၄) ဘုရားသခင်ကို မည်သို့နာခံသင့်သနည်း။ မည်သည့် လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများဖြင့် ဘုရားသခင်ကို နာခံသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” မှ

လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အချိန်ကာလအတောအတွင်းတွင်၊ လူများထံမှ သူလိုအပ်သော ကျိုးနွံနာခံခြင်းသည် ၎င်းတို့စိတ်ကူးသကဲ့သို့ အကဲဖြတ်ဝေဖန်ခြင်းများ သို့မဟုတ် ခုခံခြင်းများကို ရှောင်ကြဉ်ခြင်း မပါဝင်ပေ။ ယင်းထက် လူတို့အနေဖြင့် သူ၏နှုတ်ကပတ်တော်များကို အသက်ရှင်ဖို့ ၎င်းတို့၏အခြေခံသဘောတရားနှင့် ၎င်းတို့၏ ရှင်သန်မှုနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုဖို့နှင့် သူ၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရကို လုံးဝ လက်တွေ့လုပ်ဆောင်ပြီး သူ၏အလိုကို လုံးဝ ဖြည့်ဆည်းဖို့ သူ တောင်းဆိုပေသည်။ လူ့ဇာတိခံဘုရားသခင်ကို ကျိုးနွံနာခံရန် လူတို့ လိုအပ်ခြင်း၏ ရှုထောင့်တခုသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအား ရည်ညွန်းစဉ်တွင်၊ နောက်ထပ်ရှုထောင့်တခုက သူ၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို ကျိုးနွံနာခံနိုင်ခြင်းအား ရည်ညွှန်းပေသည်။ ဤအရာများသည် နှစ်ခုလုံး အကြွင်းမဲ့ ဖြစ်ရမည်။ ဤရှု့ထောင့်နှစ်ခုလုံးကို စွမ်းဆောင်ရရှိနိုင်သူများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ သိုထားသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သော လူများဖြစ်ပြီး ၎င်းတို့အားလုံးသည် ဘုရားသခင်ကို မိမိတို့ ကိုယ်ပိုင်ဘဝကို ချစ်သကဲ့သို့ ချစ်သောသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လိုက်နာခြင်းသည် ကောင်းကင်ဘုံက စေလွှတ်သော လူသား၏အလုပ်တာဝန်ဖြစ်သည်။ ဘုရားသခင်ပြောသည့်အရာသည် လူသား၏ အရေးကိစ္စမဟုတ်ပေ။ မည်သည့်အရာကို ဘုရားသခင်ပြောသည်ဖြစ်စေ၊ လူသားနှင့်သက်ဆိုင်၍ မည်သည့်အရာကို ဘုရားသခင်တောင်းဆိုသည်ဖြစ်စေ၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အနှစ်သာရနှင့် အဆင့်အတန်းတို့သည် မပြောင်းလဲပေ- သူသည် အစဉ် ဘုရားသခင်ဖြစ်၏။ သူသည် ဘုရားသခင်ဖြစ်သည်ဟု သင်သံသယမရှိသည့်အချိန်တွင်၊ သင်၏တစ်ခုတည်းသော တာဝန်၊ သင်လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ သူပြောသည့်အရာကို နားထောင်ဖို့ ဖြစ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ဖြစ်၏။ ဘုရားသခင်၏ သတ္တဝါတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလေ့လာသင့်၊ မစိစစ်သင့်၊ မစူးစမ်းမစစ်ဆေးသင့်၊ မငြင်းပယ်သင့်၊ ဆန့်ကျင်ဘက်မပြောသင့်၊ မနာခံဘဲမနေသင့်၊ သို့မဟုတ် ငြင်းဆိုသင့်ပေ။ ဤအရာကို ဘုရားသခင် စက်ဆုပ်သကဲ့သို့ လူသားထဲတွင် သူမြင်တွေ့ရန် ဆန္ဒရှိသည့်အရာ မဟုတ်ပေ။ သို့ဆိုလျှင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အမှန်တကယ်တွင် အလွန်ရိုးရှင်း၏။ နားထောင်ဖို့ သင်ယူလော့၊ သင်၏စိတ်နှလုံးဖြင့် နားထောင်လော့၊ သင်၏စိတ်နှလုံးဖြင့် လက်ခံလော့၊ သင်၏စိတ်နှလုံးဖြင့် နားလည်ကာ သဘောပေါက်လော့၊ ထို့နောက် သင်၏စိတ်နှလုံးဖြင့် သွား၍ လုပ်ဆောင်ကာ ဆောင်ရွက်ပြီး အကောင်အထည်ဖော်လော့။ သင်၏စိတ်နှလုံးထဲတွင် သင်ကြားပြီး သဘောပေါက်သည့်အရာသည် သင်လက်တွေ့လုပ်ဆောင်သည့်အရာနှင့် နီးစပ်စွာ ဆက်စပ်၏။ နှစ်ခုကို မခွဲခြားနှင့်။ အရာရာတိုင်း- သင်လက်တွေ့လုပ်ဆောင်သည့်အရာ၊ သင်နာခံသည့်အရာ၊ သင်ကိုယ်တိုင်၏ လက်ဖြင့် သင်လုပ်ဆောင်သည့်အရာ၊ သင်အလုပ်များနေရသည့် အရာရာတိုင်းသည်- သင်၏စိတ်နှလုံးထဲတွင် သင်ကြားပြီး သဘောပေါက်သည့်အရာနှင့် ဆက်စပ်၏၊ ဤအရာတွင်၊ သင်သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နာခံမှုအား စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၂၄)” မှ

အဖန်ဆင်းခံ သတ္တဝါတစ်ဦးက သူ၏ဖန်ဆင်းရှင်အဖို့ ရှိသင့်သည့် တစ်ခုတည်းသော သဘောထားမှာ အကြွင်းမဲ့နာခံခြင်းတစ်ခု ဖြစ်သည့် နာခံခြင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ ယနေ့လူအချို့ လက်ခံကောင်း လက်ခံနိုင်ခြင်း မရှိသည့် အရာတစ်ခု ဖြစ်သည်။ ၎င်းတို့က “ဤသည်မှာ အဘယ်သို့ အကြွင်းမဲ့ ဖြစ်နိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမြဲ ယုတ္တိတန်ရသကဲ့သို့ အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သူသည် အကြောင်းရင်းတစ်ခု အမြဲ ရှိရသည်။ ဘုရားသခင်က လူတို့ကို ရှင်သန်ဖို့ နည်းလမ်းတစ်ခု အမြဲ ပေးရသည်၊ သူသည် အကျိုးသင့် အကြောင်းသင့်နှင့် မျှတစွာ အမြဲ ဆောင်ရွက်ရပြီး လူ့ခံစားချက်များကို သူ မသိကျိုးကျွန် မပြုနိုင်ပါ” ဟု ပြောကြသည်။ သင်သည် ဤစကားများကို မြွက်ဆိုနိုင်ပြီး၊ အမှန်အားဖြင့် ဤပုံစံ တွေးပါက၊ ကဲ၊ သင်သည် ဘုရားသခင်ကို နာခံနိုင်ခြင်းမှ အလှမ်းဝေးပေသည်။ လူသားသည် ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် ထောက်ပံ့ခံရပြီး ရေလောင်းခံရစဉ်တွင်၊ လူသားသည် အမှန်အားဖြင့် တစ်ခုတည်းသောအရာကို ပြင်ဆင်နေပေသည်။ ထိုအရာသည် မည်သည့်အရာ ဖြစ်နိုင်သနည်း။ ယင်းမှာ နောက်ဆုံးတွင် ဘုရားသခင်ကို အကြွင်းမဲ့၊ လုံးဝ ကျိုးနွံနာခံမှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်ရန် ဖြစ်သည်၊ ယင်းအခြေအနေတွင် ဤဖန်ဆင်းခြင်းဖြစ်သည့် သင်သည် သတ်မှတ်ထားသည့် စံနှုန်းကို ရောက်ရှိပြီးဖြစ်လိမ့်မည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင်၏အယူအဆများနှင့် မကိုက်ညီသည့်၊ သင် လိုချင်သည့်အရာကို ဆန့်ကျင်သည့်၊ သို့မဟုတ် အခြေခံသဘောတရားများနှင့်ပင် ဆန့်ကျင်ပုံရသည့်၊ သို့မဟုတ် လူ့ခံစားချက်များ၊ လူ့သဘာဝ သို့မဟုတ် သဘောထားများနှင့် ဆန့်ကျင်ပုံရသည့် အရာများကို တမင်တကာ လုပ်ဆောင်၍ သင့်အား ယင်းတို့ကို လက်မခံနိုင်ဖြစ်စေကာ နားမလည်နိုင် ဖြစ်စေရစ်သည်။ ယင်းကို မည်သည့်နည်းလမ်းဖြင့်မဆို သင် ကြည့်သည်ဖြစ်စေ၊ ယင်းသည် မှန်ကန်ပုံမရပေ၊ ယင်းကို သင် လက်မခံကို လက်မခံနိုင်ဘဲ၊ သူ လုပ်ဆောင်ပြီးသည့်အရာသည် တကယ်ကို ယုတ္တိမတန်ဟု သင် ခံစားရသည်။ သို့ဆိုလျှင် ဤအရာများကို လုပ်ဆောင်ခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် သင့်ကို စစ်ဆေးရန် ဖြစ်သည်။ သင်သည် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာနှင့် သက်ဆိုင်၍ လုပ်ဆောင်ပုံများနှင့် အကြောင်းပြချက်များအား ဆွေးနွေးဖို့ မလိုအပ်ပေ။ သင် လုပ်ဆောင်ဖို့ လိုအပ်သမျှမှာ သူသည် သမ္မာတရားဖြစ်သည်ဆိုသည့် သင်၏ ယုံကြည်ခြင်းကို ထိန်းသိမ်းဖို့နှင့် သူသည် သင်၏ ဖန်ဆင်းရှင်ဖြစ်သည်၊ သင်၏ ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သတိပြုဖို့ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအားလုံးထက် မြင့်မားသည်၊ လောကီ ဉာဏ်ပညာအားလုံးထက်၊ လူသား၏ ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်များ၊ အသိပညာ၊ ပညာရေး၊ အတွေးအခေါ် သို့မဟုတ် ရိုးရာ ယဉ်ကျေးမှုဆိုသည့် အရာများထက် မြင့်မားပြီး ယင်းသည် ချစ်ခင်မှု သို့မဟုတ် ရဲဘော်ရဲဘက်စိတ် သို့မဟုတ် လူတို့ကြားက ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုသောအရာထက်ပင် သာ၍ မြင့်မား၏၊ ယင်းသည် အခြားမည်သည့်အရာမဆိုထက် လုံးဝ သာ၍ မြင့်မားပေသည်။ ဤအရာကို သင် နားမလည်နိုင်ပါက၊ အနှေးနှင့်အမြန်၊ သင်၌ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ နောက်ဆုံး နောင်တရခြင်းနှင့် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို သတိပြုမိခြင်း၊ ပြီးလျှင် သင့်အပေါ် ဘုရားသခင်ဆောင်ရွက်သည့် အမှု၏ အဓိပ္ပာယ်ကို သတိပြုမိခြင်းမတိုင်မီ၊ ဘုရားသခင်ကို သင် ပုန်ကန်ပြီး လမ်းလွဲသွားဖွယ်ရှိပေသည်၊ သို့မဟုတ် သာ၍ ဆိုးသည်မှာ၊ သင်သည် ယင်းကြောင့် ခလုတ်တိုက်မိကာ လဲကျကောင်း လဲကျနိုင်သည်။ ဘုရားသခင် သင့်ကို တရားစီရင်သည်မှာ ထိတ်လန့်ဖွယ်ရာ ဖြစ်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင် သင့်ကို ကျိန်ဆဲသည်၊ သို့မဟုတ် သင့်ကို ပြစ်တင်ဆုံးမသည်မှာလည်း ထိတ်လန့်ဖွယ်ရာ ဖြစ်မည်မဟုတ်ပေ- သို့ဆိုလျှင် မည်သည့်အရာသည် ထိတ်လန့်ဖွယ်ရာ ဖြစ်မည်နည်း။ သူက၊ “သင်ကဲ့သို့သော လူတစ်ဦးကို ငါကယ်တင်မည်မဟုတ်။ ငါလက်လျှော့သည်” ဟု ပြောပါက ထိတ်လန့်ဖွယ်ရာ ဖြစ်ပေမည်။ ထိုသို့ဆိုလျှင် သင်သည် ကိစ္စတုံးပေပြီ။ ထို့ကြောင့်၊ လူတို့သည် “ဤနှုတ်ကပတ်တော်များသည်- တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည်- အဆင်ပြေသည်၊ သို့သော် ဤနှုတ်ကပတ်တော်များက- ကျိန်ဆဲခြင်း၊ ဖျက်ဆီးခြင်း၊ ရှုတ်ချခြင်းတို့က- ကျွန်ုပ်၏ အဆုံးသတ်ကို ဆိုလိုမည် မဟုတ်ပါလား။ ယင်းနောက်တွင် ကျွန်ုပ်သည် မည်သည့်ဖန်ဆင်းခံသတ္တဝါမျိုး ဖြစ်နိုင်မည်နည်း။ ကောင်းပြီ၊ ကျွန်ုပ်ထွက်သည်။ ကိုယ်တော်သည် ရှေ့ဆက်တိုးပြီး ကျွန်ုပ်၏ဘုရားသခင် မဖြစ်၍လည်း ရသည်” ဟု ပြောရင်း ချစ်တီးခေါင်းသန်းရှာ မလုပ်သင့်ပေ။ သင်သည် သက်သေခံရပ်တည်ခြင်းမရှိဘဲ၊ ဘုရားသခင်ကို စွန့်ပစ်ဖို့ ဆုံးဖြတ်ပါက၊ သူသည် သင့်ကို မလိုတော့ဟု အမှန်တကယ် ဆုံးဖြတ်ကောင်း ဆုံးဖြတ်ပေမည်။ ယခင်က ဤအရာကို သင် စဉ်းစားပြီးပြီလော။ ဘုရားသခင်ကို လူတစ်ဦးက မည်မျှကြာကြာ ယုံကြည်ပြီးဖြစ်သည်၊ ၎င်းတို့ လမ်းခရီးတစ်လျှောက် မည်မျှရှည်ရှည် ခရီးသွားပြီးဖြစ်သည်၊ အလုပ်မည်မျှများများ ၎င်းတို့ လုပ်ဆောင်ပြီးကာ၊ တာဝန်များ မည်မျှများများ ၎င်းတို့ ထမ်းဆောင်ပြီးသည်ဆိုသည်တို့ကို ပဓာနမထားဘဲ၊ ဤအချိန်ကာလသည် ၎င်းတို့ကို- သင့်အနေဖြင့် ဘုရားသခင်ကို အကြွင်းမဲ့၊ လုံးဝ ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်ဖို့- တစ်ခုတည်းသောအရာအတွက်သာ ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် “အကြွင်းမဲ့” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်၏ ကိုယ်ရေးကိုယ်တာ ကျိုးကြောင်းပြချက်များကို မသိကျိုးကျွန်ပြုခြင်း၊ သင်၏ ဓမ္မဓိဋ္ဌာန်ကျသော တွေးခေါ်မြော်မြင်မှုကို မသိကျိုးကျွန်ပြုခြင်းနှင့် မည်သည့်အရာပေါ်မျှ မငြင်းခုံခြင်းကို ဆိုလိုသည်- သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ပြီး သင်သည် တန်ဖိုးမရှိပေ။ သင်သည် ဘုရားသခင်နှင့် ငြင်းခုံသည့်အခါ၊ သင်သည် မှားယွင်းသော အနေအထားတွင် ရှိပေသည်။ ဘုရားသခင်အား သင့်ကိုယ်သင် မှန်ကန်ကြောင်းပြဖို့ ကြိုးပမ်းသည့်အခါ၊ နောက်တစ်ဖန်၊ သင်သည် မှားယွင်းသော အနေအထားတွင် ရှိပြန်၏။ သင်သည် ဘုရားသခင်နှင့် ငြင်းခုံသောအခါ၊ မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်ရန် အဘယ်ကြောင့် ဆိုသည့် အကြောင်းရင်းကို သင် မေးလိုသည့်အခါ၊ ပထမဦးစွာ သိနားလည်မှုမရှိဘဲ သင် မနာခံနိုင်သကဲ့သို့ သင့်အဖို့ အရာရာ ရှင်းလင်းသွားသောအခါမှသာ သင် ကျိုးနွံနာခံပါက၊ သင်သည် နောက်တစ်ဖန် မှားယွင်းသော အနေအထားတွင် ရှိပြန်ပေသည်။ သင်ရှိသည့် အနေအထားသည် မှားယွင်းသည့်အခါ၊ ဘုရားသခင်ကို သင်၏ နာခံခြင်းသည် အကြွင်းမဲ့ ဖြစ်သလော။ သင်သည် ဘုရားသခင်၏ စိတ်ထဲ၌ အဖန်ဆင်းခံတစ်ဦး ဟုတ်သလော၊ မဟုတ်သလော။ သင်သည် ဘုရားသခင်ကို သူအဆက်ဆံခံရသင့်သည်အတိုင်း ဆက်ဆံနေသလော။ အဖန်ဆင်းခံအားလုံး၏ အရှင်သခင်အဖြစ်လော။ မဟုတ်၊ ထိုသို့ သင် ဆက်ဆံမနေပေ၊ ထိုကဲ့သို့ဖြစ်ခဲ့လျှင် ဘုရားသခင်သည် သင့်ကို အသိအမှတ်မပြုပေ။ မည်သည့်အရာက သင့်ကို ဘုရားသခင်အား လုံးဝ၊ အကြွင်းမဲ့ နာခံမှုကို စွမ်းဆောင်ရရှိစေနိုင်သနည်း။ ဤအရာကို မည်သို့ တွေ့ကြုံခံစားနိုင်သနည်း။ တစ်ဖက်တွင်၊ အသိတရားနှင့် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သောအသိစိတ် အနည်းငယ် လိုအပ်သည်။ အခြားတစ်ဖက်တွင်၊ သင်၏ တာဝန်များကို သင် ဖြည့်ဆည်းသည်နှင့်အမျှ၊ ဘုရားသခင်၏ အလိုကို သင် နားလည်နိုင်ဖို့အလို့ငှာ သမ္မာတရား၏ ရှုထောင့်တစ်ခုစီတိုင်းကို နားလည်ရမည်။ တစ်ခါတစ်ရံ၊ လူသား၏ အရည်အချင်း မပြည့်မီသကဲ့သို့၊ သမ္မာတရားအားလုံးကို နားလည်ဖို့ လူသား၌ အစွမ်းအစ သို့မဟုတ် အားအင် မရှိချေ။ သို့သော် တစ်ခုရှိ၏- သင့်အပေါ် ကျရောက်ပြီး ဘုရားသခင်က