အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၂၂- သခင်ယေရှုသည် ကားတိုင်တွင် လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် သံမှိုရိုက်ခံခဲ့ရပြီး၊ ထိုသို့ဖြင့် ကျွန်ုပ်တို့ကို အပြစ်မှ ရွေးနုတ်ခဲ့သည်။ သခင်ယေရှုမှ ကျွန်ုပ်တို့ လမ်းလွဲပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လျှင်၊ ဤသည်မှာ သခင်ယေရှုကို သစ္စာဖောက်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဤသည်မှာ ယုံကြည်ကိုးကွယ်မှုကို စွန့်လွှတ်ခြင်း ဖြစ်လိမ့်မည်မဟုတ်ပါလား။

အဖြေ-

ယခု နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် အသစ်သောအမှုကို ပြုပြီး နာမသစ်ကို လက်ခံပြီးချိန်တွင်၊ ကျွန်ုပ်တို့က ဘုရားသခင်ကို သစ္စာဖောက်နေကြပါသလား သို့မဟုတ် သခင်ယေရှု၏ အမည်နာမကို စွန့်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို လက်ခံချိန်တွင် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့ အမှီလိုက်နေကြပါသလား။ ဘုရားသခင်သည် အသစ်သော အမှုကို အစပြုသည့်အခါ၊ လူသည် ဘုရားသခင်၏ အမှုတော်ကို အမှီလိုက်ခြင်းအားဖြင့်သာ ကယ်တင်ခံရနိုင်သည်။ ဤသည်မှာ မှန်၏။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုသည့် အမည်နာမကို ဘုရားသခင် ခံယူရသည့် အကြောင်းရင်းသည် နောက်ဆုံးသော ကာလတွင် ပြီးမြောက်လျက်ရှိသည့် အမှုတော် နှင့် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားတို့နှင့် ဆက်စပ်သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့ မြင်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်တော်မူသည်မှာ- “ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ) နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုတော်မှာ လူတို့ကို သူတို့၏ အမျိုးအစားအရ ထားရှိကာ ခေတ်ကာလကို အဆုံးသတ်ရင်း ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်ကို တရားစီရင်ရန် နှင့် ပြစ်တင်ဆုံးမရန် ဖြစ်သည်။ သခင်ယေရှု၏ ရွေးနုတ်ခြင်းကြောင့်၊ ကျွန်ုပ်တို့၏ အပြစ်များ ခွင်လွှတ်ခြင်းခံခဲ့ရသည်။ သို့သော်- ကျွန်ုပ်တို့သည် အပြစ်တရားမှ မိမိတို့ကိုယ်ကို လုံးလုံး- ခွဲထွက်ခြင်းမရှိသေးသည်မှာ ငြင်း၍မရပေ။ ကျွန်ုပ်တို့၏ စိတ်သဘောထားများက မာနထောင်လွှားလျက်ရှိသည်၊ တကိုယ်ကောင်းဆန်သည်၊ အလိုရမ္မက်ကြီးသည်၊ လှည့်ဖြားတတ်ပြီး ဆိုးညစ်နေဆဲဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းအတွက် ကျေးဇူးတော်အပေါ် မှီခိုရင်း နေ့အချိန်အတွင်း အပြစ်ပြုကာ ညတွင် နောင်တရခြင်တို့ ပြုလုပ်သည့် ရက်စက်ကြမ်းတမ်းသည့် သံသရာစက်ဝိုင်း၌ ပိတ်မိကြပေသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့ကို လုံးလုံးလျားလျား ကယ်တင်ဖို့ရန်အလို့ငှာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သူ၏ ဖြောင့်မတ်သော၊ ဘုန်းအာနုဘော် ဖြစ်သော၊ ပုန်ကန်ပြစ်မှား၍မရနိုင်သော စိတ်သဘောထားဖြင့် စကားပြောဆိုပြီး ကျွန်ုပ်တို့ထံ လုံးဝ ခေတ်အသစ်ဖြစ်သော နိုင်ငံတော်ခေတ်ကို ယူဆောင်လျက် သူ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သိမ်းပိုက်ခြင်း နှင့် လူသားကို သန့်စင်ခြင်းနှင့်ဆိုင်သော အမှုတော်သစ်ကို လုပ်ဆောင်သည်။ နောက်ဆုံးသော ကာလထဲက ဘုရားသခင် ဆောင်ရွက်သော အမှုတော်အဆင့်သည် နမိတ်လက္ခဏာတို့ကို မပြသပါ။ အရာအားလုံးအား နှုတ်ကပတ်တော်ဖြင့် ပြီးမြောက်စေသည်။ လူသား၏ အပြစ်၊ ပုန်ကန်ခြင်း နှင့် မဖြောင့်မတ်ခြင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရသည်၊ ထိုသို့အားဖြင့် လူကို သန့်စင်စေကာ စုံလင်စေသည်၊ ယင်းမှ ဘုရားသခင်သည် အရာခပ်သိမ်းတတ်စွမ်းနိုင်ပြီး ပညာဉာဏ်အလွန်ရှိသည်ကို ကျွန်ုပ်တို့ မြင်နိုင်ပေသည်။ ဘုရားသခင်သည် ဧကန်အမှန် အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာရာတိုင်းကို အုပ်စိုးသည်မှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့်၊ လူတို့သည် ဘုရားသခင်ရှေ့တွင် ဝပ်တွားကာ ကိုးကွယ်ကြသည်။ တစ်ချိန်တည်းတွင်၊ အနှစ်ခြောက်ထောင်ကြာ စာတန်နှင့် စစ်ရေး ဆင်နွှဲမှုကို လုံးဝ အဆုံးသတ်ရန် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို အသုံးပြုပါသည်။

