အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၆။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ ရရှိနိုင်ပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပြီး အဆင့်တစ်ခုစီတိုင်းနှင့်အတူ သာ၍အဆင့်မြင့်လာလေ့ရှိသည်။ မနက်ဖြန်နေ့၌ ဖော်ပြမည့် ဖွင့်ပြမှုသည် ယနေ့ဖော်ပြသော ဖွင့်ပြမှုထက် ပို၍အဆင့်မြင့်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ပို၍အဆင့်မြင့်လာလေသည်။ ဘုရားသခင်သည် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် လူသားကို စုံလင်အောင်ပြုသည်။ အကယ်၍ လူသားက အမီမလိုက်နိုင်လျှင် အချိန်မရွေး နောက်ချန်ထားခြင်း ခံရနိုင်သည်။ လူသား၌ နာခံတတ်သော နှလုံးသားမရှိလျှင် အဆုံးတိုင်အောင် လိုက်နိုင်မည် မဟုတ်။ အတိတ်ခေတ်သည် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယနေ့ခေတ်သည် ခေတ်သစ်ဖြစ်၏။ ခေတ်သစ်၌ အမှုသစ်ကို ပြုရပေမည်။ အထူးသဖြင့် လူသားကို စုံလင်အောင်ပြုမည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် အမှုသစ်ကို သာ၍သာ၍လျင်မြန်စွာ လုပ်ဆောင်လိမ့်မည်။ သို့ဖြစ်၍ လူသားအနေဖြင့် နှလုံးသားထဲ၌ နာခံခြင်း မရှိလျှင် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ဖို့ ခက်မည်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်စည်းမျဉ်းစည်းကမ်းများကိုမျှ မလိုက်နာသကဲ့သို့၊ သူလုပ်ဆောင်သည့် အမှု၏ အဆင့်တိုင်းကိုလည်း မပြောင်းလဲသည့်အရာအဖြစ် မသတ်မှတ်ပေ။ စင်စစ်အားဖြင့် သူလုပ်သော အမှုသည် အမြဲအသစ်ဖြစ်နေလေ့ရှိပြီး၊ အမြဲအဆင့်မြင့်နေလေ့ရှိသည်။ အဆင့်တစ်ခုစီတိုင်းနှင့်အတူ သူလုပ်သောအမှုသည် ပို၍ပို၍လက်တွေ့ကျလာပြီး၊ လူသား၏ လိုအပ်ချက်များနှင့်လည်း ပို၍ပို၍ ကိုက်ညီလာလေ့ရှိသည်။ ထိုသို့သောအမှုမျိုးကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီးမှသာ လူသားသည် သူ၏စိတ်သဘောထား၌ နောက်ဆုံးအသွင်သဏ္ဌာန်ပြောင်းလဲမှုကို ရရှိနိုင်သည်။ အသက်တာနှင့်ပတ်သက်သော လူသား၏အသိသည် ပိုပိုအဆင့်မြင့်လာသကဲ့သို့၊ ဘုရားသခင်၏ အမှုသည်လည်း ထိုနည်းတူစွာပင် ပိုပို၍ အဆင့်မြင့်လာသည်။ ထိုနည်းလမ်းအားဖြင့်သာ လူသားကို စုံလင်အောင် ပြုလုပ်နိုင်ပြီး၊ ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သောသူ ဖြစ်လာနိုင်သည်။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အလုပ်လုပ်သည်မှာ တစ်ဖက်၌ လူသား၏အယူအဆများကို တန်ပြန်ရန်နှင့် ပြောင်းပြန်လှန်ရန်အတွက်ဖြစ်ပြီး၊ တစ်ဖက်၌မူ လူသားကို ပို၍အဆင့်မြင့်သော၊ ပို၍စစ်မှန်သော အခြေအနေသို့ရောက်အောင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ အဆင့်အမြင့်ဆုံးဘုံသို့ ဦးဆောင်သွားရန်အတွက်ဖြစ်သည်။ ထိုသို့အားဖြင့် အဆုံး၌ ဘုရားသခင်၏ အလိုတော်မှာ ပြည့်စုံနိုင်ရန်ဖြစ်သည်။ တမင်ဆန့်ကျင်လေ့ရှိပြီး မနာခံတတ်သော သဘာဝဗီဇ ရှိသူအားလုံးသည် အလျင်အမြန် တစ်ဟုန်ထိုး တိုးတက်နေသည့် ဘုရားသခင့်အမှု၏ ဤအဆင့်၌ နောက်ကျကျန်နေခဲ့ကြလိမ့်မည်။ လိုလိုလားလား နာခံသူများနှင့် မိမိကိုယ်ကို ဝမ်းမြောက်စွာ နှိမ့်ချမှုရှိသည့်သူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်သည်။ ဤသို့သောအမှုမျိုး၌ သင်တို့အားလုံးသည် မည်သို့နာခံသင့်ပုံနှင့် မိမိတို့၏အယူအဆများကို မည်သို့ဘေးဖယ်ထားသင့်ပုံတို့ကို သင်ယူသင့်သည်။ သင်သည် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းသင့်သည်။ အကယ်၍ သတိမထားလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပစ်ခါခါ ငြင်းပယ်ခြင်းကို ခံရသူ၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်သူ ဧကန်အမှန် ဖြစ်လာလိမ့်မည်။...