စီစဉ်ထားသည့် ပတ်ဝန်းကျင်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ပဓာနမထားဘဲ၊ သင်သည် နာခံတတ်သော သဘောထားတစ်ခု အမြဲ ရှိရမည်။ အကြောင်းရင်းကို မမေးနှင့်- သင်၌ ဤသဘောထား ရှိရမည်။ ဤသဘောထားကိုပင် သင် မရှိနိုင်သကဲ့သို့ သင်သည် “ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အမှန်တကယ် ဖြောင့်မတ်သည် မဖြောင့်မတ်သည်ကို ကျွန်ုပ် စဉ်းစားရမည်။ သူတို့က ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု ပြောကြသည်၊ ကဲ၊ ကျွန်ုပ်နှင့်ပတ်သက်၍ သူ လုပ်ဆောင်နေသောအရာတွင် ချစ်ခြင်းမေတ္တာ ရှိမရှိဆိုသည်နှင့် ဤအရာက အမှန်တကယ် ချစ်ခြင်းမေတ္တာ ဟုတ်၊မဟုတ် ဆိုသည်တို့ကို ကြည့်ကြစို့” ဆိုခြင်းဖြင့် အမြဲတစ်စေ အဆင်သင့်ဖြစ်နေပါက၊ ဘုရားသခင် လုပ်ဆောင်နေသည့်အရာက စံနှုန်းများအားလုံးကို ဖြည့်ဆည်းသည် မဖြည့်ဆည်းသည်ကို သင်အမြဲဆန်းစစ်နေပါက၊ ဘုရားသခင် လုပ်ဆောင်နေသည့်အရာက သင်ကြိုက်နှစ်သက်သည့်အရာ ဟုတ်မဟုတ်၊ သို့မဟုတ် ယင်းသည် သမ္မာတရားအဖြစ် သင် ယုံကြည်သည့်အရာကို လိုက်နာခြင်း ရှိမရှိဆိုသည်ကိုပင် သင်ကြည့်နေပါက၊ သင်၏ အနေအထားသည် မှားယွင်းပြီး ဤအရာက သင့်ကို ဒုက္ခရောက်စေလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၉)” မှ

ကျိုးနွံနာခံခြင်း သဘောထား၏ လက်တွေ့ကျသော ဘက်သည့် မည်သည့်အရာနည်း။ ယင်းမှာ ဤသို့ဖြစ်သည်- သင်သည် မိမိကိုယ်ကိုယ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံစေရမည်။ သင်၏ အသက်ဝင်ရောက်မှုသည် ပေါ့တန်ပြီး သင်သည် ဝိညာဉ်ရင့်ကျက်မှု စွမ်းဆောင်မရရှိသေးသကဲ့သို့ သမ္မာတရား စစ်မှန်မှုနှင့်ဆိုင်သော သင်၏ အသိပညာသည် လုံလောက်အောင် မနက်ရှိုင်းဘဲ၊ ထိုသို့သော အခြေအနေများတွင်ပင် သင်သည် ဘုရားသခင်နောက် လိုက်နိုင်ဆဲဖြစ်ပြီး သူ့ကို ကျိုးနွံနာခံနိုင်ဆဲ‌ဖြစ်ပါက၊ ယင်းမှာ ထားရမည့်သဘောထား ဖြစ်၏။ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို သင် စွမ်းဆောင်မရရှိနိုင်မီ၊ သင်သည် ကျိုးနွံနာခံခြင်း သဘောထားတစ်ခုကို ပထမဦးဆုံး ခံယူရမည်၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်သည်ဟု လက်ခံခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ ပြီးလျှင် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားအဖြစ် သဘောထားခြင်းနှင့် အခြေခံသဘောတရားများကို ကောင်းစွာ သဘောပေါက်ခြင်း မရှိသည့်အချိန်တွင်ပင် ယင်းတို့ကို စည်းမျဉ်းများအဖြစ် ထိန်းသိမ်းနိုင်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ယင်းသည် သဘောထားတစ်မျိုး ဖြစ်၏။ ယခုတွင် သင်၏ စိတ်သဘောထားသည် မပြောင်းလဲသေးသောကြောင့်၊ ဤအရာကို သင်စွမ်းဆောင်ရရှိနိုင်ခြင်းနှင့် ဘုရားသခင်အဖို့ ထိုသို့သော သဘောထားတစ်ခုနှင့် ထိုသို့သော စိတ်နေစိတ်ထားတစ်ခု ရှိပုံရနိုင်ခြင်းနှင့် “ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည်ကို ကျွန်ုပ် ဂရုမစိုက်သကဲ့သို့ သမ္မာတရား များစွာကို ကျွန်ုပ် နားမလည်ပါ။ ကျွန်ုပ် သိသမျှမှာ ဘုရားသခင် ကျွန်ုပ်အား လုပ်ဆောင်ဖို့ ပြောသမျှကို ကျွန်ုပ် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကျွန်ုပ်အား ဘုရားသခင် ပြောသည့်အရာကို စစ်ဆေးရာတွင် ကူညီဖို့ လှည့်ကွက်တစ်စုံ ကျွန်ုပ်တွင် မရှိသကဲ့သို့ ယင်းသည် ကျွန်ုပ် လုပ်ဆောင်သင့်သည့်အရာ မဟုတ်ပါ” ဟု ပြောနိုင်ခြင်း၊ ယင်းသည် ကျိုးနွံနာခံသော စိတ်နေစိတ်ထားမျိုး ဖြစ်သည်။ “ယင်းသည် သင့်တော်မည်မဟုတ်။ သူ မှားသွားလျှင်ကော” ဟု ဆိုသော လူအချို့ရှိသည်။ ဘုရားသခင် မှားယွင်းနိုင်သလော။ သင်က “ဘုရားသခင် လုပ်ဆောင်သည့်အရာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ ယင်းအတွက် ကျွန်ုပ်၌ တာဝန်မရှိပါ။ ကျွန်ုပ်သည် ဘုရားသခင်ကို နားထောင်ရုံနားထောင်သည်၊ ကျိုးနွံနာခံသည်၊ လက်ခံပြီး ဘုရားသခင်နောက် လိုက်ရုံသာလိုက်သည်။ ယင်းမှာ အဖန်ဆင်းခံသတ္တဝါတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်” ဟု ပြော၏။ ယင်းမှာ လူတစ်ဦး ကျိုးနွံနာခံသင့်သည့် စိတ်နေစိတ်ထားမျိုးဖြစ်ပြီး ထိုသို့သော စိတ်နေစိတ်ထားမျိုး ပိုင်ဆိုင်သော လူတို့သာ သမ္မာတရားကို ရရှိနိုင်သည်။ သင်၌ ဤစိတ်နေစိတ်ထားမျိုး မရှိဘဲ၊ “ကျွန်ုပ်အား နှစ်ပေါက်တစ်ပေါက်ရိုက်ဖို့ မည်သူ့ကိုမျှ ကျွန်ုပ် ခွင့်မပြုပါ။ ကျွန်ုပ်ကို မည်သူမျှ လှည့်စားမည် မဟုတ်။ ထိုစကားလုံးများဖြင့် လှည့်စားခံရပြီး တစ်စုံတစ်ရာကို ကျိုးနွံနာခံစေခြင်း ခံရဖို့ ကျွန်ုပ်သည် အလွန် လိမ္မာပါးနပ်လွန်း၏။ အောင်မြင်မည် မဟုတ်။ ကျွန်ုပ်၏ လမ်းတွင် မည်သည့်အရာ ရောက်လာသည်ဖြစ်စေ၊ ယင်းကို ကျွန်ုပ် စစ်ဆေးပြီး စိစစ်ရမည်။ တစ်စုံတစ်ရာကို ကျွန်ုပ်ကိုယ်တိုင် လက်ခံနိုင်ပြီး နားလည်နိုင်သည့်အခါ၊ ယင်းသည် ကျွန်ုပ် ကျိုးနွံနာခံမည့်အချိန် ဖြစ်သည်” ဟု ပြောပါက၊ ယင်းသည် ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်သလော။ ယင်းသည် ကျိုးနွံနာခံခြင်း သဘောထားတစ်ခု မဟုတ်ပေ။ ယင်းသည် မိမိ၏ စိတ်နှလုံးတွင် ကျိုးနွံနာခံရန် ရည်ရွယ်ချက်မရှိဘဲ ကျိုးနွံနာခံသော စိတ်နေစိတ်ထားတစ်ခု ကင်းမဲ့ခြင်း ဖြစ်၏။ “ဘုရားသခင်လား။ ဘုရားသခင်ကို ကျွန်ုပ် စစ်ဆေးရဦးမည် ဖြစ်သည်။ ရှင်ဘုရင်များနှင့် မိဖုရားများသည်ပင် ကျွန်ုပ်၏ အလားတူ ဆက်ဆံခြင်း ခံရသည်။ သင်ပြောနေသည့်အရာသည် အချည်းနှီး ဖြစ်သည်။ ကျွန်ုပ်က အဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်မှာ မှန်သော်လည်း ကျွန်ုပ်သည် ငတုံး မဟုတ်ပါ၊ ထို့ကြောင့် ငတုံးတစ်ဦးကဲ့သို့ ကျွန်ုပ်ကို မဆက်ဆံနှင့်။” ၎င်းတို့အတွက် ပြီးဆုံးသွားပြီဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ အခြေအနေများ ကင်းမဲ့ကြ၏။ ထိုသို့သော လူတစ်ဦးသည် ဆင်ခြင်တုံတရား ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ၎င်းတို့သည် သားရဲတစ်ကောင် ဖြစ်၏။ ဤဆင်ခြင်တုံတရားမျိုး မရှိဘဲနှင့်၊ လူတစ်ဦးသည် ကျိုးနွံနာခံခြင်း စွမ်းဆောင်မရရှိနိုင်ပေ။ ကျိုးနွံနာခံခြင်း စွမ်းဆောင်ရရှိဖို့၊ လူတစ်ဦးသည် ပထမဦးဆုံး ကျိုးနွံနာခံသော စိတ်နေစိတ်ထားတစ်ခု ပိုင်ဆိုင်ရမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

