၂) လူသားသည် ဘုရားသခင်ကို အဘယ့်ကြောင့် မနာခံနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးမှုကို ခံထားရပြီးဖြစ်သောကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် သူ၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်းဖြစ်သည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့ခြင်းနောက် လိုက်ခြင်းသည်လည်း မဖြစ်နိုင်ပေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိသူများသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို လူသားက ရှင်းရှင်းလင်းလင်း သိလျက်၊ သူ၏ နောက်ကွယ်တွင် သူ့ကို ဝေဖန်အကဲဖြတ်ကာ သူ့ကို နာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် ဘုရားသခင်ကို ကျိုးကြောင်းမမြင် တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်သည်။ မူမမှန်သော အသိစိတ် ရှိသည့်- ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ပုန်ကန်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် စိတ်မချရသော အသိစိတ် ရှိလေလေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်” မှ

သင်သည် ဘုရားသခင်ထံမှ အလင်းသစ်ကို လက်မခံနိုင်သကဲ့သို့၊ ယနေ့ ဘုရားသခင် ပြုသည့် အရာအားလုံးကို နားမလည်နိုင်ဖြစ်ကာ ယင်းကို မရှာဖွေပါက၊ သို့မဟုတ် ယင်းကို သံသယဖြစ်ပါက၊ ယင်းနှင့်ပတ်သက်၍ ဝေဖန်ပါက သို့မဟုတ် ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ စိစစ်ပါက၊ သင်သည် ဘုရားသခင်ကို နာခံချင် စိတ်မရှိပေ။ ယခုအချိန်၏ အလင်းပေါ်ထွန်းသည့်အခါ၊ သင်သည် ယမန်နေ့၏ အလင်းကို တန်ဖိုးထားဆဲဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်ကို ဆန့်ကျင်ပါက၊ သင်သည် အဓိပ္ပာယ်မဲ့သောသူ တစ်ဦးသာဖြစ်၏- သင်သည် ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်သူများထဲမှတစ်ဦး ဖြစ်သည်။ ဘုရားသခင်ကို နာခံခြင်း၏ အဓိကသော့ချက်မှာ အလင်းသစ်ကို အသိအမှတ်ပြုခြင်းနှင့် ယင်းကို လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤတစ်ခုတည်းသာ စစ်မှန်သော နာခံခြင်း ဖြစ်သည်။ ဘုရားသခင်အား တမ်းတရန် အလိုဆန္ဒ ကင်းမဲ့သူများသည် သူ့ကို တမင်တကာ နာခံခြင်းငှာ မတတ်စွမ်း နိုင်ကြသကဲ့သို့၊ ရှိရင်းစွဲအခြေအနေကို ၎င်းတို့ စိတ်ကျေနပ်ခြင်း၏ ရလဒ်တစ်ခုအဖြစ် ဘုရားသခင်ကို ဆန့်ကျင်ရုံသာ ဆန့်ကျင်နိုင် ကြပေသည်။ လူသားသည် ဘုရားသခင်ကို မနာခံနိုင်သည်မှာ ၎င်းသည် ယခင်က လာခဲ့သည့်အရာကို စိတ်စွဲနေသောကြောင့် ဖြစ်သည်။ ယခင်က လာခဲ့သည့် အရာများသည် လူတို့ကို ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးမျိုးစုံတို့ကို ပေးပြီးဖြစ်ကာ ဤအရာများသည် ၎င်းတို့၏ စိတ်များထဲ၌ ဘုရားသခင်၏ ပုံရိပ် ဖြစ်လာပြီးဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့ ယုံကြည်သည့် အရာများသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ နှင့်ဆိုင်သော စံနှုန်းများ ဖြစ်သည်။ ယနေ့တွင် တကယ့်အမှုကိုပြုသော ဘုရားသခင်နှင့် သင်၏စိတ်ကူး၌ရှိသည့် ဘုရားသခင်ကို ယှဉ်၍ သင် တိုင်းတာပါက၊ သင်၏ယုံကြည်ခြင်းသည် စာတန်ထံမှလာပြီး၊ သင်၏ ကြိုက်နှစ်သက်မှုများဖြင့် စွန်းထင်းနေပေသည်- ဘုရားသခင်သည် ဤသို့သော ယုံကြည်ခြင်းမျိုးကို မလိုလားပေ။ ၎င်းတို့၏ အရည်အချင်းများ မည်မျှမြင့်မားသည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ၎င်းတို့၏ ဆက်ကပ်မှုများကို ပဓာနမထားဘဲ- ၎င်းတို့သည် ဘုရားသခင်၏အမှုအဖို့ တစ်သက်တာ အားထုတ်မှုများကို ဆက်ကပ်ပြီးဖြစ်ကာ မိမိတို့ကိုယ်ကိုယ် အသက်စတေးပြီးဖြစ်လျှင်ပင်- ဘုရားသခင်သည် ဤကဲ့သို့သော ယုံကြည်ခြင်းရှိသည့် မည်သူကိုမျှ မထောက်ခံပေ။ သူသည် ၎င်းတို့အပေါ် ကျေးဇူးတော် အနည်းငယ်မျှသာ အပ်နှင်းပြီး၊ ယင်းကို အချိန်တစ်ခုကြာ မွေ့လျော်ခွင့်ပေးလေသည်။ ဤသို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်းတွင် အလုပ် မလုပ်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့အသီးသီးကို တစ်ယောက်တစ်လဲ ဖယ်ရှားမည်ဖြစ်သည်။ အသက်ကြီးသောသူများဖြစ်စေ၊ အသက်ငယ်သော သူများ ဖြစ်စေ၊ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို မနာခံသကဲ့သို့၊ မှားယွင်းသော ရည်ရွယ်ချက်များရှိသူတို့သည် ဆန့်ကျင်သူများနှင့် နှောင့်ယှက်သူများဖြစ်ပြီး၊ ထိုသို့သောလူများသည် ဘုရားသခင်၏ မလွဲမသွေ ဖယ်ရှားခြင်း ခံရလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်” မှ

ဘုရားသခင်ကို လူတို့ နာခံနိုင်သည် မနာခံနိုင်သည်ကို တိုင်းတာရာတွင်၊ ကြည့်ရှုရမည့် အဓိကအရာမှာ ဘုရားသခင်ထံမှ တစ်ခုခုကို ၎င်းတို့ အလွန်အကျွံ လိုချင်၊ မလိုချင် ဆိုသည်နှင့် ၎င်းတို့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိ၊ မရှိဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင်၊ ယင်းက သူ့ကို ၎င်းတို့ မနာခံသည်ကို သက်သေပြ၏။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်မဆို၊ သင်သည် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံနိုင်လျှင်၊ သမ္မာတရားကို သင် မရှာဖွေနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန် မကျသော တွေးခေါ်မြော်မြင်ချက်မှ အမြဲပြောဆိုပြီး သင်သာ မှန်ကန်သည်ဟု အမြဲခံစားနေလျှင်၊ ဘုရားသခင်ကို သံသယပင် ထားနိုင်စွမ်းရှိနိုင်သေးလျှင်၊ သင်သည် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မာနအထောင်လွှားဆုံးနှင့် ဘုရားသခင်ကို အပုန်ကန်ဆုံးသော သူများ ဖြစ်ကြ၏။ ဘုရားသခင် အပေါ် အမြဲတောင်းဆိုမှုများ ပြုကြသည့် လူများသည် ဘုရားသခင်ကို မည်သည့်အခါမျှ အမှန်တကယ် မနာခံနိုင်ကြပေ။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင်၊ ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်သည်၊ သင်၏ ကိုယ်ပိုင် အတွေးများကို သင်ရွေးချယ်နေပြီး သင်၏ ကိုယ်ပိုင် အတွေးအများအတိုင်း သင် ပြုမူသည်ကို သက်သေပြ၏။ ဤတွင်၊ ဘုရားသခင်ကို သင် သစ္စာဖောက်ပြီး နာခံမှုမရှိပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းသည် ဆင်ခြင်တုံတရားမရှိချေ၊ သူက ဘုရားသခင် ဖြစ်သည်ကို သင် အမှန်တကယ် ယုံကြည်လျှင်၊ သူ့အပေါ် တောင်းဆိုမှုများကို သင် လုပ်ဝံ့လိမ့်မည်မဟုတ်သကဲ့သို့၊ ထိုတောင်းဆိုမှုများက ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ၊ သူ့အပေါ် တောင်းဆိုမှုများပြုဖို့ သင် အရည်အချင်းရှိလိမ့်မည်လည်း မဟုတ်ပေ။ သင်သည် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး သူက ဘုရားသခင်ဖြစ်သည်ကို ယုံကြည်လျှင်၊ သူ့ကို ကိုးကွယ်ပြီး နားခံဖို့မှတစ်ပါး ရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်။ ယနေ့ လူတို့သည် ရွေးချယ်မှုတစ်ခု ရှိသည်သာမက၊ ၎င်းတို့၏ ကိုယ်ပိုင် အတွေးများနှင့်အညီ ပြုမူရန် ဘုရားသခင်ကို တောင်းဆိုခြင်းပင်ပြုကြပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများကို ရွေးချယ်လျက် ဘုရားသခင်အနေဖြင့် ၎င်းတို့အဆိုအရ ပြုမူရန် တောင်းဆိုကြကာ၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ အကြံအစည်များအတိုင်း ပြုမူရန် တာဝန်ရှိသည်ဟု မသတ်မှတ်ချေ။ ထို့ကြောင့်၊ ၎င်းတို့အတွင်းတွင် စစ်မှန်သော ယုံကြည်ခြင်း မရှိသကဲ့သို့၊ ၎င်းတို့၏ ယုံကြည်ခြင်းအဖို့ မည်သည့် အနှစ်သာရမျှ မရှိပေ။ ဘုရားသခင်ကို သင် သာ၍နည်းပါးသော တောင်းဆိုမှုများ ပြုလုပ်နိုင်သည့်အခါ၊ သင်၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ ကြီးထွားကြလိမ့်မည်ဖြစ်ပြီး၊ သင်၏ ဆင်ခြင်တုံတရား အသိစိတ်သည်လည်း အတော်အတန် ပုံမှန်ဖြစ်လာလိမ့်မည်။ လူတို့သည် ဆင်ခြင်တုံတရားကို လိုလားလေလေဖြစ်ပြီး ကျိုးကြောင်းပြချက် ပေးလေလေ၊ ၎င်းတို့နှင့်ဆက်ဆံရန် သာ၍ ခက်လေလေဖြစ်သည်။ ၎င်းတို့၌ တောင်းဆိုချက်များစွာ ရှိကြသည်သာမက၊ အနည်းငယ် အလျော့ပေးသည့်အခါလည်း ကမ်းတက်တတ်လေသည်။ ကဏ္ဍတစ်ခုတွင် စိတ်ကျေနပ်သည့်အခါ၊ နောက်တစ်ခုတွင် တောင်းဆိုမှုများ ၎င်းတို့ ပြုကြသည်၊ ၎င်းတို့သည် ကဏ္ဍအားလုံးတွင် စိတ်ကျေနပ်ရမည်ဖြစ်ပြီး၊ ၎င်းတို့ စိတ်မကျေနပ်ပါက၊ စတင် ညည်းညူကြပြီး မျှော်လင့်ချက်မဲ့သကဲ့သို့ မိမိတို့ကိုယ်ကိုယ် သဘောထားကြလေသည်။ နောက်ပိုင်းတွင် ၎င်းတို့ ကျေးဇူးကြွေးတင်သကဲ့သို့ ခံစားရပြီး နောင်တရကြကာ၊ ခါးသီးသော မျက်ရည်များဖြင့် ငိုကြွေးကြပြီး သေချင်ကြလေသည်။ ယင်းတွင် မည်သည့် အသုံးဝင်မှု ရှိသနည်း။ ဤအရာက ပြဿနာကို ဖြေရှင်းနိုင်သလော။ ထို့ကြောင့် တစ်စုံတစ်ရာ မဖြစ်မီ၊ သင်သည် သင်ကိုယ်တိုင်၏ သဘာဝဗီဇကို စိတ်ဖြာလေ့လာရမည်- ယင်းအတွင်းတွင် မည်သည့်အရာများ ရှိသည်၊ သင် မည်သည့်အရာကို နှစ်သက်သည်ဆိုသည်နှင့် သင်၏ တောင်းဆိုချက်များတွင် မည်သည့်အရာကို သင် စွမ်းဆောင်ရရှိလိုသည်ဆိုသည်တို့ကို ဖြစ်သည်။ လူအချို့သည် ၎င်းတို့က အရည်အချင်းအချို့နှင့် အထုံပါရမီများ ပိုင်ဆိုင်သည်ဟု ယုံကြည်လျက်၊ ခေါင်းဆောင်များဖြစ်ဖို့နှင့် အခြားသူများထက် သာလွန်ဖို့ အမြဲ လိုချင်ကြသည်၊ ထို့ကြောင့် ၎င်းတို့ကို အသုံးပြုဖို့ ဘုရားသခင်ကို တောင်းဆိုကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို အသုံးမပြုပါက၊ ၎င်းတို့က- “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို အဘယ်ကြောင့် မျက်နှာသာမပေးပါသနည်း။ ကျွန်ုပ်ကို ကြီးကြီးမားမား အသုံးပြုပါ၊ ကိုယ်တော့်အတွက် ကျွန်ုပ်ကိုယ်ကျွန်ုပ် အသုံးတော်ခံမည်ဟု အာမခံပါ၏”ဟု ဆိုကြသည်။ ထိုသို့သော အရင်းခံအကြောင်းသည် မှန်ကန်သလော။ ဘုရားသခင်အတွက် အသုံးတော်ခံဖို့မှာ ကောင်းမွန်သည့်အရာဖြစ်သည်၊ သို့သော် ဘုရားသခင်အတွက် အသုံတော်ခံဖို့ ၎င်းတို့၏ လိုလားမှုက ဒုတိယနေရာတွင် ရှိ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့ နှစ်သက်သည်မှာ အဆင့်အတန်းဖြစ်သည်- ယင်းမှာ ၎င်းတို့ အာရုံစိုက်သည့်အရာ ဖြစ်သည်။ သင်သည် အမှန်တကယ် နာခံနိုင်ပါက၊ သင့်ကို သူ အသုံးပြုသည်၊ မပြုသည်ကို ပဓာနမထားဘဲ၊ သင်သည် သူ့နောက် စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် လိုက်လျှောက်မည်ဖြစ်ပြီး၊ သင်သည် အဆင့်အတန်း တစ်ခုတစ်လေ ရှိသည်၊ မရှိသည်ကို ပဓာနမထားဘဲ သူ့အတွက် သင် အသုံးတော်ခံနိုင်လိမ့်မည်။ ထိုအခါမှသာ သင်သည် အသိစိတ် ပိုင်ဆိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်” မှ

မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြည်ညိုသောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းလေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိနိုင်မည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

အထူးသဖြင့် ခေါင်းမာသော လူတို့သည် ယေဘုယျအားဖြင့် မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် စီမံကိန်းများနှင့် အစီအစဉ်များကို ပထမဦးစွာ ဆုံးဖြတ်ကြသည်၊ ပထမဦးစွာ ဖော်ထုတ်ကြပြီး စေ့စေ့စပ်စပ် စီစဉ်ဖို့နှင့် မဟာဗျူဟာချဖို့ လူသားနည်းစနစ်အချို့ကိုပင် အသုံးပြုကာ ပဏာမအလုပ်များကို လုပ်ဆောင်ကြ၏။ မည်သည့်အရာကို ၎င်းတို့တွေးပြီး ၎င်းတို့၏ အခြေအနေသည် မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့၌ အကြွင်းမဲ့ အစီအစဉ်နှင့် ရည်မှန်းချက်တစ်ခု ရှိကြ၏။ သို့ဆိုလျှင် ဘုရားသခင်ကို ရိုးသေလေးမြတ်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့အရ၊ ၎င်းတို့သည် မည်သည့်အခြေအနေတွင် ရှိကြသနည်း။ လူတို့သည် အလွန်ခေါင်းမာလာကြသည့်အခါ၊ ဘုရားသခင်ကို မေ့လျော့ကြပြီး ဘုရားသခင်အား ၎င်းတို့၏ ကျိုးနွံနာခံခြင်းကို မေ့လျော့ကြ၏။ အဖြစ်အပျက် ကျော်လွန်သွားသည့်အခါ၊ သို့မဟုတ် ၎င်းတို့ရှေ့မဆက်နိုင်ကြတော့သည့်အခါ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်ရန် ကြိုးစားနေသည့်အရာတွင် မအောင်မြင်သည့်အခါ၊ ထိုအခါမှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိခဲ့ကြသကဲ့သို့ ဘုရားသခင်ကို ဆုမတောင်းခဲ့ကြသည်ကို နားလည်သွားကြသည်။ ဤအရာက ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် မရှိသကဲ့သို့ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်ချင်သည့်အရာကိုသာ အမြဲလုပ်ဆောင်ကြသည်ကို ပြသ၏။ ထို့ကြောင့်၊ သင်သည် ဘုရားအိမ်တော်၏အမှုကို လုပ်ဆောင်နေခြင်း ရှိမရှိ၊ သင်၏တာဝန်ကို ဖြည့်ဆည်းနေခြင်း ရှိမရှိ၊ သို့မဟုတ် အပြင်ပန်း အရေးကိစ္စများကို ကိုင်တွယ်နေခြင်း ရှိမရှိ၊ သို့မဟုတ် အသက်တာတွင် သင်၏ သီးသန့် အရေးကိစ္စများကို ဂရုစိုက်နေခြင်း ရှိမရှိဆိုသည်တို့ကို ပဓာနမထားဘဲ၊ သင်၏စိတ်နှလုံးထဲတွင် လုပ်ရပ်နှင့်ဆိုင်သော အခြေခံမူများကို သင်ထိန်းသိမ်းရမည်။ သင်ပိုင်ဆိုင်ရမည့် အခြေအနေတစ်ခု ရှိ၏။ ဤသည်မှာ မည်သည့်အခြေအနေ ဖြစ်သနည်း။ “မည်သည့်အရာ ဖြစ်ပါစေ၊ ထိုအရာမဖြစ်မီ၊ ငါ၏စိတ်နှလုံးတွင်၊ ‘ငါဆုတောင်းရမည်။ ဘုရားသခင်နှင့် သူ၏အုပ်စိုးခြင်းကို ငါကျိုးနွံနာခံသင့်သည်။ အရာရာတိုင်းကို ဘုရားသခင်က စီစဉ်ညွှန်ကြားသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ငါရှာဖွေသင့်သည်။ ဤသဘောထား ငါ၌ရှိရမည်။ ကိုယ်ပိုင်အစီအစဉ်များကို ငါပြုလုပ်၍မဖြစ်’ ဟု စဉ်းစားရမည်။” လူတို့သည် အမှုအရာများကို ဤနည်းဖြင့် ကြာမြင့်သည့် အချိန်ကာလတစ်ခုကြာ တွေ့ကြုံကြသည်နှင့်အမျှ၊ ၎င်းတို့သည် မရည်ရွယ်ဘဲနှင့် အမှုအရာများစွာတွင် ဘုရားသခင်၏ အုပ်စိုးမှုကို စမြင်ကြ၏။ မိမိ၏ကိုယ်ပိုင်စီမံကိန်းများ၊ အစီအစဉ်များ၊ မျှော်လင့်ချက်များ၊ တစ်ကိုယ်ကောင်းဆန်သော ကြံရွယ်ချက်များနှင့် စိတ်ဆန္ဒများ သင်၌ အမြဲရှိပါက၊ ယင်းကို သိပင်မသိလိုက်ဘဲ၊ သင်သည် ဘုရားသခင်လုပ်ဆောင်သည့်အရာကို တွေ့မြင်နိုင်လိမ့်မည် မဟုတ်ပေ။ အချိန်အများစုတွင် ဖြစ်ပျက်မည့်အရာမှာ ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်နေလိမ့်မည်ဖြစ်၏။ ဤအရာများကို လုပ်ဆောင်ခြင်းငှာ သင်မနှစ်သက်သလော။ သင့်ထံတွင် အစီအစဉ်များ မရှိသလော။ သင်၌ ဦးနှောက်၊ သင်ကြားလေ့ကျင့်မှုနှင့် အသိပညာတို့ ရှိ၏။ သင်သည် တတ်စွမ်းနိုင်ပြီး သင်၌ နည်းလမ်းများရှိ၏၊ သင်သည် အမှုအရာများကို မိမိဘာသာ လုပ်ဆောင်နိုင်၏၊ သင်သည် မိမိဘာသာ အဆင်ပြေ၏၊ ဘုရားသခင်ကို သင်မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်က၊ “ယင်းကို သင့်ဘာသာ သွားလုပ်ဆောင်လော့။ သင်အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သင့်တာဝန်သာဖြစ်သည်။ သင့်အတွက်နှင့် ငါဒုက္ခခံနေရန် မလိုအပ်တော့” ဟု ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏အုပ်စိုးမှုကို မည်သည့်အခါတွင်မျှ မတွေ့ကြုံနိုင်သည့်အခါ၊ ဘုရားသခင်၏လက်တော်ကို မည်သည့်အခါတွင်မျှ မမြင်နိုင်သည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ သို့မဟုတ် အလင်းပေးခြင်းတို့ကို မည်သည့်အခါတွင်မျှ မခံစားနိုင်သကဲ့သို့ ဘုရားသခင်၏ လမ်းပြမှုကို မခံစားနိုင်သည့်အခါ၊ ကြာမြင့်သည့် အချိန်ကာလတစ်ခုနောက်တွင် ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သနည်း။ နောက်ဆက်တွဲ အကျိုးဆက်မျိုးစုံ ၎င်းတို့အပေါ် ကျရောက်၏။ မည်သည့် အကျိုးဆက်များနည်း။ လူတို့သည် ဤနည်းဖြင့် ကြာမြင့်သည့် အချိန်ကာလတစ်ခုကြာ ပြုမူချိန်တွင်၊ ဖင့်နှေးခြင်းမျိုးတစ်ခု ဖြစ်ပေါ်၏။ တစ်စုံတစ်ရာကို ၎င်းတို့ကြုံရသည့်အချိန်တိုင်းတွင်၊ ၎င်းတို့သည် ယင်းကို မိမိတို့ဘာသာ ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု ပထမဦးဆုံး စဉ်းစားကြ၏။ ၎င်းတို့၏ ပထမဦးဆုံးသော အတွေးများမှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊ အစီအစဉ်များနှင့် ယင်းက ၎င်းတို့ကို အကျိုးပြုမပြုတို့ ဖြစ်သည်။ ၎င်းတို့သည် ထိုလမ်းကြောင်းပေါ် ဝသီပါနေကျအတိုင်း တိုက်ရိုက် စတင်ကြ၏။ “ယင်းသည် ကျွန်ုပ်ကို အကျိုးပြုနိုင်ပါက၊ ကျွန်ုပ်လုပ်ဆောင်မည်။ အကျိုးမပြုနိုင်ပါက၊ ကျွန်ုပ်လုပ်မည်မဟုတ်။” ၎င်းတို့သည် ဤနည်းဖြင့် တွေးကာ ပြုမူကြသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ၊ ထိုသို့သော လူတို့ကို ဘုရားသခင်က မည်သို့ဆက်ဆံသနည်း။ ၎င်းတို့ကို ဘုရားသခင် အလေးဂရုမပြုပေ။ သူသည် ၎င်းတို့ကို ဘေးဖယ်ထား၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ” မှ

