အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၉။ အသင်းတော်၌ ထူးခြားသည့် ပြုမှုဆက်ဆံခြင်းဟူ၍မရှိချေ

လေအိုရှင်း၊ ရှန်ဒေါင်မြို့နယ်

ဘုရားသခင်နောက်တော်သို့ ဤနှစ်များစွာလိုက်ပြီးနောက်၊ ကျွန်မသည် လူအချို့ကို ဧဝံဂေလိတရားဟောခြင်းမှတစ်ဆင့် ပြောင်းလဲစေခဲ့သူ၊ အသင်းတော်အတွက် မိုးလင်းမှမိုးချုပ် အလုပ်လုပ်သူ၊ အရာများကို စွန့်လွှတ်ပြီး၊ မိမိကိုယ်ကို အသုံးခံသူ၊ ပြီးလျှင် ပေးဆပ်မှုတစ်ချို့ကို ပြုခဲ့သူတစ်ယောက် အဖြစ် နှင့် မိမိကိုယ်ကို ထင်မြင်လာခဲ့သည်။ ထို့ကြောင့် ကျွန်မသည် အသင်းတော်ကို ထောက်ပံ့သူတစ်မျိုးအနေဖြင့် ခံစားခဲ့သည်၊ ပြီးလျှင် မိမိကိုယ်ကို အသင်းတော်တွင် ဝါရထားသူ တစ်ယောက် အဖြစ် ထင်မြင်ခဲ့သည်။ ကျွန်မသည် မိမိ၏ အတိတ်မှ အကျိုးအမြတ်များဖြင့် စတင် အသက်ရှင်နေထိုင်ပြီး၊ မိမိ၏ ဝါရင့်မှုကိုလည်း ကြွားဝါခဲ့သည်။ အသင်းတော်တွင် လူများသည် သူတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း နှင့် အသင်းတော်၏ အလုပ်ကို နှောင့်ယှက် ဟန့်တားခြင်းတို့ကြောင့် သူတို့ရာထူးမှ နှုတ်ပယ်ခံရပြီး၊ သူတို့၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှုများ ပြုလုပ်ရန် နှင့် သူတို့ကိုယ်သူတို့ ပြန်လည်သုံးသပ်ရန် နေအိမ်သို့ စေလွှတ်ခြင်း ခံရသည်ကို ကျွန်မ တွေ့ရသည့်အချိန်တွင်၊ ကျွန်မက “ငါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက အိမ်ကိုစွန့်ခွာခဲ့ပြီး၊ အသင်းတော်ထဲမှာ ငါ့ရဲ့တာဝန်ကိုအမြဲထမ်းဆောင်ပြီးဖြစ်တယ်။ ဒီလိုမျိုး ငါ့အခြေအနေ တွေ ရှိခဲ့လို့၊ အသင်းတော်က ငါ့ကို စောင့်ရှောက် မှာပါ။ ငါ့အလုပ်ကို ကောင်းကောင်း မလုပ်ခဲ့ရင်တောင်၊ သူတို့က ငါ့ကို အိမ်ပြန်ပို့မှာ မဟုတ်ဘူး။ အဆိုးဆုံးကတော့ သူတို့က ငါ့ရာထူးကို တခြားတစ်ယောက်ကို ပေးလိုက်ပြီး၊ ငါ့ကို တခြားအလုပ်တွေ လုပ်ဖို့ ပေးမှာပေါ့” ဟုတွေးမိခဲ့သည်။ ထိုသို့သော အတွေးမျိုးကြောင့် ကျွန်မသည် တိုးတက်မှုအတွက် အတွေးတစ်စုံတစ်ရာ မရှိပဲနှင့်၊ မိမိကိုယ်ကို စိတ်ကျေနပ်မှု အခြေအနေတွင် အသက်ရှင်နေထိုင်ခဲ့သည်။ ကျွန်မ တာဝန်တွင် ကျွန်မသည် ဝန်ထုပ်ဝန်ပိုးများကို ယူခြင်းမှ တဖြည်းဖြည်းချင်း ရပ်တန့်လိုက်ပြီး၊ အရာအားလုံးကိုလည်း စိတ်မပါ့တပါ လုပ်ဆောင်ခဲ့သည်။ သာမာန်သာ လုပ်ဆောင်ခြင်းက အဆင်ပြေခဲ့သည်၊ ပြီးလျှင် ကျွန်မထံတွင် ယခင်က လုပ်ဆောင်ခဲ့သည့် ဧဝံဂေလိတရားဟောကြောခြင်း၌ ယုံကြည်မှုမျိုး မရှိတော့ပါ။ ကျွန်မသည် အခက်အခဲများတွင် အမြဲတမ်း အသက်ရှင်နေထိုင်နေခဲ့ရသည်။ ကျွန်မ၏ ထိုအခြေအနေကို ရင်ဆိုင်ရင်းဖြင့် ကျွန်မနှလုံးသားသည် ပြစ်တင်စွပ်စွဲခံရပြီး၊ ကျွန်မ အသိစိတ်ကလည်း ဆူပူကြိမ်းမောင်းခြင်းကို ခံစားခဲ့ရသော်လည်း၊ ကျွန်မ၏ ဝတ်ကျေ တန်းကျေအပြုအမှုအားဖြင့် ဘုရားသခင်ကို များပြားစွာအကြွေးတင်နေခဲ့ပြီး၊ ကျွန်မသည် အနှေးနှင့် အမြန်ဆိုသကဲ့သို့ သုတ်သင်ဖယ်ရှင်းခံရလိမ့်မည်ဟု ခံစားရသော ကြောင့်၊ ကံကောင်းထောက်မဖို့ရန်မျှော်လင့်သော စိတ်အခြေအနေဖြင့် မျောပါနေဆဲဖြစ်ကာ၊ ကျွန်မသည် မိမိ၏ အလုပ်တွင် ရလဒ်ကောင်းများကို မရရှိခဲ့ပါက၊ ကျွန်မသည် အခြားတာဝန်ကို ထမ်းဆောင်ရန် လွှဲပြောင်းခံရခြင်းမျှသာ ရှိမည်ဟု တွေးနေခဲ့သည်။

ဘုရားသခင်သည် ဖြောင့်မတ် ပြီး သန့်ရှင်း ပါသည်။ အဆုံး၌၊ ကျွန်မ၏တာဝန်များကို လုပ်ဆောင်ရာတွင် ကာလကြာမြင့်စွာ ပေါ့ဆနေခဲ့ပြီး၊ ကျွန်မအလုပ်များ အားလုံးသည်လည်း ကမောက်ကမ ဖြစ်ခဲ့ရသောကြောင့်၊ ကျွန်မ သည်လူစားထိုးခံခဲ့ရကာ၊ မိမိကိုယ်ကို ပြန်လှန်သုံးသပ်ရန် အိမ်သို့ပြန်ပို့ခြင်း ခံရပါသည်။ ထိုအရာများ ဖြစ်ပျက်မည် ဖြစ်ကြောင်းကို ကျွန်မ ကြားခဲ့သည့်အချိန်တွင်၊ အံ့အားသင့်လွန်း ၍နှုတ်ဆိတ်နေမိပြီး ကျွန်မက “အိမ်ကနေထွက်ခဲ့ပြီး အသင်းတော်ထဲ မှာ နှစ်များစွာ ငါ့တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ငါ့အလုပ်က ထိုက်လျောက်တဲ့ အကျိုးခံစားခွင့် မရှိရင် တောင်မှ၊ ငါက အနည်းဆုံးအဆင့် အရမ်းအလုပ်ကြိုးစားခဲ့ပါတယ်။ ငါ၏ခံစားချက်တွေကို ဘာတွေးတောဆင်ခြင်မှုမှ မရှိပဲနဲ့ ငါကို ဘယ်လိုအိမ်ပြန်ပို့ရက်ကြတာလဲ။ ငါမိသားစုကို ဘယ်လို ရင်ဆိုင်ရမလဲ။ အနာဂတ်မှာ ငါဘယ်လိုရှုထောင့်တွေ ရှိလာမလဲ” ဟု တွေးခဲ့မိပါသည်။ ကျွန်မနှလုံးသားသည် အလွန်ပင် ကစဉ့်ကလျား ရှုပ်ထွေးလာခဲ့ကာ၊ ဘုရားသခင်အား အပြစ်တင်ခြင်း၊ အထင်လွဲခြင်း များပြည့်နှက်လာခဲ့သည်။ ကျွန်မသည် အမှောင်ထုထဲသို့ကျရောက်ကာ၊ နာကျင်ခြင်းထဲတွင် ရုန်းကန်နေရလျှက်ရှိခဲ့ပါသည်။

