင့်လှစ်ပေး၏။ ဤအရာအားလုံးသည် ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်၏၊ ထို့ပြင် ဘုရားသခင်က ကမ္ဘာမြေကြီးပေါ် လာရောက်၍ လုပ်ဆောင်သော အမှုတော်အဆင့်တစ်ခု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)” မှ

၁၆။ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံသည် နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယင်းတို့ကို ပညတ်တော်ခေတ်တွင်သာ၊ ကျေးဇူးတော်ခေတ်တွင်သာ သို့မဟုတ် ထို့ထက်ပို၍ နည်းပါးကာ နောက်ဆုံးသော ခေတ်၏ ဤကာလအပိုင်းအခြားတွင်သာ ဖော်ထုတ်ခဲ့သည် မဟုတ်ပေ။ နောက်ဆုံးကာလတွင် လုပ်ဆောင်သော အလုပ်သည် တရားစီရင်ခြင်း၊ အမျက်ဒေါသနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်သောအလုပ်ကို ပညတ်တော်ခေတ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တို့၏ အလုပ်နှင့် အစားထိုးခြင်း မပြုနိုင်ပေ။ သို့ရာတွင် အဆင့်သုံးဆင့်သည် တစ်ခုတည်းအဖြစ် အပြန်အလှန် ဆက်စပ်နေပြီး ဘုရားသခင်တစ်ပါးတည်းက လုပ်ဆောင်သည့် အလုံးစုံသော အလုပ်ဖြစ်သည်။ ပင်ကိုအားဖြင့် ယင်းအလုပ်အား အကောင်အထည်ဖော်မှုကို သီးခြားခေတ်များအဖြစ်သို့ ပိုင်းခြားထားခြင်းဖြစ်သည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်သောအလုပ်သည် အလုံးစုံကို အဆုံးသတ်စေသည်၊ ပညတ်တော်ခေတ်တွင် လုပ်သောအလုပ်သည် အစပျိုးခြင်းအလုပ်ဖြစ်ပြီး ကျေးဇူးတော်ခေတ်တွင် လုပ်သောအလုပ်သည် ရွေးနုတ်ခြင်းအလုပ်ဖြစ်သည်။ ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးရှိ အလုပ်၏ ရူပါရုံများနှင့်စပ်လျဉ်း၍မူ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုးထွင်းသိမြင်နိုင်ခြင်း၊ သို့မဟုတ် နားလည်နိုင်ခြင်းတို့ မရှိနိုင်ပေ၊ ထို့အပြင် ယင်းရူပါရုံများသည် ပဟေဠိများအဖြစ် ဆက်လက်တည်ရှိနေသည်။ နောက်ဆုံးသော ကာလတွင် နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးရန် နှုတ်ကပတ်တော်၏ အလုပ်ကိုသာလျှင် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ယင်းသည် ခေတ်အားလုံးကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလသည် နောက်ဆုံးသောကာလထက် မကျော်လွန်သကဲ့သို့ နိုင်ငံတော်ခေတ်ကိုလည်း မကျော်လွန်ပေ၊ ယင်းသည် ကျေးဇူးတော်ခေတ်၊ သို့မဟုတ် ပညတ်တော်ခေတ်ကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလအတောအတွင်း အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရှိ အလုပ်အလုံးစုံကို သင်တို့အား ဖော်ပြခြင်းသာ ဖြစ်သည်။ ယင်းမှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ယင်းသို့သော နက်နဲခြင်းကို မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ မဖော်ထုတ်နိုင်။ လူတစ်ဦး တစ်ယောက်သည် မည်မျှပင် သမ္မာကျမ်းစာကို နားလည်သည်ဆိုစေကာမူ လူသားသည် သမ္မာကျမ်းစာ၏ အခြင်းအရာကို နားမလည်သောကြောင့် ယင်းသည် စကားလုံးများထက်မပိုပေ၊။ လူက သမ္မာကျမ်းစာကို ဖတ်သည့်အခါ သမ္မာတရား အချို့ကို သူရနိုင်သည်၊ စကားလုံး အချို့ကို ရှင်းပြနိုင်မည် သို့မဟုတ် ကျော်ကြားသော အဆိုများနှင့် ကိုးကားချက်များကို လေ့လာဆန်းစစ်နိုင်မည်။ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက် မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အလုပ်၏ ရှုခင်းများ မဟုတ်သည့်အတွက် ယင်းစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်များကိုမူ သူသည် မည်သည့်အခါမျှ ထုတ်နှုတ်နိုင်မည် မဟုတ်ဘဲ လူသားသည် ယင်းအလုပ်၏ နက်နဲခြင်းကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲခြင်းသည် အကြီးမားဆုံး နက်နဲခြင်း ဖြစ်ပြီး လူသားတို့အတွက် အကြီးမားဆုံး ဖုံးကွယ်ထားမှု ဖြစ်ကာ လူသားတို့ မည်သို့မျှ မဖော်ထုတ်နိုင်ပေ။ ဘုရားသခင်၏ အလိုကို သူကိုယ်တိုင်က ရှင်းပြပြီး လူသားအား ဖွင့်ပေးခြင်း မပြုပါက မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက် နားလည်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ယင်းတို့သည် လူသားအတွက် အစဉ်အမြဲ ပဟေဠိဖြစ်နေပြီး ချိတ်ပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ရှိနေမည်ဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းမှ သူတို့ကို စိတ်မပူကြလင့်၊ သင်တို့သည် ယနေ့တွင် ပြောဆိုခြင်းမခံရလျှင် သင်တို့သည် နားလည်နိုင်ကြလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၁၇။ နောက်ဆုံးသောကာလရှိ အလုပ်သည် အဆင့်သုံးဆင့်အနက်မှ နောက်ဆုံးအဆင့်ဖြစ်သည်။ ယင်းသည် နောက်ထပ်ခေတ်သစ်၏ အလုပ်ဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်တစ်ခုလုံးကို ကိုယ်စားမပြုပေ။ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အလုပ်အဆင့်သုံးဆင့် ခွဲခြားထားသည်။ တစ်ခုတည်းသော မည်သည့်အဆင့်ကမျှ ခေတ်သုံးခေတ်၏အလုပ်ကို ကိုယ်စားမပြုနိုင်ဘဲ တစ်စုံလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား အားလုံးကို ကိုယ်စားမပြုနိုင်။ ပညတ်တော်ခေတ်တွင် သူသည် သူ့အလုပ်ကို ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်မှာ ဘုရားသခင်သည် ပညတ်တော်အောက်၌သာ ဘုရားသခင်ဖြစ်နိုင်သည်ဟူ၍ သက်သေမပြပါ။ ယေဟောဝါသည် လူသားတို့အတွက် ပညတ်တော်များကို ပြဌာန်းပြီး ပညတ်တော်များကို ပေးအပ်ကာ လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်စေခဲ့သည်၊ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ဘုရားသခင်မှာ လူသားအား ပညတ်တော်ကို စောင့်ရှောက်ရန်သာ တောင်းဆိုသော ဘုရားသခင်၊ ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ရှိသော ဘုရားသခင်သာဖြစ်သည်ဟု သက်သေပြမနေပါ။ ယင်းသို့ပြောလျှင် မမှန်ကန်ပါ။ ပညတ်တော်အောက်မှ အလုပ်သည် ခေတ်တစ်ခေတ်ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင်သာ အလုပ်လုပ်လျှင် လူသည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပြီး ယခုလိုပြောလိမ့်မည်၊ “ဘုရားသခင်သည် ဗိမာန်တော်ထဲရှိ ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်ကို အစေခံရန် ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ်ကဲ့သို့ ဝတ်ရုံဝတ်ပြီး ဗိမာန်တော်အတွင်းသို့ ဝင်ကြရမည်။” ကျေးဇူးတော်ခေတ်ရှိ အလုပ်ကို မည်သည့်အခါကမျှ မလုပ်ခဲ့ဘဲ ပညတ်တော်ခေတ်သည်လည်း ယခုတိုင်အောင် ဆက်လက်ရှိနေခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် သနားတတ်ပြီး ချစ်ခင်တတ်သည်ကို လူသည် သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်တွင်ရှိသော အလုပ်သည် မပြီးမြောက်ခဲ့ဘဲ ကျေးဇူးတော်ခေတ်၏ အလုပ်သာ ပြီးမြောက်ခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် လူသားကို ရွေးနုတ်ခြင်းသာ ပြုနိုင်ပြီး လူသား၏ အပြစ်များကို ခွင့်လွှတ်ပေးခြင်းသာပြုနိုင်သော ဘုရားသခင်အဖြစ် လူအားလုံးက သိလိမ့်မည်။ သူသည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ သူသည် မိမိကိုယ်ကို စွန့်လွှတ်ပြီး လူသားအတွက် လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်း ခံနိုင်သည်ဟုသာ သူတို့သိကြလိမ့်မည်။ လူသည် ယင်းကိုသာသိပြီး အခြားမည်သည့်အရာကိုမျှ နားလည်ခြင်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်တစ်ခေတ်ချင်းစီသည် ဘုရားသခင် စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည်။ ပညတ်တော်ခေတ်၌ ကိုယ်စားပြုထားသော ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော ရှုထောင့်များ၊ ကျေးဇူးတော်ခေတ်၌ ကိုယ်စားပြုထားသော ရှုထောင့်များနှင့် ယခုခေတ်၌ ကိုယ်စားပြုထားသော ရှုထောင့်များ၊ အစရှိသဖြင့် အဆင့်သုံးဆင့်စလုံးကို တစ်ခုတည်းအဖြစ် စုပေါင်းခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏ စိတ်သဘောထားအလုံးစုံကို ဖော်ထုတ်နိုင်မည်။ လူသည် ခေတ်သုံးခေတ်စလုံးကို သိရှိသည့်အခါမှသာ ယင်းကို အပြည့်အဝ သူနားလည်နိုင်သည်။ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကို ချန်လှပ်ထား၍ မဖြစ်နိုင်ပေ။ သင်သည် ဤအလုပ်အဆင့် သုံးဆင့်ကို သိရှိသည့်အခါတွင်မှသာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို သင်မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် သူ၏အလုပ်ကို ပြီးဆုံးအောင် လုပ်ခဲ့သည့်အချက်က သူသည် ပညတ်တော်အောက်ရှိ ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြပေ၊ ရွေးနုတ်ခြင်းအမှုကို ပြီးဆုံးအောင် သူလုပ်ခဲ့သည့်အချက်က ဘုရားသခင်သည် လူသားတို့ကို အစဉ်ထာဝရ ရွေးနုတ်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ယင်းတို့အားလုံးမှာ လူ၏ကောက်ချက်ချမှုများသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသို့ရောက်ခဲ့သော်လည်း ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့်သာ သက်ဆိုင်သည်ဟု သင်မပြောနိုင်၊ လက်ဝါးကပ်တိုင်တစ်ခုတည်းသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စားပြုသည်ဟု သင်မဆိုနိုင်ပါ။ ထိုသို့ပြုခြင်းက ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်လိမ့်မည်။ ဤအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အလုပ်ကိုသာ အဓိက လုပ်ဆောင်သော်လည်း ဘုရားသခင်သည် လူသားအပေါ် သနားခြင်း မည်သည့်အခါကမျှ မရှိခဲ့ဟု သင်မပြောနိုင်ပေ၊ သူယူဆောင်လာသမျှသည် ပြစ်တင်ဆုံမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟုလည်း သင်မပြောနိုင်ပါ။ နောက်ဆုံးကာလရှိ အလုပ်သည် ယေဟောဝါနှင့် ယေရှုတို့၏အလုပ်၊ ထို့ပြင် လူတို့နားမလည်သော နက်နဲခြင်းအားလုံးကို ထုတ်ဖော်ပြသပြီး ယင်းသည် ခရီးဆုံးပန်းတိုင်နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်ကို ဖော်ထုတ်ရန်၊ ထို့ပြင် လူသားမျိုးနွယ်အကြား ကယ်တင်ခြင်း အလုပ်အားလုံးကို အဆုံးသတ်ရန် ဖြစ်သည်။ နောက်ဆုံးသောကာလရှိ ဤအလုပ်အဆင့်သည် အရာအားလုံးကို အပြီးသတ်သို့ ယူဆောင်လာခြင်းဖြစ်သည်။ လူတို့နားမလည်သည့် နက်နဲသော အရာအားလုံးကို ဖွင့်ဟပြီး လူကို ထိုအရာများ၏ နက်ရှိုင်းရာများကို စူးစမ်းလေ့လာခွင့်ပေးကာ သူတို့၏ စိတ်နှလုံးများတွင် ရှင်းလင်းသော နားလည်ခြင်းကို ရှိစေသည်။ ထို့နောက်တွင်မှသာ လူသားမျိုးနွယ်သည် သူတို့၏အမျိုးအစားများအလိုက် ခွဲခြားခံရလိမ့်မည်။ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသည့်အခါမှသာလျှင်၊ သူ၏ စီမံခန့်ခွဲမှုသည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ရာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို လူသည် နားလည်လာနိုင်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၁၈။ ယနေ့တွင် လူသားအပေါ် တောင်းဆိုမှုသည် အတိတ်ကာလကနှင့် မတူသကဲ့သို့ ပညတ်တော်ခေတ်တွင် ရှိသော လူသားအပေါ် တောင်းဆိုမှုနှင့်လည်း ပို၍ပင် မတူညီပေ။ ဣသရေလ၌ အလုပ်ပြီးဆုံးသည့်အခါ ပညတ်တော် အောက်တွင်ရှိသော လူသားအပေါ် အဘယ်အရာ တောင်းဆိုခဲ့ပါသလဲ။ သူတို့ကို ဥပုသ်နေ့များကို ထိန်းသိမ်းရန်နှင့် ယေဟောဝါ၏ ပညတ်တော်များကို လိုက်နာရန်အပြင် အခြား မည်သည်ကိုမျှ မတောင်းဆိုခဲ့ပေ။ မည်သူမျှ ဥပုသ်နေ့တွင် အလုပ်လုပ်ခြင်း သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို ဖောက်ဖျက်ခြင်း မလုပ်ကြပေ။ သို့ရာတွင် ယခုအခါ ထိုသို့ မဟုတ်တော့ပေ။ ဥပုသ်နေ့များတွင် လူသည် အလုပ်လုပ်သည်၊ စုဝေးပြီး ပုံမှန်အတိုင်း ဆုတောင်းသည်၊ မည်သည့် ကန့်သတ်မှုမှ မထားပေ။ ကျေးဇူးတော်ခေတ်တွင် လူများသည် ဗတ္တိဇံခံရသည်၊ ထိုမျှသာမက သူတို့ကို အစာရှောင်ရန်၊ မုန့်ချိုးဖဲ့ရန်၊ စပျစ်ရည် သောက်ရန်၊ သူတို့၏ ဦးခေါင်းများကို ဖုံးအုပ်ရန်နှင့် အခြားသူများ၏ ခြေကို ဆေးကြောပေးရန် တောင်းဆိုခံခဲ့ရသည်။ ယခုအခါတွင် ယင်းစည်းမျဉ်းများကို ပယ်ဖျက်ပြီး လူသားအတွက် သာ၍ ကြီးမားသော တောင်းဆိုမှုများ ပြုပြီးဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် ဆက်လက်၍ နက်ရှိုင်းလာပြီး လူသား၏ ဝင်ရောက်မှုသည် ပိုမိုမြင့်မားလာခဲ့သောကြောင့် ဖြစ်သည်။ အတိတ်ကာလက ယေရှုသည် သူ၏ လက်ကို လူသား အပေါ်တင်၍ ဆုတောင်းခဲ့သော်လည်း ယခုအခါ အရာရာကို ပြောထားပြီး ဖြစ်ရာ လက်များတင်ခြင်းသည် မည်သည့်အတွက် အသုံးကျတော့မည်နည်း။ စကားလုံး များအားဖြင့်သာ ရလဒ်ကို ရရှိနိုင်သည်။ အတိတ်ကာလက သူသည် လူသားအပေါ်တွင် လက်တင်ခဲ့သော အခါက လူသားကို ကောင်းချီးပေးရန်နှင့် ကုသရန် ဖြစ်သည်။ ယင်းမှာ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော် အလုပ် လုပ်ခဲ့သည့် ပုံစံဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ထိုသို့ မဟုတ်တော့ချေ။ ယခုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ရလဒ်များ ထွက်ပေါ်စေရန် သူ၏အလုပ်တွင် စကားလုံးများကို အသုံးပြုသည်။ သူသည် သူ၏ နှုတ်ကပတ်တော်များကို သင်တို့အတွက် ရှင်းလင်းစေပြီ၊ သင်တို့သည် ယင်းတို့ကို လက်တွေ့ကျင့်သုံးရန်သာ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏ အလိုဖြစ်ပြီး သူလုပ်ဆောင်မည့် အလုပ်များကို ပြသသည်။ သူ၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် သင်သည် သူ၏ အလိုကို နားလည်နိုင်ပြီး သူက သင့်ကို မည်သည်အား ရစေလိုသည်ကို သိနားလည်နိုင်သည်။ လက်တင်ရန် မလိုအပ်တော့ဘဲ သူ၏ နှုတ်ကပတ်တော်များကို သင်သည် တိုက်ရိုက် ကျင့်သုံးရန်သာ ဖြစ်သည်။ အချို့က ပြောနိုင်သည်၊ “ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အပေါ်သို့ တင်ပါ။ ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အပေါ်သို့ တင်ခြင်းအားဖြင့် ကျွန်ုပ်သည် ကိုယ်တော်၏ ကောင်းချီးနှင့် အတူရှိခြင်းကို ရရှိမည်။” ယင်းတို့အားလုံးမှာ ယခင်ကသုံးစွဲခဲ့သည့် ခေတ်မမှီတော့သော အလေ့အထများဖြစ်ပြီး ခေတ်ပြောင်းလာခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တားမြစ်ထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခေတ်ကို လိုက်၍ အလုပ်လုပ်သည်။ အလိုအရ သို့မဟုတ် ချမှတ်ထားသော စည်းမျဉ်းများအရသာ မဟုတ်ပေ။ ခေတ်ပြောင်းခဲ့ပြီဖြစ်ရာ ခေတ်သစ်သည် ယင်း၏ အလုပ်သစ်ကို ယူဆောင်လာရမည်။ ယင်းမှာ အလုပ်၏ အဆင့်တိုင်းအတွက် မှန်ကန်ပြီးဖြစ်ရာ သူ၏ အလုပ်သည် မည်သည့်အခါမျှ ထပ်ကျော့လုပ်မည် မဟုတ်ချေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် အလုပ်အများစုကို ဥပမာ- နာမကျန်းသူများကို ကုသခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ၏ လက်ကိုတင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ယင်းကို ဆက်လုပ်ရန် အတွက်မူ လက်ရှိ မျက်မှောက်နေ့ရက်များတွင် မည်သည့် ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းနိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ကျေးဇူးတော်ခေတ် ဖြစ်သည့်အတွက် ထိုအလုပ်ကို ထိုသို့သော နည်းလမ်းဖြင့် လုပ်ခဲ့ပြီး လူတို့အား ပျော်မွေ့ခံစားခြင်းအတွက် ကျေးဇူးတော်ကို လုံလောက်စွာ ပြခဲ့သည်။ လူသည် မည်သည့် အဖိုးအခကိုမျှ ပေးရန်မလိုခဲ့ဘဲ သူ့တွင် ယုံကြည်ခြင်း ရှိနေသမျှ ကျေးဇူးတော်ကို ရရှိနိုင်သည်။ အားလုံးသည် နူးညံ့ကြင်နာစွာ ဆက်ဆံခံကြရသည်။ ယခုအခါ ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အလုပ်သည် ရှေ့သို့ ပိုမို တိုးရတော့မည်၊ သူ၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ တဆင့် လူ၏ တော်လှန်ပုန်ကန်မှုနှင့် လူအတွင်းရှိ မသန့်ရှင်းသော အရာများသည် ဖယ်ရှားခံရလိမ့်မည်။ ယင်းသည် ရွေးနှုတ်ခြင်း၏ အဆင့်ဖြစ်ရာ ဘုရားသခင်သည် ယင်းသို့သော အလုပ်များကို လုပ်ရသည်၊ လူကို ပျော်မွေ့ခံစားရန် လုံလောက်သော ကျေးဇူးတော်ကို ပြသထားခြင်းဖြင့် လူသည် အပြစ်မှ ရွေးနှုတ်ခံရကာ ကျေးဇူးတော်မှတစ်ဆင့် သူတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံရသည်။ ဤလက်ရှိအဆင့်တွင် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စကားလုံးများ၏ ပြင်းစွာရိုက်နှက်ခြင်း သာမက စကားလုံးများ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ဖွင့်ပြခြင်း အားဖြင့်လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ခြင်းဖြင့် နောက်ပိုင်းတွင် သူတို့ကို ကယ်တင်ခြင်းရစေရန် လုပ်ဆောင်သည်။ ယင်းသည် ရွေးနှုတ်ခြင်းထက် ပိုမိုနက်နဲသော အလုပ် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသည် လုံလောက်သော ကျေးဇူးတော်ကို ခံစားခဲ့ပြီး ယင်းကျေးဇူးတော်ကို တွေ့ကြုံပြီးလည်း ဖြစ်ရာ လူသားက ယင်းတွင် ပျော်မွေ့ခံစားရန် မရှိတော့ပေ။ ယင်းကဲ့သို့သော အလုပ်သည် ယခုအခါ ခေတ်မမီတော့ဘဲ ဆက်လုပ်စရာလည်း မလိုအပ်တော့ပေ။ ယခုအခါ လူသည် စကားလုံးများအားဖြင့် တရားစီရင်ခြင်းမှ ကယ်တင်ခြင်းခံရသည်။ လူကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းတို့ လုပ်ပြီးနောက်တွင် သူ၏ စိတ်သဘောထားသည် ထိုအခါ ပြောင်းလဲ သွားလိမ့်မည်။ ယင်းမှာ ငါပြောထားသော နှုတ်ကပတ်တော်များကြောင့် မဟုတ်ပါလား။ အလုပ်အဆင့်တိုင်းသည် လူသားမျိုးနွယ် အလုံးစုံ၏ တိုးတက်မှုနှင့် ယင်း၏ ခေတ်နှင့် အညီ လုပ်ဆောင်သည်။ အလုပ်အားလုံးသည် သူ၏ အရေးပါမှုရှိသည်၊ ယင်းတို့ကို လူသား မျိုးနွယ်အတွက် အနာဂတ်တွင် ကောင်းမွန်သော ခရီးဆုံး ပန်းတိုင်ရှိစေရန် နောက်ဆုံး