အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅၈၆ လူ့စိတ်နှလုံးထဲ၌ ဘုရားအတွက်နေရာ အမှန်ပင်မရှိကျူး

၁ လူသားတို့အလုပ်များနေသည့်အခါများတွင် ငါသည် ငါ့ကိုယ်ငါဖုံးကွယ်ထားလျက် ၎င်းတို့ အားလပ်သည့်အခါများတွင် ငါ့ကိုယ်ငါ ထုတ်ဖော်၏။ လူသားမျိုးနွယ်သည် ငါ့အား သဗ္ဗညုတဉာဏ် ရှိ၍ တောင်းခံချက်အားလုံးကိုပေးသည့် ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်ဟု စိတ်ကူးကြ၏။ ထို့ကြောင့် ၎င်းတို့ အများစုသည် ဘုရားသခင်၏အကူအညီ တောင်းခံရန်သာ ငါ့ရှေ့မှောက်လာကြ၍ ငါ့ကို သိလိုသော ဆန္ဒကြောင့် လာကြခြင်း မဟုတ်ပေ။ ဖျားနာမှုဖြင့် မချိတင်ကဲခံစားနေရသည့်အခါ လူသားတို့သည် ငါ၏အကူအညီကို အရေးတကြီးတောင်းခံကြ၏။ ဒုက္ခရောက်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ဒုက္ခကို ပိုမိုကောင်းမွန်စွာဖယ်ရှားနိုင်ရန် ၎င်းတို့ကိုယ်စွမ်းရှိသမျှဖြင့် ၎င်းတို့၏အခက်အခဲများကို ငါ့အား အသိပေးကြ၏။ သို့ရာတွင် လူသားတစ်ဦးမျှ ၎င်းတို့သက်သောင့်သက်သာရှိစဉ်တွင်လည်း ငါ့ကို မချစ်နိုင်ခဲ့ပေ။ ၎င်းတို့ ငြိမ်းချမ်းလျက် ပျော်ရွှင်နေသည့်အချိန်တွင် ငါသည် ၎င်းတို့၏ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားနိုင်ရန် လူသား တစ်ဦးမျှ ငါ့အား ဆက်သွယ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့၏မိသားစုကလေးသည် ပျော်ရွှင်၍ နေကောင်းနေသည့်အခါ လူသားသည် ငါ့အား ဘေးဖယ်ထားပြီးဖြစ်သည်။ သို့မဟုတ် ငါ့အား ဝင်ရောက်ခြင်းမှ တားမြစ်လျက် တံခါးပိတ်ထားကာ ကျေးဇူးတော်ကြောင့် ရရှိသည့် ထိုမိသားစု၏ ဝမ်းမြောက်ခြင်းကို ဤသို့ခံစားနေကြ၏။

၂ လူ့စိတ်သည် ကျဉ်းမြောင်းလွန်း၏။ ငါကဲ့သို့ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝလျက်၊ သနားကြင်နာကာ ချဉ်းကပ်၍ရနိုင်သည့် ဘုရားသခင်ကို စွဲကိုင်ရန်ပင် ကျဉ်းမြောင်းလွန်းလှ၏။ လူသားတို့၏ ဝမ်းမြောက်စရာရယ်မောချိန်တွင် ငါသည် အကြိမ်မည်မျှ ငြင်းပယ်ခံရခဲ့သနည်း။ ၎င်းတို့ ခလုတ်တိုက်သည့်အခါ ငါသည် အထောက်အကူအဖြစ် လူသားတို့၏ မှီခိုအားထားခြင်းကို အကြိမ်မည်မျှ ခံခဲ့သနည်း။ နာမကျန်းမှုခံစားနေရသော လူသားတို့မှ ငါ့အား ဆရာဝန်အခန်းကဏ္ဍသို့ အတင်းအကျပ် ပြုစေခြင်းကို အကြိမ်မည်မျှ ငါခံခဲ့သနည်း။ လူသားမျိုးနွယ်သည် ရက်စက်လှ၏။ လျော်ကန်မှုလုံးဝ မရှိဘဲ လုံးဝအကျင့်ပျက်၏။ လူသားတို့တွင် ပါရှိသည်ဟုဆိုသော ခံစားမှုများကိုပင် ၎င်းတို့၌ တွေ့နိုင်ခြင်းမရှိပေ။ ၎င်းတို့တွင် လူ့သဘာဝ အရိပ်အယောင်မျှ လုံးဝကင်းမဲ့လုနီးပါးဖြစ်၏။ အတိတ်ကို စဉ်းစား၍ ပစ္စုပ္ပန်နှင့် နှိုင်းယှဉ်လော့။ သင်တို့အထဲ၌ အပြောင်းအလဲများ ဖြစ်ပေါ်နေသလော။ ပစ္စုပ္ပန်တွင် ၎င်းအတိတ်သည် သာ၍လျော့နည်းစွာ ပါဝင်နေသလော။ သို့မဟုတ် ၎င်းအတိတ်ကို အစားမထိုးရသေးသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၄” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရားအတွက် အဘယ်အရာကို သင်ရင်းနှီးမြှုပ်နှံပြီးပြီနည်းကျူး

နောက်တစ်ခုသို့:လူသည် မိမိ၏စိတ်နှလုံးကို ဘုရားသခင်ထံ အပြည့်အဝမပေးအပ်ရသေးကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