လွန်စွာဒုက္ခခံစားသည့်ကြားထဲတွင်၊ ကျွန်မသည် ဘုရားသခင်ရှေ့သို့ရောက်လာခဲ့ပြီး၊ သူ့အား “အို ဘုရားသခင်၊ အခုတော့ အမှောင်ထဲ ကျွန်မရှင်သန်ပြီး၊ ကျွန်မ နှလုံးသားက ကိုယ်တော်နဲ့ ပတ်သက်ရင် အထင်လွဲမှုနဲ့ အပြစ်တင်ခြင်း အပြည့်ရှိနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မအပေါ်မှာ သနားကရုဏာ သက်တော်မူပါ၊ ပြီးတော့ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကျွန်မကို ဉာဏ်အလင်း ပေးတော်မူပါ” ဟု အော်ခေါ်ခဲ့သည်။ အကြိမ်ပေါင်းများစွာ ဤကဲ့သို့ ထပ်တလဲလဲ ဆုတောင်းပြီးနောက်၊ ကျွန်မ၏ နှလုံးသားကို ငြိမ်သက်စေနိုင်ခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို တွေ့မြင်ခဲ့ရသည်၊ “သင်တို့အထဲမှ နှစ်ပေါင်းများစွာ ဒုက္ခခံပြီး ကြိုးစားလုပ်ပြီး ပြသစရာ မည်သည့်အရာမျှ မရှိသော ထိုသူများအတွက် သနားသောစိတ် ငါ့တွင် ရှိလိမ့်မည်မဟုတ်။ ပြောင်းပြန်အနေဖြင့်၊ ငါ၏ တောင်းဆိုချက်များကို ပြည့်မီခြင်း မရှိသော ထိုသူတို့အား အပြစ်ဒဏ်ခတ်ခြင်း၊ မည်သည့် ဆုလာဘ်မျှ မပေးခြင်းနှင့် ဆက်ဆံမည် ဖြစ်ပြီး မည်သည့် သနားခြင်းကရုဏာမျှ ရှိလိမ့်မည်မဟုတ်။ သင်တို့သည် နှစ်ပေါင်းများစွာ နောက်လိုက် တစ်ယောက်ဖြစ်ပြီး မည်သည့်ကိစ္စရပ်တွင်မဆို ကြိုးစားလုပ်ဆောင်ခဲ့သည့် အတွက် မည်သို့ပင်ဖြစ်စေ အစေခံသူတစ်ယောက် ဖြစ်သည့်အတွက် ဘုရားသခင်၏ အိမ်တော်တွင် ထမင်းတစ်ပန်းကန်တော့ ရရှိလိမ့်မည်ဟု တွေးထင်ကောင်း တွေးထင်ကြပေမည်။ သင်တို့ထဲမှ အများစုသည် ထိုကဲ့သို့ တွေးတောကြခြင်းမှာ သင်တို့သည် ယခုချိန်အထိ တစ်စုံတစ်ရာမှ မည်ကဲ့သို့ အခွင့်ကောင်း ယူနိုင်မည်နည်းနှင့် မည်သို့လျှင် အခွင့်ကောင်းယူခြင်း မခံရစေနိုင်မည်နည်းဟူသည့် နိယာမများကိုသာ အစဉ်အမြဲ ကြိုးထုတ်ခဲ့ကြခြင်း ကြောင့်သာဖြစ်ကြောင်း ငါပြောမည်။ ထို့ကြောင့် ယခုတွင် သင်တို့ကို ငါလေးနက်စွာ ပြောမည်- သင်၏ အလုပ်သည် မည်မျှပင် မွန်မြတ်လှသည်၊ သင်၏ အရည်အချင်းများသည် မည်မျှအထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှလောက် ဂုဏ်သတင်းကျော်ကြားသည်၊ သင်၏ အကျင့်စာရိတ္တသည် မည်မျှတိုးတက် မှုရှိသည်ကို ငါဂရုမစိုက်ပါ။ သင့်အား ငါတောင်းဆိုသည့် အရာကို သင်မလုပ်ဆောင်သရွေ့၊ သင်သည် ငါ၏ချီးမွမ်းခြင်းကို လုံးဝရရှိနိုင်မည် မဟုတ်ပေ။...