ဘုရားသခင်လုပ်သော အမှုသည် အချိန်ကာလကိုလိုက်၍ ကွဲပြား၏။ အကယ်၍ သင်သည် ကာလအဆင့်တစ်ခု၌ အလွန်နာခံသော်လည်း နောက်ကာလအဆင့်တစ်ခု၌မူ နာခံမှုအလွန်နည်းလျှင်၊ သို့မဟုတ် နာခံခြင်း လုံးဝမရှိလျှင် ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည် ဖြစ်သည်။ ဘုရားသခင် ဤအဆင့်သို့ တက်သောအခါ၌ သင်မီအောင်လိုက်လျှင် နောက်အဆင့်တစ်ဆင့်သို့ သူတက်သောအခါတွင်လည်း သင်သည် ဆက်ပြီးမီအောင်လိုက်ရမည်။ သို့မှသာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံသောသူ ဖြစ်မည်။ သင်သည် ဘုရားသခင်ကို ယုံသောကြောင့်၊ သင်သည် တစ်သမတ်တည်း နာခံရမည်။ စိတ်ပါလျှင် နာခံလိုက်၊ စိတ်မပါလျှင် မနာခံဘဲနေလိုက် မလုပ်ရ။ ထိုသို့သော နာခံမှုသည် ဘုရားသခင်၏ သဘောကျမှုကို ရမည်မဟုတ်။ သင်သည် ငါမိတ်သဟာယပြုသော အမှုသစ်ကို မီအောင်မလိုက်နိုင်ဘဲ ယခင်က ဆိုရိုးစကားများကို ဆက်လက်စွဲကိုင်နေလျှင် သင့်အသက်တာ၌ တိုးတက်မှု မည်သို့ရှိနိုင်မည်နည်း။ ဘုရားသခင်၏အမှုမှာ သူ၏နှုတ်ကပတ်တော်များအားဖြင့် သင့်ကို ထောက်ပံ့ပေးဖို့ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များကို သင်နာခံပြီး လက်ခံသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် ဧကန်အမှန် အလုပ်လုပ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်နည်းအတိုင်း တသွေမတိမ်း အလုပ်လုပ်သည်။ ငါပြောထားသည့်အတိုင်း လုပ်ဆောင်ပါ။ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်းအလုပ်လုပ်လိမ့်မည်။ သင်တို့ မြင်နိုင်ဖို့အတွက် အလင်းသစ်ကို ငါပေးပြီး ပစ္စုပ္ပန်အချိန်၌ရှိသော အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေသည်။ ထိုအလင်းထဲသို့ သင်ဝင်လာသောအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်း အလုပ်လုပ် လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” မှ

ယခု သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်၏ ယခုမျက်မှောက် နှုတ်ကပတ်တော်များဖြစ်သည်။ ထို့ကြောင့် လိုက်လျှောက်လှမ်းမည့်သူသည် နာခံမှုရှိရမည်ဖြစ်၍ လူ့ဇာတိခံယူသော ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို စားသောက်ရမည်ဖြစ်သည်။ သူသည် နှုတ်ကပတ်တော်၏အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်၍၊ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်မှ အစပြုခြင်းဖြစ်ကာ၊ အရာအားလုံးသည် သူ၏မျက်မှောက်နှုတ်ကပတ်တော်ဖြစ်သော၊ သူ၏နှုတ်ကပတ်တော်အပေါ်တွင် အခြေခံ၍ တည်ထောင်ထားခြင်းဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို လုံး၀ သံသယကင်းခြင်းအကြောင်း ဖြစ်စေ၊ သူ့အားသိရှိခြင်းအကြောင်းဖြစ်စေ၊ လူတစ်ဦးသည် သူ၏နှုတ်ကပတ်တော်အတွက် လွန်စွာ ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုသူသည် အဘယ်အရာကိုမျှ ပြီးမြောက်နိုင်မည်မဟုတ်ဘဲ ၎င်းတွင် မည်သည့်အရာမျှ ကျန်မည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်ခြင်းအပေါ် အခြေခံလျက် သူ့အား သိကျွမ်းလာခြင်းနှင့် သူ့အားကျေနပ်စေခြင်းဖြင့်သာ သူနှင့် သင့်တော်သောဆက်ဆံရေးကို လူတစ်ဦးသည် တဖြည်းဖြည်း တည်ထောင်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အား စားသောက်ကာ ၎င်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် လူသားအတွက် ဘုရားသခင်နှင့် အကောင်းဆုံးသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သူ၏လူများအဖြစ် ၎င်းတို့၏သက်သေခံချက်၌ ခိုင်မာစွာ အကောင်းဆုံးရပ်တည်နိုင်သော လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များ၏ အနှစ်သာရကို နားလည်သဘောပေါက်ပြီး နာခံမှုရှိနိုင်လျှင်၊ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြနေသော လမ်းကြောင်းပေါ် တွင် အသက်ရှင်နေသောသူဖြစ်ပြီး ဘုရားသခင်၏ လူသားကိုစုံလင်စေမှုလမ်းကြောင်းအမှန်ပေါ်တွင် ၀င်ရောက်ခဲ့ပြီး သူဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စိတ်သဘောထားပြောင်းလဲသွားသောသူများသည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခဲ့ပြီးသောသူများဖြစ်သည်” မှ

လူတွေဆီကနေ ဘုရား လိုအပ်တဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်က သူတို့ရဲ့ နှလုံးသားကို သူ့ဆီကို ဖွင့်ပြနိုင်ဖို့ ဖြစ်တယ်။ လူက သူရဲ့ စစ်မှန်တဲ့ နှလုံးသားကို ဘုရားကို ပေးပြီး သူ့နှလုံးသားထဲမှာ ရှိတဲ့ အရာတွေကို ဘုရားကိုပြောရင် ဘုရားဟာ သူ့ရဲ့ အသက်တာမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိတယ်။ ဘုရားဟာ လူ့ရဲ့ လှည့်ဖြားတတ်တဲ့ နှလုံးသားကို အလိုမရှိဘဲ သန့်စင်ပြီး ရိုးသားဖြောင့်မတ်တဲ့ နှလုံးသားကိုသာ အလိုရှိတယ်။ လူဟာ သူ့နှလုံးသားနဲ့ ဘုရားကို စစ်မှန်စွာ စကားမပြောဘူးဆိုရင် ဘုရားဟာ လူ့နှလုံးသားကို မတို့ထိဘူး သို့မဟုတ် သူ့အတွင်းမှာ အလုပ်မလုပ်ဘူး။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍” မှ

လူများက ဘုရားသခင်ကို ယုံကြည်ကြ၏၊ ဘုရားသခင်ကို ချစ်ကြ၏၊ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်ကို မိမိတို့၏စိတ်နှလုံးနှင့် တို့ထိခြင်းအားဖြင့် ဘုရားသခင်အား ကျေနပ်စေကြ၏၊ ထိုသို့ဖြင့် သူ၏ကျေနပ်အားရမှုကို ရရှိကြသည်၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူတို့စိတ်နှလုံးထိတွေ့မှုရှိသည့်အချိန်တွင်၊ သူတို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် စေ့ဆော်မှုကိုခံရကြ၏။ အကယ်၍ သင်သည် မှန်ကန်သောဝိညာဉ်ရေးအသက်တာကို ရယူလိုပြီး ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးကို တည်ဆောက်လိုလျှင် သင့်စိတ်နှလုံးကို သူ့ထံ ဦးစွာအပ်နှံရမည်ဖြစ်ကာ သူ့၏ရှေ့မှောက်၌ သင့်စိတ်နှလုံးကို ငြိမ်သက်စေရမည်ဖြစ်သည်။ ဘုရားသခင်ထံသို့ သင့်စိတ်နှလုံးကို ပုံအပ်ပြီးမှသာ သင့်အနေဖြင့် မှန်ကန်သောဝိညာဉ်ရေး အသက်တာတစ်ခုကို တဖြည်းဖြည်း ကြီးထွားစေနိုင်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မိမိတို့၏စိတ်နှလုံးကို သူ့အား အပ်နှံခြင်းမရှိပါက၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံ၌ မရှိပါက၊ သူ၏ဝန်ထုပ်ကို မိမိတို့ဝန်ထုပ်သဖွယ် သဘောမထားဘဲနေပါက သူတို့လုပ်ဆောင်မှုဟူသမျှသည် ဘုရားသခင်ကို လိမ်လည်လှည့်စားနေခြင်းဖြစ်ပြီး ထိုအရာအားလုံးသည် ဘာသာရေးလိုက်စားသောသူတို့၏ အကျင့်ပင်ဖြစ်သည်။ ယင်းက ဘုရားသခင်၏ ချီးမွမ်းမှုကို မရနိုင်ပေ။ ဘုရားသခင်သည် ဤပုဂ္ဂိုလ်မျိုးဆီက ဘယ်အရာကိုမျှ မရနိုင်၊ ဤပုဂ္ဂိုလ်မျိုးသည် ဘုရားသခင်၏အမှုတော်၌ အဖြည့်ခံတစ်ဦးအဖြစ်မျှသာ အစေခံနိုင်သည်၊ ဘုရားအိမ်တော်ထဲက အဆင်တန်ဆာတစ်ခုပမာ နေရာယူပြီး အသုံးမကျသောသူဖြစ်သည်၊ ဤပုဂ္ဂိုလ်မျိုးကို ဘုရားကအသုံးမပြုချေ။ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးတွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ဖို့ရန်အတွက် အခွင့်အရေးမရှိရုံမျှမက စုံလင်ခြင်း၏ တန်ဖိုးလည်း ဘာတစ်ခုမျှမရှိပေ။ ယင်းပုဂ္ဂိုလ်မျိုးသည် အမှန်စင်စစ် “လမ်းလျှောက်နေသောလူသေ” ဖြစ်၏။ သူတို့တွင် သန့်ရှင်းသောဝိညာဉ်တော်အသုံးပြုနိုင်သည့် အစိတ်အပိုင်းတစ်ခုမျှမရှိကြ။ သူတို့အားလုံးသည် စာတန်အပိုင်စီးခံရသောသူများဖြစ်ကြ၏၊ စာတန်၏ အစွန်းရောက်အောင် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရကာ ဘုရားသခင်၏သုတ်သင်ဖယ်ရှင်းခြင်းခံစရာများ ဖြစ်ကြသည်။ မျက်မှောက်တွင် သန့်ရှင်းသောဝိညာဉ်တော်က လူတို့၏အားသာချက်များကို အသုံးချခြင်းအားဖြင့်သာမက သူတို့၏အားနည်းချက်များကို ပြောင်းလဲပေးခြင်းနှင့် စုံလင်စေခြင်းအားဖြင့်လည်း လူများကို အသုံးပြုနေသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံသို့ ပုံအပ်နိုင်ပြီး သူ၏ရှေ့မှောက်၌ ငြိမ်ဝပ်စေနိုင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ရရှိဖို့အလို့ငှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခြင်းခံရနိုင်မည့် အခွင့်အရေးနှင့် အရည်အသွေးများကို သင်ရရှိလိမ့်မည်၊ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်က သင့်အားနည်းချက်များကို ဖာထေးပေးမည့် အခွင့်အရေးကိုပင် သင်ရရှိလိမ့်မည်။ သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်သောအခါ သင့်အနေဖြင့် အပြုသဘောဆောင်သော ရှုထောင့်အတွင်းသို့ နက်သည်ထက်နက်အောင် ဝင်ရောက်နိုင်မည်ဖြစ်ကာ ထိုးထွင်းအမြင်နှင့်ဆိုင်သည့် သာ၍မြင့်သောအဆင့်ပေါ်တွင် ရှိလာနိုင်မည်၊ အပျက်သဘောဆောင်သော ရှုထောင့်၌မူ သင်၌ မိမိအမှားများနှင့် အားနည်းချက်များကို နားလည်ခြင်းပိုမိုရှိလာမည်ဖြစ်ကာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရာ၌ ပိုမိုစိတ်အားထက်သန်ပြီး တုံဏှိဘာဝေ မနေတော့ဘဲ နိုးကြားတက်ကြွစွာ ဝင်ရောက်လာလိမ့်မည်။ ယင်းက သင်သည် မှန်ကန်သောသူတစ်ဦးဖြစ်သည်ဟု ဆိုလိုလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် အလွန်အရေးကြီး၏” မှ

သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုတော်များကို ဆောင်ရွက်သည်- လူတို့၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကိုရှာဖွေခြင်းနှင့် ဘုရားသခင်နှင့် နီးရာသို့လာခြင်းတို့အားဖြင့် ရလဒ်များ ရရှိနိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသိဉာဏ်ပွင့်လင်း၍ ဉာဏ်အလင်းရစေနိုင်သည်။ ဤအကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ်လုပ်ဆောင်ခြင်း သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ နှစ်ဖက်လုံးက မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်သတ်မှတ်သည့် စံချိန်စံနှုန်းများကို ပိုမိုရရှိရန် ကြိုစားအားထုတ်ကြလေလေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်က ပိုကြီးမြတ်လေလေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်မြတ်၌ ထပ်ပေါင်းထားသော လူတို့၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည်သာ၊ လက်တွေ့ကျသော အတွေ့အကြုံများနှင့် ဘုရားသခင်နှုတ်ကပတ်တော်များအား ထိရောက်စွာသိကျွမ်းမှုကို ရရှိနိုင်မည် ဖြစ်သည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းနှင့် အတွေ့အကြုံအားဖြင့်၊ နောက်ဆုံးတွင် စုံလင်သည့်လူ ဖြစ်လာသည်။ ဘုရားသခင်သည် သဘာဝထက် လွန်ကဲသည့်အရာများကို မပြုလုပ်ပေ၊ လူတို့၏စိတ်ကူးများထဲတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ အရာအားလုံးကို ဘုရားသခင်ပြုလုပ်သည်— ရလဒ်အနေဖြင့် လူတို့က မလှုပ်မယှက်ဘဲ စောင့်မျှော်ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ခြင်း သို့မဟုတ် ဆုတောင်းခြင်းမရှိကြဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ထိတွေ့မှုကို စောင့်နေရုံမျှသာ စောင့်နေကြသည်။ သို့သော် မှန်ကန်သောနားလည်မှုရှိသည့် သူများက- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ်ပူးပေါင်းဆောင်ရွက်သလောက်အထိသာ ကန့်သတ်ထားပြီး ဘုရားသခင် အမှုတော်၏ သက်ရောက်မှုသည် ကျွန်ုပ်မည်သို့ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တည်မှီသည်။ ဘုရားသခင်က ပြောဆိုသည့်အခါ ဘုရား၏နှုတ်ကပတ်တော်ကို ကျွန်ုပ်သည်တတ်နိုင်သမျှ ရှာဖွေရန် နှင့် ကြိုးပမ်းရန် ဆောင်ရွက်ရမည်၊ ဤသည်ကား ကျွန်ုပ်ရရှိအောင်မြင်သင့်သည့်အရာဖြစ်သည်ဟု ယုံကြည်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း” မှ

လူတစ်ဦး၏စိတ်နှလုံးအား ဘုရားရှေ့တွင် ငြိမ်ဝပ်စေခြင်းသည် အရေးကြီးဆုံးအချက်များထဲက တစ်ခုဖြစ်ကြောင်း အတွေ့အကြုံအားဖြင့် မြင်တွေ့နိုင်ပါသည်။ ယင်းသည် လူတွေ၏ဝိညာဉ်ရေးအသက်တာနှင့် သူတို့၏အသက်တာ ကြီးထွားခြင်းနှင့်သက်ဆိုင်သည့် အချက်တစ်ခုဖြစ်သည်။ ဘုရားသခင်ရှေ့တော်၌ သင့်စိတ်နှလုံးငြိမ်သက်ခြင်းရှိမှသာလျှင်၊ သမ္မာတရားရရှိရန်နှင့် သင့်စိတ်သဘောထားပြောင်းလဲမှုများရရှိရန် သင်၏ရှာဖွေကြိုးပမ်းမှုသည် အသီးအပွင့်ရှိလာလိမ့်မည်။ အကြောင်းမှာ သင်သည် ဘုရားသခင်ရှေ့တွင် ဝန်လေးလျက် ရောက်ရှိလာပြီး၊ သင်သည်များစွာချို့တဲ့နေကြောင်း၊ သင်သိနားလည်သင့်သောသမ္မာတရားများ မြောက်မြားစွာနှင့် သင့်ကြုံတွေ့သင့်သော လက်တွေ့အရှိတရား မြောက်များစွာရှိကြောင်း၊ ဘုရားသခင်၏အလိုတော်အား အရေးစိုက်မှု ဟူသမျှ သင်ပေးအပ်သင့်ကြောင်းကို သင်အမြဲခံစားရသောကြောင့်ဖြစ်သည်၊ ဤအရာများသည် သင့်စိတ်ထဲတွင် အမြဲရှိနေလျက်၊ ယင်းတို့သည် သင်အသက်မရှူနိုင်လောက်အောင် သင့်ကို အလွန်ပြင်းထန်စွာ ဖိအားပေးနေသကဲ့သို့ဖြစ်သောကြောင့်၊ (အပျက်သဘောဆောင်သည့်အခြေအနေ၌ မဟုတ်သော်လည်း) သင်သည် စိတ်နှလုံးလေးလံမှုကို