ကျိုးနွံနာခံခြင်းသည် သင်ယူရန်အခက်ခဲဆုံးသင်ခန်းစာ ဖြစ်သည်။ တစ်စုံတစ်ခုသည် သင်၏အယူအဆများနှင့် ကိုက်ညီသည့်အခါ သင်သည် ထိုအရာကို လက်ခံပြီး ကျိုးနွံနာခံသည်။ ယင်းသည် သင့်အတွက် အကျိုးရှိသည့်အခါတွင် သင်၏ ကြိုက်နှစ်သက်မှုနှင့် အလွန်ကိုက်ညီသည်ဟု ထင်မြင်လျက် သင်သည် ပျော်ရွှင်ကျေနပ်သည်။ သင်သည် စတင်၍ ကျိုးနွံနာခံသည့်အခါ အရာရာတိုင်းသည် သင့်အတွက် စတင် ချောမွေ့လာသည်။ သင်၏ စိတ်အတွင်းတွင် တည်ကြည်ခိုင်မာသည်၊ ငြိမ်းချမ်းသည်၊ အပြစ်မရှိ၊ ပျော်ရွှင် ဝမ်းမြောက်သည်ဟု ခံစားရသည်။ သို့ရာတွင် အမှုအရာများသည် သင့်အယူအဆများနှင့် မကိုက်ညီသည့်အချိန်၌ ကျိုးနွံနာခံရခြင်းသည် သဲကို မျိုချရသကဲ့သို့ ခံယူရန် ခက်ခဲသည်။ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် စိတ်ဒုက္ခရောက်ခြင်းတို့ ဖြစ်စေသည်။ သင့်တွင် သင်၏အကြောင်းပြချက်များ ရှိသော်လည်း ယင်းတို့ကို သင် ထုတ်မပြောနိုင်ဘဲ သင်၏ စိတ်ခံစားချက်တို့ကို မျိုသိပ်ထားရသည်။ သင်သည် လုံးဝ မတရားခံရသလို ခံစားရသော်လည်း ပြောပြစရာ မည်သူမျှမရှိ။ “ဤသို့ဆိုလျှင် ငါ ဘာလုပ်သင့်သနည်း။ သူပြောသည်မှာ မှန်ကန်သည်။ သူ၏ရာထူးမှာ ငါ့ထက် မြင့်သည်။ ဤသို့ဆိုလျှင် ငါ အဘယ်ကြောင့် နားမထောင်နိုင်သနည်း။ ငါ လက်ခံလိုက်တာပဲ ကောင်းမည်။ နောက်တစ်ကြိမ်တွင် ငါ ဂရုစိုက်ဖို့လိုပြီး အရဲမစွန့်တော့ဖို့ လိုအပ်သည်။ အရဲစွန့်ခြင်းမှ မည်သည့်ကောင်းသည့်အရာမျှ ထွက်မလာပေ။ ရှေ့သို့ခြေတစ်လှမ်းတိုးသည့် မည်သူမဆို ကိုင်တွယ်ဖြေရှင်းခံရသည်။ ငါ ရှေ့သို့ နောက်တစ်ခါ မတိုးတော့ပေ။ အမှုအရာများကို သူ့ဘာသာ ဖြစ်စေလိုက်ပြီး တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေမည်။ ကျိုးနွံနာခံခြင်းသည် မလွယ်ကူပေ။ ခက်ခဲလှပေသည်။ ငါ၏ စိတ်အားထက်သန်မှု မီးလျှံသည် ရေအေးတစ်ပုံးဖြင့် ငြိမ်းသတ်ခံလိုက်ရသည်။ ဤအတွက် ငါ့အား သင် အပြစ်တင်၍ မရပေ။ ငါသည် အပြစ်ကင်းစွာ၊ ပွင့်လင်းစွာဖြင့် စတင်ခဲ့သော်လည်း အဆက်မပြတ် ကိုင်တွယ်ဖြေရှင်းခံနေရသည်။ ငါ ဤကဲ့သို့သောသူ မဖြစ်လိုတော့ပေ။ ဤသို့ ပြုမူဆောင်ရွက်ရသည်မှာ ပင်ပန်းလှသည်။ ယခုမှစပြီး ခြေတစ်လှမ်းနောက်ဆုတ်ကာ စိတ်အတွင်း၌ ငါ မည်သို့ခံစားရသည်ကို မည်သူ့ကိုမျှ ထုတ်ဖော်မပြတော့၊ သို့မဟုတ် မေးလာသောသူ မည်သူ့ကိုမျှ မပြောတော့ပေ။ အားလုံးကို ငါ မျိုသိပ်ထားမည်။” ဤသည်မှာ မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ အစွန်းရောက်မှုတစ်ခုမှ နောက်တစ်ခုဆီသို့ သွားခြင်းသာ ဖြစ်သည်။ လူတစ်ယောက်အား ကျိုးနွံနာခံနည်းကို သင်ယူစေခြင်း၏ အဆုံးစွန်သော ရည်ရွယ်ချက်ပန်းတိုင်မှာ အဘယ်နည်း။ မည်မျှများပြားသော မတရားမှုကို သင် ခံစားရသည်ဖြစ်စေ၊ သင် မည်မျှ အားထုတ်ကြိုးပမ်းခဲ့သည်ဖြစ်စေ၊ သို့မဟုတ် သင်၏နာမည်ဂုဏ်သတင်း၊ ပကာသနနှင့် ဂုဏ်သိက္ခာတို့ မည်မျှအထိ ထိခိုက်ခံရသည်ဖြစ်စေ ဤအရာတို့သည် အမှန်တကယ်တွင် အဓိကမဟုတ်ပေ။ အရေးကြီးဆုံးအချက်မှာ သင်၏အခြေအနေကို ပြောင်းလဲရန်ဖြစ်သည်။ မည်သည့် အခြေအနေနည်း။ လူတို့သည် အမှားလုပ်မိသည့် အခြေအနေတွင်ရှိသည်ဖြစ်စေ၊ အမှားမလုပ်သည့် အခြေအနေတွင်ရှိသည်ဖြစ်စေ ၎င်းတို့သည် စိတ်နှလုံးအတွင်းထဲတွင် မာကျောမှုနှင့် ပုန်ကန်ခြင်းတစ်မျိုးကို ထားရှိလေ့ရှိသည်။ ထို့အပြင် “ငါ၏ လုပ်ရပ်များနှင့် ရည်ရွယ်ချက်များက မှန်ကန်သရွေ့ သင်သည် ငါ့အား ကိုင်တွယ်ဖြေရှင်းခြင်း မပြုသင့်။ ပြီးလျှင် ငါသည် ကျိုးနွံနာခံခြင်းမရှိလျှင်လည်း ကိစ္စမရှိ။” ဟူသော လူသားဆန်ဆန် အကျိုးသင့်အကြောင်းသင့် တွေးခေါ်ပုံမျိုးတစ်ခုသည် ၎င်းတို့အတွင်း၌ ရှိသည်။ ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိ သို့မဟုတ် မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်စေသည်ကို ၎င်းတို့မဖော်ပြပေ။ “ငါ၌ စိတ်ကောင်းနှလုံးကောင်းရှိပြီး မလိုမုန်းထားသော ရည်ရွယ်ချက်များမရှိလျှင် သင် ငါ့ကို လက်ခံသင့်သည်။” ဟူ၍ ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ လူသား၏ ကျိုးကြောင်းဆင်ခြင်မှု မဟုတ်သလော။ ဤသည်မှာ လူသား၏ ကျိုးကြောင်းဆင်ခြင်မှုဖြစ်ပြီး ကျိုးနွံနာခံခြင်း မရှိပေ။ သင်သည် သင်ကိုယ်တိုင်၏ ကျိုးကြောင်းဆင်ခြင်မှုအား သမ္မာတရားအဖြစ် မှတ်ယူပြီး သမ္မာတရားအား မလိုလားအပ်ဟု မှတ်ယူသည်။ သင်ကိုယ်တိုင်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် ကိုက်ညီသည့်အရာမှသာ သမ္မာတရားဟု သင် ထင်မြင်ပြီး၊ သင်ကိုယ်တိုင်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် မကိုက်ညီသည့် မည်သည့်အရာမဆိုသည် သမ္မာတရားမဟုတ်ဟု ထင်မြင်သည်။ ဤသို့ တွေးခေါ်သူ မည်သူမဆိုသည် ရယ်ဖွယ်အကောင်းဆုံး၊ မာန အထောင်လွှားဆုံး၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု အခံယူဆုံးဖြစ်သည်။ ကျိုးနွံနာခံခြင်းထဲက သင်ခန်းစာများသည် လူတို့အား မည်သည့်အခြေအနေများကို ကူညီဖြေရှင်းပေးနိုင်သနည်း။ ကျိုးနွံနာခံမှုရရှိရန်အတွက် ၎င်းတို့သည် စဉ်းစားချင့်ချိန်နိုင်မှု အဆင့်တစ်ခု လိုအပ်သလော။ အကြောင်းကိစ္စတစ်ခုတွင် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့သည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဘုရားသခင်က ကျေနပ်ခြင်းမရှိသရွေ့ ဘုရားသခင်အား ကျွန်ုပ်တို့ နားထောင်သင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စံအဖြစ် အသုံးပြုသင့်သည်။ ဤသို့ပြုခြင်းက ကျိုးကြောင်းသင့်လျော်သည်မဟုတ်လော။ ဤသည်မှာ လူသားတို့ ပိုင်ဆိုင်သင့်သည့် အသိစိတ်ဖြစ်သည်။ ဤသည်မှာ လူသားတို့ ရှိထားသင့်သည့် ပထမဆုံးသောအရာဖြစ်သည်။ ကျွန်ုပ်တို့ မည်မျှ ဒုက္ခခံခဲ့သည်၊ ကျွန်ုပ်တို့၏ဦးတည်မှုနှင့် ရည်ရွယ်ချက်များက မည်သို့ဖြစ်သည်၊ သို့မဟုတ် ထိုအချိန်၌ ကျွန်ုပ်တို့၏ အကြောင်းပြချက်များက မည်သို့ဖြစ်သည် ဆိုသည်တို့ကို ထည့်သွင်းစဉ်းစားခြင်း မပြုသင့်ပေ။ ဘုရားသခင်သည် ကျေနပ်မှုမရှိဖြစ်ပြီး