အကြောင်းမှာ ငါ၏ ရန်သူများနှင့် စာတန်၏ ပုံစံပေါ်တွင် ဆိုးသွမ်းမှု၏ အနံ့အသက် ထွက်နေသည့် လူများကို ငါ၏နိုင်ငံထဲသို့၊ နောက်လာမည့် ခေတ်ထဲသို့ မခေါ်ဆောင်နိုင်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဒုစရိုက်အပြစ်များက လူကိုငရဲသို့ ပို့ဆောင်လိမ့်မည်”) ဘုရားသခင်၏နှုတ်ကပတ်တော် တခုစီတိုင်းက ထုတ်ဖော်ခဲ့သည်မှာ သူ၏ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ၊ နာကျင်သော အမှန်တရား တို့ကို ထုတ်ဖော်ပြနေပြီးလျှင်၊ နှစ်ဖက်ပါသည့် ဓါးသွားဖြင့် ကျွန်မကို ထိုးနှက်နေကာ၊ ကျွန်မ၏ အိမ်မက်ဖြစ်သည့် “ထိုက်လျောက်သည့် အကျိုးခံစားခွင့် မရှိလျှင်ပင်၊ ကျွန်မ လုပ်သည့် အလုပ်များကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးအဆင့်တော့ အသင်းတော်မှာ ငွေရှာနိုင်မည်” ဆိုသည့် ကျွန်မ၏အိပ်မက်ကို လုံးလုံးလျားလျား ဖြိုခွဲလိုက်ခြင်း ဖြစ်သည်။ ဤအချိန်တွင်၊ ကျွန်မ၌ မိမိကိုယ်ကို ပြန်လှန်သုံးသပ်ရုံမှလွဲ၍ မည်သည့်ရွေးချယ်မှုမှ မရှိတော့ပါ။ ဤလွန်ခဲ့သည့်နှစ်အနည်းငယ်တွင် အိမ်ကိုစွန့်ခွာပြီးလျှင်၊ အခြားသောနေရာ များ၌ ကျွန်မတာဝန်ကို ထမ်းဆောင်ခဲ့ သော်လည်း၊ အပြင်ပန်းတွင် အနည်းငယ်ဒုက္ခ ခံစားခဲ့ကာ အနည်းအကျဉ်းပေးဆပ်ရသည့်အသွင်အပြင်ပေါ်လွင်နေသော်လည်း၊ ကျွန်မ၏ အသက်တာဝင်ရောက်မှုတွင် မည်သည့်တိုးတက်မှုမှ မရှိခဲ့သည့်အပြင်၊ ကျွန်မထံတွင် စိတ်သဘောထား ပြောင်းလဲခြင်း တစ်စုံတစ်ရာ မရှိခဲ့ပါ။ ကျွန်မသည် မာနထောင်လွှားပြီး၊ ကျွန်မ ဝါရင့်မှုအပေါ် ရင်းနှီးမြုပ်နှံကာ၊ ကျွန်မ၏ အောင်မြင်ရရှိမှု အဟောင်းများကို ပြန်ပြောင်း ပြောပြခဲ့သည်။ ကျွန်မသည် ဘုရားသခင် ၏အလိုတော်အတွက် မည်သည့်ဆင်ခြင် သုံးသပ်ခြင်းမှမရှိရုံမျှမကဘဲ၊ ကျွန်မ၏တာဝန်ကို ဝတ်ကျေ တမ်းကျေ ဆောင်ရွက်ခဲ့သည်။ အထူး သဖြင့် ထိုကာလအတော အတွင်းတွင်၊ ကျွန်မ၏ဧဝံဂေလိတရား အမှုတော်နှင့် ပတ်သက်ပြီး မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ မရှိခဲပါပြီးလျှင် ကျွန်မသည် မိမိအလုပ်၏ ထိုရှုထောင့်တွင် မည်သည့်ရလဒ်မျှ မရှိခဲ့သော်လည်း၊ ယင်းမှာ အရေးကြီးသည်ဟု ကျွန်မ မထင်ခဲ့သည့်အပြင်၊ ဘုရားသခင်ကို တစ်စုံတစ်ခု တင်ကျန်နေသည်ဟုလည်း မခံစားခဲ့ပေ။ ဧဝံဂေလိတရားတော်အမှုကို ဝန်ထုပ်ဝန်ပိုး သဖွယ်ပြုမှုဆက်ဆံခဲ့ပြီး၊ ယုံကြည်သူအသစ်များစွာရှိခဲ့ကြသော်လည်း၊ ၎င်းတို့ကို ရေလောင်းပေးမည့်သူ မများပြားကြောင်း၊ ပြောင်းလဲလာသော ယုံကြည်သူအသစ်များလာလေ၊ ၎င်းတို့ ကို ရေလောင်ပေးမည့်လူ ရှာမတွေ့နိုင်ခဲ့သော် အခက်တွေ့လေ ဖြစ်ကြောင်း တို့ကို တွေးနေခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်မသည် ဧဝံဂေလိတရားတော် အမှုတွင် မည်သည့်စိတ်ဝင်စားမှုမျှ မရှိခဲ့သောကြောင့်၊ ဧဝံဂေလိအမှုတော်သည်လည်း ဆုံးရှုံးမှုကြီးမားစွာ ခံစားခဲ့ရပါသည်။ ကျွန်မသည် အသစ်သောလူများကို ရေလောင်းပေးခြင်းလုပ်ငန်းကို အာရုံစိုက်မှု မပေးခဲ့သည့် အားလျော်စွာ အသစ်သောယုံကြည်သူများသည် ရေလောင်း ပေးခြင်းကို အချိနီမီမခံရသည့်အတွက်ကြောင့် ထွက်ခွာသွားကြ သည့် ရလဒ်ဖြစ်စေခဲ့သည်။ အသင်းတော်က ကျွန်မအတွက် အိမ်ရှင်မိသားစုများနှင့် အထွေထွေ ကိစ္စရပ်များတွင် ပါဝင်တက်ရောက်နိုင်မည့် သူများကို ရှာဖွေရန် စီစဉ်ပေးခဲ့သော်လည်း၊ ကျွန်မသည် “သင့်တော်တဲ့ လူတွေ ဒါမှမဟုတ် အိမ်တွေ တစ်ခုမှ မရှိဘူး” ဆိုသည့် ဆင်ခြေဖြင့် အခက်အခဲများထဲတွင် ရှင်သန်နေဆဲဖြစ်ပြီး၊ မည်သည့်အရာမျှ ဆက်လက် လုပ်ဆောင်လိုစိတ် မရှိခဲ့ပါ။ ထို့အပြင်၊ ကျွန်မသည် အသက်တာဝင်ရောက်မှုအတွက် မည်သည်ဝန်ကိုမျှ မထမ်းခဲ့ပါ၊ ထိုအချိန်က လက်ရှိအခြေအနေဖြင့်သာ ကျေနပ်အားရနေခဲ့ပြီး မည်သည့်တိုးတက်မှုမျှ မရှာဖွေဘဲ အတိုင်းအတာတစ်ခုအထိ ဆုတ်ယုတ်လာကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုကို ဆုံးရှုံး၍၊ ရလဒ်အနေဖြင့်၊ အသင်းတော်၏ လုပ်ငန်းကို ရှုထောင့်အမျိုးမျိုးတွင် ကမောက်ကမများ ဖြစ်လာစေခဲ့ပါသည်။ ကျွန်မ၏အပြုအမူများအကြောင်းကို ကျွန်မတွေးမိသည်၊ ဤသည်မှာ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ခြင်း မည်သို့ဖြစ်ခဲ့ သနည်း။ ၎င်းသည် ဆိုးညစ်မှုကို လုပ်ဆောင်ခြင်း သက်သက်သာ ဖြစ်သည်။ သို့သော် ကျွန်မအနေဖြင့် ကျွန်မ၏လုပ်ငန်းသည် ထိုက်လျောက်သည့် အကျိုးကျေးဇူး