ခံစားရခြင်းဖြစ်သည်။ ဤသို့သောလူတွေသာလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်ဉာဏ်အလင်းပေးခြင်းကို လက်ခံရရှိရန်နှင့် ဘုရားသခင့်၀ိညာဉ်တော်၏ ထိတွေ့လှုပ်ရှားခြင်းခံရရန် အရည်အချင်းပြည့်မီကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့၏ဝန်လေးမှုကြောင့် လည်းကောင်း၊ သူတို့သည် စိတ်လေးလံသောသူများ ဖြစ်ကြသောကြောင့်လည်းကောင်းဖြစ်သည်၊ ထို့ပြင် သူတို့ပေးဆပ်ခဲ့သည့်အဖိုးအခနှင့် ဘုရားသခင်ရှေ့တွင် သူတို့ခံခဲ့ကြရသည့် ညှဉ်းဆဲခြင်းကြောင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းတို့ကို သူတို့ရရှိကြသည်ဟု ဆိုနိုင်ပါသည်၊ အကြောင်းမှာ ဘုရားသခင်က မည်သူ့ကိုမျှ အထူးတလည်ဆက်ဆံပြုမူခြင်းမရှိသောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူတွေကိုဆက်ဆံပြုမူရာတွင် အစဉ်အမြဲမျှတ၏၊ ဘုရားသခင်သည် လူတွေကို ထောက်ပံ့ခြင်း၌ အာဏာရှင်ဆန်ဆန် မပြုသလို သူတို့ကို ခြွင်းချက်မရှိလည်း မပေးချေ။ ဤသည်မှာ သူ၏ဖြောင့်မတ်သော စိတ်နေသဘောထား အသွင်တစ်ခုဖြစ်ပေသည်။ လက်တွေ့အသက်တာတွင် လူအများစုက ဤနယ်ပယ်ထဲရောက်ဖို့ လိုအပ်ပါသေးသည်။ အနည်းဆုံး သူတို့စိတ်နှလုံးသည် ဘုရားသခင်အား လုံးလုံးလျားလျား အားထားဖို့ လိုသေးသည်၊ ဤအကြောင်းကြောင့် သူတို့၏ အသက်တာစိတ်သဘောထားတွင် ကြီးမားသောအပြောင်းအလဲ ဘာတစ်ခုမျှ မရှိသေးပေ။ ဤသည်မှာ သူတို့သည် ဘုရားကျေးဇူးတော်အထဲ၌သာ အသက်ရှင်ကြပြီး သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ရရှိဖို့ လိုအပ်နေသေးသောကြောင့်ဖြစ်သည်။ လူတွေကို ဘုရားသခင်အသုံးပြုခြင်းအတွက် စံချိန်စံညွှန်းမှာ အောက်ပါအတိုင်းဖြစ်သည်- သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ကို အားထားကြ၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဝန်တာစိတ်ရှိကြ၏၊ သူတို့တွင် တမ်းတတတ်သောစိတ်ဆန္ဒနှလုံးသားရှိကြပြီး၊ သမ္မာတရားကို ရှာဖွေရန် စိတ်ပိုင်းဖြတ်ချက်ရှိကြသည်၊ ဤကဲ့သို့သော လူတွေမှသာ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ရရှိနိုင်ကြကာ၊ ဉာဏ်အလင်းနှင့်ဖွင့်ပြခြင်းကို မကြာခဏရကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် အလွန်အရေးကြီး၏” မှ

လူတို့အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်အတွက် အခြေအနေ တစ်ခု ရှိပါသည်။ ဘုရားသခင့်လုပ်ဆောင်ချက်များကိုသူတို့သည် ငတ်မွတ်ကာ ရှာဖွေသရွေ့၊ စိတ်မပါ့တပါဖြစ်ခြင်း သို့မဟုတ် သံသယရှိခြင်း မရှိသရွေ့ သူတို့၏တာဝန်များကို အမြဲတမ်းထိန်းသိမ်းလုပ်ဆောင်ထားနိုင်သရွေ့ ဤနည်းအားဖြင့် လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုတော်ကို ရရှိနိုင်ကြမည်ဖြစ်သည်။ ဘုရားသခင့်အမှုတော်၏ အဆင့်တစ်ခုစီတွင် လူသားမျိုးနွယ်အတွက်လိုအပ်သည့်အရာမှာ ကြီးမားသော မိမိကိုယ်ကို ယုံကြည်စိတ်ချရမှုနှင့် ဘုရားသခင်၏ရှေ့တော်မှောက်ကိုရှာဖွေခြင်း ဖြစ်ပါသည်။ - အတွေ့အကြုံအားဖြင့်သာ လူတို့သည် ဘုရားသခင်မည်မျှနှစ်လိုဖွယ် ကောင်းသည်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ထဲတွင် မည်သို့အလုပ်လုပ်ဆောင် သည်ကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ အကယ်၍သင်သည်မတွေ့ကြုံရပါက၊ အကယ်၍ ထိုအတွေ့အကြုံမှတဆင့်သင့်လမ်းကိုအာရုံခံစားနိုင်ခြင်းမရှိပါက၊ အကယ်၍ သင်ရှာဖွေခြင်း မပြုပါက၊ သင့်အနေဖြင့် မည်သည့်အရာကိုမျှရနိုင်မည်မဟုတ်ပေ။ သင့်အတွေ့အကြုံများမှ တဆင့်သင့်လမ်းခရီးကိုအာရုံခံကြည့်ရမည်ဖြစ်ပြီး၊ သင့်အတွေ့အကြုံများအားဖြင့်သာ ဘုရားသခင့်လုပ်ဆောင်ချက်များကို တွေ့နိုင်ကာ၊ သူ၏ အံဖွယ်ကောင်းမှုနှင့် ဉာဏ်မမှီ လောက်အောင်နက်နဲမှုကို သတိပြုနိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်” မှ