လူတို့သည် ဖြစ်ပျက်သည့်အရာတစ်ခုခုကို ရင်ဆိုင်ရသည့်အခါတွင် အများအားဖြင့် သင့်လျော်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများကို အမှန်တကယ် မသိကြသလို သင့်လျော်သော လက်တွေ့လုပ်ဆောင်မှု ဦးတည်ချက်ကိုလည်း နားမလည်ကြပေ။ သို့ရာတွင် ဤအခြင်းအရာ၌ စိတ်သဘောထားနှင့် အခြေအနေဆိုင်ရာ ပြဿနာတို့ပါဝင်ပြီး ဤအရာတို့သည် လူတို့ ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံး အရာများဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တစ်စုံတစ်ခုကို မည်သို့လုပ်ဆောင်ရမည်ကို မသိခြင်း ဖြစ်နိုင်ပြီး မည်သို့ လုပ်ဆောင်သင့်သည်ဟု တစ်ဦးတစ်ယောက်ကပြောသည်ကို မကြားသိခဲ့ရသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာသည် သင်၏ စိတ်ကူး သို့မဟုတ် အယူအဆများနှင့် သိပ်မကိုက်ညီခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်၏ နှစ်သက်မှုနှင့် မကိုက်ညီခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တကယ်တမ်းမူ သင့်စိတ်ထဲတွင် သံသယအချို့ရှိပြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေသည်။ သို့သော် ဤပြဿနာနှင့်ပတ်သက်ပြီး သင် မည်သို့ လုပ်ဆောင်သင့်သနည်း။ အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတစ်ခု ရှိသည်။ ထိုနည်းလမ်းမှာ ကျိုးနွံနာခံခြင်းအားဖြင့် အစပြုရန်ဖြစ်သည်။ ကျိုးနွံနာခံမှုသည် ပြင်ပနည်းလမ်းတစ်ခုဖြင့် အမှုအရာများ ဆောင်ရွက်ခြင်း သို့မဟုတ် ပြောဆိုခြင်း မဟုတ်သလို ဆွဲဆောင်မှုရှိ​အောင် စကား​လုံး​လှလှများ​ဖြင့်​ ​ပြောဆိုခြင်းလည်း မဟုတ်ပေ။ ၎င်းတွင် အခြေအနေတစ်မျိုး ပါဝင်သည်။ လူတို့ ပြောသည့်အရာ၊ လုပ်ဆောင်သည့်အရာနှင့် စဉ်းစားသည့်အရာတို့အပြင် ၎င်းတို့၏ သဘောထားများနှင့် ၎င်းတို့၌ ရှိနေသည့် စိတ်အခြေနေတို့ကို စစ်မှန်သော ကျိုးနွံနာခံခြင်းဟု သတ်မှတ်နိုင်သလော။ (ကျွန်ုပ်တို့သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အချိန်တွင် ကျိုးကြောင်းပြဖြေရှင်းပြီး ထွက်ပေါက်ရှာဖို့ ကြိုးစားခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်းပြသဖို့ ကြိုးစားခြင်း မပြုလုပ်သင့်ပေ။) ဤသည်မှာ အခြေအနေ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ကျိုးကြောင်းပြ ဖြေရှင်းပြီး ထွက်ပေါက်ရှာဖို့ မကြိုးစားနှင့်။ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်းမပြသနှင့်။ သို့ရာတွင် သင်သည် အလွန်အမင်း မတရားခံရသည်ဟု ခံစားရသော်လည်း ထိုအရာအကြောင်း တစ်စုံတစ်ရာကို ချက်ချင်းပြောဆိုခြင်း မရှိဘဲ တစ်ဦးချင်းသာ ပြောဆိုခြင်းဖြင့် ပြီးဆုံးပါက ဤသည်မှာ ကျိုးနွံနာခံသည့် သဘောထားတစ်ခုဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ကျိုးနွံနာခံသည့် သဘောထားဆိုသည်မှာ အတိအကျဆိုလျှင် အဘယ်နည်း။ ရှေးဦးစွာ လူတစ်ဦး၌ အပြုသဘောဆောင်သည့် သဘောထားတစ်ခုရှိရမည်။ ဆိုလိုသည်မှာ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ဆိုသည်ကို စိစစ်သုံးသပ်ရန် မကြိုးစားနှင့်။ ယင်းအစား ဖြစ်ပျက်ခဲ့သည့်အရာကို လက်သာခံလိုက်လော့။ လူတို့က “ဤအရာကို သင် ပြုလုပ်လိုက်သည်မှာ မှားယွင်းသည်။” ဟု ပြောသည်။ သင်က နားမလည်နိုင်သော်လည်း ယင်းကို လက်ခံနိုင်ပြီး သင် အမှားတစ်ခုပြုလုပ်ခဲ့သည်ဟု ဝန်ခံနိုင်သည်။ ပထမဦးဆုံးအနေနှင့် လက်ခံခြင်းသည် အပြုသဘောဆောင်သည့် သဘောထားတစ်ခုဖြစ်သည်။ ထို့အပြင် အဖျက်သဘောဆောင်သည့်ဘက်၌ အခြားသဘောထားတစ်ခုရှိပြီး ယင်းမှာ အစကတည်းက မခုခံဖို့ဖြစ်သည်။ ဤသို့ ခုခံမှုမရှိခြင်းကို မတူညီသည့်နည်းလမ်း မည်မျှဖြင့် ပြသနိုင်သနည်း။ ကျိုးကြောင်းပြ ဖြေရှင်းပြီး ထွက်ပေါက်ရှာဖို့ မကြိုးစားနှင့်။ ပြီးလျှင် သင်၏ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်တို့ကို ထုတ်၍မပြောနှင့်။ တစ်စုံတစ်ခုသည် ဤသို့၊ ထိုသို့သော အကြောင်းကြောင့် ဖြစ်သည်၊ ဤသူ၊ ထိုသူကို အပြစ်တင်ရမည်ဟု သင်ပြောလျှင် သင်သည် ကျိုးကြောင်းပြ ဖြေရှင်းပြီး ထွက်ပေါက်ရှာဖို့ ကြိုးစားနေခြင်း မဟုတ်လော။ ဤသည်မှာ ခုခံခြင်း မဟုတ်လော။ မငြင်းဆန်နှင့်။ မခုခံနှင့်။ ထို့အပြင် ကျိုးကြောင်းပြ ဖြေရှင်းပြီး ထွက်ပေါက်ရှာဖို့ မကြိုးစားနှင့်။ သင်၌ အကြောင်းပြချက်များ ရှိလျှင်ပင် ၎င်းတို့မှာ သမ္မာတရားဟုတ်သလော။ ယင်းမှာ လူသား၏ ဓမ္မဓိဋ္ဌာန်ကျသော ကျိုးကြောင်းဆင်ခြင်မှုသာဖြစ်သည်။ သမ္မာတရားမဟုတ်ပေ။ ယခုအချိန်တွင် ဤသည်မှာ သင်၏ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များနှင့် မသက်ဆိုင်ပေ။ ဤအရာမှာ အဘယ်ကြောင့်ဖြစ်သည် သို့မဟုတ် မည်သည့်အရာက ဤသို့ ဖြစ်စေသည်နှင့် မသက်ဆိုင်ပေ။ ဤသို့မဟုတ်ဘဲ ဖြစ်ပျက်ခဲ့သည့်အရာ၏ သဘောသဘာဝသည် သမ္မာတရားနှင့် မကိုက်ညီဆိုသည့်အချက်နှင့် သက်ဆိုင်သည်။ သင်၏ နားလည်မှုသည် ဤအဆင့်သို့ရောက်လျှင် သင်သည် စစ်မှန်စွာ လက်ခံလာနိုင်မည်ဖြစ်ပြီး အမှန်တကယ်ပင် ခုခံခြင်းကို ရပ်တန့်နိုင်မည်။ အစကတည်းက ဤသဘောထားရှိထားရန်မှာ အလွန်ပင် အရေးပါသည်။ အချို့လူတို့သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်တွင် “ဖြစ်ခဲ့သည့်အရာသည် ငါ၏ အမှားသက်သက်ပင်မဟုတ်။ ထိုသို့ဆိုလျှင် တာဝန်ခံမှုအားလုံးကို ငါ့အပေါ် အဘယ်ကြောင့် ပုံချရသနည်း။ အခြားလူအားလုံးက အဘယ်နေရာသို့ ထွက်သွားကြသနည်း။ အနီးတစ်ဝိုက်၌ရှိသော ၎င်းတို့က အဘယ်ကြောင့် ငါ့ကိုယ်စား ပြောမပေးကြသနည်း။ ၎င်းတို့က ငါ့တစ်ယောက်တည်းကိုသာ အားလုံး တာဝန်ခံစေသည်။ ‘လူတိုင်းက အကျိုးခံစားရပြီး တစ်ယောက်တည်းကသာ အပြစ်တင်ခံရသည်’ ဆိုသည်ကို သက်သေပြနေခြင်းသာ ဖြစ်သည်။ ငါသည် အလွန်ပင် ကံမကောင်းပေ။ ဤ မကောင်းသောအရာအားလုံးသည် ငါ၌သာ ဖြစ်ပေါ်နေပြီး ကောင်းသောအရာများက မည်သည့်အခါမျှ မဖြစ်ပေါ်သည်မှာ အဘယ်ကြောင့်နည်း။” ဟူ၍ တွေးတောကြသည်။ ဤ စိတ်ခံစားချက်မှာ မည်သည့်အမျိုးအစားဖြစ်သနည်း။ ဤသည်မှာ ခုခံခြင်းဖြစ်သည်။ အပေါ်ယံတွင် ဤသို့သောသူတို့သည် ခေါင်းညိတ်ကာ ၎င်းတို့ မှားယွင်းသည်ဟု ဝန်ခံပြီး တာဝန်ခံမှုကို လက်ခံသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် “၎င်းတို့ လုပ်မှဖြစ်မည်ဆိုလျှင် ၎င်းတို့ ငါ့အား ကိုင်တွယ်ဖြေရှင်းနိုင်သည်။ သို့သော် ၎င်းတို့ပြောခဲ့သည့်အရာမှာ အလွန် ကြမ်းတမ်းသည်။ ထိုသူများအားလုံးရှေ့တွင် ငါ့အား ဝေဖန်ကြသည်။ ငါ အရှက်ရသည်။ ၎င်းတို့သည် ငါ့အား လူသားတစ်ယောက်အဖြစ်ဖြင့်ပင် မဆက်ဆံကြပေ။ ငါက သေးငယ်သောအမှားတစ်ခုသာ လုပ်မိခြင်းဖြစ်သည်။ ဤအမှားသာ ရှိသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာကို ပြောပြီးရင်း ပြောဆိုနေကြသနည်း။” ဟူ၍ ညည်းညူဆဲဖြစ်သည်။ ထိုသို့သောသူတို့သည် ခုခံကြသည်။ ငြင်းပယ်ကြသည်။ ခေါင်းမာစွာဖြင့် ထိပ်တိုက် ရင်ဆိုင်မှုများ ပေါ်ပေါက်စေကြပြီး၊ ကျိုးကြောင်းသင့်မြတ်မှု မရှိကြဘဲ၊ ဆင်ခြေများပေးကြသည်။ ဤသို့သော စိတ်ခံစားချက်များနှင့် အတွေးများရှိသောသူသည် စစ်မှန်စွာ ကျိုးနွံနာခံသည့် သဘောထားကို ပိုင်ဆိုင်ခြင်း မရှိနိုင်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်” မှ

မည်သည့်အရာကို သင်လုပ်သည်ဖြစ်စေ ၎င်း၌ရှိသည့် သမ္မာတရားကိုရှာဖွေရန်နှင့် နာခံရန် သင်ယူရမည်။ သင်သည် သမ္မာတရားနှင့်အညီ ပြုမူနေသရွေ့ မှန်ကန်စွာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အကယ်၍ ဤအရာကို အဆိုပြုသောသူသည် ကလေးတစ်ယောက် သို့မဟုတ် မထင်ရှားသော ညီငယ်၊ ညီမငယ် ဖြစ်ခဲ့သည့်တိုင် သူ၏ပြောဆိုမှုသည် သမ္မာတရားနှင့်ကိုက်ညီသ‌ရွေ့ သင်၏လုပ်ဆောင်မှုသည် ကောင်းမွန်သည့်အကျိုးရရှိပြီး ဘုရားသခင်၏အလိုတော်နှင့်လည်း ကိုက်ညီလိမ့်မည်။ ကိစ္စတစ်ခုကိုကိုင်တွယ်ခြင်းသည် သင်၏ပြင်းပြသောဆန္ဒနှင့် ၎င်းကိုကိုင်တွယ်ရန် သင်၏အခြေခံသဘောတရားများအပေါ်၌ မူတည်၏။ သင်၏အခြေခံသဘောတရားသည် လူ၏လိုအင်ဆန္ဒ၊ လူ၏အတွေးခေါ်များ၊ လူ၏အယူအဆများနှင့် စိတ်ကူးများမှ ပေါ်ပေါက်လျှင် သို့မဟုတ် လူသား၏ခံစားချက်များနှင့် ရှုထောင့်များမှပေါ်ပေါက်လျှင် ကိစ္စတစ်ခုအပေါ်၌ သင်၏ကိုင်တွယ်ပုံသည် မှားယွင်းပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အရင်းအမြစ်သည် မှားယွင်းနေသောကြောင့် ဖြစ်သည်။ သင်၏အမြင်များသည် သမ္မာတရား၏ အခြေခံသဘောတရားများ၌ အခြေခံလျှင် ကိစ္စရပ်များကို သမ္မာတရားအခြေခံသဘောတရားနှင့်အညီ သင်ကိုင်တွယ်ပြီး ဖြစ်ပေါ်နေသည့် ထိုကိစ္စကို မှန်ကန်စွာဖြင့် သင်ကိုင်တွယ်ရန် သေချာပေသည်။ တစ်ခါတစ်ရံ အခြားသောလူတို့သည် ထိုကိစ္စအပေါ် သင်၏ကိုင်တွယ်မှုအား လောလောဆယ် လက်မခံနိုင်ဘဲ နေလိမ့်ဖြစ်ပြီး ထိုသို့သောအချိန်များတွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ယူဆချက်များ ရှိနိုင်သဖွယ်ရှိသည်၊ သို့မဟုတ် ၎င်းတို့၏ နှလုံးသားများသည် နေရခက်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ခဏကြာအတွင် သင်မှန်ကန်ကြောင်း ထင်ရှားလာလိမ့်မည်။ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသည့်ကိစ္စရပ်များသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြည့်ကောင်းလာမည်ဖြစ်သည်၊ ဘုရားသခင်၏အလိုတော်နှင့်မကိုက်ညီသည့် ကိစ္စရပ်များ၊ လူသား၏ အလိုဆန္ဒနှင့် လူသားလုပ်ဆောင်သည့် ကိစ္စရပ်များသည် မည်သို့ပင်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ ပိုမို ဆိုးရွားလာမည်ဖြစ်ပြီး ၎င်းတို့အားလုံးသည်လည်း ထိုသို့ဖြစ်ကြောင်း ထင်ရှားလာလိမ့်မည်။ သင်ပြုမူလုပ်ဆောင်သည့်အခါ မည်သူ၏လမ်းက သင့်ကိုဦးဆောင်သင့်သည် သို့မဟုတ် ဦးမဆောင်သင့်ဟူသည်ကို မပူပန်လေနှင့်။ ထို့အပြင် သင်၏ထင်မြင်ချက်များလည်း မပြုလေနှင့်။ ပထမဦးဆုံးအနေဖြင့် သင်သည် ရှာဖွေပြီး ဆုတောင်းသင့်သည်။ ထို့အပြင် သင်၏ရှေ့ခရီးကို စမ်း၍သွားပြီး လူတိုင်းနှင့် အတူတကွ မိတ်သဟာယဖွဲ့လော့။ မိသဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ ၎င်းသည် လူတစ်ဦးအား အမှုအရာများကို ဘုရားသခင်၏အလိုတော်နဲ့အညီ ရှင်းလင်းတိကျစွာ လုပ်ဆောင်စေပြီး ဘုရားသခင်၏အလိုတော်နဲ့ညီအောင် ပြုမူစေသည်။ ဤသည်မှာ ဤအရာအား အတော်ကလေး ကြီးကြီးကျယ်ကျယ် ပြောခြင်းဖြစ်သည်။ ဤအရာသည် အရေးကိစ္စများကို သမ္မာတရားအခြေခံသဘောတရားများနှင့်အညီ အတိအကျ ကိုင်တွယ်တတ်စေနိုင်သည်ဟု ဆိုကြပါစို့။ ဤသည်မှာ ပိုပြီးလက်တွေ့ကျလေသည်။ ဤအရာကို သင်ရရှိနိုင်မည်ဆိုလျှင် ယင်းသည် လုံလောက်ပေမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြေရှင်းရန် လမ်းကြောင်း” မှ

လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ “စောင့်ဆိုင်းခြင်း” က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ “ရှာဖွေခြင်း” ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ “ကျိုးနွံနာခံခြင်း” ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင်၊ နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလို မဖြစ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာကို ဘုရားသခင်က စီစဉ်ထားခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ထုတ်ဖော်ပြရန်၊ သို့မဟုတ် သင့်ကို ဖော်ထုတ်ဖို့ရန် မဟုတ်ရပါ၊ သင့်ကို ဖော်ထုတ်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ယင်းကို ဘုရားသခင်က အဘယ်သို့ လုပ်ဆောင်ပါသနည်း။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏သဘာဝဗီဇနှင့် အနှစ်သာရ၊ သင်၏ အားနည်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင့်အား သတိပြုမိစေခြင်းဖြင့် သူ စတင်သည်။ ဤအရာများကို သိခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုရှိခြင်းအားဖြင့်သာ သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။ ဤအခွင့်အရေးကို မည်သို့အမိအရယူရမည်ကို