ကယ်တင်ခြင်းအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး အဆုံးတွင် လူကို အမျိုးအစားအလိုက် ခွဲခြားရန်အတွက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၁၉။ နောက်ဆုံးသောကာလ၏ အလုပ်မှာ နှုတ်ကပတ်တော်များပြောရန် ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု၌ သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်သော အပြောင်းအလဲများထက် ပိုမိုကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ ဆက်လက်ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားများကို ဖယ်ရှားရန်အတွက် လုပ်ဆောင်မှုမှာ သူ့တွင်မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသည်၊ သို့သော်လည်း လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် ထိုသဘာဝမှာ သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏အပြစ်များသည် အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း၊ လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး အသွင်သဏ္ဌာန်ပြောင်းလဲပစ်ရန်ဟူသည့် ပြဿနာကိုမူ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း လူသည် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား အဟောင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝစွန့်ပစ်ရန်နှင့် မည်သည့်အခါမျှ ပြန်လည်မပေါ်ပေါက်စေရန်အတွက် လူကို ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားမှ လုံးဝကယ်တင်ရမည်ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲစေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး၊ သူပြုသမျှသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်စေရန်၊ သူ၏ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက်လွန်မြောက်ရန်လည်း ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။ ယေရှုသည် သူ၏အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏သူ့အပေါ် သိနားလည်မှုသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားအနေဖြင့် သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် ယုံကြည်ခဲ့ကြပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော ကောင်းမြတ်သည့် အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့သည် သူတို့၏ ယုံကြည်ခြင်းခွန်အားအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းခဲ့ကြသည်၊ မျက်စိမမြင်သူ မြင်နိုင်ခဲ့ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဖောက်ပြန်ပျက်စီးနေသည့် စာတန်စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့၊ ယင်းကို မည်သို့ဖယ်ထုတ်ရမည်ကိုလည်း သူမသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိခြင်း၊ နာမကျန်းမှုများကို ပျောက်ကင်းစေခြင်း စသဖြင့်ဖြစ်သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး နေထိုင်နိုင်ပါက သူ့ကို လက်သင့်ခံနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယင်းသို့သော ယုံကြည်သူများသာလျှင် သေဆုံးပြီးနောက်တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်၊ သူတို့ ကယ်တင်ခြင်းခံရသည်ဟု ဆိုလိုသည်။ သို့ရာတွင် သူတို့ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့ပြုခဲ့သမျှမှာ အပြစ်များကို ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့်လမ်းကြောင်းကိုမျှ မပြုဘဲနှင့် အပြစ်ဝန်ခံခြင်းကို အစဉ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်ခဲ့ကြခြင်းသာသည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိခဲ့ပြီလော။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးနောက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်မှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို လူအား ပေးအပ်သည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အသီးအပွင့်များ ဖြစ်ထွန်းမည်မဟုတ်၊ သို့မဟုတ် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ၊ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်နေလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေ၏၊ လူသည် အပြစ်ပြုနိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်၊ ထို့ပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေးပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၍ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့ကျင့်သုံးစေခြင်းဖြစ်သည်။ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမိုအဓိပ္ပာယ်ရှိပြီး အသီးအပွင့်လည်း ပိုမိုဖြစ်ထွန်းသည်၊ အကြောင်းမှာ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးသည့်အရာနှင့် လူ၏စိတ်သဘောထားကို လုံးဝအသစ်ပြုပြင်စေရန် လုပ်နိုင်စွမ်းရှိသောအရာမှာ နှုတ်ကပတ်တော်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သာ၍ နှံ့နှံ့စပ်စပ်ရှိသော အလုပ်အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကိုခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့ပြီး ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သော စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝပြီးဆုံးစေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၂၀။ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏အမြင်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦးတစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၂၁။ ပထမဆုံး လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်ဖြစ်သည်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သည်၊ သို့သော်လည်း ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့ကို သူတို့၏အပြစ်များမှ ကယ်ဆယ်ပေးပြီး အလုံးစုံ သန့်ရှင်းစေရန်ဖြစ်ကာ၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာစေရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးပြီးသည့်နောက်တွင် ကျေးဇူးတော်ခေတ်၏ အစနှင့်အတူ ဘုရားသခင်သည် ကယ်တင်ခြင်း အလုပ်ကို စတင်ခဲ့သည်၊ ထိုအလုပ်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ပုန်ကန်မှုအတွက် သူတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို အလုံးစုံ သန့်စင်စေမည့်အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက်တည်ရှိသည်။ ထိုအခါမှသာလျှင် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အလုပ်ကို အဆုံးသတ်ပြီး အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အလုပ်အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် နှစ်ကြိမ်သာလျှင် လူ့ဇာတိခံယူပြီး လူသားတို့ကြားတွင် သူ၏အလုပ်ကို ကိုယ်တိုင်ထမ်းဆောင်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ အလုပ်အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို သူတို့၏အသက်တာများ၌ လမ်းပြရန်ဖြစ်ပြီး ကျန်နှစ်ဆင့်တွင်မူ ကယ်တင်ခြင်းအလုပ် ပါဝင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည့်အခါမှသာလျှင် သူသည် လူသားနှင့်အတူ နေထိုင်နိုင်ပြီး ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ကာ သာမန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် သူတို့လိုအပ်သည့် လက်တွေ့ကျသော နှုတ်ကပတ်တော်ကို သူထောက်ပံ့ပေးနိုင်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအားဖြင့် လူသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ကြောင့်သာ အလုံးစုံသော ကယ်တင်ခြင်းကို ဘုရားသခင်ထံမှ ရရှိခြင်းဖြစ်ပြီး သူ၏ဆုတောင်းခြင်းများ အဖြေပေးခံရသည့်အနေဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက်ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိပကတိဖြစ်သည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင့်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့်ဖြစ်ပေသည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံနိုင်သည့်အရာမှာ ဘုရားသခင်၏ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကိုသာဖြစ်ပြီး ဤနည်းအားဖြင့်သာလျှင် လူသားသည် နှုတ်ကပတ်တော်အားလုံးနှင့် သမ္မာတရားအားလုံးကို နားလည်သဘောပေါက်နိုင်ကာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏အပြစ်များကို ဖယ်ရှားရန်နှင့် လူသားကို အလုံးစုံ သန့်စင်စေရန် လုံလောက်လိမ့်မည်။ သို့ဖြစ်ရာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့်အတူ လူ့ဇာတိတွင်ရှိသော ဘုရားသခင်၏အလုပ်တစ်ရပ်လုံးသည် အဆုံးပိုင်းသို့ ရောက်သွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှုသည် ပြည့်စုံသွားလိမ့်မည်။ ထို့နောက်တွင်မူ လူ့ဇာတိထဲရှိ ဘုရားသခင်၏အလုပ်သည် အလုံးစုံ အဆုံးသတ်ပြီး ဖြစ်ပေလိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းပြီးနောက်တွင် သူသည် သူ၏အလုပ်အတွက် လူ့ဇာတိကို တတိယအကြိမ်ခံယူမည် မဟုတ်ပေ။ အကြောင်းမှာ သူ၏စီမံခန့်ခွဲမှုတစ်ရပ်လုံးသည် အဆုံးသတ်ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူခြင်းသည် သူရွေးချယ်ထားသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူအားလုံးတို့သည် သူတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း ခံကြရပြီးဖြစ်ပေလိမ့်မည်။ သူသည် ကယ်တင်ခြင်းအလုပ်ကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်သကဲ့သို့ မည်သည့်အလုပ်ကို လုပ်ဆောင်ရန်အတွက်မျှ လူ့ဇာတိထံသို့ ပြန်လာလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၂၂။ နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမိုအစွမ်းထက်ပြီး နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်မှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားလုံးကို ဖော်ထုတ်သည်။ သင်သည် သင်ကိုယ်တိုင်အားဖြင့် ထိုအရာများကို သိနားလည်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ဟထားသည့်အခါ သင်သည် အလိုအလျောက် ယင်းတို့ကို တွေ့ရှိလာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည်မဟုတ်ဘဲ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤကား နှုတ်ကပတ်တော်၏ သြဇာအာဏာမဟုတ်လော။ ယင်းသည် ယနေ့ကာလ နှုတ်ကပတ်တော်၏ အလုပ်ကြောင့် ရရှိလာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသသခြင်းအားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော်လည်း လူသား၏ ဇာတိပကတိသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သန့်ရှင်းခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုအားဖြင့် သန့်စင်စေခြင်းခံရသည့် အခါမှသာလျှင် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်းခံရသော လူတစ်ဦးဖြစ်လာသည်။ လူသားအတွင်းမှ နတ်ဆိုးများကို နှင်ထုတ်ပြီးနောက် သူသည် ရွေးနုတ်ခြင်းခံရသည့်အခါ၊ ယင်းမှာ သူသည် စာတန်လက်ထဲမှ ပြန်လည်လုယူခြင်းခံရပြီး ဘုရားသခင်ထံသို့ တစ်ဖန်ပြန်လာခြင်းကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်းနှင့် ပြောင်းလဲစေခြင်းကို မခံရသေးလျှင် လူသည် ဖောက်ပြန်ပျက်စီးနေဆဲ ဖြစ်သည်။ လူအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ဆက်လက် တည်ရှိနေသည်၊ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သည်၊ သို့သော် လူ၌ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာမရှိဘဲ ဘုရားသခင်ကို ခုခံပြီး ပုန်ကန်နေဆဲဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့်ဖြစ်သည်သာမက ကယ်တင်ခြင်းအလုပ်ရှိ ဒုတိယအဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် မသန့်ရှင်း ခြင်း အားလုံး၊ အယူအဆများ၊ ဆန္ဒများနှင့် လူ၏ စိတ်နှလုံးအတွင်းရှိ တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများနှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။ ဥပမာအားဖြင့် လူများသည် သူတို့သည် မောဘမှ ဆင်းသက်သူများဖြစ်ကြောင်း သိသည့်အခါ သူတို့သည် စောဒကတက်သည့် စကားလုံးများ ကို ပြောကြားကြသည်၊ အသက်ကို ရှာဖွေခြင်း မရှိတော့ပဲ အကြွင်းမဲ့ပင် တုံဏှိဘာဝေ ဖြစ်လာကြသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှု အောက်တွင် အပြည့်အဝ ဆက်ကပ်အပ်နှံနိုင်စွမ်း မရှိဆဲ ဖြစ်နေသည်ကို ပြသမနေဘူးလား။ ယင်းမှာ ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အတိအကျပင် မဟုတ်ပါလား။ သင်သည် ပြစ်တင်ဆုံးမခြင်းကို မခံရသည့်အခါ သင်၏ လက်များသည် အခြားသူများထက် သာ၍ မြင့်အောင် မြှင့်ထားသည်၊ ယေရှုထက်ပင် မြင့်သေးသည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် အော်သည်။ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အနီးဆုံးသူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ဆက်ကပ်အပ်နှံမည့်အစား အသေခံလိုပါသည်။ ဟောင်းနွမ်းနေသော စာတန်ကို တော်လှန်ကြ၊ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို သြဇာအာဏာမှ လုံးဝ ကျဆင်းအောင် လုပ်ကြစို့။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်”။ သင်၏ အော်ဟစ်မှုသည် အခြားသူများထက်ပိုမို ကျယ် လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမသည့် အချိန်ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် ထုတ်ဖော်ခြင်းခံရသည်။ ထို့နောက် သူတို့၏ အော်ဟစ်မှုလည်း အဆုံးသတ်သွားခဲ့ပြီး သူတို့တွင် စိတ်ပိုင်းဖြတ်မှုလည်း မရှိတော့ပေ။ ယင်းမှာ လူ၏ ယိုယွင်းပျက်စီးမှု ဖြစ်သည်။ ယင်းသည် အပြစ်ထက်ပို၍ နက်ရှိုင်းသည်၊ စာတန်က စိုက်ထူထားခြင်းဖြစ်ပြီး လူအတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ လူအတွက် သူ၏ အပြစ်များကို သတိပြုမိရန်မှာ မလွယ်ကူလှချေ။ လူသည် သူ့ကိုယ်တိုင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သဘာဝကို သတိမပြုနိုင်ပေ။ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့်သာ ယင်းသက်ရောက်မှုများ ရရှိနိုင်သည်။ သို့ဖြင့်သာလျှင် လူသည် ထိုအမှတ်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ လူသည် အတိတ်က ယင်းကို အော်ဟစ်ခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် လူသည် သူ၏ မူလ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း မရှိ သောကြောင့် ဖြစ်သည်။ ယင်းတို့မှာ လူ့အတွင်း၌ရှိသော မသန့်ရှင်းခြင်းများ ဖြစ်သည်။ ကာလရှည်ကြာသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တစ်လျှောက်လုံးတွင် လူသည် တင်းမာမှုရှိသော ပတ်ဝန်းကျင်တွင် နေထိုင် ခဲ့သည်။ ယင်းတို့အားလုံး နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိခဲ့ခြင်း မဟုတ်လော။ အစေခံသူများ၏ စစ်ဆေးမှုက မတိုင်မီတွင် သင်သည်လည်း အလွန်ကျယ်သော အသံဖြင့် မအော်ဟစ်ခဲ့ဘူးလား။ “နိုင်ငံတော်သို့ ဝင်ရောက် ကြလော့။ ဤနာမတော်ကို လက်ခံသူအားလုံးတို့သည် နိုင်ငံတော်သို့ ဝင်ရောက်ကြလိမ့်မည်။ အားလုံးသည် ဘုရားသခင်တွင် ပါဝင်ကြလိမ့်မည်။” အစေခံသူများ၏ စစ်ဆေးမှု ရောက်သောအခါ သင်သည် မအော်ဟစ်တော့။ ပထမတွင် အားလုံးသည် “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို မည်သည့်နေရာ၌ပင် ထားထား၊ ကျွန်ုပ်သည် ကိုယ်တော် ပို့ဆောင်ရာသို့ ဆက်ကပ်ပါမည်” ဟု ဟစ်အော်ခဲ့ကြသည်။ “မည်သူသည် ငါ၏ ပေါလု ဖြစ်မည်နည်း” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ လူက “ကျွန်ုပ် ဖြစ်လိုသည်”ဟု ပြောသည်။ ထို့နောက် သူသည် “သို့လျှင် ယောဘ၏ ယုံကြည်ခြင်းကား မည်သည်နည်း”ဟူသော နှုတ်ကပတ်တော်များကို တွေ့သည်။ ထို့ကြောင့် သူက “ကျွန်ုပ်သည် ယောဘ၏ ယုံကြည်ခြင်းကို ယူဆောင်လိုသည်။ ဘုရားသခင် ကျွန်ုပ်ကို စမ်းသပ်တော်မူပါ” ဟုပြောသည်။ အစေခံသူများ၏ စစ်ဆေးမှုလာသည့်အခါ သူသည် ချက်ချင်း လဲပြိုသွားပြီး နောက်တစ်ကြိမ် ပြန်ရပ်နိုင်ခြင်း မရှိသည့်နီးပါး ဖြစ်သည်။ ထို့နောက်တွင် လူ၏ စိတ်နှလုံးတွင်ရှိသော မသန့်ရှင်းမှု များသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ယင်းကို နှုတ်ကပတ်တော် မှတစ်ဆင့် ရရှိခဲ့သည် မဟုတ်လော။ ထို့ကြောင့် မျက်မှောက်တွင် သင်တို့ တွေ့ကြုံခဲ့ရသော အရာများမှာ နှုတ်ကပတ်တော်မှ တစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်ပြီး ယင်းတို့သည် ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများ လုပ်ဆောင်မှုမှ တစ်ဆင့် ရရှိသော အရာများထက် ကြီးမားသည်။ ဘုရားသခင်၏ ဘုန်းနှင့် သင်တွေ့မြင်ရသော ဘုရားသခင် ကိုယ်တိုင်၏ အခွင့်အာဏာတို့သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းတို့မှ တစ်ဆင့် မြင်တွေ့ရသည်သာ မဟုတ်ဘဲ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရား စီရင်ခြင်းမှ တစ်ဆင့်လည်း ပိုမိုရှိပေသည်။ ယင်းသည် နိမိတ်လက္ခဏာများ ပြသခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ဘုရားသခင်၏ အခွင့်အာဏာနှင့် တန်ခိုးတို့သာမက နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို ကိုယ်စားပြုပြီး သူ၏ အနန္တ တန်ခိုးတို့ကို ကိုယ်စားပြုကြောင်း သင့်ကို ပြသနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၂၃။ ယခုမျက်မှောက်တွင် လူရရှိသော အရာဖြစ်သည့် လူ၏ ယနေ့ ဝိညာဥ်အသက်တာ၊ သူတို့၏ အသိဉာဏ်၊ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိမှု၊ နာခံမှု သာမက သူတို့၏ မြင်တွေ့မှု စသည်တို့သည် နှုတ်ကပတ်တော်အားဖြင့် တရား စီရင်ခြင်းမှတစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်သည်။ သင့်အနေဖြင့် သစ္စာရှိမှုကို ရနိုင်ခြင်း နှင့် ယနေ့ထက်တိုင် ရပ်တည် ကျန်ရှိခြင်းတို့သည် နှုတ်ကပတ်တော်အားဖြင့် ရရှိသည်။ ယခုအခါ လူသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်မှာ အမှန်တကယ် အလွန်ထူးခြားသည်ကို မြင်သည်၊ ထို့ပြင် ထိုအထဲ၌ လူသားမရရှိနိုင်သောအရာ အများအပြား ရှိသည်။ ယင်းတို့မှာ နက်နဲရာအချက်များနှင့် အံ့သြဖွယ်ရာများ ဖြစ်သည်။ သို့ဖြစ်ရာ လူများစွာတို့သည် နာခံခဲ့ကြပြီးဖြစ်သည်။ အချို့သောသူများသည် သူတို့မွေးဖွားသည့် နေ့ရက်ကတည်းက မည်သည့်လူကိုမျှ မနာခံခဲ့ဖူးသော်လည်း၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့မြင်သည့် အချိန်တွင်မူ သူတို့ထိုသို့ပြုမူသည်ကို သတိမမူမိဘဲ သူတို့သည် အပြည့်အဝ နာခံကြသည်၊ ထို့ပြင် သူတို့သည် လေ့လာဆန်းစစ်ရန်သော်လည်းကောင်း၊ သို့မဟုတ် တစ်စုံတစ်ရာပြောရန်သော်လည်းကောင်း မစွန့်စားကြပေ။ လူသားတို့သည် နှုတ်ကပတ်တော်အောက်သို့ ကျရောက်လျက်ရှိပြီး နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအောက်တွင် ဝမ်းလျားမှောက်လျက်သား ရှိနေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူကို တိုက်ရိုက်စကားပြောဆိုခဲ့မည်ဆိုလျှင် သူတို့အားလုံးသည် အသံကို နာခံကြလိမ့်မည်၊ ဖွင့်ပြခြင်း နှုတ်ကပတ်တော်များမပါဘဲနှင့် လဲကျကြလိမ့်မည်၊ ဒမာသက်မြို့သို့ သွားရာလမ်းတွင် ရှင်ပေါလုသည် အလင်းရောင်ထဲ၌ မြေကြီးပေါ် လဲကျသွားသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အလုပ်ဆက်လုပ်ခဲ့မည်ဆိုပါက လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ သိနိုင်လိမ့်မည် မဟုတ်ဘဲ ကယ်တင်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏နှုတ်ကပတ်တော်များကို လူအယောက်ချင်းစီတိုင်း၏ နားများဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်သည်၊ ထိုသို့အားဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြမည်။ ယင်းသည်သာလျှင် သူ၏နှုတ်ကပတ်တော်အားဖြင့် ရရှိသောရလဒ်ဖြစ်သည်၊ လူသားတို့ နာခံရန်အလို့ငှာ ခြောက်လှန့်ရန် ဝိညာဉ်တော်က ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ယင်းသို့သော လက်တွေ့ကျပြီး ထူးခြားသော လုပ်ငန်းမှတစ်ဆင့်သာလျှင် နှစ်ပေါင်းများစွာတိုင်အောင် အတွင်းတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော လူ၏စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် လူသည် ယင်းကို အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန်ဖြစ်သည်။ ဤအရာအားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ဖြစ်သည်၊ ထိုအလုပ်ထဲ၌ လက်တွေ့ကျသည့်နည်းဟန်ဖြင့် စကားပြောဆိုပြီး တရားစီရင်ခြင်းကို ဆောင်ရွက်လျက်၊ သူသည် လူအပေါ်တွင် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာကို သိအောင်လုပ်ရန်၊ နှုတ်ကပတ်တော်၏ အလုပ်အားဖြင့် ရရှိလာသော ရလဒ်များကို သိအောင်လုပ်ရန်နှင့် ဝိညာဉ်တော်သည် လူ့ဇာတိခံယူပြီး လူတို့ကို နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏အခွင့်အာဏာအား ထင်ရှားစေသည်ကို သိအောင်လုပ်ရန်တို့အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် ရိုးရိုးသာမန်လူ့သဘာဝ၏ ပြင်ပသဏ္ဌာန်ဖြစ်သော်လည်း၊ ယင်းမှာ သူသည် အခွင့်အာဏာနှင့် ပြည့်ဝကြောင်း လူသားကိုပြသည့်၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းနှင့် သူ၏နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြချက်ဖြစ်သည် ဆိုခြင်းတို့ကို လူသားအားပြသည့် သူ၏နှုတ်ကပတ်တော်များအားဖြင့် ရရှိသည့် ရလဒ်များဖြစ်သည်။ ဤနည်းလမ်းအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းနှင့် သူ့ကို မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုနိုင်ကြောင်းကို လူသားအား သူပြသသည်။ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းကို မည်သူမျှ မကျော်လွှားနိုင်ပေ၊ ထို့ပြင် မည်သည့်အမိုက်မှောင် အင်အားစုကမျှ သူ၏အခွင့်အာဏာကို မလွှမ်းမိုးနိုင်ပေ။ သူသည် လူ့ဇာတိကိုခံယူသော နှုတ်ကပတ်တော်ဖြစ်သောကြောင့်၊ သူ၏အခွင့်အာဏာကြောင့်၊ ထို့ပြင် နှုတ်ကပတ်တော်အားဖြင့် သူ၏တရားစီရင်ခြင်းတို့ကြောင့် လူသည် သူ့ကို လုံးဝဥဿုံ နာခံသည်။ သူခံယူသော ဇာတိခန္ဓာအားဖြင့် ယူဆောင်လာသော အလုပ်သည် သူပိုင်ဆိုင်သော အခွင့်အာဏာဖြစ်သည်။ လူ့ဇာတိကို သူခံယူခဲ့သည့်အကြောင်းရင်းမှာ ဇာတိခန္ဓာသည်လည်း အခွင့်အာဏာကို ပိုင်ဆိုင်နိုင်သောကြောင့်ဖြစ်သည်၊ ထို့ပြင် သူသည် လူသားတို့အကြားတွင် လက်တွေ့ကျသောနည်းဟန်အားဖြင့်၊ လူတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့နိုင်သော နည်းလမ်းအားဖြင့် အလုပ်ကို အကောင်အထည် ဖော်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ဤအလုပ်သည် အခွင့်အာဏာအလုံးစုံကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်လုပ်ဆောင်သော အလုပ်ထက် ပိုမိုလက်တွေ့ကျပြီး ရလဒ်များသည်လည်း ပိုမိုထင်ရှားသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် ပြောဆိုနိုင်ပြီး အလုပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် အခွင့်အာဏာကိုမျှ ဆုပ်ကိုင်ထားခြင်းမရှိဘဲ လူ့အနေဖြင့် ချည်းကပ်နိုင်သည်၊ သို့သော်လည်း သူ၏အနှစ်သာရကမူ အခွင့်အာဏာကို သယ်ဆောင်ထားသည်၊ သို့သော် သူ၏အခွင့်အာဏာကို မည်သူမျှ မမြင်နိုင်ပေ။ သူသည် စကားပြောသောအခါနှင့် အလုပ်လုပ်သောအခါ လူသည် သူ့အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ယင်းအချက်က လက်တွေ့ကျသော သဘာဝရှိသည့်အလုပ်ကို လုပ်ဆောင်ရာ၌ သူ့အတွက် လွယ်ကူချောမောစေသည်။ ထို့ပြင် လက်တွေ့ကျသော ယင်းအလုပ်အားလုံးသည် ရလဒ်များ ရရှိနိုင်သည်။ သူသည် အခွင့်အာဏာအား ဆုပ်ကိုင်ထားသည်ကို မည်သူကမျှ မသိသော်လည်း၊ သို့မဟုတ် သူကို ပုန်ကန်ပြစ်မှား၍ မရနိုင်သည်ကို မမြင်နိုင်သော်လည်း၊ သို့မဟုတ် သူ၏အမျက်ဒေါသကို မမြင်နိုင်သော်လည်း၊ သူ၏ဖုံးကွယ်ထားသော အခွင့်အာဏာ၊ သူ၏ဖုံးကွယ်ထားသော အမျက်ဒေါသနှင့် လူအများရှေ့တွင် သူပြောကြားသော နှုတ်ကပတ်တော်များမှတစ်ဆင့် သူသည် သူ့နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသော ရလဒ်များကို ရရှိသည်။ တစ်နည်းဆိုရလျှင် သူ၏အသံနေအသံထားမှတစ်ဆင့်၊ သူ့ဟောပြောချက်၏ လေးနက်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာအလုံးစုံမှတစ်ဆင့် လူသည် လုံးဝဥဿုံ ယုံကြည်လက်ခံသည်။ ဤနည်းအားဖြင့် လူသည် အခွင့်အာဏာ ရှိပုံမရသော လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံ၏၊ ထိုသို့အားဖြင့် ဘုရားသခင်၏ ရည်မှန်းချက်ဖြစ်သော လူသားကို ကယ်တင်ခြင်းမှာ ပြည့်စုံသွားသည်။ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်းဆိုင်ရာ အရေးပါမှု၏ အခြားသောရှုထောင့်ဖြစ်သည်၊ ယင်းမှာ သာ၍လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့သဘောကို လူသားအပေါ်သို့ သက်ရောက်မှုရှိစေရန် ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တန်ခိုးကို လူတို့မျက်မြင်တွေ့ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို လူ့ဇာတိခံယူခြင်းမှတစ်ဆင့် မပြုလုပ်ခဲ့ပါက ရလဒ်အနည်းဆုံးကိုပင် ရမည်မဟုတ်ဘဲ အပြစ်သားများကို အပြည့်အဝ ကယ်တင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူသားအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေခဲ့လိမ့်မည် ဖြစ်သည်။ လူသားသည် ဇာတိပကတိနှင့်ဖြစ်တည်သော ဖန်ဆင်းခံဖြစ်သဖြင့် လူသားနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး ကွဲပြားခြားနားသော သဘာဝများ ရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိနှင့်ဖြစ်တည်သော လူသားနှင့် သဟဇာတမဖြစ်ပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့်ဆက်ဆံရေးကိုမျှ တည်ဆောက်၍ မရနိုင်ပေ၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသည်ကိုမူ ပြောစရာပင် မလိုချေ။ သို့ဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအလုပ်ကို လုပ်ရန် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာရပေသည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွသွားနိုင်သကဲ့သို့ လူသားတို့အကြားတွင် အလုပ်လုပ်ပြီး သူတို့အလယ်၌ နေထိုင်လျက် ဖန်ဆင်းခံ လူသားဖြစ်လာရန် သူ့ကိုယ်သူ နှိမ့်ချနိုင်သည်၊ သို့သော်လည်း လူသားကမူ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်၊ ဝိညာဉ်လည်း မဖြစ်လာနိုင်ပေ၊ ထို့ပြင် သူသည် အနိမ့်ဆုံးသောနေရာသို့ သာ၍ပင် မဆင်းသက်နိုင်ပေ။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိကို ခံယူရသည်။ ထိုနည်းတူပင် ပထမအကြိမ်လူ့ဇာတိခံယူစဉ်အတောအတွင်း လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသာလျှင် သူ၏လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူသားကို ရွေးနုတ်နိုင်ခဲ့သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက်မူ လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် အသေခံရန် လုံးဝဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားအတွက် အပြစ်ဖြေရာယဇ်အနေနှင့် အစေခံရန် တိုက်ရိုက်လူ့ဇာတိခံယူနိုင်၏၊ သို့သော်လည်း လူသားသည် ဘုရားသခင်က သူတို့အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ယူရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် မတက်သွားနိုင်ပေ။ သို့ဖြစ်ရာ လူသားသည် အပြစ်ဖြေရာယဇ်ကို ရယူရန်ဝေးစွ သူသည် ကျဆုံးပြီးဖြစ်သည့်အပြင် ကောင်းကင်ဘုံသို့ မတက်သွားနိုင်သည့်အတွက် ဤကယ်တင်ခြင်းကို ရယူရန်အလို့ငှာ ကောင်းကင်ဘုံသို့ တက်စရာမလိုရန် လူသားအနေဖြင့် လုပ်နိုင်သမျှမှာ ကောင်းကင်နှင့် မြေကြီးအကြား အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် သွားလာပေးရန် ဘုရားသခင်ကို တောင်းဆိုဖို့ပင် ဖြစ်ခဲ့လိမ့်မည်။ သို့ဖြစ်ရာ ယေရှုသည် လူသားတို့အကြားသို့ ကြွလာကာ လူသားအနေဖြင့် လုံးဝမစွမ်းဆောင်နိုင်သော အလုပ်ကို သူကိုယ်တိုင်လုပ်ရန် လိုအပ်ခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်အခါတိုင်းသည် လုံးဝလိုအပ်သောကြောင့်သာ ဖြစ်သည်။ အကယ်၍ မည်သည့်အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်နိုင်ခဲ့မည် ဆိုပါလျှင် သူသည် လူ့ဇာတိခံယူခြင်း၏ အရှက်တကွဲအကျိုးနည်းခြင်းကို ခံခဲ့လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာတွင် “၏ စမ်းဆေးမှု” ဟူသော စကားရပ်မပါရှိပါ။

ယခင်က:“သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက်” နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းလေးပိုဒ်မှ လက်ရွေးစင်တစ်ခု

နောက်တစ်ခုသို့:“သိမ်းပိုက်ခြင်း အလုပ်၏ အတွင်းသမ္မာတရား” နှင့်ပတ်သက်သော ဘုရားနှုတ်ကပတ်တော် ကျမ်းလေးပိုဒ်မှ လက်ရွေးစင်တစ်ခု

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