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတော်သည် လူတို့အား သူတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း အမှုတော်လည်း ဖြစ်သည်။ ဤအရာက “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” ဟူသော ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၄:၁၇ ၏ ပရောဖက်ပြုချက်ကို ပြည့်စုံစေသည်။ ဤအရာက ဆိတ်မှ သိုး၊ တောပင်များမှ ဂျုံစပါး၊ ဆိုးညစ်သော အစေခံမှ ကောင်းသောအစေခံတို့ကို ခွဲခြားခြင်းနှင့်ဆိုင်သော ပရောဖက်ပြုချက်ကိုလည်း ပြည့်စုံစေသည်။ ဤသည်တို့သည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြုတော်မူသော အမှုတော် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်အချို့ကို ဖတ်ရှုပြီးနောက်တွင် ယင်းကို ကျွန်ုပ်တို့ နားလည်ကြပါလိမ့်မည်။

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူအားလုံးကို၊ အဆုံးတိုင်အောင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင်ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူ၏။ သို့သော် ဘုရားသခင်ကိုယ်တိုင်၏ခေတ် မရောက်လာမီတွင် ဘုရားသခင်၏အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူသား၏ အသက်တာကို စုံစမ်းမှုပြုရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းကို သန့်စင်ပေးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူအယောက်စီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။