ကျွန်ုပ်တို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသောကြောင့်နှင့် ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ နားထောင်သင့်ပြီး ဘုရားအား ကျိုးကြောင်းပြပြောဆိုရန် သို့မဟုတ် ငြင်းခုံရန် မကြိုးစားရပေ။ သင်သည် ဤသို့သော စဉ်းစားချင့်ချိန်မှုကို ပိုင်ဆိုင်လျှင် သင်သည် ကျိုးနွံနာခံနိုင်လိမ့်မည်။ ဆိုလိုသည်မှာ သင်၏ အခြေအနေများက မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်ခြင်း သို့မဟုတ် သင့်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များအား ငြင်းပယ်ခြင်း မရှိပေ။ ပြီးလျှင် သူ၏ သတ်မှတ်ချက်များသည် မှန်သည်၊ မှားသည်ကို သင် စိစစ်သုံးသပ်ခြင်းမရှိလျှင် သင်၏ လူသားဆန်သော မာကျောမှုနှင့် ပုန်ကန်မှုနှင့် ကျိုးကြောင်းပြဖြေရှင်း၍ ထွက်ပေါက်ရှာရန် သင်၏ အလေ့အထတို့သည် ပြေလည်သွားလိမ့်မည်ဖြစ်သည်။ ဤအခြေအနေတို့သည် လူတိုင်းတွင် မတည်ရှိသလော။ ဤအခြေအနေတို့သည် လူတို့တွင် မကြာခဏ ထွက်ပေါ်ပြီး “ငါ့နည်းလမ်းသည် ယုတ္တိကျသော စဉ်းစားမှုမျိုးနှင့် ကိုက်ညီနေသမျှ သင်၏ နည်းလမ်းက မှန်ကန်မည် မဟုတ်။ ထို့ကြောင့် သင့်ကို မနာခံရန် ငါ့အတွက် ကျိုးကြောင်းသင့်လျော်ပြီး မျှတမှုရှိသည်။” ဟူ၍ ၎င်းတို့က ထင်မြင်ကြသည်။ ဤသည်မှာ လူတို့တွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ သို့သော်လည်း သင်သည် ဤ စဉ်းစားချင့်ချိန်မှုမျိုးထားရှိလျှင် သင်သည် ဤ အခြေအနေမျိုးအား အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ဖြေရှင်းနိုင်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်” မှ

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

အရှေ့သို့- ဘုရားသခင်ကို နာခံခြင်းသည် အဘယ်နည်း။ ဘုရားသခင်ကို နာခံခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။

နောက်တစ်ခုသို့- ဘုရားသခင်ကို မနာခံသူများသည် အဘယ့်ကြောင့် ကယ်တင်ခြင်းမခံရနိုင်သနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ မတူညီသည့် နာမတော်များ ရှိရသည့်အကြောင်းအရင်းနှင့် သူ၏ နာမတော်များ၏ အဓိပ္ပာယ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- “ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမသည် ဘုရားသခင်၏ စိတ်သဘောထားကို အလုံးစုံဖြင့်...

ဘုရားသခင် အသုံးပြုသည့် လူများ၏ သမ္မာတရားနှင့် ကိုက်ညီသည့် စကားများနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ နှုတ်ကပတ်တော်များအကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ်...

ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် သူ၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပေ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာသည့်အကြိမ်တိုင်းတွင် သူ၏ နာမ၊ သူ၏ လိင်၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏...

လူတစ်ဦး၏ ယုံကြည်မှုတွင် သမ္မာကျမ်းစာ ဆိုင်ရာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားကို မှီခိုအားထားခြင်း၏ အကျိုးဆက်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်