သင်သိရန် လိုအပ်ပြီး၊ ဘုရားသခင်နှင့် မလျှော့တမ်းငြင်းခုံခြင်း မပြုသင့်ပေ။ အထူးသဖြင့် သင်သည် သင့်ဝန်းကျင်ရှိ ဘုရားသခင်စီစဉ်ပေးသည့် လူများ၊ ကိစ္စရပ်များ၊ အမှုအရာများတို့နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ၊ အမှုအရာများသည် မိမိဖြစ်စေလိုသည့်အတိုင်း မဟုတ်ပါဟု စဉ်ဆက်မပြတ် မခံစားနှင့်။ ယင်းတို့ကို ရှောင်လွှဲဖို့ သို့မဟုတ် ဘုရားသခင်ကို အမြဲ အပြစ်တင်ကာ နားလည်မှုလွဲဖို့ စဉ်ဆက်မပြတ် ဆန္ဒမရှိနှင့်။ ထိုအရာများကို သင် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါက၊ သင်သည် ဘုရားသခင်၏အမှုကို ကြုံနေရခြင်းမဟုတ်သကဲ့သို့၊ ယင်းက သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ဖို့ရန်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ သင်အပြည့်အဝ နားမလည်နိုင်သည့် သင် ကြုံရသော မည်သည့်အရာကိုမဆို၊ အခက်အခဲ ဖြစ်ပေါ်သည့်အခါ၊ ကျိုးနွံနာခံတတ်ရန် သင်ယူရမည်။ သင်သည် ဘုရားသခင်ရှေ့သို့ လာခြင်းနှင့် သာ၍ ဆုတောင်းခြင်းဖြင့် စတင်သင့်သည်။ ထိုနည်းဖြင့် သင်မသိလိုက်မီ သင်၏အတွင်းစိတ် အခြေအနေတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ သင်သည် သင်၏ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤအရာ ဖြစ်ပျက်သည်နှင့်အမျှ၊ သင့်အထဲ၌ သမ္မာတရားစစ်မှန်မှု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သင်တိုးတက် လာမည့်ပုံနှင့် သင့်ဘဝအခြေအနေ၏ အသွင်ပြောင်းလဲမှုကို ကြုံရမည့်ပုံ ဖြစ်သည်။ ဤအပြောင်းအလဲကို သင်ကြုံရပြီး ဤသမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက်၊ ဝိညာဉ်ရင့်ကျက်မှုကိုလည်း သင် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ဝိညာဉ်ရင့်ကျက်မှုနှင့်အတူ အသက်လိုက်လာမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့၏ အတွေးတိုင်းနှင့် စိတ်ကူးအတွင်းတွင်၊ ၎င်းတို့ လုပ်ရပ်တိုင်း၏ နောက်ကွယ်က ရည်ရွယ်ချက်များအတွင်းတွင် ကွယ်ဝှက်နေ၏၊ ယင်းသည် အရာရာတိုင်းအပေါ် လူသား၌ရှိသော ရှုထောင့်အမြင်အားလုံးထဲနှင့် ဘုရားသခင် လုပ်ဆောင်သမျှကို ချဉ်းကပ်ရာတွင် ၎င်းတို့ရှိကြသည့် ထင်မြင်ချက်တိုင်း၊ နားလည်မှုတိုင်း၊ ရှုထောင့်အမြင်တိုင်းနှင့် စိတ်ဆန္ဒတိုင်းအတွင်း ကွယ်ဝှက်နေ၏။ ယင်းမှာ အတွင်းထဲ၌ ကွယ်ဝှက်ထားသည်။ ထို့ပြင် ဘုရားသခင်သည် မည်သည့်အရာပြုလုပ်သနည်း။ ဘုရားသခင်သည် လူသား၏ ဤအရာများကို မည်သို့ ချဉ်းကပ်သနည်း။ သင့်ကို ထုတ်ဖော်ပြဖို့ရန် အခြေအနေများကို သူ စီစဉ်၏။ သင့်ကို ထုတ်ဖော်ပြရုံသာမက၊ သင့်ကို တရားလည်း သူ စီရင်မည်ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ပြသည့်အခါ၊ ဘုရားသခင်ကို အာခံသည့် အတွေးများနှင့် စိတ်ကူးများ သင်ရှိသည့်အခါ၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်သည့် အခြေအနေများနှင့် ရှုထောင့်အမြင်များ သင် ရှိသည့်အခါ၊ ဘုရားသခင်ကို သင်နားလည်မှုလွဲသည့်၊ သို့မဟုတ် သူ့ကို အာခံပြီး ဆန့်ကျင်သည့် အခြေအနေများ သင်ရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို ပြစ်တင်မောင်းမဲမည်၊ သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမည်၊ ပြီးလျှင် တစ်ခါတစ်ရံ သင့်ကို သူ အပြစ်ပင်ပေးပြီး ပဲ့ပြင်ဆုံးမလိမ့်မည်။ သင့်ကို ပဲ့ပြင်ဆုံးမခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင် ပြုလုပ်သည့်အရာသည် မှားယွင်းကြောင်း သင့်ကို နားလည်စေရန်ဖြစ်သည်။ “ငါစဥ်းစားခဲ့တဲ့အရာတွေဟာ လူသားရဲ့ အယူအဆများဖြစ်ပြီး အဲဒါတွေဟာ မှားယွင်းခဲ့တယ်။ ငါ့ရဲ့ ရည်ရွယ်ချက်ဟာ စာတန်ဆီက၊ လူ့အလိုဆန္ဒထဲက လာခဲ့တာဖြစ်ပြီး အဲဒါက ဘုရားသခင်ကို ကိုယ်စားမပြုခဲ့ဘူး။ အဲဒါဟာ ဘုရားသခင်နဲ့ သဟဇာတမဖြစ်သလို ဘုရားသခင်ရဲ့ အလိုတော်ကို မဖြည့်ဆည်းနိုင်ခဲ့ဘူး။ အဲဒါကို ဘုရားသခင် စက်ဆုပ်တယ်၊ မုန်းတီးတယ်၊ ပြီးတော့ အဲဒါက သူ့ကို ဒေါသထွက်စေတာ အဲဒါကို သူ ကျိန်ဆဲတဲ့အထိအောင်ပဲ။ ငါ့ရဲ့ရည်ရွယ်ချက်ကို ငါပြောင်းလဲရမယ်။” ယင်းကို သင် မည်သို့ ပြောင်းလဲနိုင်သနည်း။ ပထမဦးစွာ၊ သင့်ကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းနှင့် သင့်အတွက် သူ စီစဉ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် နာခံရမည်။ သင်သည် နာခံမှုရှိရမည်ဖြစ်ပြီး အရာရာတိုင်းတွင် အပြစ်အနာအဆာ မရှာဖွေသင့်၊ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများကို မရှာနှင့်၊ ပြီးလျှင် သင်၏ တာဝန်များကို ခေါင်းမရှောင်နှင့်။ ဤအရာအပြင်၊ ဘုရားသခင် လုပ်ဆောင်နေသည့် အရာထဲတွင် မည်သည့်သမ္မာတရားများကို သင် လက်တွေ့လုပ်ဆောင်သင့်ပြီး ဝင်ရောက်သင့်သည်ကို သင် ရှာဖွေဖို့လိုသည်။ ဤသည်မှာ ဘုရားသခင် သင့်ကို နားလည်စေလိုသည့်အရာ ဖြစ်သည်။ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများအပေါ် သင် နာခံမှုရှိနိုင်ဖို့ရန်နှင့် နောက်ဆုံးတွင် သူ၏ အလိုတော်နှင့်အညီ သူတောင်းဆိုသည့်အရာကို သင် လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်စေဖို့ရန်၊ သူသည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သည့် အနှစ်သာရတို့အား သတိပြုမိစေချင်သည်။ ဤသို့ဆိုလျှင် အတွေ့အကြုံဆိုးကြီးကို သင် ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ ခုခံခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို သင်ရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ဤအရာများကို မည်သည့်အရာဖြင့် မကြာမီ အစားထိုးခံရသနည်း။ သင်သည် နာခံနိုင်ပြီး မငြင်းတော့ပေ။ ဘုရားသခင်က၊ “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့” ဟု ပြောသည့်အခါ၊ သင်က၊ “ဘုရားသခင်က ကျွန်ုပ်ကို စာတန်ဟု ပြောပါက၊ ကျွန်ုပ်သည် စာတန်ဖြစ်၏။ ကျွန်ုပ် မည်သည့်အရာကို အမှားလုပ်မိသည်၊ သို့မဟုတ် ကျွန်ုပ်စာတန်ဖြစ်သည်ဟု ဘုရားသခင် အဘယ်ကြောင့်ပြောသည်ကို ကျွန်ုပ်နားမလည်သော်လည်း၊ သူကျွန်ုပ်ကို နောက်ဆုတ်စေရန် ဆန္ဒရှိပါက၊ ကျွန်ုပ်တုံ့ဆိုင်းမည်မဟုတ်ပါ။ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်ရှာဖွေရမည်” ဟု ပြန်ပြောလိမ့်မည်။ သင့်လုပ်ရပ်များ၏ သဘာဝမှာ ဆိုးယုတ်သည်ဟု ဘုရားသခင်ပြောသည့်အခါ၊ သင်က၊ “ဘုရားသခင်ပြောသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်အသိအမှတ်ပြု၏၊ ကျွန်ုပ်အားလုံးလက်ခံသည်” ဟု သင်ပြောသည်။ ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ ဤသည်မှာ နာခံမှုဖြစ်သည်။ သင်သည် နတ်ဆိုး စာတန်ဖြစ်သည်ဟု ဘုရားသခင်ပြောခြင်းကို အင်တင်တင်ဖြင့် သင်လက်ခံနိုင်သော်လည်း သင်သည် သားရဲတစ်ကောင်ဖြစ်သည်ဟု သူပြောချိန်တွင် ယင်းကို သင် လက်မခံနိုင်သကဲ့သို့- နာခံနိုင်စွမ်းမရှိသည့်အခါတွင် ယင်းသည် နာခံမှုလော။ နာခံမှုဆိုသည်မှာ အကြွင်းမဲ့ လေးစားလိုက်နာခြင်း၊ လက်ခံခြင်းဖြစ်သည်၊ ငြင်းခုံခြင်းမဟုတ်သကဲ့သို့ သတ်မှတ်ချက်များကို ချမှတ်ခြင်း မဟုတ်ပေ။ ယင်းမှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများကို ပဓာနမထားဘဲ၊ အကြောင်းတရားနှင့် အကျိုးတရားကို မစိစစ်ခြင်းနှင့် လက်ခံခြင်းကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူတို့သည် ဤသို့သော နာခံမှုကို ရရှိပြီးသည့်အချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် နီးစပ်လေသည်။ ဘုရားသခင် သာ၍ ဆောင်ရွက်လေ၊ အရာအားလုံးကို ဘုရားသခင် အုပ်စိုးသည်ဆိုသည့် သင်၏အသိစိတ်က သာ၍ ကြီးမားလေလေ ဖြစ်ပြီးနောက်၊ “ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမြတ်၏၊ မည်သည့်အရာမျှ မဆိုးပါ။ ငါသည် စံရွေးရမည်မဟုတ်ဘဲ နာခံသင့်သည်။ ငါ၏တာဝန်၊ ငါ၏ဝတ္တရား၊ ငါ၏အလုပ်- ယင်းမှာ နာခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သတ္တဝါတစ်ဦးအဖြစ် ငါလုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်ကိုပင် ငါမနာခံနိုင်ပါက၊ ငါသည် မည်သည့်အရာ ဖြစ်သနည်း။ ငါသည် သားရဲတစ်ကောင်ဖြစ်သည်၊ နတ်ဆိုးဖြစ်သည်” ဟု သင် သာ၍ ခံစားရလိမ့်မည်။ ဤအရာက ယခု သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသည်ဟု ပြသသည် မဟုတ်လော။ ဤအဆင့်ထိ သင်ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်၌ အစွန်းအထင်းရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့လည်း သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်၏- ထို့နောက် သင့်ကို ကောင်းချီးပေးဖို့ ဘုရားသခင်အတွက် လွယ်ကူလိမ့်မည် မဟုတ်လော။ ထို့ကြောင့်၊ နာခံခြင်းမှ သင်ယူရမည့် သင်ခန်းစာများစွာ ရှိ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံခြင်းသာလျှင် လက်တွေ့ကျသောယုံကြည်မှုတစ်ခုဖြစ်၏” မှ

သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ စိတ်ဆန္ဒကို ဤအရာထက် သာ၍ကျေနပ်စေသည့်အရာ မည်သည့်အရာမျှမရှိချေ။ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဘုရားသခင်အား အမှန်တကယ် ချစ်နိုင်စွမ်းမရှိဟု စိတ်ကူးကြည့်လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းမည် သာမက၊ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သူ၊ ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကို မနာခံသောသူတစ်ဦး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း သင် ခံရမည် ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်ရန်သာ သင် အရေးစိုက်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းကို အရေးမစိုက်ပေ။ သင်သည် ဖန်ဆင်းရှင်ကို နားမလည် သို့မဟုတ် မသိသကဲ့သို့၊ ဖန်ဆင်းရှင်ကို မနာခံ သို့မဟုတ် မချစ်ပေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဖန်ဆင်းခြင်း၏သခင်၏ ဖန်ဆင်းခံ သတ္တဝါများကို ပြုမူဆက်ဆံခြင်းနှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေသတစ်ခု ရှိပြီး၊ ယင်းမှာ အမြင့်မားဆုံးသော ဥပဒေသလည်း ဖြစ်သည်။ ဖန်ဆင်းခံ သတ္တဝါများကို သူပြုမူဆက်ဆံပုံသည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သူ၏ သတ်မှတ်ချက်များအပေါ်တွင် လုံးလုံးလျားလျား အခြေခံသည်။ ကိုယ်တော်သည် မည်သည့် လူတစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးတိုင်ပင်စရာ မလိုသကဲ့သို့၊ သူသည် သူနှင့် သဘောတူညီမှု ရယူရန် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မလိုအပ်ပေ။ သူသည် သူလုပ်ဆောင်သင့်သည့်အရာ မည်သည့်အရာမဆိုနှင့် လူတို့ကို သူပြုမူဆက်ဆံရမည့် မည်သည့်ပုံစံကိုမဆို လုပ်ဆောင်ပြီး၊ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် လူတို့ကို သူ မည်သို့ ဆက်ဆံသည်ဖြစ်စေ အားလုံးသည် ဖန်ဆင်းခြင်း၏အရှင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် ကိုက်ညီပေသည်။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့်၊ လုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ကျိုးနွံနာခံရန်ဖြစ်သည်၊ အခြား ရွေးချယ်မှုတစ်ခုတစ်လေမျှ မရှိသင့်ပေ။ ဤအရာက ဘာကိုပြသနည်း။ ဖန်ဆင်းခြင်း၏ သခင်သည် အစဉ်အမြဲပင် ဖန်ဆင်းခြင်း၏ သခင်ဖြစ်လိမ့်မည်ကို ပြပေသည်။ သူသည် မည်သည့် ဖန်ဆင်းခံ သတ္တဝါအပေါ်မဆို သူသဘောတွေ့သလို စီစဉ်ညွှန်ကြားဖို့နှင့် အုပ်ချုပ်ဖို့ တန်ခိုးအာဏာနှင့် အရည်အချင်းများကို ပိုင်ဆိုင်ပြီး ထိုသို့ပြုရန် အကြောင်းပြချက် တစ်ခုမျှ မလိုအပ်ချေ။ ဤသည်မှာ သူ၏ ဩဇာအာဏာပင်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဖန်ဆင်းခံ သတ္တဝါများဖြစ်သရွေ့၊ အဖန်ဆင်းခံ သတ္တဝါများကြားတွင် ဖန်ဆင်းရှင် မည်သို့ ပြုမူသင့်သည် သို့မဟုတ် သူပြုသည့်အရာ မှန်သည်မှားသည်ဆိုသည့်အပေါ် စီရင်ချက်ချရန် တန်ခိုးအာဏာရှိသူ သို့မဟုတ် အရည်အချင်းမပြည့်မီသူ တစ်ဦးမျှမရှိသကဲ့သို့ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ဖန်ဆင်းခြင်းသခင်၏ အုပ်ချုပ်ခြင်းခံရရန်၊ စီစဉ်ညွှန်ကြားခြင်းခံရရန် သို့မဟုတ် နေရာချခံရရန် သင့်မသင့်ဟူသည်ကို ရွေးချယ်ရန် အရည်အချင်း