အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၀၁ ဘုရားလက်တော်များ၏ ဆုပ်ကိုင်မှုကို မည်သူမျှ မတိမ်းရှောင်နိုင်ကျူး

ငါ၏အသံသည် ကြွေးကြော်လျက်၊ ငါ၏ မျက်လုံးများသည် မီးကို ရှေ့သို့ ပစ်လွှတ်လျက်၊ ငါသည် ကမ္ဘာမြေကြီး တစ်ဝှမ်းလုံးကို ကြည့်ရှုနေ၏၊ ငါသည် စကြဝဠာ တစ်ဝှမ်းလုံးကို စောင့်ကြည့်နေ၏။ လူသားမျိုးနွယ်အားလုံးသည် ငါ့ထံ ဆုတောင်းနေကြ၏၊ ၎င်းတို့သည် ငါ့ထံလှည့်၍ ငေးမောကြည့်ရှုကာ၊ ငါ၏ အမျက်ဒေါသကို ရပ်တန့်ပေးပါရန် ငါ့ကို တိုးလျှိုးတောင်းပန်နေကြပြီး၊ နောက်တစ်ဖန် ငါ့ကို ပုန်ကန်ခြင်း မပြုတော့ဟု ကျိန်ဆိုနေကြသည်။ သို့သော် ဤအရာသည် အတိတ်မဟုတ်တော့၊ လက်ရှိယခု ဖြစ်နေပေပြီ။ မည်သူသည် ငါ၏အလိုကို လှည့်ပြန်စေနိုင်သနည်း။ လူတို့၏ နှလုံးသားများထဲရှိ ဆုတောင်းချက် မဟုတ်သကဲ့သို့၊ သူတို့၏နှုတ်များမှ စကားလုံးများ မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ ငါ့ကြောင့်သာ မဟုတ်လျှင် အဘယ်သူသည် လက်ရှိကာလအထိ ရှင်သန်ခြင်းငှာ တတ်စွမ်းနိုင်မည်နည်း။ ငါ၏နှုတ်ထဲရှိ နှုတ်ကပတ်တော်များအားဖြင့် မဟုတ်ဘဲ မည်သူသည် ရှင်သန်နိုင်သနည်း။ မည်သူသည် ငါ၏ ဂရုစိုက်စောင့်ကြည့်မှုအောက်တွင် မရှိဘဲနေသနည်း။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ငါ၏အသစ်သောအလုပ်ကို ငါဆောင်ရွက်စဉ်၊ မည်သူသည် ယင်းမှ လွတ်မြောက်ရန် တတ်စွမ်းနိုင်ဖူးသနည်း။ တောင်များသည် ၎င်းတို့၏ အမြင့်ကြောင့် ထိုအရာမှ ရှောင်တိမ်းနိုင်ခြင်း ဖြစ်နိုင်သလော။ ရေများသည် ၎င်းတို့၏ ကြီးမားကျယ်ပြောခြင်းကြောင့် ထိုအရာကို ဆီးတားနိုင်ခြင်း ဖြစ်နိုင်သလော။ ငါ၏အစီအစဉ်ထဲတွင် ငါသည် မည်သည့်အရာကိုမျှ ပေါ့တန်စွာ ထွက်သွားခွင့်ကို မည်သည့်အခါမျှ မပေးဖူးပေ၊ ထို့ကြောင့် ငါ့လက်များ၏ ဆုပ်ကိုင်မှုကို တိမ်းရှောင်ခဲ့သည့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်အရာမျှ မရှိစဖူး။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၃

” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:အမှန်တရား တောင့်တသူတွေသာ ဘုရားသခင်ကို မြင်ရလိမ့်မည်

နောက်တစ်ခုသို့:နိုင်ငံတိုင်းနှင့် လူမျိုးတိုင်း၏ ကံကြမ္မာကို ဘုရားထိန်းချုပ်ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