ဘုရားသခင်၏ လူသားများကို ပြီးပြည့်စုံစေမှုတွင် ဥပဒေရှိသည်။ သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအရာကို အသုံးပြုကာ သူဖွင့်ပြလိုသော အရာကို ဖွင့်ပြခြင်း ပင်ဖြစ်သည်။ ထိုနည်းအားဖြင့် သင်လျှောက်လမ်းရမည့်လမ်းကို သိရှိနိုင်မည်ဖြစ်ပြီး သင်၏ဆိုးရွားသည့် အခြေအနေများမှ မိမိကိုယ်မိမိ ရှောင်ဖယ်နိုင်မည်ဖြစ်သည်။ သင်၏ဝိညာဉ်ကိုလည်း လွတ်မြောက်မှုကို ရရှိစေနိုင်မည်ဖြစ်ပြီး သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်။ မိမိကိုယ်မိမိ သိလိုသောစိတ်ရှိသည်။ သမ္မာတရားကိုလည်း လိုက်လျှောက်လိုသော ဆန္ဒ ရှိသည်။ သင်သည် မိမိကိုယ်မိမိ သိလိုသောစိတ်ရှိပြီး သမ္မာတရားကိုလည်း လိုက်လျှောက်လိုသော ဆန္ဒ ရှိသည်ကို ဘုရားသခင်သည် သိမြင်တော်မူသည်။ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် ဘုရားသခင်သည် သင့်အား နှစ်ဆဉာဏ်အလင်းပြကာ သင့်ကိုယ်သင် သာ၍ သိမြင်လာအောင် ကူညီပေးသည်။ အပြစ်ဝန်ခံသော စိတ်ဆန္ဒပိုရှိရန်နှင့် လိုက်လျှောက်သင့်သည့် အရာများကို လိုက်လျှောက်နိုင်ရန်အတွက် ကူညီပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် သက်သာရာရကာ ငြိမ်းချမ်းမှု ရှိမည်ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သတိမူတတ်သောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် သတိမူတတ်သောသူနှင့် မိမိလိုက်လျှောက်ရမည့် အရာများကို သတိမူတတ်သောသူသည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို မကြာခဏ လက်ခံရရှိတတ်သည်။ ထိုသူများသည် ဘုရားသခင်၏ လမ်းပြမှုနှင့်အတူ ဉာဏ်အလင်းပြမှုများကိုလည်း မကြာခဏ ရရှိတတ်သည်။ ဆိုးရွားသော အခြေအနေမျိုးတွင်ပင်လျှင် မိမိ၏ အသိစိတ်ကြောင့်ဖြစ်စေ၊ ဘုရားသခင် နှုတ်ကပတ်တော်၏ လမ်းပြမှုကြောင့်ဖြစ်စေ၊ ချက်ချင်းပင် လှည့်ပြန် လာနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်” မှ

သူ့အား ရှာဖွေသူနှင့် သူ့စကားကို တန်ဖိုးထားသူများတွင်သာ ဘုရားသခင် အလုပ်လုပ်သည်။ ဘုရားသခင်၏ စကားများကို တန်ဖိုးထားသောသူ ဖြစ်လေလေ ဘုရားသခင် စုံလင်စေသောသူဖြစ်ဖို့ အခွင့်အရေးများလေလေ ဖြစ်ပါသည်။ ဘုရားသခင်သည် သူ့အား အမှန်တကယ် ချစ်မြတ်နိုးသူကိုသာ ပြည့်ဝစုံလင်စေမည်။ သူ၏ရှေ့မှောက်တွင် အမှန်တကယ်ငြိမ်းချမ်းသော နှလုံးသားရှိသူ ကိုသာ ပြည့်ဝစုံလင်စေပါမည်။ ဘုရားသခင်၏လုပ်ဆောင်မှုများကို တန်ဖိုးထားလျှင်၊ ဉာဏ်အလင်းပြမှုများကို တန်ဖိုးထားလျှင်၊ ဘုရားသခင်တည်ရှိနေမှုကို တန်ဖိုးထားလျှင်၊ ဘုရားသခင်၏ ဖေးမမှုနှင့် ကွယ်ကာစောင့်ရှောက်မှုကို တန်ဖိုးထားလျှင်၊ ဘုရားသခင်၏နူတ်ထွက်စကားသည် သင်၏အသက်အတွက် စစ်မှန်မှု နှင့် ထောက်ပံ့ပေးခြင်း မည်ကဲ့သို့ဖြစ်လာသည်ကို တန်ဖိုးထားလျှင် သင်သည် ဘုရားသခင်၏စိတ်တော်နှင့် အများဆုံးတွေ့သောသူပင် ဖြစ်သည်။ သင့်အတွက် ဘုရား သခင် လုပ်ဆောင်ပေးခဲ့သမျှကို တန်ဖိုးထားလျှင် သူသည် သင့်အား ကောင်းချီးပေး၍ သင်၌ ရှိသမျှ ကိုလည်း ဆထက်တန်ဖိုး တိုးပွားစေပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူကို စုံလင်စေသည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သန့်ရှင်းသော ဝိညာဉ်တော်သည် ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့်အညီ အလုပ်လုပ်ပြီး ခရစ်တော်ကို လူတို့ လက်ခံခြင်းနှင့် အပ်နှံခြင်းတို့အရလည်း အလုပ်လုပ်လေသည်။ လူတို့သည် ခရစ်တော်ကို လက်ခံပြီး ခရစ်တော်ကို နာခံမှသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ၎င်းတို့ ရရှိနိုင်ကြသည်။ အကယ်၍ လူတို့သည် ခရစ်တော်ကို အာခံလျှင် သို့မဟုတ် ခရစ်တော်ကို ဆန့်ကျင်လျက် ပုန်ကန်လျှင် ၎င်းတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ရှိကြလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ဦး၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ၎င်းတို့ကို ကယ်တင်ခြင်း ယူဆောင်နိုင်ခြင်း ရှိမရှိမှာ ခရစ်တော်ကို ၎င်းတို့ အမှန်တကယ် လက်ခံပြီး နာခံနိုင်ခြင်း ရှိ မရှိအားဖြင့် ဆုံးဖြတ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်သည် ခရစ်တော်ကို လူတစ်ဦး၏ လက်ခံခြင်း နှင့် နာခံခြင်းတို့အပေါ် လုံးဝ အခြေပြုသည်။ ကျေးဇူးတော်ခေတ်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်သည် သခင်ယေရှုကို လူတို့ လက်ခံခြင်း၊ သူ့ကို နာခံခြင်းနှင့် သူ့ကို ကိုးကွယ်ခြင်းတို့နှင့်အညီ ဆောင်ရွက်ခဲ့လေသည်။ နိုင်ငံတော်ခေတ်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လူတို့ လက်ခံခြင်း၊ နာခံခြင်း နှင့် ကိုးကွယ်ခြင်းတို့နှင့်အညီ ဆောင်ရွက်လေသည်။ နောက်ဆုံးသောကာလတွင်၊ ယုံကြည်သူများကို ဘုရားသခင်၏ နှုတ်ကပတ်တော် လက်တွေ့အရှိတရားထဲသို့ ခေါ်ဆောင်ဖို့နှင့် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းတို့ကို လက်လှမ်းမီစေဖို့ သန့်ရှင်းသော ဝိညာဉ်တော်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အလုပ်လုပ်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံအကြောင်းရင်းနှင့် အခြေခံသဘောတရားဖြစ်သည်။ ဘာသာရေး ခေါင်းဆောင်များစွာတို့သည် ခရစ်တော်ကို အာခံခြင်းနှင့် ရှုတ်ချခြင်းအတွက် ပြစ်ဒဏ်ခတ်ခြင်းအနေဖြင့် သေဆုံးခဲ့ကြပြီးဖြစ်သည်။ ဘာသာရေးသမားများစွာတို့သည် နောက်ဆုံးသော ကာလ၏ ခရစ်တော်ကို လက်ခံရန် ၎င်းတို့ငြင်းပယ်ခြင်းမှတဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့ကြပြီး အမှောင်ထဲသို့ ကျဆင်းခဲ့ကြပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ထဲတွင်၊ လူများစွာတို့၏ အသက်တာများ ညိုးနွမ်းခဲ့ကြပြီး ခရစ်တော်နှင့် ပတ်သက်သည့် ၎င်းတို့၏ မလျှော့သော အယူအဆများကြောင့် ၎င်းတို့ နှုတ်ထွက်ခဲ့ကြပြီးဖြစ်သလို အခြား များစွာသော သူတို့သည်လည်း ခရစ်တော်၌မဟုတ်ပဲ ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်အားဖြင့် ဖယ်ရှားခြင်း ခံခဲ့ကြရသည်။ ဤအရာအားလုံးသည် ခရစ်တော်ကို လူတို့ လက်မခံခြင်းနှင့် မနာခံခြင်းတို့အားဖြင့် ဖြစ်ကြရသည်။ ယုံကြည်သူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိသည် မရှိသည်မှာ ခရစ်တော်အပေါ် ၎င်းတို့၏ သဘောထားအားဖြင့် လုံးဝ အဆုံးအဖြတ်ပေးသည်။ လူတစ်ဦးသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ယုံကြည်ပြီး ခရစ်တော်ကို မနာခံလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ ယခုအချိန်တွင်၊ ကွဲပြားသော အသင်းတော်အမျိုးမျိုးတွင် ခရစ်တော်ကို မယုံကြည်ပဲ ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ယုံကြည်ပြီး ထို့သို့အားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးကြသော လူများစွာ ရှိနေဆဲဖြစ်သည်။ ခရစ်တော်၏ နှုတ်ကပတ်တော်များကိုသာ ယုံကြည်သော်လည်း ခရစ်တော်ကို မနာခံသောကြောင့် ဘုရားသခင်အားဖြင့် စက်ဆုပ်ခြင်းခံရသော သူများစွာ ရှိသည်။ ထို့ကြောင့်၊ ခရစ်တော်ကို လက်ခံခြင်းနှင့် ခရစ်တော်ကို နာခံခြင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ အရေးပါလှပေသည်။ တစ်စုံတစ်ဦးသည် ခရစ်တော်ကို လက်ခံပြီး ခရစ်တော်ကို နာခံမှသာ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိကာ စုံလင်ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ခေတ်အသီးသီးရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်သည် ယင်း၏ အခြေခံအကြောင်းအရာနှင့် အခြေခံသဘောတရား ရှိသည်ကို တွေ့မြင်နိုင်သည်။ ခရစ်တော်ကို နာခံခြင်း၏ အရေးပါမှုကို လူများစွာတို့သည် မမြင်ကြသေးချေ။ သန်ရှင်းသော ဝိညာဉ်တော်သည် ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့်အညီ လုံးဝဥဿုံ အလုပ်လုပ်ပါသည်။ လူတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်ကြပဲ အယူအဆများကို ဆက်လက်ဆွဲကိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာခံလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ၎င်းတို့ လုံးဝ မရရှိနိုင်ပါ။ များစွာသောသူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်၌သာ ဆုတောင်းကြသော်လည်း ခရစ်တော်၏ အမှုတော်ကို မနာခံကြသလို ခရစ်တော်၏ နှုတ်ကပတ်တော်များကို လုံးလုံး လက်မခံကြချေ။ ဤသို့သော လူတို့သည် အန္တိခရစ်များ ဖြစ်ကြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို လုံးဝ မရရှိနိုင်ပါ။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်မှာ အဓိကအားဖြင့် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ခြင်းနှင့် သမ္မာတရားကို သိနားလည်ခြင်းထဲသို့ ဦးဆောင်လမ်းပြရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ခြင်းတွင် မည်သည့်ရှုထောင့်များ ပါဝင်ပါသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ တစ်စုံတစ်ဦးက ဘုရားသခင်၏ စာကြောင်းတစ်ကြောင်းသက်သက်ကို ဖတ်ရှုပြီး၊ ယင်းကို အနည်းငယ် တွေးဆပြီးနောက် အနည်းငယ် သိနားလည်မှုရှိသည်ဟု မဆိုလိုပါ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ခြင်းနှင့် မညီမျှပါ။ ဤသည်မှာ ယင်းသို့ မဟုတ်။ အရေးကြီးဆုံးသောအရာမှာ အတွေ့အကြုံမှတဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ရန် ဖြစ်သည်။ ဤ “အတွေ့အကြုံ” ၌ အတွေ့အကြုံ အမျိုးမျိုးပါ၀င်ပါသည်။ လူသား၏ အတွေ့အကြုံမှာ အတွေ့အကြုံ၏ ရှုထောင့်တစ်ခုသာ မဟုတ်ဘဲ ရှုထောင့်ပေါင်းစုံဖြစ်သည်။ တစ်ဦးတစ်ယောက်၏ တာဝန်ကို ကျေပွန်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခြင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခြင်း ဖြစ်သည်။ အထူးသဖြင့်၊ အမျိုးမျိုးသော စမ်းသပ်မှုနှင့် စစ်ဆေးမှုများကို ဖြတ်သန်းရခြင်းမှာ ပို၍ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံသရွေ့၊ ဆက်စပ်အကြောင်းအရာ သို့မဟုတ် ဖြစ်ရပ် မည်သည့်အရာဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို သင် ရရှိနိုင်လိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့်၊ စမ်းသပ်မှုများကို ကျွန်ုပ်တို့ ကြုံဆုံရချိန်တွင် ဘုရားသခင်ဆီ ဆုတောင်းပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ရန် ကျွန်ုပ်တို့ ကြိုးစားကြသည်။ အကျိုးရလဒ်တစ်ခုအနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့အား အသိဉာဏ်ပွင့်လင်းစေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်ရသော အခွင့်ကို ပေးသည်။ ဤသည်မှာ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ခြင်းနှင့် ဆက်စပ်သောကြောင့် ဖြစ်သည်။…ထို့အပြင်၊ ကျွန်ုပ်တို့၏ တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ခြင်း ဖြစ်စဉ်နှင့် ကျွန်ုပ်တို့ နေ့စဉ်ဘဝများ၏ အတွေ့အကြုံအတွင်းတွင်၊ အခြေအနေမည်သို့ဖြစ်ပါစေ၊ ဘုရားသခင်ကို ကျွန်ုပ်တို့ ဆုတောင်းပြီး၊ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ရန် ကြိုးစားသရွေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ကျွန်ုပ်တို့ ရရှိနိုင်ပါလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားထဲ ဝင်ရောက်မှုထဲသို့ ဦးဆောင်လမ်းပြသောကြောင့် ဖြစ်သည်။ ဤရှုထောင့်နှင့် ပတ်သက်လျှင် အတွေ့အကြုံများစွာ ရှိသော လူအချို့ရှိသည်။ မည်သည့် အခြေအနေကို သူတို့ ကြုံဆုံရပြီး မည်သို့သော လူအမျိုးအစားများကို သူတို့ တွေ့ဆုံရပါစေ၊ သူတို့ကို ဉာဏ်အလင်းပေးပြီး လမ်းပြရန်၊ ဉာဏ်ပညာနှင့် အသိဉာဏ်တို့ကို ပေးရန် ဘုရားသခင်ထံ ဆုတောင်းပြီး တောင်းလျှောက်ကြသည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို ဤနည်းလမ်းဖြင့် စဉ်ဆက်မပြတ် တွေ့ကြုံကြရသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ၎င်းတို့ နားလည်ကြပါလိမ့်မည်။ တိကျသော လက်တွေ့ကျင့်ကြံမှုများ၌ အဘယ်သို့ ဆောင်ရွက်ပြီး ကောင်းကောင်းအသုံးချရမည်ကို သိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ခြင်းဆီသို့ရောက်သော လမ်းခရီးဖြစ်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၂) တွင်ပါဝင်သော “သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို သိခြင်းသည် လူ၏ကယ်တင်ခြင်းတရားတွင် အရေးအကြီးဆုံးဖြစ်သည်” မှ

ယခင်က:သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ ပြသပါသနည်း။

နောက်တစ်ခုသို့:နတ်ဆိုးများ၏ လုပ်ဆောင်ချက်မှာ အဘယ်နည်း။ ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်ကို မည်သို့ ပြသပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