မပြည့်မီပါပေ။ အလားတူပင် မည်သည့် ဖန်ဆင်းခံ သတ္တဝါကမျှ ဖန်ဆင်းခြင်းအရှင်၏ အုပ်ချုပ်ခြင်းခံရပုံနှင့် နေရာချခံရပုံတို့ကို ရွေးချယ်ရန် အရည်အချင်းများ မရှိပါချေ။ ဤသည်မှာ အမြင့်ဆုံး အမှန်တရားပင် ဖြစ်သည်။ ဖန်ဆင်းခြင်း၏သခင်က သူ၏ ဖန်ဆင်းခံသတ္တဝါများအပေါ် မည်သည့်အရာ ပြုလုပ်ထားသည်ဖြစ်စေ၊ ထို့ပြင် သူ မည်သို့ပြုလုပ်ထားသည်ဖြစ်စေ သူဖန်ဆင်းခဲ့သည့် လူသားများအနေဖြင့် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်သင့်၏- ဖန်ဆင်းခြင်း၏သခင်က နေရာတကျ တည်ထားစေသည့် ဤအဖြစ်မှန်ကို ရှာဖွေရန်၊ ကျိုးနွံနာခံရန်၊ သိနားလည်ရန်နှင့် လက်ခံရန်သာ ဖြစ်ပါသည်။ နောက်ဆုံးရလဒ်ကား သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့် ဖျက်ဆီးပိတ်ဆို့မှုမှမရှိဘဲ တိုးတက်စေရင်း၊ ဖန်ဆင်းခြင်း၏ သခင်က သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်ကာ သူ၏အလုပ်ကို ပြည့်စုံစေပြီးဖြစ်မည် ဟူသည့်အချက်ပင် ဖြစ်လိမ့်မည်။ ထိုအတောအတွင်း၌ ဖန်ဆင်းခံ သတ္တဝါများက ဖန်ဆင်းရှင်၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများကို လက်ခံကာ သူ၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများအား ကျိုးနွံနာခံထားပြီး ဖြစ်သောကြောင့်၊ သူတို့သည် သမ္မာတရားကို ရရှိပြီး ဖြစ်လိမ့်မည်၊ ဖန်ဆင်းရှင်၏ အလိုတော်ကို နားလည်ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် သူ၏ စိတ်နေသဘောထားကို သိကျွမ်းလာပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ သင်တို့ကို ငါ ပြောရမည့် နောက်ထပ် အခြေခံသဘောတရားတစ်ခု ရှိသေး၏- ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူမည်သည့်အရာကို ထင်ရှားစေသည်ဖြစ်စေ၊ ပြီးလျှင် သူလုပ်ဆောင်သည့် အရာသည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဖြစ်စေ သေးငယ်သည့်လုပ်ဆောင်ချက် တစ်ခု ဖြစ်စေ၊ သူသည် ဖန်ဆင်းရှင် ဖြစ်နေဆဲ ဖြစ်သည်။ သူဖန်ဆင်းထားသည့် လူသားမျိုးနွယ်အားလုံးမှာမူ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့အနေဖြင့် မည်မျှ ပါရမီရှိပါစေ သို့မဟုတ် မည်မျှအရေးပေးခံရပါစေ၊ အဖန်ဆင်းခံ သတ္တဝါများ ဖြစ်မြဲဖြစ်ကြလေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အတွက်မူ၊ ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်ထံမှ မည်မျှများပြားသော ကျေးဇူးတော်နှင့် မည်မျှများပြားသော ကောင်းချီးမင်္ဂလာများ ရရှိကြပြီးဖြစ်ပါစေ၊ သို့မဟုတ် သနားကရုဏာ၊ ကြင်နာမှု သို့မဟုတ် စေတနာ မည်မျှရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့အနေဖြင့် လူစုများမှ သီးခြား ရပ်တည်ဖို့ မိမိတို့ကိုယ်ကိုယ် မယုံကြည်သင့်ပေ သို့မဟုတ် ဘုရားသခင်နှင့် အဆင့်အတန်းတူနိုင်ပြီး၊ အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် ၎င်းတို့သည် အဆင့်မြင့်မားလာကြပြီးဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ ဘုရားသခင်က သင့်အပေါ် ဆုကျေးဇူးများ မည်မျှ အပ်နှင်းပြီးဖြစ်ပါစေ၊ သို့မဟုတ် ကျေးဇူးတော် မည်မျှ သင့်ကို သူပေးပြီးဖြစ်ပါစေ၊ သို့မဟုတ် သူက သင့်ကို မည်မျှ ကြင်နာစွာ ဆက်ဆံပြီးဖြစ်ပါစေ၊ သို့မဟုတ် သင့်ကို အထူးပါရမီအနည်းငယ် ပေးပြီးပါစေ၊ ဤအရာများထဲမှ မည်သည့်အရာမျှ သင်၏အဖိုးတန် အရည်အချင်းများ မဟုတ်ပေ။ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပြီး၊ ထို့ကြောင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး အစဉ်အမြဲ ဖြစ်လိမ့်မည်။ သင့်အနေဖြင့်၊ “ငါသည် ဘုရားသခင်၏လက်ထဲက ချစ်ခင်မြတ်နိုးရသူလေးတစ်ဦး ဖြစ်သည်။ သူသည် ငါ့ကို ရန်မူမည်မဟုတ်။ ငါ့အပေါ် ဘုရားသခင်၏ သဘောထားမှာ နှစ်သိမ့်ပြီး ခွန်အားပေးသည့် နွေးထွေးသော တီးတိုးပြောဆိုသံဖြင့် ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်ခြင်းနှင့် နူးညံ့သော ကြင်နာစွာထွေးပိုက်ခြင်းနှင့် သက်ဆိုင်သောအရာတစ်ခု အမြဲဖြစ်လိမ့်မည်။” ဟု မည်သည့်အခါတွင်မျှ မတွေးရ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဖန်ဆင်းရှင်၏ အမြင်တွင်၊ သင်သည် အခြားအဖန်ဆင်းခံ သတ္တဝါအားလုံးနှင့် တူညီပေသည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအလယ်တွင် အခန်းကဏ္ဍတိုင်းကို သင် ပါဝင်လုပ်ဆောင်ဖို့ ဘုရားသခင်သည် သင့်ကို သူဆန္ဒရှိသည်အတိုင်း အသုံးပြုနိုင်ပြီး၊ သူဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားနိုင်ကာ၊ သူဆန္ဒရှိသည်အတိုင်း စီစဉ်နိုင်ပေသည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့် ကောင်းမြတ်သော အသိစိတ်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်” မှ

အရှေ့သို့- ဘုရားသခင်ကို မနာခံသူများသည် အဘယ့်ကြောင့် ကယ်တင်ခြင်းမခံရနိုင်သနည်း။

နောက်တစ်ခုသို့- ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

“သုံးပါးတစ်ဆူ ဘုရားသခင်” သည် အဓိပ္ပာယ် မရှိဆုံး စကားရပ် ဖြစ်သည်ဟု ဆိုထားသည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်-...

ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ခြင်းက မည်သည့်အရာဖြစ်သည် နှင့် သခင့်အတွက် တရားဟောရုံမျှ ဟောခြင်းနှင့် အလုပ်လုပ်ရုံမျှ လုပ်ခြင်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်း ဟုတ် မဟုတ်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။...

နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏...

ကောင်းကင်နှင့်မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော စစ်မှန်သည့် ဘုရားသခင်မှာ တစ်ပါးတည်းလော သို့မဟုတ် သုံးပါးလော

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “နားထောင်ကြ၊ အို ဣသရေလတို့၊ ငါတို့၏ ဘုရားသခင် ယေဟောဝါသည် တစ်ပါးတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။”...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်