မဖြစ်စေခဲ့သည့်တိုင် အနည်းဆုံးအဆင့် ကျွန်မပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ပြီး ဖြစ်သည့်အားလျော်စွာ၊ မည်သို့ပင်ဖြစ်စေ အသင်းတော်ထဲတွင် ငွေရှာနိုင်ဦးမည် ဖြစ်သည် ဟု အမှန်တကယ် ခံစားခဲ့ရပါသည်။ အသင်းတော်က ကျွန်မအား မိမိကိုယ်ကိုပြန်လှန်သုံးသပ်ရန် နှင့် အိမ်ပြန်ဖို့အတွက် စီစဉ်ပေးသည့် အချိန်တွင်၊ ကျွန်မ မတရားလုပ်ခံရသည်ဟုပင် ခံစားမိခဲ့သည်။ ကျွန်မသည် အသင်းတော်ကို ထောက်ပံ့သူတစ်ယောက် အနေဖြင့်ပင် မိမိကိုယ်ကို သတ်မှတ်ခဲ့ကာ အရှက်မရှိစွာဖြင့် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုလုပ်ပြီးလျှင်၊ ကျွန်မ၏ ဝါရင့်မှုကို မောက်မာဝါကြွားခဲ့သည်။ ကျွန်မသည် လွန်စွာဆင်ခြင်တုံတရားနည်းပါးပြီး၊ အသိတရား ကင်းမဲ့လွန်းသောသူ တစ်ယောက်ဖြစ်ခဲ့သည်။ ဤသို့သော ကျွန်မ၏စိတ်သဘောထားသည် ဘုရားသခင်အတွက် အလွန်ရွံမုန်းဖွယ် နှင့် စက်ဆုပ်ဖွယ်ဖြစ်ခဲ့သည်။ အသင်းတော်သည် လူ့အဖွဲ့အစည်းနှင့် ကွဲပြားခြား နားကာ သမ္မာတရားနှင့် ဘုရားသခင်သည် အသင်းတော်အတွင်းတွင် သြဇာအာဏာ တန်ခိုးရှိပြီး ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားသည် မည်သည့်သူတစ်ဦး တစ်ယောက်ကိုမျှ ကရုဏာထားရှိ မည်မဟုတ်ပေ။ သင်သည် မည်မျှပင် အရည်ချင်းပြည့်ဝသည်ဖြစ်စေ၊ မည်မျှလောက်သော ဆင်းရဲဒုက္ခများကို သည်းခံပြီးသည်ဖြစ်စေ သို့မဟုတ် ကိုယ်တော်၏ နောက်တော်သို့ မည်မျှပင်ကြာအောင် လိုက်ပြီးသည်ဖြစ်စေ အရေးမပါပေ။ သင်သည် ဘုရားသခင်၏ ပညတ်တော်ကို လေးလေးနက်နက် မမှတ်ယူပါက၊ ဘုရားသခင်၏စိတ်သဘောထားကို ပြစ်မှား စော်ကားခြင်း ဖြစ်သော​ကြောင့်၊ သင့်အပေါ်၌ ကျရောက်မည့်အရာအားလုံးသည် ဘုရားသခင်၏ အမျက်တော်နှင့် စီရင်ချက်ပင်ဖြစ်သည်။ မိမိ၏ပုံမှန်လုပ်ဆောင်ရမည့်အလုပ်ကို မလုပ်ဆောင်ခဲ့သည့် ကပ်ပါးကောင်ကဲ့သို့ ကျွန်မ၊ အသင်းတော်ကို အမှီပြုငွေရှာသည့် ကျွန်မသည် ဖြောင့်မတ်သောဘုရားသခင် ရှေ့တော်မှောက်၌ မည်သို့များ ချွင်းချက်တစ်ခု ဖြစ်နိုင်မည်နည်း။ ထိုအချိန်ကျမှသာလျှင် ကျွန်မအသင်းတော်က ကျွန်မအား အိမ်သို့ပြန်ပြီး မိမိကိုယ်ကို ပြန်လှန်သုံးသပ်စေခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်မှု ဧကန်မုချပင် ဖြစ်ကြောင်း ကို နားလည်သဘော​ပေါက်ခဲ့သည်။ ယင်းမှာ ဘုရားသခင်သည် သူ၏ တော်လှန်ပုန်ကန်သော သားကို ပေးနိုင်သည့် အကြီးမားဆုံး ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့သာ ဖြစ်ပါသည်။ သို့မဟုတ်ပါက၊ ကျွန်မသည် “မည်မျှပင်ထိုက် လျောက်သည့်အကျိုးမဖြစ်ထွန်းစေသည့်တိုင်၊ မည်သို့ပင် ကျွန်မလုပ်ဆောင်ခဲ့ သည့်အမှုကြောင့် အသင်းတော်တွင် အနည်းဆုံးအဆင့် ငွေရှာနိုင်မည်” ဆိုသည့် မှားယွင်းသည့် အမြင်ကိုဆက်လက်ဆွဲကိုင်ထားကာ၊ မိမိကိုယ်တိုင် ယက်နှောင်ထား သည့် လှပသည့် အိမ်မက်ထဲတွင် အိပ်မောကျနေမည်သာ ဖြစ်သည့်အပြင်၊ ကျွန်မ၏ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးတို့ဖြင့် လုံးလုံးလျားလျားပင် ပျက်စီးခဲ့မည်သာဖြစ်ပါသည်။

ဘုရားသခင်၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းက ကျွန်မအား ဘုရားသခင်၏သန့်ရှင်းခြင်းနှင့် ဖြောင့်မတ် ခြင်းကို သိမှတ်စေပြီး ဘုရားသခင်က ကျွန်မကို ကယ်တင်ဖို့ရန် ရိုးသားသည့် ရည်ရွယ်ချက်ကို နားလည်စေပါသည်။ ကျွန်မသည် ဘုရားသခင်ရှေ့တော်မှောက်တွင် လဲပြိုကျလျက် ကျေးဇူးပြုဆုတောင်းခြင်းကို မပြုပဲ မနေနိုင်တော့ပါ။ “အို ဘုရားသခင်၊ ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ကို ချီးမွမ်းပါတယ်၊ ကျွန်မကိုကယ်တင်တော်မူခဲ့တဲ့နည်းလမ်းက ကျွန်မရဲ့အယူအဆ အယူအဆတွေနဲ့ မကိုက်ညီပေမယ့်လည်း၊ အခုတော့ ကိုယ်တော်ရဲ့ အလိုတော်နဲ့ ရိုးသားတဲ့ ရည်ရွယ်ချက်တို့ကို ကျွန်မနားလည်ခဲ့ပါပြီ။ ကျွန်မ ကိုယ်တော်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ စီရင်ချက်တို့ကို လက်ခံဖို့ လိုလားပါတယ်၊ ပြီးတော့ အဲဒီလို ပြစ်တင်ဆုံးမခြင်း နဲ့ စီရင်ချက်တို့အားဖြင့် သင့်တော်စွာ ကိုယ့်ကိုယ်ကို ပြန်လှန်သုံးသပ်ပြီး သိကျွမ်းလာဖို့ကိုလည်း လိုလားပါတယ်၊ ပြီးတော့ ကိုယ်တော့်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိကျွမ်းဖို့အပြင်၊ နောင်တရပြီး၊ လူသစ်တစ်ယောက်ဖြစ်လာဖို့ အသစ်ကစဖို့ကိုလည်း လိုလားပါတယ်။”

ယခင်က:သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

နောက်တစ်ခုသို့:ဤသို့ အစေခံခြင်းမျိုးသည်အမှန်တကယ်စက်ဆုပ်ဖွယ် ဖြစ်သည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