ယခင်တွင် ပြောခဲ့သော စကားလုံးများထဲမှ ‘တရားစီရင်ခြင်း’ ဟူသည့်စကားလုံးသည် ‘တရား စီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ပေလိမ့်မည်’ နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများထံ ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ချက်ကို ရည်ညွှန်းသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။ သို့ဖြစ်ရာ ယင်းသို့သော စိတ်သဘောထားသည် ခေတ်ကာလ၏အရေးပါမှုနှင့် ပြည့်ဝနေသည်၊ ထို့ပြင် သူ့စိတ်သဘောထား၏ ဖွင့်ဟချက်နှင့် ဖော်ပြချက်တို့ကို ခေတ်သစ်တစ်ခုစီ၏ အလုပ်အတွက် ပေါ်လွင်ထင်ရှားစေသည်။ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ရည်ရွယ်ချက်မရှိဘဲ ထင်ရာမြင်ရာ ထုတ်ဖော်ခြင်း မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏ရလဒ်ကို ထုတ်ဖော်ရာတွင် ဘုရားသခင်သည် လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားပြီး သူ့ကို ဆက်လက်ချစ်မြတ်နိုးကာ ဖြောင့်မတ်သော တရားစီရင်မှုကို မခံရစေဘဲ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို လူသားအားပြသပေးကာ သူ၏အပြစ် မည်မျှကြီးမားသည်ဖြစ်စေ ဖြောင့်မတ်သော တရားစီရင်မှုကို မြူမှုန်မျှ မရှိစေဘဲ လူသားကို အပြစ်လွှတ်ပေးမည်ဆိုပါက ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင်မှ အဆုံးသတ်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူသားမျိုးနွယ်ကို သင့်လျော်သော ခရီးပန်းတိုင်သို့ မည်သည့်အချိန်တွင်မှ ပို့ဆောင်ပေးမည်နည်း။ အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ဥပမာကြည့်ပါ။ သူသည် လူတို့ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ သူတို့ကို ချစ်မြတ်နိုးပြီး သူတို့ မည်သူပင်ဖြစ်စေကာမူ သူသည် သူတို့ကို ချစ်ခင်မြတ်နိုးပြီး သည်းခံခွင့်လွှတ်သည် ဆိုပါစို့။ ထိုသို့ဆိုလျှင် သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်း ဖြောင့်မတ်သော တရားစီရင်မှုသည်သာလျှင် လူသားကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နယ်ပယ်သစ်သို့ ယူဆောင်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)”) ဘုရားသခင်၏ နှုတ်ကပတ်တော်က နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အဓိကအမှုတော်မှာ အရာခပ်သိမ်းကို သူတို့၏ အမျိုးအစားအလိုက် ထားရှိရန်ဖြစ်သည်ကို ရှင်းလင်းစွာ ပြောသည်။ ယင်းသည် နှုတ်ကပတ်တော်အားဖြင့် လူကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ လူ၏အပြစ်ကို တရားစီရင်ခြင်း နှင့် လူ၏ ပုန်ကန်မှုနှင့် မတရားမှုကို ပြစ်တင်ဆုံးမခြင်း၊ လူကို လုံးလုံးလျားလျား ပြောင်းလဲခြင်း နှင့် လူကို စုံလင်စေခြင်းတို့လည်း ဖြစ်ပေသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး နာခံသူအားလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း ခံရမည့်သူများဖြစ်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းသည်သာ လူကို ကယ်တင်နိုင်သည်၊ လူကိုစုံလင်စေနိုင်ပြီး အသစ်သော လောကထဲသို့- ပို့ဆောင်နိုင်သည်။ ချစ်ခင်တတ်ပြီး သနားကရုဏာနှင့်ပြည့်စုံသော ကယ်တင်ရှင် ယေရှုသည် လူ့အပြစ်ကို ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အမှုတော်ကိုသာ လုပ်ဆောင်ခဲ့သည်။ သူသည် လူတို့ကို သူတို့၏ ကိုယ်ပိုင်အမျိုးအစားအလိုက် ခွဲခြားခြင်းသာမက၊ လူကို သန့်စင်ခြင်းနှင့် ပြောင်းလဲစေခြင်း အမှုတော်ကိုလည်း လုပ်ဆောင်ရန် မဟုတ်ခဲ့ပါ။ ထို့ကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို လက်ခံခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို ကြီးမြတ်သောအရာအဖြစ် ဂုဏ်ပြုခြင်းအားဖြင့်သာ၊ လူသည် ဘုရားသခင်၏ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ အမည်နာမကို ထိန်းသိမ်းသော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို ငြင်းပယ်လျှင်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ လူသားမျိုးနွယ်အတွက် သမ္မာတရား နှင့် ကယ်တင်ခြင်းတို့ကို ကျွန်ုပ်တို့ ရရှိလိမ့်မည် မဟုတ်ပေ။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူတို့၏ အသက်တာများကို ဦးဆောင်ဖို့ရန် ပညတ်တရားများကို လူသားမျိုးနွယ်ထံ တစ်ချိန်က ကြေငြာခဲ့သည့် ယေဟောဝါ ဘုရားသခင် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ကားတိုင်တွင် သံမှိုရိုက်နှက်ခံခဲ့ရသည့် သခင်ယေရှုလည်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ သခင်ယေရှု၏ ရွေးနုတ်ခြင်းနှင့် ယေဟောဝါ ဘုရားသခင်၏ ပညတ်တရားအားလုံးတို့သည် တစ်ပါးတည်းသော ဘုရားသခင်၏ အမှုတော်ဖြစ်သည်။ သူ၏ ကိုယ်ပိုင် အစီအစဉ်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူကို တစ်ဆင့်ချင်းစီ ကယ်တင်လေသည်။

ယနေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို ကျွန်ုပ်တို့ လက်ခံကြသည်၊ ယင်းက သခင်ယေရှုကို ကျွန်ုပ်တို့ ကျေးဇူးကန်းပြီး သူ့ကို သစ္စာဖောက်ကြသည်ဟု မဆိုလိုပါ။ ယင်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လမ်းခရီးတွင် မှန်မှန်ကန်ကန် နေထိုင်ရင်းနှင့် သစ္စာနှင့် သူ့နောက်လိုက် ရင်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းများနောက် လိုက်နေကြခြင်းဟု ဆိုလိုပြီး ထိုသို့အားဖြင့်သာ ဘုရားသခင်၏ လက်ခံမှုကို ကျွန်ုပ်တို့ နှင့် တွေ့ကြလိမ့်မည်ဖြစ်သည်။ ဗျာဒိတ်ကျမ်း ၁၄:၄ တွင်၊ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။” ဟု ဆိုသကဲ့သို့ ဖြစ်သည်။ ယေရှု၏ အမည်နာမကို မလျှော့တမ်းပြောဆိုပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို လက်ခံဖို့ ငြင်းပယ်သောသူတို့သည် ဘုရားသခင်ကို သစ္စာဖောက်သူများသာ ဖြစ်လာကြပြီး၊ သူ့အားဖြင့် သုတ်သင်ပယ်ရှင်း ခံရလိမ့်မည်။ ယေရှု အမည်နာမဖြင့် အမှုပြုဖို့ ဘုရားသခင် ကြွလာခဲ့သည့်အချိန်တွင်၊ ဘုရားသခင်၏ အသစ်သော အမှုတော်ကို လက်ခံခဲ့ပြီး သခင်ယေရှု နောက်လိုက်ခဲ့ကြသည့် ထိုတပည့်တော်တို့သည် မှန်သောလမ်းခရီးကို မစွန့်ပစ်ခဲ့ကြသကဲ့သို့၊ ယေဟောဝါ ဘုရားသခင်ကိုလည်း သစ္စာမဖောက် ခဲ့ကြပါ။ အမှန်တွင်၊ သူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို အမှီလိုက်ခဲ့ကြပြီး၊ ဘုရားသခင်ကို သစ္စာရှိသူများ ဖြစ်ခဲ့ကြစဉ်တွင် မိမိတို့ကိုယ်ကိုယ် ယေဟောဝါ ဘုရားသခင်ကို သစ္စာရှိသည်ဟု ထင်ကြပြီး၊ ယေဟောဝါ၏ အမည်နာမတစ်ခုတည်းကိုသာ မလျှော့တမ်း ပြောဆိုခဲ့ကြ သည့် ဖာရိရှဲတို့က သခင်ယေရှုကို ငြင်းပယ်ခဲ့ကြသည်။ အကျိုးဆက်မှာ သူတို့၏ သစ္စာရှိခြင်းက ယေဟောဝါ ဘုရားသခင်၏ လက်ခံမှုကို မရရှိခဲ့ဘဲ၊ အတော်အတန် ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။ သူတို့သည် ဘုရားသခင်၏ ကျိန်ဆဲခြင်းများနှင့် အပြစ်ပေးခြင်းတို့ကို ခံခဲ့ကြရသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့အနေဖြင့်၊ ဖာရိရှဲတို့၏ ကျရှုံးခြင်းမှ သင်ယူရပါမည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို ကျွန်ုပ်တို့ လက်ခံရမည်ဖြစ်ပြီး၊ ဘုရားအမှုတော်၏ ခြေလှမ်းများကို အမှီလိုက်ရမည်ဖြစ်သည်။ ထိုသို့အားဖြင့်သာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ရရှိနိုင်ပေသည်။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

ယခင်က:မေးခွန်း ၂၁- “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) ဟု သမ္မာကျမ်းစာထဲတွင် ရေးသားထားပါသည်။ ထို့ကြောင့် သခင်၏ နာမသည် ဘယ်သောအခါမျှ မပြောင်းလဲပါ။ သို့သော် သခင်သည် နောက်ဆုံးသော ကာလတွင် အမည်နာမသစ်ဖြင့် ကြွလာပြီဖြစ်ပြီး သူ၏ အမည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်သည်ဟု သင်တို့ ပြော၏။ ယင်းသည် အဘယ်သို့ ဖြစ်နိုင်မည်နည်း။

နောက်တစ်ခုသို့:မေးခွန်း ၂၃- သခင်ယေရှုက၊ “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန် ၄:၁၄) ဟု ဆိုခဲ့သည်။ လူအများစုက သခင်ယေရှုသည် ကျွန်ုပ်တို့အပေါ် ထာဝရအသက်လမ်းကို ပေးနှင့်ပြီးဖြစ်သည်ဟု ထင်ကြသည်၊ သို့သော် နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ခဲ့ရ၏။ ဤအရာအားလုံးမှာ အဘယ်နည်း။ ယင်းက နောက်ဆုံးသောကာလ ခရစ်တော်ကသာ ထာဝရအသက်လမ်းကို လူသားအား ပေးနိုင်သည်ဟု အဘယ်ကြောင့် ဆိုပါသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