အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၉၂ ဘုရားကို အမှီမပြုဘဲ မည်သည့်အရာမျှ မပြီးမြောက်နိုင်ကျူး

၁ အို ပျက်စီးနေသောသူတို့။ သင်တို့သည် ယနေ့တွင် ငါ့ကို အမှီပြုရမည်၊ အကယ်၍ သင်တို့မပြုလျှင်၊ ယနေ့တွင် ငါဆိုသည်မှာ သင်တို့သည် ဘယ်သောအခါမှ တစ်စုံတစ်ရာကိုမျှ စွမ်းဆောင်နိုင်မည်မဟုတ်။ အားလုံးတို့သည် အချည်းနှီးသက်သက်သာ ဖြစ်လိမ့်မည်ဖြစ် ပြီး သင်၏လုပ်ငန်းတို့မှာ အသုံးမကျ ဖြစ်လိမ့်မည်။အချိန်ဆွဲခြင်း သို့မဟုတ်တုံ့ဆိုင်းခြင်း မပြုနှင့်၊ ယနေ့တွင် ငါ့ကိုချစ်သောသူ အယောက်ဆီတို့သည် သူတို့အပေါ်၌ ဆောင်ရွက်မည့် ငါ၏အံ့ဖွယ်သောအမှုကို ကြုံတွေ့ရမည်။ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချသောသူတို့ကို ငါလက်မခံဘဲ ယနေ့တွင် ငါသည် လုံးလုံးလျားလျား နှိမ့်ချသူတို့ကိုသာလျှင် အသုံးခသည်။ အခြားသူတို့၏ အထင်အမြင်သေးခြင်းကို ခံရသည့် ငါ့ကို စစ်မှန်သော စိတ်နှလုံးနှင့် ချစ်သောသူတို့၊ ငါ့ထံ သူတို့ကိုယ်ကို ်အပြည့်အဝ ဖွင့်ဟသူတို့ကိုသာလျှင် ငါသည် အပြည့်အဝ ဖွင့်ဟမည်။ ငါ၏ရည်ရွယ်ချက်တို့ကို သင်တို့ကို နားလည်စေ၍ အချိန်တိုင်း၌ သင်သည် ငါ၏ရှေ့တွင် ငါ၏ကောင်းကြီးမင်္ဂလာတို့ကို ရရှိလိမ့်မည်။ ယနေ့တွင် ငါ့အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးပြုသူ၊ ငါ့အတွက် ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်သူတို့နှင့် ငါ့အတွက် ဝန်တို့ကိုထမ်းပေးသူတို့ကို ငါသည် ဘယ်သောအခါမျှ မတရားစွာ ဆက်ဆံမည်မဟုတ်၊ ထိုသို့ဖြင့် ငါ၏ဖြောင့်မတ်ခြင်းကို ထုတ်ဖော်လှစ်ဟမည်။

၂ ငါ့နှင့်ပတ်သက်၍ မညည်းညူကြနှင့်။ ငါ၏ ကျေးဇူးတော်သည် သင်တို့အတွက် လုံလောက်ပေ၏။ သင်သည်လည်း လာ၍ ယူဆောင်နိုင်သည် ထိုမှသာ သင်သည် နှိုင်းယှဉ်၍မရသော ချိုမြိန်ခြင်းကို အရသာတွေ့ပေလိမ့်မည်။ ထိုအရာသည် သင်၌ ငါ့အတွက် ချစ်ခြင်းမေတ္တာကို ဖန်တီးရုံသာမက ထိုချစ်ခြင်းမေတ္တာကိုပါ လေးနက်စေမည်ဖြစ်သည်။ငါ၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ပြီး ထိုအမှုအရာသည် ဂရုမပြုခြင်း သို့မဟုတ် မရေရာခြင်း လုံးလုံးမဟုတ်။ ငါ့နောက်သို့လိုက်ရန် သင်တို့သည် ဤအရာကိုလည်း ဆောင်ရွက်ရမည်။ ငါ၏ ကိုယ်နှုတ်အမူအရာကို ကြည့်ရှု၍ သင်ယူလော့၊ ဤနည်းဖြင့် ငါ၏ခြေလှမ်းများနောက် လိုက်လျှောက်ပါက သင်တို့သည် နိုင်ငံတော်၏ ထင်ရှားပေါ်ထွန်းခြင်းသို့ ခေါ်ဆောငခြင်း ခံရလိမ့်မည်။ တစ်သံတည်းဖြင့် ဩဘာပေးကြွေးကြော်လော့။ ငါ၏သားတို့။ သင်တို့လူစုအပေါ်သို့ ဘုရားသခင်၏အမှု ပြီးမြောက် လိမ့်မည်။ သင်တို့သည် ကောင်းချီးမင်္ဂလာ မခံစားကြရသလော။ဤအရာသည် အမှန်တကယ် နားလည်သဘောပေါက်ရန် ခက်ခဲလှသည်။ ငါ၏ အံ့ဖွယ်သောအမှုတို့ကို သင်တို့မြင်နိုင်ရန် သင်တို့ကို ယနေ့ ဤနေရာသို့ ခေါ်ဆောင်လေပြီ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:စာတန်ကို အနိုင်ယူရန် ဘုရားကို အချိန်ပြည့် မှီခိုလော့ကျူး

နောက်တစ်ခုသို့:အခြားသူများနှင့် မှန်ကန်သောဆက်ဆံရေးရှိရန် ဘုရား၏နှုတ်ကပတ်တော်များကို နမူနာယူလော့ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